ERSY အခန်း ၂၂၂

အခန်း ၂၂၂ ။ ဘယ်သူက ဆရာကြီး

“အဇဋာဧကရာဇ်” ပေါင်ဟွေ့က အထိတ်တလန့် ထပြောတယ်။ သူက ယိချင်းကို မယုံကြည်နိုင်ဟန် ကြည့်ပြီး ရှေ့တက်လာတယ်။

“အစေခံက ဒီနန်းတော်မှာ စီမံရေးအမတအစောင့်အဖြစ် အလုပ်လုပ်ခဲ့တာ နှစ်သောင်းချီကြာနေပါပြီ”

ကူယွဲ့က ခြောက်ကပ်ကပ်ရယ်ပြီး ထေ့ငေါ့ပြောလိုက်တယ်။

“နှစ်သောင်းချီ စီမံရေးအမတအစောင့်တစ်ယောက်က နန်းတော်ထဲက အမတတွေကိုတောင် မကိုင်တွယ်နိုင်ဘူးပေါ့၊ အမတရောင်းရင်း မင်းက တကယ်ကို ကျွမ်းကျင်လိုက်တာ ကြည့်ရတာ ကျီချန်နတ်ဆိုးဖြစ်လာတာ အကြောင်းရင်း မရှိတဲ့ပုံပဲ”

“ခင်ဗျား-” ပေါင်ဟွေ့က အခုဒေါသထွက်ပြီ။ သူ အဇဋာဧကရာဇ်ရဲ့ ကောင်းကင်နန်းတော်အတွက် ဒီနှစ်တွေမှာ အများကြီးလုပ်ပေးခဲ့တာ။ သူက အဆင့်မြင့်အမတ – တိုင်းပြည်ဧကရာဇ်တွေတောင် သူ့ကိုတွေ့ရင် တလေးတစား ရှိရတယ်။ ဒါက သူဘာပြန်ပြောရမလဲမသိတဲ့အထိ ပထမဆုံးအကြိမ် လှောင်ပြောင်ခံရတာပဲ။ သူ့စိတ်က ဂယက်ထနေတယ်။ သူ့မျက်စိထဲ တစ်စုံတစ်ရာ ဖြတ်ပြေးသွားပြီး ပေါင်ဟွေ့ အသက်ပြင်းပြင်းရှူကာ လှောင်ပြောင်လိုက်တယ်။

“ဒီဧကရာဇ်ငယ်က တကယ့်ကို ရယ်ဖို့ကောင်းတာပဲ၊ ခင်ဗျားမှာ ကျုပ်ကို ဝေဖန်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ၊ ကျုပ်က ဒီကောင်းကင်နန်းတော်ရဲ့ အမတအစောင့်ပဲ၊ အဇဋာဧကရာဇ်ပဲ ကျုပ်ကို ဝေဖန်ခွင့်ရှိတာ၊ ခင်ဗျားက ဘာအဆင့်အတန်းမို့လဲ၊ မသိတဲ့လူတွေဆို ခင်ဗျားကမှ အဇဋာဧကရာဇ်အသစ်လို့ ထင်နေလောက်တယ်” သူက လေသံကို ပြင်ပြီး ယိချင်းကို လှမ်းကြည့်တယ်။

“အဇဋာဧကရာဇ် အသင်က စကားတစ်လုံးမှဝင်မပြောဘူး၊ ဒီလူက ကျွန်တော့်ကို နန်းတော်ကနေ နှင်ထုတ်ဖို့ ကြိုးစားနေပြီ၊ ဒီမှာ တစ်ခုခုလွဲနေတယ်လို့မထင်ဘူးလား”

ကူယွဲ့က အဇဋာဧကရာဇ်ကို ပုန်ကန်ဖို့ ကြိုးစားနေတာလို့ သူ သဲလွန်စပြနေတာ။ သူတို့ နန်းတော်ထဲ ဝင်တဲ့အချိန်တည်းက အဲဒါတကယ့်ကိစ္စပဲ။ ဘယ်အဇဋာဧကရာဇ်မှ သူ့နောက်လိုက်တစ်ယောက်က သူ့ခေါင်းပေါ်တက်တာကို ခွင့်ပြုမှာမဟုတ်ဘူး။ ဝူတိဂိုဏ်းက လွဲလို့…။

“ဟင့်အင်း” ယိချင်းပြန်ဖြေလိုက်တယ်။ ဘာမှားလို့လဲ။

တပည့်တွေလည်း လိုက်ခေါင်းညိတ်ကြပြီး ပေါင်ဟွေ့မေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်ကုန်တယ်။

ပထမတပည့် ။ ။ “အကြီးအကဲကူယွဲ့က ဂိုဏ်းထဲက ကိစ္စတွေကို အမြဲစီမံတဲ့သူလေ၊ ဘာပြဿနာရှိလို့လဲ”

ဒုတိယတပည့် ။ ။ “အမှန်ပဲ၊ ဂိုဏ်းချုပ်ပြောတယ်၊ ငါတို့ အကြီးအကဲကူယွဲ့နောက် လိုက်ရင် ထမင်းဝလိမ့်မယ်တဲ့၊ အကြီးအကဲယိချင်းက အမြဲ ဟင်းချက်ပြီး အလုပ်ရှုပ်နေတော့ – တခြားကိစ္စအားလုံးကို အကြီးအကဲကူယွဲ့က ကိုင်တွယ်ပေးတာ”

တတိယတပည့် ။ ။ “အာ၊ ဂိုဏ်းမှာ အကြီးအကဲယိချင်း ရှိတယ်လား၊ ငါမသိလိုက်ဘူး”

စတုတ္ထတပည့် ။ ။ “ဟမ်၊ အဇဋာဧကရာဇ်က အကြီးအကဲကူယွဲ့မဟုတ်ဘူးလား၊ သူလို့ တစ်ချိန်လုံး ထင်နေတာ”

ပဉ္စမတပည့် ။ ။ “အဓိပ္ပာယ်မရှိတာ၊ ဂိုဏ်းချုပ်က အဇဋာဧကရာဇ်ဆိုတာ အသိသာကြီး”

ကူယွဲ့ ။ ။ “…”

ပေါင်ဟွေ့ ။ ။ “…”

(+_+)~

ဒီလူတွေ ဘာဖြစ်နေတာလဲ။ ဒါ အဇဋာဧကရာဇ်ရာထူးနော်။ ဘာလို့ ဧကရာဇ်ငယ်တစ်ယောက်က အဇဋာဧကရာဇ်ရဲ့ အလုပ်လုပ်တာကို ဘာမှမဖြစ်သလိုပြုမူနေတာလဲ။ အဇဋာဧကရာဇ်ကိုယ်တိုင်တောင် စိတ်အနှောင့်အယှက် မဖြစ်တဲ့ပုံ။ တခြားတစ်ယောက် သူ့ရာထူးကို ခိုးယူသွားမှာကို ခွင့်ပြုတော့မှာလား။

w(゚Д゚)w

“ယွီဟုန်၊ စစ်ယွီ၊ သူ့ကိုအပြင်လိုက်ပို့လိုက်တော့”

ကူယွဲ့က နားထင်ကို လက်နှစ်ချောင်းနဲ့ဖိပြီး ပြဿနာအုပ်ကြီးကို ဝေ့ဝဲကြည့်ကာ ယွီဟုန်နဲ့စစ်ယွီကို လက်ယမ်းပြလိုက်တယ်။

“ဟုတ်” နှစ်ယောက်သားက တုံ့ဆိုင်းမှုမရှိ။ စစ်ယွီရှေ့တက်ပြီး အမတကို ကောက်ဆွဲကာ ကောင်းကင်နန်းတော်ဝင်ပေါက်ဆီ ပျံသန်းလာခဲ့တယ်။

ပေါင်ဟွေ့က တုံ့ပြန်ချိန်တောင်မရလိုက်ဘဲ တံခါးအပြင်ဆီ မောင်းထုတ်ခံလိုက်ရလေရဲ့။

“မင်း… မင်းတို့အားလုံး…” ပြန်တောင် လှည့်မကြည့်ဘဲ လှည့်ထွက်ပျံသန်းသွားတဲ့ အမျိုးသမီးနှစ်ယောက်ကို သူစိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ တစ်ခဏနေတော့ သူထရပ်ပြီး ဝတ်ရုံကို ဖုန်ခါကာ လှည့်ထွက်လာခဲ့တယ်။

ဟမ့် သူတို့တွေ သူပြန်လာဖို့ တောင်းပန်နေရမယ်။

ကူယွဲ့ တပည့်အုပ်ကြီးကို နောက်တစ်ကြိမ်ဝေ့ဝဲကြည့်လိုက်တယ်။ သူ အမူအရာပြလိုက်တယ်။

“ဒီနေရာကို မိတ်ဆက်ပေးတာ သေချာနားထောင်ခဲ့ကြလား၊ ငါတို့အရင်ကအတိုင်း တာဝန်ခွဲကြမယ် – မင်းတို့နေသင့်တဲ့နေရာဆီ သွားကြ၊ ပြဿနာတစ်ခုခုရှိရင် ဖြေရှင်းဖို့ ယွီဟုန်ကိုရှာ၊ လူခွဲကြတော့”

“ဟုတ်” တပည့်တွေက ပြန်ဖြေပြီး သူတို့စတည်းချမဲ့နေရာဆီ တစ်ယောက်ပြီးတစ်ယောက် ရွှေ့သွားကြတော့တယ်။

ယိချင်းက ချက်ချင်း သူ့အိုးခွက်ပန်းကန်တွေကို ဆွဲထုတ်တယ်။

“ဆရာ၊ ကျွန်တော်အားလုံးစစ်ကြည့်ပြီးပြီ၊ ကောင်းကင်ကျယ်ခန်းမဆောင်က တကယ်ကောင်းတယ်၊ အလင်းရောင်ကောင်းကောင်းရသလို အနောက်တောင်ဘက် မျက်နှာမူထားတာ၊ အရမ်းလည်းကျယ်တော့ မီးဖိုချောင်အဖြစ် သင့်တော်တယ်၊ ကျွန်တော် နည်းနည်းလေးမွမ်းမံဖို့ပဲလိုတာ”

“တော်တယ်” ရှန်းရင် ခွင့်ပြုဟန် ခေါင်းညိတ်လိုက်တယ်။

“သွားရင်းနဲ့ သူဌေးလန်ကိုပါ ရှာပြီး မီးဖိုပြား လုပ်လိုက်ပါဦး၊ သူက အဲကိစ္စတွေဆို အရမ်းကျွမ်းတယ်”

“ဒါဆို မင်းခဏစောင့်ရမယ်” လန်ဟွားက ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူကအိုးကြီးတစ်လုံးကို သယ်ထားပြီး မုန်လာဥဖြူက အထဲမှာ ဒုဓလီပန်းတစ်ပွင့် အညွှန့်တက်အောင် ကြိုးစားနေလေတယ်။

“ငါ ညီနောင်မုန်လာဥဖြူကို အမတဆေးပင်ဥယျာဉ်ထဲ အရင်စိုက်ပေးဖို့ ကတိပေးထားတယ်”

“စားဖိုမှူး ဒါဆိုလည်း အအေးစာတချို့ အရင်လုပ်လိုက်” မီးဖိုပြား မလိုတာတွေပေါ့။

“ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ”

ကူယွဲ့ ။ ။ “…” သောက်ကျိုးနည်းငတုံးတွေ

ခဏ ကောင်းကင်ကျယ်ခန်းဆောင်လား။

အဲဒါ ကောင်းကင်နန်းတော်ထဲ ဝင်ဝင်ချင်း ပထမဆုံးအမတခန်းမဆောင် မဟုတ်ဘူးလား။ သူတို့တွေ ပထမဆုံးအမတအဆောင်ကို မီးဖိုချောင်အဖြစ် ပြောင်းတော့မှာပဲ။

“ဒီကိုပြန်လာခဲ့ကြစမ်း မင်းတို့နှစ်ယောက်”

O(≧口≦)O

————————

ပေါ်ပင်လယ် ကောင်းကင်နန်းတော်တစ်ခုလုံးမှာ နန်းဆောင်ပေါင်းတစ်ရာကျော်နဲ့ အမတနန်းတော်ငယ် မရေမတွက်နိုင်အောင် ရှိတယ်။ အတိတ်တုန်းက အဆောက်အဦတွေအထဲမှာ နေတဲ့သူ အမတအရာရှိထောင်ကျော် ရှိခဲ့တယ်။ ပေါင်ဟွေ့ဘာစဉ်းစား‌လဲဆိုတာ ကူယွဲ့နားလည်တယ်။ အရင်တုန်းက ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်တွေက အမြဲ ပေါ်ပင်လယ်ကပဲ။ ယိချင်းကတော့ ဖုန်းချန့်က။ သူ ရုတ်တရက် အဇဋာဧကရာဇ်ဖြစ်လာခဲ့တာက ပေါင်ဟွေ့မျက်လုံးထဲမှာတော့ တော်‌လှန်ရေး စတင်တာနဲ့ဆင်တယ်။

ကောင်းကင်နန်းတော်တစ်ခုလုံးရဲ့ စီမံရေးအမတအစောင့်အနေနဲ့ ပေါင်ဟွေ့က အဇဋာဧကရာဇ်ပြီးရင် သေချာပေါက် ဒုတိယ အမိန့်ပေးနိုင်သူပေါ့။ ဝူတိဂိုဏ်းကို သူစိန်ခေါ်ရဲတာက ကောင်းကင်နန်းတော်တစ်ခုလုံးရဲ့ အမတတွေကို ထိန်းချုပ်ထားနိုင်လို့ပဲ။

သူတို့တွေ ဒီကိုခုမှစရောက်တာဖြစ်ပြီး ဒီလိုနန်းတော်ကြီးကို ထိန်းချုပ်ဖို့ဆိုတာ မလွဲမသွေ ခက်ခဲမှာပဲ။ အထူးသဖြင့် ပေါင်ဟွေ့က သူတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ရင်ပေါ့။ ပေါင်ဟွေ့ပဲ လူအုပ်ကြီးကို လှုပ်နိုင်စွမ်းရှိတာ – အဲဒါကြောင့် သူက သူတို့ သူ့ကိုပြန်လာခေါ်မယ်လို့ အရမ်းသေချာနေခဲ့တာပဲ။ ပေါင်ဟွေ့ စောနတုန်းက အုပ်စုကို နန်းတော်တစ်ဝိုက် ခေါ်သွားချိန် တခြားအမတအစောင့်တွေအားလုံး ရှိမနေတာ သေချာအောင် လုပ်ခဲ့တယ်။ သူက သူတို့အလုပ်ရှုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက် မျိုးစုံပေးတယ်။

သူ ဒါတွေအားလုံးကို လုပ်ခဲ့တာက ယိချင်း အဇဋာဧကရာဇ်အဖြစ် တက်လှမ်းမှာကို ကန့်ကွက်ဖို့ မဟုတ်ဘဲ သူ့နှလုံးသားထဲကျန်ရစ်တဲ့ ဒေါသနဲ့ မကျေမချမ်းမှုကို ဖွင့်ထုတ်ဖို့ပဲ။ ဒါ သူ ယိချင်းကို “အဇဋာဧကရာဇ်အသစ်” ဆိုပြီး ထပ်တလဲလဲ ခေါ်ဝေါ်ပေမဲ့ ယိချင်းကို နာမည်နဲ့အသိအမှတ်ပြုဖို့တောင် ငြင်းဆန်တည်းက သိသာနေပြီ။

သူမပျော်မရွှင်ဖြစ်တာ နားလည်နိုင်ပေမဲ့ သူတို့ သူ့ကိုသေချာပေါက် အလျှော့ပေးဖို့ ဆိုလိုတယ်လို့တော့ ကူယွဲ့ မယုံကြည်ဘူး သူက မင်းသမီးမှ မဟုတ်တာ ဘာလို့ သူ ဝုန်းဒိုင်းကြဲတာကို အလျှော့ပေးရမှာလဲ။

ကူယွဲ့ရဲ့ တွေးတောပုံက ရိုးရှင်းတယ်။ တကယ်လို့ သူက အခက်တွေ့အောင် လုပ်ချင်ရင် အနာဂတ်မှာ ပြန်လာဖို့ကို မေ့လိုက်လို့ရတယ် ဝူတိဂိုဏ်းက ငါတို့… မဟုတ်ဘူး ဝူတိကောင်းကင်နန်းတော်က အရမ်းကို အလုပ်များတယ်။ ဝုန်းဒိုင်းကြဲတာလေးတွေကို ဖြေရှင်းဖို့ အချိန်မရှိဘူး။

တခြားအဇဋာဧကရာဇ်တွေက ထောက်ခံသူ နည်းပါး‌နိုင်ပေမဲ့ ဝူတိဂိုဏ်းကတော့ မဟုတ်ဘူး။

လူအုပ်ကြီးက တခြားခေါ်ကြားမှုကို မတုံ့ပြန်ဘူးလား။ ဒါဆို သူတို့ကို မခေါ်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဝူတိဂိုဏ်းက နန်းတော်နောက်လိုက်တာဖြစ်ပြီး အထဲကလူတွေနောက် လိုက်တာမှမဟုတ်ပဲ။

အဲတော့ အဆောက်အဦတွေကို သော့ခတ်ထားပြီး သူတို့ဝင်မရတော့ရော ဘာဖြစ်လဲ။ သူတို့ အဆောက်အဦထဲ ချိုးဖောက်ဝင်လို့ရတာပဲ။ ခန္ဓာကျင့်ကြံသူတွေက ဘယ်လိုပဲဖြစ်ဖြစ် အင်အားအပြည့်ပဲဟာ။

အဲတော့ အမတအစောင့်တွေက အဆောက်အဦထိန်းချုပ်မှုကို မလွှဲပေးချင်တော့ရော ဘာဖြစ်လဲ။ အထုထောင်းခံရရုံပေါ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေကို အနိုင်မှမယူနိုင်တာ

အဲတော့ အမတအစောင့်တွေက အုပ်စုဖွဲ့ဆန္ဒပြတော့ရော ဘာဖြစ်လဲ။ သူတို့ကို အလုပ်ဖြုတ်လို့ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နဲ့မှ မရင်းနှီးတာ – သူတို့ကို ဆက်ကျွေးမွေးထားရင် အမတကျောက်တုံး ဖြုန်းတီးသလိုပဲဖြစ်မှာ။ ဒီမှာ ဘယ်သူက တကယ့်ဆရာကြီးလဲဆိုတာ တစ်ယောက်ယောက် သူတို့ကို အသိပေးဖို့လိုတယ်လေ။

အဲတော့ နန်းတော်အပြင်ဘက်က စီးပွားရေးပတ်ဝန်းကျင်နဲ့ ရင်းနှီးပြီး တခြားတိုက်ကြီးတွေနဲ့ အဆက်အသွယ်ရှိတဲ့ အမတအစောင့်တွေ ဆုံးရှုံးသွားတော့ရော ဘာဖြစ်လဲ။ ဟဲဟဲ သူတို့မလုပ်ရဲပါဘူး

ဆေးလုံးကနေ အဆောင်အထိ၊ အင်းကွက်ကနေ လက်နက်အထိ၊ ဝူတိဂိုဏ်းမှာ ဒီပစ္စည်းတွေကို စီမံကိုင်တွယ်နိုင်တဲ့သူ မချို့တဲ့ဘူး။ တကယ်တော့ ဒီပစ္စည်းတွေကို သူတို့ဘာသာ ထုတ်လုပ်နိုင်စွမ်းတောင် ရှိတယ်။ ဝူတိဂိုဏ်းမှာ ဒီပစ္စည်းတွေအတွက် တာဝန်ယူခဲ့သူက ကောင်းကင်နန်းတော်မှာ ဒီပစ္စည်းတွေအတွက် ဆက်ပြီးတာဝန်ယူမှာပဲ။ တစ်ခုတည်းသော ကွာခြားချက်က ထုတ်လုပ်ရေးပမာဏက ပိုပြီးကြီးမားလာရုံလောက်ပဲ။

ဒါကြောင့် ကူယွဲ့က သူတို့အခြေအနေနဲ့ ပတ်သက်ပြီး အရမ်းကြီး စိုးရိမ်မနေဘူး။ လဝက်အတွင်း သူ့လက်အောက်ကတပည့်တွေက ကောင်းကင်နန်းတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်သွားပြီ။ မယုံကြည်နိုင်လောက်အောင် တိုတောင်းတဲ့အချိန်အတွင်း နန်းတော်ထဲကကိစ္စတွေကို ကိုင်တွယ်ဖို့ အဆင်ပြေတဲ့ လုပ်ရိုးလုပ်စဉ်ကို သတ်မှတ်ပြီးပြီ။ သူတို့ဘက်က ရေစီးအတိုင်း ပျော်ပျော်ကြီးလိုက်တဲ့ အမတအစောင့်လေးတချို့ကိုပါ မစို့မပို့ ဝေယျာဝေစ္စနည်းနည်းပါးပါးမှာ ကူညီပေးခိုင်းနိုင်ခဲ့တယ်။

နန်းတော်က သူတို့အလုပ်ကနေ ယုံကြည်ချက်ရှိရှိ ခွင့်ယူပြီး ပေါင်ဟွေ့ဆီက သတင်းကို စောင့်နေတဲ့ အဆင့်မြင့်အမတအစောင့်တွေကတော့ တစ်ယောက်ပြီး တစ်ယောက် အလုပ်ဖြုတ်ခံလိုက်ရတယ်။ တစ်လအကြာမှာတော့… အစောင့်တွေက ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ သူတို့က နန်းတော်က အခြေအနေကို စုံစမ်းဖို့ လူတွေလွှတ်လိုက်ပြီး အထဲကို ဝင်လို့မရတော့ဘူးဆိုတာ… သိလိုက်ရတယ်။

တံခါးတွေကို ကြည့်ခဲ့တဲ့ အမတအစောင့်တွေလည်း သူတို့တောင် မသိတဲ့လူတွေနဲ့ အစားထိုးခံလိုက်ရတယ်။ သူတို့ အဆောက်အအုံတွေကနေ နှင်ထုတ်ခံရပြီး ရန်ဖြစ်မလိုတောင် ဖြစ်ကြသေးတယ်။

သူတို့က နန်းတော်တံခါးဝကို မချိတင်ကဲ ကြည့်နေကြတယ်။ အပေါ်မှာ ရေးထားတာက

“ဝူတိကောင်းကင်နန်းတော်” သူတို့ဘာဖတ်နေရလဲဆိုတာနားလည်ဖို့ တစ်ခဏကြာသွားသေးတယ်။ နောက်ဆုံးမှာတော့ အခြေအနေကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူးဆိုတာကို လက်သင့်ခံလိုက်ရတော့တယ်။ ဒီအဇဋာဧကရာဇ်အသစ်က သူတို့တွေးထားတာနဲ့ ကွဲပြားတယ်။ သူက လူတွေဆီက‌ ခြိမ်းခြောက်မှုကိုမကြောက်တဲ့ တကယ့်အဇဋာဧကရာဇ်အသစ်လိုပဲ။

သူတို့တွေက ကြောက်မက်ဖွယ်သတင်းအပိုင်းအစကိုပါ ကြားလိုက်ရသေးတယ်။ ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ယိချင်းက ငါးရက်အတွင်း ကောင်းကင်နန်းတော်မှာ နန်းတက်ပွဲကျင်းပတော့မှာတဲ့။ အစောင့်တွေက ဒါကို အရင်ဆုံး သိရမှာဆိုပေမဲ့ သူတို့ ခုမှဒါကို သိခဲ့ရတယ်။

“ဦးစီးမှူးပေါင်၊ ဒါ… ဒါမကောင်းဘူးနော်” အစောင့်တွေ သွေးပျက်စ ပြုလာတယ်။ သူတို့ ဒီလိုအခမ်းအနားကြီးကိုတောင် မသိခဲ့ရဘူး – ကြည့်ရတာ သူတို့ကို ကောင်းကင်နန်းတော်ကနေ နှင်ထုတ်လိုက်တာ ကောင်းဖို့အတွက်ဖြစ်နေတဲ့ပုံပဲ။

ပေါင်ဟွေ့ရဲ့ အမူအရာ မည်းမှောင်ပြီး တိတ်ဆိတ်သွားတယ်။ နောက်တော့ သူက အံကြိတ်ပြီး ပြောလို

က်တယ်။

“သွားမယ် ပေါ်ပင်လယ်ရဲ့ ပြည်နယ်အသီးသီးဆီ သွားကြရအောင်”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset