FY အခန်း ၇၅

အခန်း ၇၅

အမွှေးနံ့သာ ပေါင်းအိုးက ရှေးဟောင်းပစ္စည်းပဲ

တစ်ပတ်ရစ် ဇိမ်ခံကားများ ကိစ္စ အခြေကျသွားသည့် အခါ ဖုန်းယွီ စိတ်သက်သာရာ ရသွားသည်။ ဝူကျီကန်းက ဈေးကွက်ဆိုင်ရာ သုတေသန ပြုလုပ်နေပြီး ဆိုဗီယက် ပြည်ထောင်စုမှ လယ်ယာသုံး စက်ပစ္စည်းမျာက တရုတ်ပြည်တွင် အလွန် ရေပန်းစားမှန်း သတိ ပြုမိများသည်။ ယင်းပစ္စည်းများက ဂျပန်ထုတ်ကုန်များထက် ပိုပြီး အကြမ်းခံသော်ငြား ပိုဈေးကြီးသည်။ အထူးသဖြင့် သီးနှံရိတ်သိမ်းစက်များနှင့် ထွန်စက်များ ဖြစ်၏။ သူတို့က အရည်အသွေးကောင်းသော်ငြား မည်သည့်နေရာတွင်မှ ရောင်းချခြင်း မပြုပေ။

ဖုန်းယွီက လယ်ယာသုံးစက်ပစ္စည်း စီးပွားရေးများကို နောက်ထပ် ခြောက်လအတွက် လုပ်ချင်နေသည်။ လုံကျန်းပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးကို အကြီးအကျယ် လုပ်ကိုင်သော ပြည်နယ် ဖြစ်သည်။ စိုက်ပျိုးမြေ အားလုံးကို တိရစ္ဆာများဖြင့် ရိပ်သိမ်းခြင်းက မဖြစ်နိုင်ပေ။ ယင်း စက်ပစ္စည်းများကို သယ်ယူရန်အတွက် သူ့အတွက် ဘယ်လောက် ကုန်ကျမည်ဆိုတာကို မသေချာပေ။

ဖူကွမ်းကျန်းနှင့် စက်ပြင်သမား နှစ်ယောက်က တနင်္ဂနွေနေ့တွင် ထိုက်ဟွ ကုမ္ပဏီသို့ ရောက်လာ၏။

လီရှစ်ချင်နှင့် စက်ပြင်သမား တစ်ယောက်တွေ့ဆုံပြီးနောက် ထိတ်လန့်သွားသည်။ ယင်းစက်ပြင်သမားက သူတို့ကားများအတွက် စက်ပစ္စည်း စစ်ဆေးပေးသည့် သူဖြစ်သည်။

ဖုန်းယွီက ဖူကွမ်းကျန်းကို ကွယ်ဝှက်မနေတော့ဘဲ အရှိကို အရှိအတိုင်း ပြောလိုက်သည်။ သူသည် နောက်တစ်သုတ် ကားများကို ဖူကွမ်းကျန်းကို ရောင်းချင်ဆဲ ဖြစ်ကာ သူက နောက်ပိုင်းတွင် သူ့ကို လှည့်စားသည်ဟု မခံစားမိစေရန် ဖြစ်သည်။

ဖူကွမ်းကျန်းကာ ပြုံးကာ ဒါက အဆင်ပြေပါတယ် ဟု ပြောလိုက်၏။ သူသည် ယင်းစက်ပြင်သမားက ထိုက်ဟွကုန်သွယ်ရေးအတွက် စစ်ဆေးပေးနေမှန်း သိသည်။ ပြီးနောက် ဖူကွမ်းကျန်းက သူ့ကို တမင်တကာ ခေါ်လာရခြင်းမှာ သူ့ကို လိမ်ရန်အတွက် စက်ပြင်သမားနှင့် ထိုက်ဟွ ကုန်သွယ်ရေး တစ်စိတ်တည်း တစ်ဉာဏ်တည်း လုပ်ထားသည်လားဟု သိရန် ဖြစ်သည်။ သိုသော် အစပိုင်းကတည်းက ဖုန်းယွီက သူ့ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပြီးကတည်းက ဖုန်းယွီက သူ့ကို လိမ်ရန်အတွက် အစီအစဉ်မရှိကြောင်း အဓိပ္ပာယ် ရ၏။ ထိုက်ဟွကုန်သွယ်ရေး၏ အခန်းကဏ္ဍကလည်း သူ့ရင်ထဲတွင် တိုးလာခဲ့၏။

စမ်းသပ်ခြင်းက ချောချောမွေ့မွေ့ဖြင့် ပြီးစီးသွားသည်။ ကားများ အားလုံးကို နေ့လည်ပိုင်းတွင် စစ်ဆေးပြီးသွားပြီ ဖြစ်သည်။ စစ်ဆေးခြင်းက အဓိကအားဖြင့် အင်ဂျင်၊ ကားကိုယ်ထည်၊ ဘရိတ်နှင့် လီဗာ ဖြစ်သည်။ ကျန်သည့် အရာများက သိပ်အရေးမကြီးပေး။

ဖူကွမ်းကျန်းက စမ်းသပ်မှုရလဒ်ကို ကျေနပ်နေ၏။ သူက ကား ၁၈စီးလုံး လိုချင်၏။ သယ်ယူစရိတ်ကို နှုတ်လိုက်သည့်တိုင် သူက တစ်စီးအတွက် ယွမ် ၅၀,၀၀၀ အမြတ်ကျန်ဦးမှာ ဖြစ်သည်။ သူက ကောင်းကောင်း စီမံနိုင်ခဲ့လျှင် ထိုထက်တောင် ရနိုင်သေးသည်။

သူတို့ အားလုံးက ထိုက်ဟွကုန်သွယ်ရေး၏ သိုလှောင်ရုံကို ဖုန်းယွီ ပြင်ဆင်ထားသည့် စာချုပ် ချုပ်ဆိုရန် ပြန်သွားကြသည်။ ဖူကွမ်းကျန်းက စာချုပ်ကို အသေအချာ ကြည့်လိုက်ပြီးနောက် လက်မှတ် ထိုးလိုက်၏။

နောက်တစ်နေ့တွင် ထိုက်ဟွ ကုမ္ပဏီ၏ ဘဏ်အကောင့်သို့ ငွေများ ဝင်လာသည်နှင့် ဖူကွမ်းကျန်းက ကားများကို ယူနိုင်မှာပဲ ဖြစ်သည်။ သူက သယ်ယူပိုဆောင်ရေး ကိစ္စများကိုလည်း စီစဉ်ထားပြီး ဖြစ်ကာ စာရွက်စာတမ်း ကိစ္စများသည်လည်း တစ်ရာရီအတွင်း ပြီးစီးသွား၏။

ဖုန်းယွီသည် သူ၏ စာချုပ် မိတ္တူကို သိမ်းဆည်းပြီး ယဉ်ကျေးစွာ ပြောလိုက်၏။

“မစ္စတာဖူ မသွားခင် လက်ဖက်ရည် တစ်ခွက်လောက် တည်ခင်းသွားပါဦးလား”

ဖူကွမ်းကျန်းက သူ၏ ဖိတ်ခေါ်ချက်ကို မြန်မြန်ဆန်ဆန်နှင့် လက်ခံလိုက်မည်ဟု လုံးဝ မထင်ထားချေ။ ပြီးနောက် သူက အစောပိုင်းကတည်းက ရေဆာနေတာဟုပါ ပြောလိုက်သေး၏။ ဖုန်းယွီ၏ ညွှန်ကြားချက်အတိုင်း သူ့ ဝန်ထမ်းများက လက်ဖက်ရည်ပြင်ဆင်ပေးပြီး တစ်ချိန်တည်းတွင် ညံဖျင်းသည့် ဧည့်ခံမှုအတွက် တောင်းပန်၏။

ကုမ္ပဏီတွင် အမျိုးသားများသာ ရှိခြင်းက ကောင်းမွန်သည့် အရာ မဟုတ်ပေ။ မည်သူမျှ ဝယ်ယူသူများနှင့် ဧည့်သည်များအတွက် လက်ဖက်ရည် ပြင်ဆင်ခြင်းကို အာရုံစိုက်ခြင်း မရှိချေ။

သို့သော် ထိုအရာများ အားလုံးကား ဖုန်းယွီ၏ အမှားပင် ဖြစ်သည်။ သူက သူ့ဝန်ထမ်းများကို ထိုနည်းအတိုင်း ဆက်ဆံရန် သင်ပေးထားခြင်း ဖြစ်သည်။ အောင်မြင်သည့် ကုမ္ပဏီက အထက်ဆီး ဆန်ကို ဆန်ရပေမည်။ သိုသော် ဖုန်းယွီက ထိုအပြုအမူများကို သူသင်ပေးထားခြင်းဟု ဘယ်သော အခါမျှ ဝန်ခံခြင်း မပြုပေ။

ဖူကွမ်းကျန်းက လက်ဖက်ရည်ခွက်ကို ကိုက်လိုက်ကာ လက်ဖက်ရည်စိမ်းကို တစ်ခွက်သောက်ပြီးနောက် မျက်မှောင်ကျုံ့လိုက်၏။ လက်ဖက်ရည်က ပုံမှန်သာ ဖြစ်ပြီး ကောင်းမွန်သည့် အမျိုးအစား မဟုတ်ပေ။ သူက မသောက်ချင်ပေ။ သို့သော် သူ တစ်ငုံ သောက်မိသည်ကို သူကိုယ်တိုင် အံ့အားသင့်နေမိ၏။ ထို့ကြောင့် သူက လက်ဖက်ရည်ခွက်ကို သူ့လက်ဖြင့် ကိုင်ရုံသာ ကိုင်တော့၏။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ထောင့်ရှိ ခြေသုံးချောင်းပါ အမွှေးနံ့သာပေါင်းအိုးကို သတိပြုမိသွားသည်။ သူက သာမန်အတိုင်း ဖုန်းယွီကို ပြောလိုက်သည်။

“ဘာလို့ အဲ့ပစ္စည်းကို ရုံးခန်းရဲ့ ထောင့်မှာ ထားထားရတာလဲ။ ထားထားတဲ့ နေရာက မင်းရဲ့ ရိုးရှင်းတဲ့ ရုံးခန်း အပြင်အဆင်နဲ့ မအပ်ဆပ်သလိုပဲ”

ဖုန်းယွီက ခြေကျိုးဝမ့်ဆီမှ ယွမ် ၃၀၀,၀၀၀ဖြင့် ဝယ်ခဲ့သည့် အမွေးနံ့သာ ပေါင်းအိုးကို ကြည့်လိုက်သည်။ သူက ပန်းအိုးအဖြစ် အသုံးပြုရန် စီစဉ်ခဲ့သည်။ သိုသော် သူ့ရုံးခန်းက သိုလှောင်ရုံထဲတွင် ဖြစ်ကာ နေရောင်ခြည််လည်း မရပေ။ အဆုံးတွင် သူက ထိုအိုးကို မေ့လိုက်တော့၏။

“အို အဲဒီ အမွေးနံ့သာ ပေါင်းအိုးလား။ သူငယ်ချင်း တစ်ယောက်ဆီက ဝယ်ခဲ့တာ။ ဘယ်ထားလို့ ထားရမှန်းမသိတာနဲ့ ကျွန်တော်လည်း အဲဒီထောင့်မှာပဲ ထားလိုက်တော့တာ”

သူငယ်ချင်း တစ်ယောက်ဆီက ဝယ်ခဲ့တာလား။ သူက အဲ့တာကို ရှေးဟောင်းပစ္စည်းဆိုတာကို သိနေတာလား။ အဲ့တာဆိုတော့ ငါသူ့ကို မေးကြည့်တာပဲ ကောင်းမယ်။ ဒါပေမဲ့ ဘာကြောင့် ထောင့်မှာ ထားထားရတာလဲ။ အဲ့တာက အတုကြီး ဖြစ်နေမလား။

ဖူကွမ်းကျန်း တစ်ယောက်သာ ယင်း ပြဿနာကို ဖြစ်နေသည်လား။ သို့မဟုတ် ရှေးဟောင်းပစ္စည်းကို ကုန်သွယ်သည့် သူတိုင်း ယင်းပြဿနာ ဖြစ်နေသည်လား။ ရှေးဟောင်းပစ္စည်းကို သူတို့ရှေ့တွင် မထားလျှင် ပြီးနောက် သူတို့ လက်ဖြင့်ကိုယ်တိုင် ကိုင်တွယ်ကြည့်ရှုခွင့် မရပါက သူတို့ ကို အိပ်မပျော်နိုင် ဖြစ်စေသည်။

“အမွှေးနံ့သာ ပေါင်းအိုးလား။ ကျွန်တော် အမွှေးနံ့သာ ပေါင်းအိုးကို သဘောကျတယ်။ ကျွန်တော် စုတောင် စုထားသေးတယ်။ အဲဒီ အမွှေးနံသာ ပေါင်းအိုးကို အနီးကပ် ကြည့်လို့ ရနိုင်မလား”

လူအချို့က အမွှေးနံ့သာပေါင်းအိုး စုဆောင်းခြင်းကို ဝါသနာ ပါကြသည်လား။ ဖုန်းယွီက ဖူကွမ်းကျန်းကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ထို ဝါသနက အတော်လေး ထူဆန်းပြီး ဘာသာရေးနှင့်လည်း သက်ဆိုင်ပုံ မရပေ။

“သေချာတာပေါ့။ ခင်ဗျားကြိုက်တယ်ဆိုမှတော့ ကြည့်နိုင်ပါတယ်”

ဖုန်းယွီက ခပ်တည်တည်ဖြင့် ကောက်ယူလိုက်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။

ပြာများကို သန့်ရှင်းပြီးသော်ငြား အမွေးနံ့သာ ပေါင်းအိုးက မသန့်ရှင်းရသေးပေ။ ပြာမှုန်လေး တစ်မှုန်ကတောင် သက်ရောက်မှုကို ဖြစ်ပေါ်စေ၏။

ဖုန်းယွီက ခြေနှစ်လှမ်း နောက်ပြန်ဆုတ်ပြီးနောက် သူ့ရှေ့ကို လက်ယက်ခေါ်လိုက်သည်။ ဖုကွမ်းကျန်းက သူ့ထိုင်ခုန်ကို ရွေ့ပြီးနောက် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တွင် ထားခဲ့တော့သည်။ ပြာတစ်ထွေက သူ့လက်ဖက်ရည်ကို ကျသွားပြီးနောက် လက်ဖက်ရည်က သောက်ချင်စရာ မကောင်းတော့ပေ။ သို့သော် ဖူကွမ်းကျန်း၏ အကြည့်များက အမွှေးနံ့သာ ပေါင်းအိုးမှ မကွယ်ပျောက်သွားပေ။

ဟ… ဖုန်းယွီက ဖူကွမ်းကျန်းကို စိတ်ဝင်တစား ကြည့်နေသည်။ ဘာကြောင့် သူ့က အဖြူရောင် လက်အိတ်အစံကို ဝတ်လိုက်တာလဲ။ အဲ့တာက ဘာနဲ့ တူနေလို့လဲ။

ဖုန်းယွီက သူ့အရင်ဘဝက ကြည့်ခဲ့သည့် တီဗွီ အစီအစဉ်ကို ပြန်လည် အမှတ်ရသွားသည်။ ယင်း အစီအစဉ်က “ရတနာများကို တန်ဖိုးဖြတ်ခြင်း” ဖြစ်ကာ ထိုအစီအစဉ်ထဲရှိ ကျွမ်းကျင်သူများက ရှေးဟောင်းပစ္စည်းများကို တန်ဖိုး ဖြတ်သည့်အခါ အဖြူရောင် လက်အိတ်များကို ဝတ်ဆင်ထားကြသည်။

ဖုကွမ်းကျန်းက အမွှေးနံ့သာ ပေါင်းအိုး၏ မျက်နှာပြင်ကို ဖုန်များသုတ်ရင်း ဂရုတစိုက် ကြည့်နေကာ သူ့စောစောက လုပ်ခဲ့သည့် အပြုအမူကို ပြန်လုပ်နေသည်ကို ကြည့်ရင်း ဖုန်းယွီက ကောင်းကောင်း ခန့်မှန်းကြည့်လိုက်၏။

ဖူကွမ်းကျန်းက အိုစီဒီ(ထပ်ခါ ထပ်ခါ ပြုလုပ်လေ့ရှိသော အလေ့အထ) ရှိနေခြင်း ဖြစ်သည်။ အမွှေးနံ့သာ ပေါင်းအိုးကို သန့်ရှင်းရန် လိုအပ်က သူက လက်အိတ် ဝန်ထားရန် မလိုအပ်ပေ။ သို့သော် ထို အမွှေးနံ့သာ ပေါင်းအိုးက အများကြီး မညစ်ပတ်ပေ။ သူက သူ့လက် ညစ်ပတ်မည် စိုးသည့်အတွက် လက်အိတ် ဝတ်ဆင်ခြင်း ဖြစ်သည်။

သူက သူ့သရုပ်ဆောင်ချက် မစိုးဟု တွေးနေမိသည်။ အမွေးနံ့သာများကို စုဆောင်းခြင်း ထိုအကြောင်းပြချက်က တကယ်ကို အံ့ချီးဖွယ်ရာပင်။ ကမ္ဘာတစ်ဝန်းလုံး ထိုကဲ့သို့ ထူးထူဆနးဆန်းအရာများကို စုဆောင်းသည့်လူ ရှိပြီး ဖုန်းယွီက သံသယ မရှိပေ။

ဖုန်းယွီ၏ ပုံက ထိုအမွေးနံ့သာပေါင်းအိုးအကြောင်း ကောင်းကောင်း မစဉ်းစားခဲ့သည့်အတွက် သူက ထောင့်တွင် ထားခဲ့ခြင်း ဖြစ်သည်။ သူက ပုံမှန် အမွှေးနံ့သာ ပေါင်းအိုးများ ဆက်ဆံသည့် အတိုင်း ဖြစ်သည်။ သို့မဟုတ် သူက အတုလို တွေးခဲ့သည်လား။

ဖူကွမ်းကျန်းက အမွေးနံ့သာပေါင်းအိုး၏ ပုံသဏ္ဌာန်ကို မြင်သည့်အခါ ယင်းက ရွှယ်တန့် အမွှေးနံသာပေါင်းအိုးနှင့် တူနေပေသည်။ မင်မင်းဆက်တွင် ရွှယ်တန့် အမွှေးနံသာပေါင်းအိုး အလုံး ၃,၀၀၀သာ ထုတ်ခဲ့သည်။ နောက်ပိုင်းတွင် အများစုက ပျက်ဆီးသို့မဟုတ် ပျောက်ဆုံးကုန်သည်။ ကျန်ရှိသည့် ထိုအမွှေးနံ့သာ ပေါင်းအိုများက ပိုပိုပြီး တန်ဖိုးကြီးလာသည်။ အကယ်၍ ယင်း အမွှေးနံသာပေါင်းအိုးက အစစ်ဖြစ်ပါက ငွေအမြောက်အမြား မြားစွာ တန်ကြေးရှိပေလိမ့်မည်။

ဖူကွမ်းကျန်းက အမွှေးနံ့သာပေါင်းအိုးကို ပွတ်တိုက်သန့်ရှင်းချင်ခဲ့ပြီး အသုံးပြုသည့် ပစ္စည်းနှင့် အရောင်ကို ကြည့်ကာ သူက အကြမ်းဖျင်းဈေး တွက်ဆနိုင်၏။ ထို့နောက် သူက ဈေးနှိမ်ပြီး ဝယ်မည် ဖြစ်သည်။ အကယ်၍ ဆွေးနွေးမှုက အဆင်ပြေပါက ဖုန်းယွီက သူ့ကို ရောင်းမည် ဖြစ်သည်။

သို့သော် သူက အဖြူရောင် လက်အိတ်အစုံကို ဝတ်လိုက်ခြင်းကြောင့် ဖုန်းယွီသည် ထိုအမွှေးနံ့သာပေါင်းအိုးက ရှေးဟောင်းပစ္စည်း ဖြစ်မည်ကို သံသယ ဝင်သွားသည့်အချက်ကို လုံးဝ မမျှော်လင့်ထားပေ။

ဖူကွမ်းကျန်းက ခေါင်းခါလိုက်ကာ ပုံမှန်အတိုင်း အမွှေးနံ့သာပေါင်းအိုးကို စားပွဲပေါ်သို့ ပြန်တင်လိုက်၏။ သို့သော် အသံတစ်ချက်တော့ ထွက်လာ၏။ အကြောင်းမှာ သူက အန္တရာယ်ကို ရှောင်ရှားချင်သည့် အတွက် ဖြစ်သည်။ သူက အမွှေးနံ့သာပေါင်းအိုးကို စစ်ဆေးကြည့်ပြီး ဖြစ်သည်။ ရွှယ်တန့် အမွှေးနံ့သာ ပေါင်းအိုး အစစ်ဖြစ်ရန် ၅၀ရာခိုင်နှုန်း အတုဖြစ်ရန် ၅၀ရာခိုင်နှုန်း ဖြစ်သည်။

သို့သော် အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ကိစ္စမရှိပေ။ ထိုအရာက အတုဖြစ်ရင်တောင် ငွေကြေးတန်ဖိုးတော့ ရှိသေးသည်။ သူသာ ရှေးဟောင်းပစ္စည်းအကြောင်း မသိသူ တစ်ယောက်ယောက်ကို ပေါင်းအိုး အစစ်ဈေးဖြင့် ရောင်းချနိုင်၏။

“ငါ ဒီလိုမျိုး အမွှေးနံ့သာ ပေါင်းအိုး အမျိုးအစားများကို တစ်ခါမှ မတွေ့ဖူးဘူး။ မစ္စတာဖုန်း ကျွန်တော်ကို ရောင်းပေးနိုင်မလား”

ဖူကွမ်းကျန်းက ပြောရင်း ဟောင်ကောင်ဒေါ်လာ ၁၀၀ကို စားပွဲပေါ်သို့ တင်လိုက်သည်။

ယခုတွင် ဖုန်းယွီက အမွေးနံ့သာ ပေါင်းအိုးက ရှေးဟောင်းပစ္စည်းဖြစ်မှန်း အသေအချာ သိနိုင်ပြီ ဖြစ်သည်။ မဟုတ်ပါက ဖူကွမ်းကျန်းက ညစ်ပတ်နေသည့် အမွှေးနံ့သာပေါင်းအိုးကို လိုချင်မည်နည်း။

ဖုန်းယွီက ပြုံးကာ ပြောလိုက်၏။

“မစ္စတာဖူက ကျွန်တော်ကို နောက်နေတာလား။ ကျွန်တော် ဒီဟာကို သူငယ်ချင်း တစ်ယောက်ဆီက သိန်းချီ ပေးထားရတာနော် အဲ့တာကို ခင်ဗျားက ကျွန်တော်ကို ဟောင်ကောင်ဒေါ်လာ ၁၀၀ပဲ ပေးတာလား”

ဖူကွမ်းကျန်းမျက်နှာထက်ရှိ အပြုံးက အေးစက်သွားသည်။ သိန်းချီ ပေးထားရတာလား။ ဒီဖုန်းယွီက ရွယ်တန့် အမွှေးနံ့သာပေါင်းအိုးမှန်း သိတာလား။

မဖြစ်နိုင်တာ။ ယွမ် သိန်းချီတန်တာကို ထောင့်မှာ ထားတာလား။ သူဖြီးနေတာပဲ ဖြစ်ရမယ်။

“ကျွန်တော်များ နားကြားမှားလိုက်တာလား။ ယွမ် သိန်းချီလား။ ဒီဟာက ယွမ် တန်ကြေး အနည်းငယ်ပဲ ရှိတာ”

“တကယ်ကြီးလား။ ယွမ်အနည်းငယ်ပဲ တန်တာလား။ ဘာကြောင့် မန်နေဂျာဖူက ကျွန်တော်ကို ရောင်းခိုင်းရတာလဲ။ ခင်ဗျားမှာ ရှိတာတွေဘာပဲ ဖြစ်ဖြစ် ကျွန်တော်ဝယ်မယ်။ အမှန်အတိုင်းပဲ ပြောတော့မယ်။ ဒီရှေးဟောင်းပစ္စည်းက ရှေးဟောင်းပစ္စည်း။ ခင်ဗျားလည်း သိပြီးသား ဖြစ်မှာပါ။”

စာရေးဆရာ မှတ်စု အချို့သော သူများက ရွှယ်တန့် အမွှေးနံ့သာပေါင်းအိုးက ၃,၀၀၀ ထုတ်လုပ်သည်။ အချို့က ၅,၀၀၀ထုတ်လုပ်သည်။ ထိုအပြင် ထိုအထဲမှ အချို့က ချင်မင်းဆက်မှ အတုများ ဖြစ်သည်။ ကျွမ်းကျင်သူများတောင် သေချာမသိကျပေ။ အချို့သော သူများပြောသည်ကား ရွှယ်တန့် အမွှေးနံ့သာပေါင်းအိုး အစစ် ၁၀၀သာ ကျန်တော့သည် ပြောသည်။ သို့သော် ထိုအရာတွင် တဝဲလည်လည် ဖြစ်မနေကြပေ။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset