အခန်း ၂၂
ဖော်ထုတ်ခြင်း
ယန်ထျန်းရွှမ်သည် တံခါးကို ပိတ်လိုက်ကာ ဆိုဖာပေါ်တွင် ဆေးလိပ်ပြင်းပြင်း တစ်ချက် သောက်နေတော့သည်။
ငန်းဖြူကြီးနှစ်ကောင်သည် ထိုနေရာကို သူတို့ အိမ်အဖြစ် မှတ်ယူပြိး ဟိုဟိုဒီဒီ တဂွက်ဂွက် အော်နေပြီး အဆုံးတွင် သူ့သားရေ ဖိနပ်ကို ထိုးဆွနေ၏။
ဘဝက အရမ်းကို ကောင်းတာပဲ။
အချိန် အတော်ကြာပြီးနောက် သတိမေ့မြောနေသည့် လျိုယွမ်ယွမ်သည် ဖြည်းဖြည်းချင်း နိုးလာခဲ့သည်။ သူမသည် ဗလာ ဖြစ်နေသည့် အိမ်ကို စိတ်မပါဘဲ ကြည့်လိုက်သည့်အခါ ငန်းနှစ်ကောင်ကို တွေ့လိုက်ရသည်။
ထို့နောက် သူမက အော်လိုက်သည်။
“အား…. ယန်ထျန်းရွှမ် ဒီ ငန်းတွေကို ထုတ်သွားလိုက်”
ယန်ထျန်းရွှမ်က သူမကို စိုက်ကြည့်လိုက်သည်။
“ငါကမှ မင်းကို ကန်ထုတ်ချင်နေတဲ့သူ”
သူသည် လွန်ခဲ့သည့် ခြောက်လလုံးလုံး မြွေပါနှင့် အတူတူ အိပ်ခဲသည်ကို တွေးကြည့်လိုက်သည်အခါ ကြက်သီးမွှေးညှင်းထပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ချွေးစေးများ ထွက်လာခဲ့သည်။
ဘယ်လိုလုပ် မြွေပါနဲ့ ဖြစ်နေရတာလဲ။
သူသည် ရှီရှန်းကျင်းကို ဖိတ်ခေါ်နိုင်သည်ကား ကံကောင်းမှုပင် ဖြစ်သည်။ မဟုတ်ပါက သူတစ်ဘဝလုံး မြွေပါဖြင့် နေသွားရမည် ဖြစ်ကာ ထိုအကြောင်းကို စဉ်းစားကြည့်လျှင် သူ့တစ်ကိုယ်လုံး အအေးလှိုင်း ဖျက်သွားသကဲ့သို့ ခံစားရပေမည်။
တစ်ညတွင် ထိုမြွေပါက သူ့ကို ကိုက်သတ်မှာ ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။
သူက အသက်ပြင်းပြင်း တစ်ချက် ရှုထုတ်လိုက်ပြီး အေးစက်သည့် လေသံဖြင့် မေးလိုက်သည်။
“မင်းက မြွေပါ မဟုတ်ဘူးဆိုတာကို ဘယ်လို သက်သေပြမှာလဲ။ အစကနေ ငါ့ကိုပြော။ အကြောင်းအရာ တစ်ခုတောင်မှ မချန်နဲ့နော်”
လျိုယွမ်ယွမ်နှင့် သူ၏ အရင်က ဆက်ဆံရေးကို ပြန်လည်ရရှိရန် ကြိုးစားမှုက ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ယန်ထျန်းရွှမ်သည် အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်ပြီးနောက် မီးခိုးငွေ့များကို ရှုထုတ်လိုက်သည်။
လျိုယွမ်ယွမ် အံ့ဩသွားခဲ့သည်။
သူတို့ ကောလိပ်တွင် ချိန်းတွေ့စဉ်က သူမကို ချိုသာသည့် စကားလုံးများကိုသာ ပြောခဲ့ပြီး သူမကို ဒေါ်သထွက်သည်မှာ တော်တော်လေး ရှားပေသည်။ နောက်ပိုင်းတွင် ထိုသူ နှစ်ယောက် ပြနလည် တွေ့ဆုံခဲ့ကာ ဘဝသည်လည်း ပျော်ရွှင်စရာများဖြင့် ပြည့်နေသည်။ အဘယ်တွက် ယခုကဲ့သို့ အဆုံးသတ်မျိုး ဖြစ်လာရသနည်း။
သူမ အသံက တုန်ယင်နေကာ
“ကျွန်မ မသိဘူး”
ကျွန်မ တကယ်ပဲ မသိတာပါ။ သူမအနေဖြင့် မြွေပါ မဟုတ်ကြောင်းကို မည်သို့ သက်သေပြရမည်မှန်း မသိချေ။ သူမက တိရစ္ဆာန်ကိုတောင် မထိတွေ့ဘူးပေ။ သူ့အနေဖြင့် မဟုတ်ကြောင်း မည်သို့ သက်သေပြမည်နည်း။
ယန်ထျန်းရွှမ်က အထင်သေးသည့် အကြည့်ဖြင့်
“မင်းက မစွဲဆောင်ရင် သူက ဝင်ပူးပါ့မလား။ တခြားသူတွေကို ဘာလို့ ဝင်မပူးတာလဲ”
လျိုယွမ်ယွမ်သည် ပြောမကုန်နိုင်သည့် ခါးသက်သည့် နားကျင်မှုကို ခံစားလိုက်ရသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် ရှိနေရင်း လွန်ခဲ့သည့် ခြောက်လခန့်က အဖြစ်အပျက်များကို ပြန်လည် တွေးတောနေမိသည်။ သူမအနေဖြင့် မည်သည့်အရာက မှားသွားမှန်း မသိချေ။ သူမ၏ မျက်နှာက အလွန်ရုပ်ဆုံးသွားပြီး သူမ ဆံပင်များသည်လည်း ဖရိုဖရဲ ဖြစ်နေသည်။
တခဏကြာပြီးနောက် သူမ ငြိမ်သက်သွားတော့သည်။
ယန်ထျန်းရွှမ်သည် ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီးနောက် သူမ လည်ပင်းကို အတင်းအကြပ် ဆုပ်ကိုင်လိုက်ကာ
“မြန်မြန်ပြော”
ငန်းဖြူကြီး နှစ်ကောင်သည် ပြေးသွားတော့ကာ ထိုသူ နှစ်ယောက်ကို အော်နေသည်။ သို့သော် ယန်ထျန်းရွှမ်က သူတို့ကို ကြည့်လိုက်သည်။ အနှေးနှင့်အမြန် ထိုနှစ်ကောင်သည် စွတ်ပြုတ်အဖြစ် ပြောင်းတော့မည် ဖြစ်သည်။ မသိသည့်အရာကို သောက်တာထက် သူတို့ကို စွန့်ပစ်တာက ပိုကောင်းပေ၏။
လျိုယွမ်ယွမ်က ရုန်းကန်နေ၏။ သူ သူမကို လွှတ်လိုက်သည့်အခါ လျိုယွမ်ယွမ်က ဆက်တိုက် ချောင်းဆိုးတော့သည်။ သူမက ကြက်မွေးမြူရေးဆိုင်တစ်ခုတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ဝန်ခံခဲ့ပြီး ထိုနေရာတွင် ဖြစ်ခဲ့နိုင်ချေ ရှိကြောင်း ဝန်ခံထားသည်။
အရင်က သူမနောက်ကို တစ်ခုခု လိုက်နေကြောင်း ထင်ရပုံပေါ်သော်လည်း သူမက ထိုအရာကို စိတ်ထဲမထားခဲ့ပေ။ မကြာမီ သူမသည် ထိုအကြောင်းကို မေ့သွားခဲ့၏။
ယန်ထျန်းရွှမ်သည် သူတို့ အတိတ်က ခံစားချက်များကို မစဉ်းစားပုံ ထောက်သည့်အတွက် လျိုယွမ်ယွမ်၏ နှလုံးမှာ ပိုနာကျဉ်လာခဲ့သည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စပြီး သူတို့နှစ်ယောက်အနေဖြင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိတော့မည် မဟုတ်ဆိုသည်ကို သိလိုက်သည်။
ဖြည်းဖြည်းချင်း သူမက စကားစပြော၏။
…..
ကားထဲတွင် ရှီချီနှင့်အတူ မြွေပါကို ထားလိုက်သည်။
ထိုင်သည့် ပုံစံသည် လူနှင့် အတူတူပင် ဖြစ်သည်။ အနည်းငယ်သာ ထူးခြားသည်။ မီးလောင်သည့် အမြီးကို ကြည့်လိုက်ရာ ထိုအကောင်သည် မရပ်မနား ငိုတော့သည်။
ရှီချီသည် လှည့်ကြည့်လိုက်သည့်အခါ ထိုအကောင်သည် ဘာမျှ မဖြစ်သလို ဟန်ဆောင်လိုက်သည်။
ရှီချီက ထိုအကောင်လေးကို ကြည့်ပြီး သဘောကျနေ၏။
ထိုမြွေပါသည် သူ့အမွေးကို ပြောင်အောင် လုပ်သည့်အတွက် သူ့ကို အမှန်တကယ်ပင် မုန်းတီးနေသည်ပင်။ သူ့အလိုလို ပြုံးနေသည်ကို တွေ့သည့်အခါ အစွယ်များကို ထုတ်ပြလိုက်သည်။
ရှီချီအတွက် ထိုအကောင်သည် ကြောက်စရာ ကောင်းမည့်အစား ချစ်စရာ ကောင်းနေပေ၏။
ထိုအကောင်၏ အန္တရာယ်ရှိသည့် အပိုင်းသည် ထိုအကောင်၏ ချွန်ထက်မြသည့် သွားများပင် ဖြစ်ကာ ထိုသွားများကို မတုံးပါက အရေပြားကိုပင် ဖောက်ထွက်နိုင်ပေသည်။
ရှီချီက အသံသေးသေးလေးဖြင့် မေးလိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ရှီရှန်းကျင်းက သူကို ပြုံးရယ်လျက် အသိပေးလိုက်သည်။
“ပူးတဲ့သူဆီကနေ ထွက်တာနဲ့ အဲ့အကောင်က စကားမပြောနိုင်တော့ဘူး”
ယင်းအတွက်ကြောင့် ဖြစ်ပေမည်။ ထိုအကောင်သည် သူ့ကို ဘာမျှ မပြောဘဲ အပြင်းအထန် စိုက်ကြည့်ပြီးနောက် ရှီချီကို သူက ဘာမျှ ပြန်မပြောသည်ကား ထူးဆန်းသည်ဟု ခံစားမိသည်။
သူသည် ထိုအကောင်ကို ထိရန်အတွက် လက်ထုတ်လိုက်ပြီး
“ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်သလဲ”
သူသည် အရင်က ဖြစ်ပျက်ခဲ့သည်ကို လုံးဝ မေ့သွးသည်ပင်။
မြွေပါသည် အစပိုင်းက သူ့ကို စိုက်ကြည့်နေသော်ငြား သူ့လက်သေးသေးလာ သူ့နား ကပ်လာသည့်အချိန်တွင် ကြောက်လန့်တကြားဖြင့် ထခုန်လိုက်သည်။ သူ့ခေါင်းသည် ကားခေါင်မိုးကို တိုက်မိပြီး မူးနောက်နောက် ဖြစ်သွားခဲ့သည်။
ရှီချီသည် လက်ကို ပြန်ရုတ်လိုက်ပြီး ထိုအကောင်ကို ကြည့်ပြီး အသံသေးသေးလေးဖြင့် တောင်းပန်လိုက်သည်။
“ငါ တောင်းပန်ပါတယ်။ မေ့သွားလို့ပါ။…….”
ယခုအကြောင်းကို စဉ်းစားကြည့်သည့်အခါ သူ့ခန္ဓာကိုယ်က မူမမှန်ပုံ ပေါ်နေ၏။
သူ့နောက်ရှိ အသံကို ကြားသည့်အခါ ရှီရှန်းကျင်းက နောက်ကြည့်မှန်မှ တစ်ချက် ကြည့်လိုက်ကာ သတိပေးလိုက်သည်။
“ငါတို့ ပြန်ရောက်တဲ့အထိ စောင့်ဦး။ ပြီးတော့ မင်းသူ့ကို ကိုင်ဖို့အတွက် အထူးလက်အိပ် တစ်စုံကို ဦးလေး လုပ်ပေးမယ်”
ရှီချီက အံ့အားသင့်စွာဖြင့်
“သားတို့တွေက ဒီအကောင်ကို အိမ်မှာ ခေါ်ထားမှာလား”
“သေချာတာပေါ့။ ထပ်ပြီး လွတ်သွားပြီး မကောင်းမှုတွေ ကျူးလွန်နေမယ်ဆိုရင် ဦးတို့တွေပဲ သူ့ကို ပြန်ဖမ်းရမှာလေ။ အဲ့အခါ ဒုက္ခရောက်လိမ့်မယ်”
ရှီရှန်းကျင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ထိုအကြောင်းကို ကြားသည့်အခါ မြွေပါက စိတ်မချမ်းမြေ့သည့် သွင်ပြင်ကို ပြ၏။
ထိုအကောင်သည် အမြီးကို ပွေ့ဖက်လျက် ထောင့်တွင် ကွေးကာ ဝမ်းနည်းသည့် မျက်နှာများဖြင့် သူ၏ ပျော်စရာကောင်းသည့် အချိန်များကို သတိရနေမိသည်။
ရှီချီသည် ကြည့်လိုက်ပြီးနောက် သူ့အရင်က ပြောသည့် စကား “ငါ ကြက်ကိုမခိုးဘူး” ကို တွေးမိသည့်အခါ ကြက်သည် သူ့အတွက် ပြင်ဆင်ပြီးသား ဖြစ်သည့်အတွက် ခိုးရန် မလိုအပ်တော့ကြောင်း ပြောပြီး ဖြစ်သည်။ ပြီးနောက် ဝင်ပူးသည့်သူ၏ ရည်းစား ဖြစ်သူသည် ပိုက်ဆံရှိသည့်အတွက် ထိုသို့ လုပ်ရခြင်း ဖြစ်သည်။
သို့သော် အခြားတစ်ယောက်ကို ဝင်ပူးခြင်းက မှား၏။
ရှီရှန်းကျင်း၏ သွင်ပြင်က မပြောင်းလဲဘဲ ရှိနေဆဲ ဖြစ်သည်။
မြွေပါသည်လည်း သနားစဖွယ်ကောင်းအောင် ဟန်ဆောင်ခြင်းက အသုံးမဝင်မှန်း သိပေသည်။ ပြီးနောက် သူ့မူရင်းပုံစံကို ပြန်ရောက်ခဲ့ကာ ရှီချီကို ရက်စက်သည့်အကြည့်များဖြင့် ကြည့်နေကာ သူ၏ နက်မှောင်သည့် မျက်လုံးများသည်လည်း ဖိတ်ဖိတ်တောက်နေသည်။
နေဝင်ရီတရောအချိန်တွင် ကားသည် ရှီမိသားစုစံအိမ်တော်ကို ရောက်ရှိခဲသည်။
သူတို့သည် ပထမဆုံး မြေအောက်ထပ်ရှိ အခန်းကို သွားခဲ့ကြသည်။ ရှီချီသည် သူ့ဦးလေး ထုတ်ပေးသည့် မှိန်ဖြဖြ အလင်းထွက်နေသည့် ထူးဆန်းသည့် လက်အိပ်အစုံကို ကြည့်နေသည်။
နောက်ဆုံးတွင် လက်အိပ်ကို ရေနှင့် မဆေးမှီ အမျိုးအမည် မသိရသည့် အမှုန့် တစ်ခုခုဖြင့် စိမ့်ဝင်အောင် လုပ်လိုက်သည်။ မျက်နှာပြင်က မှိန်ဖြဖြ အရောင်များ ထွက်လာခဲ့တော့သည်။
ရှီရှန်းကျင်းသည် လက်အိပ်လုပ်သည်ဟု ရည်ညွှန်းပြောသော်ငြား အမှန်တကယ်တွက် လက်အိပ်ထဲကို တစ်ခုခု ထည့်လိုက်ခြင်း ဖြစ်သည်။
ရှီချီသည် မည်သည့် အရည်နှင့် အမှုန့်ဆိုသည်ကို မြင်မတွေ့ပေ။ နောက်ဆုံးတွင် သူ့လက်ထဲသို့ ရောက်လာခဲ့ကာ လက်အိပ်သည် အနက်ရောင်နှင့် မျက်နှာပြင်ပေါ်တွင် မသိသာသည့် မျဉ်းကြောင်းများ ရှိသည်။
ရှီရှန်းကျင်းက ပြောလိုက်သည်။
“သွားပြီး စမ်းကြည့်ကြည့်”
မြွေပါသည် ထိုင်ခုံပေါ်တွင် ထိုင်နေကာ ပျင်းသည့် ဦးလေးကြီး တစ်ယောက်နှင့် တူနေပေ၏။ ကောင်းသည့် အရာများကို ဘာမျှ မသိသည့်သူအဖို့ ထိုအကောင်ကို နတ်ပြည်ရောက်သွားပြီဟု ထင်မှတ်ကြပေမည်။
ရှီချီလက်က ရောက်လာပြီး ထိတော့မည်ကို ကြည့်လိုက်သည့်အခါ သူ့ကိုယ်ရှိ အမွေးများသည် ထောင်တက်သွားပြီးနောက် ထိုင်ခုန်ပေါ်မှ ပြေးဆင်းကာ အခန်းအနှံ ပြေးတော့သည်။
ရှီချီသည် ကလေး တစ်ယောက်သာ ဖြစ်သေးသည့်အတွက် မြန်မြန်မပြေးနိုင်ပေ။ နောက်ဆုံးတွင် သူမောလာခဲ့ကာ ချွေးများ ကျလာတော့၏။
အဆုံးတွင် မြွေပါသည် သူကိုယ်တိုင်ပင် ရပ်လိုက်သည် အကြောင်းမှာ ရှီရှန်းကျင်း၏ မျက်လုံးများသည် အလွန်ကြောက်စရာ ကောင်းသည့်အတွက် ဖြစ်သည်။ ထိုအကောင်သည် သူ့ကို ဟင်းချက်စားများကိုလည်း ကြောက်ရွံ့၏။
အကယ်၍ တွေးကြည့်လိုက်ပါက အမွေးများ လောင်ကျွမ်းလျှင် ပြောင်သွားရုံသာ ဖြစ်မည်။ သို့သော် ဘဝသည် ဆုံးခန်းတိုင်သွားပါက ထိုမြွေပါအတွက် ကိစ္စမျိုးတုန်းသွားမည် ဖြစ်သည်။
ရှီချီသည်လည်း အံကြိတ်လိုက်သည် အများကြီး မကိုင်ရဲပေ။ ပြီးနောက် သူသည် ထိုအကောင်၏ အမြီးကိုသာ ဂရုတစိုက် ထိနေ၏။
ထိုအကောင်၏ အမြီးပိုင်းသည် မီးလောင်လို့ ပြောင်ပြီးသား ဖြစ်သည် အနည်းငယ် လောင်ကျွမ်းရုံဖြင့် နာကျင်မည် မဟုတ်ကြောင်း သူတွေးမိသည်။
မြွေပါ၏ လည်ပင်းရှည်ကြီးက တောင့်တင်းသွားသည်။ အကြောင်းမှာ ဆင်းရဲမှု အငွေ့အသက်က သူ့မျက်နှာထက်တွင် အရိပ်ပမာ ရှိနေသည့်အတွက် ဖြစ်၏။
ရှီချီသည် လက်အိပ်စွပ်ပြီး အမြီးကို ကိုင်လိုက်သည့်အခါ သူတွေးထားသကဲ့သို့ နာကျင်ပြီး လောင်ကျွမ်းမှု ဖြစ်မလာပေ။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။ ရလဒ်ကို ကျေနပ်သည့်အတွက် သူသည် ထိုအကောင်၏ ခေါင်းထိပ်ကို ကိုင်တော့သည်.
အဆိုးဆုံးကို ပြင်ဆင်ထားသည့် မြွေပါသည်လည်း ဘာမှ ဖြစ်မလာသည်ကို သဘောပေါက်လိုက်မိသည်။ သူ့အမြီးကို ကိုင်သည်ကား အလွန်ပင် အံ့အားသင့်စရာကောင်းသည်။ ရှီချီ သူ့ခေါင်းကို ကိုင်သည်ကိုလည်း စိတ်ထဲမထားပေ။
ရှီချီက မက်တပ်ထရပ်လိုက်ကာ အော်လိုက်သည်။
“ဦးလေး”
ရှီရှန်းကျင်းက ပြုံးလိုက်ကာ
“အဲ့အကောင်ကို အိမ်ငယ်လေးဆီ သယ်လာခဲ့”
“အဘွားကို ကျွန်တော် ပေးလို့ ရမလား”
“ဒါက မင်းအတွက်ပဲ။ မင်းရဲ့ ဆုပဲပေါ့”
ရှီချီ၏ မျက်လုံးများက လင်းလက်သွားတော့သည်။ သူ့ဦးလေးပြောချင်သည့် အဓိပ္ပာယ်က ရှင်းလင်းပေသည်။ ယခုလက်ရှိတွင် မြွေပါက သူ့အပိုင် ဖြစ်သည်။
မြွေပါသည် ကုလားထိုင်ခြေထောက်ကို ပွေ့ဖက်ကာ လွတ်ရင် ငြင်းနေသောကြောင့် သူ့အဓိပ္ပာယ်ကို သူနားလည်၏။
အကယ်၍ ထိုကလေးသာ သူ့ကို ယူသွားခဲ့လျှင် နေ့တိုင်း ပွတ်သတ်လိမ့်မည်။ များမကြီမှီတွင် သူ့အမွေးများ မီးလောင်၍ မပြောင်လျှင်တောင် ပွတ်သက်၍ ကျွတ်ကာ ပြောင်သွားမည်ကိုတော့ သူကြောက်ရွံ့၏။
ရှီရှန်းကျင်းသည် ရှီချီ၏ ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။
“သားသူ့ကို နာမည် ပေးလို့ရတယ်”
ရှီချီက မျက်မှောင်ကျုံ့လိုက်ပြီး တခဏကြာ စဉ်းစားရင်း အလေးအနက်ပြောလိုက်သည်။
“အဲဒါဆိုရင် ဒီအကောင်လေးကို အဝါလေးလို့ ခေါ်မယ်”
ထိုနာမည်သည် နားထောင်ကောင်းပြီး မှတ်ရလည်း လွယ်၏။
မြွေပါသည် တုန်ယင်သွားတော့သည်.
ရှီရှန်းကျင်းသည် ရှီချီ၏ အမူအရာကို ကျေနပ်နေသည်။
“အဲဒါဆိုရင်လည်း အဝါလေးလို့ပဲ ခေါ်ကြတာပေါ့။ အဲဒါဆိုရင် အဝါလေးကို ခေါ်သွားလို့ ရပြီ။ ဘယ်လို ခေါ်ရလဲဆိုတာတော့ သိတယ်မလား”
ရှီချီက ခေါင်းညိတ်လိုက်ကာ
“သိပါပြီ”
မထွက်သွားခင် ရှီရှန်းကျင်းက တစ်ခုခုကို သူ့အား သတိပေးလိုက်သည်။
“မနက်ဖြန် မိုးလင်း ကြက်ဖတွန်တာနဲ့ ဒီကို လာခဲ့နော်။ ဦးလေး မင်းကို အဆောင် ဘယ်လို ရေးရလဲဆိုတာကို သင်ပေးမယ်”
လီချွမ်သည် အိမ်ငယ်လေးထဲတွင် ပြုစုစောင့်ရှောက်မွေးမြူထားသည့် ကြက်အနည်းငယ် ရှိသည်။ ရှီချီသည် ထိုအရာကို အကြိမ်ရေများစွာ မြင်ခဲ့ရသည်။ သူတို့အားလုံးသည် ကြည့်ကောင်းပြီး တော်တော်ဆူ၏။
ကြက်ဖတွန်ပြီးနောက်အဘယ်တွက် လာရသည့် အကြောင်းအရင်းကို မသိသော်ငြား သူသည် ရိုရိုကျိုးကျိုးဖြင့် နာခံဆဲ ဖြစ်သည်။
သူသည် မကြာခင် အဆောင်ဆွဲနည်းကို သင်ယူတော့မည်ဟု တွေးလိုက်ပြီးနောက် သူ့စိတ်ထဲတွင် မှိန်ဖြဖြ မျှော်လင့်ချက် တစ်ခု ပေါ်ထွက်လာခဲ့သည်။
…..
ကောင်းကင်သည် မှောင်မိုက်နေပြီ ဖြစ်ကာ ပင်မစံအိမ်မှ အိမ်ငယ်လေးကို သွားသည့် လမ်းတွင် မီးများကို ထွန်းထားသည်။
ရှီချီသည် လူတစ်ယောက်၏ ကိုယ်တစ်ဝက် အလေးချိန်ခန့်ရှိသည် မြွေပါကို ကိုင်ထားရသည့်အတွက် ရုန်းကန်နေရကာ ထိုအကောင်ကို သုန်မှုန်စွာဖြင့် ကြည့်လိုက်သည်။ သူ့လက်ကို ထုတ်လိုက်ပြီးနောက် ခေါင်းကို ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။
“အဝါလေး အဘွားက လူကောင်းပါ”
မြွေပါက မလှုပ်ယှက်ဘဲ နေ၏။
ထိုအကောင်လေးသည် ထိုစကားကို လမ်းတလျှောက် ထပ်ခါ ထပ်ခါ ကြားနေရသည်။ ထိုအကောင်သည် သုံးကြိမ်မြောက်ကြားပြီးအချိန်တွင် သူ့လက်သည်းကို ထုတ်ပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်ပြောသည်ကား လေးခါမြောက် ဖြစ်နိုင်ပေသည်.
ထိုအကောင်၏ နားသည် အသားမာ တက်လု နီးပါးပင်။
ရှီချီသည် သူ့နားကို တစ်ဖန် နယ်လိုက်ကာ
“စိတ်မပူနဲ့ အဘွားက နူးညံတဲ့ အရာတွေကို အကြိုက်ဆုံးပဲ။မင်းကို သေချာပေါက် ကြိုက်မှာ”
ထိုစကားကို ပြောပြီးနောက် အမိန့်ပေးလိုက်သည်။
“သွားမကုပ်နဲ့နော်။ ကုတ်လို့ကတော့ မင်းအမွေးတွေ အကုန် လောင်အောင် လုပ်လိုက်မှာ”
မြွေပါသည် မျက်လုံး ပိတ်ပြီး မအိပ်ခင် သူ့ကို တစ်ချက် ကြည့်လိုက်သည်။
တခဏကြာပြီးနောက် အိမ်ငယ်လေးထဲသို့ ဝင်လာသည့်အခါ မီးများ ထွန်းထားဆဲ ဖြစ်သည်။ ပြီးနောက် ရှီချီသည် သူ့ခြေလှမ်းကို အရှိန်တင်လိုက်သည် သူ့နောက်တွင် မြွေပါကို သယ်ထားသည်။
မြွေပါသည် သူ့အတွက် အတော်လေး ကြီးနေဆဲ ဖြစ်သည်။
….
နင်မုန့်သည် မအိပ်သေးပေ။ သူမက ဆိုဖာပေါ်တွင် လဲလျှောင်းနေကာ သူ့ကွန်ပြူတာရှိ ဗီဒီယိုများကို ကြည့်နေသည်။
သူမသည် ယခုအကြိမ်တွင် အသစ်လုပ်ထားသည့် မျက်မှန် တပ်ပြီး ဇိမ်အပြည့်ဖြင့် ကွာစေ့ကို ခွာပြီး စားနေ၏။
ထိုကမ္ဘာရှိ တီဗွီဇာတ်လမ်းတွဲများက အရင်ကမ္ဘာက ကြည့်သည့် ဇာတ်လမ်းများထက် ပိုကောင်းပေသည်။ ဤနေရာတွင် သတ်မှတ်ချက်များများစားစား မရှီပေ။ ပြီးနောက် သရုပ်ဆောင်များ၏ ကျွမ်းကျင်မှုသည်လည်း အံ့အားသင့်ဖွယ်ပင်။ ဇာတ်ကွက်သည်လည်း ဆက်ကြည့်ချင်အော် ဆွဲဆောင်မှု ရှိသည်။
ကြော်ငြာလာသည့် အချိန်တွင် သူမက စနစ်ကို မေးလိုက်သည်။
“ဘယ်အချိန်မှ ဒီကလေးက ပြန်လာမှာလဲ။ ငါ အိပ်ချင်နေပြီ။ မျက်လုံးတောင် မှေးနေပြီ”
ရှီချီကို မနက်ကတည်းက ခေါ်သွားခြင်း ဖြစ်ကာ သူသည် တစ်နေ့လုံး သူ့သတင်းဘာမျှ မရပေ။ ယင်ယန် မျက်လုံးကို ဖွင့်ရန်အတွက် တစ်နေ့လုံး အချိန်ယူရသည်လော။ ယင်းက သောကရောက်စရာပင်။
တစ်နေ့လုံး သူ့ကို မမြင်ဘူး ငါသူ့ကို သတိရလာပြီ။
နင်မုန့်က သူ့ကွာစေ့ကို ဆက်စား၏။
စနစ်က ပြောလိုက်သည်။
“သူက အခုလေးတင် တံခါးအပြင်မှာ ရောက်နေပြ။ ကိုယ့်အမူအရာကို ကိုယ်ထိန်းဦး”
နင်မုန့်က အံ့အားသင့်သွားကာ
“ဘာလို့ စောစောက မပြောရတာလဲ”
သူမက ခပ်သွက်သွက်ပင် ကွန်ပြူတာကို ပိတ်လိုက်ပြီးနောက် ရှုပ်ပွနေသည့် ကွာစေ့များကို ရှင်းလိုက်ကာ ကွန်ပြူတာအောက်မှ စာအုပ် တစ်အုပ်ကို ယူကာ ဖွင့်ဖက်နေ၏။
ကံကောင်းချင်သော သူမသည် မျက်မှန် ဝတ်ထားပါက ကောင်းကောင်း ဖတ်နိုင်သည်။
“မာစတာချီ ပြန်လာပြီပဲ။ ဒါက မြွေပါလေးလား”
လီချွမ်၏ အံ့အားသင့်သည့်အသံက ရုတ်တရက် ပေါ်ထွက်လာသည်။
နင်မုန့်သည်လည်း နားစွင့်လိုက်သည်။ သို့သော် သူမ ဘာပြောသည်ကို ရှင်းရှင်းလင်းလင်း မကြားရပေ။
စနစ်က သူမအတွက် ဘာသာပြန်ပေးလိုက်သည်။
“မင်းရဲ့ မြေးလေးက မြွေပါကို သယ်ပြီး လာနေတနယ်”
မြွေပါလား နင်မုန့်က အံ့အားသင့်သွားသည်။ ဘာလို့ သူကမြွေပါကို သယ်လာတာလဲ။ ဒီနေ့ ရှီချီ ဘာလုပ်ခဲ့လဲ။
ရှီချီသည် မြွေပါကို ချလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူတွေ့ချင်သည့်သူကို မတွေ့သဖြင့် မေးလိုက်တော့သည်။
“အစ်မ လီချွမ် အဘွားဘယ်မှာလဲ”
လွတ်လပ်မှု ရပြီးနောက် မြွေပါသည် ဆိုဖာပေါ်ကို ပြေးသွားတော့သည်.
နင်မုန့်သည် စာဖတ်ချင်ယောင် ဆောင်ပြီး အဝါရောင်လေးက ဆိုဖာပေါ် တက်လာကာ သူ့မခြေထောက်ကို ပွတ်သပ်လိုက်သည်။
“ဘယ်လောက်တောင် ချစ်ဖို့ ကောင်းလိုက်သလဲ”
သူမက ပြောပြီးနောက် လက်ထုတ်ကာ ပွတ်သပ်လိုက်သည်။
နောက်ဆုံးတော့ လူတွေများများက ဘာလို့ ကြောင်တွေကို ချစ်လဲဆိုတာ သိပြီ။ ဒီလိုမျိုး အမွေးပွ တိရစ္ဆာန်တေလးတွေကို ထိတွေ့ရတာ သူတို့အတွက် တကယ် ပျော်စရာပဲ။
အမြီး၏ ထိပ်ဖျားသည်သာ ပြောင်နေသည့်အတွက် အရုပ်ဆိုးနေခြင်း ဖြစ်သည်။
ဆိုဖာ၏ အခြားတစ်ဖက်မှ အသံ တစ်သံကို ကြားလိုက်သည့်အခါ ရှီချီသည် လီချွမ်၏ အဖြေကို မစောင့်နိုင်တော့ပေ။ ပြီးနောက် ချက်ခြင်းပင် ပြေးသွားကာ သူ ယနေ့ ဘာလုပ်ခဲ့သည်ကို ပြောပြချင်နေ၏။
အဘွားသည် သူ့ကို သေချာပေါက် ချီးကျူးမည် ဖြစ်သည်။
ဆိုဖာရှိ မြင်ကွင်းကို မြင်လာသော်ငြား ရှီချီသည် ထိုနေရာတွင် ကြောက်ပြီး ရပ်နေသည်။
သူ့ရှေ့ရှိ မြင်ရသည့် အရာကို မယုံနိုင် ဖြ်စနေသည်။
နင်မုန့်သည် သူ့ကို ငုံကြည့်ပြီး ပြုံးကာမေးလိုက်၏။
“၁၇ လာလေ။ ဘာလို့ အဘွားကို ဒီနေ့ ဘာလုပ်ခဲ့တယ်ဆိုတာ မပြောရမှာလဲ”
ရှီချီသည် သူ့ပါးစပ်ကို ဟလိုက်သော်ငြား ဘာမှ ပြောမထွက်ပေ။
ထိုနေရာတွင် ကြောင်ပြီး ရှိနေသည်ကို ကြည့်ရင်း နင်မုန့်က ပဟေဠိဖြစ်သွားကာ စနစ်ကို မေးလိုက်သည်။
“သူဘာဖြစ်နေလို့လဲ။ သူ့ပုံက သရဲကို မြင်ရသလိုမျိုး ကြည့်နေတာ”
စနစ်က ပြော၏။
“သူ ဒီနေ့ သရဲ တစ်ကောင်ကောင်ကို မြင်ခဲ့လို့ နေမှာပေါ့။ ဒီနေ့ မင်းရဲ့ အကြီးဆုံးသားက သူ့ကို ခေါ်သွားပြီး တစ်ယောက်ယောက်ကို မြင်ခဲ့တသာ ဖြစ်နိင်တယ်။ သူပြန်လာတဲ့အချိန်မှာ မိသားစုရဲ့ နွေးထွေးမှုကို ရှာချင်တာ ဖြစ်မယ်”
နန်းမုန့်သည် သူ့ကိုယ်သူ တွေးလိုက်သည်။ သူမသည်ကား မိသားစု၏ နွေးထွေးမှုကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း ဖြစ်ပေမည်။
မြွေပါသည်လည်း ဆိုဖာပေါ်တွင် လဲနေကာ သူ့ခေါင်းတစ်ဝက်ကို ဖော်ထားသည်။ နင်မုန့်က ရှီချီကို လက်ယက်ခေါ်သော်ငြား အနက်ရောင် မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။
သို့သော် ရှီချီ၏ မျက်လုံးများက လုံးဝ ကွဲပြားသည့် အမြင်တွင် ရောက်နေသည်ကို သတိပြုမိသည်။
……
ငါ တစ္ဆေတစ်ကောင်ကို မြင်ဖူးတယ်လို့ ထင်တယ်။
ဖြစ်နိုင်တယ်။ ငါ အံ့ဩနေတာလား။
….. ရှီချီ၏ လျို့ဝှက်ဒိုင်ယာရီ သေးသေးလေး။
စာရေးဆရာမှာ ပြောစရာ ရှိပါတယ်။
နင်မုန့် မြေးလေး မြန်မြန် အဘွားရဲ့ ရင်ခွင်ကို လာခဲ့ပါ။
အဘွားယောင်ဆောင်ထားတဲ့ ဝံပုလွေကို သတိရစေတယ်။ ၁၇နှင့် သူ့အဘွားနင်မုန့်