အခန်း ၇၉
ကုမ္ပဏီ ဆိုင်းငံ့ခံရခြင်း
“ဖုန်းယွီ အပြင်ခဏ ထွက်ခဲ့ပါ။ မင်းရဲ့ မိသားစုက ရှာနေတယ်”
တစ်ယောက်ယောက်က တံခါးကို လာခေါက်ချိန် ဖုန်းယွီသည် အတန်းချိန် တက်နေသည်။ ဆရာက တံခါးကို ဖွင့်လိုက်ပြီး အပြင်ဖက်ရှိ လူတစ်ယောက်က စကားအချို့ ပြောပြီးနောက် ဖုန်းယွီကို ခေါ်လိုက်သည်။
“အစ်ကိုလီ ဘာဖြစ်လို့လဲ”
ဖုန်းယွီသည် စိုးရိမ်သည့် ခံစားချက်ရနေသည်။ တမူထူးခြားသည့် အရေးကိစ္စ မဟုတ်လျှင် လီရှစ်ချင်သည်။ သူ့ကျောင်းကို လာတွေ့မည် မဟုတ်ပေ။ သူ အစိုးရိမ်ဆုံးက သူ့မိသားစုတွင် ကြောက်စရာကောင်းသည့် အရာ တစ်ခုခု ဖြစ်မည့် အရေးပင် ဖြစ်၏။
“ရှောင်ယွီ ငါတို့ရဲ့ ကုမ္ပဏီ ဆိုင်းငံခံလိုက်ရပြီ”
“ဘာလဲ… ကုမ္ပဏီက ဆိုင်းငံခံလိုက်ရတာ။ ဘယ်သူက ဆိုင်းငံတာကို အမိန့်ပေးတာလဲ။ ပြီးတော့ အကြောင်းပြချက်က ဘာတဲ့လဲ”
ဖုန်းယွီက ထိတ်လန့်သွားသည်။ ကုမ္ပဏီကို ပိတ်လို့ရသည်။ သို့သော် ကုမ္ပဏီဆိုင်းငံ့ခံရပါက ကုမ္ပဏီဘဏ်အကောင့်သည်လည်း အပိတ်ခံထားရမည် ဖြစ်သည်။ သူ့တွင်ပိုက်ဆံ မရှိပါက နောက်နှစ်တွင် ဖြစ်မည့် ကြီးမားသည့် အခွင့်အရေးကို သူလက်လွှတ်ရမည် ဖြစ်သည်။ ထိုအခွင့်အရေးက ယခု လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီထက် အမြတ်ပိုရပေသည်။
“မြို့တော်ရဲ့ မှောင်ခိုပစ္စည်း တားမြစ်ရေး ရဲတပ်ဖွဲ့ သူတို့တွေက ငါတို့တွေကို မှောင်ခို ပစ္စည်းကုန်ကူးတယ်လို့ စွပ်စွဲထားတယ်။ ကျောင်းနေ့ တစ်ဝက်နားပြီး ငါ့ကို ကူညီပါကွာ ငါတို့တွေ မှောင်ခိုပစ္စည်း တားမြစ်ရေး ရဲတပ်ဖွဲ့ဆီ သွားကြမယ်”
—–
“မင်းတို့ နှစ်ယောက်က ထိုက်ဟွ ကုန်သွယ်ရေးကလား။ မှတ်ပုံတင်ထားတဲ့ ပိုင်ရှင်က ဘယ်မှာလဲ။ ပြီးတော့ ဘာကြောင့် မင်းကျောင်းသားတစ်ယောက်ကို ဒီကို ခေါ်လာခဲ့တာလဲ”
မြန်မြန် ဆန်ဆန် လာခဲ့သည့်အတွက် ဖုန်းယွီသည် သူ၏ အမှတ် ၃ အထက်တန်းကျောင်း ဝတ်စုံနှင် ရှိနေဆဲ ဖြစ်သည်။
“ကျွန်တော်ရဲ့ အဖေက ကုမ္ပဏီပိုင်ရှင်ပါ။ ပြီးတော့ သူက ကုမ္ပဏီနဲ့ ပတ်သတ်တဲ့ လုပ်ပိုင်ခွင့်တွေ အကုန်လုံးကို လွဲထားပါတယ်”
အရာရှိက ဖုန်းယွီကို စိတ်ဝင်တစားဖြင့် ကြည့်နေသည်။ ကုမ္ပဏီ၏ ပိုင်ရှင် တစ်ခုခု မှားနေတာပဲ ဖြစ်ရမည်။ အဘယ်ကြောင့် သူက ကျောင်းသားတစ်ယောက်ကို လွှတ်လိုက်သနည်း။ သူကျောင်းသားတစ်ယောက်ကို လွှတ်လိုက်သည့် အတွက် သူ အပြစ်မှ လွတ်နိုင်မည်ဟု ထင်နေသည်လား။ လက်ရှိတွင် အချက်အလက်များကို စုဆောင်းနေသေးဆဲ ဖြစ်ကာ ပြီးနောက် ပိုင်ရှင်က ထောင်ထဲကို သွားရမည် ဖြစ်သည်။ ပိုင်ရှင်က ထိုကလေးသည်။ သူ့အစား ထောင်ထဲကို သွားမည်ဟု တွေးနေသည်လား။
“မင်းက ဒီဟာကို ကိုင်တွယ်နိုင်တယ်။ မင်းဘယ်လိုလုပ် သိမှာလဲ။ အဟွတ် ငါမင်းကို ပြောနေတာ။ပိုင်ရှင်ကို အခုလာဖို့ သွားပြောခဲ့။ မဟုတ်ရင် ဒီကိစ္စက ပိုပြီး ပြင်းထန်သွားလိမ့်မယ်”
အရာရှိက လီရှစ်ချင်ကို လက်ညှိုးထိုးကာ အထက်ဆီးဆန်ဆန်ဖြင့် အော်လိုက်သည်။
“မင်းက ငါတို့တွေ တရားမဝင် မှောင်ခိုတာတွေ လုပ်တယ် ပြောရအောင် ဘယ်မှာလဲသက်သေ။ ငါတို့ရဲ့ ကုန်ပစ္စည်းတွေမှာ တရားဝင် စာရွက်စာတမ်းတွေ ရှိပြီးသား။ ငါတို့တွေ တရားမဝင်တဲ့ အရာတွေ လုပ်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ဖုန်းယွီက ကျယ်လောင်စွာ အော်လိုက်သည်။
“မင်းဘာအတွက် အော်တာလဲ။ မင်းဒီနေရာကို ဘယ်နေရာလို့ ထင်နေတာလဲ။ ဒါက မှောင်ခိုပစ္စည်းတိုက်ဖျက်ရေး ရဲစခန်း။ မင်းလေသံ ထပ်မြင့်တယ်ဆိုရင် ငါမင်းကို ဖမ်းလို့ရတယ်။ မင်းကျောင်းထုတ်ခံရအောင်တောင် ငါတို့ လုပ်နိုင်တယ်”
ဖုန်းယွီ၏ အော်သံက ခေါင်းဆောင်ကို သတိပြုမိသွားစေသည်။
“ဘာတွေ ဖြစ်နေတာလဲ ရှောင်ဆွီ။ ဒီလူနှစ်ယောက်က ဘာလဲ။”
“အရာရှိ ကျန်း သူတို့နှစ်ယောက်က ထိုက်ဟွ ကုန်သွယ်ရေးကပါ။ သူတို့တွေက ပြဿနာဖန်တီးချင်နေကြတယ်။”
အရာရှိက သူ့တို့ရှေ့ရှိ ဖုန်းယွီနှင့် လီရှစ်ချင်ကို စွပ်စွဲလိုက်သည်။
“ကျွန်တော်တို့တွေက ပြဿနာ ဖန်တီးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီနေရာကို ရောက်နေတာလဲ သိလား။ ကျွန်တော်တို့ ကုမ္ပဏီက တရားမဝင် ကုန်ပစ္စည်းတွေ တင်သွင်းတယ်လို့ စွပ်စွဲခံထားရတယ်။”
“ကျွန်တော်တို့တွေက ပြဿနာ လာဖန်တီးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာတွေ ဖြစ်နေလဲဆိုတာ ဒီနေရာကို နားလည်စေချင်တယ်။ ကျွန်တော်တို့ ကုမ္ပဏီက တရားမဝင် ပစ္စည်းတွေ တင်သွင်းတယ်ဆိုပြီး စွပ်စွဲခံထားရတယ်။ ပြီးတော့ လက်တွေ့ ဖြစ်နေတာကို ရှာဖို့အတွက် ဒီနေရာကို လာခွင့် မရှိဘူးလား။”
ဖုန်းယွီက အရာရှိကျန်း ရှိရာကို လှည့်လိုက်သည်။
“မင်းတို့တွေ ဆိုဗီယက် ပြည်ထောင်စုက ထုတ်လုပ်တဲ့ လယ်ယာသုံး စက်ပစ္စည်းတွေကို မင်းတို့ ကုမ္ပဏီက ဘယ်လို ရတာလဲ။”
“ကျွန်တော်တို့ ဝယ်ခဲ့တာ”
“မင်းတို့တွေ ဝယ်ခဲ့တာလား။ မင်းတို့တွေက တရားဝင် နည်းလမ်းနဲ့ ဝယ်ခဲ့တယ်ဆိုရင် ဘာကြောင့် အဲတာတွေက အရမ်းဈေးချိုရတာလဲ။ ဘယ်မှာလဲ စာချုပ်၊ ဘယ်မှာလဲ တင်သွင်းခွင့် စာရွက်စာတမ်းတွေ”
အရာရှိကျန်းက အထင်သေးသည့် အကြည့်ဖြင့် ပြောလိုက်သည်။
ယင်းတင်သွင်းသည့် စက်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းထုတ် စက်ပစ္စည်းများထက် ဈေးချိုပေသည်။ ထိုအရာများက တရားဝင် နည်းလမ်းမှ တင်ပိုခြင်း မဖြစ်နိုင်ပေ။ ထပ်ပြောရလျှင် သူက လက်ထောက်မြို့တော်ဝန် ရွှီ၏ အတွင်းရေးမှူးက ယင်းထိုက်ဟွကုမ္ပဏီကို “ဂရုတစိုက်ကိုင်တွယ်ရန်” ညွှန်ကြားထားသည်။ သေချာသည်မှာ သူသည် ယင်းအရေးကို မြန်မြန်ကိုင်တွယ်ကာ ဖြေရှင်းရမည် ဖြစ်သည်။
“ကျွန်တော်တို့မှာ စာချုပ်နဲ့ တင်သွင်းခွင့် စာရွက်စာတမ်းတွေ ရှိတယ်။ အဲဒီ စာရွက် စာတမ်းတွေကို ရဖို့အတွက် ရဲအရာရှိက ကျွန်တော်တို့နဲ့ အတူ တစ်ယောက်ယောက် ထည့်ပေးလိုက်လို့ရတယ်။”
ကုမ္ပဏီ၏ ပင်မတံခါးကို ချိတ်ပိတ်ထားသည်။ ထို့အတွက် ယင်းချိတ်ကို ကိုယ်တိုင် ဖယ်ရှားလိုက်ခြင်းက ဉပဒေကို ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။
“မင်းက ငါ့ကို အမိန့်ပေးရဲတာလား။ စာချုပ်မရှိ၊ စာရွက်စာတမ်းမရှိ။ အဲ့အဓိပ္ပာယ်က မင်းက တရားမဝင် လုပ်နေတာပဲ”
ဖုန်းယွီ မည်သို့ပင် ပြောစေကာမူး ယင်း အရာရှိကျန်းက နားထောင်မည် မဟုတ်ပေ။ အဆုံးတွင် သူက သူ့လူများကို အသုံးပြုကာ ဖုန်းယွီနှင့် လီရှစ်ချင်ကို စခန်းအပြင်သို့ မောင်းထုတ်လိုက်သည်။
“ငါတို့တွေ အခု ဘာလုပ်ကြမလဲ။ ရှောင်ယွီ အရာရှိကျန်း လက်ခံလာအောင် ငါတို့တွေ လက်ဆောင် အချို့ပေးသင့်လား”
လီရှစ်ချင်က စိုးရိမ်တကြီး ပြောလိုက်သည်။ မှောင်ခိုပစ္စည်းမှုသည် ကြီးလေးသည့် ရာဇဝတ်မှု အဖြစ် သတ်မှတ်၍ ရနိုင်သည်။
ဖုန်းယွီက လက်ခါပြကာ ပြောလိုက်သည်။
“မဟုတ်ဘူး။ အခု သူ့ စိတ်အခြေအနေအရာဆို ငွေလိုချင်တာ မဟုတ်ဘူး။ သူ ကျွန်တော်တို့ဆီက ငွေလာချင်တယ်ဆိုရင် သူ့လူတွေကို ခေါ်ပြီး ကျွန်တော်တို့ ရုံးမှာ ပြောခိုင်းမှာ။ သူ ကျွန်တော်တို့ ကုမ္ပဏီကို ဆိုင်းငံ့ပြီး ချိတ်ပိတ်လိုက်စရာ မလိုဘူး။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ သေချာပေါက် ရှိမယ်။ နိုင်ငံခြား ကုန်သွယ်ရေးဌာနကို သွားကြရအောင်”
ထိုခေတ်အခါတွင် ဖုန်းယွီက ဘင်းမြို့တော်၏ အနာဂတ် မြို့တော်ဝန်နှင့် ထိတွေ့ဆက်ဆံရန် မမေ့ပေ။ သူ့ရုံးကို သူ့ကုမ္ပဏီ၏ တိုးတက်မှုကို တင်ပြရန် သို့မဟုတ် နိုင်ငံခြား ကုန်သွယ်မှုဌာနကို ကျေးဇူးတင်သည့် အနေဖြင့် အထောက်အပံ့ ပြုပေးခြင်းဖြင့် မကြာခဏ ရောက်ပေသည်။
ယခုအချိန်တွင် သူကျန်းရွေ့ချင်၏ အကူအညီ လိုအပ်နေပေသည်။ ဖုန်းယွီသာ စာရွက်စာတမ်းကို ပြသနိုင်ပါက သူ့ကုမ္ပဏီ၏ ရိုးသားမှုကို သက်သေပြနိုင်သည်။
ကျန်းရွေ့ချင်က ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းယွီပြောတာ နားထောင်နေသည်။ ဖုန်းယွီ ပြောပြီးနောက် သူက မေးလိုက်သည်။
“မင်းကုမ္ပဏီက တင်သွင်းတဲ့ စက်ပစ္စည်းတွေက ဘာကြောင့် ဈေးအရမ်းသက်သာနေရတာကို ရှင်းပြပေးနိုင်မလား”
“အခုလက်ရှိမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေး အခြေအနေက သိပ်မကောင်းဘူး။ ပြီးတော့ သူတို့ရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ တိုးတက်မှုတွေက ပျောက်ဆုံးနေတယ်။ အဲဒီအရာက စိုက်ပျိုးရေးသုံး စက်ပစ္စည်းတွေရဲ့ ရောင်းအားကို ထိခိုက်သွားတယ်။ ကျွန်တော်ရဲ့ ဆိုဗီယက် မိတ်ဖက်က အဲဒီ ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ရောင်းတယ်။ ပြီတော့ ကျွန်တော်တို့ အနေနဲ့ ရောင်းချသူတွေကို ဈေးအနည်းငယ်နဲ့ပဲ ရောင်းချတယ်။ ကျွန်တော်တို့တွေက ကုန်ကျစရိတ် ခေါင်းဆောင်မှု ဈေးကွက်နည်းဗျူဟာကို အသုံးပြုနေတာ”
“မင်းဘာပြောလိုက်တာလဲ။ ဆိုဗီယက် ပြည်ထောင်စုရဲ့ စီးပွားရေးက မကောင်းဘူးလား။ အဲဒီအကြောင်းကို မင်းဘယ်က ကြားတာလဲ။ သူတို့ရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ တိုးတက်မှု မရှိရင်တောင် ဘာကြောင့် ဒီစက်ပစ္စည်းတွေကို အခြားတိုင်းပြည်ကို မပို့နိုင်ရတာလဲ။ သူတို့တွေက ဘာကြောင့် စက်ပစ္စည်းတွေကို မင်းကို ဘာကြောင့် အရမ်းသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချတာလဲ”
ကျန်းရွေ့ချင်က ဖုန်းယွီပြောသည့် အချက်ကို မယုံကြည်နိုင် ဖြစ်နေသည်။
“ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေးက လက်ရှိမှာ အညွှန်းကိန်းအောက်ကို ကျနေတယ်။ သူတို့တွေက ဘတ်ဂျက်ကို သူတို့ရဲ့ စစ်တပ်မှာပဲ သုံးတာကြောင့်လေ။ ကျွန်တော် မိတ်ဖက်ရဲ့ ဖခင်က ဆိုဗီယက် ပြည်ထောင်စုရဲ့ အဆင့်မြင့် အရာရှိကြီး တစ်ဦးပဲ။ ကျွန်တော်တို့တွေ အလုပ်လုပ်တာ တော်တော်ကြာပြီ။ ပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကလည်း သူ့ကုမ္ပဏီကို တင်ပို့တာပဲ။ သူက ကျွန်တော်တို့ကို ဒီလယ်ယာသုံး စက်ပစ္စည်းတွေကို ရောင်းချင်တာ။ သေချာတာပေါ့ သူက ကျွန်တော်ကို အရင်ဆက်သွယ်တာလေ။ သူကလည်း အဲ့ဒီစက်ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ရတာကြောင့် ဈေးနှုန်းက သက်သာနေရတာပေါ့”
ကျန်းရွေ့ချင်က နောက်ဆုံး စာကြောင်း အထိ အာရုံစိုက်မှု မပေးပေ။ သူက ဖုန်းယွီပြောသည့် ဆိုဗီယက် ပြည်ထောင်စု၏ စီးပွားရေး အားနည်းလာသည့် အချက်ကို တွေးတောနေသည်။ ဖုန်းယွီက သူ့ကို ယုံကြည်အောင် ပြောပြီးနောက် သူသည် အဘယ်ကြောင့် လက်ယာသုံးစက်ပစ္စည်းတွေ ဈေးသက်သာနေလည်းဆိုသည့် အချက်ကို စူးစမ်းချင်နေသည်။
ဖုန်းယွီ သူ့ဆီ အကူအညီ လာမတောင်းလျှင်တောင် သူ့ကို ပြန်ကူညီမှာ ဖြစ်သည်။ သူ၏ ဌာနက ထိုက်ဟွ ကုန်သွယ်ရေးကုမ္ပဏီကို ဆုတစ်ဆု ပေးခဲ့ပြီး လက်ရှိတွင် ယင်းကုမ္ပဏီသည် မှောင်ခိုပစ္စည်း သံသယဖြင့် ဆိုင်းငံ့ခံရသည်လော။ ယင်းက နိုင်ငံခြား ကုန်သွယ်ရေး၏ မျက်နှာကို ရိုက်ချလိုက်ခြင်းပင် ဖြစ်သည်။
ကျန်းရွေ့ချင်သည်လည်း ဖုန်းယွီကို နှစ်သက်သည်။ ဖုန်းယွီက အလွန်ငယ်ရွယ်ပြီး အထက်တန်းကျောင်းတက်နေသော်ငြား သူသည် အရည်အချင်းရှိပြီး ကောင်းမွန်သည့် ဆက်ဆံရေး ဘယ်လို ဆောက်ရမည်ဆိုသည်ကို သိသည်။ လွန်ခဲ့သည့် နှစ်ရက်က ဆောင်းဦးပွဲတော်တွင် ထိုက်ဟွကုန်သွယ်ရေးက သူ့ဌာနကို ပွဲတော်လက်ဆောင်များ ပေးခဲ့ပြီး သူ့လူရက်များကလည်း အားလပ်ရက်ကို ပျော်ရွှင်စွာ ဆင်နွဲနိုင်ကြသည်။
တစ်ခါတရံတွင် ဖုန်းယွီသည် သူ့အသက်နှင့် ယှဉ်ပါက အလွန် ရင့်ကျက်သည်ဟု ခံစားရသည်။ လူကြီးတစ်ယောက်၏ စိတ်နှင့် လူငယ်တစ်ယောက်ပမာ ခံစားရခြင်း ဖြစ်သည်။
ကျန်းရွေ့ချင်က ဖုန်းယွီရှေ့တွင် ဖုန်းကောက်ကိုင်လိုက်ကာ မြို့တော် အစိုးရရှိ သူ့သူငယ်ချင်းဆီ ဖုန်းခေါ်ဆိုလိုက်ကာ ထိုက်ဟွကုမ္ပဏီနှင့် ပတ်သတ်ပြီး မည်သည့်အရာ ဖြစ်ခဲ့သည်ကို သူ့အား မေးလိုက်သည်။
တခဏကြာပြီးနောက် အခြား တစ်ဖက်မှ ဖုန်းပြန်ခေါ်သည်။ ပြီးနောက် သူ့အား သူတို့ အနေဖြင့် မှောင်ခိုပစ္စည်းတိုက်ဖျက်ရေး အဖွဲ့က လက်ထောင် မြို့တော်ရွှီ၏ ညွှန်ကြားချက်အရ လုပ်ဆောင်ရသည် ဖြစ်ကြောင်း သိရှိသွားသည်။ သူက အများကြီး မကူညီနိုင်ပေ။
လက်ထောက်မြို့တော်ဝန် ရွှီသည် သူနှင့် မနီးစပ်သလို သူငယ်ချင်းဟု သတ်မှတ်၍ မရကြောင်း သူသိသည်။ သူက လက်ထောက်မြို့တော်ဝန်ကို ဖုန်းခေါ်ဆိုပြီးနောက် သူက သူ့လူများကို ထိုက်ဟွ ကုန်သွယ်ရေးနှင့် ပတ်သတ်ပြီး စုံစမ်းရန် အမိန့်ပေးခဲ့သည်။ အကြောင်းမှာ သူတို့တွေက ယင်းစက်ပစ္စည်းများကို ဈေးနှုန်းသက်သက်သာသာဖြင့် ရောင်းချသည့် အတွက် ဖြစ်သည်။ ထိုစက်ပစ္စည်များက တရားမဝင် နည်းလမ်းမှ ရရှိလာခြင်းပင် ဖြစ်သည်။
လက်ထောင်မြို့တော်ဝန် ရွှီသည် စက်မှု လုပ်ငန်းတိုးတက်မှု အပေါ် ရှုမြင်ပြီး ကျန်းရွေ့ချင်ကလည်း ယင်းအကြောင်းမှာ ပြည်တွင်းထုတ်ကုန် ကာကွယ်ရေး အတွက် ကြောင့် ဖြစ်မှန်း တွေးလိုက်သည်။ ပြည်တွင်းစက်ရုံက လက်ထောက်မြို့တော်ဝန်ကို တိုင်ကြားခြင်း ဖြစ်ပေသည်။
လက်ထောက်မြို့တော်ဝန်က ကုမ္ပဏီ ဆိုင်းငံ့ခြင်းကို မဖယ်ရှားပေးသော်ငြား သူသည် ထိုက်ဟွ ကုမ္ပဏီ၏ ဝန်ထမ်းများကို သူ့တို့ရုံးမှ စာရွက်စာတမ်းများ ယူရန် ခွင့်ပြုပေးလိုက်သည်။ ကျန်းရွေ့ချင်ကြောင့် ဖြစ်သည်။
စာရွက်စာတမ်းများနှင့် ဆိုလျှင် ဖုန်းယွီသည် ယင်းစက်ပစ္စည်းများသည် တရားမဝင် နည်းလမ်းမှ လာသည် မဟုတ်ကြောင်း ပြသနိုင်ပေသည်။
နောက်ပိုင်းတွင် လက်ထောက်မြို့တော်ဝန် ရွှီက ထိုက်ဟွ ကုန်သွယ်ရေးသည် သူတို့စက်များ တရားဝင်လမ်းကြောင်းမှ ရသည် ဖြစ်ကြောင်း သက်သေပြနိုင်လျှင်တောင် သူတို့က ယင်းစက်ပစ္စည်းများကို ဈေးနှုန်းချိုချိုဖြင့် ရောင်းချခွင့် မပေးပေ။