DBFFL အပိုင်း ၄၃

အပိုင်း (၄၃)

အချိန်သည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးလျက်ရှိလေသည်။ လူကြီးအချို့နှင့် ကလေးများသည် သူတို့၏ အလုပ်များ၊ ကျောင်းများသို့ သွားကြရဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တုံ့ဆိုင်းစွာဖြင့်ပင် ကားပေါ်သို့တက်လိုက်ကာ ဥယျာဉ်ကြီးမှ ထွက်ခွာသွားကြရတော့သည်။

ဧည့်သည်များအားလုံးသည် ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း အန်းမိသားစုနှင့် လျိုမိသားစုသည်တော့ ကျန်ရှိနေကြသေးသည်။

ဤနေ့သည် အားလပ်ရက် မဟုတ်လေသောကြောင့် ထိုမိသားစုနှစ်ခုသည် အတူတကွ လာရောက်ကြခြင်း မဟုတ်ပါ။

အန်းမိသားစုမှ ဦးလေးဖြစ်သူ၊ လျိုမိသားစုမှ အသက်အရွယ်အကြီးဆုံး လင်မယားနှင့် ဒုတိယအကြီးဆုံး လင်မယားတို့မှလွဲ၍ ကျန်သူများသည် ကျောင်းကိစ္စနှင့် အလုပ်ကိစ္စများကြောင့် အမျိုးသမီးအန်း၏ မွေးနေ့ပွဲသို့ တက်ရောက်ခြင်း မရှိကြပေ။

သူတို့အားလုံးအနက်မှ အန်တီဖြစ်သူ၏ မိသားစုသည်လည်း မရောက်ရှိခဲ့ပေ။

“မင်းတို့ကတော့ အခက်အခဲတွေအများကြီးကို ရင်ဆိုင်ပြီးသွားတော့ နောက်ဆုံးမှာ ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်သွားတာပဲ။ ငါတို့ရဲ့မိဘတွေသာ မင်းတို့အခုလို ကောင်းကောင်းမွန်မွန် နေထိုင်နေတာကို မြင်လိုက်ရရင် အေးအေးဆေးဆေး အနားယူနိုင်သွားမှာပဲ”

ထိုကဲ့သို့ ပြောလိုက်သူမှာ အန်းချောင်ရှုန်း၏ အစ်ကိုဖြစ်သူ အန်းကော်ဟွားပင် ဖြစ်သည်။

အစ်ကိုကြီး အဖရာ ဆိုသည့် ဆိုရိုးစကားကဲ့သို့ပင် အန်းညီအစ်ကို၏ အဖေသည် စောစောစီးစီး ဆုံးပါးသွားလေသောကြောင့် အန်းကော်ဟွားကပင် ဖခင်တစ်ဦးကဲ့သို့ အန်းချောင်ရှုန်းကို ပြုစုပျိုးထောင်လာခဲ့ရလေသည်။

အန်းကော်ဟွား၏ ပိုင်ဆိုင်မှုများသည် သူ၏ ကပ်စေးနှဲဇနီးဖြစ်သူကြောင့် ကန့်သတ်ခံထားနေရသည်။

သို့သော်လည်း အန်းကော်ဟွားသည် သူတို့မိသားစုကို အခြေကျစေရန် များစွာ ကူညီပေးခဲ့လေသည်။

“ဟုတ်တယ်… ယောက်ဖရဲ့။ မင်းနဲ့ တတိယညီမလေးက ငယ်ရွယ်ပါသေးတယ်။ နောင်အနာဂတ်မှာ နေ့ရက်ကောင်းတွေနဲ့ ဆုံတွေ့ရဦးမှာပါ” လျိုချောင်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

အန်းကော်ဟွားကဲ့သို့ပင် လျိုချောင်သည်လည်း ညီမဖြစ်သူကို လွန်စွာချစ်ခင်၍ သူတို့ကို အများကြီး ကူညီပေးသူ ဖြစ်လေသည်။

သူ၏ ကူညီပေးနိုင်စွမ်းသည် အန်းကော်ဟွားထက်တော့ နည်းပါးလေသည်။

အန်းချောင်ရှုန်းသည် အစ်ကိုဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့၏ စကားလုံးများကို ကြားလိုက်ရသောအခါ သူ၏မျက်လုံးများသည် နီရဲသွားလေတော့သည်။

သူနှင့် သားသမီးများသည် ယခုကဲ့သို့ အများအားကျစရာကောင်းလှသော ဘဝမျိုးတွင် နေထိုင်ရလိမ့်မည်ဟု တစ်ခါမျှပင် စိတ်ကူးမယဉ်ခဲ့ဖူးပေ။

အမျိုးသမီးအန်းဘက်မှ လူကြီးများသည်တော့ အနည်းငယ် ထူးဆန်းလှလေသည်။

သူမအစ်ကိုကြီး၏ ဇနီးဖြစ်သူသည် ရှေးရိုးဆန်လှပြီး ကျေးရွာဘက်မှဖြစ်၍ သူမ၏ ဒုတိယယောင်းမသည်တော့ စွာလွန်းသူတစ်ဦး ဖြစ်လေသည်။

ထို့ကြောင့် သူတို့ပြောဆိုမေးမြန်းကြသည့် အကြောင်းအရာများမှာ…

“ညီမလေး၊ မင်းအိမ်က ဘယ်လောက်ပေးရလဲ…”

“ညီမလေး… ရှရှက စိတ်ရှုပ်ထွေးနေမှာပဲ။ သူမက ဘယ်လိုဖြစ်ပြီး ကွာရှင်းလိုက်တာလဲ။ သူမက အဲဒီလူအတွက် သားတစ်ယောက်တောင် မွေးပေးထားတယ် မဟုတ်လား။ ဘာလို့ ကွာရှင်းလိုက်တာလဲ…”

သူတို့သည် ပိုက်ဆံကိစ္စ၊ ကွာရှင်းလိုက်သည့်ကိစ္စနှင့် အန်းရှ၏ နောက်အိမ်ထောင် မြန်မြန်ပြုရမည့် ကိစ္စများကိုသာ ထပ်တလဲလဲပြောဆိုနေကြလေသည်။

သူတို့သည် အမျိုးသမီးအန်း၏ စိတ်ကို ဖတ်နိုင်နေသလားဟုပင် ထင်ရလေသည်။

သူမသည် သမီးဖြစ်သူ၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ သည်းခံနားလည်ပေးနိုင်နေပြီ ဖြစ်သည်။ သမီးဖြစ်သူသာ ပျော်ရွှင်နေမည်ဆိုလျှင် သူမ၏ဆန္ဒများအတိုင်း လိုက်လျော ဆောင်ရွက်ပေးမည်သာ ဖြစ်သည်။

မိသားစုပေါင်းများစွာနှင့် စကားလက်ဆုံ ပြောနေကြရင်းဖြင့်ပင် အချိန်များစွာ ကုန်ဆုံးနေပြီဖြစ်သည်။ ဦးလေးအန်းနှင့် လျိုမိသားစုတို့ အိမ်ပြန်သွားချိန်တွင်တော့ နေ့လယ် သုံးနာရီပင် ရောက်ရှိနေပြီဖြစ်သည်။

သူတို့အားလုံးကို လိုက်လံပို့ဆောင်ပေးပြီးနောက်တွင်တော့ အန်းလင်မယားသည် ပင်ပန်းသွားပြီ ဖြစ်လေသာကြောင့် အခန်းပြန်၍ အနားယူနေကြလေသည်။

အမျိုးသမီးအန်း၏ အသက် ၅၀ ပြည့်မွေးနေ့သည် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်သည်။

အန်းမိသားစု မသိခဲ့သည်က ထိုမွေးနေ့ပွဲသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေခြင်းပင် ဖြစ်သည်။

အတိအကျပြောရမည်ဆိုလျှင် အန်းမိသားစု၏ ကြီးမားကျယ်ဝန်းလှသော ဥယျာဉ်ကြီး အကြောင်းပင်ဖြစ်သည်။

ထိုအိမ်သို့ လာရောက်ကြသူများထဲတွင် ဆယ်ကျော်သက်နှင့် အသက် ၂၀ ဝန်းကျင် လူငယ်များသည် ပါဝင်ကြသည်။ အန်းမိသားစုနေထိုင်သော ဥယျာဉ်ကြီးသည် လှပလှသောကြောင့် သူတို့သည် ကြွားဝါကြသည့်အနေဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးကြကာ အင်တာနက်ပေါ်တွင် တင်ခဲ့ကြခြင်းဖြစ်သည်။

ထိုကိစ္စသည် အင်တာနက်တစ်ခွင်တွင် မမျှော်လင့်ထားဘဲ နာမည်ကြီးသွားလေသည်။

ဥယျာဉ်ကြီးသည် အလွန်လှပသောကြောင့် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

#သင့်အနေဖြင့် စိတ်ကူးပင် မယဉ်ကြည့်နိုင်လောက်သော လူချမ်းသာများ နေထိုင်ရာကမ္ဘာ။ မြင်တွေ့ဖူးသမျှတွင် အလှပဆုံးသော ဥယျာဉ်ကြီး#

နာမည်ကြီး အကောင့်များ၏ ဝိုင်းဝန်းဖြန့်ဝေမှုနှင့် အနုပညာရှင်များ၏ ကြိုက်နှစ်သက်မှုများကြောင့် ဥယျာဉ်ကြီးအကြောင်းသည် ပျံ့နှံ့သွားလေတော့သည်။

ရှာဖွေမှုအများဆုံး နံပါတ် ၁၈ နေရာမှသည် တဖြည်းဖြည်းချင်းဖြင့် ကြည့်ရှုမှုအများဆုံးအချိန်ဖြစ်သည့် ညနေခင်းတွင်တော့ ဒုတိယမြောက် ရှာဖွေမှုအများဆုံးသော အကြောင်းအရာအဖြစ်သို့ ရောက်ရှိသွားတော့သည်။

[အိုး… ဘုရားရေ၊ ငါ အားကျလိုက်တာ၊ ငါသာ အဲဒီနေရာမှာ နေထိုင်နိုင်မယ်ဆိုရင် အိမ်မက်ကနေ နိုးထသွားသလို ဖြစ်နေမှာ…]

[ဝါး… လှလိုက်တာ။ ငါလိုချင်တဲ့ စိတ်ကူးယဉ် ကမ္ဘာကြီးပုံစံမျိုးပဲ…]

[ပြောကြတာကတော့… အဲဒီဥယျာဉ်ကြီးက ဆောက်လုပ်လို့ မပြီးသေးဘူးတဲ့။ ပြီးသာပြီးသွားရင် ဘယ်လောက်တောင် လှနေမလဲ မသိဘူးနော်…]

[နေရာရဲ့ လိပ်စာကိုရှာ၊ ပရိသတ်တွေကိုရှာ၊ ငါမေးချင်တာက… အဲဒီနေရာကို တည်းခိုအိမ်အဖြစ် မပြောင်းလဲချင်ဘူးလား။ ဆင်းရဲ့တဲ့ သူတွေလည်း အဲဒီလိုနေရာမျိုးကို သွားရောက်လည်ပတ်နိုင်ပြီး ပျော်ရွှင်နိုင်မယ်လေ…]

[နေရာထိုင်ခင်းအတွက် ကုန်ကျစရိတ်က နည်းနည်း မြင့်နေမယ်ဆိုရင်လည်း ငါ လက်ခံနိုင်ပါတယ်…]

[ လူပေါင်းတစ်သောင်း၏ မှတ်ချက်… တည်းခိုနေရာအဖြစ် ဖွင့်လှစ်ပေးပါ…]

[တည်းခိုခန်း ဖွင့်ပေးရမယ် ဟုတ်လား။ မင်းတို့ကလည်း ရိုးလိုက်ကြတာ။ အဲဒီမှာ နေထိုင်နိုင်တယ် ဆိုကတည်းက ပိုင်ရှင်တွေက ငွေလိုအပ်နေကြသူတွေ မဖြစ်နိုင်ဘူးလေ။ အင်တာနက်မှာ တင်ထားတာကို ကြည့်… ပိုင်ရှင်တွေကိုယ်တိုင် အဲဒီမှာ နေနေကြတာကွ။ လေးလေးနက်နက် စဉ်းစားကြစမ်းပါ…]

[မရဘူး… မရဘူး… ငါ စိတ်ကူးယဉ်ကြည့်ချင်သေးတယ်…]

[တကယ်လို့ တည်းခိုအိမ် မဖွင့်ဘူးဆိုရင်လည်း ခရီးသွားအစီအစဉ်အတွက် ဗီဒီယိုရိုက်ရင်း အဲဒီနေရာကို သွားလို့ ရနိုင်တယ်လေ။ ငါ အဲဒီဥယျာဉ်ကြီးကို တွေ့ဖူးချင်လိုက်တာ…]

လူများသည် အင်တာနက်ပေါ်တွင် အန်းမိသားစု၏ ဥယျာဉ်ကြီးအကြောင်းကို ဆွေးနွေးနေကြပြီး နာမည်ကြီးမှုလည်း များစွာမြင့်တက်လာလေသည်။ ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်ကြီးပုဂ္ဂိုလ်ဖြစ်သည့် ဟော်စစ်ကိုပင် ကျော်လွန်သွားတော့သည်…]

“ဒါရိုက်တာ ကျင်… ဒီနေ့ အင်တာနက်ကို မင်းကြည့်လိုက်သေးလား…]

ထိုညတွင် ‘ဘဝ၏ အနားယူအပန်းဖြေချိန်’ အစီအစဉ်၏ ဒါရိုက်တာဖြစ်သူ ကျင်ကျန်းကောင်းသည် စာအုပ်တစ်အုပ် ဖတ်ပြီးနောက် အိပ်တော့မည့်ဆဲဆဲတွင် စာရေးဆရာဖြစ်သူထံမှ ဖုန်းလက်ခံရရှိလိုက်လေသည်။

“ဘာလဲ… ဝိန်းပေါ် ပေါ်မှာလား…”

“ရှာဖွေမှုအများဆုံး ဖြစ်နေတဲ့ အရမ်းလှတဲ့ ဥယျာဉ်ကြီးလေ။ ဒါရိုက်တာကျင်… ကြည့်လိုက်ပါဦး။ ဥယျာဉ်ကြီးက အရမ်းကို စိတ်ဝင်စားစရာ ကောင်းတယ်။ ကျွန်တော်တို့အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းကို ရိုက်ကူးတော့မယ်လို့ ပြောတယ်မလား။ ကျွန်တော့်အထင် အဲဒီဥယျာဉ်ကြီးက တော်တော်အဆင်ပြေတယ်နော်…”

‘ဘဝ၏ အနားယူအပန်းဖြေချိန်’ အစီအစဉ်သည် အဆုံးသတ် ရိုက်ကူးတော့မည် ဖြစ်သည်။

စီစဉ်သူများသည် နောက်ဆုံးအပိုင်းတွင် ဧည့်သည်များကို အပန်းဖြေခရီး ခေါ်ဆောင်သွားရန်အတွက် သင့်တော်မည့်နေရာကို ယခုအချိန်အထိ မရှာဖွေနိုင်သေးပေ။

ထို့ကြောင့် ဇာတ်ညွှန်းရေးဆရာသည် ရှာဖွေမှု အများဆုံးနေရာကို တွေ့မြင်လိုက်ရသောအခါ လွန်စွာ စိတ်လှုပ်ရှားမိတော့သည်။ ထိုဥယျာဉ်ကြီးသည် သူတို့အစီအစဉ်အတွက် အံဝင်ခွင်ကျ ဖြစ်နေတော့သည်။

ဒါရိုက်တာကျင်သည် ဇာတ်ညွှန်းဆရာ၏ စကားများကို ကြားလိုက်ရသောအခါ ကွန်ပျူတာကိုဖွင့်လိုက်၍ အင်တာနက်ကို ကြည့်ရှုလိုက်လေသည်။

သူသည် ဓာတ်ပုံနှင့် ဗီဒီယိုများကို ကြည့်ရှုပြီးသောအခါ ထိုဥယျာဉ်ကြီးကို အလွန်ပင် အံ့သြသွားလေတော့သည်။

“ကောင်းလိုက်တာ… ငါတို့အစီအစဉ်အတွက်အရမ်းကို သင့်တော်တယ်…”

“ဒီဥယျာဉ်ကြီးက ရှာဖွေမှုအများဆုံးဖြစ်နေတော့ ငါတို့သာ အဲဒီနေရာမှာ ရိုက်ကူးခွင့် ရနိုင်မယ်ဆိုရင် ငါတို့အစီအစဉ်ရဲ့ နောက်ဆုံးပိုင်းကို ကြည့်ရှုမှုနှုန်းကလည်း အများကြီးကို မြင့်တက်သွားမှာပဲကွ…”

“အဲဒီ ဥယျာဉ်ကြီးရဲ့ ပိုင်ရှင်ကိုရှာလိုက်။ ငါတို့ရဲ့ နောက်ဆုံးပိုင်းကို အဲဒီနေရာမှာ ရိုက်ကူးမယ်…]

“ကောင်းပါပြီ… ဒါရိုက်တာကျင်။ ကျွန်တော် ဝန်ထမ်းတစ်ယောက်ကို အဲဒီနေရာကိုသွားခိုင်းပြီး ပိုင်ရှင်နဲ့ ဆက်သွယ်ဖို့ ညွှန်ကြားလိုက်ပါ့မယ်…]

ထိုအချိန်တွင် အန်းမိသားစုသည် သူတို့၏ မွေးနေ့ပွဲအကြောင်းသည် အင်တာနက်ပေါ်တွင် ပွက်လောရိုက်နေခြင်းကို မသိကြပေ။

ထို့အပြင် သူတို့၏ အိမ်အသစ်ကြီးအကြောင်းသည် နာမည်အကြီးဆုံး အစီအစဉ်တွင် ပါဝင်ရတော့မည့်အကြောင်းနှင့် သူတို့သည် များစွာသော ပရိတ်သတ်များရှေ့မှောက်သို့ ရောက်ရှိရတော့မည့်အကြောင်းကို မသိရှိခဲ့ကြချေ။

သူတို့သည်သာ ထိုဥယျာဉ်ကြီးအကြောင်းကို မှတ်တမ်းရယူရန် ရိုက်ကူးရေးအဖွဲ့နှင့် သဘောတူလိုက်လျှင် ဖြစ်ပေါ်လာမည့် ကိစ္စများဖြစ်သည်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset