FY အခန်း ၇၈

အခန်း ၇၈

နာမည်ကြီ လယ်ယာသုံး စက်ပစ္စည်းများ အပိုင်း(၂)

“ဒါရိုက်တာ မကောင်းတော့ဘူး။ မကောင်းတော့ဘူး”

“မင်း ဘာကြောင့် ဒီလောက် အော်နေတာတုနး်။ မင်းအသံကို လျှော့ လို့ မရဘူးလား။ “

ဘင်းမြို့ုတော် စက်ယန္တရား စက်ရုံ၏ ဒါရိုက်တာ လီမင်တက သူ့သတင်းစားကို ချလိုက်ကာ အရောင်းဌာနခေါင်းဆောင် ဖြစ်သည့် ဝမ်အိုက်ကောကို ဒေါသတကြီးဖြင့် ကြည့်လိုက်၏။

“ဒါရိုက်တာ သတင်းဆိုး ရှိတယ်”

“ဘာသတင်းဆိုးလဲ ဂျပန်တွေကငါတို့ကို နောက်တစ်ခါ ထပ်တိုက်ပြန်ပြီလား။”

လီမင်တက ဟာသ နှောကာ ပြန်ဖြေသည်။ သို့သော် ဝမ်အိုက်ကောက သူ့ဟာသကို ရယ်ခြင်း မပြုပေ။ လီမင်တက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ လက်ဖက်ရည်ကို ဖြည်းဖြည်းခြင်း အရသာ ခံလိုက်သည်။ ယင်းလက်ဖက်ကို သူ့အား စက်မှုဌာန၏ လက်ထောက် အကြီးအကဲမှူးက ပေးထားခြင်းဖြစ်သည်။

လွန်ခဲ့သည့် လက ဆောင်းဦးရိတ်သိမ်းပွဲတော်ကြောင့်စက်ယန္တရား စက်ရုံ၏ အရောင်းသည် သမိုင်းကြောင်း တစ်လျှောက် အမြင့်ဆုံး ဖြစ်ခဲ့သည်။ ထို့အတွက် လီမင်တကို လက်ထောက် မြို့တော်ဝင်က မှတ်ချက်ပြုခဲ့သည်။ သူကံကောင်းလျှင် သူက စက်မှုဌာနကို ခေါင်းဆောင် တစ်ယော်က အဖြစ် ပြောင်းလဲ ခံရမည်မှာ အသေအချာပင် ဖြစ်သည်။

“မဟုတ်ဘူး ဒါရိုက်တာလီ။ ကျွန်တော်တို့ကို အမျိုးသားနေ့ အတွက် လယ်ယာသုံး ကိရိယာတွေနဲ့ စက်ပစ္စည်းတွေကို ပိုပြီး ထုတ်ဖို့ ညွှတ်ကြားခဲ့တာ မဟုတ်လား။”

“ဟုတ်တယ်လေ ဘာမှားလို့လဲ။ မနေ့ညက အစည်းအဝေးမှာ ငါတို့ရဲ့ ထုတ်လုပ်ရေးတွေကို ပိုပြီး တိုးမြင့်ရမယ်လို့ ပြောခဲ့တယ်။ ငါတို့ ပစ္စည်းတွေ မလောက်မှာကို မင်းစိုးရိမ်နေတာလား။”

“ကုန်ပစ္စည်းမလောက်တာ မဟုတ်ဘူး။ အဲဒါက ကုန်ပစ္စည်းတွေ မရောင်းရတာ”

ဝမ်အိုက်ကောက ပြန်ဖြေသည်။

“ဘာလဲ။ ငါတို့ ထုတ်ကုန်တွေ မရောင်းရဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ”

လီမင်တက အံ့ဩနေသည်။ သူက အလုပ်သမားများကို အလုပ်ချိန် အပိုဆင်းကာ ထုတ်လုပ်မှု မြှင့်တင်ရန် တောင်းဆိုထားသည်။ အကယ်၍ ယင်းပစ္စည်းများ မရောင်းရပါက စက်ရုံ၏ ငွေ အကုန်လုံးသည် ယင်းပစ္စည်းများကို ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် အတွက် ထုတ်လုပ်သည့် အလုပ်သမားများ၏ လစာကို သူမပေးနိုင် ဖြစ်မှာ အသေအချာပင် ဖြစ်၏။

သူက လက်ထောက်မြို့တော်ဝန်ကို အမျိုးသားနေ့ လက်ဆောင် အဖြစ် ရောင်းအား ယွမ် ၁၀သန်းပေးမည်ဟု ကတိပေးထားသည်။

“ကျွန်တော် အဲဒီ ရောင်းချသူတွေကို ဆက်သွယ်ပြီးပါပြီ။ ပြီးတော့ သူတို့ထဲက အများစုက လယ်ယာသုံး စက်ပစ္စည်းတွေကို မလိုအပ်တော့ဘူး။ သူတို့ထဲက အနည်းဆုကပဲ သူတို့ဆီက အမှာစာယူဖို့ စိတ်ဝင်စားပုံပြတယ်။ ဒါပေမဲ့ သူတို့တွေက ကျွန်တော်တို့ကို ဈေးနှုန်း လျော့ချစေချင်တယ်။”

“သူတို့တွေ ကုန်ပစ္စည်းပြတ်လပ်တာတွေ မဖြစ်ဘူးလား။ မဖြစ်နိုင်တာ။ ဒီနှစ်မှာ စိုက်ပျိုးတဲ့ လယ်ယာ အရေအတွက်က တိုးလာတာ ပြီးတော့ မြို့တိုင်းရဲ့ မြို့တော် အစိုးရတွေက ပြည်နယ် အစိုးရ စက်ယန္တရား အသုံးပြုကာ စိုက်ပျိုးဖို့ အားပေးတဲ့ ညွှတ်ကြားချက်တွေကို လိုက်နာရတယ်။ သူတို့တွေ ဒီပစ္စည်းတွေ ပစ္စည်းမပျက်ဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ကျွန်တော် ဘေးပတ်ဝန်းကျင်ကို မေးကြည့်တဲ့ အခါမှာ ကျွန်တော် ကြားတာက ဆိုဗီယက် ပြည်ထောင်စုက ထုတ်လုပ်တဲ့ စက်ပစ္စည်းအသုတ် တစ်သုတ်က ဈေးကွက်ထဲ ရောက်နေတယ်လို့ ပြောတယ်။ အဲဒီ ရောင်းချသူတွေက ပြည်ပက တင်သွင်းလာတဲ့ စက်ပစ္စည်းတွေကို တင်သွင်းကြပြီး မရသေးတဲ့ သူတွေကလည်း ပစ္စည်းတွေကို စောင့်နေကြတုန်းပဲ။ အဲဒီရောင်းချသူတွေက ကျွန်တော်တို့ဆီက အမှာစာကို ငြင်းပယ်လိုက်ကြတယ်။”

“ဆိုဗီယက်တွေ ထုတ်တဲ့ စက်တွေလား။ အဲဒီ ဟာတွေက ငါတို့ရဲ့ ဈေးထက်ပိုများမှာပဲ။ ပိုကြီးတဲ့ စက်က ရောင်းအားပိုကောင်းတာ ဖြစ်နေတာလား”

လီမင်တက စိတ်ရှုပ်ထွေးသွားသည်။

ပစ္စည်းတိုင်းက ယင်းအတိုင်းလုပ်ကြတာပဲ ဖြစ်သည်။

“ဒါရိုက်တာ အဲဒီ ဆိုဗီယက် စက်ပစ္စည်းတွေက ကျွန်တော်တို့ရဲ့ စက်တွေလောက် ဈေးမကြီးဘူး။ သူတို့တွေက ကျွန်တော်တို့ စက်တွေထက်တောင် အများကြီး ဈေးချိုနေတယ်။ သူတို့ရဲ့ လက်ကားရောင်းဈေးက ကျွန်တော်တို့ရဲ့ ထုတ်လုပ်တဲ့ စရိတ်နဲ့ အတူတူနီးပါးပဲ”

“လက်ကားဈေးက ငါတို့ရဲ့ ထုတ်လုပ်တဲ့စရိတ်နဲ့ အတူတူပဲလား။ မဖြစ်နိုင်တာ”

“အဲ့တာက အမှန်တွေ မဟုတ်ဘူးဆိုရင် ဘာကြောင့် ရောင်းချသူတွေက ကျွန်တော်တို့ရဲ့ ဈေးနှုန်းကို လျော့ချဖို့ ပြောရမှာလဲ။ ပြီးတော့ ဆိုဗီယက် ပြည်ထောင်စုရဲ့ လယ်ယာသုံး စက်ပစ္စည်းတွေက ပြည်ပ ပို့ကုန် ပြီးတော့ ပိုပြီးတော့လည်း အကြမ်းခံတယ်။ လက်ရှိမှာ ကျွန်တော်တို့ရဲ့ စက်တွေကို ဘယ်သူမှာ မဝယ်ကြဘူး။”

“အဲဒီ ရောင်းချသူတွေ ဘယ်ကနေ ပစ္စည်းရလဲဆိုတာ မင်းရှာတွေ့ပြီလား”

“ဟုတ်ကဲ့ အဲ့တာက ထိုက်ဟွကုန်သွယ်ရေး အမည်ရတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုကပါ။ အဲဒီကုမ္ပဏီက လွန်ခဲ့တဲ့ နွေရာသီတုန်းက လေနှင့်မိုး လျှပ်စစ်ပန်ကာကို မိတ်ဆက်ခဲ့တယ်။”

“ကောင်းပြီ။ ငါသိပြီ။ မင်းအလုပ် အရင် သွားလုပ်ချေ။ ဒီတစ်သုတ် စက်ပစ္စည်းတွေကို အမျိုးသားနေ့ မတိုင်ခင် ရောင်းနိုင်မဲ့ နည်းလမ်းကို မင်းစဉ်းစားထားရမယ်။”

လီမင်တက ဝမ်အိုက်ကော အခန်းထဲမှ ထွက်သွားသည်ကို စောင့်နေသည်။ ပြီးနောက် သူ့ရုံးရှိ ကုန်ပစ္စည်း ထုတ်လုပ်ရေး တာဝန်ခံ ဖြစ်သည့် လက်ထောက် ဒါရိုက်တာကို ဖုန်းခေါ်လိုက်သည်။ သူက ထုတ်လုပ်သည့် အခြေအနေကို ရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။ အကြောင်းပြချက်ကား အလုပ်သမားများသည် တစ်လအတွင်း အလုပ်အများကြီး ကြိုးစားသည့် အတွက် အနားယူရန် လိုအပ်သည့်ဟူသည့် အချက်ကြောင့် ဖြစ်သည်။

လီမင်က သူ့ ညွှန်ကြားချက်ပေးပြီးနောက် အတွင်းရေးမှူးကို သူ့ကားမောင်းသမားကို ခေါ်ရန်အသိပေးလိုက်သည်။ သူသည် စက်မှုဌာနကို သွားရန် လိုပြီး ခေါင်းဆောင်များကို ထိုက်ဟွ ကုန်သွယ်ရေးသည် ဈေးကွက်ဖျက်သည့်အကြောင်း ရှင်းပြရန်လိုသည့် အတွက်ကြောင့် ဖြစ်၏။

——–

ရောင်းချသူများက ဆိုဗီယက် ပြည်ထောင်စုမှ နောက်ထပ် စိုက်ပျိုးရေး ပစ္စည်း အသုတ်တစ်သုတ် ရောက်လာသည့် သတင်း ကြားသည့်အခါ ထိုက်ဟွ ကုန်သွယ်ရေးသို့ အပြေးလာကြသည်။ ယခု တစ်ခေါက်တွင် သူတို့ အလွန် ဉာဏ်ကောင်းလာကြသည်။ သူတို့ ကုန်တင်ကားပေါ်သို့ ပစ္စည်းအမြန် တင်လိုသည့် အတွက် သူတို့က ငွေများ အသင်ပြင်ဆင်လာခဲ့ကြသည်။

သူတို့တွေက ဆိုဗီယက် ပြည်ထောင်စုမှ လယ်ယာသုံးစက်ပစ္စည်းများနှင့် စက်ကိရိယာများ၏ လက်ကားဈေးနှုန်းကို လွန်ခဲ့သည့် အခေါက်ကတည်းက သတ်မှတ်ပြီး ဖြစ်သည်။ ကုန်ထုတ်လုပ်မှု စရိတ်၏ ၁၀ရာခိုင်နှုန်း ဖြစ်၏။ အရည်အသွေးက ပိုကောင်းလာပြီး ပိုအကြမ်းခံသည်။ ပြီးနောက် ယင်းက တင်သွင်းကုန်များ ဖြစ်သည်။ ဈေးနှုန်းသည်လည်း ဘင်းမြို့တော် စက်ယန္တရားစက်ရုံထက်ပင် နည်းနေသေးသည်။ ယင်းကုန်ပစ္စည်းများက တစ်ပတ်အတွင်း ရောင်းကုန်သွားသည်။

လယ်သမားများက စည်းစည်းလုံးလုံးနှင့် နေကြကာ ယှဉ်ပြိုင်သည့် စိတ်ဓာတ်မွေးကြသည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်က ဈေးချိုသည့် လယ်ယာသုံးပစ္စည်းသို့မဟုတ် အသုံးအဆောင်ကို ဝယ်ယူခဲ့သည့် အခါ သတင်းက တောမီးပမာ ပျံ့သွားကာ ကျန်သည့် သူများကလည်း ယင်းနောက်ကို လိုက်ကြသည်။ အကြောင်းမှာ အခြားသူများကို သူတို့ မရှုံးစေလို၍ ဖြစ်သည်။

ဥပမာ အနေဖြင့် ဖုန်းယွီ၏ ဖခင်သည် ၅၅ ထွန်စက်ကို တစ်ယောက်ယောက် သုံးနေသည်ကို မြင်သည့်အခါ ပိုက်ဆံချေးကာ ထွန်စက်ကို ဝယ်ခဲ့သည်။

လူအများစုက ပြည်ပမှ တင်သွင်းသည့် လယ်ယာသုံးပစ္စည်းများ ဈေးချိုပြီး အကြမ်းခံသည်ကို ကြားသည့်အခါ လာဝယ်ကြသည်။ သို့သော် ထိုစက်ပစ္စည်းများရောင်းကုန်သွားသည်ကို ကြားသည့်အခါ စိတ်ပျက်သွားကြသည်။ ရောင်းချသူများကလည်း ဆန္ဒစောနေသည်။ မည်သူက နာမည်ကြီး ပစ္စည်းများကို မလိုချင်ဘဲ နေမည်နည်း။ သူတို့ ပိုရောင်းရလေ သူတို့ အမြတ်ပိုရလေ ဖြစ်သည်။ ထို့အတွက် သူတို့က ထိုက်ဟွကုန်သွယ်ရေးကို နေ့တိုင်းဖုန်းခေါ်ဆိုပြီး အကယ်၍ ကုန်ပစ္စည်းပိုများများရပြီး မည်သည့်အချိန်တွင် ရောင်းမည်ဆိုသည့်အချက်ကို မေးချင်း ဖြစ်သည်။

ယင်းရောင်းချသူများ ရောက်ပြီး အချိန်တွင် သူတို့က အရင်တစ်ခေါက်ကထက် လူပိုများနေသည်ကို တွေ့ရှှိသွားသည်။ သူတို့က အချင်းချင်း သိကြပြီး သူတို့၏ မရင်းနှီးသည့် မျက်နှာကို တွေ့သည့်အခါ ထိုက်ဟွကုန်သွယ်ရေးသည် အခြားသော ဒေသများသို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိသွားသည်။

သူတို့အတွက် ပစ္စည်း အလုံအလောက် ကျန်မည်လား။

ယခုအသုတ် စက်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများသည် ယင်းလူများအတွက် မလုံလောက်ပေ။ လူတိုင်းက ပိုဝယ်ချင်ကြပြီး အပို ဖြစ်မည်ကို မကြောက်ပေ။ ယင်းပစ္စည်းများသည် နောက်နွေဦးရာသီများအထိ ရောင်းရမည် ဖြစ်ကြောင်း သူတို့ သိသည့်အတွက်ပင် ဖြစ်၏။ ပိုအရေးကြီးသည်ကား ယင်းစက်ပစ္စည်းများသည် အလွန့်အလွန် နာမည် ကြီးနေသည်။ ထိုဆိုဗီယက်ပြည်ထောင်စုထုတ် စက်ပစ္စည်းများက လုံကျန်းပြည်နယ် သို့မဟုတ် အခြားပြည်နယ်များ၏ နိုင်ငံပိုင် စက်ရုံများထက် ပိုရောင်းအားကောင်းနေသည်။

ဖုန်းယွီက ယင်းအကြောင်းကို မစဉ်းခဲ့ဘူးပေ။ သူက ဆောင်းဦးရိတ်သိမ်းပွဲက ပြီးတော့မည် ဖြစ်ကာ နောက်နှစ်နွေဦးရာသီ အထိ လယ်ယာသုံး စက်ပစ္စည်းများကို ဝယ်ယူမည့်သူ မရှိဟု သူခံစားရသည့် အချက်ပဲ ဖြစ်သည်။ ယင်းရောင်းချသူများသည် ထိုစက်ပစ္စည်းများကို အပိုရှိထားချင်သည်။ နောင်ကျ ဆိုဗီယက် ပြည်ထောင်စုမှ ထုတ်လုပ်သည့် လယ်ယာသုံးပစ္စည်းများ ဈေးမချိုမှာကို သူကြောက်သည့် အချက်ကို ဖုန်းယွီမသိခဲ့ပေ။

ထိုလူများက သီးနှံချွေစက် လက်နှိပ်ထွန်စက်၊ ရေဖြန်းစက်၊ ချွေလိမ့်စက်နှင့် အခြားသော ဆောင်းဦး ကောက်ရိတ်ပွဲတွင် အသုံးမပြုသည့် ပစ္စည်းများကိုလည်း မှာယူကြသည်။ ဖုန်းယွီသည်လည်း ချွေလိမ့်စက်၊ ကောက်ရိတ်စက်နှင့် ယင်းစက်ပစ္စည်းအကြီးများ၏ အပိုပစ္စည်းများကို တင်သွင်းသည်။ သူ့ အတွေးက အလွန်ကျဉ်းမြောင်းခဲ့သည်။ ဈေးချိုသမျှ မည်သည့် စက်ပစ္စည်း ဖြစ်စေကာမူ ယင်းရောင်းချသူများက လိုချင်ကြသည်။

ဘာစောင့်နေရဦးမှာလဲ။ ထပ်ပြီး မြန်မြန် အော်ဒါမှာရမှာပေါ့။

ကီရီလန်ကိုသည်လည်း အလွန် အံ့ဩနေသည်။ သူ ဖုန်းယွီကိုပေးသည့် ဈေးနှုန်းက နည်းပြီး နာမည်ကျော်ကြားလိမ့်မည်ကို သူသိခဲ့သည်။ သို့သော် ယင်းစက်ပစ္စည်းများက အလွန် နာမည်ကြီးလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

သူက တရုတ်ပြည်၏ လယ်ယာသုံး စက်ပစ္စည်းလိုအပ်ချက်အား လျော့တွက်မိတာ ဖြစ်သည်။

တစ်ဖန် ကီရီလန်ကိုက အချို့သော စာရွက်စာတမ်းများကို အတုပြုလုပ်ပြီး ထိုစက်ရုံများမှ စက်ပစ္စည်း အမြောက်အများကို ပေးချေလိုက်သည်။ ယခုတစ်သုတ်တွင် ပစ္စည်း အရေအတွက်နှင့် ပစ္စည်း အမျိုးအစားက ပိုပြီး စုံလင်များပြားကာ တန်ကြေးက ရူဘယ်လေးသန်း နီးပါးရှိပေသည်။

သယ်ယူပို့ဆောင်ရေး အခက်အခဲ မရှိခဲ့လျှင် ဖုန်းယွီသည် ထွန်စက် တစ်သုတ်ကိုလိုချင်သေးသည်။ များစွာသော ရောင်းချသူများက ထွန်ယက်များကို မှာယူချင်ကြသည်။

“ယင်းရက်များက ဝူကျီကန်းနှင့်ကျန်သည့်သူများ အလွန် အလုပ်ရှုပ်ပေသည်။သူတို့သည် အခြားသော ပြည်နယ်များကို သွားပြီး ရောင်းချသူများနှင့် တွေ့ကာ သူတို့၏ ဆိုဗီယက် လယ်ယာသုံးပစ္စည်းများကို မိတ်ဆက်ကြသည်။

သူတို့သည် ပြည်နယ်အတွင်းရှိ အဆက်အသွယ်များ အားလုံးနှင့် အဆက်အသွယ် ပြုလုပ်ပြီးနောက် သူတို့က လင်းပြည်နယ်နှင့် ဆက်သွယ်တော့သည်။ မည်သို့ပင် ဖြစ်စေ လင်းပြည်နယ်သည် အဝေးကြီးတွင် မရှိပေ။ သယ်ရေးပို့ဆောင်ရေးကွာဟချက်က များများစားစား မရှိပေ။

ဖုန်းယွီက သူ့လူငယ်များကို ယခုလ အပိုဆုကြေးငွေသည် အံ့ဩဖွယ်ကောင်းလောက်သည့် ပမာဏ ဖြစ်ကြောင်း ပြောခဲ့ပေသည်။

သင်အနေဖြင့် မြင်းကောင်းကောင်း ပြေးလိုပါက မြင်းကို ပထမဦးဆုံး အစာကောင်းကောင်းကျွေးရန်လိုသည်။

ရမည့် ဆုကြေးငွေကို စိတ်ပါဝင်စားသည့် အတွက် ထိုလူငယ်များက အလုပ် ပိုကြိုးစားကြသည်။ လယ်ယာသုံး စက်ပစ္စည်းရောင်းချသူများ ဈေးကွက်ရှိ ရောင်းချသူများ အကြားတွင် ထိုက်ဟွကုန်သွယ်ရေး၏ ဂုဏ်သတင်းက ကြီးထွားလာပြီး အမှာစာများက ပိုများပြားလာသည်။

သို့သော် ထိုအရာများ အားလုံး၏ နောက်ကွယ်တွင် အန္တရာယ် တစ်ခုက စောင့်ဆိုင်းနေတော့သည်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset