အပိုင်း ၂၄
လုယုံရီအစ၌ ပတ်ကြည့်ရန် စီစဉ်ထားသော်လည်း ကုန်းချင်းယောင်မှ လမ်းလျှောက်မြန်၍ ဟိုတယ်သို့ မရောက်ခင်အထိ စကားအနည်းငယ်သာ ပြောလိုက်ရ၏။
” စောစောနားတော့နော် ”
” ဟုတ်ပြီ ” ကုန်းချင်းယောင် တံခါးပိတ်လိုက်ပြီး ရေချိုးလိုက်ကာ အဝတ်အစားများအား လျှော်လိုက်၏။ ပြီးနောက် သူမ အိပ်ရာထဲ၌ လှဲချလိုက်ပြီး ဖုန်းထုတ်ကာ ဝီ့ပေါ်ထဲသို့ ဝင်လိုက်၏။
ကုန်းချင်းယောင် ဝီ့ပေါ် သုံးနေသည်ကိုမြင်၍ လုချမ်ချမ်မှ ” အရင်တုန်းက ပုံအဟောင်းတွေကို ဖြတ်ပစ်ရင်ရော ဘယ်လိုလဲ ”
သူမ ကုန်းချင်းယောင်သည် အရင်တုန်းက မည်သို့မှန်း မသိခဲ့ပေ။ သို့ပေမယ့် သူမယခု ဘဝအသစ်စပြီဖြစ်၍ အတိတ်အား အပြီးတိုင် ဖြတ်ပစ်သင့်ပေသည်။
ကုန်းချင်းယောင်သည် သူမ ကိုယ်ပိုင်အကြောင်း ပြောပြတတ်သည်မှာ နည်းလေသည်။
” အာ့တာက မူလကိုယ်ရဲ့ ပုံတွေမလို့ မဖြတ်သေးတာလား ” လုချမ်ချမ် ကြောင်အနေလေသည်။ ကမ္ဘာများကို ဖြတ်လာသည်မှာ ရှိသည်ဖြစ်ပြီး ကုန်းချင်းယောင်အား ရှေးဟောင်းခေတ်က လာသည်လားဟု သူမမေးချိန်၌ ဟုတ်တယ်ဟု ဖြေခဲ့သည်မှာ အမှန်ဟု ခံစားနေရ၏။
” ဟုတ်တယ် ” ကုန်းချင်းယောင် ခေါင်းညိမ့်လာ၏။
” အာ့တာဆိုဘာလို့ မူလကိုယ်ရဲ့ အင်္ကျီတွေနဲ့ ပစ္စည်းတွေကိုတော့ လွှင့်ပစ်ရတာလဲ ”
ကုန်းချင်းယောင် ” သူမမှ မလိုတော့တာ ”
ဝီ့ပေါ်ရှိ အရာအားလုံးသည် မူလကိုယ် ရှိခဲ့သည်ဟူသော အထောက်အထားဖြစ်ပြီး အင်္ကျီနှင့် ပစ္စည်းများမှာတော့ အသုံးမဝင်တော့ပေ။
လုချမ်ချမ် အနည်းငယ် ရှုပ်ထွေးနေလျှက် ” အာ့တာဆိုဘာလို့ မီးမရှို့ပေးတာလဲ၊ လူသေအတွက် အင်္ကျီမဟုတ်ဘူးလား၊ သူ ဘာမှမရဘဲနေမှာပေါ့ ”
ကုန်းချင်းယောင် ” နင်ရော ရဖူးပြီလား ”
လုချမ်ချမ် ခေါင်းရမ်းပြလာ၏။ သူမလည်း ဘာအင်္ကျီမှ မရသေးပေ။
” အာ့တာဆို လူသေတွေအတွက် မီးရှို့ပေးတဲ့ ပိုက်ဆံကရော၊ ငါ ဘာပိုက်ဆံမှမရသေးဘူး၊ အာ့တာတွေ အကုန်လုံးက လူတွေက လိမ်ကြတာပဲဖြစ်ရမယ် ”
ကုန်းချငိးယောင် ” နင် တကယ်ပဲ ပိုက်ဆံရနိုင်ပေမယ့် အခုခေတ်က လူသေအတွက် ငွေကတော့ အတုတွေများတယ် ”
သူမ အရင်တုန်းက ပြဒါးရိုင်းဝယ်စဉ်က သိရှိခဲ့ခြင်းပင်။
အားလုံးကအတုတွေပေါ့။ လုချမ်ချမ် ခေတ္တမျှ ပြောစရာမဲ့သွား၏။
တကယ်တော့ အတုတွေရောင်း၍ ဆိုင်အား သွား၍ အပြစ်တင်မရပေ။ လူသေတွေအတွက် ပြုလုပ်ရသော အကြွေစေ့သည် မရိုးရှင်းပေ။ မင်ဟု အကြွေစေ့ ၂ဖက်၌ ရေးထားသည်မဟုတ်လျှင် သေသူမှ လက်ခံမရရှိနိုင်ပေ။
ကုန်းချင်းယောင် ဝီ့ပေါ်ထဲတွင် မှက်ချက်များ များစွာ ရေးထားလေသည်။ သူမ စားသောက်ဆိုင်ထဲ၌ မဖတ်ကြည့်ခဲ့ရ၍ ယခုဝင်ဖတ်လိုက်သောအခါ နွားနို့ဂျယ်လီလေး ဟူသော အကောင့်မှ ရေးထားသည်များကို တွေ့လိုက်ရ၏။
[ နွားနို့ဂျယ်လီလေး: ဆရာသခင် တကယ်ပဲ ကောင်လေးနဲ့ ပြတ်သွားပြီး သူကတကယ် လူရှုပ်ပဲ နှစ်ယောက်တောင် ပြိုင်တွဲတာ ]
[ နွားနို့ဂျယ်လီလေး: သူက သတ်မှတ်ပေးထားတဲ့သူ မဟုတ်ပေမယ့် ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဘူး ]
[ နွားနို့ဂျယ်လီလေး: အား… အား… ဆရာသခင် တကယ်ပဲ တောင်းပန်ပါတယ် ဆရာသခင်ပြောတာ အရမ်းမှန်တာပဲ၊ သူနဲ့ တကယ်တွေ့ရပြီး ဒီလောက်မြန်မြန်ကြီး လူတစ်ယောက်ကို ချစ်မိသွားမယ်လို့ မထင်ထားဘူး ]
နွားနို့ဂျယ်လီလေးသည် သူမ အရင်ဆုံးတင်ထားသည့် ပို့စ့်၌ မှတ်ချက်ပေးထားသူဖြစ်ပြီး သူမဘဝ၏ သတ်မှတ်ထားသော လက်ထပ်ရမည့်သူသည် ရှေ့လတွင် တွေ့ရမည်ဟု ပြောသော်လည်း မယုံကြည်ခဲ့သူပင်။
လုချမ်ချမ်ပင် အံ့အားသင့်သွားကာ ” ဒါကို အက္ခရာ၈လုံး သိရုံနဲ့တင် တွက်နိုင်တယ်ပေါ့၊ လူကိုတောင် မမြင်ရဘဲလေ ”
ကုန်းချင်းယောင် ” အက္ခရာ၈လုံးနဲ့ နောက်ဘဝကိုတောင် ခန့်မှန်းလို့ရတယ် ”
ထိုမှတ်ချက်များအပြင် နွားနို့ဂျယ်လီလေးသည် စာပင် ပို့ထားသေးသည်။
24 02
[ နွားနို့ဂျယ်လီလေး: ဆရာသခင် ကံကြမ္မာပြောတာက ငွေကြေးနဲ့ဆိုတာ သိပါတယ်၊ ကျွန်မကိုတော့ အလကားပြောပေးလိုက်ပေမယ့် ကျေးဇူးတင်ချင်လို့ပါ ]
နွားနို့ဂျယ်လီလေးသည် စာအိတ်နီပေးပို့လာ၏။ ကုန်းချင်းယောင် ငြင်းဆန်လိုက်ပြီး ပိုစ့်အသစ်တင်လိုက်၏။
[ကုန်းချင်းယောင် : ကံကြမ္မာဟောပေးမယ်၊ ပထမဆုံး မှတ်ချက်ရေးသူကို အလကား ]
ယခုအချိန်၌ တင်တင်ချင်း တစ်ယောက်ယောက်မှ မှတ်ချက်ရေးလာ၏။
[ ချိုမြိန်မှု့အလွန် : ဆရာသခင် မေးချင်ပါတယ် ]
ကုန်းချင်းယောင် သီးသန့်စာပို့လိုက်ကာ…
[ ကုန်းချင်းယောင် : ဘာများပါလဲ ]
[ ချိုမြိန်မှု့အလွန်: ကျွန်တော့်အကြောင်း အကုန်ပဲ ]
အသံသည် အမှားရှာနေပုံပေါ်၍ လုချမ်ချမ်မှ ” ဒီလိုလူမျိုးကို ပြောပေးမနေနဲ့ ”
” မှားတယ် ”
” ဘာမှားလို့လဲ ”
ကုန်းချင်းယောသ် မျက်လုံးများ တည်ကြည်နေလျှက် ” ဒီလိုလူမျိုးကိုမှ ယုံကြည်အောက် သက်သေပြရမှာ ”
” အာ့တာက အာ့လိုလား ”
ကုန်းချင်းယောင် တဖက်လူမှ ရုပ်လွန်ပညာအား မယုံလျှင်တောင် ဟောပြောပေးသည်ကို သူမ မအံ့ဩတော့ပေ။
ကုန်းချင်းယောင် အက္ခရာ ၈လုံးကို ကြည့်လိုက်ပြီး…
[ကုန်းချင်းယောင်: ဘာမဆို ပြောရမှာလား ]
သူသည် ကောလိပ်ကျောင်းသားဖြစ်ပြီး ကုန်းချင်းယောင်၏ ဝီ့ပေါ်အား မတော်တဆတွေ့လိုက်ရကာ တစ်ယောက်ယောက်မှ နောက်ဆုံးပြောသွားသည်ကို မြင်၍ သူမသည် ရေတပ်ဌားထားသူဟု သူထင်သွား၏။ သူမ၏ ဝီ့ပေါ်ရှိ မှတ်ချက်များအား ဖတ်ပြီး သူမမှ နောက်ထပ် အခမဲ့ဗေဒင်ဟောမည်ဟု တင်ထားသည်ကို တွေ့ရသောအခါ ချက်ချင်း လာပြောခြင်းပင်။
သူသည် အိပ်ခန်းထဲ၌ ကုန်းချင်းယောင် ပြောသည်ကိုမြင်၍ ရယ်နေစဉ် အခန်းဖော်မှ ” ဘာလို့ ရယ်နေတာလဲ ”
ချိုမြိန်မှု့အလွန်သည် ဝီ့ပေါ်အားကြည့်၍ အကြမ်းဖျင်းပြောပြလိုက်ကာ ” မင်း ယုံလား သူက ဘာမဆို ဟောပေးမှာတဲ့ ”
အခန်းဖော် ” အာ့တာဆို ဟောခိုင်းလိုက်လေ ”
အခြားအခန်းဖော်မှ ” ကံကြမ္မာဟောတာက အက္ခရာ၈ခုလိုတယ်မလား၊ မင်း ပေါက်ကရ ရေးပေးလိုက်လေ၊ ပြီးရင် သူဘယ်လိုပြောမလဲ ကြည့်ပေါ့ ”
” အကြေံကောင်းပဲ ”
သူချက်ချင်း ဂဏန်းတစ်ခုအား စဉ်းစား၍ ပို့လိုက်၏။
၃မိနစ်မျှအကြာတွင် ချိုမြိန်မှု့အလွန်မှ ” ချီး… တကယ်ပဲ ငါပေးတာက မှားနေတယ်လို့ ပြောလာတယ် ”
” ချီး အံ့ဩစရာပဲ၊ ငါ့ကို ပြပါဦး ”
ထိုသည်ကို ကြားသည်နှင့် အခန်းဖော်သည် ဂိမ်းကစားနေသည်ကို ရပ်လိုက်ပြီး သူ့ထံသို့ ပေးသွားလိုက်၏။
တခြားအခန်းဖော်မှ ” ဒီတခါ အမှန်ပို့လိုက် ”
” ကောင်းပြီလေ ”
ချိုမြိန်မှု့အလွန်သည် အမှန်တစ်ခုအား ရေး၍ ပို့လိုက်တော့သည်။
တဖက်မှ မလှုပ်ရှားလာတော့ပေ။ အခန်းဖော်သည်ပင် ပြန်ထိုင်၍ ဂိမ်းကစားနေစဉ်မှ ရှည်လျားသော စာတစ်စောင် ရောက်လာ၏။
24 03
[ ကုန်းချင်းယောင် : မင်းမိဘတွေကရှိသေးတယ်၊ ဒါပေမယ့် မင်းအဖေက ကျန်းမာရေးမကောင်းဘူး၊ မင်းမိသားစုမှာ တစ်ဦးတည်းသောသားပဲ၊ မင်းငယ်ငယ်ကတည်းက မကျန်းမာဘူး၊ မင်းဆယ်နှစ်သားကပဲ ရောဂါက အမြစ်စွဲနေတယ်၊ မင်း အခုလက်ရှိ မြို့တော်ရဲ့အရှေ့မြောက်ဘက်မှာ ပညာသင်ကြားနေပြီး ရည်စား၂ခါထားဖူးတယ် ”
ချိုမြိန်မှု့အလွန်သည် သူ့အား ကောင်းကောင်းသိသည့် သူတစ်ယောက်၏ နောက်ပြောင်မှုဟု ထင်နေ၏ သို့သော် ဆယ်နှစ်သားအရွယ်တွင် သူရောဂါဖြစ်ခြင်းအား နီးစပ်သောဆွေမျိုးများကသာ သိကြသည်။ ဆယ်နှစ်ပြည့်ပြီးတဲ့ နောက်ပိုင်း၌ သူ့ခန္ဓာကိုယ်သည် ပိုသန်မာလာ၍ သူ့မိသားစုပင် သူ့အား ဂရုမစိုက်တော့ပေ။
အခန်းဖော်မှ ” ကျောက်ကွမ်းဝေ့ မင်း ၂ခါတောင် ရည်းစားရဖူးတာလား”
” ဟုတ်တယ် မင်း ရည်းသားတခါထဲထားဖူးတာလို့ ပြောဖူးတယ်မလား ”
” အာ့တာဆို နောက်တစ်ယောက်က ဘယ်သူလဲ ”
ကျောက်ကွမ်းဝေ့ စိတ်ရှုပ်နေကာ ” ဘယ်ကသာ တစ်ယောက်ထဲ ရဖူးတာပါ ”
” နေဦး ဟိုဖက်က စာထပ်ပို့လာတယ် ”
” မက်မွန်ပွင့်တဲ့ ဒုက္ခလာဦးမယ်တဲ့ ငါတို့ရဲ့ ကျောက်ကွမ်းဝေ့လေးက မက်မွန်ပွင့်တုန်းပဲလား ”
” လိမ်နေတာပဲ ”
ကျောက်ကွမ်းဝေ့ ကွန်ပျူတာပိတ်လိုက်ပြီး အိပ်ရာဝင်လိုက်ကာ အခန်းဖော်ပြောသည်အား စိတ်ထဲမထည့်တော့ပေ။ နောက်ဆုံး အခန်းဖော်လဲ ပျင်းလာ၍ ဂိမ်းကစားတော့၏။
ကုန်းချင်းယောင် ဝီ့ပေါ်မှ ထွက်လိုက်ပြီး သူမလည်း အိပ်လိုက်တော့၏။
ညအလယ်၌ ဖုန်းသည် တုန်ခါလာ၏ သူမမျက်လုံးပွင့်ကာ စာဝင်လာသည်ကို ဖတ်လိုက်၏။
[ လုယုံရီ : တကယ်အားနာပါတယ်၊ ငါ့အိမ်မှာ တစ်ခုခုဖြစ်သွားတယ်၊ အမြန်ပြန်မှရမယ်၊ မနက်ဖြန် မင်းနဲ့အတူ မြို့တော်ကို မသွားနိုင်တော့ဘူး၊ တကယ်တောင်းပန်ပါတယ် ”
ကုန်းချင်းယောင် ထထိုင်လိုက်ပြီး လုချမ်ချမ်မှ ” အခုလေးတင် ကြားလိုက်ရတာ သူ့အမေက ကိုမာဝင်နေပြီး မိသားစုဝင်တွေက စိုးရိမ်နေကြလို့တဲ့ ”
ကုန်းချင်းယောင် မျက်မှောင်ကြုတ်လိုက်၏။ ယနေ့ပင် လုချမ်ချမ်မှ လုယုံရီစိတ်သည် မဖြူစင်ဟု ပြောခဲ့သည်။ သူမ သူ့မျက်နှာအား ကြည့်စဉ် မိဘနေရာသည် ကောင်းမွန်နေလေသည်။
သူမ ဖုန်းကောက်ယူလိုက်ပြီး ဖုန်းခေါ်ကာ ” ငါ့ကိုစောင့်ဦး ”
လုယုံရီမှ ကုန်းချင်းယောင် သူနှင့်အတူတူ သွားချင်မှန်း နားလည်လိုက်လေသည်။ သို့ပေမယ့် အိမ်ပြန်လမ်းမှာ ကြမ်းလှ၍ သူမ သည်းမခံနိုင်လောက်ပေ။ ထို့ကြောင့် သူ မခေါ်ရဲသည်ပင်။တဖက်မှ ဘာမှပြောမလာ၍ ကုန်းချင်းယောင် ဖုန်းချလိုက်၏။
သူမ အမြန် ပစ္စည်းများသိမ်း၍ အပြင်သို့ထွက်လာကာ ဟိုတယ်မှ ထွက်သွားကြတော့၏။
ရထားသည် ရပ်ဆိုင်းထား၍ ၂ယောက်လုံး Tမြို့တော်သို့ ကားဖြင့်သွားပြီး ထိုမှတဆင့် လုယုံရီမွေးရပ်မြို့သို့ လေယာဉ်ပြောင်း စီးလိုက်ရ၏။
လုယုံရီ၏အိမ်သို့ သူတို့ရောက်သွားသည့်အချိန်တွင် ညရောက်နေလေပြီ။ လုယုံရီမှ မိန်းကလေးတစ်ဦးကို ခေါ်ဆောင်လာသည်မှာ သူ့မိသားစုအတွက် ဝမ်းသာစရာဖြစ်သော်လည်း ယခုအချိန်တွင် မည်သူမျှ မပျော်ရွှင်နိုင်ပေ။ လုယုံရီ ၏ဖခင်လုရှင်းဝမ့် က ” ယုံရီ !၊ ငါတို့က မင်းကိုဖုန်းဆက်ဖို့ပဲ တတ်နိုင်တယ်၊ မင်းအမေက တစ်နေ့လုံး မေ့မြောနေတာလေ”
မနေ့၌ ညစာစားပြီးနောက် လုယုံရီ၏မိခင် ရှစ်ချွေးသည် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူတို့ ဆေးရုံကို အမြန်သွားကြပြီးလျှင် ဆရာဝန်မှ စစ်ဆေးခဲ့သော်လည်း အားလုံး ပုံမှန်သာ။ လုရှင်းဝမ့်မှ ဆရာဝန်အား မေးကြည့်သောအခါ အရာအားလုံးသည် ပုံမှန်ပေမယ့် သူမ သည်တော့ မနိုးလာပေ။ လုယုံရီ အမေသည် ပင်ပန်းလွန်းသဖြင့် ကောင်းကောင်း အနားယူရမည်ဟုသာ ဆရာဝန်မှ ပြောပြလေသည်။
လုရှင်းဝမ့် သည် ရှစ်ချွေး အား အိမ်သို့ ပြန်လာခေါ်ဆောင်လာပြီး ညလယ်တွင် သူ အိပ်ပျော်သွားသောအခါ ရုတ်တရက် နိုးလာရသည်။ သူ သူ့ဘေး၌ လဲလျောင်းနေသည့် ရှစ်ချွေး သည် အရင်တုန်းကနှင့် မတူဘဲ အလောင်းကောင်လို့သာ ခံစားရ၏။ ထို့ကြောင့် လုရှင်းဝမ့် ကြောက်သွားကာ သူ့သားကို ခေါ်ခိုင်းလိုက်ခြင်းပင်။
မနက်၌ ဆွေမျိုးများလာကြကာ နည်းအမျိုးမျိုး စဉ်းစားသော်လည်း ထိုမျှမေ့မြောနေသည့် အကြောင်းအရင်းအား တွေ့မရကြပေ။
24 04
လုယုံရီ လုရှင်းဝမ့်အား ကြည့်လိုက်ကာ ” အမေဘယ်မှာလဲ ”
” အခန်းထဲမှာ ”
လုရှင်းဝမ့် သူ့အား အခန်းထဲသို့ ခေါ်ပြလိုက်၏။
ကုန်းချင်းယောင်လည်း သူတို့နောက်မှလိုက်သွားပြီး တချက်စိုက်ကြည့်ပြီးနောက် တခုခုမှားမှန်း သိသွား၏။ သန်းရှို့မင်၏ ကလေးလိုမဟုတ်ဘဲ သူမသည် ယင်းချီများ ကိုယ်ထဲ၌ စီးနေခြင်းပင်။
လုယုံရီ အမေ့အား ပွေ့လိုက်ပြီး ” ဆေးရုံသွားရအောင် ”
သူ၏ အကိုကြီးမှ ” ဒီနေ့ပဲ သွားပြီးပြီ၊ ဆေးစစ်ပြီး ဘာမှမတွေ့ရဘူး ”
လုရှင်းဝမ် ဘေးမှ ခေါင်းညိမ့်လိုက်၏။ မနေ့ညနှင့် မနက်၌ စစ်ဆေးခဲ့သော်လည်း ဘာမှားမှန်း မသိခဲ့ရပေ။
ယင်းချီကပ်ခြင်းသည် သက်ရှိလူသားတို့၏ အနှစ်သာရကို ယင်းစွမ်းအင်မှ ရှူသွင်းခြင်းပင်။ ဟုတ်ပါတယ်၊ ဆေးရုံမှ ထိုသည်ကို အချိန်တိုအတွင်း ပြဿနာအား မရှာဖွေနိုင်ပေ။ ထို့ကြောင့် အချိန်မှီလည်း မကယ်တင်နိုင်ကြပေ။ ဒီလိုပုံစံအား မြင်လိုက်ရသောအခါ ယင်းစွမ်းအင်သည် မနေ့ကတင် စီးထားသည်ဖြစ်မည်ဟုထင်၍ ကုန်းချင်းယောင် ရှေ့သို့ တိုးလာကာ ရှစ်ချွေး ဘေး၌ စောင့်နေသော အမျိုးသမီးအား ” ထလိုက် ”
ကုတင်ဘေးတွင်ထိုင်နေသော အမျိုးသမီးသည် လုယုံရီ၏ဝမ်းကွဲ ဖုန့်ထင် ဖြစ်ကာ ကုန်းချင်းယောင်၏ စကားအားကြားလျှင် မကျေမနပ်ဖြစ်လာပြီး ” နင် ငါ့ကိုဘာလို့ ဒီလိုပြောရတာလဲ? နင်က ဝမ်းကွဲရဲ့ချစ်သူဖြစ်နေရင်တောင် ငါ့ကိုဒီလိုပုံစံနဲ့ ပြောလို့မရဘူးနော် ”
သူမသည် လုယုံရီ ဒီနေ့ ပြန်လာသည်ကို သိလိုက်ရ၍ အရမ်းပျော်နေပေမယ့် ချစ်သူနှင့်အတူ ပြန်လာရန် မမျှော်လင့်ထားခဲ့ပေ။
လုယုံရီ၏ ဆွေမျိုးများသည် မကျေမနပ်ဖြစ်သွား၏။
” အခုတောင် ဒီလိုမျိုးဆို လက်ထပ်ပြီး ဘယ်လိုလုပ်ကြမတုန်း ”
လုယုံရီမှ အမြန် ” အာ့တာ ငါ့ မိန်းကလေးမဟုတ်ဘူး ဖုန့်ထင် ဒီကိုလာ ”
ဖုန့်ထင် ထိုသည်အား ကြား၍ ပျော်သွား၏။ သူမသည် လုယုံရီ၏ စကားများကို နင်း၍ ကုန်းချင်းယောင်ဘက်သို့ လှည့်လာကာ ” တွေ့လား နင်က ဝမ်းကွဲအကိုရဲ့ ကောင်မလေးမဟုတ်ဘူး ”
ကုန်းချင်းယောင် ပြန်ရှင်းပြရန် ပျင်းနေ၍ သူမအား ကြက်ကဲ့သို့သာ သဘောထားလိုက်၏။ ယင်းစွမ်းအင်သည် လုယုံရီ့အမေအား စီးထားသည်မှာ တရက်မျှသာရှိသေး၍ သိပ်မပြင်းထန်သေးပေ။
” နေဦး ဘယ်သူမှ ထွက်သွားလို့မရသေးဘူး ”
ဖုန့်ထင် အဆုံး၌ ထရပ်ပေးလာပြီး ခဏမျှမလှုပ်ရဲတော့သလို ရှိနေသူများအားလုံး ကြောင်အသွားကြတော့သည်။
ကုန်းချင်းယောင် အဆောင်အား ထုတ်ယူလိုက်ပြီး ရွတ်ဖတ်လိုက်ရာ အားလုံးအံ့ဩတကြီးမြင်ရသည်မှာ ထိုစက္ကူအဝါသည် မီးမရှိပါဘဲ လောင်ကျွမ်းသွားခြင်းပင်။
ရှစ်ချွေးကိုယ်ထဲရှိ ယင်းစွမ်းအင်သည် အန္တရာယ်အား အာရုံခံမိကာ အမြန်ပြေးမည်အပြု ကုန်းချင်းယောင်မှ ” ပြန်လာခဲ့ ”
ကုန်းချင်းယောင် ကိုယ်ထဲရှိ စွမ်းအင်များကို စုစည်းလိုက်ပြီး ယင်းစွမ်းအင်အား ဖယ်ထုတ်လိုက်၏။ ပြီးနောက် လက်စွပ်ထဲ၌ ချိတ်ပိတ်လိုက်သည်။ ထိုအချိန်၌ ဘေး၌ရပ်သော လုရှင်းဝမ့်သည် သူ့ဇနီးကိုယ်ထဲရှိ တခုခုမှာ ပျောက်သွားကြောင်း ခံစားမိလိုက်သည်။
ကုန်းချင်းယောင် လုယုံရီထံသို့ ကြည့်လာပြီး ” အဆင်ပြေပြီ ”
လုယုံရီ ကြောင်အနေဆဲ။ ကုန်းချင်းယောင်မှ ကံကြမ္မာဟောတတ်သည်ဟု ပြောသော်လည်း ထိုမျှအထိ လုပ်နိုင်မည်မှန်း သူ မသိထားပေ။ ဟန်ယဲ့ရွာတွင်တောင်မှ သူမ အဆောင်သုံးခဲ့ပေမယ့် အဆောင်မှာ ချက်ချင်း မီးမလောင်သွားပေ
ကုန်းချင်းယောင်ကြောင့် ရှိသမျှလူတိုင်း လန့်နေလေပြီးမှ တယောက်ယောက်မှ ” ပြောပြရဦးမယ်နော် ယုံရီရေ မင်းက လုမိသားစုရဲ့ အဖိုးတန်လေးလေ၊ စကားကို ဒီလိုပြောတတ်တဲ့ တစ်ယောက်ယောက်ကို မိသားစုထဲကို ဖိတ်ခေါ်မလာနဲ့ ”
24 05
” တကယ်လို့ သူလုပ်တာက တခုခုမှားသွားရင် ဘယ်လိုလုပ်မလဲ ”
” အိပ်ရာထဲမှာ လှဲနေရတာက မင်းအမေနော် ”
အားလုံး၏ ပြောဆိုမှု့အား ကြားရသောအခါ လုယုံရီမှ ” အားလုံး စိတ်မပူပါနဲ့ ချင်းယောင်က လူလိမ်မဟုတ်ပါဘူး ”
လုယုံရီမှ သူတို့ဖက်မှ မထောက်ခံလာ၍ အားလုံး လုရှင်းဝမ့်ဘက်လှည့်ကာ ” ရှင်းဝမ့် ယုံရီကို သေချာသင်ပြထား မဟုတ်ရင် လမ်းမဖြောင့်ဘဲ နေလိမ့်မယ် ”
ဖုန့်ထန်မှလည်း ” ဟုတ်တယ် အကိုကြီးယုံရီ အဒေါ်ဘာဖြစ်သွားလဲ ကြည့်ပါဦး ”
လုယုံရီ ကုန်းချင်းယောင်အား ကြည့်လိုက်ပြီး ကုန်းချင်းယောင်မှ ” နိုးလာတော့မှာပါ ”
လုယုံရီဘေးရှိလူမှ ” နိုးလာတော့မယ်ဆိုတာဘာလဲ၊ ရှစ်ချွေးသာ ဒီနေ့နိုးလာနိုင်ရင် ငါ နာမည်ကို ပြောင်းပြန်ရေးပစ်မယ် ”
သူပြောပြီးသည်နှင့် အိပ်ရာပေါ်မှ ရှစ်ချွေး၏ လက်မှာ လှုပ်ခတ်လာ၏။
လုယုံရီမှ ထိုသည်ကို မြင်၍ ” အမေ ပြန်တုံ့ပြန်လာပြီ ”
” ဒါက မဖြစ်နိုင်တာပဲ ”
သူတို့ စကားပြောမပြီးခင် ရှစ်ချွေးသည် မျက်လုံးဖွင့်လာပြီး ဘေးရှိလူများကို ကြည့်လိုက်ကာ ” အားလုံး ဘာလာလုပ်ကြတာလဲ ”
လူတိုင်း အံ့ဩသွားကြပြီး ဘယ်လိုတုန့်ပြန်ရမှန်းပင် မသိတော့ချေ။ တကယ်နိုးလာတာပဲ။
ရှစ်ချွေး လူအုပ်ထဲမှ လုယုံရှီအား မြင်သောအခါ ဝမ်းသာသွားပြီး ” ယုံရီ ဘာလို့ ပြန်ရောက်နေတာလဲ ”
လုယုံရီ သူမထံအမြန်ပြေးသွားပြီး ” အမေ အမေ ကိုမာဝင်နေတာ တနေကုန်ကြာတယ်၊ ချင်းယောင်ကသာ အမေ့ကို ကယ်ပေးခဲ့တာ ”
ရှစ်ချွေးသာနိုးလာရင် နာမည်ပြောင်းပြန်ရေးမည်ဟူသော သူမှာ ယခုတော့ မသိချင်ယောင်ဆောင်နေလိုက်၏။
ရှစ်ချွေး မယုံကြည်နိုင်သလို ” ငါက တနေကုန် မေ့မြောနေတယ် ”
လုယုံရီ ” ဟုတ်ယတ်အမေ၊ အရင်ဆုံး နားလိုက်ပါဦး ”
ထို့နောက်သူ လုရှင်းဝမ့်အား ကြည့်လိုက်ကာ ” အဒေါ်နဲ့ ဦးလေးတို့က တနေကုန်ရှိနေတာဆိုတော့ ပင်ပန်းနေမှာ ကျွန်တော် ပြန်ပို့ပေးလိုက်မယ် ”
အားလုံး လုယုံရီ၏ စကားအား ကြားပါသော်လည်း သူတို့ ထပ်နေချင်နေသေး၏။ သို့သော် လုရှင်းဝမ့်မှ ချက်ချင်း တံခါးအပြင်သို့ ထုတ်လိုက်၏။
လုယုံရီနှင့် ကုန်းချင်းယောင်သာ ဧည့်ခန်းထဲ၌ ကျန်နေချိန်မှ သူ အနည်းငယ် ရှက်ရွှံစွာနှင့် ” ချင်းယောင် သူတို့က တကယ်တော့လေ ”
ဆွေမျိုးများတင်မက သူပင် အစ၌ သူမအား မယုံကြည်ခဲ့ပေ။ ထို့ကြောင့် သူပြောရခက်နေ၏။
ကုန်းချင်းယောင် ” ရပါတယ် ”
တကယ်တော့ သူမ ရှစ်ချွေးအား ကယ်တင်ရခြင်းသည် လုယုံရီအတွက်သာ။
လုရှင်းဝမ့် ကျန်လူများအား ပြန်ပို့ပြီးနောက် သူတို့၂ယောက်အား ဧည့်ခန်း၌ မြင်လိုက်ရသောအခါ ထိုင်ခိုင်း၍ စကားပြောမည်အပြု လုယုံရီမှ ” အဖေ မှောင်လဲ မှောင်နေပြီ သားလဲ တနေကုန် ခရီးသွားလာရလို့ ပင်ပန်းနေပြီ တညတော့နေမယ် ”
လုယုံရီ သူ့အဖေမှ မေးစရာတွေရှိမည်ဟု သိသော်လည်း ချင်းယောင်မှာ တနေကုန် ခရီးသွားထား၍ ပင်ပန်းမည်မှန်းသိ၍ သူကြိုပြောထားရခြင်းပင်။
လုရှင်းဝမ့်မှ ” ဧည့်သည်ခန်းက ဒီဘက်မှာပါ၊ မိန်းကလေးကြိုက်မယ်လို့ ထင်ပါတယ် ”
” ကြိုက်ပါတယ် ”
ကုန်းချင်းယောင် အခန်းထဲသို့ ဝင်သွားတော့၏။
ကုန်းချင်းယောင် အနားယူနေစဉ် လုရှင်းဝမ့်မှ လုယုံရီအား စာဖတ်ခန်းထဲသို့ ခေါ်သွားပြီး ” ဘာဖြစ်တာလဲ အဖေ့ကို ပြောပြစမ်းပါ ”
24 06
လုယုံရီသည် နယ်မြို့၌ မွေးပေမယ့် အနုပညာအား ဝါသနာပါ၍ ထိုလမ်းသို့လျှောက်ခဲ့ခြင်းပင်။ မိသားစု၏ငွေအများစုကို သူ စာလေ့လာမှုအတွက် အသုံးပြုခဲ့ရလေသည်။ ကံကောင်းထောက်မစွာနှင့် လုယုံရီသည် ကောလိပ်တက်နေစဉ် အလွန်ပင် လုံ့လဝီရိယရှိစွာ ကြိုးစားခဲ့ပြီး နွေရာသီအားလပ်ရက်အပြီး၌ အချိန်ပိုင်းအလုပ်ရှာဖွေရန် စတူဒီယိုသို့ သွားခဲ့ကာ ဘွဲ့ရခါနီး၌ လက်ရှိကုမ္ပဏီနှင့် လက်မှတ်ထိုးနိုင်ခဲ့၏။
လုယုံရီ အကြမ်းဖျင်းသာ အဖေ့အား ရှင်းပြလိုက်၏။
ရသစုံရှိုးသည် လိုင်းပေါ်၌သာ လွှင့်ထားပြီး တီဗီ၌ မလာသေး၍ သူ့မိသားစုမှာ လုယုံရီရိုက်ကူးထားသည်ကို မမြင်ရသေးပေ။ လုရှင်းဝမ့်သည် စိတ်မကောင်းသည့်အသံဖြင့် ” အာ့တာဆို သူမက မင်းရဲ့ ရည်းစားမဟုတ်ဘူးပေါ့ ”
လုယုံရီ ပြုံးလိုက်ပြီး ” အာ့လိုကြီးမပြောပါနဲ့ အဖေ သားကို ဘယ်သူမဆို ကြိုက်မယ့်ပုံမှမဟုတ်တာ ”
လုရှင်းဝမ့်သည် လုယုံရီအတွက် အမြဲဂုဏ်ယူနေတတ်ကာ ” ဘာလို့ ဒီလိုပြောရတာလဲ၊ ငါ့သားက အရမ်းကောင်းမွန်တဲ့သူပဲလေ ”
” ကောင်းပါပြီ၊ အဖေ အရင်နားပါဦး ”
ရှစ်ချွေး ကိုမာဝင်နေ၍ အခုထိ လုရှင်းဝမ့် သေချာမအိပ်ရသေးပေ။
” ကောင်းပြီ မင်းလဲနားတော့ ”
လုရှင်းဝမ့် လုယုံရီ ပင်ပန်းလာမည်ကို သိ၍ စကားပြောရပ်ကာ နားခိုင်းလိုက်တော့သည်။
ကုန်းချင်းယောင် အခန်းထဲရောက်သည်နှင့် လုချမ်ချမ်မှ လက်စွပ်ထဲမှ ထွက်လာကာ ” ဆရာသခင်က တခြားတခုကို လက်စွပ်ထဲကို ထည့်ပြန်ပြီ ”
သူမ ထိုအရာများနှင့် တနေရာထဲ၌ မနေချင်ပေ။
လုချမ်ချမ် ယင်းချီအား ဆွဲယူလိုက်ကာ လုချမ်ချမ်ထံသို့ တွန်းပေးလိုက်ပြီး ” ဆုပ်ယူဖို့ ကြိုးစားကြည့် ”
လုချမ်ချမ် အမြန် တရားထိုင်လိုက်ကာ ကုန်းချင်းယောင်သည်လည်း ကျန်သည့် ယင်းချီအားယူ၍ လေ့ကျင့်လေတော့သည်။ ထိုယင်းချီအား သန့်စင်ရန် ၂နာရီမျှကြာပြီး သန့်စင်ပြီးနောက် လုချမ်ချမ် လက်စွပ်ထဲပြန်ဝင်သွားကာ သူမလည်း အိပ်လိုက်တော့၏။
နောက်တနေ့တွင် ကုန်းချင်းယောင် စောစောထ၍ အပြင်မထွက်ခင် လေ့ကျင့်နေလေသည်။
ရှစ်ချွေးသည် စားပွဲအပြည့် စားစရာပြင်ထားပြီး လုယုံရီနှင့် လုရှင်းဝမ့်တို့မှ သူမအား သေချာ ဧည့်ခံလေသည်။
လုယုံရီမှ ” ဒါတွေက ဒေသအစားအစာတွေလေ၊ အရသာရှိတယ် ”
ထိုခေါက်ဆွဲပြုတ်တစ်ခွက်ရရန် ရှစ်ချွေးမှ မိုးမလင်းခင် ခေါက်ဆွဲများထ၍ ပြုလုပ်ထား၍ အလွန်စားကောင်းနေလေသည်။
ကုန်းချင်းယောင် ခေါင်းညိမ့်၍ ” အရသာရှိတယ် ”
ရှစ်ချွေး သူမပြောသည်ကိုကြား၍ ပျော်ရွှင်စွာ ပြုံးလာကာ ” အာ့တာဆို ပိုစားနော် ”
လုရှင်းဝမ်သည် အမြန် ကြွေပန်းကန်လေးအား ကုန်းချင်းယောင် ထံသို့ တိုးပေးလျှက် ” ဒါက ငရုတ်ဆီလေ ကိုယ့်ဘာသာလုပ်ကြတာ၊ ကုန်းမိန်းကလေး စားတတ်ပါ့မလားတော့ မသိဘူး ”
ကုန်းချင်းယောင် မြည်းကြည့်လိုက်ပြီး ” အရမ်းကောင်းတယ် ”
မနက်စာစားပြီးနောက် လုယုံရီ စိတ်ပူပန်စွာနှင့် ” ချင်းယောင် နောက်ထပ် အမေဒီလို ထပ်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ”
” ယင်းချီတွေက ကုန်သွားပြီ ”
ယင်းချီ?
ထိုသည်ကို ကြားသောအခါ ရှစ်ချွေးမျက်နှာသည် ဖြူဖျော့လာပြီး လုရှင်းဝမ့်သည် သူမ အမူအရာအား မြင်၍ မယုံကြည်နိုင်စွာ ” ယင်းချီ?? အာ့တာကို မင်းဘယ်လို ရလာတာလဲ ”
ရှစ်ချွေး ကြောက်လန့်နေကာ ” ကျွန်မလဲ မသိဘူး ”
လုယုံရီ ချင်းယောင်အား မနေ့၌ ခေါ်လာမိသည်ဟု ကံကောင်းသည်ဟု ခံစားလိုက်ရပြီး ” ယင်းချီက ဘယ်လို ကပ်လာတာလဲ ”
24 07
သူ့မိဘများသည် အလုပ်များနှင့်ပင် တနေကုန် အလုပ်ရှုပ်နေကြကာ မကောင်းသည့် ယင်းချီလိုအရာက မည်သို့ရလာပါသနည်း။
ရှစ်ချွေးနှင့် လုရှင်းဝမ့်တို့ စိတ်ပူပန်စွာ ကုန်းချင်းယောင်အား ကြည့်လိုက်၏။
ကုန်းချင်းယောင် ” ယင်းချီ စွဲကပ်ဖို့ နေရာတွေ အများကြီးရှိတယ်၊ သုဿန်တို့ တခြားယင်းစွဲကပ်နေတဲ့ ပစ္စည်းတွေကနေပြီးတော့ ရနိုင်တယ်လေ ”
လုရှင်းဝမ့်မှ ” ငါတို့စီမှာ သုဿန်တစ်ခုရှိတယ်ထ မင်း မနေ့ကသွားသေးလား ”
ရှစ်ချွေး ” ကျွန်မက သုဿန်ကို ဘာသွားလုပ်ရမှာလဲ ”
လုယုံရီ ” အာ့တာဆို မနေ့က ထူးဆန်းတာ ရှိသေးလား ”
ရှစ်ချွေး ခေါင်းခါလျှက် ” မရှိဘူး ”
လုရှင်းဝမ့်မှ ” သေချာစဉ်းစားပါဦး ”
ရှစ်ချွေး စဉ်းစားလိုက်ပြီး ” မနက်မှာ မနက်စာစားတယ်၊ စားပြီးတော့ အိမ်သန့်ရှင်းတယ်၊ ဈေးဝယ်တယ်၊ ပြန်လာပြီး ချက်ပြုတ်တယ်၊ ညနေရောက်တော့ ဘေးနားက အန်တီလျန့်က လာပြီးတော့ ကောင်းတာလေးတွေ့လို့ ပေးချင်လို့တဲ့ သူမပြတာက သေတ္တာလေးတွေလေ သူတို့ထဲက တစ်ခုက အရမ်းလှတာပဲ ကြိုက်တာနဲ့ သူမကလည်း အမေ့ကို ပေးခဲ့တာ၊ အိမ်ပြန်လာတယ် ပြီးတော့ ညစာစားတယ်လေ ”
တနေ့တာအကြောင်း ကုန်သွားသော်လည်း ဘာမှားမှန်း မသိရဘဲ ခဏနေမှ ရှစ်ချွေးစဉ်းစားမိသွားကာ ” သေတ္တာမှာ ပြဿနာ တခုခုရှိလို့လား ”
ဘေးရှိ လုယုံရီမှ ” အာ့သေတ္တာက ရှိနေသေးလား ”
သူ ကုန်းချင်းယောင်အား ပြဿနာရှိမရှိ ကြည့်စေချင်သေးသည်။ ရှစ်ချွေးမှ ” ရှိသေးတယ် ယူလာပြမယ် ”
စကားပြောပြီးသည်နှင့် သူမ အခန်းထဲသို့ ဝင်သွား၏။
ခဏမျှအကြာ သေတ္တာတစ်ခုနှင့် ပြန်ထွက်လာပြီး ကုန်းချင်းယောင်အား ပေးလိုက်ကာ ” မိန်းကလေး ကြည့်ကြည့်ပါဦး ”
ရှစ်ချွေး သေတ္တာအား ကြည့်လိုက်ပြီး ” ထူးဆန်းတယ် မနေ့က ဒီသေတ္တာကို လှတယ်လို့ ထင်နေတာ ဒီနေ့ဘာလို့ မထင်တော့တာလဲ ”
ကုန်းချင်းယောင် သေတ္တာအား ယူလိုက်ပြီး ကြည့်သောအခါ သေတ္တာသည် ရိုးရှင်းနေလေသည်။ သူမ စိတ်စွမ်းအင်အနည်းငယ် ထည့်လိုက်ပြီးနောက် ” ဒီသေတ္တာက ပုံမှန်ပါပဲ ”
လုရှင်းဝမ့် အနည်းငယ် စပ်စုချင်လာကာ ဒီလိုရိုးရှင်းတဲ့အရာက သူ့အမေအား ကိုမာဝင်စေပါ့မလားဟု စဉ်းစားနေတော့သည်။
ကုန်းချင်းယောင် သေတ္တာအား ဖွင့်လိုက်သောအခါ အထဲ၌ ကူရှင်တထပ်ခံနေပြီး အောက်တွင်အံဝှက်တစ်ခုပါသေး၏။ သူမ ကူရှင်အား ဖွင့်လိုက်သောအခါ အတွင်းထဲ၌ အနက်ရောင် အဆောင်တစ်ခုတွေ့ရ၏။
လုယုံရီ ” အနက်ရောင် အဆောင်လား ”
ရှစ်ချွေး၏ မျက်နှာသည် မည်းမှောင်သွား၏ ပုံမှန်ဆိုလျှင် သေတ္တာရဲ့ကူရှင်ကို ဘယ်သူက ခွဲထုတ်မလဲ။ ထို့ပြင် သူမဘဝမှာ ဒီအနက်ရောင်အဆောင်အား ပထမဆုံးအကြိမ်တွေ့လိုက်ရသည်ဖြစ်၍ ” အဆောင်တွေအားလုံးက အဝါရောင်မဟုတ်ဘူးလား”
ရှစ်ချွေးတို့ အနက်ရောင် အဆောင်အား တွေ့လိုက်ရသောအခါ အံ့သြနေသည်မှာ မထူးဆန်းပေ။ ကမ္ဘာပေါ်တွင် အဆောင်တို့သည် အဝါရောင်တစ်ခုတည်းသာမက အခြားအရောင်များလည်း ရှိပါသည်။ ဤအနက်ရောင် အဆောင်သည် သူတို့ထဲမှ တစ်ခုဖြစ်ကာ လူတိုင်းသည် အဝါရောင် အဆောင်ကိုသာ သုံးလေ့ရှိကြသည်။ အနက်ရောင်အဆောင် အများစုသည် ယင်းကိုဖိတ်ခေါ်ရန် အသုံးပြုကြ၏။ သူမ အနက်ရောင် အဆောင်အားသုံး၍ ယင်းစွမ်းအင်အားဖွင့်လိုက်သောအခါ ရှစ်ချွေးခန္ဓာကိုယ်ပေါ်မှ ယင်းစွမ်းအင်နှင့် တူညီနေမှန်း သိလိုက်ရ၏။
ကုန်းချင်းယောင် အဆောင်အား စိတ်စွမ်းအင်သုံး၍ ချေဖြတ်လိုက်ကာ အဆောင်အား လောင်ကျွမ်းစေလိုက်၏။ အဆောင်သည် ပြာပင်မကျန်သည်အထိ လောင်သွားသည်ကို အားလုံး အံ့အားသင့်ဖွယ်တွေ့လိုက်ရ၏။
ထိုသည်ကို မြင်သည်နှင့် ရှစ်ချွေး ထိုအရာသည် သူမအား မည်သို့ဒုက္ခပေးနေမှန်း မသိတော့ဘဲ ” သွားပြီး လျန့်ဟုန်မြဲ့ကို ရှင်းပြခိုင်းရမယ် ”
လုယုံရီ အမြန် ရှစ်ချွေးအား တားလိုက်ကာ ” စိတ်မပူပါနဲ့ ”
ကုန်းချင်းယောင် သေတ္တာအားယူ၍ ထရပ်ကာ ” သွားရအောင် ”
သူမပြောချင်တာက အကုန်လုံး သွားမယ်လို့လား။
လုယုံရီ အသံမှာ တည်သွားကာ ” အမေ လမ်းပြပေးပါဦး ”
24 08
” ကောင်းပြီလေ ” ရှစ်ချွေး တဖက်အိမ်သို့ ဒေါသတကြီး ထွက်သွားလေ၏။ သူမနှင့် လျန့်ဟုန်မြဲ့တို့သည် အိမ်နီးနားချင်းဖြစ်ကြ၍ ငယ်ရွယ်စဉ်ထဲက သိခဲ့ပြီး အချင်းချင်း ခင်မင်ကာ ပိတ်ရက်များ၌ပင် အတူအချိန်ဖြုန်းတတ်ကြသည်။ လျန့်ဟုန်မြဲ့က သူမကို ဘာလို့ ဒုက္ခပေးချင်ရတာလဲ။
ရှစ်ချွေးတံခါး အတင်းခေါက်မှသာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး တံခါးဖွင့်ပေးလာ၏။ အမျိုးသမီးသည် သွယ်လျသော မျက်လုံးရှိ၍ မြင်ရသည်မှာ သနားချင်စဖွယ်ဖြစ်သော်လည်း ကုန်းချင်းယောင် မျက်စိထဲ၌ ဝမ်းနည်းဖွယ်အရိပ်အယောင်များရှိ၍ မကောင်းသည်ကို လုပ်ထားမှန်း သူမ သိလေသည်။
ရှစ်ချွေး ဒေါသတကြီးနှင့် ကျယ်လောင်စွာ ” လျန့်ဟုန်မြဲ့ငါက နင့်ကို သူငယ်ချင်းလို့ ထင်ထားတာကို နင်က ဘယ်လိုများ ငါ့ကို ဒုက္ခပေးရက်တာလဲ ”
လျန့်ဟုန်မြဲ့မျက်လုံးထဲ၌ ဖျတ်ခနဲလက်သွားကာ ” နင် ဘာတွေပြောနေတာလဲ ”
သက်သလတ်ပိုင်း အမျိုးသားတစ်ယောက် အသံသည် အနောက်မှ ပေါ်လာကာ ” အိုး… ရှစ်ချွေး မဟုတ်လား၊ နင်နိုးပြီလား၊ နင်း မေ့မြောနေတယ်ဆိုလို့ ငါတို့ မိသားစု အရမ်းစိတ်ပူနေခဲ့တာ၊ ငါဆို နင့်ကို ခဏခဏလာကြည့်သေးတယ် ”
လုရှင်းဝမ့်သည် နောက်ဆုံး၌ ရပ်နေကာ လျန့်ဟုန်မြဲ့သည် ရှစ်ချွေးအား သေချာလာမကြည့်ခဲ့ပေ။ ထိုသည်မှာ အပြစ်ရှိသည်ဟု ခံစားရခြင်းကြောင့်လား။ ထိုသို့စဉ်းစားပြီး လုရှင်းဝမ့် အသံမှာ အေးစက်လာလျှက် ” မင်းဘာလုပ်တာလဲ ”
သက်လတ်ပိုင်းလူကြီးသည် အပြင်ထွက်လာကာ ” ဘာပြောချင်တာလဲ ညီအကိုရေ အသံက တိုးနေသလိုပဲ အိမ်ထဲဝင်ပြီး ပြောကြမလား ”
လုရှင်းဝမ့် ” နျိုထျန်းချွင် ဟန်ဆောင်မနေနဲ့ ရှစ်ချွေး သတိမေ့နေတာ မင်းနဲ့ ပက်သတ်မှု့ တခုခုရှိရမယ် ”
မနက်အစော၌ ဆူညံနေ၍ ဘေးအိမ်များပါ ကြားသွားပြီး ဘာဖြစ်သလဲကြည့်ချင်၍ အပြင်သို့ ထွက်လာကြ၏။ လျန့်ဟုန်မြဲ့ လူများ ဝိုင်းလာသည်ကို တွေ့၍ ” လုအကိုကြီး ရှင်ဘာပြောနေတာလဲ၊ ကျွန်မတို့လဲ နားမလည်ပါဘူး ”
နျိုထျန်းချွင် ” ဟုတ်ပါပြီ အထဲဝင်ပြီးမှ ပြောရအောင် _
လုယုံရီသည် ကုန်းချင်းယောင်ထက်ထဲမှ သေတ္တာအား ညွှန်ပြ၍ ” အန်တီလျန့် ဒီသေတ္တာကို သိလား ”
လျန့်ဟုန်မြဲ့ သေတ္တာအား ကြည့်လိုက်ပြီး ” ဒါလား သတိရပြီ ဟိုနေ့က မင်းအမေလိုချင်တယ်ဆိုလို့ ပေးခဲ့တာလေ ”
ရှစ်ချွေး ” အာ့တာဆို ဘာလို့ အဆောင်ပါ ထည့်ထားကတာလဲ ငါ နင့်ကို ကောင်းကောင်း ဆက်ဆံပေးခဲ့တာကို ဘာလို့ ငါ့က်ု အန္တရာယ်ပေးရတာလဲ ”
အပြင်ထွက်၍ ကြည့်သူများ ပိုများလာ၍ လျန့်ဟုန်မြဲ့သည် မျက်နှာပျက်မည်စိုးကာ ” နင် ဘာအကြောင်းပြောနေတာလဲ၊ နင်လဲ ဖွင့်ကြည့်ခဲ့တယ်မလား၊ အထဲမှာ ဘာမှမရှိဘူးလေ ”
လျန့်ဟုန်မြဲ့ကြည့်ရသည်မှာ ဘာမှမှားနေပုံမပေါ်၍ ရှစ်ချွေးပင် သူမလည်း ဘာမှမသိသူဟု ထင်လာမိတော့သည်။
ကုန်းချင်းယောင်မှ ဆက်မေးလဲ မထူးဖူးဟုသိ၍ ” ဒီသေတ္တာက ဘယ်ကရတာလဲ ”
ကုန်းချင်းယောင်အား လျန့်ဟုန်မြဲ့မှ ယခုမှ တွေ့ဖူးခြင်းပင်။ မနေ့၌ လုယုံရီ ရောက်လာသောအအခါ လှပသော မိန်းကလေးအား ခေါ်လာသည်ဟု ကြားလေသည်။ သို့သော် ယခုမှ သိရသလို ဟန်ဆောင်ကာ ” နင်က ဘယ်သူလဲ ”
ကုန်းချင်းယောင် ဘာမှ ထပ်မပြောတော့ဘဲ နှစ်တထောင်အေးစက်သောသံပြားအား ထုတ်ယူလိုက်ပြီး လျန့်ဟုန်မြဲ့နှင့် နျိုထျန်းချွင်အား ” သေတ္တာက ဘယ်ကရတာလဲ ”
လုယုံရီနှင့် တခြားသူများအအမြင်တွင် သနားစဖွယ် လျန့်ဟုန်မြဲ့သညါ ချက်ချင်း အပြစ်ကင်းစင်ဟန်နှင့် ” ဝယ်လာတာ ”
ကုန်းချင်းယောင် ” အနက်ရောင်အဆောင်က သေတ္တာထဲ ပါနေတာရော သိလား ”
လျန့်ဟုန်မြဲ့ အနည်းငယ် ရုန်းကန်နေပုံပေါ်သော်လည်း ” သိတယ်၊ ငါ တစ်ယောက်ယောက်ကို ဝယ်ခိုင်းလိုက်တာ ”
24 09
ရှစ်ချွေးသည် သူမအား သံသယရှိပေမယ့် ယခုကဲ့သို့ ဝန်ခံလာမည်ဟု မထင်ထားပေ။ ရှစ်ချွေး အနည်းငယ်ပင် ဝမ်းနည်းစွားကာ သူတို့၂ယောက်သည် ဆက်တံရေးလည်းကောင်း၍ ဘာကြောင့်လဲဟု စဉ်းသားမရတော့ဘဲ ” ဘာလို့ ဒီလိုလုပ်ရတာလဲ ”
လျန့်ဟုန်မြဲ့ ကယောင်ခြောက်ခြားဖြစ်လာကာ ” နင့် ဘဝက ဘာလို့ အရမ်းကောင်းနေရတာလဲ၊ လက်မထပ်ခင်တုန်းက ငါက နင့်ထက်ပိုကောက်းခဲ့တာ၊ အိမ်အခြေအနေနဲ့ ပညာရေးမှ ငါ့ကြိ မမှီခဲ့ဘူး၊ ငါ ကောင်းတဲ့သူကို လက်ထပ်ရတော့ နင် ငါ့ကို မမှီဘူးလိုဘ ထင်ခဲ့တာ၊ နင်က ပျော်ရွှက်နေပြီး သားလေးတောင်ရလာပြီ၊ သားကလဲ အရမ်းကျော်ကြားတဲ့သူဖြစ်နေပြီလေ ”
ရှစ်ချွေး ဆွံဘအလျှက် ” ဒါပေမယ့် နင်လဲ ကောင်းကောင်းနေရတယ်မလား ”
လျန့်ဟုန်မြဲ့ မျက်လုံးများမှာ သွေးရောင်လွှမ်းလာပြီး ” ငါ့လည်း ကောင်းကောင်းနေရတယ်၊ ဟုတ်တယ် ဒီက အချမ်းသာဆုံးသူကို လက်ထပ်ခဲ့ရပေမယ့် နှစ်အနည်းငယ်ကြာတော့ သူက သေသွားပြီလေ၊ ဒီတစ်ယောက်ကလဲ စားဖို့ အိပ်ဖို့ပဲသိတယ်၊ ငါ ဘယ်လိုနေခဲ့ရလဲသိလား၊ ငွေလဲရှာရတယ် အိမ်အလုပ်တွေလဲ လုပ်ရတယ်၊ ငါ့သားကလဲ နင့်သားလောက် မကောင်းဘူး၊ ဘာလို့လဲ ”
ရှစ်ချွေး ထိုစကားများ ကြားရသောာအခါ စိတ်မသက်မသာဖြစ်လာပြီး ” ငါက နင့်ထက် ပိုကောင်းအောင် နေရတာနဲ့ နင်က ငါ့က်ု ဒုက္ခပေးတယ်ပေါ့ ”
လျန့်ဟုန်မြဲ့ မျက်လုံးများ နီရဲလာကာ ” ဟုတ်တယ် ဘာလို့ ငါ့ဘဝထက် နင်က ပိုကောင်းနေရတာလဲ ”
လောက၌ ကြောက်စရာအကောင်းဆုံးမှာ မနာလိုခြင်းပင်။ ကုန်းချင်းယောင် ” အနက်ရောင်အဆောင်ကို ဘယ်ကရတာလဲ ”
လျန့်ဟုန်မြဲ့ ဒေါသငြိမ်သလို သူမအား ကြည့်လာကာ ” အရင်ရက်တုန်းက စိတ်တိုနေတုန်း လမ်းဖြတ်ကူးတော့ လူအိုကြီးတစ်ယောက်နဲ့တွေ့တယ်၊ သူက ငါ့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တာ်လို့ပြောတယ်၊ ငါက လူတစ်ယောက်ကို မရှိစေချင်ဘူးဆိုလို့ အဆောင်ကို မျက်စိရှေ့ပဲ သေတ္တာထဲ ထည့်ပေးလိုက်တာ ”
လျန့်ဟုန်မြဲ့ အဆောင်မှာ အနက်ရောင်ဖြစ်၍ ကြာကြာကြည့်လျှင် စိတ်ထဲမကောင်းဖြစ်လာ၍ သူ ဆက်မကြည့်တော့ခြင်းပင်။
လျန့်ဟုန်မြဲ့ ” အစက သေတ္တာက ရိုးရိူလေူလို့ ထင်ခဲ့တာ၊ လူအိုကြီးက ဘေးနားက လူကမြင်ရင် သေတ္တာက အရမ်းလှတယ်လို့ မြင်မယ်တဲ့၊ အစက မယုံခဲ့ဘူး၊ ကြိုးစားကြည့်တော့ မှန်နေလို့ သူ့ကို ပိုက်ဆံပေးတာတောင် မယူလို့ ဒီအတိုင်းပဲ ယူလာခဲ့တာ ”
လျန်ဟုန်မြဲ့ အံ့ကြိတ်လိုက့်ပြီး ” ရှစ်ချွေး တကယ်ကြိုက်မယ်တောင် မထင်ထားဘူး၊ အခွင့်အရေးရှာပြီး သူမကို ပေးခဲ့ပြီး ညရောက်တော့ မေ့သွားတယ်လို့ ကြားခဲ့တာ ပြန်နိုး်လာမယ်လိုဘ မထင်ခဲ့ဘူး ”
လုယုံရီ ” အာ့တာဆို အနက်ရောင်အဆောင် အကြောင်းသိလား ”
လျန့်ဟုန်မြဲ့ ” သိတာပေါ့၊ လူအိုကြီးက အဆောင်က လူတွေကို ဘာမှန်းမသိဘဲ သေသွားစေနိုင်တယ်လို့ ပြောခဲ့တာ ”
နောက်ဆုံး သူမစကားကို ကြားပြီး လုရှင်းဝမ့်မှ ဒေါသထွက်လာကာ ” နင် ကြမ်းကြုတ်တဲ့ မိန်းမ ”
ကုန်းချင်းယောင် သူ့အား လက်ဆန့်ထုတ်၍ တားထားပြီး ” အဆောင်ရောင်းတဲ့သူက ဘယ်နေရာမှာလဲ ”
” လမ်းပေါ်မှာပဲ တွေ့ရတာ အရင်ရက်ကတောင် မတွေ့ဖူးဘူး ”
လျန့်ဟုန်မြဲ့ စဉ်းစားလိုက်ပြီး ” အောင်မြင်ရင် ငွေတရာပေးမယ် ပြောပေမယ့် ဘယ်နားမှာ ပေးမယ်လို့ မပြောရသေးဘူး ”
ထိုလူသည် အစကတည်းက ထိုငွေအား လက်ခံမည်မဟုတ်ပေ။ သူမ လျန်ဟုန်မြဲ့အား ဘာမှသိမည်မဟုတ်၍ ဆက်မမေးတော့ပေ။ သူမအနည်းငယ်ပင် စိတ်ပျက်သွားကာ ” အာ့လူက ဘယ်လိုပုံစံလဲ ”
လျန့်ဟုန်မြဒ့ ထပ်စဉ်းစားလိုက်ပြီး ” ထူးဆန်းလိုက်တာ သူ ဘယ်လိုပုံမှန်း မမှတ်မိဘူး ”
ကုန်းချင်းယောင် လုရှင်းဝမ့်မှင့် ရှစ်ချွေးဘက်လှည့်ကာ ” ဘယ်လိုလုပ်ချင်လဲ ”
ရှစ်ချွေး ဘာမှမပြောနိုင်၍ လုရှင်းဝမ့်ကသာ ဒေါသတကြီး ” ရဲခေါ်မယ်၊ သူတို့ကို ထောင်ချရမယ် ”
လုယုံရီသည် စိတ်အေးအေးထား၍ ” အဖေ ကျွန်တော်တို့မှာ သက်သေမရှိဘူး ”
24 10
လုရှင်းဝမ့် စိတ်လျော့၍ ဟုတ်တယ် သက်သေ သေတ္တာကိုသာ ပြ၍ သူတို့သည် တစ်ယောက်ယောက်အား သတ်ရန်ကြိုးသားသည်ဟု စွတ်စွဲ၍ မရပေ။ သူ ခဏမျှ စဉ်းသားပြီး ” သူတို့ ဒဏ်ပြန်အခတ်ခံရမှာ မကြောက်ဖူးလား၊ စိတ်ပျက်စရာကောင်းလိုက်တာ ”
လျန့်ဟုန်မြဲ့ အသိစိတ်ပြန်ဝင်လာပြီး သူမ ဘာပြောမိသည်ကို သိသွားကာ မျက်ရည်များ ကျလာလျှက် ” မဟုတ်ဘူး၊ ငါ့ကို တခုခုက ထိန်းချုပ်ထားတာ၊ အာ့တာတွေက ငါပြောတာ မဟုတ်ဘူး၊ ငါ ဘာမှ မလုပ်ခဲ့ဘူး ”
သို့ပေမယ့် သူမပြောသမျှ မည်သူမှ မယုံကြည်တော့ပေ။ နျိုထျန်းချွင် သူလှုပ်ရှားနိုင်ကြောင်း သိသွားသည်နှင့် ချက်ချင်း ထွက်လာကာ အားလုံးကြည့်နေစဉ် လက်မြောက်၍ လျန့်ဟုန်မြဲ့ပါအား ရိုက်လိုက်ပြီး ” မင်း ဉာဏ်မရှိတဲ့ မိန်းမ၊ ငါ လူကြည့်မှားခဲ့တာပဲ ”
ကုန်းချင်းယောင် ယင်းချီအား သူတို့ထံသို့ စွဲကပ်စေလိုက်၍ ဆက်မထိန်းချုပ်တော့ပေ။ သို့ပေမယ့် အနာဂတ်၌ သူတို့ဘဝသဘ် ဝမ်းနည်းစရာကောင်းနေဦးမည်ပင်။ ထို့နောက် ကုန်းချင်းယောင်မှ ” သွားကြရအောင် ”
လုယုံရီ ရှစ်ချွေးအား ဆွဲခေါ်လိုက်ကာ ကျန်လူများလည်း အိမ်ပြန်သွားကြသလို နောက်လှည့်မကြည့်ကြတော့ပေ။
အိမ်ထဲသို့ ရောက်သောအခါ လုယုံရီမှ ” လျန့်ဟုန်မြဲ့ အမှန်ပြောတာ မင်းကြောင့်မလား ”
လုယုံရီသည် လျန့်ဟုန်မြဲ့၏ လုပ်ရက်အား သေချာပေါက် မကျေနပ်ပေ။ သူသည် နာမည်အတိုင်း ယဉ်ကျေးတတ်ပေမယ့်လည်း…
ကုန်းချင်းယောင် ” ဟုတ်တယ် ”
သူတို့ တရားမျှတမှု့အား မရနိုင်သော်လည်း ဘေးပတ်ဝန်းကျင်မှ လူများအားလုံး သိသွားကြပြီဖြစ်ကာ အနာဂတ်၌ သူတို့နှင့် အဆက်အဆံမလုပ်ရဲတော့မှန်း လုရှင်းဝမ့်သိသည်။
” ကျေးဇူးပါ ဆရာသခင် ”
ကုန်းချင်းယောင် ” ဘာမှ မပင်ပန်းပါဘူး ”
ထို့နောက် သူမ အခန်းပြန်၍ အဝတ်အစားများအား ထုတ်ပိုးလိုက်ဧ။။်
ထိုသည်ကိုမြင်၍ လုယုံရီမှ ” ထွက်သွားတော့မလို့လား ”
” ဟုတ်တယ် ”
အစ၌ သူမ မနက်စာစားပြီးလျှင် ထွက်သွားမည်ဟု စီစဉ်ထားသော်လည်း ပြဿနာအား ဖြေရှင်းပြီးမှသာ ထွက်သွားချင်၍ နေနေခြင်းပင်။
လုယုံရီ ” မြို့တော်ကို လိုက်ပို့ပေးရမလား ”
လုရှင်းဝမ့် လုယုံရီအား ကြည့်လိုက်၏။ ယခုအချိန်မှာသာ ယုံကီသည် ကုန်းချင်းယောင်အား မြို့တော်သို့ လိုက်ပို့လျှင် ပိုကောင်းပေမယ့် ရှစ်ချွေးသည် နေမကောင်းသေးပေ။ လုရှင်းဝမ့် အနည်းငယ် ဂဏာမငြိမ်ဖြစ်လာ၏။
” မလိုပါဘူး အမေ့ကိုသာ ဂရုစိုက်လိုက် ”
ကုန်းချင်းယောင် စကားပြောပြီးသည်နှင့် ထွက်သွားတော့၏။
လုယုံရီ ရှစ်ချွေးအတွက် စိတ်ပူနေ၍ ခေါင်းညိမ့်ပြကာ ” လမ်းခရီးမှာ ဂရုစိုက်နော် ”
ကုန်းချင်းယောင် ထွက်သွားပြီး လုရှင့်ဝမ့်သက်ပြင်းချလာ၏။ သားက သူမကို မြို့တော်အထိ လိုက်မပိုဘရတာ ဝမ်းနည်းစရာပဲ။
လုယုံရီ သူ့အဖေအတွေးတို့အား သိ၍ ပြုံးနေကာ ဘာမှ မပြောတော့ပေ။
ကားထွက်ပြီးနောက် ကုန်းချင်းယောင် လုယုံရီထံမှ ယွမ် ၂သိန်းလွှဲလာသည်ကို ရ၏။ ထိုငွေများမှာ သူ အကြာကြီးစုထားရဟန်ပင်။ ကုန်းချင်းယောင် ဖုန်းပိတ်လိုက်ပြီး အနားယူလိုက်၏။
ညနေ ၅နာရီ ဝန်းကျင်မှသာ အိမ်သို့ရောက်ပြီး ကုန်းချင်းယောင် ရေချိုး၍ အဝတ်အစား လဲအပြီးတွင် အိုက်ရှောင်းယွင်မှ ဖုန်းခေါ်လာကာ ” ချင်းယောင် ဘယ်မှာလဲ ညနေပွဲကြီးတစ်ခုရှိတယ် မစ္စတာကောင်းက နင့်ကိုလဲ ခေါ်ခဲ့ဖို့ပြောတယ် ”
ကုန်းချင်းယောင် ” အိမ်မှာ ”
” ချက်ချင်းလာခေါ်မယ် ၊ နေပါဦး တကယ်သွားမှာပါနော် ”
” ကောင်းပြီလေ ”
24 11
ကုန်းချင်းယောင် ထိုသို့ပွဲများမကြိုက်ပေမယ့် အိုက်ရှောင်းယွင်မှ ယခုပွဲသည် ကြီးမားသည်ဟု ပြောခဲ့သောကြောင့်ပင်။ သူမ ယခု ပိုက်ဆံလိုနေ၍ ပါတီတက်ကာ ချမ်းသာသောသူများနှင့် အဆက်အဆံပြုလုပ်သင့်ပေသည်။
” ကောင်းပြီးနော် အာ့တာဆို ခဏနေ လာခေါ်မယ် စောင့်နေနော် ”
ကုန်းချင်းယောင် လက်မှတ်ထိုးထားသော ကုမ္ပဏီမှာ Liren Company ဖြစ်ပြီး လွန်ခဲ့သော ၅နှစ်ကမှ ဖွင့်လှစ်ထားပြီး နာမည်အကြီးဆုံးသူမှာ ဒုတိယအဆင့် ကြယ်ပွင့် ကျန့်ရှောင်းနန် ပင်။ ထိုသည်မှာလည်း ကုမ္ပဏီမှ သူမအား အစွမ်းကုန် ပံပိုးထားသောကြောင့်ပင်။
ကုမ္ပဏီပိုင်ရှင်မှာ ကောင်းကွမ်းဖမ်းဖြစ်ပြီး သူမ တခါမျှ မမြင်ဖူးသေးပေ။ သူသည်လည်း သူမရောက်လာကတည်းက ကုမ္ပဏီ၌ မရှိချေ။ သူမ အိုက်ရှောင်းယွင် တစ်ယောက်ထဲသာ မြင်ဖူးသေး၏။
အိုက်ရှောင်းယွင် တိုက်အောက်သို့ အောက်လာပြီး ကုန်းချင်းယောင် ကုတ်အင်္ကျီအဖြူနှင့် အောက်၌ ရိုးရိုးဘောင်ဘီအပြင် အားကစားဖိနပ်ကိုသာ ဝတ်ထားလေသည်။
အိုက်ရှောင်းယွင် ” ဒါနဲ့ ပါတီပွဲကို ဝတ်သွားမလို့လား ”
ကုန်းချင်းယောင် ” မဟုတ်ရင်ရော ”
သူမ ကားထဲသို့ ဝင်လိုက်၏။
အိုက်ရှောင်းယွင် သက်ပြင်းချကာ ကားသမားအား ” သွားကြမယ် ”
ကုန်းချင်းယောင် ကူရှင်၌ မှီအိပ်နေပြီး အိုက်ရှောင်းယွင်မှ ” စကားမစပ် ဟုန်ယန်ရွာက ပြန်လာတော့ ရလာတဲ့ ပရိသတ်တွေက နင့်ကို လာကြိုကြလိမ့်မယ် ”
သူမ ပထမဆုံး လေယာဉ်နှင့် ပြန်လာသည့်အချိန်၌ ယိုရှင်းယွီ၏ ပရိသတ်များ လာကြိုသည်ကို ပြန်အမှတ်ရသွား၏။
သူမ မအံ့ဩသည်ကိုမြင်၍ အိုက်ရှောင်းယွင်မှ ” ဝီ့ပေါ်ကို ကြည့်ပြီးပြီလား ”
” အင်း ”
” ရသစုံရှိုးမှာ နင်နဲ့ လုယုံရီက နည်းနည်း ဟော့သွားတယ် နင့်အကြောင်းချည်း တင်ထားတာ ခေါင်းသည်၆ခုတောင် ရှိနေပြီ၊ ကြည့်ရှု့သူတွေထဲက နည်းနည်းကပဲ နင့်ရဲ့ ဆရာသခင်ပုံကို လက်ခံလာကြတာ၊ လုယုံရီအတွက်တော့… ” အိုက်ရှောင်းယွင် မပြောခင် ခဏမျှ စဉ်းစားလိုက်ပြီး ” နင် အချစ်မှာ ပျော်ဝင်ဖို့ အချိန်ရောက်ပြီထင်တယ် ”
ကုန်းချင်းယောင် 😕 ? ?
ကုန်းချင်းယောင် အမူအရာအားမြင်၍ သူမ၏ ဆရာသခင်သည် ထိုသို့အတွေးမရှိသေးမှန်း အိုက်ရှောင်းယွင် နားလည်သွား၏။