RENH အပိုင်း ၄၇

အပိုင်း(၄၇)
ငါ့ကိုဘာလာကြည့်နေတာလဲ
ရှီချီ၏လေသံက ပုံမှန်အတိုင်း ဖြစ်နေပြီးထူးခြားသံ မရှိချေ။ ထပ်ပြောရန်ပင် မလိုလောက်အောင် ထိုကိစ္စက သူနဲ့လဲမဆိုင်ချေ။
အခြားတစ်ဖက်တွင် လျိုရွှမ်း၏ အသက်ရှူသံနှုန်းကမူ မမှန်တော့ချေ။ သူမက မယုံကြည်မှုတစ်ဝက် မယုံရဲသော တစ်ဝက်ဖြင့် အချန်အတန်ကြာ တိတ်ဆိတ်ပြီးသောအခါ မေးလာသည်။
“နင်ကဘာလို့အဲ့ဒီလိုပြောတာလဲ”
ပြောရလျှင် သူမကိုယ်တိုင်ကလဲ ခပ်ယေးယေး ခန့်မှန်းမိသား ဖြစ်သည်။
ဒီအချိန်အတောတွင်းတွင် သူမနှင့်အတူ အမြဲတစေ မှန်အသေးလေးကို ဆောင်ထားလေ့ရှိသည်။ သူမကမှန်းကို ကြည့်သည့်အချိန်တိုင်း မျက်နှာတွင်ရှိသည့် အနက်ရောင်မျက်နှာဖုံးကို မြင်နိုင်ပြီး အစပိုင်းတွင် ပေါ်သည့်နှင့် ကွာခြားလာကြောင်းကို ခံစားနေရသည်။
အချိန်အတန်ကြာ ပြောင်းလဲမှု ဆက်ဖြစ်လာပြီးနောက်တွင် မျက်နှာဖုံးပေါ်ရှိ သင်္ကေတများအားလုံးက ပြီးပြည့်စုံသွားသည့်တိုင် တစ်ခဏတွင် သူမ၏သေးငယ်သော အသက်ကဆုံးရှုံးရနိုင်ချေ။ ရှိကြောင်းခံစားမိသည်။
ရှီချီကပြောသည်။
“ငါပြောရင်တောင် မင်းယုံမှာမဟုတ်ဘူး”
လျိုရွှမ်း၏မျက်နှာက ဖြူဖျော့သွားသည်။
“နင်မပြောရင် ငါယုံမယုံဘယ်လို သိမှာလဲ”
ရှီချီ၏နှုတ်ခမ်းက လှောင်သလိုကော့တက် သွားပြီးနောက် မထူးခြားနားသလို ပြောသည်။
“မင်းရဲယင်ထန်းက မဲနေပြီ နှာခေါင်းထိပ်နှင့် နားနှစ်ဖက်ကလဲ အလာတူလက္ခဏာတွေ ပြနေပြီဆိုတော့ မင်းသုံးရက်တောင် မကျော်လောက်ဘူး”
အားလုံးကကြောင်သွားသည်။
ယင်ထန်းကမဲလာရင် ကပ်ဘေးကရောက်လာပြီး ဆိုသည်မှာ နာမည်ကြီးဆိုရိုး စကားတစ်ခုဖြစ်ပြီး နာထောင်းရန် ကို့ယို့ကားယား ဖြစ်စေသော်လည်း ထိုစကားမျိုးက သူ၏ပါးစပ်မှ ထွက်လာသည်။
သို့ရာတွင်နင်မုန့်ကမူ သူ၏စကားတိုင်းကို ယုံသည်။ မည်သို့ပင်ဆိုစေကာမူ ရှီမိသားစုက ထိုစီးပွားရေး နယ်ပယ်မှဖြစ်သည်။ ပို၍ဆိုးသည်မှာ လူလိမ်များက ထိုစကားလုံးများကို သုံးပြီး လူအများကို လိမ်ညာရဲသည်မှာ ထိုစကားကသာ မှန်နေလျှင် အဆုံးသတ်ရလဒ်က သံသယဝင်ရန် မလိုလောက်အောင် ကပ်ဘေးကံကြမ္မာ ဖြစ်လောက်သည်။
သုံးရက်မကျော်နိုင်တော့သည်။ ဆိုသောကိစ္စကလဲ ကပ်ဘေးတစ်ခု ဖြစ်သည်။
လျိုရွှမ်း၏နှုတ်ခမ်းကလဲ ရွဲ့သွားပြီးနောက် သူမကငြင်းသည်။
“ဒါဆိုရင် စီနီယာ စီနီယာမှာ ဖြေရှင်းချက် ရှိတာပါလား”
သူမက မသေချင်သေးချေ။
ရှီချီက မျက်မှောင်တစ်ခဏခန့် ကျုံ့နေပြီး နောက်မှသာ မျက်မှောင်ကိုပြန်ပြေလာပြီး ပြောလာသည်။
“မျက်နှာဖုံးကိုရှာ”
လျိုရွှမ်းက ချက်ချင်း စိတ်အေးသွားသည်။ သူမကလဲ ထိုသို့တွေးထားပေသည်။ ထို့ကြောင့် မှန်ကန်သည့်တွက် စိတ်အေးသွားသည်။
“စီနီယာ ကျွန်မဒီနေ့ အိမ်ပြန်သွားရင် သူတို့ကို ဆက်သွယ်လိုက်မယ် မနက်ဖြန်ပိတ်ရက် ဆိုကတည်းက အဲ့ဒီနေရာကို သွားပြီး မျက်နှာဖုံးကို ပြန်ရှာလိုက်မယ်”
သူမက ရှင်သန်လွတ်မြောက်ရန် ဂိမ်းတစ်ခုကို ဆော့ကစား နေရသလိုမျိုး စိုးရိမ်တကြီး ပြောလာသည်။
ရှီချီက ခေါင်းညိတ်သည်။
“ငါလဲသွားမယ်”
ထိုကဲ့သို့သော ကိစ္စမျိုးက သူ့အတွက် အကျိုးအမြတ် ရှိသည်။ ပို၍ဆိုးသည်မှာ သူ၏ဦးလေးကလဲ သူ့ကိုကိုယ်တိုင် အတွေ့အကြုံ ယူသင့်သည်ဟု မကြာခဏ သင်ကြားပေးလေ့ရှိပြီး သို့မှသာလျှင် စွမ်းရည်ရရှိ လာနိုင်သည်။ဟု ဆိုထားသည်။ သို့သော် အခြားလူများထံ အခွင့်အရေးကို ပေးလိုက်လျှင် မကောင်းတော့ချေ။
လျိုရွှမ်းက အံ့ဩသွားပြီး နောက်တွင် စာရွက်ပေါ်တွင် နံပါတ်များကို ရေးချပေးလိုက်သည်။
“ဒါကကျွန်မရဲ့ ဖုန်းနံပါတ်ပါ စီနီယာစိတ်ထဲ မထားရင် စီနီယာရဲ့ ဖုန်းနံပါတ်ကို ပြန်ပေးထားပါလား”
အချိန်ကျလာသည့်အခါ သူမကတစ်ယောက်ချင်းစီကို အကြောင်းကြားလိုက်ပြီဖြစ်သည်။ သူမကလျှို့ဝှက်စွာဖြင့် သူမ၏မျက်နှာချင်းဆိုင်က လူကိုချောင်းကြည့်လိုက်သည်။ သူ၏လေသံ အနေအထားက နားထောင်ရ မကောင်းသော်လည်း သူ၏ရုပ်ရည်ကမူ လျစ်လျူရှု၍ မရချေ။ ဒါက သူမ၏ နှလုံးခုန်နှုန်းကို မြန်စေသည်။
ရှီချီက သာမန်ကာလျှံကာ ပြောသည်။
“မလိုဘူး ငါ အဲ့ဒီကို ရောက်လာလိမ့်မယ်”
လျိုရွှမ်းက အနည်းငယ်စိတ်ပျက် သွားသော်လည်း ပြုံး၍ပြောလိုက်သေးသည်။
“စီနီယာ စီနီယာအဲ့ဒီကို အချိန်မီရောက်မှာလား”
သူမ၏စကားက နောက်ပိုင်းတွင် အနည်းငယ် တိုးလျသွားသည်။
ရှီချီက မဖြေဘဲ ညာဘက်သို့သာ လှည့်ကြည့်သည်။
“မင်းသွားမှာလား မသွားဘူးလား”
နင်မုန့်က သွားသင့်မသွားသင့် စဉ်းစားပြီးအနည်းငယ် လွန်ဆွဲသွားသည်။ သူမ၏လက်တစ်ဝါးစာ မျက်နှာလေးက ဘောလုံးလေးလို ရှုံ့သွားကာ ဖျော့တော့သော မီးရောင်အောက်တွင် ဖြူစုတ်သွားသလို ဖြစ်သွားသည်။ ချယ်ရီရောင် နှုတ်ခမ်းပါးကလဲ ပို၍ရွှမ်းဆိုလာပြီး တောက်ပလာသည်။
သူမ၏ဘေးမှ ချုံခယ့်ခယ့်ကလဲ သူမကိုစိုက်ကြည့်နေသည်။
“ဘာလိုနင်နင်က ဒီလောက်လှတယ်လို ငါ အရင်ကမတွေး ဖူးတာပါလိမ့် အရမ်းကြောက်လွန်းလို့ ဘယ်လောက်တောင် နူးညံ့ပြီး သနားစရာကောင်းနေလဲ ကြည့်စမ်းပါအုံး”
သူမ၏လွန်ဆွဲ နေသောမျက်နှာထားကို မြင်သောအခါ ရှီချီကရယ်သည်။
“မင်းသွားချင်ရင် သွားလိုက်ပါ”
သူက ထိုသို့ဒဲ့တိုး ပြောလာကတည်းက နင်မုန့်က ရှက်သွားသည်။
သူမက ထိုအခွင့်ရေးကို ယူပြီး စနစ်ကို ခိုးကြောင်ခိုးဝှက် မေးလိုက်သည်။
“ငါသွားရင် ငါဘာမှမဖြစ်လောက်ဘူးမလား ဒါမှမဟုတ် အရမ်းအန္တရာယ်များနိုင်လား ငါ သူတို့ကို ဒုက္ခ ဖြစ်သွားစေနိုင်လား”
စနစ်ကပြောသည်။
“မင်း ရုတ်တရက်ကြီးတော့ မသေပါဘူး လူတိုင်းရဲ့ကံကြမ္မာက ရှိပြီးသားပဲ ပိုဆိုးတာက ဒီနေရာက အကျိုးအမြတ် ရှိနိုင်တယ်”
“အကျိုးအမြတ်လား”
နင်မုန့်က ရုတ်တရက် ဝတ္ထုမှအဖြစ်အပျက် များကိုပြန်တွေးမိသွားသည်။
ဝတ္ထု၏အစပိုင်းက ရှီချီက ရှီမိသားကို ရောက်ပြီး(၁၅)နှစ်က စလာသည်။ ထိုအချိန်က သူကရှီမိသားစု၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး အာဏာပင်ဖြစ်စေ အသက်ကယ်ပစ္စည်း များပင်ဖြစ်စေ အကုန်ရှိသည်။ အရေအတွက်က များပြားရုံသာမကဘဲ အားလုံးကရှားပါးကာ အသုံးဝင်သည်။
ဒီမတော်တစ်ဆ ဖြစ်ရပ်မတိုင်ခင် ရှီချီကပျက်ဆီးနေသော ဓားမြှောင်တစ်ချောင်းကို ကောက်ရခဲ့သည့် အဖြစ်အပျက် ကိစ္စငယ်လေး ဖြစ်ပွားသောအချိန်ကာလ ပါခဲ့သည်။ ထိုဓားမြှောင်က သရဲများကို ဖိနှိပ်နို်ငပြီး အလွန်လဲအသုံးဝင်သည်။ သို့သော်မမျှော်လင့် ထားစွာပင်အဆုံးတွင် ထိုဓားမြှောင်ကို အခြားလူတစ်ယောက်က ယူသွားသည်။ ထိုလူက ဘာဖြစ်သွားကြောင်းကိုမူ ဝတ္ထုကများများစားစား မဖော်ပြထားချေ။
ထိုမတော်တစ်ဆမှုကို ပြန်လည်အမှတ်ရသလို အရေးအသာမျိုးဖြင့် ရေးသားထားခြင်း ဖြစ်သည်။ နင်မုန့်က ထိုမတော်တစ်ဆ ဖြစ်ရပ်အပေါ် ထူးထူးခြားခြား မှတ်မိနေပြီး ရှီချီကဝတ္ထု၏ အဓိကဇာတ်လိုက်ဖြစ်သည့် အခြေအနေမျိုးဖြင့် ပထမဦးဆုံး ရှုံးသွားခဲ့သည့် အချိန်အခါလည်း ဖြစ်နေပြန်သည်။
ဖော်ပြထားသော နေရာအရ ဂူဘုရားကျောင်း တစ်ခုဖြစ်နိုင်သည်။ ဂူဘုရားကျောင်းက တောင်ပေါ်သို့တက်ရန် လမ်းတစ်ဝက်တွင် ရှိပြီး တောင်အောက်တွင် ရွာရှိသည်။
ဝတ္ထုထဲတွင် ရှီချီက ပစ္စည်းများ ထုတ်သုံးသော အကြိမ်အရေအတွက်က မများသော်လည်း သူ၏စွမ်းရည်၏ အလားလာကမူ သတိထားမိချင်စရာ ဖြစ်သည်။ သူကအမြဲတစေ ထူးခြားသော ပစ္စည်းများစွာကို ရလေ့ရှိသည်။ နင်မုန့်ကလဲ ချက်ချင်းဆိုသလို ဒီအဖြစ်အပျက်ကို ပြန်တွေးမိသွားသည်။
သူမက စနစ်ကိုမေးသည်။
“အဲ့ဒါကဓားမြှောင်လား”
စနစ်ကပြောသည်။
“ငါမသေချာဘူး ဒါပေမဲ့မင်းအဲ့ဒီကို သွားသင့်တယ်လို့ ငါဝေတိဝေဝါး ခံစားနေရတယ် မင်းထင်တာ မှန်လောက်ပါတယ်”
ထိုသို့သာ ဆိုလျှင်ဝတ္ထု အကြောင်းကို သိထားရုံနှင့် ထိုနေရာသို့ သွားခြင်းက မြို့ထဲတွင်လမ်းလျှောက် ရခြင်းထက်ပို၍ အခြေအနေ‌ ကောင်းနိုင်သည်။
သို့ရာတွင် နှစ်ကြိမ်ခန့် ပြန်တွေးမိပြီးနောက်တွင် သူမတွင်ဖုန်းမရှိချေ။ လျှန်ဖုန်းမေက ကွန်ပျူတာဝယ် ပေးထားပြီးဖုန်းက သူမ၏စာလေ့လာ ခြင်းကိုသက်ရောက်မှု ရှိစေနိုင်သဖြင့် တက္ကသိုလ်တက်မှသာ ဝယ်ပေးမည်ဟု ဆိုလာသည်။
နှမြောစရာ ကောင်းသည်မှာ နင်နင်က ကောလိပ်ဝင်ခွင့် စာမေးပွဲမဖြေခင် သေရမည့်ကံကြမ္မာ ရှိနေသည်။
နင်မုန့်က လျန်ဖုန်းမိန့်၏ ဖုန်းနံပါတ်ကို ရေးချပေးလိုက်သည်။
“ဒါကငါ့ရဲ့ အမေရဲ့ဖုန်းနံပါတ်ဘဲ ငါကWe chat မသုံးဘူး ငါ့ကိုစာနဲ့ဘဲ တည်နေရာကို ပို့လိုက်ပါ”
ချုံခယ့်ခယ့်က လက်ယမ်းပြလိုက်သည်။
“ငါမသွားဘူး”
သူမက ထိုအဖြစ်ပျက်၏ မည်သည့်နေရာကိုမှ နားမလည်သလို သူမသွားလျှင်ပင် ဘာအကူအညီမှလဲ မပေးနိုင်ချေ။ ထို့ကြောင့် ပြဿနာ သွားမရှာခြင်းသာ အကောင်းဆုံးဖြစ်သည်။
အားလုံးက အတည်ပြုပြီး နောက်တွင်ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြသည်။
နောက်နေ့မနက်စောစောတွင် နင်မုန့်က လျန်ဖုန်းမိန့်၏ သီချင်းဆိုသံကို နိုးနိုးချင်းကြားလိုက်ရသည်။
အမြင့်သံဖြင့် ဆိုနေသော သီချင်းသံကို ကြားပြီးနောက်တွင် သူမ၏ခါးကို အနည်းငယ်တစ်ချက် ချိုးလိုက်လျက် လက်ထဲမှအရွက်များကို ဆေးကြောရင်း အခန်းထဲမှထွက်လာသော အခြေအနေကို သူမကမြင်ယောင်သွားသည်။ သေချာပေါက် ပျော်ရွှင်နေလောက်သည်။
နင်မုန့်ကသိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
“အမေဒီနေ့ ဘယ်လိုပျော်စရာ ကိစ္စများရှိနေလို့လဲ”
လျန်ဖုန်းမိန့်က တောက်ပစွာပြုံးပြီးနောက် ခေါင်းလှည့်ကြည့်လာသည်။
“နင့်ရဲ့အမေက တစ်ကယ်ကံကောင်းတာ ငါဒီနေ့ထတော့ ငါ့ရဲ့ဖုန်းမှာ စာရောက်နေပြီး ပြောထားတဲ့အတိုင်းဆိုရင် ငါကကံကောင်းသွားလို့ ဖုန်းတစ်လုံး မဲပေါက်လို့ ပေးမယ်လို့ပြောတယ် အစကတော့ ဒါကအမှိုက်လို စာတွေထင်နေတာ မျှော်လင့်မထားဘဲ အဲ့ဒီနေရာကို သွားထုတ်တော့ ဖုန်းတစ်လုံးအသစ် ရလာတယ်လေ”
နင်မုန့်…
“ဘာလို့ ရုတ်တရက်ကြီး အလိမ်ခံရတယ်လို့ ခံစားနေပြီး ပိုပြီးတော့တောင် အညှီနံ့ရနေတာလဲ”
လျန်ဖုန်းမိန့်က လက်ကိုခြောက်အောင် သုတ်လိုက်ပြီး မီးဖိုခန်းထဲမှ ထွက်လာကာ သေးငယ်သော်လည်း အပြင်ဘက်တွင် ခမ်းနားသည့် အိတ်ကလေးကို ယူလာသည်။ သူမကအထဲက ဖုန်းကိုထုတ်ပြီး ပြောလာသည်။
“သူတို့ကပြောတာတော့ ဒါကနောက်ဆုံးပေါ် မော်ဒယ်တဲ့ ငါဘယ်လိုသုံးရမှန်း မသိပါဘူး”
နင်မုန့်ကအနားသို့ လျှောက်သွားပြီးအိတ်ကို ကျော်ကြည့်လိုက်သည်။
အိတ်ထဲတွင် ဖုန်းသုံးသည့်အခါ လိုအပ်သည့် အချက်အလက် များစွာပါပြီး ရိုးရှင်းစွာဖြင့်ပင် ဖုန်းအသစ်တစ်လုံး ဝယ်သည်နှင့်ပင် မကွားခြားတော့ချေ။
ဒီလောကမှ ဖုန်းအမျိုးအစားများကို သူမက မရင်းနှီးချေ။ သို့သော် လျန်ဖုန်းမိန့်၏ လက်ထဲမှ တစ်လုံးကမူ အလွန်ဆွဲဆောင်မှု ပြည့်သည်။လျန်ဖုန်းမိန့်က တစ်ခဏခန့်ကြည့်နေပြီး နောက်တွင်ပေးလာကာ ပြောသည်။
“နောက်ဆုံးတစ်ချိန်က အစမ်းစာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ခဲ့တော့ ဒါကိုဆုအနေနဲ့ ပေးလိုက်မယ် ဒါပေမဲ့ ဂိမ်းကစားပြီး အရမ်းမဆွဲလမ်း သွားစေနဲ့ ဘေးအိမ်က အဖိုးကြီးဝမ်ရဲ့ သားကိုကြည့်စမ်းပါအုံး တစ်ချိန်လုံးဖုန်းက ဂိမ်းတွေဘဲဆော့နေတယ် သူ့ရဲ့အဆင့်က ကျသည်။ထက်ကျပြီး နောက်ဆုံးထိပ်ဆုံကနေ အောက်ဆုံကိုရောက်သွားပြီ အဲ့ဒီအကြောင်း ပြောရတာတောင် စိတ်အခြေအနေ မကောင်းဘူး”
နင်မုန့်က ဖုန်းကိုယူလိုက်ပြီးနောက် ခံစားချက်က ထူးဆန်းနေသည်။
မနေ့ညကပင် သူမမှာ ဖုန်းမရှိဟု ပြောနေခဲ့သေးသည်။ ယခုမူ မတော်တဆ ဖုန်းတစ်လုံးရလာပေသည်။
“ရှီချီလုပ်တာလား”
သူမက တွေးလေလေ ထိုသို့ဖြစ်နိုင်ချေ ရှိသည်ဟု ခံစားရလေလေ ဖြစ်လာသည်။
ယန်ကျင်းမှ လူများကအမြဲတစေ ဆက်ဆံရေးနှင့် လွှမ်းမိုးမှုကို အာရုံစိုက်လေ့ရှိသည်။ ရှီမိသားစု၏ အာဏာနှင့်ဆိုလျှင် ကောင်းကင်းကိုပင် လက်တစ်ဖက်တည်းနှင့် အုပ်နိုင်လေရာ ဘာမှမလုပ်နိုင်စရာ အကြောင်းမရှိချေ။
လျန်ဖုန်းမိန့်၏ ထီနံပါတ်က ပေါက်မဲနံပါတ်နှင့် ဂဏန်းတစ်လုံးမှ မတူးဖူးလေရာ ဖုန်းတစ်လုံး ပေါက်ရန်ဆိုသည်မှာ ပို၍ဝေးသည်။ ထို့ကြောင့်ညနေ ဆုံမှသာရှီချီကို အတည်ပြုမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
လျန်ဖုန်းမိန့်က မီးဖိုခန်းထဲသို့ တစ်ဖန်ပြန်ဝင်သွားပြီး အရွက်များကို ဆေးနေသည်။
နင်မုန့်က ဖုန်းအသစ်ကို သေချာမကိုင်နိုင်ခင်မှာတင် လျန်ဖုန်းမိန့်၏ ဖုန်းအဟောင်းက ရုတ်တရက်မြည်လာပြီး မရင်းနှီးသော နံပါတ်ကိုပြသည်။
“စီနီယာအစ်မ ပြောနေတာက လျိုရွှမ်းပါ (၁၀)နာရီမှာကျောင်း ဂိတ်ရှေ့မှာ တွေ့ကြမယ်”
နင်မုန့်က ကောင်းပြီဟု ပြောလိုက်ပြီးနောက် စာကိုဖျက်လိုက်သည်။
မနေ့ညက လျန်ဖုန်းမိန့်ကို သူမကအပြင်ထွက်‌ ဆော့မည်ဟု ပြောခဲ့ပြီး လျန်ဖုန်းမိန့်ကလဲ လက်ခံခဲ့သည်။ မည်သို့ပင်ဆိုစေ သူမကအရွယ် ရောက်နေပြီဖြစ်ပြီး စီနီယာတန်းတွင် ဖြစ်သည့်အလျောက် ပညာရေးဘက်မှ ဖိအားကလဲ များလေရာတစ်ခါတစ်ရံ အပြင်ထွက်ပျော်ပါး ခြင်းကလဲ ကောင်းမွန်လေသည်။
(၉)နာရီထိုးတော့မည့် အချိန် နင်မုန့်က ဆိုင်ထဲမှ ထွက်လိုက်သည့်အချိန်တွင် တစ်ဖက်ခြမ်းမှ လျိုရွှမ်းကို မြင်လိုက်ရသည်။
သူမကို မြင်သောအခါ လျိုရွှမ်းက လက်ရမ်း ပြလိုက်သည်။
“စီနီယာအစ်မ”
နင်မုန့်ကလဲ ခေါင်းညိတ်ပြလိုက်သည်။
ထိုမိန်းကလေးအပေါ် သူမ၏အမြင်က ဖျော့တော့သည်။ထက် ဖျော့တော့လာပြီး ဘာမှကိုမမြင်ရတော့ချေ။ သူမယခုမြင်ရသမျှက အမဲရောင်ကြီး ဖြစ်နေသည်။ သူမက ဒီရုပ်ရည်ကို မြင်နေကြ ဖြစ်သည့်တိုင်အောင် အနည်းငယ် ကြောက်သေးသည်။
နေ့အချိန် ထိန်ထိန်လင်းလင်း အခြေအနေမျိုးတွင် TVထဲမှ မွန်းစတားလို အရာမျိုးကို မြင်နိုင်လေသည်။
လျိုရွှမ်း၏မျက်နှာ အမူအယာကမူ ရှုပ်ထွေးနေသည်။ သူမက အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြီးနောက်ရှင်းပြသည်။
“ဒါက ငါသူတို့ဆီက တောင်းထားတဲ့မြေပုံပဲ အင်တာနက်ပေါ်ကနေ ဒေါင်းလော့ဆွဲထားခဲ့တာ ဒီမှာရွာရဲ့ နေရာကိုအမှတ်သား ပြထားတယ် မြစ်က အရမ်းကြီးပေမဲ့ မှတ်သားထားတာမျိုး မရှိဘူး”
ပုံမှန်စဉ်းစား ဆင်ခြင်ပြီးပြောရလျှင် ဒါကရယ်စရာ ကောင်းသည်။ မြစ်ကအလွန်ကြီးလျှင် ရွာသို့သွားကာ မြေပုံပြုလုပ်တဲ့လူက မြစ်ကိုသေချာပေါက် မြင်ပြီးမြစ်ကို သေချာပေါက်ထည့်ထား ပေလိမ့်မည်။
ကျောင်းဂိတ်တွင် သူတို့နှစ်ယောက်ဘဲ ရှိနေသဖြင့် လျိုရွှမ်းက သာမာန်ဟန်ဆောင်ကာ မေးလာသည်။
“စီနီယာအစ်မက အဲ့ဒီစီနီယာနဲ့ တစ်တန်းတည်းလား”
နင်မုန့်ကဖြေသည်။
“ဟုတ်တယ်”
ထိုအခါလျိုရွှမ်းက တစ်စုံတစ်ရာကို ဆက်မေးတော့မည့် အချိန်တွင် သိပ်မဝေးသော နေရာမှကားဟွန်းသံက သူတို့၏အာရုံကို ဆွဲဆောင်သွားသည်။ ဒါကရှီမိသားစုရဲ့ ကားဖြစ်သည်။ နင်မုန့်က တစ်ချက် ကြည့်ရုံနှင့် ပြောနိုင်သည်။ သေချာစွာဖြင့် ရှီချီက အထဲမှ ထွက်လာသည်။ သူ၏မျက်နှာထားက မကောင်းချေ။ သို့သော် တစ်ဖက်တွင် ရပ်နေသော နင်မုန့်ကို မြင်သည်နှင့် တောက်ပသွားသည်။
လျိုရွှမ်းကလဲ ဉာဏ်ရှိစွာဖြင့် မေးခွန်းဆက်မမေး လာတော့ချေ။
ထိုစီနီယာ၏ နောက်ခံက သာမာန် မဟုတ်ကြောင်း အစောပိုင်းကတည်းက သိထားခဲ့ပြီး သူမ၏မျက်လုံးဖြင့် မြင်ရခြင်းက ပို၍အံ့ဩသွားသည်။ အထူးသဖြင့် အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က ကားမောင်းပို့လာခြင်းကို မြင်ရပေသည်။
ကားထဲသို့တက်ပြီး နောက်တွင် ဒရိုင်ဘာက မြေပုံကိုယူကာ ထိုအတိုင်းမောင်းသည်။
မြို့ပြဝန်းကျင်ကို ကျော်ဖြတ်ပြီးနောက်တွင် သူတို့ကတောတောင်များ ဖက်သို့ရောက်လာသည်။ ထိုနေရာများကို ကျော်ဖြတ်ပြီးနောက်တွင် မြင်ကွင်းကအလွန် ခေါင်သောဘက်သို့ ရောက်သွားကာ လူသူအရောက်ပေါက် နည်းပြီးပြောင်းရှင်း လုနီးပါး ညဘက်သို့ရောက်လာသည်။
နင်မုန့်ကဖုန်းကိစ္စကို သတိရသွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“မဲပေါက်သွားတယ် ဆိုတာနင်လုပ်တာလား”
ရှီချီက သူ့ကိုလှည့်မကြည့်လာဘဲ ပြောသည်။
“မဟုတ်ဘူး”
“နင်မုန့်”
သူမကဖုန်းကို စနစ်ကို အတွန့်တက်သည်။
“ဒီကလေးက လိမ်တတ်နေပြီ ပုံမှန်အားဖြင့် ငါပြောချင်တဲ့ မဲပေါက်တဲ့နံပါတ်က ဘာလဲလို့ မေးသင့်တာ ဒီအဖွားက အရမ်းစိတ်ပျက် သွားရပြီ”
စနစ်က တုံ့ဆိုင်းနေသေးသည်။
“သူ့ရဲ့ပုန်ကန်တဲ့ ကာလရောက်လာလို့ ဖြစ်မှာပါ”
နင်မုန့်ကပြောသည်။
“ဒါကလဲ ဖြစ်နိုင်သားဘဲ”
သူမ၏မြေးက အရွယ်ရောက်နေသည့် ကာလသို့ရောက်လာနေပြီ ဖြစ်သဖြင့် အဖော်ပြုရန် ချစ်စရာကောင်း မနေတော့ချေ။ သူ့အနေဖြင့် ဖုန်းရွှေကို လေ့လာရန် နေ့တိုင်းလိုလို သရဲဖမ်းရန် လေ့လာရန်များရှိနေလေရာ ဖိအားအလွန် များနေလောက်သည်။ ထို့ကြောင့်ဒီလို ပုန်ကန်သည့်ကာလသို့ ရောက်လာခြင်းကလဲ ပုံမှန်သာလျှင် ဖြစ်သည်။
သူမကရွေးချယ်စရာ မရှိတော့ဘဲ သူ၏အတွေးတိုင်း လိုက်ပြီးငယ်ရွယ်သော နှလုံးသားလေးကို ချော့မြူရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့်နင်မုန့်နှင့် စနစ်တို့က အချင်းချင်း အပြန်အလှန် စကားပြောနေကြပြီး အချိန်မည်မျှ ကုန်ဆုံးသွားပြီမှန်း မသိလောက်အောင် ကြာသွားပြီးနောက်တွင် ကားက ရုတ်တရက် ရပ်သွားသည်။
ဒရိုင်ဘာက နောက်လှည့်ကြည့်ပြီး မေးလာသည်။
“သခင်ချီ အရှေ့ကလမ်းက ကားမောင်းဖို့ မသင့်တော်ပါဘူး”
နင်မုန့်ကအပြင်သို့ ကြည့်လိုက်သည်။ သူတို့ကမည်သည့် နေရာသို့ ရောက်နေကြောင်းလဲ မသိချေ။ လမ်းကအလွန်းကျဉ်းသည်။ အရှေ့တွင်လည်း လယ်ကွင်းအများအပြားက ရှိနေသောကြောင့် လူသုံးယောက်သာလျှင် ဘေးချင်းကပ်ရပ် သွားနိုင်လောက် အောင်သာလျှင် ကျယ်တော့သည်။
“ဒီနေရာက အရမ်းခေါင်တာဘဲ”
လျိုရွှမ်းက လက်ဦးမှု ယူပြီး ပြောလာသည်။
“သိပ်မဝေးတော့ပါဘူး ငါဒီနေရာမှာ ဆင်းခဲ့ရတာကို မှတ်မိသေးတယ် ဒီနေရာကနေဆို ဆယ်မိနစ်လောက်ဘဲ လျှောက်ရမှာ”
ထို့ကြောင့်သူတို့က အောက်သို့ဆင်းလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်ကလဲ လိုက်ပါလာသည်။
နင်မုန့်၏မျက်နှာထားက ရှုပ်ထွေးနေဟန် ရပြီးသူမ၏ ယခင်ဘဝက ထိုစံအိမ်တွင် နေခဲ့သောအချိန်ကို ပြန်တွေးမိလိုက်သည်။
ရှီရှန်ကျင်းက သူတို့ကိုကာကွယ်ရန် လူအနည်းငယ် အမြဲတစေ စီစဉ်ပေးလျက် ရှိသည်။ သို့သော်အဆုံးတွင်မူ အသုံးမဝင်ခဲ့ချေ။ ထိုသူများအားလုံးက အရပ်ရှည်ကာ အရှိန်အဝါ အပြည့်ကြီးသော်လည်း ဘာမှလုပ်နိုင်မည် မဟုတ်ချေ။
သူတို့က ကားထဲမှ ဆင်းပြီးနောက်တွင် မြင်ကွင်းက ကျယ်သွားသည်။ အဝေးရှိရွာကို ထင်ရှားစွာ မြင်လိုက်ရသည်။ ရွာကတောင်နှင့် တောအုပ်များကြားတွင် အုပ်ဆိုင်းစွာဖြင့် ရှိနေလေသည်။ လယ်ကွင်းများက တစ်ဖက်အဆုံမှ တစ်ဖက်အစသို့ အချင်းချင်းဆက်ဆက်နေပြီး ကောင်ကင်တစ်ဆုံးထိ ဆက်တိုက်ရှိသွားသလိုမျိုး တောက်လျှောက်မြင်နိုင်လေသည်။
မျက်နှာဖုံးကိစ္စကသာ မတည်ရှိခဲ့လျှင် သူတို့ကသာမန် ကျေးလတ်မြင်ကွင်းကို ရှု့စားရန်ရောက်လာသည်။နှင့် တူနေလောက်သည်။
ရှီချီကပြောသည်။
“သွားရအောင်”
သူကနင်မုန့်၏ ဘေးတွင်ရပ်သည်။ လျိုရွှမ်းကအရှေ့က လျှောက်သည်။ သူမကအချက် အလက်အတိုင်း ရှေ့ဆက်သွားနေသည့် တိုင်အောင်ရင်ထဲတွင် ဖိအားများနေပြီး မသက်မသာ ဖြစ်သည်။ထက်ဖြစ်လာသည်။ ရှီချီက အချိန်တိုင်းတွင် နင်မုန့်ကိုသာ လှည့်ကြည့်နေသည်။
နင်မုန့်က မျက်နှာကို ထိတွေ့ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘာလို့ငါ့ကို ကြည့်နေတာလဲ ငါ့ရဲ့မျက်နှာမှာ ဘာပန်းမှရှိမနေပါဘူး”
ရှီချီက မပြောချေ။ သူ၏နှုတ်ခမ်းပါးကိုမူ တစ်ဖြောင့်တည်း ဖြစ်အောင် ဖိကပ်လိုက်သည်။ သူ၏မျက်လုံးစိမ်းမှ အမူအယာက ဖော်ပြရန်ခက်သည်။
လမ်းတစ်လျှောက်လုံးက တိတ်ဆိတ်နေပြီး နောက်ပိုင်းတွင် လမ်းကကျယ်သွားသည်။ ရွာရှိအိမ်များကိုလည်း မကြာခဏဆိုသလို မြင်လာရသည်။ သစ်ပင်များ၏ အရေအတွက်ကလဲ များလာပြီး စိမ်းစိုလာကာ သာယာဖွယ် ဖြစ်လာသည်။ နောက်ဆုံးတွင် အရှေ့တွင်ရွာမှ လူများကိုမြင်လိုက်ရပြီ ဖြစ်သည်။

သူမရဲ့နောက်ဆုံးတစ်ကြိမ်က အိမ်မှာဘဲ ဒီတစ်ကြိမ်တော့ ငါသူမကိုအဆုံးရှုံး မခံတော့ဘူး။
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset