DBFFL အပိုင်း ၂၈

28 01

အခန်း ၂၈

အန်းရှသည် အသက် ၁၈ နှစ်သာရှိသေးပြီး သာမာန်သူတစ်ဦးကဲ့သို့ လောကကြီးနှင့် များစွာ မထိတွေ့ရဖူးသေးသူ ဖြစ်သည့်အလျောက် တာဝန်ဝတ္တရားများနှင့် ပတ်သက်၍လည်း မသိနားမလည်သေးချေ။ သို့သော်လည်း သူမကို အကြွင်းမဲ့ ချစ်မြတ်နိုးကြသော မိသားစုနှင့် ဆုံတွေ့လိုက်ရသောအခါ သူမသည် အင်းအားများကို စုစည်းလိုက်လျက် အရွယ်ရောက်ပြီး လူကြီးတစ်ယောက်ကဲ့သို့ မိသားစုတာဝန်များကို ထမ်းဆောင်တော့မည်ဖြစ်သည်။

သူမသည် အလွန်ကံကောင်းလှသည်။ အမျိုးသားဇာတ်ဆောင်သည် စိတ်ဓာတ်ဆိုးရွားသူ တစ်ယောက် မဟုတ်သော်လည်း မူလပိုင်ရှင်အပေါ်တွင်တော့ ဗီလိမ်သာသာ ဖြစ်ခဲ့သည်။ ထိုသူသည် သူမကို ငွေကြေးများစွာ ခွဲဝေပေးခဲ့သောကြောင့် သူမ၏ မိသားစုကို ကောင်းကောင်းမွန်မွန်ထားနိုင်ရန် လုံလောက်လေသည်။

“အဖေတို့ ဒီအိမ်မှာ နေလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ အိမ်အသစ် ပြောင်းသင့်နေပြီ”

အားလုံးသည် အန်းရှကို တအံတသြကြည့်လိုက်လေသည်။

“ဆိုင်ကို ပိတ်ရမယ်?”

“အိမ်ပြောင်းရမယ်?”

မိဘများသည် တစ်ခဏမျှ အံ့သြမှင်တက်သွားပြီးနောက် ချက်ချင်း ငြင်းလေတော့သည်။

“မဖြစ်ပါဘူး..သမီးရဲ့ ယွမ်ခြောက်သန်းထဲကနေ သုံးလို့မဖြစ်ပါဘူး၊ အမေတို့က…”

“မဟုတ်ဘူး…သမီးပြောတာ နားထောင်၊ ဒီယွမ်ခြောက်သန်းက သမီးက အမေတို့ကို ပေးထားတဲ့ ပိုက်ဆံတွေ၊ သမီးပိုင်တာ မဟုတ်တော့ဘူးလေ..”

အန်းရှသည် ရှက်ပြုံးလေး ပြုံးလိုက်မိပြီးနောက် တစ်ခဏအကြာတွင် တည်တည်ကြည်ကြည် ပြောလိုက်လေသည်။ “သမီးက ကွာရှင်းလိုက်တော့ နစ်နာကြေး အများကြီး ရလိုက်တယ်။ အဲဒီလူက အရမ်းချမ်းသာတော့ ကုမ္ပဏီရှယ်ယာတွေလည်း ခွဲပေးခဲ့တယ်။ နှစ်တိုင်း ကုမ္ပဏီရှယ်ယာတွေရဲ့  ကိုးရာခိုင်နှုန်းကို ရမှာဆိုတော့ သမီးတစ်ယောက်ထဲ အကုန်မသုံးနိုင်ဘူးလေ”

အန်းရှသည် ငွေကြေးနှင့်ပတ်သက်၍ များစွာဂရုမထားသော်လည်း မူလပိုင်ရှင်၏ အိမ်အခြေအနေကို တွေ့လိုက်ရသောအခါ သူမသည် ကွာရှင်းရန်ရွေးချယ်လိုက်မိသော ဆုံးဖြတ်ချက်အတွက် ဝမ်းသာနေမိတော့သည်။

“အဲဒီတော့ ယွမ်ခြောက်သန်းထဲကနေ ပိုက်ဆံ ထုတ်သုံးစရာ မလိုတော့ဘူးလေ”

အန်းရှသည် အခက်အခဲများကို သည်းမခံနိုင်သော သူတစ်ယောက် မဟုတ်ပါ။

သို့သော်လည်း ဤအိမ်သည် အိုဟောင်း၍ ကျဉ်းမြောင်းလွန်းလှသည်။ သန့်ရှင်းရေး ပြုလုပ်လိုက်မည် ဆိုလျှင်တောင် အိမ်သည် အထပ်မြင့်အခန်းဖြစ်နေသလို ဓာတ်လှေကားလည်း မရှိပေ။

မိဘများသည် အသက်အရွယ် ကြီးနေပြီဖြစ်သည်။ ထိုမြင့်မားလှသော အဆောက်အအုံပေါ်သို့ နေ့စဉ်နေ့တိုင်း ခေါက်တုံ့ခေါက်ပြန် တက်ဆင်းနေရမည်ဆိုလျှင် သူတို့၏ ဒူးအတွက် မကောင်းလှပါ။

“အစ်မ…လတ်တလောကမှ ဆောက်လုပ်ပြီးထားတဲ့ အဆောက်အအုံအသစ်များ ရှိလားဟင်။ ကျွန်မ မိဘတွေအတွက် စံအိမ်တစ်လုံး ဝယ်ချင်လို့”

အန်းရုံသည် အိမ်ဝယ်ယူခြင်းနှင့် ပတ်သက်၍ သိပ်နားမလည်သူ ဖြစ်လေသောကြောင့် အန်းရှက သူမလိုချင်သော ပုံစံများကို ပြောပြလေသည်။

သို့သော်လည်း အန်းရုံသည် ပန်းရှပြောပြလာလေသော အကြောင်းအချက်များကို နားမလည်နိုင်ချေ။

သူမသည် အန်းရှက ထိုနှစ်များအတွင်း မိဘများကို ယွမ်ခြောက်သန်းမှ အတိုးများကြောင့် သန်း ၁၀၀ ခန့် ဖြစ်သွားသည့် ထောက်ပံ့မှု အကြောင်းကိုပင် အံ့သြနေမိတုန်းပင်ဖြစ်သည်။

သူ၏ ညီမဖြစ်သူသည် မည်သူ့ကို လက်ထပ်ခဲ့ခြင်း ဖြစ်မည်နည်း။

“ရှရှ…မင်းပြောလိုက်တဲ့ ကဏန်း ၉ လုံးက ပိုက်ဆံပမာဏလား”

28 02

အန်းမိသားစုသည် ဤမျှများပြားလှသော ပိုက်ဆံများကို မမြင်ဖူးခဲ့ပါ။ သူတို့သည် အချိန်ကြာမြင့်စွာ လက်ထောက်၍ ရေတွက်ခဲ့လေသည်။ နောက်ဆုံးတွင် ကဏန်း ၉ လုံးသည် သန်း ၁၀၀ ဟူ၍ ရှင်းရှင်းလင်းလင်း သိသွားကြတော့သည်။

“ဟုတ်တယ်…အဲဒါ ပိုက်ဆံတွေပါ။ စိတ်မပူကြပါနဲ့ သမီးက အခု ချမ်းသာနေပါတယ်။ သမီးမှာ ပိုက်ဆံတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သမီးတစ်ယောက်ထဲ သုံးဖြုန်းပစ်လို့ မရဘူးလေ”

သူမသည် အန်းမိသားစုကို စိတ်မပူစေချင်သောကြောင့် ချဲ့ကား၍ ပြောဆိုလိုက်လေသည်။

သူမသည် အန်းမိသားစု၏ စိတ်ဓာတ်ကောင်းမွန်မှုကို သိရှိလေသည်။ သူမ၏ ဘဏ်ကဒ်ကို မပြသဘူးဆိုလျှင်တောင် ထိုရိုးသားလှသော မိသားစုသည် သူမ၏ ပိုက်ဆံများကို ထုတ်ယူသုံးစွဲကမည် မဟုတ်ပါ။

ဆန့်ကျင်ဘက်အားဖြင့် သူမအတွက်ပင် ငွေကြေးတိုးအောင် လုပ်ဆောင်ကြမည်သာ ဖြစ်သည်။

ထို့ကြောင့် အန်းရှသည် ချန်ရွှယ်မင်၏ ဖြေရှင်းချက်ကိုပင် နားမထောင်တော့ဘဲ သူမ၏ ပိုင်ဆိုင်မှုများကို ပြောပြလိုက်တော့သည်။

“အိုး…ဘုရားရေ ပိုက်ဆံတွေ အများကြီးပဲ”

အန်းမိသားစုသည် မယုံကြည်နိုင်သည့်ပုံဖြင့် အန်းရှကို ကြည့်လိုက်မိကြ၍ နားလည်လက်ခံနိုင်ရန်လည်း အချိန်တစ်ခုပင် ယူလိုက်ရသည်။

မူရင်းဇာတ်ကြောင်းအရတော့ အန်းရှသည် အသက် ၂၆ နှစ်တွင်ကွာရှင်းလိုက်ကာ မြို့ကြီးမှ ကျေးလက်မြို့လေးတစ်မြို့သို့ ပြောင်းရွှေ့သွားခဲ့လေသည်။ သူမသည် မည်သည့်ပုံစံ ဖြစ်နေစေကာမူ စိတ်ရှုပ်ထွေးလျက်ရှိနေသော အရှုံးသမားတစ်ဦးပင်။

အန်းရှသည် ထိုကဲ့သို့ လုံးဝမဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမသည် သူတို့အားလုံးထက်ပင် သာလွန်ကောင်းမွန်လေသည်။

အန်းရုံသည် လူတော်တစ်ဦးဖြစ်သည့်အလျောက် ပြန်လည် လန်းဆန်းတက်ကြွလာလေသည်။

သူမသည် ရှေ့ဆက်ရန်သာ မျှော်ကြည့်နေတတ်သူဖြစ်သည်။

သူမသည် ညီမဖြစ်သူကို မနာလိုဖြစ်နေကြသူများ၏ အရှက်ရနေကြမည့် မျက်နှာအမူအရာများကို ကြည့်ချင်နေလေတော့သည်။

အဲဒါက ကျိန်းသေပေါက် စိတ်လှုပ်ရှားစရာကောင်းမည် ဖြစ်သည်။

“အစ်မ အိမ်ကိစ္စက…”

“အာ…အစ်မက အိမ်တွေနဲ့ပတ်သက်ပြီး သိပ်မသိဘူး။ အန်းသုံက အိမ်ခြံမြေကုမ္ပဏီမှာ အလုပ်လုပ်နေတာလေ။ အဲဒီတော့ သူက ဒါတွေနဲ့ ပတ်သက်ပြီးတော့ ပိုသိမှာပဲလေ။ သူပြန်ရောက်လာရင် မေးကြည့်လိုက်ပေါ့”

“နေပါဦး…ငါ ဘယ်တုန်းက အိမ်ပြောင်းဖို့ သဘောတူမိလို့လဲ…”

ထိုအချိန်တွင် ကံဆိုးမိုးမှောင်ကျနေသော အန်းသုံသည် အိမ်အပြန်လမ်းတွင် နောက်ထပ် ပြဿနာတစ်ခုကို ဖြေရှင်းနေရပြန်သည်။

“အန်းသုံ…ရှင် ရူးနေတာလား။ ကျွန်မတို့က လက်ထပ်ကြတော့မှာလေ။ အဲဒါကို အခု အလုပ်ထွက်ဖို့ လုပ်နေတာလား…”

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset