RENH အပိုင်း ၁၈

အခန်း ၁၈.၁ သူ့ယင်ယန် မျက်လုံးကိုဖွင့်ပေးနိုင်တဲ့အရာ (၁)
နင်မုန့် နှလုံးသားလေး ရင်ဘတ်ကနေ ခုန်ထွက်တော့မလိုပင်။
နဂိုက အဘွားအို တစ်ယောက်ဆိုတော့ ဒီလို စပရိုက်စ်ကြီးက သူမကို သေစေနိုင်သည်။ လှုပ်တောင်မလှုပ်ရဲတော့ ချုပ်ထိန်းပြီး ဟန်ကိုယ်ကာ နေနေရသည်။ တကယ်လို့ စနစ်နဲ့ စကားမပြောဘူးဆို သူမ တုန်တောင်တုန်နေပြီပင်။
တကယ်လို့ ဒီမှာသေသွားမယ်ဆို လူတွေက ခေါင်းပါပြုတ်တဲ့ထိ ဝိုင်းရယ်ကြမှာပဲ။
စနစ်က “အသံမထွက်နဲ့ ပါးစပ်လည်းမဟနဲ့”
လေသံက သာမန်ပဲဆိုပေမဲ့ ထိုလေသံထဲမှာ အရေးတကြီးဖြစ်နေတာကို ကြားနိုင်သလို သူမကို ထိလိုက်တဲ့သူကလည်း သာမန်ဖြစ်မယ့်ပုံမပေါ်
တွေးကြည့်လိုက်လေ နင်မုန့် ပိုပိုလန့်လာလေပင် ပြီးတော့ ဒီအဘွားအိုရဲ့ ခန္ဓာကိုယ်က တကယ့်ကိုဖိအားများရင် တောင့်မခံနိုင်တဲ့ကိုယ်ပင်
လက်က သူမ ပုခုံးကနေ နောက်တစ်ခါ သူဘာသူ မကာ ထွက်သွားတော့သည်။
နင်မုန့် သက်ပြင်းချလိုက်ပေမဲ့ မလှုပ်သေး သူမ တီဗီထဲမှာမြင်ရသလိုမျိုး ဟက် တာ ဖြစ်မှာကြောက်လို့ပင် ဆိုတော့ သူမ မလှုပ်သေးဘဲခနလောက်စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။
သူမ တည်ငြိမ်မယ်တောင်မကြံသေး မျက်နှာတစ်ခုက သူမရှေ့ ရုတ်တရက်ပေါ်လာတော့သည်။
တကယ်လို့ စနစ်သာ လူဆို ထခုန်နေပြီပင် ငိုတော့မတတ် “မလှုပ်နဲ့ ပါးစပ်မဟနဲ့!”
တူညီတဲ့ညွှန်ကြားချက်နှစ်ခုပေးလာသည်။
နင်မုန့် ထူးဆန်းသည်ဟုတွေးလိုက်မိသည်။ သူမ အခု စနစ်နဲ့ပေါင်းစပ်ထားတာ ဖြစ်သည်။ ပြီးတော့ သူမ တစ်ခါလည်း သေဖူးပြီးသား။ တကယ်လို့ထပ်သေတောင် ဘာမှမဖြစ်ဘူး။ အသက်ရှင်နေရတာလည်း ကောင်းမွန်နေတာမှ မဟုတ်တာကြီး။
ကံကောင်းချင်တော့ သူမ အသက်ရှုလို့ ရနေသေးသလို အသက်ရှုတာလည်း ဘာပြသာနာမှမရှိသေး
ခုချိန် ခုနကလိုပုခုံးပေါ်လက်တွေဘာတွေရှိမနေပေမဲ့ သူမ နားနားမှာ အသက်ရှုသံ ခပ်ဖွဖွကို ကြားနေရသည်။ ပြီးတော့ သူမလည်ပင်းလည်းအေးနေသလိုမျိုး တကယ်လို့ လေအေးတိုက်မ်ဆိုတောင် သရဲမသွားသေးတာကိုတော့ သူမ သိသည်။
အမြန်ထပ်ပြီးပျောက်ကွယ်သွားပြန်သည်။ ပြီးတော့ ဒီတစ်ခါတော့ နင်မုန့် အတွေ့အကြုံရှိပြီးသားမို့လားမသိ သူမ အသက်ရှုသံကလည်း အရင်ကထက် ပိုပြီး အများကြီးတည်ငြိမ်နေသည်။ ရင်ခုန်နှုန်းကတော့တအားမြန်နေပေမဲ့ပေါ့လေ။
တကယ်လို့ သူမ ပိုင်ဆိုင်ထားတဲ့ဒီကိုယ်မှာ နှလုံးရောဂါရှိမယ်ဆို သူမ ကြမ်းပြင်ပေါ်လှဲနေလောက်ပြီပင်။
လက်ကောက်ဝတ်ကိုလှည့်ကာ မှန်ဝိုင်းလေးကိုလှည့်ပြီး သူမ နောက်မှာရှိနေတာက ဘာကြီးလဲဆိုတာ သိချင်လာသည်။
ဒါပေမဲ့လည်း စနစ်ကိုတော့ လိုရမယ်ရမေးသေးသည်။ “ငါမှန်ကိုလှည့်လို့ရလား ငါ့နောက်မှာရှိနေတာ ဘာလဲမြင်ရအောင်လေ”
စနစ်က တည်ငြိမ်စွာ “မင်း လှုပ်ရှားမှုကို တအားသိသာအောင်မလုပ်နဲ့ ပါးစပ်ကို မဟနဲ့”
နင်မုန့် သတ္တိစုကာ မှန်အဝိုင်းကို ဖြည်းဖြည်းလေးလှည့်လိုက်သည်။ ကံကောင်းချင်တော့ သူမက နည်းနည်းလေးပဲ လှည့်ဖိုလိုနေတာ။
မျက်လုံးလေးကိုအောက်ချကြည့်လိုက်ကာ ပြီးတော့ ဒီအကြည့်က သူမကို ဝိညာဉ်ထွက်သွားစေလုနီးပါးပင်။
ဒီမှန်ဝိုင်းက ရှေးတုန်းက ကြေးဝါမှန်တွေနဲ့မတူ မော်ဒန်နည်းပညာနဲ့လုပ်ထားတာမို့ ပြီးပြည့်စုံတဲ့ “လူ” ပုံကို မှန်ထဲ မြင်လိုက်ရသည်။
ထိုမျက်နှာက သူမ ပုခုံးပေါ်လှဲနေပြီး တဝက်က စောင်းကြည့်နေသလို တဝက်ကလည်း သူမကို ဆက်တိုက်အနံံ့ခံနေသည်။
သူမကို အကြောက်စေဆုံးက ဒီမျက်နှာကို မျက်နှာလို့တောင်ခေါ်လို့မရတာပဲ။
မျက်နှာက တအားကိုပြားပြီးတော့ ကြုံရာဆေးသုတ်ထားပုံရသည်။။ ကြောက်ဖို့ကောင်းလောက်အောင် ကြမ်းတမ်းနေပြီးတော့ ဝတ်ပြုချိန် မီးလောင်သွားတဲ့ စက္ကူရုပ်တွေလိုပင်။ မျက်နှာကရောင်စုံ အမှောင်ထဲမှာကို သေလောက်အောင်ကြောက်ဖို့ကောင်းနေမှာပင်။
ရှုပ်ပွနေတဲ့ဆံပင်တွေက သူမ ပုခုံးနားကို ကပ်နေပြီးတော့ နင်မုန့် မှန်ထဲကနေ သူ့မျက်လုံးကို ကြည့်လိုက်တော့ အမဲရောင်အပေါက်ကြီးတစ်ခုပပင်။ မျက်နှာသေနဲ့ကြည့်ရတာ တအားတောင့်တင်းလို့နေသည်။
သူမစီက ဘာမှအနံံခံလို့ရလို့နေမည်။တော်တော်ကြာတော့ အဲမျက်နှာက သူမ ပုခုံးကနေ ထွက်သွားတော့သည်။
မထင်ထားစွာနဲ့ နောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့မျက်နှာက ရုတ်တရက် သူမ ရှေ့ကပ်လပြန်တော့သည်။
နင်မုန့် “….” ငါဆဲပစ်လိုက်ချင်တယ်။
အခု အဲဒါက သူမရှေ့ရပ်နေကာ သူမ သဘောပေါက်မိတာက ဒီမျက်နှာက ကိုယ်တစ်ခုနဲ့ပါတွဲလျက်ဖြစ်နေတယ်ဆိုတာကိုပင် ဒါပေမဲ့လည်း ထိုကိုက မျက်နှာအတိုင်း ပြားနေကာ အထိုးခံထားရသလိုမျိုး။
သူမ ဒီလိုတွေးတယ်ဆိုပေမဲ့ မျက်နှာကြီးကိုအနီးကပ်မြင်ရတာတော့ ကြောက်ဖို့ကောင်းနေဆဲပင်။
မနေနိုင်ဘဲ မျက်လုံးမှိတ်လိုက်တော့သည်။ သူမ နှလုံးသားက ဆက်ပြီး သည်းမခံနိုင်တော့ သူမ ခေါင်းတွေမူးလာသလို အချိန်မရွေး မူးလဲသွားတော့မလိုပင်။
အချိန်တချို့လောက်ကြာတော့မှ သူမ စနစ်ပြောတာကို ကြားရသည်။ “အိုကေ အခုသွားပြီ”
နင်မုန့်ချက်ချင်း ကြမ်းပြင်ပေါ်ထိုင်ချပစ်လိုက်သလို ကျောမှာလည်းချွေးအေးတွေအပြည့်။
စနစ်ကိုထိုအရာက ဘာလဲလို့မေးလိုက်သည်။
စနစ်က “အဲဒါတွေက အခုဝင်လာတဲ့လူတွေကို အစောင့်တွေလို လိုက်စစ်ဆေးတဲ့သရဲတွေ မင်းဝင်ချင်တယ်ဆို အထောက်အထားလိုတယ်လေ မင်း အကြီးဆုံးသာားက မင်းအပေါ် ရေဖြန်းပေးထားတာက ကံကောင်းသွားတာ မဟုတ်ရင် မင်းဘာမင်းသေဖို့စောင့်နေရလိမ့်မယ်။”
သာမန်လူတွေလည်းဝင်လို့ရတယ်ဆို ဒါပေမဲ့ သူမ လက်ရှိအနေအထားကတအားထူးခြားနေလို့ စစ်ဆေးတဲ့သူလည်း ခံစားလို့ရပေမဲ့ ဘာမှမလုပ်နိုင်တာနေမည်။
နင်မုန့် ပါးစပ်ဟလိုက်ပေမဲ့ ဘာစကားမှမပြော။

ဒီကိုမရောက်ခင် ရှီရှန်းကျင်းက သူမနဲ့ ရှီချီပေါ်ကို ရေဖြန်းပေးထားသည်။ အဲတုန်းက အဲဒါက ဘာလဲလို့တောင်မေးသေးသည်။ သိလိုက်ရတာက နောက်ဆုံး အုတ်ဂူလှည်းကျင်းတဲ့နေ့က ရေတချို့ကို စုထားတာလို့ ဒါပေမဲ့ မိုးမခပင်က မဟုတ်တာမို့ အာနိသင်က တအားတော့မကောင်း…”
ကြောက်လို့တုန်နေရင်းက မေးလိုက်သည်။ “ငါအခုလှည့်လို့ရပြီမလား”
“လှည့်”
နင်မုန့် အသက်ရှုကာလှည့်လိုက်သည်။ စျေးတစ်ခုလုံးကို မြင်လိုက်ရာ သူမ မှန်ထဲမှာမြင်တာနဲ့ ဘာမှမကွာ ကြောက်စရာကောင်းတာဆိုလို့ အဲဒါက အမှောင်ထဲမှာပဲမြင်နိုင်တာ။။

ထကာ သူမရှိနေတဲ့နေရာကို ကြည့်လိုက်သည်။ ဘယ်မှလည်းမသွားရဲ ရှီရှန်းကျင်းနဲ့ရှီချီ ဘယ်သွားလဲလဲမသိ။
စနစ်ကို “ခုနက နင်ငါ့ကိုဘာလို့ ပါးစပ်မဟခိုင်းတာလဲ”
စနစ်က “မင်းပါးစပ်ဟလိုက်တာနဲ့ အသက်ရှင်ခြင်းရဲ့ထွက်သက်က မင်းကိုယ်မှာရှိတော့မှာမဟုတ်ဘူး ဒီသရဲဈေးက နဂို သရဲတွေ အပေးအယူလုပ်နိုင်ဖို့ပဲ မင်းက အခုသရဲဆိုပေမဲ့ အဘွားအို ကိုယ်က ခုထိ သက်ရှိလေ သရဲတွေကလည်း ဒီလိုမျိုးကို အကြိုက်ဆုံးပဲ”
အဲဒါကြောင့်လည်း သရဲတွေက ဘာလို့ လူတစ်ယောက်ရဲ့ ရှင်သန်ခြင်းကို ခိုးယူပြီး လူတစ်ယောက် အားနည်းသွားအောင် လုပ်အဆိုးဆုံးကတော့ သေအောင်တွန်းပို့တာပင်။
နင်မုန့် နားလည်လိုက်သည်။ ပြီးတော့ သူမ အသက်ရှင်နေသေးတာကိုလည်းကျေးဇူးတင်မိသည်။ မဟုတ်ရင် သူမကို ဘယ်အရာကစောင့်နေမလဲဆိုတာ မသိနိုင်ဘူးလေ။
တော်တော်ကြာစောင့်ပြီးတော့ သူမရှေ့က အရိပ်တွေကလည်း ထွက်သွားပြီမို့ သူမ ရှီရှန်းကျင်းကိသာစောင့်ကျန်နေခဲ့သည်။
ဒါ၎ဲ့လည်း သူမ မျက်နှာတွေကို သေချာမမြင်ရဘဲ အရိပ်တွေကိုသာ မြင်နိုင်တယ်ဆိုတာကိုလည်း သဘောပေါက်လိုက်မိသည်။ သူမ မျက်လုံးတွေ မကောင်းတာလား တစ်ခုခုလားတော့မသိပေမဲ့ ခနလောက်တွေးပြီးတော့ အဲဒါကို သေချာမမြင်ရတာ ကောင်းသည်ဟုတွေးလိုက်မိသည်။ မဟုတ်ရင် သူမကြောက်လို့သေသွားနိုင်သည်။
သူမ ကိုင်နေတုန်းမှာပဲ လက်တစ်ဖက်က ရုတ်တရက် သူမပုခုံးပေါ်ထပ်ရောက်လာပြန်တော့ညသ်။
နင်မုန့် နှလုံးသားလေး ရင်ဘတ်ထဲက ခုန်ထွက်တော့မလိုပင် မှန်ကို လှန်ကြည့်လိုက်တော့ ရှီရှဣ္းကျင်းနဲ့ ရှီချီကို မြင်မှသာ စိတ်အေးသွားတော့သည်။
ရှီရှန်းကျင်းက သူ့ပါးစပ်ကိုညွှန်ပြကာ သူမ ရှေ့ကိုဆက်လျှောက်နိုင်အောင် ကူတွဲပေးလိုက်သည်။
သူတို့ တော်တော်လေးလျှောက်လာပြီးမှ “တောင်းပန်ပါတယ် အမေ သားနောက်ကျသွားတယ် အဆင်ပြေရဲ့လား”
နင်မုန့် ခေါင်းခါပြကာ “ငါ…”
ပြောနေရင်းမှာပဲ ရှီချီလေးက သူမကို စိုးရိမ်တကြီးကြည့်နေတာမြင်တော့ လေသံပြောင်းကာ “မလာတော့ဘူးလို့တောင်ထင်မိတော့မလို့ အခုဘာမှမဖြစ်တော့ပါဘူး”
ရှီရှန်းကျင်းခေါင်းငြိမ့်ပြကာ သူမကိုကူတွဲပေးလိုက်သည်။”အမူအရာနဲ့ပဲစကားပြောရအောင် ခနနေကျ ဘာကိုမှမထိပါနဲ့”
နင်မုန့်ခေါင်းညိတ်ပြလိုက်သည်။
သူမ ဒီက ဘာကိုမှလည်းမထိရဲ တကယ်လို့ရောင်းသူက သရဲဆို ငရဲဖြစ်မှာလေ။
ရှီချီက သူမဘေး တိတ်တိတ်လေးပြေးလာကာ သူမ လက်သန်းလေးကိုယူပြီး “ဘွား အဆင်ပြေရဲ့လား” လို့မေးလိုက်သည်။
နင်မုန့် ခါးမတ်ကာ လေးနက်ချင်ယောင်ဆောင်ပြီး”ဘွားက ဘာဖြစ်နိုင်မှာမို့လို့လဲ ပြောထားပြီးသားမဟုတ်ဘူးလားဦးလေးနဲ့ကော တစ်ခုခုဖြစ်သေးလား”
ရှီချီက သူ့မျက်လုံးစိမ်းတွေကိုဖွင့်ကာ ခေါင်းတော်တော်ကြာခါပြလာသည်။
သူဝင်တာနဲ့ သူ့ဦးလေးဘေးရောက်နေတာကိုတွေ့တာပဲ။ သူ့ကို အနံ့ခံနေတဲ့အရာကို မတော်တဆထိမိတော့ တစ်ဖက်က ချက်ချင်းကိုပြေးသွားတော့တာ မီးနဲ့ထိသလိုမျိုးလေ။
နောက်ပိုင်း သူ့ကိုစစ်ဆေးတဲ့သူက သရဲဆိုတာကို သိလိုက်ရသည်။
ဦးလေးပြောပြတာပင် သရဲဈေးဆိုတာနဂိုက သရဲတွေအတွက်ပဲ လူတွေက လောဘကြီးပြီး ဒီကနေ အကျိုးအမြတ်တွေရချင်လို့သာ ဟုပင်။
တကယ်လို့ တစ်ယောက်ယောက် သရဲဈေးကိုဝင်ချင်တယ်ဆို သူတို့မှာ အနည်းဆုံးတော့ သေချာတဲ့ အချက်အလက်ရှိရမည်ပင် သရဲလိုဟန်ဆောင်တာကိုမပြောနဲ့ အသက်တောင်ရှုလို့မရဘူး သူတို့ ကိုအရင်က ဖြန်းပေးတဲ့ရေက ဒါကို အတိအကျထောက်ပံ့ပေးထားတာပင်။
နင်မုန့်တည်ငြိမ်စွာ သူ့မျက်နှာလေးကိုဆွဲလိုက်သည်။ ဒီကောင်လေး သေးသေးလေးက သူမကို တကယ်စိုးရိမ်အောင်လုပ်တာပဲ
လူ ၃ ယောက်တူတူ လမ်းလယ်ကိုဖြည်းဖြည်းချင်းလျှောက်လာခဲ့ကြတော့သည်။
အခန်း ၁၈.၂ သူ့ယင်ယန် မျက်လုံးကိုဖွင့်ပေးနိုင်တဲ့အရာ (၂)
ဒီလမ်းက နည်းနည်းထူးဆန်းသည်။ နံရံလည်းမရှိ မီတာတချို့အကွာမှာ အမှောင်ထုသာ ရှိသည်။ ဆိုင်တွေကလည်း အမှောင်မချခင် ခင်းကျင်းထားတာပင်။
နှစ်ဖက်လုံးမှာ ဆိုင်တွေရှိပေမဲ့ ရောင်းသူတွေက အမှောင်ထဲ ပုန်းနေတာပင် မှုန်ဝါးဝါးသာမြင်ရသည်။ လမ်းတွေကလည်း တအားကို တိတ်ဆိတ်နေပြီးတော့ ခြေသံတစ်သံလေးတောင်မကြားရ။
သရဲဈေးက တကယ့်ကို နာမည်အတိုင်းပင် နေရာတိုင်း တအားကိုမှ ခြောက်ချားဖို့ကောင်းနေသည်။
ဝယ်သူတွေ ရှေ့မှာ ရှိနေတဲ့ ဆိုင်ခန်းတစ်ခုကိုအနီးကပ်လျှောက်လာပြီး နင်မုန့် အသံဖျော့ဖျော့တွေကိုပါ ကြားလာရတော့သည်။စျေးမေးနေတဲ့အသံတွေက သိပ်တော့မကျယ်
ဆိုင်ရှေ့မှာ အရိပ်တစ်ခုက ဆိုင်ကို ရောက်လာပြီးပစ္စည်းတစ်ခုနဲ့ တစ်ခုကို လာလဲတာကို တွေ့လိုက်ရသည်။ တလျှောက်လုံး ဘာအသံမှမထွက်လာသလို ဆိုင်ရှင်ကလည်း သူ့မျက်နှာကိုမပြ။
ဆိုင်ထဲမှာ ထူးဆန်းတဲ့အရာတွေလည်းအများကြီးပင် လူတွေကလည်း လေထဲကိုညွှန်ပြပြီးဈေးမေးနေကြပေမဲ့ သူမကတော့ အမဲရောင်လေကိုသာမြင်သည်။ သူမ တကယ်ဘာကိုမှမသိ။
သရဲတွေနဲ့အပေးအယူလုပ်တာ လူတွေလို့တွေးကြည့်ကြည့်။
ရှီရှန်းကျင်း ဘာလိုချင်လဲတော့မသိ။ ရှီချီ မျက်လုံးတွေ တဝက်သာပွင့်သေးတာနဲ့ ဆိုင်မယ့်ပြသာနာပင် သူလက်ရှိမြင်သမျှက ဝါးနေပြီးတော့ သူလက်ရှိလူမှုဘဝကိုပါထိခိုက်နေသည်။
တိတ်ဆိတ်ပြီး ထူးဆန်းတဲ့နံရံတွေကိုဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ နင်မုန့် နောက်ဆုံးတော့ ကွဲပြားတဲ့ ဆိုင်တစ်ခုကိုမြင်လိုက်ရတော့သည်။
ဆိုင်က သူတို့ရှေ့ ဘယ်ဘက်မှာပင် ပြီးတော့ ဆိုင်ရှေ့မှာလည်း အရိပ်တွေအများကြီး ရပ်နေပြီးတော့ ရောင်းကောင်းနေပုံရသည်။။
သူမ အနီးကပ်လျှောက်သွားတာနဲ့ နင်မုန့်သိလိုက်တာက ထိုလူက ပန်းသေတွေကို ရောင်းနေပြီးတော့ လယ်ကွင်းထဲမှာ လွယ်လွယ်ရှိတဲ့ပန်းတွေဆိုတာပင်။ ပြီးတော့ သူတို့တွေက မြေကြီးပေါ်မှာ အကိုင်းအခက်တွေ ပြန့်ထွက်နေသလို တော်တော်လေးလည်းများသည်။
ဝယ်သူတွေက စကားမပြော ပိုက်ဆံသာပစ်ပေးပြီး သူတို့ ရှယ်ယာကို ယူကာ ထွက်သွားကြသည်။ ဒါပေမဲ့ ရောင်းသူက ပြုံးကာ ဆက်တိုက်စကားပြောလို့နေသည်။ သေချာတော့ မကြားရပေမဲ့ သူချမ်းသာတော့မယ်လို့ ပြောနေပုံရသည်။။
သူမ ကြည့်နေတာမြင်တော့ ရှီရှန်းကျင်းက တိုးတိုးလေးကပ်ကာ “ဒီလူဒီကနေ ဘာပြဿနာမှမရှိဘဲ ထွက်သွားချင်တယ်ဆိုရင်တော့ သူတော်တော်ကံကောင်းမှဖြစ်မယ်”
နင်မုန့် အံဩသွားတော့သည်။ အကုန်ဒီလိုပဲရောင်းတယ်ထင်နေတာ သူမက။
ရှီရှန်းကျင်းက တည်ငြိမ်စွာ “လတိုင်း သရဲဈေးထဲကို လမ်းလွဲပြီးရောက်လာတဲ့သာမန်လူတွေရှိတယ် သန်မာတဲ့လူတွေလောက်ပဲဖြတ်သွားနိုင်ပြီးတော့ တချို့ကျ အသက်ကို ပြန်ယူမသွားနိုင်ခဲ့ကြဘူး”
တကယ်တမ်း သူတို့ကို သတိပေးလည်း အသုံးမဝင်။
သရဲဈေးထဲ ပျောက်သွားတဲ့လူဆိုတာလည်း တစ်ယောက် နှစ်ယောက်မကဘူးလေ ပြီးတော့ သူလည်း အရင်က အဲလိုတွေအများကြီးမြင်ဖူးနေကျ။ အဆုံးကျ သရဲတွေကသာ သူတို့ကို ပိုင်သွားပြီး သူတို့ကတော့ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေဖြစ်ကုန်ကြတာပင်။
ရှီချီက သူတို့ကြားမှပဲ တစ်ချိန်လုံးလျှောက်နေကာ ဘာမှမပြောပုံရသည်။ ဒါပေမဲ့ နားထောင်နေရင်း သူ့မျက်လုံးတွေက လမ်းနှစ်ဖက်လုံးကက ဆိုင်တွေကို ကြည့်နေတာပင်။
သူ တချို့အရာတွေကိုမြင်နိုင်ပေမဲ့ တချို့ကတော့ ဝါးနေဆဲ။
လက်ရှိအခြေအနေက သူ့အားလုံး သေချာမြင်ရတဲ့ထိ စောင့်ခိုင်းနေပုံရသည်။။
တော်တော်ကြာလျှောက်ပြီး လမ်းဆုံးထိ ဘာမှမမြင်ရတော့ နင်မုန့် မနေနိုင်ဘဲ ပြောလိုက်၏။ “မင်းပြောတဲ့ဟာက ဘယ်မှာလဲ”
ရှီရှန်းကျင်းက ရှေ့ကိုညွှန်ပြကာ “အဲက ထောင့်မှာ ကျွန်တော်ရထားတဲ့သတင်းအရဆို အဲဒါလာဖို့ များတယ် မဟုတ်ရင် ဒီကိုလာတာ အလကားဖြစ်သွားလိမ့်မယ်”
ရှီချီမျက်နှာလေးက သူ အဲလိုပြောတာကြားတော့ စိတ်ပျက်သလို ဖြစ်သွားတော့သည်။ ဒါပေမဲ့ အမှောင်ထဲမှာမို့ နှစ်ယောက်လုံး သတိမပြုမိလိုက်ကြပေ။
စနစ်က သတိပေးလာသည်။
“ထပ်မမေးနဲ့တော့ မင်းဒီနေရာမှာ စကားတွေ အများကြီးမပြောသင့်ဘူး အခု မင်းက ရှီချီထက် ပိုပြီးထူးခြားနေတာ တကယ်လို့ မင်းဂရုမစိုက်ရင် မင်းဝိညာဉ်က မင်းကိုယ်ကို ခွာသွားရင် ဆိုးကုန်လိမ့်မယ်”
သူမဝိညာဉ်က အပြင်မှာအန္တာရယ်မရှိဘူးလို့ အာမခံပေမဲ့ ဒီနေရာက ထူးခြားသည်။ ဆိုတော့ ထူးခြားတဲ့အခြေအနေတွေလည်း ဖြစ်ပေါ်လာနိုင်သည်။
စနစ်ဆီက အဆူခံရပြီးတော့ နင်မုန့် ဘာမေးခွန်းမှထပ်မမေးရဲတော့။
တော်တော်ကြာလျှောက်လာပြီး သူတို့ ရှီရှန်းကျင်းညွှန်ပြတဲ့နေရာကို ရောက်လာကြတော့သည်။
ဒီနေရာက ဈေးအဆုံးဖြစ်လောက်မည်။ အကြောင်းက တစ်ဖက်က တအားမှောင်နေသလို ဘာကိုမှမမြင်ရ အရိပ်တွေအများကြီးလည်း အထဲမှာလျှောက်နေပြီးတော့ တချို့ဆို ပန်းတွေတောင်သယ်ထားကြသေးသည် ခုနက သူမ ဆိုင်မှမြင်ခဲ့သလိုပန်းမျိုးလေ။
ထောင့်မှာ သူမ ဘာကိုမှ မမြင်ရ သူမ မျက်လုံးတွေကို စွေစောင်းကြည့်တာတောင်လေ။
ဒါပေမဲ့ သူမ ရှေ့က မြေကြီးပေါ်မှာ အဝတ်စတစ်ခု ထွက်နေတာကိုမြင်လိုက်ရသည်။ ချီ တွေ အမျိုးမျိုးနဲ့ပြည့်နှက်နေပြီး ထူးဆန်းတဲ့ပုံသဏ္ဏာန်တွေ အများကြီးပင်။
အဝတ်တေပါ်က တချို့တရာတွေကြားထဲမှာတချို့ကိုတော့ သူမ မှတ်မိသည်။ ရှီရှန်းကျင်းအရင်က ရှိတဲ့ ကျီးကန်းနဲ့တူတဲ့အရာတစ်ခုလည်း ရှိပြီးတော့ ကွဲပြားတာ တစ်ခုဆိုလို့ အမဲရောင်လေက ပိုပြီး တင်းကြပ်နေသလို သေဆုံးချီတွေလည်း အပြည့်ပင်။
စက်ဝိုင်းချိုင့်ခွက်ပုံစံ ထူးခြားတဲ့ကျောက်စိမ်းတစ်ခုလည်း ရှိသေးသည်။ အဲဒါကအနီရောင်အလင်းနဲ့ အမဲရောင်လေ ဝန်းရံထားပြီး နှစ်ခုက အတူတကွ ယှက်နွယ်နေကာ လူတွေကို အကြည့်မလွှဲနိုင်အောင် လုပ်လို့နေသည်။
ကျန်တာတွေက ဘာလဲတော့ သူမ နားမလည်။
ဒါပေမဲ့ ခနလောက်နေတော့ လူတော်တော်များများ စတင်စုဝေးလာကြတော့သည်။
နင်မုန့် သူတို့ကို ခိုးကြည့်နေတုန်းမှာပဲ တော်တော်များများ သရေတမြားမြားနဲ့ သူတို့အကြည့်တွေက အဲဒါကို ခုန်အုပ်တော့မလို….
သူမ ကြည့်နေတာ မြင်တော့ စနစ်က အရင်ရှင်းပြလာသည်။ “ပုစဉ်းရင်ကွဲ တစ်မျိုးပဲ များသောအားဖြင့် မြင့်မြတ်တဲ့ အုတ်ဂူပိုင်ရှင်တွေက သူတို့ကို မြုပ်တဲ့အခါ သူတို့ပါးစပ်ထဲ ကျောက်စိမ်းငုံထားတတ်တယ်။ ဒီကျောက်ိစိမ်းက များသောအားဖြင့် ပုစဉ်းရင်ကွဲလိုပုံစံမျိုး ထွင်းထုတတ်ကြတယ်။ ကြာလာတော့ အထဲမှာ ချီတွေစုလာရော ဒီ ပုစဉ်းရင်ကွဲက သာမန် ဟာတွေထက် အများကြီး ပိုကောင်းတယ်”
အစက သူမ တော်တော်လေးစိတ်ဝင်စားနေသေးပေမဲ့ ရှင်းပြတာကိုကြားတာနဲ့ နင်မုန့် စိတ်ဝင်စားမှုတွေ ချက်ချင်းလွင့်စင်သွားတော့သည်။ ဘယ်လောက်ပဲ လှလှ လူသေပါးစပ်ထဲ နှစ်ပေါင်းထောင်ချီ သိုလှောင်ထားတဲ့ဟာကြီးဆိုတာကြားတာနဲ့ သူမ နေလို့တောင်မကောင်းချင်တော့။
တစ်ဖက်က ရှီရှန်းကျင်းကတော့ တည်ငြိမ်နေပြီး မြေကြီးပေါ်လက်ညိုးထိုးလိုက်သည်။ သူဘယ်ကိုလက်ည်ိုးထိုးလဲဆိုတာ ဘယ်သူမှမမြင်နိုင်သေးခင်မှာပဲ လက်ကိုပြန်ရုတ်လိုက်ပြီပင်
ဈေးကိုလည်းမမေး ပဲ သူ့ရင်ဘတ်ကနေ တောက်ပနေတဲ့ ကျောက်စိမ်းလှံတံလေးကို ယူလိုက်တော့ ချက်ချင်း သူ့နားပတ်လည်က လူတွေအာရုံကို ဆွဲဆောင်သွားတော့သည်။
နင်မုန့်လည်း ထိုအရာက ကောင်းမွန်သည်ဟု ခံစားမိသည်။ အထူးသဖြင့် ကျောက်စိမ်းလှံတံကို ချီတွေ ရစ်နှောင်ထားတဲ့ပုံစံကပေါ့။ အရောင်ဖျော့ဖျော့သုံးချက ပေါ်နေသလို သူမ အခုမြင်နေတဲ့ ပုစဉ်းရင်ကွဲထက်တောင် ပိုထူးခြားနေပုံရသည်။။
ထောင့်က အမှောင်ထုကို အကြည့်လွှဲလိုက်သည်။
စက္ကန့်ပိုင်းလောက်နေတော့ လက်တဝက်က အလောင်းကောင်လိုဆန့်ထွက်လာတော့သည်။ အသားရေကလည်း တအား ခြောက်သွေ့ညိုးနွမ်းနေပြီးတော့ လက်သည်းတွေကလည်းတော်တော်လေးရှည်သည်။
ဘယ်သူမဆို ကြည့်လိုက်တာနဲ့ တအားထူးဆန်းနေမှာပင်။
ထို့နောက် ထိုအရာက လက်ညိုးနဲ့လက်ခလယ်ကိုထုတ်ပြီး ခါလိုက်သည်။
နင်မုန့် ထင်တာတော့ ဒီအပေးအယူက အလုပ်မဖြစ်တဲ့ပုံပင် ပြီးတော့ အနည်းငယ်ယုံချင်စရာမကောင်းပုံရသည်။။ ဒီနေရာမှာပြထားတဲ့ ပုစဉ်းရင်ကွဲက ကျောက်စိမ်းလှံတံထက်တောင်ပိုပြီး ဆိုးဝါးနေသေးသည်။ ပြီးတော့ ပစ္စည်းတွေ အများကြီးပေးရင်တောင် ကျောက်စိမ်းလှံတံစျေးကိုမယှဉ်နိုင်လောက်ပင်။
ဆိုင်က တအားကိုမှ သာမန်မဟုတ်။
သခင်က လက်ကိုခါလိုက်တာမြင်တော့ဘေးကလူတွေကလည်း အသက်ရှုရခက်လာပုံရသည်။။ သူတို့က လူတွေဖြစ်လောက်မယ်လို့ နင်မုန့်ထင်သည်။ အကြောင်းက သရဲတွေက အသက်ရှုစရာမလိုဘူးလေ။
ဒီတစ်ခါတော့ ပတ်ပတ်လည်က ပုံရိပ်တွေကဆူညံ့သံ သေးသေးလေးတွေပေးလာကြတော့သည်။
ရှီရှန်းကျင်း ထိုအပြုအမူကိုမြင်တော့ သူပေးတဲ့စျေးက အဆင်မပြေတာကို သိလိုက်သည်။သူကမ်းလှမ်းတာက အနည်းငယ်သာမန်ဖြစ်သွားတာပင် ဆိုတော့ သူက ကျောက်စိမ်းလှံတံကို ရင်ဘတ်ထဲ ပြန်ထည့်ကာ တခြားတူညီတဲ့အရာဝတ္ထုတစ်ခုကိုထုတ်လာခဲ့သည်။
သူတို့က ဘောလုံးတစ်လုံးလို စုပြုံနေကာ တအားကို ကပ်နေကြပြီး သူဘာကိုကိုင်ထားလဲဆိုတာ သိချင်ကြသည်။
နင်မုန့်လည်း ကြည့်လိုက်တော့ နဂါးကျောက်စိမ်းဝိုင်း တစ်ခုဆိုတာကိုတွေ့လိုက်ရသည်။
နဂါးကျောက်စိမ်းဝိုင်းလို့ ခေါ်ရသည်က သူမကိုယ်ကိုသာ မြင်ရပြီး အမြီးက စက်ဝိုင်း ၉ ခုပုံစံ ရစ်ပတ်ထားလို့ပင်။ သေချာတော့ မမြင်ရပေမဲ့ ထွင်းထားတဲ့ပန်းပုက အသက်ဝင်နေပုံရသည်။။
သမိုင်းကိုလေ့လာတဲ့သူတိုင်း ၉ ဂဏန်းက ရှေးကျတဲ့ မြင့်မြတ်တဲ့မိသားစုတွေဆီမှာ အရမ်းကို မြင့်မြတ်တာကို သိကြသည်။ ပြီးတော့ နဂါးဆိုတာလည်း ဘုရင်ကို ရည်ညွှန်းတာပင်။
စနစ်တောင်မနေနိုင်ဘဲ “ဒီဟာက ပစ္စည်းတစ်ခုအတွက် တအားကိုကောင်းလွန်းနေ….”
နင်မုန့် အခွင့်ရေးယူပြီးဘာလို့လဲလို့မေးလိုက်သည်။
စနစ်က “နဂါးကျောက်စိမ်းဝိုင်းက တအားရှားပါးတယ် များသောအားဖြင့် အမြီး ၉ ခုကျောက်စိမ်းတောင် ရှာရခက်တာကို မင်းသေချာကြည့်မယ်ဆို အဲဒါက ၈ခုပဲရှိတယ်လို့ ထင်ရလိမ့်မယ် စုံဂဏန်းတွေက ယင် မ ဂဏန်း တွေက ယန် လေ အဲနဂါးကျောက်စိမ်းက ယင်ကော ယန်ကော မျှချေရှိတာမို့ တအားရှားတာ…”
နင်မုန့် မျက်လုံးလေးစောင်းကြည့်ပြီး တအားကို အံဩသွားရတော့သည်။ သူမ ခုနက မြင်တဲ့ အဝိုင်း ၉ ခုက အခု ၈ ခုသာရှိတော့သည်။ သူမ မျက်လုံးမှိတ်ကာ ထပ်ပြီး ပြန်ကြည့်လိုက်သည်။
အရိပ်တွေက တအား စိတ်အားထက်ထက်သန်သန်ကြည့်နေတာ မဆန်းတော့ဘူး။ ကြည့်ရတာ ဒီကျောက်စိမ်းစျေးက တအား ထူးဆန်းပုံပဲ။
ရှီရှန်ကျင်း ကျောက်စိမ်းကိုပေးလိုက်တော့ ထို လက်က လက်ခံလိုက်သည်။
ခနလောက်စောင့်ပြီးတော့ ထိုလက်က တစ်ခုခုကို ပြန်ပေးလာသည် ဒါပေမဲ့ လက်သည်းခွံလောက် ရှိတာပင်။ တစ်ဖက်လက်ဖဝါးမှာ တင်ထားတော့အဲကနေ တောက်ပနေတာသာ မြင်ရပြီး တခြားဘာကိုမှ မမြင်နိုင်။
နင်မုန့်လည်း မမြင်ရ။
ရှီရှန်းကျင်းက ယူပြီး ထိုအရာကိုသိမ်းကာ သူမကို သူတို့ပြန်လို့ရပြီလို့ အချက်ပြလာသည်။
နင်မုန့် အမြန်ရှီချီကို ဆွဲကာ သူ့နောက်ကို လိုက်လိုက်သည်။ သူတို့ထွက်သွားတာနဲ့ လှည့်ကာ ကြည့်လိုက်တော့ ဆိုင်မှာအရိပ်တွေဝိုင်းနေကာ ကြည့်ရတာ ပစ္စည်းလဲနေကြပုံပင်။
ကြောက်ဖို့ကောင်းလိုက်တာ။
ဒါပေမဲ့လည်း သူတို့ လဲလို့ရပြီး ဘာမှမဖြစ်တာကိုပဲ ကျေးဇူးတင်ရပေမည်။
ကွဲပြားတဲ့မျိုးဆက်ကနေ လာတဲ့ လူ ၃ ယောက်က ရှေ့ကို ရွှင်ပြစွာဆက်လျှောက်နေကြရင်း မဏ္ဏပ်တစ်ခုရှေ့မှာ ရပ်လိုက်ကြတော့သည်။
အခန်း ၁၈.၃ သူ့ယင်ယန် မျက်လုံးကိုဖွင့်ပေးနိုင်တဲ့အရာ (၃)
ပုံရိပ်တော်တော်များများက စက်ဝဝိုင်းပုံစံ ရပ်နေပြီး လမ်းလည်ရောက်တဲ့ထိ ကြိတ်ကြိိတ်တိုးနေကြသည်။ သူတို့သာ လမ်းမဖယ်ပေးရင် သွားလို့ရမယ့်ပုံမပေါ်
တကယ်လို့ တစ်ယောက်ယောက်သာ နောက်ပြန်ဆုတ်လိုက်မယ်ဆို အထဲမှာဘာတွေဖြစ်နေလဲဆိုတာ မြင်ရမှာပင်။
မဏ္ဏပ်ရှေ့မှာ အကွေ့အဝိုက်တစ်ခုရှိပြီးတော့ ထိုရှေ့မှာ ပုံရိပ်တစ်ခုရပ်နေသလို ကျန်တဲ့ လူတွေက သူ့နောက်မလှမ်းမကမ်းမှာရပ်လို့နေသည်။
ထိုပုံရိပ်က ဘာမြင်လဲ ဘာကြားလဲတော့မသိ သူ့ကြည့်ရတာ တအားကိုဒေါသထွက်နေပုံရသည်။။ လက်ကိုရပ်ကာ မဏ္ဏပ်ထဲက အကုန်လုံးကို ဖွနေပြီး ဆူညံ့သံအကျယ်ကြီးလုပ်ကာ အနီးအနားက အာရုံတွေကို ဆွဲဆောင်လို့နေသည်။
လူတစ်ယောက်ဖြစ်မည့်ပုံပင်။
နင်မုန့် သူမ ဘာသာတွေးလိုက်မိသည်။ ဘာဖြစ်တာလဲဆိုတာ သူမ မတွေးနိုင်သေးခင်မှာပဲ ရုတ်တရက် အမှောင်ထုထဲကနေ ခေါင်းတစ်လုံးထွက်လာကာ ထိုလူကို သွားကိုက်တာကိုမြင်လိုက်ရတော့သည်။
တခြားဆိုင်ရှေ့က လူတွေက အမြန် နောက်ကိုခြေလှမ်းတစ်ဒါဇင်လောက်ဆုတ်ကုန်ကြသလို တချို့အရိပ်တွေသာ ဒီမြင်ကွင်းကို စိတ်လှုပ်ရှားတကြီး ကြည့်နေကြတော့သည်။သူတို့ ကြည့်ရတာ လူတွေမဟုတ်တဲ့ပုံပင်။
ဒီမြင်ကွင်းက ထိတ်လန့်ဖွယ်ကောင်းလွန်းလို့ နင်မုန့်အန်မိတော့မလိုပင်။
ဒါကြောင့် နောက်ထပ်ဘာဖြစ်လဲဆိုတာ သူမ မမြင်တော့။ နောက်တစ်ဖက်အစွန်းက ထွက်လာတဲ့ပါးစပ်ကြီးက ပိုပိုကြီးလာပြီးထိုရုန်းကန်နေတဲ့လူကို အမှောင်ထုထဲ ပြန်ဝင်သွားတဲ့ထိ ဝါးမျိုနေတော့သည်။
ရှီရှန်းကျင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီလူက တကယ့်ကို ကံမကောင်းတာပင်။ လူတွေကို စားတာက နာမည်ကြီးသည်။ တချို့ စွမ်းဆောင်နိုင်စွမ်းရှိတဲ့သူတွေမှာ ပြိုင်ဘက်ကင်း ရတနာတွေ ရှိသလိုအများစုကတော့ ထိုအရာတွေနဲ့ နီးတောင်မနီးစပ်နိုင် ဒီလူက တကယ့်ကို သတ္တိရှိတဲ့လူတစ်ယောက်ပင်။
ဒီလိုစီးပွါးရေးမျိုးလုပ်နေတဲ့လူတွေက များသောအားဖြင့် သွေးအေးတဲ့လူတွေပင်။ ရှီရှန်းကျင်း ရင်ထဲ မကျေနပ်မှုတချို့ ဖြတ်ပြေးသွားကာ သူအဝေးကိုကြည့်ပြီး ရှေ့ကိုသာာ ဆက်သွားလိုက်တော့သည်။
“ငါချမ်းသာပြီ!ငါချမ်းသာပြီ!”
“ဟဟဟဟဟ ဒီည ဘာလို့ ဒီလောက်တောင် ငတုံးတွေများနေရတာလဲ!”
ခြေလှမ်းတချို့လှမ်းပြီးချိန် သူတို့ဘေးကနေ အသံတိုးတိုးတစ်သံပေါ်ထွက်လာကာ စိတ်လှုပ်ရှားနေပုံရသည်။။
နင်မုန့် ကြည့်လိုက်တော့ သူမ ခုနက မြင်လိုက်တဲ့ ပန်းရောင်းတဲ့သူပင် သူပုခုံးထက်မှာသယ်ထားတဲ့ခြင်းနှစ်လုံးကလည်း လက်ရှိမှာ ဘာမှရှိမနေတော့။
သူ့ကြည့်ရတာ တအားပျော်နေပုံရသည်။ လူပါလေပေါ်မြောက်တတ်တော့မတတ် လမ်းလျှောက်နေကာ ခြင်းအလွတ်ကြီးကိုလည်း ရမ်းလို့ ခနလောက်နေတော့ သူတို့ရှေ့က အမှောင်ထုထဲကို ဝင်ချသွားတော့သည်။
သူအပြင်ထွက်ဖို့ လွယ်မှာမဟုတ်ဘူးလို့ သူမ အမြဲတမ်းခံစားမိနေတာ။
ဝေးတဲ့သူတွေက ဝေးသထက်ဝေးသွားပြီး ဆိုင်ခန်းတချို့သာကျန်လာတော့သလို သူတို့ အမှောင်ထုရှေ့ကိုနောက်ဆုံးရပ်လိုက်ချိန် ဆိုင်ခန်းတစ်ခန်းတောင်မရှိတော့။
ရှီချီက အသံတိုးတိုးလေးနဲ့ “ဘာလို့ အခု ဘယ်သူမှ စကားမပြောကြတာလဲ”
သူတော်တော်ကြာ သိချင်နေပေမဲ့ ဘာမှမပြောခဲ့။ သူ ရှီပင်မအိမ်ကိုမရောက်ခင်က အစားသောက်စျေးတစ်ခုကိုရောက်ဖူးတယ်လေ အာ့ကြောင့် ဒီမှာလည်းတအားဆူမယ်ထင်နေတာ။ သရဲတွေက စကားမပြောနိုင်လို့များလား
သူစမေးလာတာမြင်တော့ ရှီရှန်းကျင်းက ခပ်ဖွဖွပြုံးကာ “စကားပြောတာကို တားမြစ်ထားတာ မင်းစကားပြောလို့မရဘူး အကြောင်းက မင်း မကောင်းဆိုးဝါးဝိညာဉ်တွေဆီ ရောက်သွားမှာစိုးလို့”
အခု သူတို့ ပြန်နေပြီမို့စကားပြောလို့ရပြီ။
သူက ဆက်ကာ “စျေးမေးတာကတော့ တစ်ဖက်လူကလည်း လူဖြစ်နေမှပြောလို့ရမယ် ဒါပေမဲ့ မင်းကိုမြင်သာအောင်ပြတာမျိုးမင်းနောက်လိုက်မှာမျိုး မလုပ်တဲ့ သရဲတွေလည်းရှိတယ် ပြောရရင် သူတို့လည်း လူတွေဆီကနေ တချို့အရာတွေဝယ်ဖို့လိုတယ်လေ”
ဥပမာအားဖြင့် သချိုင်းဓားပြတွေကလည်း သူတို့ ပစ္စည်းတွေကို ဒီမှာရောင်းကြတယ်လေ မှောင်ခိုစျေးတွေမှာရောင်းတာထက်ဒီက လုပ်ငန်းတွေက ပိုမြန်တယ်။
အကြောင်းက ပစ္စည်းလိုချင်တာက လူတွေတင်မဟုတ်ဘူး သရဲတွေကောမို့လို့ပဲ အထူးသဖြင့် မူလ သရဲတွေပေါ့။ တကယ်လို့ သချိုင်းဓားပြတွေက မြင့်မြတ်တဲ့မိသားစုတွေဆီကနေ ပစ္စည်းတွေ ရ ရင်သရဲတွေလည်း လိုချင်တယ်လေ။
သေချာတာပေါ့ လူတိုင်းကလည်း သရဲဈေးကို ဝင်ခွင့်ရမှာမဟုတ်ဘူး။ လူတော်တော်များများ ရောက်တာနဲ့ တန်းဖယ်ထုတ်ခံရသလို ဝင်လို့ရတဲ့လူတွေကလည်း သာမန်မဟုတ်လို့ပဲ။
‘ဒီနေ့ ငါကံကောင်းတယ် အဲလူလိုချင်တာကိုကျေနပ်စေမယ့်ပစ္စည်းယူလာမိလိုပဲ မဟုတ်ရင် ငါဒီနေ့ အလဲအလှယ်တောင်လုပ်နိုင်မှာမဟုတ်ဘူး’
ရှီရှန်းကျင်းလည်း သက်ပြင်းချလိုက်မိသည်။
သူ့အဖေ အသက်ရှိတုန်းက သူ့ကိုခေါ်လာဖူးလို့ မြင်ဖူးခဲ့တဲ့ ထိုလူက ခုထိ ဒီမှာရှိနေဆဲပင်။ သူနဲ့ ရင်းနှီးတာတော့မဟုတ်ပေမဲ့ သိနေဆဲပဲလေ။
ပြောရရင် အဲဒါ လူမဟုတ်ဘူး။ လူကော သရဲကောမဟုတ်ဘူး ဒါပေမဲ့ တအားအကျိုးအမြတ်ရှာနိုင်တဲ့သူ သူ့အသက် ဓားသွားထိပ်မှာရှိနေတာတောင်လေ ဖြစ်နိုင်တာက တနေ့နေ့ကျရင်တော့ သူလည်း သေချင်သေသွားမှာပေါ့။
ဒါပေမဲ့လည်း သူသာ သရဲဈေးကို လာမယ်ဆို သူယူလာသမျှအကုန်လုံးက ရောင်းထွက်မှာကြည့်ပင် အဲဒါတွေက အမြဲနာမည်ကြီးပြီးတော့ ပြောရရင် အတတ်ပညာတစ်ခုလို့တောင် ယူဆလို့ရတယ်။
သူတို့ကလည်း သူတို့လိုတာပဲ ယူကြတာ။ သူကလည်း ယင်ယန်မျက်လုံးကိုဖွင့်ဖို့ ပစ္စည်းလိုနေတာ။ ပြီးတော့ အဲလူကလည်း သူ့အသက်ကို ရှည်အောင်လုပ်ပေးနိုင်မယ့်ပစ္စည်းလိုနေတာ။ ကံကောင်းချင်တော့ သူ ဒီနေ့ နဂါးကျောက်စိမ်းဝိုင်းကို ယူလာမိလို့ မဟုတ်ရင် သူ့အပေးအယူက အဆင်ပြေမှာမဟုတ်။
ရှီရှန်းကျင်း သူ့ခေါင်းကို ပွတ်ကာ “ကော်းပြီ ကျွန်တော်တို့ အခု အပြင်ထွက်လို့ရပြီ ရှေ့ကို သာ တည့်တည့်လျှောက် အပြင်ရောက်တာနဲ့ ရောက်တာနေရာမှာပဲ နေနေ”
နင်မုန့်လာတုန်းကလို ထပ်ဖြစ်မှာကြောက်လို့ သတိကို ထပ်မြင့်လိုက်သည်။ သူမ အဲမျက်နှာကြီးကိုခုထိမှတ်မိနေတုန်းလေ။
သရဲဈေးက ထွက်တာက အလာတုန်းကနဲ့ ကွာခြားသည်။ ရိုးရိုးလေး လျှောက်လိုက်တာနဲ့ သချိုင်းကိုပြန်ရောက်သွားမှာ။အပြင်မှာမှောင်နေဆဲ၌င် သူတို့ ရောက်ခါစနဲ့သိပ်တောင်မကွာ။
သု့းယောက်သား တူတူ လျှောက်လာတုန်းမှာပဲ ရုတ်တရက် နောက်ကနေ ကျယ်လောင်စွာ အော်တဲ့အသံကို ကြားလိုက်ရသည်။
နင်မုန့် စိတ်ထဲ ရင်းနှီးနေပုံရသည်။။
သူမ ခေါင်းလှည့်ကြည့်မလို့ရှိသေး ပုံရိပ်တစ်ခုကသူမ မျက်စိရှေ့တင်ဖြတ်ပြေးသွားကာ အော်ဟစ်သံနဲ့ သူမရှေ့တင် ပျောက်သွားတော့သည်။ နောက်ကနေ သရဲလိုက်လို့ပြေးရတဲ့အတိုင်း။

သူတို့ သချိုင်းကနေ ထွက်ထွက်ချင်းမှာပဲ သူမ မျက်စိထောင့်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
မထင်ထားစွာနဲ့ သူမ ပန်းစည်းတစ်ခုကို အနားက အုတ်ဂူတွေမှာမြင်လိုက်ရသလို ကျောက်စာတိုင်ရှေ့မှာ လှဲနေကာ တစ်ယောက်ယောက်က လေးစားမှုပြထားပုံရသည်။။
အဲဒါက သူမ အစပိုင်း ပန်းတွေဝယ်နေတာကို တွေ့ခဲ့တဲ့သူပင်။
သူမ ဆံပင်တွေထောင်လာတာကို ခံစားလိုက်ရသည်။ အကြောင်းက သူမ ခုနက ပန်းတွေဝယ်နေတာကို မြင်လိုက်တယ်ဆိုတဲ့လူက ဒီအုတ်ဂူက သရဲတစ်ကောင်ဖြစ်နေလို့ပင်….
ရှီရှန်းကျင်းလည်း သတိထားမိကာ လှည့်ပြီး “အမေ တအားတွေးမနေပါနဲ့ မြန်မြန်ပြန်ရအောင်”
ကားထဲမှာစောင့်နေတဲ့ ကားဆရာက အိပ်တောင်ပျော်နေပြီပင်။ ဒါကို မြင်တော့ နင်မုန့် မနာလိုတောင် ဖြစ်လာမိသည်။ လွတ်လပ်ပေါ့ပါးလိုက်တာ သချိုင်းအပြင်မှာတောင် အိပ်ပျော်တယ်။
ရှီရှန်းကျင်း ပြတင်းပေါက်ကို ခေါက်လိုက်သည်။
ကားဆရာက ချက်ချင်းနိုးလာကာ အမြန်ကားတံခါးဖွင့်ပေးပြီး “သခင်ကြီး ဘွားဘွားကြီး”
“ပြန်ရအောင်”
သူတို့ အပြန်လမ်းက အသွားတုန်းကထက်တောင် ပိုမြန်သေးသည်။ ကောင်းကင်က မှိန်ပြပြလင်းလာချိန်မှာ ရှီအိမ်အပြင်ကို ကားရောက်လာတော့သည်။
ရှီချီက နင်မုန့်ပေါင်ပေါ်မှာခေါင်းလေးအုံးပြီး အိပ်ပျော်နေကာ ကွေးကွေးလေး အိပ်မောတောင်ကျနေလို့။
ကားရပ်သွားတာနဲ့ ချက်ချင်းနိုးလာခဲ့သည်။
မျက်လုံးကို ဖွင့်ကာ သူ့ရဲ့အိပ်ချင်မူးတူးပုံစံလေးက တအားကို ချစ်ဖို့ကောင်းနေတာမို့ နင်မုန့်မနေနိုင်ဘဲ သူ့မျက်နှာကို အကြိမ်တော်တော်များများ ဆွဲလိုက်သည်။ အနီရောင်အမှတ်ကလေးတွေပါ ကျန်ခဲ့သည်အထိ ဖြစ်၏။
ရှီချီ နှုတ်ခမ်းကိုက်လိုက်သည်။
နင်မုန့်က သူ့ကို သူမ ရင်ခွင်ထဲထည့်ကာ ပြုံးပြီး “အိုက်ယိုး ငါ့ရဲ့မြေးလေး ခုထိ သေချာမနိုးသေးဘူးမလား ခဏဆက်အိပ်လည်းရတယ်”
ရှီချီ အိပ်ချင်စိတ်တွေ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ဘွား သားနိုးနေပါပြီ ထပ်အိပ်စရာမလိုတော့ပါဘူး” လို့ မဲ့ကာပြောလိုက်သည်။
နင်မုန့် သူ့ကိုလွှတ်ပေးလိုက်ပြီး “ကောင်းပြီလေ အာ့ဆို ဘွားနဲ့ တူတူပြန်ရအောင်” လို့နှာမြောတသဖြစ်စွာ ပြောလိုက်သည်။
ရှီရှန်းကျင်းက သူတို့ကို မတားပေ။ ဒါပေမဲ့ အစေခံတွေကို သူတို့ကို တစ်ထပ်အိမ် ပြန်လိုက်ပို့ပေးဖို့ ပြောချိန်မှာပဲ သူက ပြောသည်။ “ရှီချီ မနက်ဖြန် ပင်မအိမ်ကိုလာခဲ့ အမေ အမေလာစရာမလိုဘူး ကောင်းကောင်းနားလိုက်”
နင်မုန့် သက်ပြင်းချလိုက်မိတော့သည်။
လက်ရှိ သူမက အဘွားအို ကိုယ်ထဲ ရောက်တာ။ တကယ်လို့ သူမသာ ရှီရှန်းကျင်းဆို သူမလည်း လူတွေကို လျှောက်သွားခိုင်းနေမှာ မဟုတ်ဘူး။ အကြောင်းက မတော်တဆတွေက အလွယ်တကူ ဖြစ်နိုင်တယ်။
ကံကောင်းချင်တော့ ဒီတစ်ခါ သူတို့ခရီးက ချောမွေ့ခဲ့သည်။
“အိုက်ယိုး ငါ့နောက်ကျော” သူမ ခရိးက ချောမွေ့တယ်လို့တွေးနေရင်းကမနေနိုင်ဘဲ အော်လိုက်မိသည်။
သူမ နားမယ်လို့တွေးလိုက်တာနဲ့ တစ်ကိုယ်လုံးအားကုန်သွားသလို အထူးသဖြင့် သူမ အရိုးတွေ။
ရှီရှန်းကျင်း လက်ဆန့်ကာ သူမကို နှိပ်ပေးလိုက်တော့ တော်တော်လေး နေလို့ကောင်းသည်။
နင်မုန့် မျက်နှာက အရေးအကြောင်းတွေတောင်လျော့သွားပုံရသည်။။ သူမကို ခနလောက်ပဲ နှိပ်ပေးတာတောင် သူမ တစ်ကိုယ်လုံးလုံးဝ ကွဲပြားသွာသလိုင်။
ရှီချီ ဘေးမျာရပ်ကာ သူ ရှီရှန်းကျင်း ရင်ဘတ်ကိုကြည့်လိုက်ပေမဲ့ ဘာမှမမြင်ရ။ သူ့ဦးလေး တစ်ခုခုလဲလိုက်တာကို သူသိပေမဲ့ သရဲဈေးမှာတုန်းက သေချာမကြည့်လိုက်ရဘူးလေ။
သူ့ယင်ယန်မျက်လုံးတွေကို ဖွင့်နိုင်တဲ့အရာ။
သိပ်မကြာခင်က ဖြစ်ခဲ့တာကို သူမတွေးကြည့်ဘဲ မနေနိုင်။သူ သရဲမ တစ်ယောက်ကို ဖမ်းမိခဲ့ပေမဲ့ သူ့ဦးလေး သင်ပြမှုကြောင့်ပင်။ သူ့အဘွားကိုယ်ဝါးသွားတဲ့အချိန်လည်းရှိတယ်။ ဖြစ်နိုင်တာက သူ့ယင်ယန်မျက်လုံးတွေကို အပြည့်ဖွင့်နိုင်ရင် သူလုံးဝ ကွဲပြားမှုကို မြင်နိုင်မည်ထင်သည်။
နင်မုန့် ခေါင်းအောက်ကို ငုံံ့ လိုက်ချိန် ရှီချီ မျက်နှာလေး ရှုံ့မဲ့နေတာမြင်တော့ ရယ်ချင်ပေမဲ့ ကိုယ်ရဲ့နာကျင်မှုကြောင့် မရယ်နိုင်။
သူမ မေးလိုက်သည်။ “ဘာတွေတွေးနေတာလဲ”
ရှီချီက လေးနက်စွာ “အဘွားကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာ!”
“….” ဒါက တကယ့်ကိုအကြံကောင်းပဲ။
နင်မုန့် ခနလောက်ရယ်မိသွားသည်။ သူမ နောင်ကျ ဘာကိုမှကြောက်စရာလိုတော့မယ်မထင်ဘူး။
“အာ့ဆို အဘွားက မင်းကို ပဲမှီခိုရမှာပေါ့”
ဒီကြွက်ပေါက်လေးရဲ့ နူးညံ့တဲ့ မျက်နှာလေးကို ဆွဲဆိတ်ကာ သူမ လက်ရဲ့ကြမ်းတမ်းမှုကြီးနဲ့ကလေးရဲ့ နူးညံ့တဲ့အသားရေကွာခြားမှုကြီးက သူမကို တအားဝမ်းနည်းအောင်လုပ်နေသည်။
ဒါကို ကြားတော့ ရှီချီ အပြုံးသေးသေးလေး ပြုံးလိုက်သည်။
မြေးအဘွား အတွဲက သူတို့ဘာသာပျော်နေတာမြင်တော့ ရှီရှန်းကျင်းထပ်ပြီး “ရှီချီ မနက်ဖန်လာဖို့မမေ့နဲ့ ဒီည စောစောနားပြီးမျက်လုံးကို သေချာကာကွယ်”
ရှီချီ ခေါင်းညိတ်ပြလိုက်သလို သူ့မျက်နှာလေးကလည်း တည်ငြိမ်နေတဲ့လေးစားမှုတွေအပြည့်

အဘွားက အဆင်ပြေတယ်ပြောတုန်းက
သူ့လက်တွေ တုန်နေခဲ့တာ
ဒါကိုဖော်ပြဖို့ စကားလုံးတစ်လုံးတော့ ရှိမယ့်ပုံပဲ….
—ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီသေးသေးလေး—

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset