MMMQ အပိုင်း ၂၅

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၂၅

ပွဲအား တော်ဝင်ကြယ်ဟိုတယ်၌ကျင်းပဖို့ စီစဉ်ထားကာ သူမတို့ မိနစ် ၄၀ အတွင်းမှာပဲ ရောက်ဟွား၏။ ဟိုတယ်အပြင်ဘက်၌ ဇိမ်ခံကားများ ရပ်ထားကြပြီး လုချမ်ချမ်သည် သူမနားထဲတွင် မကြာခဏ အော်ဟစ်ကာ ပြောပြနေခြင်းကြောင့် ကုန်းချင်းယောင် သူတို့ထဲက တချို့ကို မှတ်မိသွား၏။

အိုက်ရှောင်းယွင် သူမ ကားများကို ကြည့်နေသည်ကိုမြင်၍ ကြိုက်နေသည်ဟုထင်ကာ ” အနာဂတ်မှာ ချမ်းသာလာရင် အာ့တာမျိုးကားတွေ ဝယ်လို့ရပြီလေ ”

ကုန်းချင်းယောင် အကြည့်ပြန်ရုတ်၍ ” သွားကြရအောင် ”

အိုက်ရှောင်းယွင် ကုန်းချင်းယောင်အား ကုန်းချင်ယောင် ဟိုတယ်ခန်းမထဲသို့ ခေါ်သွားကာ ပါတီသည် စနေပြီဖြစ်သလို လူများစွာလည်း ရောက်နေကြသည်။ အားလုံးမှာ လှပသော အဝတ်အသားများကို ဝတ်ဆင်ထားကြလေသည်။ အိုက်ရှောင်းယွင် ဘေးဘီသို့ ကြည့်လိုက်ပြီး ကောင်းကွမ်းဖမ်းအား တွေ့ရသောအခါ ” ဟိုကိုသွားရအောင် ”

ကုန်းချင်းယောင် သူမနောက်မှ လိုက်သွားပြီး ” အထွေထွေမန်နေဂျာကောင်း ချင်းယောင် ရောက်ပါပြီ။

ကောင်းကွမ်းဖမ်းသည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကုန်းချင်းယောင်မှာ အလွန်ပေါ့ပေါ့ပါးပါး ၀တ်ထားသည်ကို တွေ့လိုက်ရ၍ သူ့မျက်နှာမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ အိုက်ရှောင်းယွင်မှ ” ချင်းယောင်က တော်ဝင်မြို့တော်ကို ပြန်ရောက်ကာစမလို့ တိုက်ရိုက်လိုက်ခဲ့တာအလို့ ခရီးဆောင်အိတ်ထုတ်ဖို့ အချိန်မရှိခဲ့လို့ပါ”

ကောင်းကွမ်းဖမ်း ဘာမှမပြောဘဲ အိုက်ရှောင်းယွင်ကိုသာ လက်ပြလိုက်၏။

အိုက်ရှောင်းယွင်မှ တီးတိုး ” ဝန်ထမ်းတွေက တခြားအခန်းမှာ တခုခုလိုချင် ဟိုဘက်တံခါးမှာ လာရှာလှည့် ”

ကုန်းချင်းယောင် ကောင်းကွမ်းဖမ်းအား အကြည့်လွှဲလျှက် ခေါင်းညိမ့်ပြလိုက်၏။

အိုက်ရှောင်းယွင် ” အာ့တာဆို မစ္စတာကောင်း ကျွန်မသွားဦးမယ်နော် ”

ကောင်းကွမ်းဖမ်းမှ ကုန်းချင်းယောင်အား ကြည့်ကာ လိုက်လာရန်ပြောပြီးနောက် သူ့ဘာသာသူ ရှေ့ကို လျှောက်သွားလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ကုန်းချင်း‌ယောင် အခုလေးတင် သူ့အား ကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး လူတစ်‌ယောက်အား ထိတွေ့မိသွားသလို ခံစားလိုက်ရ၏။

သူတို့ နှစ်ဦး လမ်းလျှောက်နေစဉ် ” အိုး… မစ္စတာကောင်းလား ”

ကောင်းကွမ်းဖမ်းမှ ” ဒါက မစ္စတာချိုး ”

ယေဘူယျအားဖြင့် ပြောရလျှင် ရောက်ရှိလာသော အမျိုးသားများအားလုံးနီးပါးသည် အမျိုးသမီးနှင့်အတူလာသော်လည်း အမျိုးသမီးအများစုသည် အမျိုးသားနှင့် ဘေးချင်းကပ်လျက် သို့မဟုတ် အမျိုးသား၏နောက်သို့ ခြေတစ်လှမ်းတစ်ဝက်ခန့်နေရာ၌သာ လမ်းလျှောက်လျှက်ရှိကာ ကုန်းချင်းယောင်သည် ကောင်းဖမ်းကွမ်း၏နောက် မီတာဝက်အကွာတွင် ရှိနေသည်။ ထို့အပြင် သူမသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ၀တ်ဆင်ထား၍ ဤသို့ နေရာတိုင်း၌ ၀တ်စုံများ ၀တ်ထားသော နေရာမျိုး၌ တကယ်ကို မျက်စိစူးချင်စရာဖြစ်နေ၏။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးအား လူများမှာ ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြလေသည်။

မစ္စတာချိုး ” သူက ”

ကောင်းကွမ်းဖမ်း သိပ်မပြောချင်သလို ” ကုမ္ပဏီကလူပါ ”

ပါတီပွဲသို့လာသူများမှာ အောင်မြင်သူများဖြစ်ပြီး နှုတ်တက်ပေးပုံအရ သာမန်ဖြစ်သည်ဟုသာထင်၍ မစ္စတာချိုး ထပ်မမေးတော့ဘဲ စကားခဏသာပြောပြီး ထွက်သွားတော့၏။

ကောင်းကွမ်းဖမ်း ကုန်းချင်းယောင်နှင့် ပါတီပွဲ၌ ၂ကြိမ်မျှ ပတ်ပြီးနောက် မစ္စတာချိုးသည် မကြည့်နိုင်တော့ဘဲ ” မစ္စတာကောင်းက စက်ဝိုင်းလို ပ‌တ်နေတာလား ”

ကောင်းကွမ်းဖမ်း စိတ်မသက်မသာ ပြုံးလိုက်ပြီး ကုန်းချင်းယောင်အား ကိုယ်ပိုင်အခန်းထဲသို့ ပို့လိုက်၏။ သူမ အခန်းနံပါတ်အား ကြည့်လိုက်သောအခါ ၂၀၃ဖြစ်နေ၏။

အခန်းထဲသို့ ဝင်သည်နှင့် ကောင်းဖမ်းကွမ်းအသံသည် ပျော်မြူးသလိုပြောင်းသွားကာ ” မစ္စတာဝူ ဒါက လှပတဲ့ အနုပညာကြယ်ပွင့်လေး ကုန်းချင်းယောင်တဲ့ ”

ကုန်းချင်းယောင် ရပ်သွားကာ မစ္စတာကောင်း ထိုသို့ပြောစဉ် ဘာလို့ရှက်နေမှန်း စဉ်းစားနေ၏။
25 02
ဝူကျန့်ကျိုးသည် ခန်းမအလယ်၌ ထိုင်နေပြီး ” မစ္စတာကောင်းပဲ ထိုင်ပါဦး ”

ကောင်းကွမ်း ကုန်းချင်း‌ယောင်အား ဆွဲယူလိုက်ပြီး ဝူကျန့်ကျိုး ရဲ့ ညာဘက်မှာ ထိုင်လိုက်ခိုင်းလိုက်၏။ ဝူကျန့်ကျိုး အပြင် အခန်းထဲ၌ တခြားလူနှစ်ယောက်လည်း ရှိသေးသည်။ ကောင်းကွမ်းမှ သူမအားကြည့်ကာ ” ချင်း‌ယောင် ဒါက ဝူကျန့်ကျိုး တဲ့၊ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ”

ကုန်းချင်းယောင် ဝူကျန့်ကျိုးအား ကြည့်လိုက်သောအခါ ထိုလူသည် ပိန်ပြီး ရှည်လျားလျှက် နှာခေါင်းနဲ့ ဆံပင်များဟာ ချွန်ထက်နေ၍ ညွှန်ပြနေသည်မှာ ထိုလူဟာ တစ်ကိုယ်ကောင်းဆန်ပြီး မြို့တော်နေရာသည် အလွန်နက်ရှိုင်းကြောင်းပြသနေ၏။ သူ၏ပါးစပ်အား ကြည့်လိုက်‌သောအခါ သူ့ပါးစပ်သည် ကြီးပြီး ပါးလွှာကာ ဒီလူတွေသည် ကိုယ်ကျိုးစီးပွားကိုသာ တန်ဖိုးထား၍ သူတို့ပြောသမျှအား မယုံကြည်နိုင်ပေ။

ကုန်းချင်းယောင်မှ ဘာမှမပြောလာ၍ ဘေးရှိ ကောင်းကွမ်းဖမ်းမှ ” ချင်းယောင်?? ”

ဝူကျန့်ကျိုးလည်း သူမတို့ကို ဂရုမစိုက်နေပေမယ့် ဘေးနားရှိ လူ၂ဦးထဲမှ ၁ယောက်မှ ” ချင်းယောင်က ဓာတ်ပုံထဲကထက်ပိုလှတာပဲ ”

ဝူကျန့်ကျိုးမှ ” ဒါက ငါတို့ ကုမ္ပဏီရဲ့ ဒါရိုက်တာရှန့် ရုပ်ရှင်ရိုက်ကူးရေးက ဒါက ဒါရိုက်တာမင် ကြော်ငြာဌာနက ”

သာမာန်လူများသာဆိုလျှင် ထိုသို့စကားများကိုကြားသောအခါ စိတ်အားထက်သန်မှု အနည်းနှင့်အများ ပြသကြသော်လည်း ကုန်းချင်းယောင်သည် နေရာတွင်သာ လွတ်လွတ်လပ်လပ် ထိုင်နေ၍ ဘေးရှိ ကောင်းကွမ်းဖမ်းကသာ ” မင်္ဂလာပါ ဒါရိုက်တာရှန့် နဲ့ ဒါရိုက်တာမင် ” ဟု နှုတ်ဆက်လိုက်ရ၏။

ဒါရိုက်တာရှန့်၏ လူများသည် ကုန်းချင်းယောင် ဆီသို့ လျှောက်လာပြီး ဘေး၌ ထိုင်လိုက်ကာ ” ချင်းယောင်က နတ်သမီးရဲ့လေနဲ့ သင့်တော်မယ်ထင်တယ်”

ထိုသူသည် ပြောနေလျှက်မှ ကုန်းချင်းယောင်ပေါ်သို့ လက်ကိုတင်လိုက်၏။ သူ၏ဝက်လက်ကဲ့သို့ လက်တဖက်အား ကုန်းချင်းယောင်၏ ခြေထောက်ပေါ်သို့ တင်လိုက်ပေမယ့် ဆယ်စင်တီမီတာအကွာ၌ ရပ်သွားပြီး ဆက်မတိုးနိုင်တော့ပေ။

ဘေးရှိကောင်းကွမ်းဖမ်းမှ တဖက်သို့လှည့်၍ ဝူကျန့်ကျိုးနှင့် စနောက်နေ၏။

ခဏအကြာသွားသော်လည်း ဒါရိုက်တာရှန့်သည် ကုန်းချင်းယောင်၏ခြေထောက်ပေါ်၌ လက်တင်ရန် ကြိုးစားနေဆဲဖြစ်ပြီး ကုန်းချင်းယောင်မှ သူမလက်အား အနည်းငယ်ဝှေ့ယမ်းလိုက်လျှင် ပေါက်ကွဲသံကြီးဖြင့် ဒါရိုက်တာရှန့်မှာ နောက်ဘက်နံရံဆီသို့ ” ဘန်း ” ဟူသော အသံနှင့်အတူ ပစ်လဲကျသွားပြီးသည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

ကောင်းကွမ်းဖမ်း အပြုံးမှာ တန့်သွားကာ ဝူကျန့်ကျိုးအမူအရာ အနည်းငယ်ပြောင်းသွား‌ပေမယ့် ကုန်းချင်းယောင်သာ ဘာမှမဖြစ်သလို ဆက်ထိုင်နေလေသည်။

ဒါရိုက်တာမင်သည် ခေါင်းမော့၍ ကုန်းချင်းယောင်အား ကြည့်လိုက်ကာ စနောက်သကဲ့သို့ ” အဓိကဇာတ်ဆောင်လုပ်ချင်လို့လား ”

ကုန်းချင်းယောင်မှ တည့်တိုးဆန်စွာ ” မလုပ်ချင်ပါဘူး ”

ဒါရိုက်တာမင်, အားလုံး:…

ဒီအကြောင်းကို ပြောပြသင့်ပြီထင်တယ် ?

ဝူကျန့်ကျိုးမှ အသာရယ်ကာ ” အာ့တာဆို ချင်းယောင်က ဘာလုပ်ရတာကြိုက်လဲ ”

ကုန်းချင်းယောင် ” ကံကြမ္မာဟောတာ ”

ရှိနေသူများအားလုံး တိတ်သွားကြ၏။

ဒါရိုက်တာရှန့်လည်း ဆွံ့အသွားကာ ” အာ့တာဆို ငါ့ကို တွက်ပေးဦး ”

ယခုပင် မကောင်းဆိုးဝါးရှိနေသလိုမျိုး သူမအား မထိရသေးခင် သူလဲကျသွားရသည်။

” ရှင်လား ?” ကုန်းချင်းယောင် အနည်းငယ်တော့ စိတ်ဝင်စားပုံရလာကာ ” ရှင့်ရဲ့ ၁၂ခုမြောက်အိမ်အကြောင်း ပြောကြည့်ရအောင်၊ ပထမဆုံး ကံကြမ္မာအိမ်ရဲ့ ပုံစံက မရှင်းမလင်းဖြစ်နေပြီး ရှင့်ရဲ့ဘဝက အတက်အကျရှိပြီး တစ်ခါတလေ ချောချောမွေ့မွေ့နဲ့နေရသလို တခါတရံ အလှည့်အ‌ပြောင်းရှိတာကို တွေ့ရတယ်၊ စည်းစိမ်ဥစ္စာ‌နေရာက ပြူးထွက်နေတယ်၊ သေချာပေါက် ၀င်ငွေရှိပေမဲ့ ပိုက်ဆံမစုနိုင်လောက်ဘူး၊ ညီအစ်ကိုရဲ့နေရာက တိုနေတော့ ညီအစ်ကို သုံးယောက်ရှိပေမဲ့ အချင်းချင်း သဟဇာတမဖြစ်ဘူးလို့မြင်ရတယ်၊ အကြင်လင်မယားနေရာမှာလည်း ရှင်တို့လင်မယား အချင်းချင်း မသင့်မြတ်ကြတာကို မြင်ရတယ်၊ သားသမီးနေရာမှာ ချို့ယွင်းချက် အချို့ ရှိနေလို့ ကလေး နှစ်ယောက် ရှိပေမယ့် တယောက်က မမွေးမီ ကွယ်လွန်သွားတာပဲ ”
25 03
သူမပြောသည်ကို ကြားပြီးနောက် ဒါရိုက်တာရှန့်၏ ပြုံးနေသော မျက်နှာမှာ တည်သွား၏။ ကုမ္ပဏီက လူတွေတောင်မသိတာကို သူမက ဘာလို့ သိနေရတာလဲ။

ကုန်းချင်း‌ယောင်မှ “နောက်တစ်ခုက ရွှေ့ပြောင်းနေထိုင်ရာ‌နေရာပဲ၊ ရှင်ရဲ့ဇာတိက မြို့တော်မဟုတ်ဘူး၊ ဒီကိုရောက်လာတာ နှစ်ဆယ့်ငါးနှစ်လောက်ရှိပြီ၊ ‌အစေခံနေရာက စောင်းနေတယ်၊ အပေါ်ယံမှာတော့ လက်အောက်ငယ်သားတွေနဲ့ ဆက်ဆံရေး ကောင်းကောင်းရှိပေမယ့် ထောက်ပံ့တဲ့သူတွေက ရှားရှားပါးပါး နည်းပါးပြီး တရားဝင်နဲ့ အကျိုးအမြတ်နေရာက ထပ်တူမညီဘူး၊ တစ်နည်းဆိုရရင် ရှင့်ရဲ့ အသက်မွေးဝမ်းကြောင်းကံက ပျမ်းမျှပဲဖြစ်ပြီး အခုက အသက်မွေးဝမ်းကြောင်းနေရတဲ့ အချိန်ရဲ့ ထိပ်ဆုံးကိုရောက်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ”

ဒါရိုက်တာရှန့်မျက်နှာမှာ မဲမှောင်လာ၏။ အလုပ်က အဆုံးသတ်တော့မယ်ဆိုတာ ဘာကိုပြောချင်တာလဲ။

ကုန်းချင်းယောင်မှ ဒါရိုက်တာ၏မျက်နှာကို မကြည့်ဘဲ ” ရှင့်ရဲ့ ထျန်းကျိုက်နန်းတော်က မကျယ်ပါဘူး၊ မိသားစုရဲ့ ကံကြမ္မာက ပုံမှန်ပါပဲ၊ ဖုသဲနေရာ အတွက်တော့… ” ကုန်းချင်းယောင် ဒါရိုက်တာအား တစ်ချက်ကြည့်လိုက်ပြီး “နောက်ဆုံးမိဘနေရာက မှုန်မှိုင်းနေတယ်၊ အာ့တာက ရှင့်ရဲ့မိဘတွေ ဆုံးသွားပြီဆိုတာကို သက်သေပြနေတာပဲ ”

ဒါရိုက်တာရှန့် 😕 ? ?

ဖုသဲနေရာကဘာလဲ။ ဘာတွေဖြစ်နေတာလဲ။

ဒါရိုက်တာဝူကျန့်ကျိုးအတွကိ ကြည့်ပေးသည်မှာ မှန်နေ၍ ထိုသူမှ ဘေးရှိ ဒါရိုက်တာမင်အား အရိပ်အကဲပြလိုက်၏။ ဒါကိုက်တာမင်သည် နားလည်ကာ ချက်ချင်း ” အာ့တာဆို ငါ့ကို ကြည့်ပေးဦး ”

ကုန်းချင်းယောင် သူ့အား မော့ပင်မကြည့်ဘဲ ” ဟုတ်ပြီလေ အိမ်နေရာ၁၂နဲ့ အာရုံ၅ခုကနေ ဆက်ပြီး ဟောကြည်ဘရအောင် ”

လူများအားလုံး : ဘာလို့ရှေ့ကလူက ကံကြမ္မာဟောတာကို သိပ္ပံနည်းကျနည်းလမ်းနဲ့ ဟောနေတယ်လို့ ခံစားရတာလဲ။

” သူ့ကို ဥပမာအနေနဲ့ ပြောရရင် အသံလွှင့်ဌာနက ဝန်ထမ်းရဲ့ နားရွက်ဟာ မျက်ခုံးမွှေးနဲ့ နီးကပ်နေပြီး ဒီလူဟာ အလွန်ဉာဏ်ကောင်းပေမယ့် ဘဝမှာ အနိမ့်အမြင့် ရှိတယ်လို့ ဆိုလိုတာပဲ၊ ဒီဘဝမှာတော့ ပင်ပန်းနွမ်းနယ်နေရမယ်လို့ ဆိုလိုတာပဲ၊ အလုပ်မှာ နားလည်မှုလွဲပြီး မှားယွင်းတဲ့ လုပ်ရပ်တွေဆီ ဦးတည်ဖို့ လွယ်ကူနေတယ်၊ စကားပြော‌နေရာက မှန်နေတယ်၊ အာ့တာက ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်လို့ ညွှန်ပြနေတယ်၊ ပြောရမယ်ဆိုရင် ကံဇာတာက ပျမ်းမျှပဲ”

သူမ တံခါးဝထဲမှ ဝင်လိုက်သည်နှင့် ထိုလူများအား ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရခြင်းပင်။

ဒါရိုက်တာမင်မှ နောက်ဆုတ်၍ ဝူကျန့်ကျိုးအား ကြည့်လိုက်ပြီး ဘာမှမပြောသည်ကိုမြင်၍ ချင်းယောင်ပြောသည်မှာ မှန်နေသည်ဟုသိသွား၏။

ဝူကျန့်ကျိုးသည် ပြုံးနေလျှက် ” မိန်းကလေးကုန်းက ကျွန်တော့်ကို ကြည့်ပေးဖို့ ဒုက္ခပေးရဦးမှာလဲ ”

ကုန်းချင်းယောင်သည် သူ့မျက်နှာအား လှည့်မကြည့်သည်မှာ ကြာပြီဖြစ်သော်လည်း ” အာရုံငါးပါးအပြင်၊ ဘဝကံကြမ္မာကို မျက်နှာသုံးရပ်ဖြင့် တွက်ချက်နိုင်သေးတယ်၊ မစ္စတာဝူလာပါ လာပါ”

ဝူကျန့်ကျိုး:…

ဒါက သူ့ကို နမူနာပြပေးမယ်ဆိုတာလား။

“အထက်မှတ်တိုင်က လူငယ်ဘဝက ကံကြမ္မာကကောင်းနေတာကို ညွှန်ပြပြီး အလယ်မှတ်တိုင်နဲ့ အောက်မှတ်တိုင်က အထက်မှတ်တိုင်ထက် များစွာ ပိုတိုနေတယ် ပြောရရင် လူလတ်ပိုင်းနှင့် နှောင်းကာလများမှာ သာမန်ကံဇာတာမျိုးပဲရှိလိမ့်မယ်၊ မှတ်တိုင်တွေက မညီမညာ ဖြန့်ဝေနေလို့ မစ္စတာဝူရဲ့ ဘဝကလည်း အတက်အကျများကြောင်း ညွှန်ပြနေပါသေးတယ် ”

ဝူကျန့်ကျိုးမှ ” မိန်းကလေးကုန် ဟောပြောတာက သာမန်ဆန်လွန်းတယ်၊ အာ့တာက လူတွေအတွက် သင့်တော်ပါ့မလား ”

ကုန်းချင်းယောင် ” ဒါဆို အသေးစိတ်စပြောရအောင်၊ ရှင် ၅နှစ်သားမတိုင်ခင်မှာ ရောဂါထူခဲ့လိမ့်မယ်၊ ရှင့် တဦးတည်းသောသားဖြစ်ပြီး စာသေချာလေ့လာခဲ့တယ်၊ အသက်၁၂နှစ်မှာ တော်တော်လေး စာလေ့လာတာက အောင်မြင်နေခဲ့ပြီ ”

ဝူကျန့်ကျိုး ရယ်လိုက်မိသည်။ ထိုအချိန်ကသူ အိုလံပစ်ဒုတိယဆုရခဲ့ကာ အကြီးမားဆုံး အောင်မြင်မှု့ပင်။
25 04
” ဒါပေမယ့် ၁၅နှစ်မှာ စာလေ့လာရတာကို စိတ်မပါတော့ဘဲ ၁၈နှစ်မှာ ပထမဆုံး ရည်းစားထားခဲ့တယ်၊ မိန်းမနဲ့ ကလေး၃‌ယောက် ရခဲ့ပေမယ့် ၃ယောက်လုံးအဖတ်မတင်ဘူး ”

ဝူကျန့်ကျိုး အပြုံးမှာ အေးခဲသွား၏။ ပထမဆုံးရည်းစားသည် သူနှင့် ကလေးရ၍ ဆေးခန်း၌ ဖျက်ချခဲ့ကာ ၃ယောက်မြောက်၌ ကလေးထပ်မမွေးနိုင်တော့ကာ သူ သူမနှင့် လမ်းခွဲလိုက်ခြင်းပင်။

“အသက်၂၀မှာ ရှင့်ရဲ့ အချစ်ရေးက ပိုပိုပြီး ဖရိုဖရဲဖြစ်လာပြီး ရှင့်ရဲ့ အလုပ်အကိုင်ကံက အရမ်းညံ့လာတယ် အသက်၂၅နှစ်မှ ကောင်းမွန်တဲ့သူတစ်ယောက်နဲ့တွေ့ပြီး အလုပ်က အစစအရာရာ အဆင်ပြေချောမွေ့ခဲ့တယ်၊ ဒါပေမယ့် ငါးနှစ်လောက်ကြာတော့ အသက်၃၀မှာ အသက်မွေးဝမ်းကြောင်းရဲ့ ပထမဆုံးအဆင့် အခက်အခဲကို ကြုံခဲ့ရတယ်၊ အဲဒါကို ကျော်ဖြတ်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရတယ်၊ ကူညီခဲ့တဲ့သူက အမျိုးသမီးပဲ”

ဝူကျန့်ကျိုး အမူအရာသည် အရုပ်ဆိုးလာ၏။ သူ၏ ကိုယ်ပိုင်ဘဝအကြောင်းကို လူများစွာမသိခဲ့ကြပေမယ့် ကုန်းချင်းယောင်မှ အားလုံးကို ပြောနိုင်မယ်လို့ မမျှော်လင့်ထားပါ‌ပေ။ အရေးကြီးဆုံးမှာ သူမ‌ပြောသမျှ မှန်နေခြင်ပင်။

“နောက်ထပ် ဘာမြင်သေးလဲ”

” နောက်ရက်အတွင်း ဥက္ကဌဝူ ပြဿနာကြုံရမယ်လို့မြင်တယ် ”

ကောင်းကွမ်းဖမ်းမျက်နှာ မဲမှောင်လာပြီး နေရာမှ ထွက်သွားတော့မလိုပင်။ မည်သူမဆို ပြဿနာဟု ကြားလျှင် မကြိုက်သလို ဝူကျန့်ကျိုးလည်း အတူတူဖြစ်ကာ ထိုသည်ကို မယုံလောက်ပေ။

လေထုသည် တိတ်ဆိတ်သွားစဉ် အခန်းအပြင်မှ တံခါးခေါက်သံကြားလိုက်ရ၏။ ဒါရိုက်တာရှန့်မှ တံခါး ထဖွင့်ပေးလိုက်ပြီး ” ဒါက မစ္စတာဝေ့ ”

” ဒါရိုက်တာရှန့် ”

မစ္စတာဝေ့ အခန်းထဲသို့ ဝင်လာ၏။

သူ့တွင်ရှိသော မက်မွန်သီးမျက်လုံးတစ်စုံနှင့် နှုတ်ခမ်းပါးကြောင့် ဘဝတွင် သူသည် စိတ်ကူးယဉ်ဆန်တတ်သော လူတစ်ယောက်နှင့်တူသည်။ သူ၌ ယင် နဲ့ ယန် မျက်လုံးတစ်စုံရှိ၍ ကိစ္စများကို မဆင်မခြင် လုပ်တတ်သူဖြစ်လိမ့်မည်။ ကုန်းချင်းယောင် အကြည့်မလွှဲခင် မစ္စတာဝေ့နောက်မှ ယုချူးရွှယ်ထွက်လာသည်ကို မြင်လိုက်ရ၏။

ဥက္ကဌဝေ့သည် ယုချူးရွှယ်၏ ရွှေပေါင်လုံးကြီးဖြစ်ပြီး ထိုသူသည် စိတ်ချရသူမဟုတ်မှန်း သူမသိပေသည်။

မစ္စတာဝေ့သည် အခန်းထဲ ယုချူးရွှယ်နှင့်အတူ ဝင်လာကာ ယုချူးရွှယ်သည် ကောင်းကွမ်းဖမ်းအား မြင်သည်နှင့်ချက်ချင်း ” ကောင်းက ဒီရောက်နေတာလား ”

သူမအသံသည် မာနအနည်းငယ် စွန်းထင်းနေ၏။

ကောင်းကွမ်းဖမ်း သဘာဝမကျစွာနှင့် ” ချူးရွှယ်လား ”

သူမသည် သူ့လက်အောက်မှ အနုပညာရှင်ဖြစ်ပေမယ့် တခြားကုမ္ပဏီ၏ သူဌေးနှင့်အတူရှိနေ၍ သူ့အမူအရာမှာ ထူးဆန်းလာ၏။

ဝူကျန့်ကျိုးသည် ချက်ချင်းထရပ်၍ ” မစ္စတာဝေ့ ဒီမှာထိုင်ပါ ”

ဝေ့မင်ယီသည် ကောင်ကွမ်းဖမ်းနှင့်မတူကာ ဝမ်အုပ်သုလက်အောက် ကုမ္ပဏီမှ ဥက္ကဌဖြစ်သလို လီရမ်လို ကုမ္ပဏီလေးမှ မဟုတ်ပေ။

ဝေ့မင်ယီသည် ယဉ်ကျေးမနေတော့ဘဲ အလယ်ခုံ၌ ထိုင်ချလိုက်ကာ ယုချူးရွှယ်သည် သူ့ဘေး၌ထိုင်လိုက်၏။ ဝူကျန့်ကျန်ုးသည် ဝေ့မင်ယီတခြားဘက်၌ထိုင်လိုက်၏။ အခန်းထဲရှိ ကျန်လူများမှာ ဝတ်စုံများသေချာဝတ်စားထားပေမယ့် ကုန်းချင်းယောင်သာ သာမန်ဝတ်စားထားပြီး ဝေ့မင်ယီလာစဉ်ကတည်းက သူမ ထမရပ်ခဲ့ပေ။

လူတိုင်း စကားစမြည်ပြောပြီးနောက်၊ ကုန်းချင်းယောင်သည် ယုချူးရွှယ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူမမျက်လုံးထဲတွင် အလင်းတန်းတစ်ခု တောက်ပလာသည်။

၁၅မိတစ်မျှအကြာ ကောင်းကွမ်းဖမ်းမှ ရုတ်တရက် ထရပ်လိုက်ပြီး “ဒါဆို မစ္စတာဝေ့နဲ့ မစ္စတာဝူကို အလုပ်များစေမိပါပြီ၊ ကုမ္ပဏီမှာ တစ်ခုခုလုပ်စရာရှိလို့ အရင်ပြန်လိုက်ပါဦးမယ်”

ဝူကျန့်ကျိုးသည် ခေါင်းပင်မမော့ဘဲ အေးစက်စွာနှင့် ” ‌ဖြည်းဖြည်းသွားပါ မစ္စတာကွမ်း လိုက်မပို့တော့ဘူး ”

” မစ္စတာဝေ့နဲ့ မစ္စတာဝူတို့ပဲ ပျော်ကြပါ ”
25 05
သူနှင့် ကုန်းချင်းယောင် တံခါးနားသို့ ရောက်သွားကြပြီး ကုန်းချင်းယောင်မှ ယုချူးရွှယ် ဘက်သို့လှည့်၍ ” မလိုက်ဘူးလား ”

ယုချူးရွှယ် မာနကြီးဟန်နှင့် ” နင် မနေနိုင်တာနဲ့ ငါပါမနေနိုင်ဘူးလို့ မပြောဘူးလေ ”

ထိုသည်ကိုကြားပြီးနောက် ကုန်းချင်းယောင်တို့ ထွက်စွားကြကာ ကျန်ခဲ့သော ဝေ့မင်ယိသည်လဲ ထွက်သွားဟန်ပြုလာ၏။

ဝူကျန့်ကျိုးလည်း ထလာပြီး ဝေ့မင်ယီအား လိုက်ပို့ပြီး သူ့ထိုင်ခုံဆီသို့ ပြန်လိုက်လိုက်၏။ အခန်းတစ်ခုလုံးတွင် ဝူကျန့်ကျိုး၊ ဒါရိုက်တာရှန့်၊ ဒါရိုက်တာမင် နှင့် ယုချူးရွှယ်တို့သာရှိတော့သည်။ ဝူကျန့်ကျိုးသည် သူ၏ လေးနက်သော အမူအရာကို ချက်ချင်း ဖယ်လိုက်ပြီး စိတ်ပျက်စရာ အမူအရာဖြင့် ယုချူးရွှယ်အား လက်ယပ်ခေါ်ကာ ” ချူးရွှယ်လာ”

” ဟုတ်ပါတယ် ”

သူမ ဝူကျန့်ကျိုးဘေး၌ ထိုင်ချလိုက်ပြီး ” ဝူက အမြဲတမ်း ချူးရွှယ်လို့ပဲ ခေါ်နေတာပဲ ”

” ရွှယ်ရွှယ် ”

သူ သူမပေါင်အား ထိကိုင်လိုက်ပြီး ” ဒါရိုက်တာနျန်မှာ ပြဇာတ်တစ်ပုဒ်ရှိတယ် မင်းသမီး ၃ယောက်ထဲက တတိယဇာတ်‌ဆောင်က မင်းနဲ့သင့်တော်တယ်လို့ထင်တယ် ”

ယုချူးရွှယ်၏မျက်လုံးများတွင် အံ့အားသင့်စရာအရိပ်အမြွက်ပြလိုက်သော်လည်း “ဘာလို့ တတိယဇာတ်‌ဆောင် ဖြစ်ရတာလဲ၊ အနည်းဆုံးတော့ ဒုတိယဇာတ်ဆောင်ပဲ လိုချင်တာ”

ဝူကျန့်ကျိုး ရယ်မောလိုက်ပြီး ယုချူးရွှယ် စကတ်အောက်၌ သူ့ ညာလက်အား တင်လိုက်ကာ “ဒါက မင်း ဒီနေ့ ဘယ်လို ဝန်ဆောင်မှု့ပေးမလဲ အပေါ်မှာ မူတည်တယ်လေ ”

“အိုး…မစ္စတာဝူက တကယ်ရယ်ရတာပဲ ” သူမ ဝူကျန့်ကျိုး ဘာလုပ်မည်ဆိုသည်ကို သိ၏။ ဝေ့မင်ယိသည် သူမအား ဒီကိုခေါ်လာတုန်းအချိန်၌ ရှင်းရှင်းလင်းလင်းပြောပြခဲ့ကာ ထိုသူနှင့် တစ်ညတာရှိပေးရုံနှင့် နှစ်ဖက်စလုံး အကျိုးရှိမှာပင်။

သူမ ထိုအကြောင်းကို တွေးလိုက်ပြီးသည့်အခါ သူမ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားအများစုမှာ ဝူကျန့်ကျိုးမှ ချွတ်လိုက်ပြီးဖြစ်ကာ “မစ္စတာဝူ ဘာတွေ အလျင်လိုနေတာလဲ”

” ချူးရွှယ်လို့ ခေါ်တာမဟုတ်ဘူးလား၊ နာမည်အတိုင်း အသားအရေက နှင်းလိုဖြူလားလို့ ကြည့်တာပါ ”

ဝူကျန့်ကျိုး သူမ အဝတ်အစားများအား အပြီးတိုင်ချွတ်ပစ်လိုက်၏။

အချင်းချင်း တွန်းထုတ်လိုက် ဆွဲလိုက်ဖြစ်ပြီးနောက် ဝူကျန့်ကျိုးသည် ယုချူးရွှယ်အား ဖိလိုက်ကာ ခဏအတွင်းမှာပင် အခန်းတွင်းမှ ပင့်သက်ရှိုက်သံနှင့် ငိုသံများထွက်လာသည်။

ကောင်းကွမ်းဖမ်း နှင့် ကုန်းချင်းယောင် တို့သည် မြေအောက်ကားရပ်နားရန်နေရာသို့ ဓာတ်လှေကားဖြင့် ဆင်းသွားကာ ကောင်းကွမ်းဖမ်းမှ “ငါ မင်းကို ပြန်ပို့ပေးမယ်”

ကုန်းချင်းယောင်မှ ငြင်းလိုက်ကာ အပြင်သို့ထွက်သွား၏။

ကောင်းကွမ်းဖမ်းမှ ကုန်းချင်းယောင်အားကြည့်ပြီး အကြိမ်ပေါင်းများစွာ တုံ့ဆိုင်းနေပြီး နောက်ဆုံးမှာတော့ ကားထဲသို့ တိတ်တိတ်လေးဝင်ထိုင်ပြီး ခဏအကြာ ကားကို စက်နှိုးလိုက်၏။

ခပ်လှမ်းလှမ်းအထိ လမ်းလျှောက်ပြီးနောက် ကုန်းချင်းယောင် ခြေလှမ်းများကို ရပ်လိုက်ကာ ကားပါကင်ထဲ၌ သူမ၏ အေးစက်သောအသံသည် ဟိန်းထွက်လာကာ “ထွက်လာခဲ့”

လူငယ်တစ်ယောက်သည် သူမနောက်ကနေ ထွက်လာ၏။ ညဘက်တွင်တောင် သူ၏ချောမောသော မျက်နှာသည် အလွန်စွဲမက်ဖွယ်ကောင်းနေပြီး “ဒီည မင်း ဒီကို ရောက်ဖို့ မမျှော်လင့်ထားဘူး” သူ သူမအား ပထမဆုံးမြင်ဖူးတုန်းက သူမ၏ မျက်နှာပေါ်၌ မိတ်ကပ်များမှာ တကယ်ကြောက်စရာကောင်းနေခဲ့၏။ သူမသာ မိတ်ကပ်များဖျက်ပြီးလျှင် ဤမျှအထိ လှပနေမယ်လို့ သူ မမျှော်လင့်ထားပေ။

ကုန်းချင်းယောင်မှ ပြန်လှည့်လာပြီး “တစ်ခုခုရှိလို့လား?”

“ပြီးခဲ့တဲ့ ကိစ္စတွေအတွက် ကျေးဇူးတင်ပါတယ်”

ထိုသူမှာ ချင်ဇယ်ပင်။

ပုံမှန်သာဆိုလျှင်၊ ချင်ဇယ်အား မြင်ပြီးနောက် အမျိုးသမီးများသည် စတင်ခုန်အုပ်ရန် ပြုလုပ်လာလိမ့်မည်ဖြစ်ပေမယ့် ကုန်းချင်းယောင်သည် သာမန်မိန်းက‌လေးတစ်ဦးမဟုတ်သောကြောင့် သူမသည် အေးစက်စွာနှင့် ” မလိုပါဘူး ” ဟုပြောပြီးနောက် သူမ ပြန်လှည့်၍ အနှောင့်အယှက် မပေးဘဲ ထွက်သွား‌လေသည်။
25 06
ချင်ဇယ် ညာလက်အား ဆန့်တန်းကာ နှာသီးဖျားကို ထိလိုက်မိ၏။ သူ့အား မဖက်တွယ်သော မိန်းကလေးအား သူပထမဆုံးအကြိမ် တွေ့ခဲ့သည်ပင်။ ကုန်းချင်းယောင် ထွက်သွားပြီးနောက် သူသည်လည်း နောက်ပြန်လှည့်ပြီး ပြန်သွားတော့၏။ တိုင်နောက်ကွယ်မှ လူတစ်ယောက် ထွက်လာကာ သူ့အား မျက်စိ မှိတ်ပြပြီး “ဒီမိန်းက‌လေးက ငါတို့ရဲ့ ဒုတိယသခင်လေးရဲ့ ကျက်သရေကို လျစ်လျူရှုနိုင်လိုက်တာပဲ၊ သူမက ဘယ်သူလဲ”

ချင်ဇယ် အဖြေမပေးဘဲ ” အခန်း၂၀၃ကို စစ်ကြည့်လိုက် ဒီနေ့ဘာဖြစ်လဲစိချင်တယ် ”

“ငါက မင်းရဲ့ စုံထောက်လား ”

“မင်းလုပ်နိုင်မယ်လို့ ယုံတယ် ရှောင်းယွီယွီ ”

ရှောင်းယွီယွီမှ ချက်ချင်း ” ချင်ဇယ် မင်းယုံယုံ မယုံ ငါမင်းကို ရိုက်ပစ်မယ် ”

အိမ်ပြန်ရောက်ပြီးနောက် ကုန်းချင်းယောင် ကောင်းကောင်းအိပ်ပျော်သွားကာ ဒုတိယနေ့၌ နိုးလာပြီးနောက် အနှစ်တစ်ထောင် အေးစက်သော သံပြားအား ဆက်လက် ပြုပြင်နေသော်လည်း မြို့တော်တွင် ဝိညာဉ်စွမ်းအင် လုံလုံလောက်လောက် မရှိသည်က သနားစရာပင်။ မဟုတ်ပါက သူမ၏ ကျင့်ကြံမှု့ အရှိန်မှာ ပိုမြန်လာမည်ပင်။

သူမ လေ့ကျင့်မှုပြီးသွားသည့်အခါ ဟင်းချက်ပစ္စည်းတချို့ဝယ်ပြီးနောက် ထမင်းချက်ရန် ပြန်လာတော့၏။ သူမ ထမင်းစားပြီးတာသည်နှင့် အပြင်ထွက်ခါနီး၌ အိုက်ရှောင်းယွင် ဆီမှ ဖုန်းဝင်လာကာ ” ချင်းယောင် နင်မထသေးဘူးလား၊ ငါ‌ပြောစရာတစ်ခုရှိတယ်”

ကုန်းချင်းယောင် ၉နာရီထိုးနေပြီးကို ကြည့်ကာ ” ထပြီ ”

သူမ ထိုမျှအထိ တခါမှ မအိပ်ဘူးပေ။

အိုက်ရှောင်းယွင် ” အာ့တာဆို ငါ့ကိုစောင့်နေ ချက်ချင်းလာခဲ့မယ် ”

သူမ အိတ်အား ချလိုက်ပြီး ဆိုဖာပေါ် ၌ပြန်ထိုင်လိုက်ကာ ဖုန်းဖွင့်လိုက်သည်နှင့် ယခု အကျော်ကြားဆုံး တီဗီအစီအစဥ်ကို တွေ့ပြီး စတင်ကြည့်ရှုလိုက်သည်။ လုချမ်ချမ်သည် သူမဘယ်လိုသရုပ်ဆောင်ရမလဲဆိုသည်ကို မသိလျှင် တီဗီရှိုးတွေကြည့်မယ်၊ သရုပ်ဆောင်တွေက ဘယ်လိုပုံစံလဲသည်ကို ကြည့်ရလိမ့်မယ်ဟု ပြောထားသောကြောင့်ပင်။

တီဗီဇာတ်လမ်းတွဲတစ်ခုကြည့်ပြီးနောက် အိုက်ရှောင်းယွင် ရောက်လာပြီး သူမဝင်လာပြီးတာနဲ့ ဝမ်းသာအားရနဲ့ ” ဒန့် ဒန့် ဒန်၊ ငါဘာယူလာလဲဆိုတာ ခန့်မှန်းကြည့်”

ကုန်းချင်းယောင်မှာ တည်ငြိမ်နေလျှက် ” ဘာလဲ”

အိုက်ရှောင်းယွင် ပျင်းရိသွားကာ ” နင်က ရုပ်ရှင်ဘုရင်မဖြစ်ပြီဆိုရင်လို့ ပြောရင်တောင် ပျော်မယ့်ပုံမပေါ်ဘူး ”

ကုန်းချင်းယောင် အမူအရာပြန်ထိန်းကာ ” မဟုတ်ဘူး ပျော်မှာပါ ”

သူမ ပိုအလေးအနက်ထားလာကာ မူလကိုယ်၏ ဆန္ဒအား ချီးမြှောက်သင့်သည်ပင်။

အိုက်ရှောင်းယွင် သူမအား မယုံသလိုနှင့် စာအုပ်၃အုပ် ထုတ်လိုက်ကာ ” ဒါက ကြော်ငြာ၃ခုပဲ မစ္စတာကောင်းက မနက်ကပဲ ခေါ်ပြောလာတာ၊ နင်လိုချင်တာကို ရွေးလိုက်တဲ့ ”

ကုန်းချင်းယောင် ထိုသည်တို့ကို ကြည့်နေကာ…

အိုက်ရှောင်းယွင်မှ စပ်စုချင်လာကာ ” ချင်းယောင် မနေ့က အရမ်းပျော်ခဲ့ရလား ”

ကြော်ငြာ၃ခုတောင် ဘယ်လိုတောင် ချီးမြှောက်မှု့လဲ။

ပျော်ရမယ်?

ထိုကြေငြာများဟာ ကောင်းကွမ်းဖမ်း၏ တောင်းပန်မှု ဖြစ်နိုင်သည်လို့ သူမ တွေးလိုက်၏။ အဆုံးတွင် ကောင်းကွမ်းဖမ်းသည် အခန်း၂၀၃ သို့ သူအမအား ခေါ်သွားပြီး ကြိုတင်ပြင်ဆင်ထားသလိုမဖြစ်သော်လည်း အဆုံး၌ ဘာ့ကြောင့် စိတ်ပြောင်းလဲသွားသလဲ ဆိုတာကိုတော့ ကောင်းကွမ်းဖမ်း ကိုယ်တိုင်ကိုပဲ မေးရမည်ပင်။
25 07
ဤကြော်ငြာသုံးခုတွင် တစ်ခုသည် သွားတိုက်ဆေးကြော်ငြာ၊ တစ်ခုသည် နားကြပ်ကြော်ငြာဖြစ်ပြီး နောက်တစ်ခုသည် သန့်ရှင်းရေးသုံးလက်သုတ်ပုဝါကြော်ငြာအတွက်ဖြစ်သည်။ ချင်းယောင်သန့်ရှင်းသောလက်သုတ်ပုဝါကြော်ငြာကို လုံးဝမစဉ်းစားဘဲ ဖယ်ရှားလိုက်သည်။

အိုက်ရှောင်းယွင်သည် ချင်းယောင် သန့်ရှင်းရေးလက်သုတ်ပုဝါ ကြော်ငြာကို ချလိုက်သည်ကို မြင်ပြီး ချက်ချင်းပင် ” ဒီသန့်ရှင်းရေး လက်သုတ်ပုဝါကြော်ငြာကို လျှော့မတွက်နဲ့‌နော်၊ နောက်ဆုံး ထောက်ခံပေးထားတဲ့သူက စွင်းဖန်ချောင်း!” စွင်းဖန်ချောင်း ၏ နေရာနှင့် သူမတို့၏ ကုမ္ပဏီမှ ကျန်းရှောင်းနန် သည် လူသိများသော အနုပညာရှင်များအဖြစ် မှတ်ယူနိုင်ပါ‌ပေသည်။

ချင်းယောင် နားကြပ်ကြော်ငြာကို ကောက်ကိုင်လိုက်ပြီး “ဒါကို ရွေးမယ် ”

အိုက်ရှောင်းယွင် “Deer ear headphones တွေက အရင်တုန်းက အရမ်းကောင်းပေမယ့် မကြာသေးခင်နှစ်တွေမှာတော့ ရောင်းအားက ပိုဆိုးလာခဲ့တာ၊ နှစ်စဉ် ကြော်ငြာတွေလည်း သာမန်ပဲ၊ တစ်နေ့မှာ သူတို့ ဒေဝါလီခံသွားရမှာ”

မဟုတ်လျှင် သူမတို့ကုမ္ပဏီရဲ့ အလှည့်က ဘယ်တော့ဖြစ်မလဲ။ အိုက်ရှောင်းယွင်မှ “ဒီထက် သွားတိုက်ဆေးကြော်ငြာကို ရွေးတာ ပိုကောင်းတယ်”

ကုန်းချင်းယောင် ” မကောင်းဘူး ”

အိုက်ရှောင်းယွင် ခေတ္တမျှ မတုံ့ပြန်နိုင်ဖြစ်သွားကာ ” ဘာလို့လဲ ”

ကုန်းချင်းယောင် ” ဒေဝါလီခံတော့မှာ ဒါကိုပဲရွေးမယ် ”

အိုက်ရှောင်းယွင် ခဏနေမှ ပြန်တုံ့ပြန်လာနိုင်၏။ သူမတို့ကုမ္ပဏီသည် ဒေဝါလီမခံရလောက်သေးဘူးပေါ့။ သူမ ချင်းယောင်အား ကြည့်လိုက်ပြီး ” အာ့ဒါကိုလဲ သိနိုင်တာပဲလား ”

ကုန်းချင်းယောင် ” ဟုတ်တယ် ”

အိုက်ရှောင်းယွင် လေသံပြောင်းသွားကာ ” ကောင်းတယ် အာ့ဒါပဲရွေးရအောင် ”

ကြော်ငြာအား နှစ်ယောက်သဘောတူပြီးနောက် အိုက်ရှောင်းယွင် ကုန်းချင်း‌ယောင်၏အိမ်ထဲအား ဝေ့ဝိုက်ကြည့်လိုက်ပြီး အိမ်ထဲသို့ဝင်လိုက်သောအခါတွင် သူမ ထူးခြားမှုတစ်ခုကို တွေ့လိုက်ရသည်။ သေချာ အနီးကပ်ကြည့်ပါက အိမ်သည် တောက်ပပြီး သပ်ရပ်နေသည်ကို မြင်လိုက်ရ၍ “အိမ်က တော်တော်ပြောင်းလဲသွားပြီပဲ ”

အိုက်ရှောင်းယွင် ” သဘောကျတယ် အိမ်လို့ ခံစားရတယ် ”

အိုက်ရှောင်းယွင် အခြားကြော်ငြာစာအုပ်နှစ်အုပ်အား သူမ၏အိတ်ထဲသို့ ထည့်လိုက်သည်။ ထိုကြော်ငြာနှစ်ခုအား သူမရဲ့အနုပညာရှင်တွေအတွက် သီးသန့်ထားနိုင်မလားဆိုသည်ကို ကုမ္ပဏီနှင့် ဆွေးနွေးရဦးမည်ပင်။ သူမက ဖုန်းကောက်ကိုင်လိုက်ပြီး ” စောနေသေးတယ်၊ နေ့လည်စာ အတူတူ စားကြမလား ”

“ကောင်းသားပဲ”

အိုက်ရှောင်းယွင် အိတ်ထဲပစ္စည်းထည့်နေခိုက် ဖုန်းမြည်လာကာ ” ယူချူးရွှယ်က ဘာလို့ဖုန်းတက်ရတာလဲ ”

သူမ ဖုန်းကိုင်လိုက်သောအခါ အားနည်းနေသောအသံနှင့် ” ရှောင်းယွင် ငါ့ကို အခန်း၂၀၃မှာ လာကယ်ပါ၊ ငါသေတော့မယ် ”

အိုက်ရှောင်းယွင် စိတ်ရှုပ်‌ထွေးနေကာ ” ဘာ ”

“လာကယ်ပါဦး ” စကားပြောပြီးနောက် ဖုန်းမှ ကျယ်လောင်သော တံခါးခေါက်သံကြောင့် ယုချူးရွှယ်မှ ကြောက်လန့်တကြား အော်လိုက်သည် ။ ” မဟုတ်ဘူး မဟုတ်ဘူး တောင်းပန်ပါတယ် ”

အိုက်ရှောင်းယွင် တစ်ခုခုမှားနေပြီဆိုတာ သိသွားပြီး ” ချင်းယောင်၊ ငါ နင်နဲ့ အတူတူနေ့လည်စာ မစားနိုင်တော့ဘူး၊ မြို့‌တော်၏ကြယ်ဟိုတယ်ကို သွားရမှာ”

ကုန်းချင်းယောင် စာအုပ်အားချလိုက်ကာ ” သွားရအောင် ငါလည်း လိုက်ခဲ့မယ် ”

ယုချူးရွှယ် တစ်ယောက်တည်းသာရှိနေရင် သူမ သေချာပေါက် ဂရုစိုက်မှာ မဟုတ်ပေ။ ယုချူးရွှယ် မနေ့က အခန်းထံဝင်လာစဉ် သူမ၏ နတ်မျက်စိမှာ နိုးကြားလာပြီး နောက်တွင် အခန်း၂၀၃၌ ဖြစ်ပျက်မည်ကို သူမ မြင်၍ မထွက်သွားခင် သူမအား မေးခဲ့‌သော်လည်း ယုချူးရွှယ်မှ မသွားခဲ့‌ပေ။ သူမသာ ထွက်သွားဖို့ မရွေးချယ်ခဲ့လျှင် ဘာမှထပ်ပြောစရာမလိုတော့ပေ။

ယခု အိုက်ရှောင်းယွင် သွားမည်ဆိုလျှင် ကုန်းချင်းယောင်းလည်း သူမနဲ့ လိုက်သွားရမည်ပင်။ အခု အခန်း၂၀၃၌ ယောက်ျား‌လေး သုံးယောက်နှင့် အထက်ရှိနေလေသည်။

အိုက်ရှောင်းယွင် ခေါင်းညိတ်ကာ ကုန်းချင်းယောင်သာအတူပါလျှင် သူမ အရမ်းထိတ်လန့်နေမှာ မဟုတ်တော့ပေ။
25 08
” ဘာဖြစ်တာလဲမသိဘူး ချူးရွှယ်ရဲ့ အသံက အခုမှ အားနည်းနေတယ် ” နောက်ဆုံးတော့ ယုချူးရွှယ် က မဟုတ်ဘူးလို့ ပြောတဲ့အခါ သူမရဲ့ အသံသည် ထူပူနေကာ ကြောက်ရွံ့နေသည်ဆိုသော အဓိပ္ပါယ်ပင်။

အိုက်ရှောင်းယွင် စဉ်းစားပြီးနောက် စိတ်ထဲမှ ” ယုချူးရွှယ်လည်း မနေ့က တော်ဝင်ကြယ်ဟိုတယ်ကို သွားခဲ့တယ်ပေါ့”

ကုန်းချင်းယောင် ” ငါနဲ့ မစ္စတာကောင်း အခန်းထဲက ထွက်မယ်ဆိုတော့ သူမကိုလဲ ခေါ်ခဲ့ပါတယ် သူမက မလိုက်တာလေ ”

အိုက်ရှောင်းယွင် ဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်သော်လည်း အမြန် မောင်းနှင်ပြီး မကြာမီ တော်ဝင်ကြယ်ဟိုတယ်သို့ ရောက်ရှိခဲ့သည်။

ထိုအချိန်တွင် တော်ဝင်ကြယ်ဟိုတယ်ခန်းမသည် မနေ့ကကဲ့သို့ မဟုတ်ဘဲ ခြောက်သွေ့နေကာ ဘေးတစ်ဖက်တစ်ချက်တွင် စားပွဲနှင့်ကုလားထိုင်များ ပြန့်ကျဲနေပြီး လူသူကင်းမဲ့နေ၏။ သူမတို့နှစ်ယောက် အပေါ်ထပ်တက်သွားသောအခါ အိုက်ရှောင်းယွင်မီ အသက်ပြင်းပြင်းရှူကာ တံခါးကိုခေါက်လိုက်သည်။

အချိန်အတန်ကြာမှ လူတစ်ယောက် တံခါးလာဖွင့်ကာ တံခါးဟထားသည့်ကြားမှ ” ဘာလုပ်မလို့လဲ ”

ထိုအဟလေးကြားမှ တစ်ယောက်ယောက် အကူအညီတောင်းသံအား ကြားလိုက်ရ၏။

တခြားလူသည် အဝတ်အစားများ မဝတ်ထားသည်ကိုမြင်၍ အိုက်ရှောင်းယွင် သတ္တိမွေးကာ ” ချူးရွှယ်က သွားစရာရှိလို့ လာကြိုတာပါ ”

ထိုလူသည် တံခါးအား ဆောင့်ပိတ်သွား၍ သူမနောက်သို့ ဆုတ်လိုက်ရ၏။

တံခါးပိတ်လိုက်သောအခါ အတွင်း၌ အသံများမကြားရတော့၍ အိုက်ရှောင်းယွင် လက်၂ဖက်အား ညှ်လိုက်ကာ ” ငါ ဘာဆက်လုပ်ရမလဲ ”

သူမ ထပ်ခါထပ်ခါ တွေးလိုက်ပြီး တံခါးထပ်ခေါက်လိုက်၏။

တံခါးဖွင့်ပေးသောလူမှ စိတ်မရှည်တော့ဘဲ ” ဘာလဲ နင်ပါ ဝင်ပါချင်လို့လား လာခဲ့ ဆန္ဒကိုဖြည့်ဆည်းပေးမယ် ” ဟုဆိုကာ အိုက်ရှောင်းယွင်ကိုပါ အခန်းထဲသို့ ဆွဲခေါ်လိုက်၏။

အိုက်ရှောင်းယွင် အော်ဟစ်နေလျှက် ” ဘာလုပ်တာလဲ လွှတ်ပေး… ”

ကုန်းချင်းယောင် ရှေ့တက်လာပြီး ထိုလူ၏ လက်ကို လိမ်ချိုးလိုက်ရာ အရိုးကျိုးသံပင် ထွက်လာတော့၏။

” အား… ငါ့လက် ”

ကုန်းချင်းယောင် ထိုလူအား လက်လွှတ်ပေးလိုက်ရာ ကြမ်းပြင်၌ ခွေကျသွား၏။

အိုက်ရှောင်းယွင် သူမနောက်သို့ ရောက်လာပြီး ထိတ်လန့်နေစဉ် ချင်းယောင်မှ အေးစက်စွာ ” တံခါးပိတ်လိုက် ”

” ဟုတ်ပြီ ”

အိုက်ရှောင်းယွင်အမြန် တံခါးပိတ်လိုက်၏။

မနေ့၌ လူ၃ယောက်သာရှိသော်လည်း ယနေ့၌ နောက်လူတစ်ယောက် တိုးလာပြီး ယောင်္ကျားလေး ၃ယောက် မိန်းကလေး၁ယောက်ဖြစ်နေ၏။ ထို၄ယောက်မှာ ဘာမှမဝတ်ထားဘဲ ရှိနေပြီး ယုချူးရွှယ်သည် အိပ်ယာထဲ၌ လှဲနေ၏။ သူမ တကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေသည်မှာ ကြောက်မက်ဖွယ်ပင်။

ကုန်းချင်းယောင် လိုက်ကာအား ဆွဲဖြုတ်၍ သူမပေါ်သို့ ခြုံပေးလိုက်၏။

ဝူကျန့်ကျိုး လျှာသပ်လိုက်ကာ ” မင်းပဲလား၊ ဒီနေ့တော့ ကိုယ့်ခြေထောက်နဲ့ကို ရောက်လာတာပဲ ဒါဆို ငါတို့…”

သူ လျှာရိုးမရှိပြောလာသည်ကိုမစောင့်ဘဲ ကုန်းချင်းယောင်မှ ရှေ့တိုးလာပြီး မျက်စိတမှိတ်အတွင်း သူတို့ ၃ယောက်အား ရိုက်ချလိုက်၏။

အိုက်ရှောင်းယွင် ယုချူးရွှယ်အား အမြန်ကူညီပေးလိုက်ပြီး ” ထနိုင်သေးလား ”

ယုချူးရွှယ်ခြေထောက်များ တုန်ယင်နေကာ ရှိုက်နေလျှက်မှ ခေါင်းခါပြသည်။

အိုက်ရှောင်းယွင် ဖုန်းထုတ်လိုက်ပြီး ” ရဲခေါ်လိုက်မယ် ”

ယုချူးရွှယ် အိုက်ရှောင်းယွင်လကမထဲမှ ဖုန်းအား တားလိုက်ကာ ” ရဲမခေါ်ပါနဲ့ ”

အိုက်ရှောင်းယွင် အကူအညီမဲ့သလို ခံစားလိုက်ရပြီး ” ကောင်းပြီ ဆေးရုံအရင်သွားရအောင် ”

အိုက်ရှောင်းယွင် ယုချူးရွှယ်အား ကူညီ၍ ကားထဲသို့ ခေါ်သွားလိုက်၏။ ကုန်းချင်းယောင် သူမတို့နှင့်မလိုက်သွားပေ။ ယုချူးရွှယ်၏ ဒဏ်ရ များမှာ ပျောက်ကင်းရန်ကြာမည်ဖြစ်ပြီး ထိုလမ်းကို သူမဘာသာရွေးချယ်ထား၍ အကျိုးဆက်ကိုလည်း ခံနိုင်ရမည်ပင်။
25 09
ကုန်းချင်းယောင် သူမတို့ နှင့်အတူ ဆေးရုံသို့ မသွားဘဲ မြို့တော်၏ကြယ်ဟိုတယ်မှ ထွက်လာပြီးနောက် လမ်းဘေးရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို အမှတ်တမဲ့တွေ့ရ၍ ထိုဆိုင်၌ ဝင်ထိုင်ကာ ခေါက်ဆွဲသေးတစ်ပန်းကန်ကို မှာယူလျှက် စားနေ၏။ ထိုစဉ် အိုက်ရှောင်းယွင်၏ ဖုန်းဝင်လာပြီး ” သူမကို ဆေးစစ်ဖို့ အခုပဲ ဆေးရုံကို ခေါ်သွားတယ်၊ ဆရာဝန်က ဒဏ်ရာက ပြင်းထန်လို့ ခဏလောက် အိပ်ယာထဲမှာပဲ နေဖို့ လိုတယ်လို့ပြောတယ်”

“ ချူးရွှယ် ဘာလို့ ဒီလိုလုပ်တာလဲ နားမလည်နိုင်ဘူး၊ အခု ဒီလို ဒဏ်ရာတွေ ရလာရင် ဇာတ်လမ်းထဲမှာ ဇာတ်ဆောင်နေရာ ကောင်းကောင်း ရနိုင်ပါဦးမလား ငါ့လက်အောက်က အနုပညာရှင်တွေကို လုံ့လ ဝီရိယ ရှိဖို့ပဲ အမြဲ မျှော်လင့် ထားတာပါ၊ အာ့လို ခွန်အားတွေကပဲ ဇာတ်လမ်းမှာ နေရာရနိုင်မှာ၊ ဒီလို မရိုးသားတဲ့နည်းလမ်းနဲ့ ဇာတ်ဆောင်နေရာကို မယူနဲ့နော် ” အိုက်ရှောင်းယွင် အချိန်အတော်ကြာအောင်ပြောပြီးမှ ” နင် ထမင်းစားပြီးပြီလား ငါ မေးဖို့မေ့သွားတယ်”

ကုန်းချင်းယောင် ” အခုပဲစားပြီးတာ ”

” ကောင်းပြီ နောက်တခါတို ငါကျွေးမယ်နော် ”

အိုက်ရှောင်းယွင် သူမအား ထမင်းဖိတ်ကျွေးမည်ဟု ပြောထားသည်မှာ ယုချူးရွှယ်ကိစ္စကြောင့် နှောင့်နှေးကုန်ရသည်ပင်။

ကုန်းချင်းယောင် အိုက်ရှောင်းယွင်မှ စကားပြေားရာ လူလိုနေသည်ကိုသိ၍ ” အင်း ”

“ကြော်ငြာအတွက်‌တော့ ငါ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီးရင် ဆက်သွယ်လိုက်မယ် ” အိုက်ရှောင်းယွင် ကုန်းချင်းယောင်အား စကားအများကြီးပြောပြီးနောက် စိတ်အခြေအနေ ပိုကောင်းလာ၏။ သူမ အေးဂျင့်တစ်ယောက်၏ အလုပ်ကို သဘောကျ၍ ဤလောကကို ရောက်လာရခြင်းပင်။ သူမအမြဲတမ်းထင်ခဲ့သည်မှာ အဆိုပါ အနုပညာလောကသည် နောက်ဆုံးတွင် ခွန်အားဖြင့်သာ ထိပ်ဆုံးသို့ရောက်ရှိနိုင်သည်ဟုပင်။ သို့သော်ယနေ့တွင် သူမ၏အနုပညာရှင်များသည် ထိုကဲ့သို့သော ပြဿနာများတက်ခဲ့သောကြောင့်သူမ အနည်းငယ် စိတ်မသက်မသာ ခံစားရစေသည်။

“ကောင်းပါတယ်”

“အာ့တာဆို အရင်ဖုန်းချလိုက်နော် ”

” အွန်း ”

ကုန်းချင်းယောင် ဖုန်းချလိုက်၏။

သူမ နောက်ဆုံးဝယ်ခဲ့သည့် အနက်ရောင်စန္ဒကူးသားသည် တစ်ဝက်ကျန်‌သေး၍ ခန္ဓာကိုယ် အကာအကွယ်ရန်အတွက် နောက်ထပ် သစ်သားအဆောင် သေးသေးလေး လုပ်လို့ရသေး၏။ ထိုအဆောင်အား ယနေ့ ကျောက်စိမ်းဆိုင်တွင် ရောင်းချရန် သူမ စီစဉ်ထား၏။ မဆုံးတွင် ကိုယ်ခန္ဓာအား ကာကွယ်သည့် အဆောင်များကို အနာဂတ်တွင် ဗေဒင်ဟောရန်အတွက် သေချာပေါက် အသုံးပြုမည်ဖြစ်ပေသည်။ ပိုကောင်းသည့် ကျောက်စိမ်းများအာ အဆင့်နိမ့် မှော်လက်နက်အဖြစ်လည်း သုံးနိုင်သေးသည်။

ချင်းယောင် တက္ကစီဌားလိုက်ပြီး အနီးဆုံး ကျောက်စိမ်းအရောင်းဆိုင်သို့ သွားလိုက်၏။

ဒါရိုက်ဘာသည် သူမမှ ကျောက်စိမ်းအရောင်းဆိုင်သို့ သွားချင်သည်ဟုပြောလာ၍ ” ဒီကနေ ကျောက်စိမ်းအရောင်းဆိုင်ကို တန်းတန်းသွားရင် လုပ်ပြီးသား ပစ္စည်းတွေတင်မဟုတ်ဘဲ ကျောက်စိမ်းတုံးတွေပါ ဝယ်လို့ရတယ် ”

ကျောက်စိမ်းတုံး ချင်းယောင် မျက်လုံးပင့်လာပြီး ” ကောင်းပြီ အာ့ဒီ့ ကျောက်စိမ်းအရောင်းဆိုင်ရင်ပြင်ကို သွားရအောင် ”

သူမ ထိုအရာအား ကိုယ်တိုင်တူရမည်ဟု ထင်ထားပြီး အဆင်သင့်ရမည်ဟု မထင်ထားပေ။

ကားသမားမှ ကုန်းချင်းယောင်အား မြို့တော်အပြင်မှ လာသည်ဟုထင်ပြီး “ ဒီရင်ပြင်က အရမ်းကျယ်ဝန်းပြီး အများစုက ကျောက်စိမ်းအချောထည်တွေကို ရောင်းချကြပေမယ့် ဒီကုန်ချောပစ္စည်းတွေက စတိုးဆိုင်မှာထက် ဈေးပိုသက်သာပါတယ်၊ ကိုယ်တိုင်ဝယ်ပြီး ကိုယ်တိုင်ပြုလုပ်နိုင်သေးတယ်၊ ရင်ပြင်ရဲ့ မျက်နှာချင်းဆိုင်မှာ ထုတ်လုပ်ရေး စက်ရုံတစ်ခုရှိတယ်၊ ငါ့ရဲ့ ဆွေမျိုးတွေက သူတို့လက်ထပ်ပြီးတဲ့အခါ အဲဒီ့မှာ ကျောက်စိမ်းလက်စွပ်တွေကို လာပြုပြင်ဖူးတယ်၊ ဆိုင်မှာထက် အများကြီး ဈေးသက်သာတယ်”
25 10
မီးနီသည်ကိုတွေ့တာ၍ ကားသမားမှ ကားရပ်လိုက်ကာ “ကျောက်စိမ်းတုံးရောင်းတဲ့ သူတွေက ရင်ပြင်ရဲ့ နောက်ဆုံးတန်းမှာ ရှိတယ်။ ကျောက်အကြမ်းထည် အရောင်းဆိုင်တွေထဲမှာ အကြီးဆုံးက ကျင်းယုဆိုင်ပဲ၊ အထဲမှာ အထပ်ပေါင်းများစွာ ရှိတယ်၊ ဒါပေမယ့် ဝင်ဖို့ဆိုရင် အဖွဲ့ဝင် ဒါမှမဟုတ် အဖွဲ့ဝင်တစ်ယောက် အတူတူ ပါဖို့လိုတယ်၊ ဆိုင်တွေထဲမှာ ပိုင်လန်စတိုးက ထုတ်လုပ်မှုနှုန်း အမြင့်ဆုံးပဲ ပြီးတော့ပိုင်လန် စတိုးဆိုင်ထဲဝင်ဖို့ အဖွဲ့ဝင်ကတ် မလိုအပ်သလို မဘယ်သူမဆို ဝင်လို့ရတယ်၊ ဒါ့ကြောင့် ကျင်းယုဆိုင်သည် အကြီးဆုံးဖြစ်ပေမယ့် အများစုက ပိုင်လန်ကိုပဲ လာရောက်လည်ပတ်ကြတာ ”

ချင်းယောင် နားလည်သွား၏။

ရင်ပြင်သို့ ရောက်သောအခါ သူမ ပိုက်ဆံရှင်းလိုက်ပြီး ” ဒီနေ့ ယာဉ်မောင်းရင် အရှေ့ဘက်ကို မသွားပါနဲ့ ”

ကားသမားသည် ခေတ္တမျှ အံ့ဩနေပြီး သဘောပေါက်၍ ကျေးဇးးတင်မည့်အချိန်တွင် ကုန်းချင်းယောင်မှာ အဝေးသို့ရောက်နေလေပြီ။

သူမ ဆိုင်သို့ တန်းသွားပြီး ကျောက်စိမ်းတုံးများဝယ်လိုက်၏။ သူမ ကျင်းယုဆိုင်သို့ မဝင်နိုင်ပေမယ့် ပိုင်လန်သို့ဝင်နိုင်၍ ထိုသို့သွားရန် စဉ်းစာလိုက်၏။

သေချာပေါက် ပိုင်လန်ဆိုင်၌ လူတော်တော်များ၍ ဝန်ထမ်းအင်အား မလုံလောက်သည်မှာ သေချာလေသည်။ ထို့ကြောင့် သူမ တံခါးထဲဝင်သွားပြီးနောက် သူမအား လိုက်လံပြသပေးဖို့ မည်သူမှ မလာကြသည့်အတွက်သူအဘာသာ တစ်ယောက်တည်း လမ်းလျှောက်လာခဲ့ရ၏။

ပိုင်လန်ဆိုင်သည် နှစ်ထပ်ရှိကာ ပထမထပ်ရှိ ကျောက်များသည် အခြေခံအားဖြင့် မြေပြင်ပေါ်တွင် ကြုံရာကျပန်းချထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ မညီမျှသော်လည်း သာမန်ဈေးနှုန်းသာဖြစ်လေသည်။ ဒုတိယထပ်ရှိ ကျောက်များ၏ ဈေးများမှာ ပိုဈေးကြီးကာ အများစုကို ဈေးနှုန်းသေချာကပ်၍ရောင်းကြသည်။ သူတို့သည် ကျောက်များအား အထူးပြုလုပ်ထား‌သော ပုံးများတွင် ထည့်ထားကြသည်။ သူမ အထပ်နှစ်ထပ်လုံးကို လည်ပတ်ပြီးနောက် ကျောက်စိမ်းတုံးများကို ရွေးချယ်တော့သည်။

စတိုးဆိုင်၏ အပေါ်ထပ်နှင့် အောက်ထပ်ထောင့်တိုင်းတွင် တွန်းလှည်းများပေးထားသည်။ ဝယ်သူများ ရွေးချယ်ထားသော ကျောက်စိမ်းတုံးများကို သယ်ယူရန် အထူးဒီဇိုင်းထုတ်ထားသည်ပင်။ သူမ တွန်းလှည်းတစ်ခုအား တစ်ချက်တွန်းယူလိုက်၏။ ဒုတိယထပ်ရှိ ကျောက်စိမ်းတုံးအကြမ်းအချို့သည် ဈေးအကြီးဆုံးပင် ဖြစ်၏။ စျေးသက်သာသည်ပင် ယွမ်၁သောင်းရှိ၏။

သူမ ကျောက်စိမ်း၂တုံးအား ရွေးယူလိုက့်ပြီး နောက်တစ်ခုအား ရွေးလိုက်ရာ ဈေးနှုန်းမှာ စုစုပေါင် ယွမ်၁သိန်းခွဲကျသွား၏။ သူမ ရွေးပြီးသည်နှင့် အောက်ထပ်သို့ ဆင်းလာတော့၏။

ချင်းယောင်၏ စိတ်သဘောထားမှ။ ထူးထူးခြားခြား၍ သူမ ဝင်လာချိန်မှစ၍ လူအများ၏ အာရုံစိုက်မှုကို ခံခဲရတော့သည်။ အားလုံးထဲတွင် သူမသည် ကျောက်စိမ်းများကို ဟင်းသီးဟင်းရွက်များ ဝယ်သကဲ့သို့ ရွေးချယ်၍ သူတို့ကို ကြည့်တောင်မကြည့်ဘဲ ကောက်ယူပြီးတွန်းလှည်းထဲသို့ထည့်နေသည်ပင်။

ကျန့်သဲရီ က ဧည့်သည်တွေကို လိုက်ပို့ပြီး ပြန်လာတဲ့အခါ ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ချက်ချင်းပဲ “မင်္ဂလာပါ မိန်းကလေး၊ ကျွန်တော်က ဝန်ထမ်းကျန့်သဲရီပါ၊ ဒီတွန်းလှည်းကို မိန်းကလေးအစား တွန်း‌ပေးပါရစေ။”

ချင်းယောင် တွန်းလှည်းအား သူ့ထံသို့ ပေးလိုက်ပြီး ဆက်ရွေးယူနေလျှက် ” အဆင်ပြေပါတယ် ”

တွန်းလှည်းမှာ အပြည့်နီးပါးဖြစ်ပြီးချိန်၌ ကျန့်သဲရီသည် သူမ တကယ်ဝယ်ပါ့မလား ဆော့နေသည်လားဟုထင်လာ၍ ” အကုန်ယူမှာပါလား ”
ကုန်းချင်းယောင် ” ဟုတ်တယ် ”

ကျန့်သဲရီ တွန်းလှည်းအား ကောင်တာသို့ တွန်းပေးလိုက်ပြီး ကောင်တာမှ မိန်းကလေးသည် ဈေးနှုန်းတွက်ပြီးနောက် ” အကုန်လုံး ၂၅၆,၇၀၀ယွမ် ကျပါတယ်”

ဆိုင်၌ ကျောက်စိမ်းတုံးများစွာရှိပေမယ့် လူအနည်းငယ်ကသာ တကြိမ်တည်း တော်တော်များများ ဝယ်တတ်ကြလေသည်။ ကျန့်သဲရီမှ ” အကုန်ယူဖို့ အဆင်ပြေပါတယ်နော် ”

” ပြေတယ် ”

ကုန်းချင်းယောင် မိန်းကလေးလက်ထဲသို့ ကတ်ပေးလိုက်ပြီး မိန်းကလေးမှာ ငွေအမြန်ဖြတ်လိုက်၏။ ကျန့်သဲရီသည် ငွေဖြတ်သွားသံကြားမှ ဝယ်ယူသည်မှာ ပြီးဆုံးကြောင်း သိလိုက်ရ၏။

ကောင်တာမှ မိန်းကလေးသည် အလွန်ယဉ်ကျေးစွာ ” ဒါက ကတ်နဲ့ ဘောက်ချာပါ၊ ကျောက်စိမ်းရိုင်းတွေက ဝယ်ပြီးရင် ပြန်လဲတာလို့ ပြန်အမ်းငွေအမ်းရတာတို့ မလုပ်ဆောင်ပေးပါဘူးနော် ”
25 11
ကျန့်သဲရီ ချင်းယောင်အား ကြည့်လိုက်ပြီး တဖက်လူမှ ဘာမှမပြောသည်ကိုတွေလိုက်ရ၏။သူတို့ စီးပွားရေးသည် မကြီးပေမယ့် ဈေးဝယ်တိုင်းသာ သူမလိုဆိုရင် ကောင်းပေလိမ့်မည်။

” ဒီကျောက်စိမ်းတုံးလေးတွေက လက်ဆောင်ပါ ”

ကျောက်ခွဲစက်အကြောင်းပြောရလျှင် ကျောက်ကြမ်းဝယ်ယူလျှင် ခွဲစက်ဆရာအား ကျောက်ခွဲပေးရန် ဒေါ်လာရာဂဏန်းပေရလေသည်။ သို့ပေမယ့် ဒီနေ့ ချင်းယောင် ကျောက်တုံးများစွာ ဝယ်ထား၍ ထိုစက်ဖိုးအား ချေပေးလိုက်၏။

ချင်းယောင် ခွဲစက်အား ကြည့်လိုက်ပြီး ” ကိုယ်တိုင်မောင်းလို့ရလား ”

ကျန့်သဲရီ နောက်ဆုတ်ပေး၍ ” ရပါတယ် ”

ကျန့်သဲရီ ချင်းယောင်အား ခွဲစက်နားသို့ ခေါ်သွားပေးလိုက်၏။ ခွဲစက်မှာ ၂ခုရှိပြီး ကျန့်သဲရီမှ စက်တစ်ခုအား နှိုးပေးလိုက်၏။ သူမ ချက်ချင်း စက်ရှေ့၌ ထိုင်လိုက်ပြီး ကျောက်စိမ်းများအား ခွဲတော့၏။ ကျန့်သဲရီသည် အနောက်မှ သူမလုပ်နေသည်ကို ဂရုတစိုက်ကြည့်နေ၏။

ထို့နောက် ကျန့်သဲရီ သိသွားရသည်မှာ ချင်းယောင်သည် စက်အား တခါမှ မသုံးဖူးသည်ကိုပင်။ သူ တခုခုပြောမည်အပြုတွင် ချင်းယောင်မှ အသေးဆုံး ကျောက်စိမ်းတုံးလေးအား ထုတ်ယူလိုက်၏။

ကျန့်သဲရီ ” အရင်ဆုံး ဈေးနည်းတာကို ခွဲဖို့ အကြံပေးပါရစေ ”

သူမ ယူလိုက်သောကကျောက်တုံးမှာ ယွမ်ထောင်ချီတန်လေသည်။

အသေးဆုံးတစ်ခုမှာ ထူးခြားသလိုဖြစ်နေပေမယ့် သူကအဆိုးဆုံးပေ။ သေချာပေါက် သူမ စမ်းကြည့်ချင်၍ ထိုသည်ကို ရွေးရခြင်းပင်။

ကျန့်သဲရီသည် ကုန်းချင်းယောင်၌ သူ့ကိုယ်ပိုင် အတွေးများ ရှိနေသည်ကို မြင်သောကြောင့် စကားများများ ထပ်မပြောတော့ပေ။ အစ၌ သူမအား ပြသပေးရန် ကျောက်ခွဲဆရာအား စီစဉ်ခဲ့သော်လည်း ကုန်းချင်းယောင်၏ပထမဆုံး ကျောက်သွေးဓားသည် အောက်သို့ကျလာကာ အောက်၌ ကျော်ကစိမ်းရိုင်းတုံးအား ထည့်ထား‌ပြီးနှင့်လေပြီ။

ကျောက်စိမ်းသာ အတွင်း၌ ကောင်းနေလျှင် ဆုံးရှုံးရတာပဲဟု သူတွေးလိုက်၏။

ချင်းယောင် ကျောက်စိမ်းတုံးအား ၂ချက်ထပ်ပိုင်းလိုက်၏။

ဘေးရှိ ကျောက်ခွဲဆရာမှာ မနေနိုင်တော့ဘဲ ” အရိုင်းတုံးမှ။ ကျောင်စိမ်းက အပေါ်ဆုံးအလွှာမှာ ရှိတတ်တာ ”

ကုန်းချင်းယောင် စကားမပြောဘဲ စတုတ္ထဓားချက်ကို ပစ်ချလိုက်ပြီးနောက် အစိမ်းရောင်သည် ကျောက်တုံးထဲ၌ ပေါ်လာ၏။ ယခုဖြတ်ထုတ်သည်မှာ သူမ၏ ပထမဆုံး ကြိုးစားမှုသာ ဖြစ်ပြီး ဤမျှအထိ စက်အား ကျွမ်းကျင်လိမ့်မည်ဟုမထင်ထားပေ။ သူမသည် ကျောက်ဖြတ်သူကဲ့သို့ ကျောက်ခွဲနည်းအား သဘာဝကျကျသိနေလေသည်။

ကျောက်ခွဲဆရာသည် အံ့အားသင့်သွားပြီး “အင်း… အဲဒီထဲမှာ ကျောက်စိမ်းရှိတယ်လား ”

ကျန့်သဲရီပင်လျှင် အနည်းငယ် လေးကန်သွား၏။

သူတို့အသံကိုကြား၍ ဝယ်သူအချို့မှာ စုရုံးလာပြီး စတင်ဆွေးနွေးတော့၏။

” ဒီမိန်းကလေးက အံ့ဩစရာပဲ အထဲမှာ ကျောက်စိမ်းပါတယ် ”

“ဒီအရိုင်းတုံးကို ငါအရင်တွေ့တာ သိရင် ဝယ်လိုက်ပါတယ် ”

“မင်းမှာ ကံမပါလို့ပေါ့”

ကုန်းချင်းယောင် ဘေးပတ်ဝန်းကျင်အား ဂရုမစိုက်ဘဲ ကျောက်ခွဲသည်ကိုသာ သေချာလုပ်နေပြီး ခဏအကြာ၌ ပြီးသွားတော့သည်။

အတွင်းဘက်အား မြင်ရသောအခါ ကျန့်သဲရီ အနည်းငယ် အံ့ဩသွား၏။ ကျောက်စိမ်းတွင် ကျောက်စိမ်းနှင့် nephrite ဟူ၍ နှစ်မျိုးရှိကာ အစိမ်းရောင်သည် ကျောက်များ၌ အများဆုံးတွေ့ရပြီး ကျောက်စိမ်းအား ABCDဟု အဆင့်လေးမျိုးခွဲခြားပြီး A သည်အကောင်းဆုံးဖြစ်ပြီး D သည်အဆိုးဆုံးဖြစ်၏။

ကုန်တင်ကျောက်စိမ်းများကို အဆင့်များစွာ ခွဲခြားထားပြီး ယခု သူမ ခွဲလိုက်သော ကျောက်စိမ်းမှာ သောင်းနှင့်ချီ၍ တန်ဘိုးရှိလေသည်။ မထင်မှတ်ပဲ ဒီကလေးမလေးဟာ ကျွမ်းကျင်တတ်မြောက်နေသည်ပဲ။ ကျန့်သဲရီ ထိုသို့ တွေးပြီးပြီးချင်းမှာပင် ကုန်းချင်းယောင် တခြားကျောက်စိမ်းရိုင်းအား ခွဲနေပြီး အထဲ၌ ကျောက်သားသည် အရင်တခုထက် ပိုကောင်း‌ကြောင်း မြင်လိုက်ရ၏။

ကျန့်သဲရီ မအံ့ဩပေမယ့် ထိတ်လန့်နေ၏။ သူမက ကျွမ်းကျင်နေတာပဲ။

“ဘုရားရေ ဒါက ဘယ်လောက်တောင်တန်မှာလဲ ”

“ဒါက ယွမ်၁သိန်းထက် ပိုတန်လောက်တယ် ”

“ဟုတ်တယ် မိန်းကလေးက အံ့ဩစရာပဲ”

“စကေားမပြောနဲ့တော့ သူမ နောက်ထပ်၁ခု ထပ်ခွဲတော့မယ် ”
25 12
အားလုံး အသက်ရှူအောင့်ထားချိန်၌ ချင်းယောင် တတိယတစ်လုံးအား ခွဲလိုက်သောအခါ တမျိုးဖြစ်သွားပြီး အစလေးတစ်ခုသာ ခွဲထွက်လာ၏။

တစ်ယောက်ယောက်မှ ချက်ချင်း ” ငါသိသားပဲ ကျောက်ခွဲဆရာကို အပ်လိုက်ရမှာ အခုတော့ တပိုင်းပြတ်သွားပြီ ”

“မဟုတ်ဘူး ဒီကျောက်က အရင်ဟာတွေထပ် ပိုကောင်းတာ ”

ဘေးနားရှိ ကျောက်ခွဲဆရာပင် စကားမပြောနိုင်ပေ။ ရိုးသားစွာပြောရလျှင် သူသာဖြတ်ပေးလျှင် ထိုထက်ပင်ပို၍ ဆိုးနိုင်လေသည်။

ချင်းယောင် သုံးကြိမ်ဆက်တိုက်သုံးထား၍ စက်သည် အလုပ်လုပ်ရန်ခက်နေ၍ ထိုအတိုင်းဆက်သွားရင် ကျောက်စိမ်းတွေ အများကြီး ဆုံးရှုံးသွားနိုင်သည်။ သူမ မတ်တပ်ထရပ်ပြီး “ဒါတွေကို အသစ်တပ်ပေးပါ့လား ”

ကျန့်သဲရီ၏ နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။ သူမသည် စက်များကို ယခုမှ စသုံးဖူးသည်မှာ သေချာသော်လည်း ထိုသည်ကိုသိနေ၏။ သူသည် အမြန် ဝန်ထမ်းတစ်ယောက်အား စက်ကို ပြန်တပ်ဆင်ခိုင်းလိုက်၏။

” ဒီကျောက်စိမ်း၃တုံးကို ရောင်းနိုင်မလား ”

ကုန်းချင်းယောင် ” ရှင်က ဝယ်ချင်လို့လား ”

တကယ်တော့ ကျန့်သဲရီလက်ထဲ၌ ကျောက်စိမ်းများစွာရှိသော်လည်း ချင်း‌ယောင်မှင့် မိတ်ဖွဲ့ချင်၍ ဝယ်သည်သာဖြစ်ပြီး ” ဟုတ်ပါတယ်၊ ဈေးနှုန်းကို ပေါက်ဈေးအတိုင်း ပေးမှာမလို့ ဘယ်လိုစဉ်းစားပါသလဲ “

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset