FY. အခန်း ၇၄

အခန်း(၇၄)

ဖူကွမ်းကျန်း

ကောလဟာလများက ယင်းအတိုင်းပင် ဖြစ်သည်။ အကြောင်းအရာကို သင်ပိုဖိလေလေ ပိုပျံ့လေလေဖြစ်သည်။ ဆရာ၊ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ကောလဟာလများ ဖြန့်ရန် ခွင့်မပြုသော်ငြား ကောလဟာလများက အတန်းများအားလုံးနှင့် တစ်ကျောင်းလုံးကိုတောင် ပျံ့သွားသည်။ ဆရာ၊ ဆရာမများတောင် ကောလဟာလများကို ယုံကြည်ကြ၏။

အတန်းပိုင်ဆရာကတောင် ဖုန်းယွီကို ထိုအကြောင်းပြောသည်။ သူက ဖုန်းယွီနှင့် ထိုအကြောင်းအား ရှင်းရှင်းလင်းလင်း ဖြစ်စေချင်သည်။ သို့သော် ဖုန်းယွီက ခေါင်းသာခါသည်။ ကောလဟာလများကို မုန်းတီးသူများက ဖန်တီးပြီး လူအများက ဖြန့်ဝေသည်။ လက်ခံသည့်သူများက အရူးများသာ ဖြစ်သည်။ ဖုန်းယွီက ရှင်းပြရန် ပျင်းသည်။

မည်သို့ပင်ဖြစ်စေ ထိုကောလဟာလများက သူ့ကို မည်သည့်ဒုက္ခမှ မယူဆောင်လာပေ။ သူက ပိုက်ဆံကို ဘယ်လိုမျိုးရှာရမလဲဆိုတာ စဉ်းစားဖို့ အချိန် ပိုရသည်။

အိမ်နီးချင်းပြည်နယ်များတွင် ကြော်ငြာများကို ဖြန့်ဖြူးပြီး ဖြစ်သည်။ သို့သော် ထိုပြည်နယ်များကို ဆင်းရဲသည်ဟု စဉ်းစားနိုင်ပြီး ထိုပြည်နယ်များ၏ စီးပွားရေးက လုံကျန်းပြည်နယ်လောက် မကောင်းပေ။ မြို့တော်ဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံတွင် အနိမ့်ကျဆုံးဖြစ်သည်။

သူ့ကားများကို လာကြည့်သည့် လူအချို့ရှိသည်။ သို့သော် သူ့တို့ထဲမှ အနည်းငယ်သာ ဝယ်သွားကြသည်။ ဖုန်းယွီက ရှန်းမြို့တော်ကို သွားပြီး ကြော်ငြာချင်ခဲ့သည့် အချိန်တွင် ကန်တိုးနီးစကားဖြင့် ပြောသည့် သူဌေးတစ်ယောက်က သူ့ကုမ္ပဏီကို ရောက်လာသည်။

“လေးဟောင် မစ္စတာဖုန်းက တကယ်ကို ငယ်ရွယ်ပြီး စွမ်းဆောင်ရည်ရှိတာပဲ ” (သူက တရုတ်လို ပြောခြင်း ဖြစ်သည်။ ကန်တိုးနီးနဲ့တောင် ပြောလိုက်သေး၏။ လေးဟောင်၏ အဓိပ္ပါယ်က ကန်တိုးနီးဒေသိယသံအရ မင်္ဂလာပါဟု နှုတ်ဆက်ခြင်း ဖြစ်သည်။

“လေးဟောင် လေးဟောင်၊ မစ္စတာဖူက ဟောင်ကောင်သားလား ” ဖုန်းယွီက ပြန်ပြောလိုက်သည်။

“စီအ စီအ ” (စီအ၏ အဓိပ္ပါယ်က ကန်တိုးနီးဘာသာစကားအရ ဟုတ်သည်ဟူ၍ ဖြစ်သည်။)

“မစ္စတာဖူ အင်္ဂလိပ်လို ပြောတတ်လား ” ဖုန်းယွီက တဖန်ပြန်မေးလိုက်သည်။

“သေချာတာပေါ့ ”

ဖုန်းယွီက ခေါင်းညိတ်လိုက်ပြီး အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောလိုက်သည်။

“မစ္စတာဖူက ကျွန်တော့်ရဲ့ တစ်ပတ်ရစ်ကားစျေးကွက်ကို စိတ်ဝင်စားတယ်လို့ ကျွန်တော်ကြားတယ်၊ ပြီးတော့ ဒီကားအချို့ကို ဝယ်ပြီးတော့ တောင်ပိုင်းမှာ ပြန်ရောင်းမလို့လား ”

ဖုန်းယွီက ကန်တိုးနီးလေသံကို သည်းမခံနိုင်ပေ။

ဖူကွမ်းကျန်းက လန့်သွားသည်။ ထိုဖုန်းယွီက အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သည်လား။ ဖုန်းယွီသည် ဆိုဗီယက်များနှင့် စကားပြန်မလိုဘဲ အလုပ်လုပ်သည်ကို သူကြားခဲ့ဖူးသည်။ သူ့အသက်က ဘယ်လောက်လဲ။ သူက နိုင်ငံခြားဘာသာစကားနှစ်ခုကို အရမ်းတော်နေတာလား။

“မစ္စတာဖူ မစ္စတာဖူ ” ဖုန်းယွီက သူ၏လေသံကို မြှင့်လိုက်သည်။

“အိုး ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်က ဗြိတိသျှတွေသုံးထားတဲ့ တပတ်ရစ်ကားတွေကို ဝယ်ပြီး တောင်ပိုင်းမှာ ပြန်ရောင်းချင်လို့ပါ၊ မင်းမှာ ဘယ်လောက်များများရှိလဲ ”

“ကားအစီးခြောက်ဆယ်၊ ခုနှစ်ဆယ်လောက် ရှိပါတယ်၊ အဲ့တာတွေအကုန်လုံးရဲ့ ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းက သန့်တယ်၊ မစ္စတာဖူက ဘယ်လောက်များများလိုချင်တာလဲ ”

“အဲ့ဒီကားတွေက ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သန့်ပြီး စျေးက မှန်တယ်ဆိုရင် ငါ အကုန်လုံးကို ဝယ်မယ် ” ဖူကွမ်းကျန်းက ပြုံးလိုက်သည်။ ကားအစီးခြောက်ဆယ်မှ ခုနစ်ဆယ်ကြား၊ သူသည် ကားတစ်စီးစီမှ အမြတ် ယွမ်သုံးသောင်းမှ ငါးသောင်း ရလျှင်တောင် စုစုပေါင်းအမြတ်က နှစ် သို့မဟုတ် သုံးဘီလီယမ် ရှိမည် ဖြစ်သည်။ သူ၏ အကြမ်းဖျင်း တွက်ချက်မှုအရ အမြတ်က ထိုထက်တောင် ပိုများပေသည်။

ဖုန်းယွီက သူ၏မျက်တောင်ကို ပင့်လိုက်သည်။ ဖုန်းယွီက အနည်းငယ် သံသယ ဖြစ်နေသည်။ ထိုခေတ်အခါက ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် အယောင်ဆောင်သူ အများအပြားရှိသည်။

သူတို့တွေက လှလှပပပန်းချီကားများ ရေးဆွဲထားပြီး သူတို့က ကုန်ပစ္စည်းများ သို့မဟုတ် ပိုက်ဆံများ ရသည့်အချိန်တွင် သူတို့က ခြေရာခံလို့မရအောင် ပျောက်သွားသည်။

သို့သော် မစ္စတာဖူ၏ အင်္ဂလိပ်က အရမ်းမဆိုးပေ။ သူက ဟောင်ကောင်တွင် အထက်တန်းပညာရေးကို ရခဲ့ဟန်တူသည်။ သူ၏ အပြုအမူများကလည်း သူကောင်းကောင်း ကြီးပြင်းလာသည်ကို ပြနေသည်။ ဖုန်းယွီက သူ့ကို အနည်းဆုံး ရှစ်ဆယ်ရာခိုင်းနှုန်းလောက်တော့ ယုံကြည်နိုင်၏။

“မစ္စတာဖူ ပိုက်ဆံကို တကယ်သုံးချင်တာလား၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ကားတွေက စျေးမပေါဘူးနော်၊ ခင်များ အများကြီးဝယ်ရင်တောင် ပျမ်းမျှစျေးကတော့ အတူတူပဲ ဖြစ်မှာ ”

ဖုန်းယွီက လက်လေးချောင်းကို ထုတ်ကာ ပြောလိုက်သည်။

ဖူကွမ်းကျန်းက သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ မေးလိုက်သည်။

“အဲ့တာဆိုရင် ဒီကားတွေကို ဘယ်အချိန် ကျွန်တော့်ဆီ ပို့ပေးနိုင်မလဲ၊ ကားတွေ အကုန်လုံးက ပြန်လည်ပြုပြင်ပြီး ဖြစ်ရမယ် ”

“သေချာတာပေါ့၊ ကျွန်တော် ပို့ဆောင်ရေးအတွက်တော့ တာဝန်မယူပါဘူး၊ ပြီးတော့ အဲ့ဒီကိစ္စတွေ အကုန်လုံးကို မင်းဘက်က စီစဉ်ရမှာ ”

“အဲ့ဒီကားတွေကို ဘင်းမြို့တော်မှာ ရောင်းချခဲ့လျှင် ပိုက်ဆံရှိရင် နံပါတ်ပြားလုပ်ဖို့က လွယ်ပါတယ် ”

ဖုန်းယွီက ယင်းအချက်ကို ရှင်းရှင်းလင်းလင်းလုပ်လိုက်သည်။ ဖူကွမ်းကျန်းက တွန့်ဆုတ်မှု မရှိဘဲ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်နားလည်ပါတယ်၊ အဲ့တာဆိုရင် မင်း ဒီကားတွေကို ဘယ်အချိန်ပို့ပေးမှာလဲ ”

“အမြန်ဆုံးကတော့ နှစ်လနေရင် ဖြစ်မယ်၊ အခုကတော့ ငါ့မှာ ကားဆယ်စီးပဲ ကျန်တော့တယ်၊ ပြီးတော့ အများစုက ပြိုင်ကားတွေ၊ မင်း အဲ့ဒီကားတွေ လိုချင်ရင်တော့ အခုချက်ချင်းမင်းကို လွှဲပေးနိုင်တယ် ”

ဖုန်းယွီက ဖူကွမ်းကျန်းကို ကားများကြည့်ရန် စက်ရုံသို့ ခေါ်လာကြသည်။ ဖူကွမ်းကျန်းက ကားတစ်စီးချင်းစီကို စေ့စေ့စပ်စပ် ကြည့်သည်။ သူသည် ကားအကြောင်း ဘာမှ မသိသော်ငြား ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာသွင်ပြင်ကို သူ ကြည့်ရှုသည်။ လူတိုင်းက တည်ငြိမ်နေကြသည်။ ထိုကားနှင့် ပတ်သတ်ပြီး မည်သည့်ပြဿနာမှ မရှိသည့်အပြင် ထိုကားများက ပြဿနာဖြစ်၍ မရောင်းချရသည့်ကားများ ဖြစ်ဟန်မပေါ်ပေ။

ပိုပြီး စိတ်ချရန်အတွက် ဖူကွမ်းကျန်းက ထိုကားများကို စစ်ဆေးရန်အတွက် ကျွမ်းကျင်သည့် စက်ပြင်သမားကို ခေါ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အပြင်ပိုင်း အခြေအနေက အလွန်ကောင်းမွန်စေကာမူ အင်ဂျင်တွင် ပြဿနာရှိပါက တစ်နေ့ကျော်ခန့်သုံးပြီးနောက် ထိုကားက ပျက်စီးသွားမည် ဖြစ်သည်။ သူသည် လူများစွာကို ခုခံနိုင်စွမ်းမရှိပေ။

“မစ္စတာဖုန်း တစ်ရက်၊ နှစ်ရက်လောက်နေရင် ကျွန်တော့်လူတွေကို ခေါ်လာပြီး ဒီကားတွေကို စစ်ဆေးလို့ ရနိုင်မလား၊ ပြီးတဲ့အခါမှ ကျွန်တော် ဆုံးဖြတ်ချက်ချမယ် ”

“သေချာတာပေါ့၊ မင်းဒီကိစ္စကို မပြောရင်တောင် ငါက မင်းကို ဒီအကြောင်း သတိပေးမလို့၊ အနာဂတ်ကြရင် အနည်းဆုံးတော့ မင်းငါ့ကို အသုံးမဝင်တဲ့ပစ္စည်းတွေ ရောင်းတယ်ဆိုပြီးတော့ အပြစ်မတင်တော့ဘူးပေါ့ ”

ယခုတစ်ခေါက် ကီရီလန်ကိုက ဖုန်းယွီကို ရောင်းရသည့်ကားများက နှစ်ပေါင်းများစွာ မသုံးရသည့်ကားများ ဖြစ်သည်။ သူတို့ထဲမှ အနည်းဆုံးတော့ ငါးဆယ်ရာခိုင်နှုန်း ဖြစ်ကြသည်။ ဖုန်းယွီက ထိုင်ခုံများနှင့် တာယာများကိုသာ လဲရန်လိုပြီး အပြင်ပိုင်းကို ပြန်ဆေးမှုတ်ရန်သာ လို၏။ သူသည်လည်း အထူးကျွမ်းကျင်သည့် စက်ပြင်သမားနှစ်ယောက်ကို ကား၏အင်ဂျင်များ စစ်ဆေးရန်အတွက် လစာမြင့်မြင့်ဖြင့် ခန့်အပ်ထားသည်။ ထိုကားများကို ဝယ်ယူမည့်သူများက သူ့ကို ပြန်မရှာရန်အတွက် အာမခံထားခြင်း ဖြစ်သည်။ ပြီးနောက် ယင်းအချက်က သူ့ကုမ္ပဏီ၏နာမည်ကိုပါ ထိခိုက်နိုင်သည်။

ယင်းနည်းလမ်းက ကုန်ကျစရိတ်ကို များစေသည်။ သို့သော် သူ၏အမြတ်ကလည်း အလွန်များပေ၏။ ကားတစ်ကားလျှင် သူက အနည်းဆုံးတော့ ယွမ်တစ်သိန်းမှ အများဆုံး ယွမ်သုံးသိန်းအထိ အမြတ်ရပေသည်။

နှစ်ဦးနှစ်ဖက်လုံးက သဘောတူကြသည်။ နောက်အပတ် တနင်္ဂနွေနေ့တွင် ဖူကွမ်းကျန်းက သူ့လူကို ခေါ်လာပြီး ကားများအားလုံးကို ကြည့်ရှုစစ်ဆေးသည်။ ပြဿနာမတွေ့သည့်အခါ သူက ငွေပေးချေပြီး ထိုကားများကို သယ်ယူသွားတော့သည်။

ဟိုတယ်သို့ ပြန်ရောက်သည့်အချိန်တွင် ဖူကွမ်းကျန်းက သူ့လူကို ကျွမ်းကျင်စက်ပြင်သမား ရှာရန် ညွှန်ကြားလိုက်သည်။ တစ်ချိန်တည်းတွင် သူက ရှေးဟောင်းပစ္စည်းများရှိသည့် အိမ်အချို့ကိုလည်း မေးလိုက်သည်။

အစပိုင်းတွင် ဖူကွမ်းကျန်းက ရှေးဟောင်းပစ္စည်းများအတွက် ဤခရီးကို လာခဲ့ခြင်း ဖြစ်သည်။ အရှေ့မြောက်ဒေသက မန်ချူးလူမျိုးများ နေထိုင်ရာ ဖြစ်ခဲ့သည်။ ထိုနေရာတွင် ကောင်းမွန်သည့် ရှေးဟောင်းပစ္စည်းများ ကျန်ခဲ့နိုင်သည်။ သူသည် ပိုက်ဆံအနည်းငယ်ဖြင့် ထိုပစ္စည်းများကို ဝယ်ယူပြီး ဟောင်ကောင်ကို ပြန်သယ်သွားပါက အဆပေါင်းဆယ်ဆ သို့မဟုတ် ထိုထက်တောင် ပြန်ရောင်းလျှင် ရနိုင်ပေသည်။

သူက အရှေ့မြောက်ပိုင်းဒေသ၊ အထူးသဖြင့် ဘင်းမြို့တော်သည် အလွန်ပိတ်ပြီး လူများကလည်း ဆင်းရဲသည်ဟု ကြားသည်။ ဆင်းရဲပုံမှာ သူတို့က အဝတ်စားများတောင် မတတ်နိုင်ကြပေ။ စားရန်လည်း မရှိပေ။ သို့သော် သူသည် ဤနေရာသို့ ရောက်လာသည့်အချိန်တွင် ယင်းအချက်များက မမှန်ကန်သည်ကို သတိပြုမိသွားသည်။

ဘင်းမြို့တော်တွင် စက်ရုံပေါင်းများစွာရှိပြီး အားကြီးသည့် စက်မှုလုပ်ငန်းများကို ခံစားမိသည်။ ယင်းနေရာရှိလူများ၏ နေထိုင်မှုစံနှုန်းက မမြင့်သော်ငြား သူတို့က အစားကို မစားနိုင်လောက်သည်အထိ မဆင်းရဲပေ။ အနည်းဆုံးတော့ လမ်းများပေါ်တွင် ကားအချို့ကို မြင်ရသည်။ သို့သော် ကားများ၏အရေအတွက်က ကမ်းရိုးတန်းမြို့တော်များရှိ အရေအတွက်နှင့်တော့ မယှဉ်နိုင်ပေ။ ဘင်းမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုက ကုန်းတွင်းပိတ်မြို့တော်အများစုထက် ပိုမြန်ဆန်သည်ဟု စဉ်းစား၍ ရနိုင်သည်။

သူ့ကို အံ့ဩသွားစေသည့်အချက်က အနီရောင် Lotus ပြိုင်ကားကို လမ်းမတွင် မြင်လိုက်ရခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့သော ပြိုင်ကားများက အလွန်စျေးကြီးသည်။ ဟောင်ကောင်တွင်တောင် အလွန့်အလွန်ချမ်းသာသည့် ဒုတိယမျိုးဆက်ကသာ ဝယ်နိုင်သည်။ သူကိုယ်တိုင်တောင် Toyota Crown သာ စီးနိုင်သည်။

ဖူကွမ်းကျန်း၏ မိသားစုကို ဟောင်ကောင်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော မိသားစုတစ်ခုအဖြစ် စဉ်းစားနိုင်သည်။ သူ့ဖခင်သည် ဘီလီယံပေါင်း မြောက်များစွာ ပိုင်ဆိုင်သည်။ သူ၏ ပထမဦးလေးက နှစ်ဘီလီယံ ပိုင်ဆိုင်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည့်အရာက ဖူကွမ်းကျန်းက အကြီးဆုံးသား မဟုတ်ပေ။ သူက အမွေအဖြစ် အနာဂတ်တွင် ဆယ်သန်းသာ ရနိုင်သည်။

သူ့အကိုကြီး၏ ကုမ္ပဏီက ယခုတွင် ဘီလီယံပေါင်းများစွာ တန်ကြေးရှိပြီ ဖြစ်သည်။ သူတို့အဖေ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် မဟုတ်ပေ။ သူ၏ ကိုယ်ပိုင်ကုမ္ပဏီက မီလီယံအနည်းငယ်သာ ရှိပြီး ထိုသို့ ရှိရခြင်းမှာလည်း သူ့အမေ၏ ကူညီမှုကြောင့်သာ ဖြစ်သည်။

ပြည်မကြီးတွင် ချမ်းသာသည့်သူ အများစုက ကောင်းမွန်သည့်အဆက်သွယ်ရှိသည်ဟု လူတိုင်းက ပြောကြသည်။ လွန်ခဲ့သည့် နှစ်များက ဟောင်ကောင်ကို တရုတ်နိုင်ငံဆီ ပြန်လွှဲအပ်ခဲ့သည်။ ပြီးနောက် သူ့မိသားစုက ပေါ်လစီပြောင်းလဲမှုကြောင့် သူတို့ကို ထိခိုက်မှာ ကြောက်နေသည်။ ဥပမာအနေဖြင့် သူ့အဖေသည် အကြီးတန်းအရာရှိများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်ရန် ရှာဖွေရပေသည်။ သူက သူတို့မိသားစု၏ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်ဖြစ်ပြီး ပြန်လည်ပေါင်းစည်းခြင်းမှ မထိခိုက်စေရန်သာ ဖြစ်သည်။

ဖူကွမ်းကျန်း ငယ်ရွယ်စဉ်ကတည်းက သူ၏မိခင်က သူ့အနာဂတ်တွင် သူ့ကို ကူညီသည့်သူများနှင့် သူငယ်ချင်းလုပ်ရန် သင်ကြားထားသည်။ ဥပမာအနေနှင့် Lotus ပြိုင်ကားမောင်းသည့်သူနှင့် ဖြစ်သည်။ သူသည် ထိုဒရိုင်ဘာနှင့် သူငယ်ချင်းဖြစ်ပါက သူ့မိသားစု၏ အဆင့်အတန်းလည်း မြင့်လာမည်ဖြစ်သည်။

သို့သော် သူက အသက်လေးဆယ်ကျော်အရွယ်ရှိ ပြိုင်ကားမောင်းသမားကို မေးကြည့်ပြီးနောက် ထိုသူသည် သူထင်ထားသလောက် အင်အားမကြီးပေ။ သူက တိရစ္ဆာန်အစားအစာများကိုသာ ရောင်းသည့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး သူ၏ကားသည်လည်း တစ်ပတ်ရစ်ကားဖြစ်ကာ ယွမ်ငါးသိန်းတောင် မရှိပေ။

ဖူကွမ်းကျန်းက ပိုက်ဆံရှာရန် နည်းလမ်းကို ချက်ချင်းတွေးမိသွားသည်။ ဘင်းမြို့တော်တွင် တစ်ပတ်ရစ်ဇိမ်ခံကားများကို ရနိုင်သည့်သူတစ်ယောက်ရှိသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ သူက ကွမ်ကျုံးနှင့် ရှန်းကျန်းတွင် အချိန်များစွာ နေထိုင်ခဲ့သည်။ Lotus တစ်စီးအတွက် ယွမ်ငါးသိန်းဖြစ်ပါက ထိုနေရာတွင် အစီးတစ်ရာ ဖြစ်မည်ပင်။ တင်ပို့ရောင်းချပါက သူသည် တစ်လအတွင်း ရောင်းချနိုင်မှာ ဖြစ်သည်။

သူသည် ထိုကားများကို ပုံမှန်ရရှိပါက သူက ပိုက်ဆံမြန်မြန် ရှာနိုင်မည်ဖြစ်သည်။ သူက သူ၏အဖေကို သူ့ဆွဲဆောင်နိုင်မှုသည် သူ့အစ်ကိုကြီးလောက် မဆိုးဟုလည်း ပြသချင်သည်။

ဘာသာပြန်ဆရာ၏ မှတ်စု။ ။ ဖူကွမ်းကျန်းက တကယ်ရှိသည့်လူဖြစ်ကြောင်း ကျွန်တော် မသေချာပေ။ ထို့ကြောင့် ကျွန်တော် Google ခေါက်ကြည့်လိုက်သည်။ ပြီးနောက် ပီတာဝူကွမ်းကျန်း အမည်ဖြင့် ဟောင်ကောင်ဘီလီယံနာတစ်ဦးကို တွေ့လိုက်ရသည်။ မျိုးရိုးနာမည်ကတော့ ကွဲပြားသည်။ သို့သော် တရုတ်စာလုံးကွမ်းကျန်း (光正)မှာတော့ အတူတူပင် ဖြစ်သည်။

အောက်က ပုံထဲက လူပါ။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset