FY အခန်း ၇၆

အခန်း (၇၆)

ရှေးဟောင်းပစ္စည်းရောင်းချသူ

ထိုအမွှေးနံ့သာပေါင်းအိုးသည် ဘယ်မင်းဆက်က ရှေးပစ္စည်းလဲဆိုတာ ဖုန်းယွီက သူကိုယ်တိုင်တောင် သေချာမသိပေ။ သို့သော် သူ သေချာပေါက်သိသည်က ထိုအရာက ရှေးဟောင်းပစ္စည်းပင် ဖြစ်သည်။ ယင်းအမွှေးနံ့သာပေါင်းအိုးက မည်သည့်မင်းဆက်မှ လာကြောင်းနှင့် ဘယ်လောက်တန်ဖိုးရှိကြောင်း သူသိချင်သည်။

ဖူကွမ်းကျန်းက ဖုန်းယွီပြောတာကို ကြားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဟဟ မစ္စတာဖုန်း ဟာသတွေ လုပ်မနေနဲ့၊ ခင်ဗျားသာ အဲ့ဒီအကြောင်းကို သိရင် ဘာကြောင့် အဲ့ဒီအမွှေးနံ့သာပေါင်းအိုးကို ထောင့်မှာ ကပ်ထားမှာလဲ ”

ဖုန်းယွီက မျက်လုံးကို လည်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကျွန်တော့်မှာ အဲ့ဒီပေါင်းအိုးကို သိမ်းဖို့အတွက် အချိန်မရှိဘူး၊ ကြည့်လိုက်လေ ကျွန်တော် အမွှေးနံ့သာပေါင်းအိုးကိုတောင် ပုံမှန်မသန့်ရှင်းဖြစ်ဘူး၊ သမိုင်းပါမောက္ခတစ်ယောက်က ကျွန်တော့်ကို ပြောတာက အဲ့ဒီပေါင်းအိုးက တစ်သန်းတန်တယ်တဲ့၊ ဒါပေမဲ့ တခြားကျွမ်းကျင်သူ ပြောပြန်တော့ အဲ့ဒီအရာက နှစ်သန်းဖြစ်သွားတယ်၊ ဒီအမွှေးနံ့သာပေါင်းအိုး ဘယ်လောက်တန်လဲဆိုတာ ကျွန်တော်သေသေချာချာ မသိဘူး၊ ဒီလိုမျိုးအမွှေးနံ့သာပေါင်းအိုးကို ဟောင်ကောင်မှာ ဘယ်စျေးရှိလဲ ”

စျေးအကြောင်းအရာကို ဖူကွမ်းကျန်းက ထိုအမွှေးနံ့သာပေါင်းအိုးသည် အနည်းဆုံးသိန်းချီတန်မှန်း သွယ်ဝိုက်သောနည်းဖြင့် ဝန်ခံပြောခဲ့သည်။ ဖူကွမ်းကျန်းက စျေးဘယ်လောက်ပေးမည်ကို ဖုန်းယွီ သိချင်နေ၏။ စျေးမှန်ခဲ့လျှင် ဖုန်းယွီက ဖူကွမ်းကျန်းကို ချက်ချင်းပင် ရောင်းမှာ ဖြစ်သည်။

ဖုန်းယွီသည် ရှေးဟောင်းပစ္စည်းများ စုဆောင်းခြင်းကို ဝါသနာမပါပေ။ သူ့အရင်ဘဝတွင် ရှေးဟောင်းပစ္စည်းများက အလွန်တန်ဖိုးကြီးသည်။ အကြောင်းမှာ လူအချို့က စျေးကွက်ကို ကြိုးကိုင်ထားသည့်အတွက် ဖြစ်၏။

အချို့သော စုဆောင်းသူများနှင့် လေလံပစ်သူများက သမိုင်းကြောင်း၊ ဓလေ့ထုံးစံ၊ စီးပွားရေးကို အသုံးချပြီး ထို ရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးကို မြှင့်တင်ကာ သူတို့က ပိုက်ဆံအမြောက်အများ ရရှိကြသည်။

ရှေးဟောင်းပစ္စည်းများကို စုဆောင်းရန် စိတ်ဝင်စားသည့်သူအချို့ မရှိသော်ငြား ရှေးဟောင်းပစ္စည်းစုဆောင်းခြင်းက စီးပွားရေးအရ တွက်ခြေကိုက်သည်။ သူတို့၏ကုမ္ပဏီနာမည်ကို အသုံးချပြီး လေလံပစ်ကာ ရုံးပစ္စည်းများဟု ကြေငြာပြီး အခွန်ရှောင်နိုင်သည်။ ရုံးသုံးပစ္စည်းများ၏ တန်ဖိုးက နောက်ငါးနှစ်ကြာပြီးနောက် သုညတန်ဖိုးအဖြစ် နှိမ့်ချပြောဆိုခံရသည်။

ကုမ္ပဏီ၏ စာရင်းစာအုပ်ထဲတွင် ရုံးသုံးပစ္စည်းများက သုံညဖြစ်ပြီးနောက် ထိုရှေးဟောင်းပစ္စည်းများက သူတို့၏အိပ်ကပ်ကိုသာ ရောက်သွားသည်။ ထို့အပြင် ထိုငါးနှစ်အတွင်း ယင်းရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးက တန်ဖိုးတက်လာတော့သည်။ ထိုနည်းလမ်းဖြင့် ပေးဆောင်ရမည့် အခွန်အခများကို ရှောင်လွှဲနိုင်ပြီး ပုံမှန်ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်သွားသည်။ ပိုက်ဆံများ လိုအပ်လျှင်တောင် တစ်ယောက်ယောက်က ထိုရှေးဟောင်းပစ္စည်းများကို အပေါင်ခံပစ္စည်းအဖြစ် ဘဏ်တွင် အပ်နှံပြီး ချေးငွေများ ရယူနိုင်သည်။ နောက်နှစ်များစွာတွင် လူများစွာက ထိုနည်းလမ်းကို အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် အစိုးရက ရှေးဟောင်းပစ္စည်းရောင်းချသည့်စျေးကွက်ကို ထိန်းချုပ်ရန်အတွက် ပေါ်လစီတစ်ခု ပေါ်ထွက်လာသည်။ သို့သော် ထိုပေါ်လစီတွင် ဟာကွက်များစွာ ရှိနေဆဲ ဖြစ်၏။

ဖုန်းယွီက ရှေးဟောင်းပစ္စည်းရောင်းချသည့် စျေးကွက်သို့ ဝင်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ရှေးဟောင်းပစ္စည်းအကြောင်း ဘာမှမသိပေ။ သူ၏အရင်ဘဝတွင် ရှေးဟောင်းပစ္စည်းများ ဝယ်ယူသည့်အခါ လိမ်လည်သည့်ပုံပြင်များ များစွာ ကြားဖူးသည်။ ထပ်ပြောရလျှင် သူသည် ငွေကြေးစျေးကွက်ထဲတွင်သာ ရင်းနှီးမြှုပ်နှံလျှင်တောင် ရှေးဟောင်းပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုထက် ပိုရမည်ဟု သူအာမခံ၏။

ဖူကွမ်ကျန်းက သူ့လက်အိတ်ကို တဖန်ပြန်ဝတ်လိုက်ပြီး စုတ်တံသေးသေးလေးတစ်ချောင်းနှင့် မှန်ဘီလူးကို သူ့အိတ်ထဲမှ ယူလိုက်သည်။ သူသည် ထိုပစ္စည်းများကို သူ ဘယ်သွားသွားယူလာသည်။ သူသည် အစောပိုင်းက မထုတ်ရသေးပေ။

ဖူကွမ်းကျန်းက အမွှေးနံ့သာပေါင်းအိုးကို သန့်ရှင်းပြီးနောက် ထိုခြေသုံးချောင်းပါ အမွှေးနံ့သာပေါင်းအိုးက သူ၏မူရင်းပုံကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ ဖူကွမ်းကျန်းက အသေအချာဖြင့် စိုက်ကြည့်နေသည်။ အကြောင်းမှာ သူက အမွှေးနံ့သာပေါင်းအိုးများကို စုဆောင်းရတာ ကြိုက်နှစ်သက်သည့်အတွက်ပင်။

“တစ်သန်း၊ တစ်သန်း၊ ဟောင်ကောင်ဒေါ်လာတစ်သန်း၊ မစ္စတာဖုန်း ကျွန်တော့်ကို ရောင်းမယ်မလားဟင် ”

ထိုပစ္စည်းက တစ်သန်းတန်သည်လား။ ပြီးတော့ ဟောင်ကောင်ဒေါ်လာလား။ ဟောင်ကောင်ဒေါ်လာသည် ယွမ်ထက်တန်ဖိုးမြင့်၏။

ထိုစျေးနှုန်းက ဖုန်းယွီမှန်းထားသည့် စျေးနှုန်းထက် အဆပေါင်းများစွာ မြင့်သည်။ အစက ခြေကျိုးဝမ့်ကိုပေးခဲ့သည့် သိန်းများစွာကို ပြန်ရခဲ့လျှင်တောင် လုံလောက်ပြီဟုတွေးခဲ့သည်။ သို့သော် ယခုတွင် ထိုအရာက သူ့ကို အမြတ်ကြီးကြီးမားမားပေးသည်ပင်။

ခြေကျိုးဝမ့်က ယင်းအမွှေးနံ့သာပေါင်းအိုးသည် တန်ဖိုးကြီးရှေးပစ္စည်းဟု သတိမပြုမိတာပဲ ဖြစ်ရမည်။ သူက ထိုအကြောင်းကို သိပါက သူ့လူများကို ရှေးရှေးကထဲက အမွှေးနံ့သာပေါင်းအိုးကို ပြန်ယူခိုင်းမည် ဖြစ်သည်။ ဖုန်းယွီက ထိုသေးငယ်သည့်အရာလေးက သူ့ကို များပြားသည့်အမြတ်ကို ပေးမည်ဟု မမျှော်လင့်ခဲ့ပေ။

“မစ္စတာဖူ ဒီဟာကို ခင်ဗျားကို ရောင်းမယ်လို့ တွေးနေတာလား ”

ဖုန်းယွီက ဖူကွမ်းကျန်းကို ပြုံးကာ ကြည့်လိုက်သည်။

ဖုန်းယွီက ယင်းအမွှေးနံ့သာပေါင်းအိုးကို ဖူကွမ်ကျန်းက နှစ်သန်းပေးလျှင်တောင် ရောင်းမည်မဟုတ်ပေ။ နောက်တစ်နှစ်တွင် ဖုန်းယွီသည် ယင်အမွှေးနံ့သာပေါင်းအိုးကို ဘဏ်တွင် အပေါင်ခံပစ္စည်းအဖြစ်ထားကာ ချေးငွေများ ရယူနိုင်သည်။ အနည်းဆုံးယွမ်ငါးသန်း ချေးငွေရနိုင်သည်။ ပြီးနောက် တစ်နှစ်အတွင်း သူက ယွမ်ငါးသန်းကို သန်းနှစ်ဆယ်၊ အကယ်၍ သူယခုတွင် ယွမ်တစ်သန်းသာရပါက နောက်ငါးနှစ်အတွင်း ယွမ်ငါးသန်းဖြစ်အောင် မလုပ်နိုင်ပေ။

ဖူကွမ်းကျန်း၏မျက်နှာထက်တွင် စိတ်ပျက်သည့် အရိပ်အယောင်ပေါ်နေသည်။ ယင်းပုံက ဖုန်းယွီက သူ၏စုဆောင်းမှုအဖြစ် သိမ်းထားချင်သည်နှင့် တူ၏။ သူက စျေးမြင့်မြင့်ပေးလျှင်တောင် သူ့တွင် အမြတ်ကျန်မှာ မဟုတ်တော့ပေ။

“မစ္စတာဖုန်းလည်း ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းရတာ နှစ်သက်တာလား၊ ခင်ဗျားမှာ ဘယ်ရတနာတွေ စုဆောင်းထားတာတွေ ရှိသေးလဲ၊ ကျွန်တော့်ကို တစ်ချက်လောက်ပြပါဦး ”

ဖူကွမ်ကျန်းက သူ့လက်အိတ်ကို ချွတ်ပြီး လက်ကိုင်ပုဝါဖြင့် သူ့လက်များကို သုတ်နေစဉ် ပြောလိုက်သည်။

ဖုန်းယွီက လက်ပွေ့လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်က အခုမှ စတာပါ၊ ပြီးတော့ များများစားစား မရှိပါဘူး၊ ခင်ဗျားကို ကြည့်ရတာ ရှေးဟောင်းပစ္စည်းနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်ပုံပဲနော်၊ ခင်ဗျားမှာ ကောင်းမွန်တဲ့ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းထားတာ ရှိရမယ် ”

အခုမှ စစုတာလား။ သူက စတောင်မစုရသေးဘူးလား။ သို့သော် သူက ရှေးဟောင်းပစ္စည်းကုန်သွယ်မှုအကြောင်းတော့ စိတ်ဝင်စားသည်။ အနည်းဆုံးတော့ အနုသုခုမပစ္စည်းများထက် ရှေးဟောင်ပစ္စည်းများက ပိုကောင်းသည်ဟု သူခံစားရသည့်အတွက်ပင်။

သူ၏အရင်ဘဝက အနုသုခုမပစ္စည်းများကို အမြတ်များများရရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် စျေးမြှင့်ရပြီး အချို့သောသူများက ထိုနည်းလမ်းကို ငွေမဲကနေ ငွေဖြူဖြစ်အောင် လုပ်ဖို့အတွက် အသုံးပြုကြသည်။ သူက တန်ဖိုးဖြတ်မရသည့် ပန်းချီကားကို လေလံခန်းမသို့ ယူဆောင်ပြီး လေလံတင်နိုင်သည်။ ထို့နောက် သင်က သင့်ပိုက်ဆံကို အခြားသူအားပေးပြီး အခြားသူက သင့်ပိုက်ဆံများကို အသုံးပြုပြီး တန်ဖိုးဖြတ်မရသည့် ပန်းချီကားကို စျေးမြင့်မြင့်ဖြင့် ရနိုင်သည်။ ထိုနည်းဖြင့် သင့်ပိုက်ဆံက တရားဝင်လမ်းကြောင်းမှ လာသည် ဖြစ်သွားသည်။ ထိုလမ်းကြောင်းကို ဘာမှ မသိမတတ်ဘဲ လိုက်လုပ်သည့် အရူးများလည်း ရှိသေးသည်။ ပြီးနောက် သူတို့က အနုသုခုမပစ္စည်းများကို စျေးမြင့်မြင့်ဝယ်သည်။ အဆုံးတွင် ထိုအနုသုခုမပစ္စည်းများကို ပြန်မရောင်းချနိုင်တော့ပေ။ ပြီးနောက် သူတို့က ဆေးခါးကိုသာ မြိုချရတော့သည်။

ဖုန်းယွီက သူသည် ဖူကွမ်းကျန်း၏ စုဆောင်းမှုကို ကြည့်ချင်သည်ဟု ပြောသည့်အခါ ဖူကွမ်းကျန်း၏မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားသည့်အရိပ်အယောင် ပေါ်လာသည်။ သူက စုဆောင်းသူအထိ မစဉ်းစားသော်ငြား သူက အမြတ်ရရန်အတွက် လုပ်နေခြင်းသာဖြစ်သည်။ သို့သော် ယခုနှစ်အတွင်း အမြောက်အများကို ရခဲ့သည်။

ဘင်းမြို့တော်၏ ယခုအခေါက်ခရီးစဉ်တွင် သူသည် အနီးအနားရှိရှေးဟောင်းအိမ်အချို့ကို သွားလည်ပြီး ရှေးဟောင်းပစ္စည်းအနည်းငယ်ကို ဝယ်ခဲ့သည်။ သူ၏ဟော်တယ်ခန်းတွင် ဖူကွမ်းကျန်းက ဖုန်းယွီကို ယခုခရီးမှ သူစုဆောင်းထားသည့်အရာများကို ပြသည်။ ဘီရန်းဟူပုလင်း၊ တရုတ်ရိုးရာကြွေထည်၊ ချိတ်တံဆိပ်၊ ကျောက်စိမ်းဆွဲပြား၊ ဆံထိုးနှင့် ရှေးဟောင်းစာအုပ်များ ဖြစ်သည်။

ဖုန်းယွီက ထိုပစ္စည်းများကို တခဏကြာ ကြည့်လိုက်ပြီးနောက် ထိုပစ္စည်းများက လှပသည်ဟု ခံစားရသော်လည်း သူသေချာပေါက် ထိုပစ္စည်းများအတွက် စျေးမြင့်မြင့်ပေးမည်မဟုတ်ပေ။

ဖုန်းယွီ၏ စိတ်မဝင်စားသည့်ပုံကို ကြည့်ပြီးနောက် ဖူကွမ်ကျန်းက မကြည်မသာဖြင့် ပြောလိုက်သည်။

“ဒီပစ္စည်းတွေက မင်းရဲ့အမွှေးနံ့သာပေါင်းအိုးနဲ့တော့ မယှဉ်နိုင်ဘူး၊ မင်းရဲ့ အမွှေးနံ့သာပေါင်းအိုးက ရွှယ်တန့်အမွှေးနံ့သာပေါင်းအိုးအစစ်လေ၊ နောင်နှစ်နှစ်တွင်း အဆပေါင်းများစွာ တက်သွားမှာ အသေအချာပဲ၊ ဒါပေမဲ့ ငါဟောင်ကောင်ကို ပြန်တဲ့အခါမှာ ဒီပစ္စည်းတွေကနေ အနည်းဆုံးတော့ အမြတ်နှစ်ဆရနိုင်တယ် ”

“ဟောင်ကောင်မှာ ရှေးဟောင်းပစ္စည်းစုတဲ့သူတွေ အများကြီးရှိတာလား ”

“ဟောင်ကောင်မှာတော့ မများပါဘူး၊ ဒါပေမဲ့ အရှေ့တောင်အာရှမှာတော့ အများကြီးရှိတယ် ”

ဖုန်းယွီက နောက်ဆုံးတွင် နားလည်သွားသည်။ ထိုခေတ်အခါက ဟောင်ကောင်သည် ဗြိတိသျှကိုလိုနီဖြစ်နေဆဲ ဖြစ်ကာ အာရှတိုက်၏ ငွေကြေးအချက်အချာနေရာလည်း ဖြစ်သည်။ အရှေ့တောင်အာရှ တစ်ခုတည်းတွင်တောင် တရုတ်ဘီလီယံနာတစ်ရာကျော် ရှိသည်။ ထိုလူများက စျေးနှုန်းများကို အဆပေါင်းများစွာ တွန်းတင်သည့်သူများ ဖြစ်ကြပေသည်။

“မစ္စတာဖုန်း ဒီစီးပွားရေးကို ကျွန်တော်နဲ့အတူ လုပ်ဖို့ စိတ်ဝင်စားလား ”

ယင်းဖူကွမ်းကျန်းက တကယ်ကို ပွင့်လင်းသည်။ သူ့တွင် မတည်ငွေနည်းသည့်အတွက် သူ၏လုပ်ငန်းကို မတိုးမြှင့်နိုင်ပေ။ ဖုန်းယွီတွင် ငွေများရှိပြီး ဆိုဗီယက်နှင့်လည်း အဆက်အသွယ်ရှိသည်။ သူက ဥရောပမှ ဆီဆေးပန်းချီကားတစ်ခုခုကို ရပါက သူသေချာပေါက် အမြတ်ကြီးကြီးမားမား ရမည်ဖြစ်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော် ဒီကုန်သွယ်ရေးကိုတော့ စိတ်မဝင်စားဘူး၊ ကျွန်တော် ဒီအမွှေးနံ့သာပေါင်းအိုးကို ဝယ်ခဲ့တယ်ဆိုတာက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ငွေရေးကြေးရေးအခက်အခဲ ကြုံနေလို့ပါ၊ မစ္စတာဖူ မင်းက ဟောင်ကောင်ရဲ့ ဖူမိသားစုကလား ” ဖုန်းယွီက ရုတ်တရက်မေးလိုက်သည်။

“မင်း ဖူမိသားစုအကြောင်းကိုလည်း သိတာပဲလား၊ မစ္စတာဖုန်း အရင်က ဟောင်ကောင်ကို ရောက်ဖူးလား ”

ဖူကွမ်ကျန်းက ဖုန်းယွီကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။ တရုတ်ပြည်၏ မြောက်ပိုင်းအကျဆုံးပြည်နယ်မှ တစ်ယောက်ယောက်က ဟောင်ကောင်၏ ဖူမိသားစုကို သိတာလား။ သူ ထိုအကြောင်းကို ဘယ်လိုသိသနည်း။

“ကျွန်တော် ဒီအကြောင်းကို သူငယ်ချင်းတစ်ယောက်စီက သိတာပါ၊ ဖူမိသားစုက ဟောင်ကောင်မှာ တော်တော်ကြီးတဲ့ မိသားစုပဲ၊ မိသားစုဝင်တိုင်းက ဟောင်ကောင်ရဲ့ အထက်တန်းလွှာလူတန်းစားမှာ အဆင့်အတန်းရှိတဲ့ လူတွေလေ၊ ခင်ဗျားရဲ့အဖေက ရုန်ဘယ်မျိုးဆက်လဲ ”

ဖူကွမ်းကျန်းက ထိတ်လန့်သွားသည်။ ဖူမိသားစု၏ အသက်ကြီးသည့်သူကိုတောင် သိသည်။ ယင်းအဓိပ္ပာယ်က ဖုန်းယွီသည် သူ၏နောက်ခံကို သိရှိပြီး ဖြစ်သည်။

“ကျွန်တော့်ရဲ့အဖေက ဖူရုန်ကျင်းပါ ”

ဖုန်းယွီသည် တခဏကြာတွေးလိုက်သည်။ သူသည် ဖူရုန်ကျင်းနှင့် ပတ်သတ်ပြီး မည်သည့် ထင်မြင်ချက်မှ မရှိပေ။ ဖူမိသားစု၏ ရုန်မျိုးဆက်က စူပါမန်းလီနှင့်တောင် ယှဉ်နိုင်သည်။ သို့သော် ထိုသူက သေချာပေါက် ဖူရုန်ကျင်းမဟုတ်ပေ။

ဖုန်းယွီက ထိတ်လန့်သည့် အမူအရာကို ပြသည့်အခါ ထိုအရာက ဖူကွမ်းကျန်းကို အလွန်ဂုဏ်ယူသွားစေသည်။

သူက သူ့အဖေ၏ သဘောကျသည့်သူ မဖြစ်သော်ငြား သူ့အဖေက သူ့နာမည်ကို အသုံးချပြီး စီးပွားရေးလုပ်သည်ကိုတော့ သူ့ကို မည်သည့်အခါမှ မတားမြစ်ပေ။

သူက သူသည် တပတ်ရစ်ကားစျေးကွက်ကို လုပ်နိုင်စွမ်းရှိကြောင်း သူ့အဖေကို ပြသချင်သည့်အတွက် လုပ်ခြင်းဖြစ်သည်။

ဘာသာပြန်မှတ်စု။ ။ တရုတ်မိသားစု၏ အစဉ်အလာအရ သူတို့သည် ဒုတိယမျိုးဆက်တွင် သူတို့၏နာမည်တစ်လုံးကို အသုံးပြုကြသည်။ ဥပမာအားဖြင့် စင်္ကာပူဝန်ကြီးချုပ်လီရှန်းလုံးနှင့် သူ၏ညီ လီရှန်းရန် ဖြစ်သည်။ နာမည်ကျော်ကြားသည့် ဟောင်ကောင်မင်းသားဖြစ်သည့် မီရှဲဟွေ၊ နစ်ကီဟွေ နှင့် စံဟွေတို့တွင် တူညီသည့်စာလုံး ရှိနေသည်။

စူပါမန်းလီသည် အာရှတိုက်၏ အလွှမ်းမိုးနိုင်ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏ နာမည်ပြောင် ဖြစ်သည်။ လီခရှင်းဖြစ်သည်။ သူသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ စာရင်းများအရ ကမ္ဘာပေါ်တွင် နှစ်ဆယ့်သုံးယောက်မြောက် အချမ်းသာဆုံးသူဖြစ်၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset