FY အခန်း 70

အခန်း (၇၀)

စိတ်ကြီးဝင်သော ပထမနှစ် ကျောင်းသားတစ်ယောက်

ဖုန်းယွီ မည်သည့်အကြံမှ မထွက်သေးခင် စုန့်ရှောင်ဖုန်းက ထွက်သွားသည်။ ကောလဟာလများစွာ ရှိသည်။ သူက သူ၏ ဒဏ်ရာများမှ ပြန်မကောင်းလာသည့်အတွက် တောင်ဘက်သို့သွားပြီး ဆေးကုသမှု ခံယူခြင်းဖြစ်သည်။ သို့သော် အချို့သူများ ပြောကြသည်က စုန့်ရှောင်ဖုန်းက စုန့်လောင်စီ၏ ရှေ့ပြေးဖြစ်ပြီး စုန့်လောင်စီသည် ဘင်းမြို့တော်မှ ထွက်ခွာရန် ပြင်နေ၏။

ဒုတိယ ကောလဟာလကို ဖုန်းယွီက မယုံကြည်ပေ။ စုန့်လောင်စီသည် ဘင်းမြို့တော်နှင့် လုံကျင်းပြည်နယ်ကို နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့သည်။ ပြီးနောက် သူက အလွန်အားကောင်းသည့် သူဌေးကြီးတစ်ယောက် ဖြစ်သွားသည်။ သူသည် ပြည်နယ်အစိုးရ အရာရှိများနှင့်လည်း အဆက်သွယ်ရှိသည်။ သူက ပိုပြီးတောင် ဂုဏ်ယူနေသည်။ အကြောင်းမှာ သူက အစိုးရနံပါတ်နှစ် အရာရှိ၏ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် ဖြစ်သည့်အတွက် ဖြစ်၏။ သူက ထိုနေရာကို ဘယ်လိုလုပ် လက်လွှတ်ခံမည်နည်း။

ထပ်ပြောရပါက ဖုန်းယွီသည် သူ၏ အရင်ဘဝကို မှတ်မိသေးသည်။ စုန့်လောင်စီက ဘေးမြို့တော်တွင် အဖမ်းခံခဲ့ရ၏။ သို့သော် နှစ်နှစ်ကြာပြီးနောက် စုန့်လောင်စီ၏ မာနကြီးမှုနှင့် လက်စားပြန်ချေတတ်သည့် အမူအကျင့်အရ သူက သူ့တူကို အန္တရာယ်ပေးခဲ့သည့် သူအား လက်စားမချေဘဲ ဤနေရာမှ ထွက်သွားသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော်လည်း ပြောရန်က ဆေးဝါးကုသမှု ခံယူရန်အတွက် ထွက်သွားသည်ဆိုသည့် အချက်မှာလည်း မမှန်ပေ။ စုန့်ရှောင်ဖုန်းသည် သူ၏ ဒဏ်ရာများမှ ပျောက်ကင်းလာသည် ဖြစ်သည့်အတွက် ဆရာဝန်နှင့် သူနာပြုဆရာမများမှာ လွတ်လာပြီ ဖြစ်သည်။ အကယ်၍ သူသာ မပျောက်ကင်းပါက ဆရာဝန်နှင့် သူနာပြုများက မသေလျှင်တောင် ခြေ၊ လက်များ အဖြတ်ခံရမည် ဖြစ်သည်။

စုန့်ရှောင်ဖုန်းက ဘင်းမြို့တော်မှ တကယ်ထွက်သွားခဲ့တာ ဖြစ်သည်။ ထိုအချက်ကို ခြေကျိုးဝမ့်က အတည်ပြု၏။ ခြေကျိုးဝမ့်၏လူများက စုန့်ရှောင်ဖုန်းသည် လေယာဉ်လက်မှတ်ဖြင့် ရှန်းကျန်းကို ထွက်ခွာသွားသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။

စုန့်ရှောင်ဖုန်းက ထွက်သွားပြီး ဖုန်းယွီက စိတ်သက်သာရာ ရသွားသည်။ စုန့်လောင်စီက သူ့ဆီ လာရှာမည် မဟုတ်ပေ။ ယင်းက ဖုန်းယွီသည် ယင်းမတော်တဆမှုတွင် ပါဝင်ပတ်သတ်သည်ဟု သံသယအဝင်မခံရသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

မည်သို့ပင် ဖြစ်စေကာမူ ယခု မြေအောက်ဂိုဏ်းများက ပုန်းရှိုးကွယ်ရှိုးဖြင့်သာ ပိုက်ဆံကို ရှာဖွေနေကြသည်။ မည်သည့်ခေတ်အခါတွင် ဖြစ်စေကာမူ ဓနအင်အားကို ပမာဏတစ်ခုထိ စုဆောင်းနိုင်ခြင်းက အာဏာနှင့် လုပ်ပိုင်ခွင့်ကို တိုက်ရိုက် ပြန်ဆိုခြင်း ဖြစ်သည်။

ထိုက်ဟွကုမ္ပဏီက သူ၏ပုံမှန်လုပ်ငန်းများကို လုပ်နေသည်။ ဝူကျီကန်းနှင့် ကျန်သည့်သူများက တပည့်ရဲ့ ဇိမ်ခံကားများကို တစ်အိမ်ဝင် တစ်အိမ်ထွက် ရောင်းချ၏။ ဖုန်းယွီက သူတို့ကို လွယ်ကူရိုးရှင်းသည့် ဥပမာ ပေးခဲ့သည်။ သူတို့ ကိုယ်ပိုင်လုပ်ငန်းရှိသည့် သူဌေးများကို သွားရှာပြီး တွေ့ရန် ဖြစ်သည်။ ထိုသူဌေးများက ကြည့်ကောင်းပြီး သူတို့၏ အခြေအနေကို ထုတ်ဖော်ပြသချင်ကြသည်။ တခြားသူများက ဇိမ်ခံကားများကို မောင်းနှင်လျှင် သူတို့က ဘယ်လိုလုပ် တစ်စီး မဝယ်ဘဲနေမည်နည်း။

သို့သော် ထိုကားများက တစ်ပတ်ရစ်ကားများဖြစ်ကြောင်း မည်သူမှ ထုတ်မပြောသရွေ့ မည်သူက သိမည်နည်း။ ထို့အပြင် စျေးနှုန်းကလည်း ပြည်ပမှ တင်သွင်းသည့် Mercedes Penz ကား၏ တစ်ဝက်သာ ရှိသည်။ ထိုအရာက အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်နေဆဲ ဖြစ်၏။

နောက်ထပ် ခြောက်လအတွက် ကားများကို ရောင်းချရခြင်းက သူ့ဝန်ထမ်းများအတွက် တစ်ခုတည်းသော အလုပ်ဖြစ်သည်။ နှစ်သုတ်တွင် အနည်းဆုံး ကားတစ်ရာခန့် ပါဝင်ပြီး နှစ်မကုန်ခင် အကုန်ရောင်းချရမည် ဖြစ်၏။

အခြားသူများ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည်ကို ဖုန်းယွီ နေ့တိုင်း ကြည့်နေရသည်။ သူ့အလိမ်အညာအတွက် ထိုအရာက အပြောင်းအလဲ မရှိတာ ဖြစ်သည်။ သူက ယခုမှ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်၍ မရပေ။

နောက်ဆုံးတွင် စစ်ရေးလေ့ကျင့်မှုကလည်း ပြီးဆုံးသွားပြီး ကျောင်းတရားဝင်ဖွင့်လှစ်တော့၏။ စာသင်ခန်းများက မသေးပေ။ ထိုအတန်းတစ်တန်းတွင် ကျောင်းသားများစွာ ရှိ၏။ ခုံတန်းများကလည်း အိုဟောင်းနေပြီး အရင်က ကျောင်းသားများ လက်ဆော့ခဲ့သည့် ခြစ်ရာများကို ထင်ထင်ရှားရှားတွေ့နေရသည်။

ဖုန်းယွီအား ပိုပြီး စိတ်ပျက်စေသည့် အချက်က ဆရာ၊ ဆရာမများက လိင်တူသည့်သူများကိုသာ အတူတူထိုင်ခိုင်းခြင်း ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ အတူထိုင်ရရန်အတွက် ဝမ်းကွဲမောင်နှမများသာ ဖြစ်ရန်လိုသည်။

ထိုခေတ်အခါက ကျောင်းများက ကျောင်းသားများ သမီးရည်းစားကိစ္စကို အလွန်တားမြစ်ထားသည်။ ထိုအချက်က လက်ခံနိုင်ဖွယ် မရှိပေ။

ကျောင်းဝန်းအတွင်း မည်သည့်နေရာတွင်မဆို လက်မောင်းတွင် အနီပတ်ချိတ်ထားသည့် ဆရာများကို နေရာအနှံ့တွေ့ရ၏။ သူတို့က ယောက်ျားလေးနှင့် မိန်းကလေး လက်ကိုင်သွားသည်ကို မြင်သောအခါ သူတို့က နာမည်ကို ချရေးလိုက်ပြီး ထိုကျောင်းသားများကို မိမိကိုယ်ကို ပြန်လည်သုံးသပ်ချက် ရေးခိုင်းပြီး ကျောင်းသားများ၏ မိဘများတောင် ခေါ်ယူသည်။ သူတို့ အကြင်နာပေးသည်ကို တွေ့ရှိပါက ထိုထက် ပြင်းထန်မည် ဖြစ်၏။ မှင်နီအတားခံရမည် ဖြစ်ပြီး ထိုကျောင်းသား၊ ကျောင်းသူများကို ကျောင်းပြောင်းစေခြင်း သို့မဟုတ် နှုတ်ထွက်ထုတ်ပယ်ခြင်းကို တွန်းအားပေး၏။

ထိုအရာက ကျောင်းတွင်းချိန် သို့မဟုတ် ကျောင်းပြင်ပချိန်ဟူ၍ မခွဲခြား၊ ထိုအရာက မနက်စောစော ကျောင်းမြက်ခင်းပြင် သို့မဟုတ် ညပိုင်း အားကစားရုံတွင်ဟူ၍ မခွဲခြားထားပေ။ စာသင်ကြားရေးဌာနမှ လူများက ပုန်းရှိုးကွယ်ရှိုးဖြင့် သူတို့သံသယရှိသည့် ကျောင်းသားများကို စောင့်ဖမ်းကြ၏။

ဖုန်းယွီက သူတို့ကို မေးခွန်းမေးချင်သည်။ အထက်တန်းကျောင်းတွင် ရည်းစားထားခြင်းက အရမ်းကို စောနေပြီလား။

ထိုကဲ့သို့ နှိမ်နင်းမှုများက အချို့သော သမီးရည်းစားကိစ္စများကို ပြတ်စဲသွားစေ၏။ သို့သော် ထိုအချက်က ကျောင်းသားများကို ပိုပုန်ကန်လာအောင် လုပ်ခြင်း ဖြစ်သည်။ ဆယ်ကျော်သက်ကျောင်းသားများက သူပုန်များ ဖြစ်သွားကြ၏။ သူတို့ကို လုပ်ခွင့်မပြုလေ သူတို့က ပိုလုပ်ချင်လေ ဖြစ်သည်။

ထိုအချက်က တက္ကသိုလ်ကျောင်းသားများ ရိုင်းစိုင်းပြီး ရူးနှမ်းခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။ သူတို့က စည်းမျဉ်းများကို တင်းတင်းကြပ်ကြပ်ဖြင့် အဖိနှိပ်ခံခဲ့ရပြီး စည်းမျဉ်းစည်းကမ်းများမှ လွတ်သွားသည့်အချိန်တွင် သူတို့ လွတ်လပ်ရန်အတွက် ပိုပြီး လွယ်ကူသွား၏။

အမိန့်နာခံပြီး ရိုးသားသည့် ကျောင်းသားများအတွက်ရော ယခုလက်ရှိတွင် သူတို့ ရည်းစားမရှာနိုင်ခဲ့ပါက တက္ကသိုလ်တွင်လည်း အတူတူပင် ဖြစ်လိမ့်မည်။ သူတို့ အလုပ်လုပ်သည့်အချိန်တွင် သူတို့က လိုင်းသိပ်မကောင်းသည့်သူများ သို့မဟုတ် သူတို့မလိုချင်သည့် သူများနှင့်သာ ပေါင်းဖက်ရသည်။ သူတို့၏ ဘဝက ပျော်ရွှင်ခြင်း လုံးဝကင်းမဲ့နေ၏။

ဖုန်းယွီက ပုန်ကန်သူ မဟုတ်သော်ငြား သူသည် ဆရာ၊ ဆရာမများ ပြောသည်ကိုလည်း နားမထောင်သည့်သူ ဖြစ်၏။ သူတို့က ကျောင်းသားများကို ပြောသည်က ယခုအသက်အရွယ်ဖြင့် သမီးရည်းစားရှိသည့်သူများက ဖြစ်လာမည့်အရေးကို တာဝန်မယူနိုင်ကြဟူ၍ပင် ဖြစ်၏။ သို့သော် ဖုန်းယွီက ကွဲပြားခြားနားသည်။ သူက ဖြစ်ပြီး သူ့တွင် လီနအတွက် တာဝန်ယူနိုင်စွမ်းလည်း ရှိ၏။

နေ့လည်ခင်း ကျောင်းကန်တင်းတွင် ဖုန်းယွီနှင့် လီနက စားပွဲအတူတူတွင် ထိုင်ကာ စားနေ၏။ ဖုန်းယွီ မည်သူ့ကိုမှ ဂရုမစိုက်သည့်ပုံဖြင့် လီနကို အစားအစာထည့်ပေးလိုက်သည့်အချိန်တွင် ကျောင်းသားများစွာ၏အကြည့်က သူ့ထံကို ရောက်လာ၏။

“အား သူတို့နှစ်ယောက်က ပထမနှစ်တွေပဲ ဖြစ်မယ်၊ သူတို့က သမီးရည်းစားဖြစ်တဲ့ပုံပဲ ”

“ကျောင်းဝတ်စုံကို ကြည့်ရင် သူတို့က ပထမနှစ်တွေလို့ ပြောနိုင်တယ်၊ သူတို့တွေက တော်တော်အတင့်ရဲတာပဲ၊ သူတို့တွေ ကြွက်ကြီးဖမ်းမိမှာကို မကြောက်ဘူးလား ”

ကြွက်ကြီးဟူသော နာမည်ပြောင်က သူတို့ စည်းကမ်းထိန်းသိမ်းရေးမှူးကို ပေးထားသည့် နာမည်ပင်ဖြစ်သည်။ အကြောင်းကား သူက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်တတ်ပြီး မည်သည့်နေရာတွင်မဆို ပေါ်လာတတ်သည့်အတွက် ဖြစ်၏။

“ငါ မင်းအတွက် စကပ်အနီတစ်ထည် ဝယ်လာခဲ့တယ်၊ မင်းရဲ့ အတန်းဖော်ရဲ့ စကပ်အနီက အရမ်းလှတယ်လို့ မင်း မနေ့က ပြောခဲ့တယ် မဟုတ်လား ”

“ငါ မပြောမိပါဘူး၊ ငါက ဒီတိုင်းပဲ ပြောထွက်သွားတာ ”

လီနက ရှက်သွေးဖြာသွားသည်။ သူမက ဖုန်းယွီပေးသည့် မည်သည့်လက်ဆောင်မဆို ကြိုက်နှစ်သက်သည်။ သို့သော် သူမက အခြားကျောင်းသူများ သွားပုတ်လေလွင့်ပြောဆိုမှာကိုလည်း ကြောက်ရွံ့မိ၏။ ယခုနေရာက နယ်တော့ မဟုတ်ပေ။ သူတို့က မြို့တော်တွင် ရောက်နေတာ ဖြစ်၏။ သူတို့က စည်းကမ်းထိန်းသိမ်းရေးဌာနမှ အခေါ်ခံခဲ့ရပါက သူတို့၏ မိဘများဆီ အကြောင်းကြားမည်လား။

“ငါ မင်းအတွက် ဝယ်ခဲ့တာ၊ စမ်းဝတ်ကြည့်ပါဦး ” ဖုန်းယွီက ပြောလိုက်သည်။

“ငါတို့တွေ ကျောင်းမှာ ကျောင်းဝတ်စုံပဲ ဝတ်လို့ရမှာလေ ” လီနက နူးညံ့စွာဖြင့် ပြန်ဖြေလေ၏။

“မင်း အဲ့ဒီစကပ်ကို ကျောင်းပိတ်ရက်တွေ ဒါမှမဟုတ် အတန်းချိန်ပြီးရင် ဝတ်လို့ရတယ်၊ ယူထားလိုက်ပါ အဲ့တာ အရမ်းလှတယ် ”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

“မင်းတို့တွေ ဘာလုပ်နေတာလဲ၊ မင်းတို့ ဘယ်အတန်းကလဲ ”

လက်မောင်းတွင် အနီရောင်လက်ပတ်စည်းထားသည့် တစ်ယောက်က သူတို့ရှေ့တွင် ပေါ်လာပြီး သူတို့ကို အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။

လီနက ချက်ချင်း ကြောက်စိတ်ဝင်သွားကာ ထရပ်လိုက်ပြီး သူမက တစ်ခုခုပြောချင်သော်လည်း ဖုန်းယွီက သူမ၏လက်ကို ဆွဲပြီး သူမကို ပြန်ထိုင်ခိုင်း၏။

“ဆက်သာ စားနေ၊ အဆင်ပြေသွားလိမ့်မယ် ”

ဖုန်းယွီက ပြောလိုက်သည်။ “ငါ မင်းတို့နှစ်ယောက်လုံးကို ပြောနေတာ၊ မတ်တပ်ထရပ်လိုက်စမ်း ”

ဖုန်းယွီက ထိုလူကို မျက်ကွယ်ပြုပြီး ဆက်လက် စားနေ၏။

စည်းကမ်းထိန်းသိမ်းရေးမှူးလီးက ကျောင်းကန်တင်းတွင် နေ့လည်စာ စားနေသည်။ ပြီးနောက် သူက ကျောင်းသားအများစု တစ်နေရာရာကို ကြည့်နေသည်ကို သတိထားမိသွား၏။ သူက ထရပ်လိုက်ပြီး ကြည့်လိုက်သည်။ သူက ချက်ချင်းပင် ဒေါသထွက်သွား၏။ ကျောင်းစည်းကမ်းက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ကျောင်းသားများအား သမီးရည်းစားဖြစ်ခြင်းကို ခွင့်မပြု။ အမှန်ပင် သူတို့ကကျောင်းစည်းကမ်းများကို မနာခံကာ ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမည်ပင်။

သူက သူ အရင်က လုပ်နေကြအတိုင်း ခပ်မြန်မြန်ဖြင့် လမ်းလျှောက်သွားလိုက်သည်။ အခြားကျောင်းသား၊ ကျောင်းသူများရှေ့တွင် ထိုကျောင်းသားနှစ်ယောက်ကို ပြစ်တင်ဆုံးမရန်ပင် ပြင်ဆင်လိုက်၏။ သူက သူတို့အမှားကို သိအောင်လုပ်ပြီး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ချက်စာ ရေးခိုင်းမည်ပင် ဖြစ်၏။ လိုအပ်လျှင် သူက သူတို့နှစ်ယောက်၏ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းစာကို ကျောင်းရှေ့တွင် ဖတ်ခိုင်းမည်ပင် ဖြစ်၏။

အမြဲလိုလိုပင် သူပေါ်လာသည့်အခါ ကျောင်းသားများက သူ၏ကြိမ်းမောင်းခြင်းကို နာခံကြပြီး သူတို့အပြစ်မှ လွတ်ရန်တောင် တောင်းပန်ကြ၏။ သို့သော် ယနေ့တွင် ထိုလူကလေးက သူ့ကို မျက်ကွယ်ပြုလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့။ ထိုလူကလေးက သူ့ကို မမြင်ချင်ယောင်ဆောင်နေသည်။

သူက စိတ်တိုသွားပြီး ကျောင်းသား၏လက်မောင်းကို ဆွဲကိုင်လိုက်၏။ သို့သော် ဖုန်းယွီက လက်ဖြင့် ပြန်ပုတ်ထုတ်ကာ

“မင်းက ဘယ်လိုကောင်လဲ ငါ စားနေတာကို မမြင်ဘူးလား ”

ငါက စည်းကမ်းထိန်းသိမ်းရေးဌာနကပဲ၊ မင်း ဘာလုပ်နေတာလဲ ”

“ငါ စားနေတာလေ၊ မင်းမျက်စိကန်းနေလား ”

ဖုန်းယွီက ပြန်ပြောလိုက်ပြီး သူ့၏လက်ကို စည်းကမ်းထိန်းသိမ်းရေးမှူးလီး၏ မျက်နှာရှေ့တွင် ယမ်းပြလိုက်သည်။ ထိုအရာက သူ မျက်စိကန်းမကန်းကို စမ်းသပ်လိုခြင်းဖြစ်၏။

“မင်းတို့တွေ ဘယ်အတန်းကလဲ၊ ကျောင်းတွင်းမှာ ရည်းစားထားခွင့်ကို တားမြစ်ထားတယ်ဆိုတာ မသိဘူးလား၊ မင်းရဲ့ မိဘတွေကို ခေါ်မှ ရမယ် ”

စည်းကမ်းထိန်းသိမ်းရေးမှူးလီးက ဒေါသထွက်နေပြီး ထိုကျောင်းသားက အလွန်မာနကြီး၏။ သူသေချာပေါက် အပြစ်ပေးကို ပေးရမည် ဖြစ်သည်။ ပြင်းပြင်းထန်ထန် အပြစ်ပေးရမည်ပင်။

“မင်း ငါတို့ကို စွပ်စွဲလို့မရဘူး၊ ငါတို့တွေက အတန်းဖော်တွေ၊ ကျောင်းသားအချင်းချင်း ချစ်မြတ်နိုးရမယ်လို့ ကျောင်းစည်းကမ်းက မဖော်ပြထားဘူးလား၊ ငါတို့တွေက စားရုံတင် စားနေတာလေ၊ ဘာမှားနေလို့လဲ ”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

ကျောင်းတွင်း သမီးရည်းစားထားရှိခြင်းကို တားမြစ်ခြင်းက မမှန်ကန်သည့်အရာ မဟုတ်ပေ။ သို့သော် ထိုအချက်က တားမြစ်ခြင်း မဖြစ်သင့်ပေ။ ဖုန်းယွီက သူနှင့် အငြင်းအခုံဖြစ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဘယ်သူက စကားပြောကောင်းမလဲဆိုတာ သိချင်နေသည်။

အခြားကျောင်းသားများကလည်း မင်သက်ကုန်သည်။ ထိုပထမနှစ်ကျောင်းသားက အလွန်မာနကြီးပြီး စည်းကမ်းထိန်းသိမ်းရေးမှူးလီးကို ခေါင်းချင်းဆိုင် ရင်ဆိုင်ရဲ၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset