အခန်း ၉.၁။ တံခါးမှာ မှန်တစ်ချပ်ချိတ်ထား
ပြောရရင် ကျောင်းမှာက တကယ်တန်း လူအိုရုံနှစ်ခုရှိလေသည်။ တစ်ခုက တက္ကသိုလ်ဝင်းထဲမှာရှိပြီး တစ်ခုက အဆောင်အဆောက်အဦးမှာ ဖြစ်သည်။
ဒါပေမဲ့ အဆောင်က ဟာက ပိုဝေးသည်။ အဲဒါက မိန်းကလေး အဆောင်အတွင်းဘက်ဆုံးမှာတည်ရှိပြီးတော့ တော်တော်လေးလည်း အိုဟောင်းနေပြီပင်။ ဒါပေမဲ့လည်း အဲဒါကတော့ မိန်းကလေးတွေအတွက် ပိုနီးတာမို့ တော်တော်များများက အဲကို သွားလေ့ရှိသည်။
စုချင်းချင်းနဲ့ စုရွှဲက ထိုနေရာနဲ့ တော်တော်လေးရင်းနှီးသည်။
အဆောင်ထဲက လူအိုရုံက တအားရိုးရှင်းသည်။ ပထမထပ်မှာ အခန်းတစ်ခန်းတည်းသာရှိပြီး များသောအားဖြင့် တာဝန်ကျ သူနာပြုတစ်ယောက်နဲ့ ဒေါက်တာ တစ်ယောက်သာရှိတတ်သည်။
စုချင်းချင်း ပြတင်းပေါက်ရှေ့မှာ ရပ်ကာ အော်ဖို့လုပ်လိုက်သည်။
သူမ မထင်ထားခဲ့ ပြတင်းပေါက်တွေက မပိတ်ထားတော့ လေတိုက်တာနဲ့လိုက်ကာတစ်ချက် အလွင့်မှာ အထဲက အရာအားလုံး ချက်ချင်းပေါ်လာတော့သည်။
စုရွှဲက သူမကို ကျောပေးပြီးဆေးရုံကုတင်မှာ လှဲနေကာ သူမ အိပ်ပျော်နေတဲ့အတိုင်းပင်။
စုချင်းချင်း လှမ်းအော်လိုက်သည်။ “စုရွှဲ။ နင် ဘာလို့ အိပ်ရာပေါ် အိပ်နေတာလဲ”
သူမ အသံငြိမ်သွားတာနဲ့ စုရွှဲက အိပ်ရာပေါ်ကနေ လှည့်လာကာ သူမကို မျက်နှာချင်းဆိုင်လာခဲ့သည်။ ဒါပေမဲ့ သူမ မျက်နှာက အလွန်ကိုမှ ကြောက်လန့်နေကာ ပါးစပ်ကို အကျယ်ကြီးဟပြီး ဘာအသံမှလည်းထွက်မလာခဲ့ပေ။
စုချင်းချင်း ထိုအချိန်ထိလည်း သတိမပြုမိသေး ပြီးတော့ သူမက ဆက်ကာ “နောက်တောင်ကျနေပြီ မြန်မြန်သွားရအောင် တကယ်လို့ ဒီမှာဘယ်သူမှမရှိရင် ရှေ့က လူအိုရုံကိုသွား…..”
သူမ ဆုံးအောင်မပြောနိုင်သေးခင်မှာပဲ သူမ မျက်လုံးပြူးသွားတော့သည်။
ကုတင်ပေါ်က စုရွှဲရဲ့ အနီရောင်နှုတ်ခမ်းသေးသေးလေးတွေက တဖြည်းဖြည်းနဲ့ဘေးကိုဆွဲခံရသလို ကွဲထွက်လာပြီး သွေးတွေ ထွက်လာခဲ့သည်။ တစ်ယောက်ယောက်က ကတ်ကြေးသုံးပြီး ပါးစပ်ကို ဖြတ်နေတဲ့အတိုင်းပင်။
စုချင်းချင်း စုရွှဲရဲ့ မချိတင်ကဲ ငိုကြွေးသံတွေကိုသာ အခန်းထဲ ကြားနေရတော့သည်။
သူမ ကိုယ်အောက်က အဖြူရောင်အိပ်ရာခင်းက သွေးတွေနဲ့စိုရွှဲလာပြီး သူမ မျက်နှာမှာလည်းသွေးတွေရွှဲလို့ သေချာကြည့်မယ်ဆို ကွဲထွက်နေတဲ့ သူမ နှုတ်ခမ်းတွေက လူပြတ်နဲ့တောင် တူနေသလိုပင်။
မကြာလိုက် ကွဲနေတာတွေကို ပြန်ချုပ်သွားသလို အပ်ချည်တွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ကြောက်ဖို့ကောင်းစွာ ပြန်ချုပ်နေလေသည်။
ဖြစ်ရပ်တစ်ခုလုံးမှာ လူတစ်ယောက်တောင်ပေါ်မလာခဲ့ဘဲ ဖြစ်နေခြင်း ဖြစ်သည်။
စုချင်းချင်း ထိုနေရာမှာပဲ မူးလဲသွားတော့သည်။
သူမနိုးလာတော့ ရဲတွေကရောက်နေပြီဖြစ်သလို နေရာတစ်ခုလုံးကိုလည်း ပိတ်ထားလိုက်ပြီပင်။ သူမကသာ သေချာဖြစ်ပျက်ခဲ့တတွေကို သေချာသိတဲ့သူဆိုပေမဲ့ ဘယ်သူကမှ သူမစကားတွေကို မယုံကြပေ။
ထိုဖြစ်ရပ်ပြီးကတည်းက သူမ ကျောင်းကို မပြန်တော့တာခုထိပင်။
ဒါပေမဲ့ အရာအာလုံးက စတင်နေခဲ့တာ ကြာပြီဖြစ်သည်။
ညပိုင်း သူမ အခန်းထဲမှာအိပ်တိုင်း ခြေသံတွေ ဆက်တိုက်ကြားရသလို မြန်တာလည်းမဟုတ် နှေးတလည်းမဟုတ် ဒါပေမဲ့ သူမအိပ်ရာပေါ်က ဆင်းလိုက်တိုင်း ပျောက်သွားနေကြသည်။
သူမ လွန်ခဲ့တဲ့နှစ်ရက်က ရေချိုးခန်းမှာရေချိုးတော့ သူမ အခန်းက ဖောက်ထွင်းမြင်ရတဲ့မှန်ခန်းမို့ အပြင်ကို မြင်ရသည်။ ဒါပေမဲ့ ထိုညက ရေငွေ့ရိုက်ပြီး မှုန်ဝါးလို့နေသည်။
သူမက အပြင်က အနီရောင်အရာတစ်ခုကို မြင်လိုက်ရသည်။ ပြီးတော့ ချက်ချင်း သူမ ဟွမ်လီသူမကိုခြောက်တုန်းက မြင်လိုက်ရတဲ့ မှုန်ဝါးဝါးအနီရောင် အရာတစ်ခုကို သတိရလိုက်တော့သည်။
သူမ ရေချိုးခန်းထဲမှာ နာရီများစွာ တုန်ယင်နေခဲ့ပြီး အိမ်မှာရှိတဲ့ သူမ ဒေါ်လေးက လာခေါ်တော့မှ သာ သူမ ထွက်ခဲ့လေသည်။သူမ အပြင်ကို စစ်ကြည့်လိုက်တော့လည်း ဘာမှရှိမနေခဲ့
“…ညတိုင်း အိပ်ဖို့လုပ်တိုင်း တစ်ယောက်ယောက်က ကျွန်မကိုယ်အပေါ်ပိုင်းကို ဖိထားသလိုမျိုး နိုးလာလို့ မှန်ထဲကြည့်လိုက်ရင်လည်း ကျွန်မ ပုခုံးထက်မှာ လက်ရာတွေကြည့်ပဲ”
နွေဖြစ်တာကြောင့် စုချင်းချင်းက ကြိုးသိုင်းဝတ်စုံကို ဝတ်ထားကာ သူမ ညှပ်ရိုးပေါ်မှာလည်း အနီရောင်အမှတ်တွေကို မြင်နေရသည်။
လက်ရာတွေကလည်း တအားမကြီးသလို တအားလည်းမသေး နင်မုန့်တွေးကြည့်လိုက်တော့ ထိုအရာက အရင်ဘဝက သူမ လက်နဲ့ဆိုဒ် အတူတူပင်။
ရှီချီလည်း ကြည့်လာခဲ့သည်။
ရှီမိသားစုက ဘာလဲဆိုတာ သူမသိပေမဲ့ ဒီနေ့ သူကြားလိုက်ရတာတွေက သူ့အသိဉာဏ်ထက်တောင် ကျော်လွန်နေသလို ဒီလူတွေကလည်း အဲဒါတွေကို သာမန်လို သဘောထားနေကြသည်။
နောက်ဆုံးတစ်ခါ သူမြင်ခဲ့တာနဲ့ တူတူပဲများလား။
သူတို့ သူ့ကို တအားအေးတိအေးစက် ဆက်ဆံလို့ သူ သူတို့ကို မမြင်နိုင်တာများလား။
ရှီချီ နှုတ်ခမ်းလေးကိုက်ကာ သူ့အမူအရာက မသိသာပေ ဒါပေမဲ့ သူ့အဘွားကို ကိုင်ထားတဲ့ သူလက်ကလေးကတော့ တင်းသွားတော့သည်။
နင်မုန့် ရင်ထဲ ကျိတ်ရယ်လိုက်မိသည်။
ဒီကြွက်ပေါက်လေးက ကြောက်နေတာပဲနေမည်။
လူနှစ်ယောက်က အတွေးတွေမတူကြ ဒါပေမဲ့ သူတို့ အပြုအမူတွေက အံဩဖို့ကောင်းလောက်အောင် အပြောင်းအလဲမရှိ သူတို့ ချင်းချင်း လက်တွေ ကျစ်ကျစ်ဆုတ်ထားကြသည်။ လက်အကြီးကြီးက လက်သေးသေးလေးကို ကာထားရင်းပေါ့
ပြီးတော့ ရှီရှန်းကျင်းကလည်း ထိုအရာကို သေချာမြင်သည်။
သူ့အမေက ဒီမြေးလေးကို ဒီလောက်ထိ သဘောကျမယ် မထင်ထားပေ။ သူ့မှာ ယင်ယန်မျက်လုံးတွေ မရှိလို့ နည်းနည်းစိတ်ပျက်မိပေမဲ့ သူ့အမေကို အဖော်ပြုပေးဖို့ ဒီမှာနေခိုင်းတာလည်း အကြံဆိုးတော့ ဟုတ်မနေချေ။
လူနှစ်ယောက်ရွေ့လျားမှုကိုတော့ မျက်နှာချင်းဆိုင်က လူနှစ်ယောက်က ဘာမှသတိမပြုမိပေ။
စုကျန်းဟွ မျက်နှာကတော့ သာယာမနေ “အရင်နှစ်က ဗုဒ္ဓဆီ ဝတ်ပြုဆုတောင်းဖို့သွားတော့ ချင်းချင်းက ကျောက်စိမ်းဗုဒ္ဓ ရုပ်လေးကို ဝတ်ထားသေးတယ် အဲမတော်တဆပြီးလို့ စပြီး စိတ်ဓာတ်တွေ ကျလာတော့ ကျောက်စိမ်းဆင်းတုတော်လေးက စပြီး အက်ကွဲကြောင်းတွေပေါ်လာတော့တာ”
ဘာတွေဖြစ်နေလဲဆိုတာ သူလုံးဝ နားမလည်တာတော့မဟုတ် သူ ကျောက်စိမ်းဗုဒ္ဓက သူ့သမီးဆီမှာ ဖြစ်နေတဲ့ မကောင်းတာတွေကို ကာကွယ်ပေးနေတယ်ဆိုတာကိုလည်း သိသည်။ ပြီးတော့ အခု အဲဒါက အဲမကောင်းတာတွေကို ကာကွယ်ဖို့ စွမ်းရည်တွေ ဆုံးရှုံးလာပြီး ကျိုးပဲ့ပျက်စီးတော့မည်ပင်။
သူ ဘုရားကျောင်းကို အဲဒါလေးထပ်သွားတောင်းတော့ သူကြားတာ အဲဒါကို ထွင်းထုတဲ့လူက ကွယ်လွန်သွားပြီဟု သူအိမ်ကို ယူလာသမျှ ကျောက်စိမ်းဗုဒ္ဓတွေကလည်း အလုပ်မဖြစ်တာမို့ သူရှီမိသားစုကို အခု ပြန်လာရလေသည်။
နောက်ဆုံးတစ်ခါ ဒီလာတုန်း အကြီးဆုံးသခင်လေးက သူ့ကို ပြန်ရောက်ရင် မှန်တစ်ချပ်ချိတ်ထားဖို့ ပြောလိုက်တာ မထင်ထားလောက်အောင်အလုပ် ဖြစ်သည်။
“သခင်လေး နောက်ဆုံးတစ်ခေါက်က အိမ်ရှေ့မှာ မှန်တစ်ချပ်ချိတ်ထားဖို့ပြောတာလေ အဲဒါအတွက် ကျေးဇူးတင်ချင်လို့ပါ” စုကျန်းဟွက ပြောလိုက်သည်။ “ချင်းချင်း အများကြီး ပိုအိပ်လို့ရသွားတယ် ဒါပေမဲ့ ခုတလောတော့ ပိုပြီး ပြန်ဖြစ်လာပြန်တယ်”
အစက မှန်ကို ထိုညတွေချိတ်ဆွဲတွေ အရာအားလုံးက အေးအေးဆေးဆေးပင်။ ဒါပေမဲ့ နောက်ပိုင်း အဲဒါလည်း သူ့သက်ရောက်မှုတွေ ဆုံးရှုံးပြီး မနေ့ညက တံခါးကိုခြစ်နေတဲ့အသံတွေ ပြန်ပေါ်လာပြန်သည်။
နင်မုန့် ထူးဆန်းသွားတော့သည်။
သူမ မှန်တွေကို အိပ်ရာရှေ့မှာ မထားသင့်ဘူးဆိုတာသာ သိလေသည်။ ဒါမှမဟုတ်ရင် မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်လာတတ်တယ် အခု တံခါးရှေ့မှာချိတ်တာက ဆန့်ကျင်ဘက်သက်ရောက်တာလား။
စနစ်က ဖြေပေးလာသည်။ “ဖုန်းရွှေမှန်တွေက မကောင်းဆိုးဝါးဝိညာဉ်တွေကို နှင်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိတယ် မှင်စာတွေက မှော်မှန်ကို ပြတယ်ဆိုတာတွေးကြည့် အကြောင်းမဲ့ မဟုတ်ဘူးလေ အိပ်ရာနဲ့မျက်နှာချင်းဆိုင် ထားမယ်ဆိုရင်ကျ အိပ်ရာထဲကလူရဲ့ အသက်ကို စုပ်ယူသလို ဖြစ်မှာ ဒါပေမဲ့ တံခါးမှာချိတ်ရင်ကျ မတူတော့ဘူး တူညီတဲ့ နည်းလမ်းကိုသုံးပြီး တံခါးအပြင်က မကောင်းဆိုးဝါးကို စုပ်ယူပေးတာ တားဆီးပေးတာမျိုးပေ့ါ”
ဒါပေမဲ့ သေချာကြည့်ရင် သူတို့က သာမန်မဟုတ်တဲ့ ဝိညာဉ်ကို ရန်စမိတာနေမည်။ ဘာလို့လဲဆိုတော့ မှန်ရဲ့သက်ရောက်မှုက ရက်အနည်းငယ်သာခံလို့ ဖြစ်သည်။
ဒီသတင်းအချက်အလက်ကြောင့် နင်မုန့် သူတို့အခြေအနေကို ကူကယ်ရာမဲ့စွာသာ သက်ပြင်းချလိုက်မိတော့သည်။
ကလောင်နတ်သမီးလို အန္တာရယ်များတဲ့ ဂိမ်းမျိုးကို ပျင်းနေတာနဲ့ဆော့ဖို့ ဘယ်သူကများ သူတို့ကို ပြောလိုက်တာလဲ။ သူတို့က ဝိညာဉ်ကိုတောင် သေချာပြန်မပို့ကြဘဲနဲ့ ဒီလိုအခြေအနေထိဖြစ်စေခဲ့တာ ဒီလောက်ထိဖြစ်လာမှတော့ ရပ်တန့်မှာလည်းမဟုတ်တော့ပေ။
သူမက တိတ်ဆိတ်စွာမေးလိုက်သည်။ “အာ့ဆိုငါတို့ဘာလုပ်နိုင်လဲ”
စနစ်က “သာမန်အားဖြင့် ငါတို့ ဒီကလောင်နတ်သမီးရဲ့ တကယ့်ကိုယ်အစစ်ကို ရှာဖို့ လိုတယ် သင့်တော်တဲ့ ဖြေရှင်းနည်းကို ရှာမတွေ့ခင်ပေါ့။ သရဲတိုင်းမှာလည်း ကိုယ်ပိုင်အားနည်းချက်ဆိုတာ ရှိကြတာပဲလေ။ ဆွဲကြိုးချသေတဲ့သရဲတွေပဲကြည့် သူတို့ဆို တနေကုန် လျှာကြီး အပြင်ထွက်နေပေမဲ့ တကယ်တန်း သူတို့က ကြိုးကို ကြေက်ကြတယ်လေ”
သေဆုံးမှုရဲ့ အဓိကအကြောင်းအရင်း တော်တော်များများက သူတို့ရဲ့ အားနည်းချက်သာ ဖြစ်သည်။
နင်မုန့် သရဲကားတွေထဲမှာတွေ့တတ်တဲ့ ဇာတ်လမ်းအများစု အကြောင်းတွေးမိကာ “အရင်က သမီးတို့ကျောင်းမှာ တစ်ယောက်ယောက်သေဖူးလား”
စုချင်းချင်း ခနလောက်တွေးပြီး ခေါင်းခါကာ “ကျောင်းမှာ လေးနှစ်လောက်နေလာပေမဲ့ အရင်က တစ်ယောက်ယောက် သေဖူးတာ ဘာညာတော့ မကြားဖူးဘူး”
ရှိရင် တစ်ယောက်မဟုတ် တစ်ယောက်တော့သိမှာပဲလေ။
ရှီရှန်းကျင်းက ရုတ်တရက်ချွေးတွေပြန်လာပြီး “ကျွန်တော်တို့ နေ့ခင်းကျ ကျောင်းကို သွားမလို့ ရင်းမြစ်က အဲမှာပဲရှိတာမို့လေ”
သူ့အသိစိတ်က ပြောနေတာက ကျောင်းမှာပဲ အကြောင်းအရင်းက သေချာရှိနေတာလို့ပင်။ မဟုတ်ရင် သူတို့ ဒီကလောင်နတ်သမီးဆိုတာကိုလည်း တွေ့မှာမဟုတ်ဘူးလေ
သူအဲလိုပြောတာကြားတော့ စုကျန်းဟွ ချက်ချင်း ပျော်သွားတော့သည်။ ထို့နောက် သူ ရှီမိသားစုကနေ စုချင်းချင်းနဲ့အတူ ပြန်သွားတော့သည်။
နင်မုန့်က “ငါလည်းလိုက်မယ်”
ရှီရှန်းကျင်းက မျက်မှောင်ကြုတ်ကာ “အမေ အမေက အခုကျန်းမာရေးကောင်းသေးတာ မဟုတ်ဘူး အပြင်ထွက်လည်း ပင်ပန်းမှာပဲရှိမှာ ကျောင်းက ကိစ္စကို သားကိုသာ လက်လွှဲထားလိုက်ပါ”
နင်မုန့်က မရ “မရဘူး ငါအိုနေပြီဆိုပေမဲ့ ငါ့ကိုယ်က ခုထိ ခိုင်မာနေတုန်း ၁၇ လေးကိုလည်း အဲကိုခေါ်သွားရမယ် အဲဒါမှ နောင်ကျ တစ်ခုခုဖြစ်လာရင် နည်းလမ်းတစ်ခုရှိမှာပေါ့”
ရှီရှန်းကျင်းလည်း သူမ စိတ်ပြောင်းအောင်မလုပ်နိုင်တာမို့ သဘောတူလိုက်ရတော့သည်။
အခန်း ၉.၂။ တံခါးမှာ မှန်တစ်ချပ်ချိတ်ထား (၂)
“ဒါနဲ့ ၁၇ နာမည်ကို မျိုးရိုးစာအုပ်ထဲ မှတ်ထားပြီးပြီလား”
“ခုထိ မလုပ်ရသေးဘူး”
သူမ ဒါကိုပြောလိုက်တော့ ရှီရှန်းကျင်း မျက်ခုံးပင့်လိုက်မိသည်။
ရှီချီနာမည်က တကယ့်ကို အတိတ်နိမိတ် မကောင်းလေသည်။ သူ့တတိယညီလေးအသိဉာဏ်နဲ့ဆို ဒီလိုနာမည်မျိုးကို ပေးမှာ မဟုတ်လောက်ပါဘူး။
တခြားအဓိပ္ပာယ်များရှိနေသေးတာလား။
“ဘာလို့ အမြန် မလုပ်သေးတာလဲ” နင်မုန့် ဒေါသတကြီးကြည့်လာခဲ့သည်။
ရှီရှန်းကျင်းလည်း ကူကယ်ရာမရဖြစ်ကာ “ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့”
ဘေးက ကြည့်နေတဲ့ရှီချီက သူ့မျက်လုံးထဲမှာ ရွှင်လန်းမှုလေးတွေနဲ့ ဖော်ပြလို့နေသည်။
ဒီဦးလေးက ဘယ်လောက်ပဲတော်တော် အဘွားရှေ့မှာတော့ တအားလိမ်မာသည်။ သူတကယ် စိတ်ဝင်စားဖို့ကောင်းသည်ဟုတွေးလိုက်မိသည်။
နင်မုန့်က ဒီအခွင့်အရေးကို ယူပြီး ရှီချီကို “အသက်ကြီးလာရင် မင်းဦးလေးကို စောင့်ရှောက်ပေးလိုက်ဦးနော်”
ရှီချီက ရှီရှန်းကျင်းကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး နာခံစွာ ခေါင်းညိတ်ပြလိုက်တော့သည်။
–
နေ့လည်စာစားပြီးတော့ နင်မုန့်နဲ့ ရှီရှန်းကျင်း စုချင်းချင်းကျောင်းကို သွားလိုက်ကြသည်
သူတို့ တက္ကသိုလ်က ရန်ကျင်းမှာ နာမည်ကြီးပင်။ ကျောင်းသားတွေက ကမ္ဘာကြီးရဲ့ထောင့်လေးထောင့်ကနေ လာကြလေသည်။ အုပ်ချုပ်ရေး အဆောက်အဦးကို တည်ထောင်တုန်းက ဖုန်းရွှေ သခင်တစ်ယောက် ကိုယ်တိုင်လာလည်ခဲ့လေသည်။
ရှီရှန်းကျင်းရဲ့ အဆင့်ကလည်း သာမန်မဟုတ်တာမို့ ကျောင်းအုပ်ဒါရိုက်တာဝမ် ကိုယ်တိုင်လာကြိုသည်။
ရှီရှန်းကျင်းက အရင်ကလည်း ဒီကိုလာလည်ပေမဲ့ ရလဒ်က သူ့ကိုအနည်းငယ် စိတ်ပျက်စေသည်။ အခု ထပ်လာလည်တော့ သတင်းပြန့်သွားတော့လေသည်။
ဒီကိစ္စကို သိသွားတာနဲ့ လူတွေ ကြောက်လန့်လာကြတာမို့ ဖြေရှင်းမှဖြစ်မည်လေ မဟုတ်ရင် ကျောင်းသားသစ်တွေ လာတော့မှာမဟုတ်ပေ။
ကျောင်းအုပ်က ချွေးသုတ်ကာ “ဒီလိုဂိမ်းမျိုးဆော့ဖို့ကိုတော့ တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ် ဒါပေမဲ့ သူတို့သိချင်စိတ်ကိုတော့ ဖိနှိပ်လို့ရဘူးလေ ဒီလိုကျောင်းသားတွေက နှစ်တိုင်းပါနေကျပဲ”
တစ်ခါတလေကျ သူတို့ကင်းလှည့်နေတုန်း အဲလိုလုပ်တာတွေကိုလည်း တွေ့ရတတ်သည်။
အပြင်းထန်ဆုံးဆိုရင်တော့ သူတို့ညလယ်ကြီး မီးမဖွင့်ဘဲ ဆော့နေတာကိုမိတာပဲ သူတို့က စားပွဲပေါ်က ပန်းကန်တွေကို ပြောင်းပြန်ထားပြီး တအားကို ကြောက်နေတတ်ကြသည်။ ကျောင်းက လူတိုင်းကို သတိပေးပြီး အဲလိုမလုပ်ဖို့ တားမြစ်ရတဲ့ထိပင်။
“ဒီခေတ်လူငယ်တွေက အဲလို ဘောပင်တွေ ပန်းကန်လုံးတွေနဲ့ ဆော့ရတာ တအားစိတ်ဝင်စားကြတာမို့ တားရခက်တယ် သူတို့က သဘာဝလွန်ဆိုတာ အတုလားအစစ်လား ဆိုတာတအားကို စပ်စုချင်ကြတာ အခု မတော်တဆတွေဖြစ်လာတာပဲ”
ဒါရိုက်တာဝမ် သက်ပြင်းချလိုက်သည်။
ကျောင်းအုပ်အနေနဲ့ ရဲတွေဆီက သိရတဲ့ သတင်းတွေ ပြီးတော့ ဒီမတော်တဆ သုံးခုက မတူတာတွေ သေတာကလည်း ဆိုးဆိုးဝါးဝါးသေတာတွေကို သူသိပြီးပြီပင်။
အထူးသဖြင့် စုရွှဲကိစ္စ အဲဒါက ရက်ရက်စက်စက်သတ်တာနဲ့ ထူးမခြားနားပင်။
လူလုပ်တာလို့ သူလည်းမထင်ပေ။
အာ့ကြောင့်လည်း ရှီမိသားစုကို တိတ်တိတ်လေးဖိတ်ခဲ့တာ ကံကောင်းချင်တော့ ရှီမိသားစုကလည်း မငြင်းခဲ့ပေ။
နင်မုန့်က ရှီချီ လက်ကိုကိုင်ပြီး အသံတိုးတိုးနဲ့ “ပန်းကန်လုံးနတ်သမီးနဲ့ ကလောင်နတ်သမီးတွေက အကုန်တူတူလောက်ပဲမလား”
စနစ်က “အကြီးကြီးကွာတယ် သာမန်အားဖြင့် ပန်းကန်လုံးနတ်သမီးတွေက ရည်ရွယ်ချက်ကောင်းတွေမှာ အသုံးချကြတာ လူတွေကလည်း တကယ့်ကို ဝိညာဉ်ကောင်းတွေကိုပဲ ဖိတ်မိတတ်ကြပြီးတော့ သရဲတွေကို ခေါ်ခဲတယ် ဒါက ကလောင်နတ်သမီးနဲ့ တခြားစီပဲ အာ့ကြောင့်လည်း သရဲခေါ်တဲ့ဂိမ်းလို့ တစ်ခုကိုခေါ်ပြီး တစ်ခုကိုကျ ဂမ္ဘီရဉာဏ်နည်းလမ်းလို့ခေါ်တာပေါ့”
အရင်ကထူးဆန်းတယ် နောက်ပိုင်းကျ သာမန်ပဲ။
နင်မုန့် ကြောင်သွားကာ “ငါ တူတူပဲထင်နေတာ”
သူမ သရဲပုံပြင်တွေအများကြီး မြင်ခဲ့လို့နေမည် ကလောင်နတ်သမီးထက်တောင် ပန်းကန်လုံးနတ်သမီးတွေက သူမ အတွက်ပိုကြောက်ဖို့ကောင်းခဲ့တာလေ။
ရှီရှန်းကျင်းက ဂရုတစိုက်နဲ့ “အထဲ ဝင်ရအောင်” လို့ပြောလိုက်သည်။
ဒါရိုက်တာဝမ် သူ့နောက်က လူတွေကို ကြည့်ပြီး “ဒါကလေးနဲ့ ဒီအမျိုးသမီးကြီးးက…”
အဘွားအိုက ၇၀ လောက်ရှိပြီး မျက်နှာမှာလည်း အရေကြောင်းတွေပြည့်နေသလို လမ်းတောင်မြန်မြန်မလျှောက်နိုင်တော့ချေ။
သူတို့ကို ဘယ်သူကများ ဒီခေါ်လာတာလဲ တကယ်လို့ ရှင်းမပြနိုင်တာတွေမြင်ပြီး မူးလဲသွားရင် ဘယ်လိုလုပ်မလဲ သူတို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ
နင်မုန့် ကတော့ မျက်နှာသေနဲ့ပင်။
သူမ တနေ့ကျ သူမက တအားအိုနေလို့ကျောင်းထဲ ဝင်ခွင့်မပြုခံရတဲ့နေ့ ရောက်လာမယ်တောင် မထင်ထားချေ။
“အမေ” ရှီရှန်းကျင်း ခေါ်လိုက်သည်။
သူ နောက်ထပ် ဘာမှမပြောနိုင်ခင်မှာပဲ ဒါရိုက်တာက အမြန်လေသံပြောင်းကာ “ကြွကြပါ” လို့ပြောလိုက်တော့သည်။
ရှီမိသားစုက အဘွားအိုက ဘယ်သူလဲဆိုတာ သူသိသည်။ အရင်က မမြင်ဖူးပေမဲ့ အံဩဖွယ်ရာ သားနှစ်ယောက်ကို မွေးထုတ်ထားတဲ့သူမို့ သူမက လေးစားဖွယ် အမျိုးသမီးတစ်ယောက်ပင်။
ဒါရိုက်တာဝမ်က “ဘွားဘွားကြီးလည်း လာပေးတာကို ပင်ပန်းသွားရပြီ”
နင်မုန့် အေးစက်စွာ ခေါင်းညိတ်ပြလိုက်သည်။
သူမလိုပဲ ရှီချီက တစ်ချက်တောင်မကြည့်ချေ။
ဒါရိုက်တာဝမ်က တအားစကားမများ စုချင်းချင်း အဆောင်ကိုအရင်ခေါ်သွားပေးသည် ချိတ်ပိတ်ထားတာမို့ သူတို့ပဲ ဝင်လို့ရသည်။
အဆောင်က နွေဖြစ်တာတောင် လုံးဝကိုရှင်းလင်းနေပြီး အထဲမှာ တအားကိုအေးစက်နေသလိုပင်။
နင်မုန့် တံခါးကို ဝင်လိုက်တာနဲ့ သူမရှေ့က အဆောင်က အမဲရောင် မြူတွေဖုံးနေသလိုပင်။
တချို့နေရာတွေက ထူထဲပြီး တချို့နေရာတွေကျပါးလျသည်။
ဒါကြောင့်လည်း တအားအေးစက်သလိုဖြစ်နေလေသည်။
ဒါကလည်း သာမန်မဟုတ်တာကို ပိုပြီး သိသာစေသည်။
ရှီရှန်းကျင်းက ဟွမ်လီအိပ်ရာရှေ့မှာ ရပ်ကာ ရုတ်တရက် “ဒီမှာ ယင်လေက အများဆုံးပဲ”
ဝတ္ထုထဲက ဇာတ်ကြောင်းကို ပြန်သတိရိုက်ကာ နင်မုန့်မနေနိုင်ဘဲ အထင်သေးစွာပြောလိုကသည်။ “နင်ငါ့ကို ဘယ်လို အမှိုက်လို ယင်ယန်မျက်လုံးမျိုးပေးထားတာလဲ ငါဝင်လိုက်တဲ့နေရာတိုင်း အမဲရောင်မြူတွေပဲမြင်နေရတယ်”
ဒါပေမဲ့ သူမ အကြီးဆုံးသားကတော့ မတူ
စနစ်က “မင်း ပိုင်ဆိုင်ထားတာက ရှီမိသားစုနဲ့ယှဉ်လို့ရတဲ့ မတူညီတဲ့ယင်ယန်မျက်လုံးတွေ”
နင်မုန့်က မျက်စောင်းထိုးကာ “အေး သေချာပေါက် ကွာခြားတာပေါ့ ငါ သရဲကဘယ်မှာလဲဆိုတာ မမြင်ရဘူးလေ အမဲရောင် မြူဘောလုံးကြီးပဲ မြင်နေရတာကို”
“ဒါနဲ့တင် နင်ကျေနပ်သင့်တာ” စနစ်က မနေနိုင်ဘဲ “ရှီမိသာားစုက ယင်ယန်မျက်လုံးက ယင်ယန်လေတွေ ဘယ်မှာရှိလဲဆိုတာပဲ သိနိုင်တာ သရဲတွေက မင်းမြင်တဲ့ နေရာက သရဲတွေတကယ်ရှိတဲ့နေရာ”
ဟမ်
စနစ်ပြောပုံအရ နင်မုန့် ရှီမိသားစုက ဘယ်လိုယင်ယန်မျက်လုံးမျိုးရှိလဲဆိုတာ သဘောပေါက်သွားပြီပင်။ အဲဒါကြောင့်လည်း အဘွားအိုရဲ့ သားအကြီးက ဒီပြသာနာကို မဖြေရှင်းနိုင်တာပေါ့။
ရှီမိသားစုပိုင်ဆိုင်တာက အာရုံခံစွမ်းရည်ကလွဲပြီး ဘာမှမဟုတ်ဘူး ဆိုတော့ ယင်ယန်မျက်လုံးက အပြင်လောကအတွက် ဘာများပိုထူးခြားနိုင်မှာမို့လို့လဲ။
အဲလိုဆို ရှိချီ ယင်ယန်မျက်လုံးကကော ပြောင်းလဲသွားတာလား။
ဝတ္တုထဲမှာ သူက သရဲတွေကို သေချာမြင်ရတာတဲ့ သူတို့ ဘယ်မှာရှိလဲသိသလို သူတို့ဘယ်လိုပုံစံလဲဆိုတာလည်းသိတယ် အံဩဖို့အကောင်းဆုံးက သူက သူတို့ကို ထိပါထိနိုင်တာပဲ။
အဲဒါကို ယင်ယန်မျက်လုံး အစစ်လို့ခေါ်ကြလေသည်။
–
စာရေးဆရာမှာပြောစရာရှိပါတယ်
အဲဒါကြောင့်လည်း ၁၇ ကအဓိက ဇာတ်ဆောင်ဖြစ်တာပေါ့ ဟဟဟ
အိပ်ရာရှေ့မှာ မှန်မထားပါနဲ့ ဖုန်းရွှေအတွက်မကောင်းလို့ပါ
တကယ်တန်း ဒါကိုမပြောသေးနဲ့ဦး ညလယ်ကြီးနိုးလာပြီး ကိုယ့်ရဲ့ ပုံရိပ်ကို မှန်ထဲမှာ မြင်ရရင်တော့ ကြောက်ကြမှာမဟုတ်ဘူးလား။