RENH အပိုင်း ၄၃

အပိုင်း (၄၃) ယင်အမျိုးသမီးတွေဆိုတာ။

စက္ကူရုပ်လေးများက အလွန်သေးငယ်ပြီး မတ်တပ်ရပ်နေလျှင် လက်တဝါးစာသာ မြင့်လေသည်။ ရှီချီ၏ လက်နှင့် ရင်ဆိုင်ရသောအခါ သူတို့က အားနည်းစွာ ရုန်းကန်နေကြသည်။

နင်မုန့်က သူ၏ ဖမ်းဆုပ်ထားမှုမှ သူတို့ကို ကယ်ဆယ်လိုက်သည့် အချိန်တွင် စက္ကူရုပ်လေးနှစ်ရုပ်က ချက်ချင်းလိုလို ရှီချီနှင့် ခပ်ဝေးဝေးသို့ လာပြီး သူမ၏ နောက်တွင် ပုန်းကွယ်သည်။ သူတို့က သူမ၏ လက်ဝါးကြားတွင် နေလျက် သူ့ကို ပြန်ခိုးကြည့်နေကြသည်။

သူမက တိတ်တဆိတ် ပြောလိုက်သည်။

“သူ့ကို ရန်မစမိစေနဲ့ “

သူသာ မပျော်မရွှင်ဖြစ်သွားရင် ဒီစက္ကူရုပ်တွေကို လောင်ကျွမ်းပြာချလိုက်တာ ဖြစ်မသွားနိုင်ဘူးလား။ အနာဂတ်မှာ ဒါမျိုး ပြန်ရှာဖို့ လွယ်တော့တာမှ မဟုတ်တာ။

ရှီချီ။ “…”

သူမ၏ အသံက မတိုးသောကြောင့် သူက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ထိုအခြေအနေကို သတိမထားမိသည့် နင်မုန့်က စက္ကူရုပ်နှစ်ရုပ်ကို စနောက်နေပြီးမှသာ ဝမ်ရှန်းကို ပြန်မေးသည်။

“ဒါဆိုရင် နင်တို့တွေ အခုကစပြီး ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

“သူတို့က စက္ကူရုပ်များကို မှီခိုပြီး ယုန်များရှာခိုင်းကာ အထောက်အပံ့ ပြုနေရခြင်း ဖြစ်ရာ စက္ကူရုပ်လုပ်ခြင်းကို လက်လျော့ရတော့မည်ဖြစ်သဖြင့် သူတို့အနေဖြင့် ရှင်သန်နေထိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

ဝမ်ရှန်းက ပြန်ဖြေသည်။

“ရဲသားဦးလေးတစ်ယောက်က ငါ့ကို အရိပ်ရုပ်သေးပြဇာတ်တစ်ခုနဲ့ မိတ်ဆက်ပေးထားတယ်၊ အဲ့ဒီပြဇာတ်ရုံက တကယ့်အစစ်အမှန်ပါ၊ သူတို့က အလုပ်သင်တွေခေါ်နေတယ်၊ အဘိုးကလည်း အဲ့ဒီကို ဝင်ခိုင်းပြီး ငါကလည်း ဝင်ခွင့်အောင်သွားပြီ မှတ်တာပဲ”

သူက ငယ်စဉ်ကတည်းက အဘိုးဖြစ်သူထံမှ အရိပ်ပြဇာတ်များအကြောင်း သင်ယူခဲ့ရသည်။ ထို့ကြောင့် သူကလည်း စွမ်းရည်ရှိပေသည်။ သူက အသုံးပြုခဲခြင်းသာဖြစ်ပြီး ဒါကလည်း သာမန်ဆန်လွန်းသည်။

ထိုအရိပ်ပြဇာတ်အဖွဲ့က အစစ်အမှန် အရိပ်ပြဇာတ်အဖွဲ့ ဖြစ်သည်။ သူတို့က အရည်အသွေးမြင့် အရိပ်ရုပ်သေးရုပ်များကိုသာ အသုံးပြုကြသည့်အတွက် သူက ယခင် အသုံးပြုသည်နှင့် ကွာခြားသွားပြီဖြစ်သည်။

အခုက စတင်ပြီး သူ့အနေဖြင့် ပြဇာတ်များစွာကို သင်ယူနိုင်‌တော့မည်ဖြစ်ကာ သရုပ်ဆောင်ခြင်းကိုလည်း သင်ယူရမည်ဖြစ်သည်။ သို့သော် ထိုသို့ သင်ယူနေစဉ်အတောအတွင်းတွင် လခရမည်ဖြစ်သဖြင့် သူနှင့် သူ့အဘိုးးအတွက် ထောက်ပံ့ရန်လုံလောက်လေ၏။

နင်မုန့်က ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ကောင်းတယ်”

ရည်မှန်းချက်မရှိ အပြင်တွင် လျှောက်သွားနေခြင်းထက် ပို၍ကောင်းသည်။ ထိုလူများကသာ သူတို့၏ စွမ်းရည်ကို သိသွားကြလျှင် နောက်ထပ်ကပ်ဘေးက အနာဂတ်တွင် ထပ်ဖြစ်လာလိမ့်မည်။

ဝမ်ရှန်းက ရှက်ရွံ့စွာ ပြုံးပြီး ရှင်းပြလိုက်သည်။ “အနာဂတ်မှာ ငါ့ အဘိုးရဲ့အကြောင်းကို ဘယ်သူ့ကိုမှ ထပ်ပြီး အခွင့်ရေးယူလို့မရအောင်လို့ လျှို့ဝှက်ထားမှာပါ “

သူ၏ အဘိုးကသာ မပြောလျှင် သူကလည်း မပြောတော့ချေ။ ထိုသို့ ဆိုလျှင် တစ်ဖက်လူများကလည်း ထောင်ထဲ ရောက်နေလျက် မည်သူကမှ သိစရာ အကြောင်းမရှိတော့ချေ။ ထိုသို့ဖြင့် သူတို့ကို ဆိုးရွားသော ကိစ္စများလုပ်ရန် အမိန့်ပေးနိုင်‌တော့မည် မဟုတ်ချေ။

ပြောရလျှင် သူနှင့် သူ့အဘိုးက ထိုမိန်းကလေးနှစ်ယောက်ကို တောင်းပန်ချင်ခဲ့သည်။ သို့သော် သူတို့ကသာ အကြောင်းပြချက်ကို ပြောလိုက်လျှင် အဆုံးတွင် မည်သို့ ဖြစ်သွားကြောင်း ထိုမိန်းကလေးများက သိသွားကြပြီး ဒီကိစ္စက ဒီတိုင်း အဆုံးသတ်သွားမည်မဟုတ်ကြောင်း သိသဖြင့် လက်လွှတ်လိုက်ရသည်။

အပြင်ဘက်ရှိ ကောင်းကင်က စတင်မှောင်လာပြီဖြစ်သည်။ ဝမ်ရှန်းက ဦးစွာ ပြောလာသည်။

“ငါ ငါ့ရဲ့အဘိုးကို ဂရုစိုက်ရဦးမှာမလို့ ပြန်ရတော့မယ်၊ ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် “

သူတို့ကြောင့်သာ မဟုတ်လျှင် သူနှင့်သူ့အဘိုးက ထိုလူများ၏ ထိန်းချုပ်မှုကို ဆက်လက်ခံနေရပြီး နေ့တိုင်းညတိုင်း ရုပ်သေးရုပ်များ ဆွဲနေရကာ နေ့တိုင်းလိုလို ပြစ်မှုများ လုပ်နေရပေလိမ့်မည်။ ထိုသို့ တွေးမိရုံနှင့်ပင် သူ့ကို ထိတ်လန့်စေ၏။

နင်မုန့်ကလည်း ခပ်ပါးပါး ပြုံးလိုက်သည်။

“ဒါဆိုရင် နင် အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ရပါစေလို့ ငါ ဆုတောင်းခဲ့ပါတယ်၊ စကားမစပ် စက္ကူရုပ်တွေအတွက် ကျေးဇူးတင်ပါတယ် “

ဝမ်ရှန်းက ရှက်ရွံ့စွာ ပြုံးသည်။ သူ၏ မျက်နှာတွင် ပါးချိုင့်ပေါ်လာပြီးနောက် ချက်ချင်းပင် တံခါးကို ဖွင့်ကာ ထွက်သွားတော့သည်။

စက္ကူရုပ်နှစ်ရုပ်က နင်မုန့်၏ လက်ချောင်းများကို သူမ၏ လက်ပေါ်ကုပ်တက်ရန် ကြိုးစားနေ၏။ နင်မုန့်က တခဏမျှ စောင့်ကြည့်နေပြီးနောက် လှည့်မေးလိုက်သည်။

“နင် ဘယ်အရောင်ကို ကြိုက်လဲ၊ ငါ နင့်အတွက် ဒီညီမငယ်လေးကို ချန်ထားပေးရမလား”

ရှီချီက မျက်မှောင်ကြုတ်နေသည်။

“ငါ မလိုချင်ဘူး”

နင်မုန့်က သူမ၏ လက်ဖဝါးပေါ် အမျိုးသားစက္ကူရုပ်လေးကို တင်လိုက်ပြီးနောက် ပြောလိုက်သည်။ “ဒါဆိုရင် ဒီမောင်ငယ်လေးကို ပေးရမလား”

ရှီချီက ခေါင်းခါပြလိုက်သည်။

ရုပ်ဆိုးလွန်းတယ်။ သူ မလိုချင်ဘူး။

နင်မုန့်က စက္ကူရုပ်များကို ချပြီးနောက်တွင် လက်ဖြင့် အုပ်လိုက်ကာ သူ့ကို စိုက်ကြည့်လာသည်။

“နင် နှစ်ရုပ်လုံးတော့ လိုချင်လို့မရဘူးနော်၊ သူက နင် တစ်ရုပ်ငါတစ်ရုပ်လို့ ပြောသွားခဲ့တာပဲ “

ရှီချီက ပါးစပ်ဟလိုက်ပြီးနောက် အချိန်အတန်ကြာမှသာ စကားတစ်ခွန်းကို ထုတ်ပြောလာသည်။

“ငါက နှစ်ရုပ်လုံးမလိုဘူး”

စနစ်က အလျင်ဦးစွာ ပြောလာသည်။

“အိုက်ယား မင်းရဲ့မြေးက ဘာများလိုအပ်နေလို့လဲ၊ သူက ဒီလို စက္ကူရုပ်လိုအရာမျိုး လိုအပ်နေတာမှမဟုတ်တာ၊ အားလုံးသာ ယူလိုက်”

နင်မုန့်၏ မျက်ဝန်းက တောက်ပသွား၏။

သူမက ရှီချီကို မေးပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“နင် နှစ်ရုပ်လုံးမလိုချင်ရင် ငါ အကုန်လုံး ယူလိုက်မယ်”

သူမက ဒီလိုအရာမျိုးကို မပိုင်ဆိုင်ဖူးချေ။ သူတို့က ငလက်မလေးများနှင့်တူသည်။

ရှီချီက ခေါင်းညိတ်သည်။

“ယူလိုက်ပါ”

နင်မုန့်က ခေါင်းလှည့်ပြီးနောက် စက္ကူရုပ်လေးများကို တို့ထိကြည့်သည်။ ကောင်မလေးက ကောင်လေးထက်ပို၍ သေးငယ်သည်။ သူတို့က တစ်ချက်ထိရုံဖြင့် အောက်သို့ ပြုတ်ကျသွားပြီး တဖန် ခြေထောက်များဖြင့် ပြန်ကုန်းတက်ကြပြန်သည်။ သူမက တခဏကြာ ဆော့ကစားနေပြီးမှသာ တစ်ရုပ်တော့ ပေးရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ရှန်းကို ကူညီခဲ့သူက သူဖြစ်ပြီး ဝမ်ရှန်းက ကျေးဇူးတင်ချင်သူမှာ သူသာလျှင် ဖြစ်သည်။ သူမက အကျိုးအမြတ်ကို ရိတ်သိမ်းသွားလျှင် မကောင်းနိုင်ချေ။ ထို့ပြင် သူမကလည်း ကပ်စေးနည်းလွန်းခြင်းမရှိချေ။

ရှီချီက အခန်းထဲမှ ဦးစွာ ထွက်သွားသောအခါ သူမက ဂရုတစိုက် ညွှန်ကြားလိုက်သည်။

“ငါ နင့်ကို သူ့ရဲ့ အင်္ကျီအိတ်ထဲကို ထည့်ပေးလိုက်မယ်၊ နင် ငြိမ်ငြိမ်ထိုင်နေပြီး လေထဲလွင့်မသွားစေနဲ့၊ ကြားလား “

အမျိုးသားစက္ကူရုပ်လေးက သူမ၏ လက်ပေါ်တွင် လှဲလျက် နာခံစွာဖြင့် ခေါင်းညိတ်ပြသလာသည်။ သူမက ဂရုတစိုက်ဖြင့် စက္ကူရုပ်ကို အိတ်ထဲသို့ ထည့်လိုက်ပြီး အိမ်သို့ သယ်သွားရန် ဆုံးဖြတ်လိုက်သည်။ ဒီတိုင်းသာ သယ်သွားလျှင် ဒုက္ခရောက်သွားနိုင်သည်။

နင်မုန့်က ထွက်မလာသေးကြောင်း မြင်သောအခါ ရှီချီက အပြင်တွင် ဆက်စောင့်ပေးနေသည်။ သူမက သူ့ကို အပြင်သို့ တွန်းထုတ်နေသည့်အချိန်တွင် သူ၏အိတ်ထဲသို့ ထိုအမျိုးသားစက္ကူရုပ်‌လေးကို ထည့်လိုက်သည်။ ထိုအရုပ်ကလေးကလည်း ချက်ချင်းလိုလို အင်္ကျီစကို ဖမ်းကိုင်ပြီးနောက် ခေါင်းလေးသာ ထုတ်လျက် နင်မုန့်ကို လှမ်း၍ နှုတ်ဆက်လိုက်သည်။ နင်မုန့်ကလည်း ပြုံးပြသည်။ ထို့နောက် စက္ကူရုပ်‌လေးကို အတွင်းသို့ မြန်မြန် ပုန်းခိုင်းလိုက်သည်။

နှစ်ယောက်က ကော်ဖီဆိုင်အပြင်ဘက်တွင် လမ်းခွဲရမည်ဖြစ်သည်။ နင်မုန့်၏ အိမ်၏ အနီးအနားတွင် ရှိသော်လည်း ရှီချီကမူ ကားဖြင့် ပြန်မည်ဖြစ်သည်။ သူ၏ ကားကလည်း ကျောင်းဂိတ်ဝတွင် စောင့်နေခြင်းဖြစ်သည်။ ထိုနေရာတွင် အနက်ရောင်ဝတ်စုံဖြင့် လူနှစ်ယောက်က အပြင်တွင် ထွက်စောင့်နေသည်။

သူတို့က ကားတံခါးကို ဖွင့်ပေးပြီးနောက် ပြောလိုက်သည်။ “သခင်ချီ”

ရှီချီက ပြန်နှုတ်ဆက်လိုက်သည်။

သူမစံအိမ်သို့ ပြန်ရောက်ချိန်တွင် ကောင်းကင်က မှောင်နေလေပြီ။ လီရှားက ညစာပြင်နေသည့် အချိန်တွင် သူရောက်လာကြောင်း မြင်သောအခါ ပြုံးလိုက်သည်။

“သခင်ချီ”

သူမ ဝင်ထိုင်လိုက်သည့်အချိန်တွင် လီရှားက အိတ်ထဲမှ အရာကို မြင်လိုက်ရပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“သခင်ချီ အိတ်ထဲမှာ တစ်ခုခု ရှိနေသလိုပဲ”

ရှီချီက နှိုက်ထုတ်ကြည့်လိုက်သည်။

စက္ကူရုပ်လေးက သူ့အိတ်ထဲတွင် တွန့်လိမ်နေသည်။ ယခုလို ရှာတွေ့သွားသည့်အတွက်လည်း သဘောမကျ ဖြစ်နေဟန်ရသည်။ သူ၏ မျက်နှာထားကို ဖတ်နိုင်မည်ဆိုလျှင် မကျေမနပ်ဖြစ်နေကြောင်း သိသာပေသည်။

မြွေပါလေးက အသိုက်ထဲမှ ထွက်လာပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်သည်။ စက္ကူရုပ်ကို မြင်သောအခါ သဘောမကျစွာ ဟောင်တော့သည်။

စက္ကူရုပ်လေးက အနည်းငယ် ကြောက်သွားပြီး မလှုပ်ရဲ‌တော့ချေ။ တိတ်ဆိတ်သွားတော့သည်။

ရှီချီက စက္ကူရုပ်ကို စားပွဲပေါ်တင်လိုက်သည်။ နင်မုန့်က သူ မသိခင် ထိုးထည့်လိုက်ခြင်း ဖြစ်ကြောင်း သေချာနေသဖြင့် ပြောလိုက်သည်။

“လိမ်လိမ်မာမာနေ”

စက္ကူရုပ်လေးကလည်း နာခံစွာဖြင့် စားပွဲပေါ်တွင် ထိုင်နေတော့သည်။

ရှီချီက မြွေပါကို ပွတ်သပ်ပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။

“ရှောင်ဟွမ် မင်း သူမကို တကယ်မြင်ချင်နေလောက်ပေမယ့် ကံဆိုးစွာနဲ့ စောလွန်းနေသေးတယ်”

ငါတို့ သူ့ကို ခြောက်လှန့်မိလိမ့်မယ်။

ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးတဲ့အထိတော့ စောင့်ရမှာပဲ။

သူက ထိုသို့ တွေးလိုက်သည်။

နင်မုန့်က အိမ်သို့ ပြန်သွားပြီးနောက် လျန်ဖုန်းမိန်က မျှော်လင့်ထားစွာဖြင့် စကားခေါ်ပြောနေသည်။ နင်မုန့်က အခန်းထဲသို့ ပြန်‌ရောက်ပြီးနောက်တွင် အိမ်စာလုပ်ရန် ပြင်ဆင်လိုက်သည်။ အိတ်ထဲမှ ကြွတက်လာသော စက္ကူရုပ်လေးကို စားပွဲပေါ်သို့ တင်ပြီး စာကြည့်လိုက်သည်။ စက္ကူရုပ်လေးက ရှက်မနေဘဲ စတင်ရွေ့လျားတော့သည်။

အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက်တွင် အိမ်စာလုပ်ရန် ဆုံးဖြတ်လိုက်သည်။ စက္ကူရုပ်လေးကလည်း သူမအတွေးကို သိသလိုမျိုး ဘောပင်ကို ကိုင်ရန် ကြိုးစား၏။ သို့ရာတွင် သူ၏ သေးငယ်သော အရုပ်ကလေးက ဘောပင်ကို ကိုင်နိုင်ခြင်းမရှိဘဲ အလေးချိန်ကြောင့် ပိကျသွားသည်။

“သနားစရာကောင်းလိုက်တာ”

နင်မုန့်က ချက်ချင်း ကယ်ဆယ်လိုက်ပြီး ဘေးသို့ ဖယ်ထားပေးလိုက်သည်။

“လျှောက်လုပ်မနေနဲ့ မဟုတ်ရင် ငါ နင့်ကို ရေထဲထည့်လိုက်မယ် “

ရုတ်တရက် လျန်ဖုန်းမိန်က တံခါးကို ဖွင့်ပြီးဝင်လာသည်။

နင်မုန့်က လန့်သွားပြီးနောက် စက္ကူရုပ်လေးကို စာအုပ်ဖြင့် ကာထားလိုက်သည်။ သူမ၏ စိတ်ကလည်း ထိတ်လန့်နေတော့သည်။

“ဘာလို့ စာအုပ်ကို ဒီလောက်ထိ နီးနီးကပ်ကပ် ကြည့်နေတာလဲ၊ ခါးကုန်းသွားရင် ဘယ်လိုလုပ်ကြမလဲ “

လျန်ဖုန်းမိန်က စားပွဲပေါ်တွင် ရေခွက်ကို တင်ပေးပြီးနောက် ကျောကို တစ်ချက်ပုတ်သည်။

“ခဏနေရင် ညစာစားကြမယ်”

နင်မုန့်က နာခံစွာဖြင့် ပြန်ဖြေသည်။

“ကောင်းပါပြီ”

မြင့်မားသော စာအုပ်၏ အကူအညီဖြင့် စက္ကူရုပ်လေးက စားပွဲပေါ်တွင်တွန့်လိမ်နေသည့်တိုင်အောင် လျန်ဖုန်းမိန်က မမြင်သွားခဲ့ချေ။ သူမက နောက်လှည့်ပြီး ထွက်သွားသည်။

အနီနှင့် အစိမ်းရောင်ဝတ်စုံက ကြည့်ရဆိုးသော်လည်း နင်မုန့်က ချစ်စရာကောင်းသည်ဟု ခံစားရသောကြောင့် အာရုံမစိုက်မိရန် ခက်ခဲနေပြီး အချိန်အတန်ကြာ ဆော့ကစားနေမိသွားသည်။ မနက်ဖြန်က ပိတ်ရက် ဖြစ်နေကတည်းက ညနက်သည်ထိ စာလုပ်စရာမလိုချေ။

စက္ကူအရုပ်ကြောင့် သူမအနေဖြင့် အိမ်စာမပြီးနိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ နောက်ထပ်နှစ်ရက် ရှိနေသေးသည်။ သို့သော် ညစာစားပြီးလျှင် သူမ အချိန်ဖြုန်း၍ မရနိုင်တော့ချေ။

အထက်တန်းတတိယနှစ်က အစမ်းဖြေမေးခွန်းများစွာ လုပ်ရသည့် ကာလလည်း ဖြစ်နေသည်။ ဒီလိုအချိန်အတောအတွင်းတွင် မေးခွန်းအလွှာများစွာကပင် တစ်ဘာသာတည်း ဖြစ်နေသည်။

အိမ်စာလုပ်နေရင်း လမ်းတစ်ဝက်တွင် သူမက သတိမထားမိဘဲ လက်မောင်းကို ဆန့်လိုက်ရာ စားပွဲပေါ်ရှိ ဖန်ခွက်ကို ခွဲမိသွားသည်။

လျန်ဖုန်းမိန်က အသံကြားသောအခါ ဝင်လာပြီး တအံ့တဩပြောသည်။

“ဖန်ခွက်ကို စားပွဲအစွန်းမှာ မတင်ပါနဲ့လို့ ငါ ပြောထားသားပဲ၊ အခု ကြည့်ဦး နင်ဘာလုပ်လိုက်လဲ၊ ကွဲသွားပြီ”

နင်မုန့်က ပြန်မငြင်းနိုင်ဘဲ ချက်ချင်းလို ထရှင်းတော့သည်။

လျန်ဖုန်းမိန်က သူမကို ဘေးသို့ တွန်းထုတ်သည်။

“သွား သွား သွား၊ ငါပဲ လုပ်လိုက်မယ်၊ နင်က နမော်နမဲ့နဲ့ လက်တွေ ရှသွားဦးမယ် “

သူမက ရေကို ခြောက်အောင် သုတ်ပြီးနောက်တွင် ဖန်ကွဲစများကို သိမ်းသွားသည်။

လျန်ဖုန်းမိန်က အခန်းထဲသို့ ပြန်ဝင်လာပြီး ပြောသည်။

“နောက်တစ်ခါ နင်ထပ်လုပ်ချင်တယ်ဆိုရင် ဖန်ခွက်ကို သုံးမနေနဲ့တော့၊ ကော်ခွက်ကို သုံးတော့၊ အိမ်မှာရှိတဲ့ ခွက်တွေအားလုံး နင်ခွဲလို့ကုန်ပြီ”

သူမက ထိုသို့ မရပ်မနားပြောနေခြင်းကို မြင်သောအခါ နင်မုန့်ကလည်း စကားအမြန် အဆုံးသတ်စေရန် ပြောလိုက်ရသည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ”

ထိုအခါမှ လျန်ဖုန်းမိန်က တံခါးကိုပိတ်ပြီး ထွက်သွားသည်။

စနစ်က သတိပေးသည်။

“မင်းရဲ့စက္ကူရုပ်က‌ ရေထဲ ကူးခတ်နေပြီ”

နင်မုန့်က အထိတ်တလန့်ဖြင့် ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း လျန်ဖုန်းမိန်က မသုတ်မိသွားသည့် နေရာတွင် ရေအိုင်လေးတစ်ခုရှိနေပြီး စက္ကူရုပ်၏ ခြေထောက်က ထိုထဲနစ်နေလေပြီ။ သူမက အလျင်အမြန် ယူပြီး သုတ်ကြည့်လိုက်သော်လည်း ခြေထောက်က ပျော့နေ‌သေးသည်။

ခဏလောက် တွေးတော ပြီးသည့် နောက်တွင် ပြတင်းပေါက်‌ ဘောင်ပေါ် အဟကြားနေရာတစ်ခုတွင် တင်ထားလိုက်ရသည်။ နွေရာသီလေက ပူသဖြင့် အခြောက်မြန်လွယ်လာသည်။ မိနစ်အနည်းငယ်ခန့်တွင် စက္ကူရုပ်ခြေထောက်က ခြောက်သွားသည်။ သူက ပုံမှန်းအတိုင်း ပြန်ဖြစ်သွားသောအခါ စတင် ‌ရွေ့နိုင်ပြီဖြစ်သည်။ သို့သော် ပိုင်ရှင်က သတိမထားမိကြောင်း မြင်သည်နှင့် ဘောင်‌ပေါ်မှ ခိုးကြောင်ခိုးဝှက် ဆင်းလာပြီး မြေပြင်ပေါ်တွင် လျှောက်ပြေးနေတော့သည်။

အခန်းထဲတွင် ကွန်ပျူတာတစ်လုံးရှိသည်။ လျန်ဖုန်းမိန်က နင်မုန့်အတွက် ပေးထားသော်လည်း နင်မုန့်က အသုံးပြုလေ့မရှိချေ။

သူမက ဒီည ဘာမှများများစားစား လုပ်စရာမရှိတော့သည့်အခါ သူမက ဖွင့်လိုက်ပြီး စက္ကူရုပ်နှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို ရှာလိုက်သည်။

လူအိုကြီး ပြောထားသည့်အတိုင်း စက္ကူရုပ်များတွင် မျက်လုံးကို မဆွဲသင့်ချေ။ တွဲလျက်ပါသော ပုံများကလည်း ကြောက်မက်ဖွယ်ကောင်းလွန်းလှလျက် သူမက ထိုကဏ္ဍမှ အလျင်အမြန် ထွက်လိုက်သည်။

နင်မုန့်က ဖန်သားပြင်ကို မင်သက်စွာ ကြည့်နေရင်းမှ စနစ်က ပြောသော ယင်ခန္ဓာကိုယ်ဟူသော အကြောင်းအရာကို ရုတ်တရက် သတိရသွားပြီး ထိုသို့ ရိုက်ထည့်လိုက်ကာ ရှာလိုက်သည်။

ထိုသို့ဖြင့် စာမျက်နှာပေါင်းများစွာက ထွက်ပေါ်လာသည်။

စစ်ဆေးပြီးနောက်တွင် ယင်အမျိုးသမီးအမျိုးအစားများစွာ ရှိကြောင်း သိလိုက်ရသည်။ တစ်မျိုးချင်းစီတိုင်းက ကွာခြားလွန်းသည်။ ကာရိုက်တာ ရှစ်ခုနှင့် သန့်စင်သော ယင်အမျိုးသမီးများလည်း ရှိသလို ယင်အမျိုးသမီးလေးမျိုးလေးစားလည်း ကွဲပြားနေသေးပြန်သည်။ ထို့အပြင် သူတို့၏ မွေးဖွားသော အချိန်ကာလနှစ်ကိုလည်း ထည့်တွက်ရသေးသည်။

ခန္ဓာကိုယ်က ယင်စွမ်းအင်များပြားလွန်းနေလျှင် မိစ္ဆာဆန်သော သို့မဟုတ် သဘာဝလွန်ဖြစ်တည်မှုများကို အလွယ်တကူ ဆွဲဆောင်နိုင်စွမ်းရှိပြီး စိတ်ဝိညာဉ်အဖြစ် တိုက်ရိုက်ဆက်သွယ်၍ ရသည်။ သို့သော် သူမက မည်သည့်အမျိုးအစားဖြစ်ကြောင်း မသိသေးချေ။

သို့ရာတွင် ရှင်းပြချက်ကို ဖတ်ပြီးနောက် မည်သည့်အတွက်ကြောင့် တချို့သောသူများက ဒီလို ခန္ဓာကိုယ်ကို ကြိုက်ကြောင်း သိလိုက်ရသည်။ သဘာဝလွန်ဆိုင်ရာ အမျိုးသမီးများနှင့် ပတ်သတ်ပြီး ကောလဟလများထွက်လျှင် ယင်အမျိုးသမီးများက ပထမဦးစွာပါပြီး သူတို့ကို စက္ကူအရုပ်များတွင် အစားထိုးလိုက်ပါက ယင်စွမ်းအင်ပို၍ များပြားလာနိုင်ပြီး အမိန့်ပေးရန် ပိုပြီး သင့်လျော်သွားမည်ဖြစ်သည်။

ပထမဘဝတွင် သူမကို သတ်ရန် ကြိုးစားခဲ့သောလူ၏ ရည်ရွယ်ချက်ကိုမူ သူမက သဲလွန်စပင် ရှာမရချေ။ နင်မုန့်က ကွန်ပျူတာကို ပြန်ပိတ်လိုက်ပြီးနောက် ပြတင်းပေါက်ဘောင်သို့ ကြည့်လိုက်သည့်အခါ စက္ကူရုပ်ကို မတွေ့ရတော့ချေ။ သူမက ပြတင်းပေါက်တံခါးကို ဖွင့်ကြည့်လိုက်သောအခါ မှောင်မည်းလွန်းနေပြီး ဘာကိုမှမမြင်ရချေ။ သူမက ရေရွတ်လိုက်သည်။

“လေနဲ့လွင့်သွားတာတော့ မဟုတ်လောက်ပါဘူးနော်”

ထိုစက္ကူအရုပ်က ရရန်မလွယ်ကူချေ။ အနာဂတ်တွင် နောက်တစ်ရုပ် ထပ်ရှာရခက်ခဲသွားမည်ဖြစ်သည်။ ထို့အပြင် သူမက သေချာဂရုစိုက်ရန်လည်း ဆုံးဖြတ်ထားသေးသည်။ ပျောက်သွားမည်ဆိုလျှင် သူမ ရင်ကွဲရပေလိမ့်မည်။

ထိုအချိန်တွင် စနစ်က ပြောလာသည်။

“အောက်ကို ငုံ့ကြည့်လိုက်”

နင်မုန့်က စကားအတိုင်း အောက်သို့ ငုံ့ကြည့်လိုက်သောအခါ စက္ကူရုပ်လေး၏ အစိမ်းရောင်စကပ်ကို ထင်ရှားစွာ မြင်လိုက်ရသည်။ စက္ကူရုပ်‌လေးက သူမ၏ ဖိနပ်ပါးပေါ်တွင် လှဲနေပြီး ပလပ်စတစ်ပန်းလေးများကို ဆွဲခွာရန် ကြိုးစားနေသည်။ သူက ဆိုးသွမ်းဟန် ပြုမူနေခြင်း ဖြစ်သည်။ သူမက ငုံ့ကြည့်လိုက်ကြောင်းမြင်သောအခါ သူမ၏ ခြေထောက်ပေါ်ကုန်းတက်လာသည်။

နင်မုန့်၏ ပေါင်က ယားယံသလို ခံစားလာရသဖြင့် ငုံ့ကာ ကောက်မလိုက်ပြီးနောက် ဒေါသတကြီး သွန်သင်ဆုံးမတော့သည်။

“နင် ဘယ်လောက်တောင် ခေါင်းမာလိုက်သလဲ ကြည့်စမ်း၊ လျှောက်ပြေးဖို့တောင် ကြိုးစားရဲသေးတယ် “

စက္ကူရုပ်လေးကလည်း သူမ၏ လက်ညှိုး‌လေးကို ဖားယားသောမျက်နှာထားလေးဖြင့် ကိုင်လာသည်။

သူမသာ ကြိုက်ရင် အားလုံးယူလို့ရတယ်။

ရှီချီရဲ့ လျှို့ဝှက်ဒဏ္ဍာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset