RENH အပိုင်း ၆

အခန်း ၆။ သဘောကောင်းတဲ့ အဘွား

ခြံဝင်းက ပန်းတွေပြည့်နေပြီး ခုတင် ကောင်မလေးတစ်ယောက်က သူ့ကို အသီးတွေ ပေးနေသည်။ သူဒီလို ဆက်ဆံမှုမျိုးကို ပင်မအိမ်မှာမကြုံဖူးခဲ့ပေ။

သူနဲ့ သိပ်မလှမ်းမကမ်းမှာ ရပ်နေတဲ့ အဘွားအိုကို ရှီချီလှမ်းကြည့်လိုက်သည်။ သူမက သူ့ကို ဖူးပွင့်စ ဂန္ဓမာပန်းလို ပြုံးပြီးကြည့်နေကာ သူမဘေးမှာလည်း ကောင်မလေးတစ်ယောက်က ကူတွဲပေးထားသေးသည်။

ဒါကသူ…. အဘွားလား။

အစိမ်းရောင်မျက်လုံးတစ်စုံက သူမကို သေချာစိုက်ကြည့်နေသလို သူ့ကြည့်ရတာ တုန်လှုပ်နေသလိုပင်။

နင်မုန့် သူ့ကို တချက်ကြည့်လိုက်တော့ သူ့လက်တွေက ဘေးက အင်္ကျီစကို ကျစ်ကျစ်ဆုပ်ထားတာကို တွေ့လိုက်ရသည်။ ဘာလို့ သူတအားကြာနေလဲ ဆိုတာကို သူမ ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုကလေးလေးကို သူမက ခပ်ဖွဖွလေး “၁၇ ဘွားကို ဘွားဘွားလို့ခေါ်ပါဦး”

တကယ်လို့ သူမ အပြုံးက ဂန္ဓမာပန်းအိုကြီးနဲ့တူတယ်လို့ ရှီချီက မြင်တယ်ဆိုတာ သိရင် နောက်ဆက်တွဲက မတွေးရဲစရာပင်။

လီရှက ဘေးကနေ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ ဘွားဘွားကြီးက ကလေးကို အခက်တွေ့အောင် လုပ်နေတဲ့ အဘွားကြီးလိုပင်။

ကလေးနားနားကပ်ကာ “ဘွားဘွားကြီး နားတွေက သိပ်မကောင်းဘူး ဆိုတော့ သခင်လေးချီ နာမည်ကို ၁၇ လို့ ထင်နေတာ သခင်လေးချီ ဘွားဘွားကြီး ပြောတဲ့အတိုင်းပဲ နားထောင်လိုက်နော်”

ရှီချီက နှုတ်ခမ်းလေးကိုက်ကာ တော်တော်ကြာတဲ့ထိ စကားမပြောပေ။

လူတွေ အားလုံးက သူပြန်မပြောဘူးလို့ ထင်နေတုန်းမှာပဲ သူ့အသံက ရုတ်တရက် ဧည့်ခန်းထဲ ထွက်ပေါ်လာတော့သည်။ “ဘွားဘွား”

သူ့အသံလေးက ကလေးငယ်လေးလို နူးညံ့မှုမျိုးမပါဘဲ ကွဲအက်လို့နေသည်။

ဒါကို တွေးမိတာနဲ့ နင်မုန့် မျက်မှောင်ကြုတ်လိုက်မိသည်။ နဖူးက အရေပြားတွန့်နေတာတွေက ပိုတောင် ထင်းသွားသည်။

အသံက ဒီလောက်ထိ စိတ်သောကရောက်စရာ ကောင်းနေမယ်လို့ သူမ မထင်ထားခဲ့ သူ့အဖေက ခုတင်ကွယ်လွန်သွားလို့ သူက တအားငိုထားသလိုမျိုးလေ မဟုတ်ရင် ကလေးတစ်ယောက်အသံက ဘာလို့ ဒီလောက်ထိ ကွဲအက်နေမှာလဲ။ သူသွင်ပြင်လေးကလည်း လေတိုက်တာနဲ့ လဲသွားတော့မလို အာ့ကြောင့်လည်း ရှီချုံ အနိုင်ကျင့်တာ ခံရတာ ဖြစ်မည်။

သူ့ပုံစံလေးကလည်း နောင်ကျ ရက်စက်မဲ့လူပုံစံလည်း တစက်မှမပေါက်ပေ။

သူမ မျက်နှာချင်းဆိုင်မှ ရှီချီက သူမ ပြန်မဖြေတာမြင်တော့ လက်ချောင်းလေးတွေကို လိမ်ကာ အောက်နှုတ်ခမ်းလေး ကိုက်ပြီး သူ့နေရာမှာ ရပ်နေမိသည်။

အဘွားအို ကြည့်ရတာ စိတ်ဆိုးသွားသလိုပင်။ သူမစိတ်ဝိညာဉ်ကလည်း နောက်ဘက် ကောင်းကင်ဘုံကို ပြန်ရောက်သွားတဲ့အတိုင်း ဇိမ်ခံဘဝတစ်ခုမှာနေပြီး သူမ မြေးတွေကို ပျိုးထောင်ဖို့က သူမတာဝန်ပင်။ အစက စာအုပ်ရဲ့ဇာတ်ကြောင်းကို ဖတ်ပြီးတော့ သူမက ရှီချီဆီကနေ သူမကိုယ်ပိုင် အကျိုးအမြတ်ရအောင် လုပ်မလို့ ဖြစ်သည်။

ဒါပေမဲ့ အခု သူမကိုယ်တိုင် ဒီပိန်ပါးပြီး အားနည်းတဲ့ကလေးကိုမြင်တော့ သူမရဲ့နူးညံ့တဲ့နှလုံးသားလေးက ချက်ချင်း ပေါ်ထွက်လာတော့လေသည်။

သူမ ကလေးကတည်းက မိဘမဲ့ဖြစ်ခဲ့သလို မိဘတွေကလည်း ဘယ်သူမှန်းမသိ ဆိုတော့ အခု ၁၇ လေးမှာလည်း သူ့မိဘတွေမရှိတာမြင်တော့ သူ့ကို တနည်းနည်းနဲ့ စာနာမိနေမိသည်။

ဝတ္ထုထဲမှာ သူက အဘွားအိုပေါ် မျှော်လင့်ချက်တွေ အများကြီးထားခဲ့ပေမဲ့ သူပြန်ရတာက မတူညီမှုတွေ ပြသာနာအတွဲလိုက်ရဲ့ အစတွေပင်။ သူမက ဒီအပြစ်ကင်းတဲ့ကလေးလေးကို နောင်ကျ ရက်စက်တတ်အောင် ခွင့်ပြုလိုက်မှာလား။

လီချွင်က အဘွားအို နားနားကပ်ကာ အမြန် သတိပေးလိုက်သည်။ “ဘွားဘွားကြီး ဘာတွေတွေးနေတာလဲ”

နင်မုန့် အသိဝင်လာကာ “၁၇ လေးက တအားပိန်တာပဲလို့ ငါတွေးနေတာ ငါတို့ သူ့ကို ဝအောင်လုပ်သင့်တယ်”

လက်တဖက်ကို ဆန့်ပြီး စိုးရိမ်နေတဲ့ကလေးရဲ့ခေါင်းလေးကိုထိလိုက်သည်။ သူ့ကြည့်ရတာ အာဟာရ သိပ်မရှိပုံပေါ်ပေမဲ့ သူ့ဆံပင်လေးက တအားနူးညံ့ပြီး မဲနက်နေသလို ထိလို့ အရမ်းကောင်းမဲ့ပုံလေးပင်။

‘တိရိစ္ဆာန်သေးသေးလေးကို ပွတ်သပ်နေရသလိုပဲ’ နင်မုန့် သူမစိတ်ထဲတွေးလိုက်မိသည်။

ပိုလေးနက်တဲ့အသံနဲ့ “၁၇ မင်း တအားပိန်တာပဲ နောင်ကျ ပိုသန်မာပြီး ကျန်းမာအောင် များများစားရမယ်နော်”

အဓိကကတော့ အဲကြွက်စုတ် ရှီချုံကို ရိုက်ချပစ်နိုင်ရမယ်။

ဆိုတော့ သူဝဖို့ လိုတယ် ဝတာမှ တကယ်ကြီးကို ဝရမှာ။

လီရှက သေချာလေးတွေးကာ “ဘွားဘွားကြီး သမီးတို့ ဒေါက်တာကို သခင်လေးချီ ကိုယ်ကို စစ်ခိုင်းပြီး သူ့အခြေအနေ ပေါ် မူတည်ပြီး စားစရာ ညွှန်ကြားခိုင်းရင်ကော”

“ညည်းပြောတာမှန်တယ် ငါ အတွေးတိမ်သွားတယ်” နင်မုန့်ခေါင်းညိတ်ကာ “ဒေါက်တာ ခုချိန်လောက်ဆို ရောက်သင့်ပြီမလား”

“ဟုတ်ကဲ့ သမီး သွားခေါ်လိုက်မယ်”

ဘွားဘွားကြီးက သူမကို ညွှန်ကြားပြီးတော့ တစ်ထပ်အိမ်လေးရဲ့ဒေါက်တာက အမြန်လိုအပ်တဲ့ပစ္စည်းတွေ အကုန်ယူပြီး ချက်ချင်း ရှီချီကို စစ်ဆေးပေးသည်။

အဖြူရောင်ကုတ်နဲ့ မျက်မှန်ကို ဝတ်ဆင်ထားကာ လက်မှာလည်း ပစ္စည်းတွေကိုင်ထားတော့ ရှီချီက အလိုလို တွန့်ဆုတ်သွားတော့သည်။

“ဘွားဘွားကြီး သခင်လေးချီက အာဟာရဓာတ်ချို့တဲ့နေသလိုပဲ”

“သခင်လေးချီ အင်္ကျီလေး လှန်လိုက်ပါဦး”

ရှီချီက အင်္ကျီလှန်လိုက်တော့ သူ့ရင်ဘတ်က နံရိုးတွေ အတိုင်းသားပေါ်နေလို့ ဒေါက်တာတောင် ကြောင်သွားတော့သည်။ ဘာအသားမှ ရှိမနေပေ။

အေးစက်တဲ့အရာက သူ့ကိုယ်ကို ထိလာတော့ ရှီချီက လက်သီးလေး ဖွဖွဆုတ်လိုက်မိသည်။

နင်မုန့်က သူကြောက်နေတယ်ထင်တာနဲ့ ဘေးကနေ “ဘာမှမဖြစ်ဘူး ခနနေ ပြီးသွားမှာ”

ရှီချီခေါင်းညိတ်ပြကာ ဘာမှမပြောချေ။

စစ်ဆေးချက်တွေ တသီကြီး လုပ်ပြီးသွားတော့ ဒေါက်တာက သူ့ပစ္စည်းတွေ သိမ်းကာ “သခင်လေးချီက ပြင်းထန်တဲ့ရောဂါ ရှိနေတာမျိုး မဟုတ်ပါဘူး အာဟာရရှိတာတွေ သိပ်မစားခဲ့ရလို့ပါ ဖြည်းဖြည်းချင်း သွားတာ ပိုကောင်းလိမ့်မယ် ဘွားဘွားကြီး အစာကြေလွယ်တဲ့ ဆန်ပြုတ်လိုမျိုး တိုက်ပေး ဒီည ရတနာ ၈မျိုး ကြာစေ့ စွပ်ပြုတ်ဆိုရင်ကော”

နင်မုန့်က “ကောင်းပြီ” လို့ပြန်ဖြေလိုက်သည်။ တစ်ခါတည်းနဲ့ ဝအောင်မလုပ်နိုင်ဘူးဆိုတာ သိသည်။ တအားလွန်သွားရင် သူ့ကိုပဲ ဘေးဖြစ်စေမှာ။

ရှီချီက သိပ်နားမလည် ကြာစေ့က ဘာလဲသိပေမဲ့ ကြာစေ့ စွပ်ပြုတ်ဆိုတာ ဘာလဲ။

မျက်တောင်လေးခတ်ပြီး ဘာမှမပြောချေ။

နင်မုန့်က သူ့မျက်နှာလေးကို ဆွဲလိုက်တော့ ထိရတာ အိပေမဲ့ ဘာအသားမှလည်း ရှိမနေပြန်ချေ။

“ဒီည ကြာစေ့စွတ်ပြုတ်စားကြမလား” သူမမေးလိုက်သည်။

ရှီချီက သူမ လုပ်ချင်သလို လုပ်ခွင့်ပြုထားပြီး နာခံစွာ “ဟုတ်ကဲ့” လို့ပြန်ဖြေလာသည်။ သူ့အသံလေးက နည်းနည်းတော့ ကွဲအက်နေသေးပေမဲ့ အရမ်းကိုမှ ပျော့ပျောင်းသည်။

နင်မုန့် သူ့မျက်နှာလေးကို ထပ်ဆွဲလိုက်ပြန်သည်။

ဒီကလေးက တအားနာခံလွန်းတာကလည်း သူမကို ဖိအားများစေတာပဲ ဒါပေမဲ့လည်း အခု သူမက သူ့အဘွားဖြစ်လာပြီဆိုတော့ သူ့ကို သေချာဂရုစိုက်ပေးရမည်ပင်။

လီချွင် နဲ့ လီရှက လေ့ကျင့်ရေးတွေ အများကြီး ဖြတ်ကျော်ပြီးမှ ဒီကို ပို့ခံရလေသည်။ သူတို့ ဟင်းချက်စွမ်းရည်က ထိပ်တန်းတော့မဟုတ်ပေမဲ့ အခြေခံအရာလေးတွေကိုတော့ လုပ်တတ်ဆဲပင်။

ပြီးတော့ အဘွားအိုက သူတို့ကို ကြာစေ့စွတ်ပြုတ်လုပ်နည်းသင်ပေးလိုက်တော့ သူတို့ အမြန်ပြင်ဆင်ပေးလိုက်ကြသည်။

ရတနာ ၈ ပါ ကြာစေ့ စွတ်ပြုတ်ဆိုတာ သူ့နာမည်အတိုင်းပင်။ အဓိက ပါဝင်ပစ္စည်း ၈ မျိုးပါပြီးတော့ တစ်မျိုးချင်းစိီတိုင်းမှာ အာဟာရဖြည့်တာတွေ ခန္ဓာကိုယ်ကို အားပြန်ဖြည့်ပေးတာတွေ အတွက်အလွန်ကိုမှ သင့်တော်သည်။

အခု နွေဖြစ်တာကြောင့် ကြာစေ့တွေကလည်း ပေါသည်။ သတင်းကြားတော့ ပင်မအိမ်က လတ်ဆတ်တဲ့ ကြာစေ့ တွေနဲ့ တခြားလိုအပ်တာတွေ အမြန် ပို့ပေးသလို ခုမှ ပွင့်တဲ့ ကြာဖူးကိုတောင် ပို့ပေးလာသည်။

အဲဒါက ပုလင်း အကြည်ထဲကိုစိုက်ထားပြီးတော့ တောက်ပလို့နေသည်။

“ဝိုး” နင်မုန့် အံဩလွန်းလို့ ငိုမိတော့မလိုပင်။

မြို့က အဆောက်ဦးမြင့်တွေကြောင့် ကြာပန်းတွေမြင်ဖို့ ဆိုတာ ခက်ခဲသည်။ သူတို့ကိုမြင်ရဖို့ တကူးတက သူတို့ရှိတဲ့နေရာ သွားလည်မှသာ ရသည်။

ကျန်းနန် ဧရိယာတချို့ကို သွားရင်တော့ ကြာပန်းတွေကို မြင်ရကောင်း မြင်ရလိမ့်မယ် ဒါပေမဲ့ နိုင်ငံခြားသားတွေလည်း လာကြတာမို့ မြင်ရရင်တောင် ထိလို့လည်း မရသလို ခူးလို့လည်းမရပေ

ဒီကြာပန်းက ပွင့်ပွင့်ချင်း အခူးခံရမှန်း သိသာလှသည်။ တအားကိုမှ လန်းဆန်းပြီး ရနံ့ မွှေးမွှေးလေးရှိသလို တော်တော်လေးလည်းလှသည်။

နင်မုန့်က ပြတင်းပေါက်ဘေးက စားပွဲပေါ် တင်လိုက်သည်။ အပြင်ကိုမျက်နှာမူကာ လေတွေ တိုးဝင်လာတဲ့အခါ ယိမ်းနွဲ့နေအောင်ပင်။

ရှီချီက သူမဘေးမှာရပ်ပြီး သူမ ဘယ်သွားသွားလိုက်သည်။

ပြတင်းပေါက်ကနေ သူ ဟင်းသီးဟင်းရွက်စိုက်ခင်းကို မြင်ရသည်။ ဒီမြင်ကွင်းက ရှီမိသားစုမှာ မြင်ရဖို့ သူမျှော်လင့်ထားတာမဟုတ် ရှီချီတောင် ခနလောက်ကြောင်သွားသည်။

နင်မုန့်က သူ့ခေါင်းလေးကို ပွတ်ကာ “ကြာပန်းက ကြည့်ကောင်းလား”

ဟင်းသီးဟင်းရွက်စိုက်ခင်းကို သူကြည့်နေတာမြင်တော့ သူတစ်ခုခုကိုတွေးနေသည်ဟုထင်ကာ သူမက “မင်း အဲက တစ်ခုခုစားချင်ရင် ခူးပြီး မမ နှစ်ယောက်ကို ချက်ဖို့ပေးလိုက်”

ကြောင်သွားကာ ရှီချီ “အိုခေ” ဟုသာ ခပ်ဖွဖွပြန်ပြောလာသည်။

အဘွားအို အဖြစ် တော်တော်ကြာသရုပ်ဆာင်လိုက်တာ သူမ ကျင့်သားတောင်ရလာတော့မလိုပင်။

လှုပ်ရှားတာ အဆင်မပြေတာ မြင်ကွင်းဝါးနေတာတွေကတော့ နင်မုန့် အကုန်လျစ်လျုရှုလိုက်သည်။

ပြောရရင် သူမ အကျိုးအမြတ်တောင်ရသလိုပဲ။

နင်မုန့် ရှီချီကို ဖြည်းဖြည်းချင်း အပြင်ဘက်ကို ဆွဲခေါ်သွားလိုက်သည်။ နွေညလေက သူတို့ကိုယ်ကို ဖြတ်တိုက်လာပြီး အေးစက်မှုတချို့ကိုလည်း သယ်ဆောင်လာခဲ့သည်။

လက်ကြီးကြီး တစ်ခုက လက်သေးသေးလေးတစ်ခုကို ကိုင်ပြီး လူနှစ်ယောက်သား ကော်ရစ်တာကို လျှောက်လာကြသလို ပုရစ်သံလေးတွေကို ကြားနေရသည်။

ရှီချီက အဘွားအိုကို ခိုးခိုးကြည့်နေသလို သူ့ရင်ထဲ နွေးထွေးနေပြီး လှိုင်းထနေသလိုပင်။ သူ့အဖေကလွဲပြီး ဘယ်သူမှ အရင်က သူ့ကိုဒီလောက်ထိ ဂရုမစိုက်ဖူးပေ။

နောင်ကျ သူသေချာပေါက် သူမရဲ့လက်ရှိကြင်နာမှုတွေအတွက် အဘွားအိုကို ပြန်ဂရုစိုက်ပေမည်။

အလှတရားက အရိုးထဲမှာ ရှိပြီး အရေပြားမှာပဲ မရှိဘူးဆိုတာ အမှန်ပင်။ ဒီကလေးကလည်း ခြွင်းချက်မဟုတ် သူ့သွင်ပြင်က နူးညံ့ပြီး လှပသလို သူ့နှာတံလေးကလည် ရှည်ပြီး သူ့မျက်လုံးတွေက နက္ခတာရာပြန်ခန်းက ညကောင်းကင်မှာမြင်ရတဲ့ စူးရှတဲ့ အစိမ်းရောင် မျက်လုံးမျိုးပင်။ သူ့နှုတ်ခမ်းပါးတွေကလည်း မျဉ်းဆွဲထားသလို ဖြောင့်တန်းနေပြီး အနည်းငယ်အေးစက်တဲ့ပုံပင်။

အဲလိုဆိုရင်တောင် သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေပါတယ်ဆိုတဲ့ ခံစားချက်မျိုးကို မပေးပေ။

နင်မုန့် ပြောချင်တာတွေရှိပေမဲ့ အကုန် ပြောမထွက်သလို ဖြူဖျော့နေတဲ့ကလေးကိုသာ ကြည့်နေမိသည်။

နင်မုန့်စိတ်ထဲမှာလည်း ဒီကလေးကို သေချာပေါက် ပိုဝအောင် အကောင်းဆုံးလုပ်ရမည်ဟု ဆုံးဖြတ်ထားတော့သည်။

ဒီနေ့က စပြီး သူမက အဘွားအို တစ်ယောက်လိုနေမည်။ ကျန်တဲ့ သူမ ဘဝ နေ့ရက်တွေကို ကလေးကိုပျိုးထောင်မည်ပင်။ တွေးကြည့်တာနဲ့ဘဝက ပျော်ဖို့ကောင်းသွားသလိုပင်။ ပြီးတော့ တစ်ခုခုကို ပျိုးထောင်တာက လူတွေအများကြီး စိတ်ကူးယဉ်နေတဲ့အရာလေ။

နှစ်ယောက်သား ဥယျာဉ်ထဲ ခနလောက် ပတ်လျှောက်နေခဲ့သည်။ နင်မုန့်က ဒီအခွင့်အရေးကိုယူပြီး သူ့ကို ဒီတစ်ထပ်အိမ်လေးက နေရာတချို့ကို ရင်းနှီးအောင်လုပ်ပေးလေသည်။ လီချွင်ခေါ်သံကြားမှသာ သူတို့ ပြန်လာခဲ့ကြသည်။

လီရှက ပင်မအိမ်ကိုသွားနေပြီး လီချွင်က ဂရုတစိုက်နဲ့ ညစာပြင်ပေးနေသည်။ ကြာစေ့စွတ်ပြုတ်ကို စားပွဲပေါ်တင်ရင်းပေါ့။

နင်မုန့်က ရှီချီကို ထိုင်ခိုင်းတော့ သေးငယ်တဲ့ရှီချီလေးက စားပွဲကြီးနဲ့ယှဉ်ရင် ပိုတောင် သေးသွားသလိုပင်။ သူမ သူ့ရှေ့ကို ပန်းကန်လေးတွန်းပေးကာ “ဒီည ဒါပဲ စားရမယ်နော်”

ပန်းကန်းသေးသေးလေးက ဖောက်မြင်နေရကာ ကြာစေ့ထဲအရောင်က အနီရယ် အဝါရယ် အမဲရောင် ပဲတွေရယ် သကြားလုံးအပျော့ရယ် ဇီးသီးရယ်က အရသာရှိမဲ့ပုံလေးပင်။ ကြည့်လိုက်တာနဲ့ သားရေယိုနိုင်တာမျိုး ဖြစ်သည်။

ပန်းကန်အထက်နားမှာ အငွေ့တွေတလူလူနဲ့အနံ့မွှေးမွှေးလေးက ရှီချီ နှာခေါင်းထဲ တိုးဝင်ကာ သူ့အိမ်ကို သတိရစေသည်။

သူမှတ်မိသလောက်ဆို သူ့အမေကို သူတစ်ခါမှမမြင်ဖူးသလို သူ့အဖေကသာ သူ့ဘေးမှာအမြဲရှိနေမှာပင်။

သူတို့နှစ်ယောက်ပဲ အပြန်အလှန် အားကိုးနေရပြီး တူတူ ဆင်းရဲငတ်မွတ်တဲ့ နေရာမှာ နေခဲ့ကြလေသည်။ သူမြင်နေကျ မြင်ကွင်းတွေက လူတွေ ရန်ဖြစ်တာ ငြင်းခုံနေကြလေသည်။ နေ့ည အော်သံတွေ ရိုက်နှက်သံတွေက သူ့နားထဲ မြည်နေပြီး အေးချမ်းတဲ့နေ့ဆိုတာ တစ်နေ့လေးတောင်မရှိ

လွန်ခဲ့တဲ့ လဝက်လောက်က သူ့မှာ မှီခိုစရာဆိုလို့ တစ်ယောက်တည်းရှိတဲ့အဖေက ရုတ်တရက် သူရှေ့ဆက်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောလာခဲ့သည်။

အိပ်ရာထဲလှဲနေတဲ့ အဖေရဲ့အကြံကို နားထောင်ပြီး သူ ရှီမိသားစုကိုရောက်ရှိလာခဲ့တာ ဖြစ်သည်။

ဒီလိုလှပတဲ့အိမ်တစ်လုံးကို သူတစ်ခါမှမမြင်ဖူးခဲ့ပေ။ သူ့အိမ်နီးချင်းတွေ တီဗီမှာ မြင်လို့ ပြောတဲ့အရာတွေအတိုင်း အတိအကျလေ။ အိမ်ထဲကလူတွေက သေချာ ဝတ်စားထားပြီးတော့ သန့်ရှင်းတယ်။ စကားပြောတာကလည်း နူးနူးညံ့ညံ့နဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတယ်။

စံအိမ်ကိုဝင်တော့ သူနဲ့သက်တူရွယ်တူ ကလေးနှစ်ယောက်ကို သူမြင်ခဲ့သည်။ သူတို့က သူ့ပတ်ဝန်းကျင်က သူမြင်ဖူးတဲ့ အချမ်းသာဆုံး လူတွေထက်တောင် ပိုကောင်းသလို အရမ်းလည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာရသလိုပင်။ သူနေရာအမှားကို ရောက်လာမိသလိုမျိုးတောင် ခံစားရတာ။

ဒါပေမဲ့ ဘယ်သူကမှ သူ့ကို ဂရုမစိုက်ကြဘူး လူတွေအများကြီးက သူ့ကို မမြင်ချင်ယောင်ဆောင်နေကြတာ ရှီချီကို စကားမပြောတတ်သလိုမျိုးလေ။

ဒါက ဒီ တစ်ထပ်အိမ်လေးကို သူရောက်မလာခင်ထိပင်။ ဒီနေရာကနွေးထွေးမှုက သူ့ကို အေးချမ်းစေသည်။

‘ဒီအဘွားက သူ့အပေါ်တကယ်ကောင်းတာပဲ’ ရှီချီ သူ့ဘာသူတွေးလိုက်မိသည်။

နင်မုန့်က စနစ်ကို စကားပြောနေသည်။ “နင့်မှာ ငါ့ကိုမသေဘဲ သူ့ယင်ယန် မျက်လုံးကို ပွင့်အောင် လုပ်လို့ရမဲ့ နည်းလမ်းရှိလား”

စနစ်က အားနည်းစွာ ပြန်ဖြေလာသည်။ “နင့်အကြီးဆုံးသားဆီ သွားလို့ရတယ် ကလောင်နတ်သမီး ကိစ္စက အဲဒါအတွက် အကောင်းဆုံးအခွင့်အရေးပဲ ပြီးတော့ သူ သွေးမြင်စရာလည်း မလိုဘူး သေ့ာချက်က အဓိက အချိန်ကို တွန်းပို့နိုင်ဖို့ပဲလိုတာ”

နင်မုန့် ရုတ်တရက် ချွေးတွေပြန်လာသလိုပင်။

စနစ်စကားအရ ကလောင်နတ်သမီးဆိုတာ ကြောက်ဖို့ကောင်းတဲ့ သရဲတစ်ကောင်ဖြစ်ပြီးတော့ လှုံဆော်ပေးဖို့အတွက် လုံလောက်သည်။

သူမ ရှီချီ အခြေအနေကို မြင်ရတာ စိတ်ဖိစီးသည်။ ကံကောင်းချင်တော့ သူမ တကယ့်ကို သဘောကောင်းတဲ့ အဘွားဖြစ်တော့မည်လေ။

ငါ့အဘွားက ငါ့အပေါ် တကယ်ကောင်းတာပဲ

နောင်ကျ ငါသူ့ကို သေချာပေါက် ပြန်ကျေးဇူးဆပ်ရမယ်

-“ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီသေးသေးလေး”

စာရေးဆရာမှာ ပြောစရာရှိပါတယ်

ငယ်ရွယ်တဲ့ ၁၇ လေး : နောင်ကျ ငါအဘွားကို ကျေးဇူးပြန်ဆပ်မှာ

နှစ်ပေါင်းများစွာ ကြာပြီးနောက်

နင်မုန့် : ဟိဟိ

တကယ်လို့ မင်း ပုံပြင်ကို ကြည့်မယ်ဆို ဒီဒိုင်ယာရီသေးသေးလေးက အသုံးဝင်လာတာကို မြင်ရမှာပါ ကျွန်တော့်ရဲ့ချစ်စဖွယ်ဇာတ်လမ်းလေးကို ကျော်မပစ်ပါနဲ့ —

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset