RENH အပိုင်း ၂၃

အခန်း ၂၃
အဘွားနှင့် လေလွင့်သရဲ

ရှီချီသည် မျက်စိကို ဖွင့်လိုက်ပြီး တစ်ဖန် ပြန်ဖွင့်လိုက်သည်။ သူမြင်ရသည့် မြင်ကွင်းသည် အတူတူ ဖြစ်နေဆဲပင်။

မိန်းမငယ်လေး တစ်ယောက်၏ မှိန်ဖြဖြ ပုံရိပ်သည် အဘွားကြီး၏ ခန္ဓာကိုယ်ထက်တွင် ပေါ်လာခဲ့သည်။ သူမနောက်တွင် အနက်ရောင် ဆံနွယ် အရှည်ကြီး ကျနေ၏။ သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်ငြား သူသည် သူမက ငယ်ရွယ်သည်ဟု ခံစားမိသည်။

သူက လီချွမ်ဖက်ကို ကြည့်လိုက်သည့်အခါတွင် သူတို့ နှစ်ယောက်သည် အသက်အတူတူဖြစ်ပုံပေါသည်။

အဘွား၏ လက်ယပ်ခေါ်မှုနှင့် ထိုငယ်ရွယ်သည့် ပုံရိပ်၏ လက်ယက်ခေါ်ပုံက တစ်ချိန်တည်းတွင် ဖြစ်နေကာ တစ်ယောက်နှင့် တစ်ယောက် ရောစပ်နေပုံပေါသည်။ တစ်ခါတရံတွင် ကွဲသွားသော်ငြား ယင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။

ရှီချီသည် ထိုနေရာတွင် မလှုပ်မယှက်သား ရှိနေသည်။ နင်မုန့်သည် သူကိုယ်တိုင်သာ သွားတော့သည်။ သူမ စာကြည့်မျက်မှန်ကို မလိုက်ပြီးနောက် ခေါင်းကို ရှေ့သို့ ငုံ့လိုက်သည်။

“သားဘာလို့ ကြက်သေသေနေတာလဲ”

ငါ့ရဲ့ မြေးလေးက တော်တော်လေး ကြည့်ကောင်းတာပဲ။ သူ ကြီးလာတဲ့အခါကျ သူ့မှာ သေချာပေါက် ယောက်ျားလေး၊ မိန်းကလေး ပရိသတ်တွေ အများကြီး သေချာပေါ် ရှိလာလိမ့်မယ်။

ရှီချီသည် အသက်ရှု ရပ်လုမတက် ဖြစ်သွားသည်။ သေးသွယ်သည် လက်က သူ့ခေါင်းပေါ် ရောက်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သို့သော်သာမန်နှင့် ကွဲပြားနေသည်ဟု မခံစားရပေ။

နင်မုန့်က သူ့ခေါင်းကို ပွတ်လိုက်ကာ

“အရူးလေး။ ဒီမြွေပါလေးရဲ့ နာမည်က ဘာလို့ ပေးထားလဲ”

ရှီချီက မလှုပ်မယှက်သား ရှိနေသည်။ ထိုမေးခွန်းကို ကြားသည့်အခါ သူ့ စကားသံများ ထစ်ထစ် ထွက်လာခဲ့သည်။
“ဝါ….ဝါ… အဝါလေးပါ”

သူ၏ လန့်ပြီး ကြောက်ရွံ့နေသည့် မူမမှန်သည့် မျက်နှာကို ကြည့်ရင်း နင်မုန့်သည် အနည်းငယ် သံသယ ဖြစ်လာခဲ့သည်။ သူသည် ယနေ့တွင် သေချာပေါက် သရဲခြောက်လှန့်ခြင်းကို ခံခဲ့ရမည် ဖြစ်သည်။ အနာဂတ်တွင် အားကောင်းမည့်သူက ဒီငယ်ငယ်လေးမှာ သရဲအခြောက်ခံရတာ ဖြစ်နိုင်ပါ့မလား”

သူမက ချော့လိုက်ကာ

“ဒီနေ့ ၁၇လေး ကြောက်ခဲ့သလား။ မကြောက်နဲ့။ အဘွား ဒီမှာ ရှိမယ်ဆိုရင် ဘယ်မကောင်းဆိုးဝါး သရဲမှ ရှိမှာ မဟုတ်ဘူး”

မြွေပါက သူမခြေထောက်ကို ပွတ်သက်နေသည်။ ထိုအကောင်လေးသည် ယင်ကို အကြိုက်ဆုံး ဖြစ်ပြီး သူမသည် ရှီချီနှင့် ကွဲပြားနေကြောင်းကို သတိပြုမိသည်။

ရှီချီသည် သူ့မျက်လုံးတွင် ဝင့်ကြွားနေပုံကို မြင်နိုင်ပေသည်။

သူ့လက်သီးကို ကျစ်ကျစ်မဆုပ်မှီ သူသည် ထပ်နေသည့် ပုံရိပ်နှစ်ခုကို စိုက်ကြည့်လိုက်ကာ စကားတစ်ခွန်းမျှ မပြောဘဲ အပေါ်သို့ ပြေးထွက်သွားကာ ကော်ရစ်တာတွင် ပျောက်ကွယ်သွားတော့သည်။

နင်မုန့်၏လက်သည် လေထဲတွင်သာ ရှိနေကာ သူမက စနစ်ကို မေးလိုက်သည်။

“သူဘာများ ဖြစ်လို့လဲ”

စနစ်သည်လည်း သေချာပေါက် မသိပေ။
“သူ့မှာ ကိုယ်ပိုင် လျို့ဝှက်ချက် သေးသေးလေး ရှိနေလို့လား”

နင်မုန့်သည် တစ်ခဏကြာ တွေးလိုက်ပြီးနောက် သူ့အဖြေသည် ယုတ္တိရှိမှန်း တွေးခဲ့သည်။

ရှီချီသည် တစ်ညလုံး တစ်ရေးမှ အိပ်မပျော်ပေ။

သူ အိပ်ရာပေါ်တွင် လဲနေရင်း သူသည် ထိုအကြောင်းကို ထပ်ခါ ထပ်ခါ တွေးမိသည်။ ဘာတွေ ဖြစ်နေတာလဲ။ အမြဲတိုင်း ဒီလိုပါပဲ။ ဒါပေမဲ့ ငါဘာလို့ မမြင်မိတာလဲ။

နောက်ထပ် အရိပ်တစ်ခုသည် လူတစ်ယောက်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ သူ့သည် ထိုမျက်နှာကို ကောင်းကောင်းမမြင်ရသော်ငြား သူသည် ထိုအရိပ်က သူ့အဘွားမဟုတ်မှန်း သေချာပေါက်သိသည်။

အချိန်များစွာ ကုန်ဆုံးပြီးနောက် ကောင်းကင်က ဝါးတိုးဝါးတား ဖြစ်လာခဲ့သည်။

အပြင်ဖက်မှ ကြက်ဖတွန်သံသည်လည်း ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့၏။

ရှီချီသည် အိပ်ရာမှ ထလိုက်သည်။ မြွေပါသည် သူ့ခုတင်ခြေရင်းတွင် ဝင်ကွေးနေသည်။ ခုတင်ခြေထောက်ကို ဖတ်လျက် အိပ်နေကာ ဟောက်သံတောင် ထွက်လုနီးပါးပင်။

ထိုပုံစံကို မြင်သည့်အခါ ရှီချီသည် သူ့လက်အိပ်ကို စွပ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထိလိုက်သည်။

မြွေပါသည် အာရုံခံမိပုံပေါ်ကာ လှည့်လိုက်သည်။ သူ့ဗိုက်ကို ပွတ်လိုက်ပြီးနောက် ဆက်ပြီး အိပပ်နေတော့၏။

သူသည် သူ့ဗိုက်ကို ထပ်ပွတ်လိုက်ပြန်သည်။

အကြိမ်များစွာ ပွတ်ပြီးနောက် မြွေပါသည် နိုးလာသည်။ ထို့ကြောင့် ရှီချီသည် ထိုအရာကို ထပ်မထိတော့ပေ။ ပြီးနောက် သူသည် ရေချိုးခန်းထဲကို ဝင်သွားကာ သန့်ရှင်းရေး လုပ်တော့သည်။

မှန်တွင် သူ့မျက်နှာကို ကြည့်လိုက်သည့်အခါ ပန်ဒါ မျက်လုံး ဖြစ်နေသည်ကို တွေ့လိုက်သည်.

ရှီချီသည် သူ့ကိုယ်သူ နီးနီးကပ်ကပ် ကြည့်လိုက်သည်။ သူသည်လည်း လူပင်။ လီချွမ်နှင့် လီရှသည်လည်း လူများ ဖြစ်သည်။ ပြီးနောက် သူ့ဦးလေးသည်လည်း လူဖြစ်သည်။

အဘွားဒါမှမဟုတ် လူအိုတွေကပဲ ထူးခြားနေတာလား။

ကိုယ်လက် သန့်ရှင်းပြီးနောက် ရှီမိသားစုအိမ်ကို အတွေးတွင် မေးခွန်း တစ်ခု တွေးကာ သွားတော့သည်။ စံအိမ်သည် အမြဲတမ်း တိတ်ဆိတ်နေကာ သူ့အတွေးကို နစ်မျောစေ၏။

မမျှော်လင့်ဘဲ သူသည် ထောင့်ရှိ ရှီကုန်းဆီသို့ ပြေးသွားတော့သည်။

ရှီကုန်းသည် ရှီချိကို မမြင်ရသည်မှာ ရက်တော်တော် ကြာပြီ ဖြစ်ကာ ရုတ်တရက် အံ့အားသင့်စွာဖင့်

“ဟေး အရှက်မရှိလေး။ ဘာလို့ ငါတို့အိမ်မှာ နေနေရသေးတာလဲ။ မထွက်သွားသေးဘူးလား”

သူ့၏ ဝဝဖောင်းဖောင်း မျက်နှာကို ရှုံ့လိုက်သည့်အခါ တော်တော်လေး ထူးဆန်းနေသည်။

ရှီချီသည်လည်း စိတ်ဆိုးခြင်း မရှိပေ။ ရှီချီက သူ့ဘေးရှိ တစ်ခုခုကို လက်ညှိုးထိုးကာ ညှင်ညှင်သာသာ ပြောလိုက်သည်။

“ဘေးမှာ တစ်ယောက်ယောက် ရှိနေတယ်”

“ဘယ်သူလဲ”

ရှီကုန်းက သံသယရှိသော်လည်း သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ဘာမှ မမြင်နိုင်ပေ။ သူက အထင်သေးသည့် အကြည့်ဖြင့် ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ဒီစံအိမ်မှာ ဘာသရဲမှ မဟုတ်ဘူး”

သို့သော် သူစကားပြောတာ မဆုံးသေးခင် သူ့အဘွားကို သရဲတစ်ကောင်က ခုန်အုပ်လိုက်ပြီညးနောက် နေမကောင်း ဖြစ်သွားသည်ကို အမှတ်ရသွားပြီး အနည်းငယ် ကြောက်သွားသည်။

ရှီချီက သူ့ကို သဘောရိုးဖြင့် ကြည့်ကာ

“သူက အခု မင်းကို ကြည့်နေတယ်”

သူ့လေသံသည် သာမန်သာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ရှီကုန်းသည် နည်းနည်း သံသယ ရှိမိသည်။ သူ့ခပ်ဝဝ ခန္ဓာကိုယ်က တုန်ယင်သွားပြီး စတင်ပြီး သူ့နေရာကို သံသယမကင်း ကြည်လိုက်၏။

သို့သော် သူအသိပြန်ဝင်လာသည့် အချိန်တွင် ရှီချီက ထွက်သွားပြီ ဖြစ်သည်။
…..

မြေအောက်ခန်းတွင် အမွှေးနံ့သာကို ထွန်းထားသည်။

ရှီရှန်းကျင်းက တည်တည်ငြိမ်ငြိမ်နှင့် သေသေချာချာ အလုပ်လုပ်နေသည်။ သူသည် ဖုန်းရွှေနှင့် ပတ်သက်ပြီး အလွန် ဂရုစိုက်သည်။ အကြောင်းမှာ သူ့၏ ပါရမီအရ အဘိုးအို တစ်ယောက်က သူ့ကို ဒီအလုပ်လုပ်ရန်အတွက် ရွေးချယ်ခဲ့သည့်အတွက် ဖြစ်သည်။ ထိုစဉ် ရက်စက်သည့် ဒုတိယ သားက သူ့ကိုယ်ပိုင် စီးပွားရေးကို စတင် လုပ်ကိုင်တော့၏။

ရှီချီ ဝင်လာသည်နှင့် ရှီရှန်းကျင်း ထိုနေရာတွင် တစ်ခုခု ရေးနေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်က သူ့ကို စကားမပြောနိုင်အောင် လုပ်ထားသည်ပင်။ ထို့ကြောင့် သူသည် ရှီရှန်းကျင်း အဆောင် ဆွဲပြီးသည်အထိ စောင့်နေတော့သည်။

“သားရောက်လာပြီပ”

ရှီချီက သူ့နောက်ဆုံး စုတ်ချက်ကို ဆွဲပြီးနောက် ခေါင်းမော့ ကြည့်လိုက်ကာ

“ထိုင်… ဒီနေ့ မင်းတာဝန်က ဒီ အဆောင်ကို ပြီးအောင် ဆွဲပေးဖို့ပဲ”

သူသည် စားပွဲပေါ်မှ အဆောင်ကို ယူလိုက်သည်။ အနီရောင် စာလုံးသည် အဝါရောင် တောက်တောက် စာရွက်တွင် ရှိနေသည်။ သို့သော် ရှီချီသည် ထိုစာလုံးကို မသိပေ။ ယင်းက ပန်းချီ ဆွဲထားသည်နှင့်ပင် ပိုတူနေသည်။

သူ့နှလုံးသသားထဲတွင် တိတ်တဆိတ် ဆွဲလိုက်သည်။ ယင်းက သူ့လက်ဖဝါး နှစ်ခုစာသာ ရှိသည်။ ထို့ကြောင့် သူသည် ထိုပန်းချီကို လွယ်လွယ်ကူကူနှင့် ပြီးအောင် ဆွဲနိုင်မည်ဟု ထင်ခဲ့သည်။

ကလေးငယ်၏ အတွေးသည် သူ့မျက်နှာထက်တွင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ရှီရှန်းကျင်းသည် သူ့အတွေးများကို မြင်လိုက်ရသော်ငြား ဘာဆိုဘာမှ မပြသပေ။ သူက အနည်းငယ် ပြုံးကာ သူ့လက်ကို ပစ္စည်းများကို ထည့်ပေးလိုက်သည်။

“သား လက်ရေးကို ဘယ်လို လှလှလေး ရေးရမယ်ဆိုတာကို သင်ရမယ်။ ကျောင်းမှာ ဒီလို အတန်းတွေ ရှိတယ်ဆိုတာ ငါမှတ်မိတယ်”

ရှီချီက ခေါင်းညိတ်လိုက်သည်။

ကျောင်းက ထိုကဲ့သို့သော အတန်းမျိုးကို သေချာပေါက် ပေးသည်။ နေ့တိုင်းနေ့တိုင်း သူသည် အတန်းတက်ပြီးနောက် သူ့တာဝန်သည် မပြီးဆုံးသေးပေ။ လူတိုင်းက ထိုအတန်းကို မတက်သော်ငြား သူနှင့် အခြားသူ တစ်ယောက်သာ ထိုအတန်းကို တက်ရန်အတွက် စာရင်းပေးထားသည်။

စုတ်သံကို သူ့လက်နှင့် အတိုင်း လုပ်ထားသည်။ သူ့လက်နှင့် အံဝင်ခွံကျ ဖြစ်နေ၏။

ရှီချီသည် ထိုနေရာတွင် ထိုင်ကာ စုတ်သံကို အထူးအနီရောင်မှင်ထဲကို နှစ်လိုက်သည်။ ပြီးနောက် အဆောင်ကို တစ်ဆင့်ပြီး တစ်ဆင့်ဆွဲလိုက်သည်။

ထိုဆွဲချက်များက လွယ်ကူသည်ဟု သူတွေးသော်ငြား သူ့ပထမဆုံး စုတ်ချက်သည် ပျက်ဆီးသွားခဲ့ကာ စာလုံးသည် ကောက်ကွေးပြီး ပဲပင်ပေါက် လက်ရေးမျိုး ဖြစ်နေသည်။

သူသည် ရှီရှန်းကျင်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကာ

ရှီရှန်းကျင်းသည် သူ့ကို အပြစ်မတင်ပေ။ ထိုအစား သူက ပြောလိုက်၏။

“ဘယ်လောက်လက်ရေးဆိုးဆိုး ပြီးအောင်ဆွဲ ပြီးတော့ တစ်ပုံလုံး ပြီးသွားလိမ့်မယ်။ မင်းစဆွဲပြီဆိုတာနဲ့ ပြီးတဲ့အထိ မင်းသေချာပေါက် အဆုံးသတ်ပေးမှ ရမယ်”

တစ်စုံ တစ်ယောက်အနေဖြင့် အဆောင်ကို ဆွဲသည့်အခါ သေချာပေါက် အာရုံ စိုက်ထားရမည်ပင်။ သို့သော် အမှန်တကဘ်တွင် လူတိုင်းက ပြီးမြောက်အောင် မလုပ်နိုင်ကြပေ။ ဖုန်းရွေကို မေ့လျော့နေသည့် ကာလတွင် လိုအပ်ချက်က မရိုးရှင်းပေ။ အရေးပါဆုံး မှတ်စရာအကြောင်းအရသည် စကားလုံးကို စဆွဲပြီးသည်နှင့် ဆုံးအောင် ဆွဲရမည် ဖြစ်သည်။

စုတ်ချက်၏ အစပိုင်းသည် အဆောင်တစ်ခု၏ အထူးစွမ်းရည်များ ဖြစ်ပြီး အဆုံးစုတ်ချက် မပါပါက ပြီးပြည့်စုံမည် မဟုတ်ပေ။ အတွင်းရှိ ချီသည် ထွက်ပြေးသွားမည် ဖြစ်ကာ အဆောင်သည်လည်း စက္ကူစုတ်သာ ဖြစ်သွားမည်ပင်။

ရှီရှန်းကျင်းသည် သူကိုယ်တိုင် ကောက်ကြောင်းကို ဆွဲပြီးနောက် ရှီချီလည်း လုပ်နိုင်ရန် အလိုရှိခဲ့သည်။ သို့သော် သူ့အနေဖြင့်သူ့ကို အခြေခံ အကျဆုံးအပိုင်းမှ စသင်ရမည် ဖြ်စသည်။

ထိုအကြောင်းကို ကြားသည့်အခါ ရှီချီသည် ပိုပြီး အလေးအနက် ထားတော့သည်။

မင်းအနေနဲ့ အဆောင်ကို စဆွဲပြီဆိုတာနဲ့ ဘယ်လောက်ထိ ခက်ခဲလဲဆိုတာကို နားလည်ထားရမယ်။ မင်းအနေနဲ့ အကွေ့အကောက်တိုင်း သေချာ ဂရုစိုက်ထားမှ ရမယ်။ မဟုတ်ရင် အဲဒါက ပျက်သွားလိမ့်မယ်။ ရှီချီ စုတ်ချက် တစ်ချက် ဆွဲပြီးသည်နှင့် ထိုအရာက သူ့ကို မိုင်ပေါင်းများစွာ ပြေးရသည်ဟု ခံစားရသည်။

သူ့လက်မောင်များ အတန်နာလာတော့သည်။

ရှီချီသည် နှုတ်ခမ်းကို ဆူထားသည်။ အနားမယူရဲပေ။ ဆွဲချက်ကိုသာ ဂရုတစိုက် လိုက်နေရသည်။ နောက်ဆုံး ဖြောင့်ကွေး သည် အလယ်ကို ဆွဲသည့်အခါ သူ့လက်မောင်များ ပြုတ်လုမတက် ဖြစ်သွားသည်။

သူ့လက်မောင်းကို ထောက်ပံ့ရန်အတွက် သူ့ဘယ်ဖက်လက်ကို မလိုက်ပြီးနောက် နောက်ဆုံးစုတ်ချက်ကို တုန်တုန်ယင်ယင်ဖြင့် ဆွဲလိုက်သည်။

အဆောင်သည် ပြီးသွားပြီ ဖြစ်သည်။

ရှီချီ၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ လှစ်ဟနေသည်။ သူက မြန်မြန်ဆန်ဆန်ပင် စုတ်တံကို ချလိုက်ပြီးနောက် သူသည် အဝါရောင် အဆောင်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင်ကိုယ်ကျ ကြည့်လိုက်သည်။

ဦးလေး၏ အဆောင်နှင့် နှိုင်းယှဉ်လိုက်သည့်အခါ ဆရာအဆင့်နှင့် ဘာအရည်အချင်းမှ မရှိသည့် တပည့်တစ်ယောက် အဆင့်အကြား ကွာဟချက်သည် တော်တော် ကြီးပေ၏။ သူအတွေးထဲတွင် အားမရခြင်းများ ပေါ်ထွက်လာခဲ့သည်။
ရှီချီသည် အနည်းငယ် စိတ်ပျက်သွားသည်။

သူသည် ရှီမိသားစု စံအိမ်ကို ရောက်ကတည်းက သူသည် တစ်နေ့တွင် လူတိုင်းထက် ပိုကောင်းပြီး လူတိုင်းထက် ပိုကောင်းကောင်း နေနိုင်မည်ဟု တွေးခဲ့သည်။

သို့သော် ယခုလက်ရှိတွင် သူသည် အဆောင်တစ်ခုလေးတောင် ကောင်းကောင်းမွန်မွန် မဆွဲနိုင်ပေ။

တစ်ချိန်တည်းတွင် ရှီရှန်းကျင်းသည် သူ့ဘေးကို လျှောက်လာသည်။ သူ့မျက်လုံးများက သူ့လက်ရှိ အဆောင်ပေါ် ကျသွားပြီး အသွင်အပြင် တစ်ခု ပေါ်လာခဲ့သည်။

“ကောင်းပြီ။ မင်းအခု ကျောင်းကို သွားလို့ ရပြီ”

ရှီချီက ထရပ်လိုက်ကာ သူ့စိတ်ထဲရှိ မေးခွန်းကို တဖန် ပြန်တွေးလိုက်သည်။

“သားမှာ တစ်ခုခု မေးစရာများ ရှိလို့လား”

ရှီရှန်းကျင်းက သတိပြုမိလိုက်သည်။

ရှီချီက ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ တစ်ယောက်ယောက်က သူ့ရဲ့ မူရင်းခန္ဓာကိုယ်နဲ့ ကွဲပြားနေတယ်ဆိုရင်…..”

သူပြောသည့် ပုံက အနည်းငယ်မှားမှန်း သတိပြုမိသည်။ သူသည် တခဏကြာ ပြန်တွေးပြီးနောက် ပြန်ပြောလိုက်သည်။

“ဥပမာအနေနဲ့ မနေ့ကတုန်းက အန်တီ။ တကယ်လို့ သူ့ခန္ဓာကိုယ်ထဲမှာ ယောက်ျားတစ်ယောက် မြင်ရတယ်ဆိုရင် အဲ့အဓိပ္ပာယ်က ဘာကို ပြောချင်တာလဲ”

ယင်းက အတူတူပင် ဖြစ်ပေမည်။ အဘွားခန္ဓာကိုယ်ကို ဝင်ပူးနေသည့် သူက အတော်လေး ငယ်ပေ၏။ လီချွမ်နှင့် လီရှတို့နှင့် အသက်အတူတူပင် ဖြစ်သည်။

ရှီရှန်းကျင်းသည် သူ့ကို ထိုမေးခွန်း မေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် ပြန်မပြောခင် တွေးလိုက်ကာ

“ယေဘူယျ အနေနဲ့တော့ တစ်ယောက်ယောက်က အဲ့သူက ပူးထားတာပဲ။ အခြားအခြေအနေ ကြောင့်လည်း ဖြစ်နိုင်တယ်”

“အခြားအခြေအနေလား”

ရှီချီက ပြန်မေးလိုက်သည်။

ရှီရှန်းကျင်းက ခေါင်းညိတ်ကာ

“အထီးကျန်နေတဲ့ ဝိညာဉ်တွေနဲ့ လေလွင့်သရဲတွေက သူလူ့ဘဝကို ပြန်ပြီး ခံစားခွင့်ရတဲ့အတွက် နှစ်သက်ကြတယ်။ ဒါပေမဲ့ အပူးခံရတဲ့သူကတော့ ကြာကြာ မရှည်နိုင်ဘူး။ အခြားအခြေအနေကလည်း ပူးတယ်လို့ စဉ်းစားလို့ ရနိုင်တယ်။ ဒါပေမဲ့ အဲဒါက ပိုပြီး ထူးခြားတယ်။ အဲဒါက အပူးခံရတဲ့ ခန္ဓာကိုယ်က သေဆုံးပြီးမှ လေလွင့်သရဲက သေသွားတဲ့ အချိန် တခဏလေးအတွင်းမှာ ဝင်သွားတာ။ တစ်ခါတစ်လေကျ ဖုတ်ကောင်ဝင်တယ်လို့ ပြောကြတယ်”

ရှီချီသည် ရှုပ်ထွေးနေကာ မေးလိုက်သည်။

“ဦးလေး အဲလို ဖြစ်ရပ်တွေကို မြင်ရလား”

ရှီရှန်းကျင်းက ခေါင်းညိတ်လိုက်ကာ

“သားရဲ့မျက်လုံးတွေက အရမ်းကို ထူးဆန်းနေတယ်လို့ တွေးမိလို့လား”

နှစ်ထောင်ပေါင်းများစွာ ကြည့်သည့်တိုင်အောင် အစစ်အမှန် ယင်ယန် မျက်လုံးပွင့်သူမှာ တစ်ဦးတစ်ယောက်မျှ မပေါ်လာဘဲ အများစုမှာ အတုအယောင်မျှသာ ဖြစ်သည်။ ထို့အတွက် ရှီချီသည် ဤမျက်လုံး ပိုင်ဆိုင်ခြင်းကြောင့် ကောင်းချီး သို့မဟုတ် ကျိန်စ တစ်ခုအဖြစ် မဆုံးဖြတ်နိုင်ပေ။

ထိုအဖြေက ရှီချီကို သက်သာရာမရစေဘဲ ထိုအစားပိုပြီး ဂရုစိုက်ရန်သာ ပြောလိုက်သလိုပင်။

ရှီချီက တဖန်မေးလိုက်ပြန်သည်။

“လေလွင့်သရဲတွေက ကောင်းလား ဆိုးလား”

ထိုမေးခွန်း မေးသည့်အခါ ရှီရှန်းကျင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။ ပြီးနောက် သူက ဖြေလိုက်သည်။

“ကောင်းတာနဲ့ ဆိုးတာက အခြေအနေပေါ်မှာပဲ မူတည်တယ်။ အဲဒါက မင်းအပေါ် ဒါမှမဟုတ် တခြားသူအပေါ်မှာ ကောင်းတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့ လေလွင့်သရဲက လူ့လောကမှာ အကြာကြီး နေချင်တယ်ဆိုရင် သူအနေနဲ့ အဆုံးသတ်စရာ တစ်ခုခုရှိလို့ပဲ ဖြစ်မယ်”

တစ်ချိန်က သူသည် လက်ထပ်ပြီးခါစ မိန်းမတစ်ယောက်ကို မစွန့်လွှတ်နိုင်သည့် သရဲတစ်ကောင်နှင့် တွေ့ခဲ့ဖူးသည်။ သူသည် အခုလေးတင် သေဆုံးသွားသည့် ခန္ဓာကိုယ်ကို ငှားကာ သူ့ကို ပြန်ယူခဲ့သည်။ ပြီးနောက် သူ့ကို ကယ်ဆယ်ခဲ့သော်ငြား သူပူးထားသည့် ခန္ဓာကိုယ်သည် ဆက်ပြီး မရှိတော့သည့်အတွက် သူသည် နောက်တစ်ယောက်ကိုသာ ပြောင်းရတော့သည်။

အဆုံးတွင် သူသည် လေလွင့်သွားပြီး အခြားသာမန်လူ တစ်ယောက်ဘဝကို ဝင်ပူးကာ သူ့တစ်ဘဝလုံး သက်ရောက်မှု ဖြစ်စေခဲ့သည်။

ရှီချီ၏ စိတ်ထဲတွင် မေးခွန်များ ရှိနေသည်။ သူ ရှီမိသားစု စံအိမ်ကိုဝင်ရောက်လာစဉ်က သူ့အဘွားသည် သူတွေ့ပြီးမှ အပူးခံရသည်လော။ သို့မဟုတ် သူအိမ်သို့ မရောက်ခင်ကတည်းက အပူးခံထား ရသည်လော။

သူက ဂရုတစိုက် မေးလိုက်သည်။

“အဲဒါဆိုရင် ကျွန်တော်တို့တွေ ပုံရိပ် တစ်ခုတည်းကိုသာ မြင်ရင် အဲသူက သေပြီးမှ အပူးခံရတာလား။ ဒါမှမဟုတ် ရှင်လျက်နဲ့ အပူးခံရတာလား”

ရှီရှန်းကျင်းက မေးလိုက်သည်။

“မနေ့က သားမြင်တာက သားလိုချင်တဲ့ အဖြေပဲ”

ရှီချီသည် ရပ်လိုက်ပြီးနောက် မနေ့က အဖြစ်ပျက်များကို ပြန်တွေးကြည့်လိုက်သည်။

သူသည် မြွေပါ၏ ပုံရိပ်ကိုသာ ကြည့်နေပြီး ထိုအရာက ကြည်လင်ပြီး အားနည်းနေပုံ ပေါက်နေ၏။

“အပူးခံရတယ်ဆိုရင် မူရင်းခန္ဓာကိုယ်နဲ့ လုပ်ရှားမှုတွေကွဲပြားနေတယ်။ မြွေပါက သူမရဲ့ ကိုယ်ထဲမှာပဲ။ ပြီးတော့ ဘာမှလည်း မလုပ်ဘူး။ လျိုယွမ်ယွမ်ကပဲ ဒီ လှုပ်ရှားမှုတွေကို လုပ်နေတဲ့သူ”

သူ့မျက်နှာထက်တွင် သံသယဖြင့် ပြည့်နေသည်ကို မြင်ပြီးနောက် ရှီရှန်းကျင်းက သူ့ကို စတင် ရှင်းပြတော့သည်။

သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘာလို့လဲ။ သားက အဲလိုမျိုး မြင်ခဲ့ရလို့လား”

ရှီရှန်းကျင်းက မြန်မြန်ဆန်ဆန် ခေါင်းခါလိုက်ကာ

“မ…. မဟုတ်ပါဘူး”

သူ့၏ ရှားရှားပါးပါး ထိတ်ထိတ်ပျာပျာ ဖြစ်ရပ်ကို ကြည့်ရင်း သူ့တွင် မပြောချင်သည့် အရာ တစ်ခုခု ရှိမှန်း သိလိုက်သည်။ ထို့ကြောင့် သူသည် နားမချချေ။ သူ့မိသားစုကို အန္တရာယ်မပေးသ၍ သူ့အနေဖြင့် မည်သူ့ကိုမျှ ပြောမည် မဟုတ်ပေ။ သူ့အနေဖြင့် ထိုကိစ္စကို စလုပ်မည့်သူလည်း လုပ်မည် မဟုတ်ပေ။

ဒီကလေး ထင်ထားတာထက်ကို တော်တော်လေး မြင်နေရတာပဲ။
…..
ရှီချီသည် သူလိုချင်သည့် အဖြေ ရပြီးနောက် ရှီစံအိမ်တော်မှာ တွေဝေစွာဖြင့် ထွက်လာကာ အိမ်ငယ်လေးကို ပြန်သွားကာ အလွန်စိုးရိမ်နေ၏။

သူ့ဦးလေး ရှင်းပြချက်အရ လေလွင့်နေသည့် ဝိညာဉ် သူ့အဘွားကို ဝင်ပူးနေသည်မှာ သံသယ ဖြစ်စရာ မလိုပေ။

သူသည် ဧည့်ခန်းကို ဝင်လိုက်သည့်အချိန်တွင် သူ့အဘွားနှင့် မြွေပါသည် ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူက ဖြည်းဖြည်းချင်း နီးနီးကပ်ကပ် လျှောက်သွားသည်။ ပုံရိပ်သည် ရှိနေဆဲပေ။ ထိုပုံရိပ်သည် သူ့အဘွား လုပ်သည့် အမူအရာများနှင့် ထပ်တူကျ လှုပ်ရှားနေသည်။

“….. ယေဘူယျအနေဖြင့် အဲဒီ ပူးကပ်တာက…..”
ဦးလေး၏ စကားများက သူ့စိတ်ထဲကို တဖန်ပြန်ပြီး ဝင်လာခဲ့သည်။

“….သူတို့ရဲ့ လှုပ်ရှားမှုတွေက အပူးခံရတဲ့ ခန္ဓာကိုယ်နဲ့ ကွဲပြားနေလိမ့်မယ်”

သူသည် သူ့ဦးလေး ပြောချင်သည်ကို နားလည်ပေသည်။ သူ့အရင်က မြင်ခဲ့သည့် လှုပ်ရှားမှုများသည် ယခုလက်ရှိ သူ့အဘွား၏ လှုပ်ရှားမှုများပင် ဖြစ်သည်။

ယင်းအဓိပ္ပာယ်ကား သူ့အဘွားသည် သေဆုံးသွားပြီ ဖြစ်သည်။

ရှီချီသည် ဗလောင်ဆူသွားတော့သည်။ သူ့အဘွားသည် အရင်ကတည်းက သေဆုံးသွားပြီး ဖြစ်ကာ လေလွင့်သရဲက သူ့ကို အလွန် ကြင်နာနေသည်ပင်။

သူသည် ယခင်က ဝိုးဝါးဝါး ပုံရိပ်ကိုသာ မြင်ခဲ့ရသည်။ ယခု ထိုအကြောင်းကို စဉ်းစားကြည့်သည့်အခါ သူလက်ရှိ မြင်နေရသည်နှင့် အတူတူပင် ဖြစ်ရပေမည်။ သို့သော် ထိုအချိန်တွင် သူ့အနေဖြင့် ဘာမှ မခွဲခြားနိုင်တော့ပေ။

နင်မုန့်သည် အသံကို ကြားသည့်အခါ ရှီချီကို မြင်ပြီးနောက်

“ပြန်လာပြီလား”

သူမ ပြောပြီးသည်နှင့် ရှီချီ ရုတ်တရက်လှည့်ကာ အပေါ်ကို တက်သွားမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ သူသည် ကော်ရစ်တာတွင် ကြာကြာမရှိပေ။ သူသည် အခန်းထဲတွင် ပျောက်သွားတော့သည်။

သူပြေးသွားသည်ကို ကြည့်ရင်း နင်မုန့်သည် ထူးထူးဆန်းဆန်း ကြည့်နေကာ အံ့အားသင့်စွာဖြင့် စနစ်ကို မေးလိုက်သည်.

“ဒီနေ့ ဒီကလေး ဘာဖြစ်တာလဲ။ သူ ဘာလို့ ငါ့ကို အဘွားလို့ မခေါ်တာလဲ”
ယင်းက ယမန်နေ့ညကအတိုင်း အတူတူပင် ဖြစ်သည်။ အဆုံးတွင် သူသည် အပေါ်ထပ်ကို ပြေးသွားသည်။ သူ့မြေးနှင့် လုံးဝ ကွဲပြားနေကာ အနည်းငယ် ဝမ်းနည်းမိ၏။

စနစ်က ပြောလိုက်သည်။

“အဘွားနေရာကနေ သရုပ်ဆောင်ရတာ စွဲနေပြီလား”

နင်မုန့်က ပြုံးလိုက်ကာ

“အဘွားတစ်ယောက် ဖြစ်တာက အောင်မြင်တဲ့ပုံပဲ”

အချိန်ကြာပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။

“အာ.. ငါက ကလေးတွေ ထွက်သွားပြီး တစ်ယောက်တည်းကျန်တဲ့ အထီးကျန်တဲ့ အဘွားအို ဖြစ်လာပြီ”

စနစ်သည် ဘာမျှ မပြောပေ။

သူသည် မြွေပါကို ပုတ်လိုက်ပြီး သူ့အမြီးကို ပွတ်ကာ

“အဝါလေး ဘာလို့ မြေးလေးက ငါတို့ကို လျစ်လျူရှုနေရတာလဲ”

မြွေပါက သူ့အမြီးကို ခါလိုက်သည်။

ရှီချီသည် တံခါးကို မှီရင်း အမောတကော အသက်ရှုနေသည်။ သူ့နှလုံးခုန်နှုန်းသည်လည်း မြန်နေ၏။

လေလွင့်သရဲက သူ့ကို မခြောက်လန့်သော်ငြား သူ့ကို ကြင်နာသေးသည်။ သူ့ကို နည်းနည်းလေးတောင် မခြောက်ပေ။

မကြာမှီတွင် သူ့အခန်းတံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ့အနေဖြင့် ကော်ရစ်တာအောက်ရှိ ဧည့်ခန်းကို ကြည့်လိုက်သည်။ သို့သော် သူ့အနေဖြင့် ဆိုဖာတွင် ဘာဖြစ်နေသည်ကို မမြင်ရပေ။

ရှီချီသည် လှေကားထိပ်ကို ခေါင်းမော့လိုက်ပြီး သူသည် နံရံကို တစ်ချက် ကြည့်လိုက်သည်။
….
ဒီလေလွင့်သရဲကို လေ့လာကြည့်မယ်။
ပြီးတော့ သူဘာလိုချင်တာလဲ။
ငါနည်းနည်းတော့ လန့်တယ်။

ဒါပေမဲ့ ငါ နည်းနည်း စိတ်လှုပ်ရှားတယ်။

ရှီချီ၏ လျှို့ဝှက်ဒိုင်ယာရီလေး

စာရေးဆရာမှာ ပြောစရာ ရှိပါတယ်။

ဘွားဘွားနင်မုန့်သည် အမှောင်ထဲတွင် ကျန်နေခဲ့သည်။ အံ့အားသင့်စရာလား။ ဘာဖြစ်တာလဲ။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset