FY အခန်း ၆၆

အခန်း ၆၆

သမိုင်းက ပြောင်းလဲသွားတာလား။

စုန့်ရှောင်ဖုန်းက သူ့ဦးလေး စံအိမ်တွင် တစ်ဖန် ခြေချုပ်မိနေ၏။ သူက နောက်ထပ် သည်းမခံနိုင်တော့ပေ။ သို့သော် သူ့ဦးလေးက သူ့ဒဏ်ရာမှ ပြန်လည် အားဖြည့်စေချင်သည်။ ပြီးနောက် ထပ်ပြောရလျှင် လီကွမ်းကျန်းသည်လည်း ခြေကျိုးဝမ့် လူများနှင့် တိုက်ခိုက်ရာမှ ဒဏ်ရာ ရခဲ့၏။ မကြာသေးခင်က အပြင်ဖက်က အန္တရာယ်ကောင်းသည့် ဝန်းကျင် ဖြစ်ခဲ့၏။

အစတွင် သူ့ဦးလေးပြောသည်မှာ မှန်ကန်မှန်း သတိပြုမိ၏။ သို့သော် နှစ်ရက် ကြာပြီးနောက် သူက ဘာမှ မဖြစ်သည်ကို သတိပြုမိ၏။ လီကွမ်းကျန်း ဒဏ်ရာ ရသော်ငြား ခြေကျိုးဝမ့်က မည်သည့် ပြဿနာမျှ မဖန်တီးပေ။ သူ့ဦးလေး စုန့်လောင်စီက ခြေကျိုးဝမ့်ကို လက်စား ပြန်မချေပေ။

အရာရာတိုင်းက မဖြစ်ခင်ကအတိုင်း အတူတူပင်ဟု သူပေးခဲ့ပြီး နှစ်ဦး နှစ်ဖက်လုံး၏ သဘောတူညီချက်အတိုင်း ကျန်ကိစ္စများကို ဘာမှ မဖြြစ်သလို ထားလိုက်၏။

နှစ်ရက်အကြာက ပဋိပက္ခဖြစ်မှုက ပြည်နယ် အစိုးရ၏ အာရုံစိုက်မှုကို ရသွား၏။ သို့သော် သူ့ဦးလေးက အတွင်းရှိ အစိုးရ အရာရှိများနှင့် အဆက်အသွယ်ရှိ၏။ သူက ထိုတိုက်ခိုက်မှုက ကိစ္စ သေးသေးလေးသာ ဖြစ်ပြီး အခြား မြို့သူမြို့သားများကို မထိခိုက်ဟု ပြောလိုက်သည်။ အခြားသော အတွန့်တက်ချက်များ မရှိသည့် အတွက် ယင်းကိစ္စကို ပလစ်လိုက်တော့၏။

အရင်က အတွေ့အကြုံများ အရ ရဲများ၏ အာရုံစိုက်မှုကို ရရှိပြီးနောက် သူတို့ ခဏကြာ ပုန်းကွယ်နေရသည်။ စုန့်ရှောင်ဖုန်းက ရက်များစွာ သည်းခံခဲ့ရသည်. ထို့နောက် စုန့်လောင်စီက အပြင်ထွက်သည့် နေ့တွင် သူက မိန်းကလေးများနှင့် တွေ့ရန် ထွက်သွားလိုက်တော့၏။

သူ့ကို ကြည့်ရှုရန် တာဝန်ပေးထားသည့် နောက်လိုက်များက သူ ခြိမ်းခြောက်တာကို ခံရပြီး ရွေးချယ်စရာ မရှိဘဲ သူတို့က သူ့ကို သွားခွင့် ပေးလိုက်ရသည်။

သူ့ နောက်လိုက် တစ်ယောက်က သူ့ Land Roverကားမောင်းပြီး မြို့ထဲကို လိုက်ပို့၏။ စု့န်လောင်စီ၏ စံအိမ်က ကျန်းဘေ( မြစ်၏ မြောက်ဘက်တွင်)တွင် ရှိကာ မြို့တော်က ကျန်းနန်(မြစ်၏ တောင်ဘက်)တွင်ရှိ၏။ လမ်းတစ်လျှောက်တွင် စုန့်ရှောင်ဖုန်းက စတင် တွေးဆတွေ့၏။ ယနေ့တွင် သူက ပျံတံတံနန့်တန့်တန့် မိန်းမ တစ်ယောက်ကို သူ့၏ မျိုသိပ်ထားရသည့် စွမ်းအင်တွေကို စိတ်ကျေနပ်ရန်အတွက် ရှာရမည်ပင် ဖြစ်၏။

သို့သော် သူနှင့် ဒရိုက်ဘာက သူတို့ စံအိမ်မှ ထွက်လာပြီးနောက် ဂျစ်ကားတစ်စီး သူတို့နောက် လိုက်လိုက်သည်ကို သတိမပြုမိပေ။ ကျန်းဘေမှ ကျန်းနန်အထိ ဖြစ်၏။

သူတို့က ခြေကျိုးဝမ့် ဖွင့်သည့် နိုက်ကလပ်ကို သူတို့ရောက်လာ၏။ ပုံမှန်အတိုင်း သူက ထောင့်တစ်ထောင့်ရှိ ဆိုဖာတွင် ထိုက်၏။ နိုက်ကလပ် တံခါးတွင် အစောင့်နှစ်ယောက် သုံးယောက် ရှိသည်။ သူတို့က ခြေကျိုးဝမ့်၏ လူများ ဖြစ်သော်ငြား စုန့်ရှောင်ဖုန်းက ထိုလူနှစ်ယောက် သုံးယောက်က သူ့ကို ထိရဲလိမ့်မည်ဟု မယုံကြည်ပေ။

မကြာမီ သူက ပစ်မှတ်ကို တွေ့သွားတော့၏။ အသက် နှစ်ဆယ်ကျော် ချောင်းဆန်း အင်္ကျီကို ဝတ်ဆင်ထားသည် တစ်ယောက် ဖြစ်သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူက တင်းလာသည်ဟု ခံစားလိုက်ရ၏။

သူ့လူတစ်ယောက်က ထိုမိန်းကလေးဆီ သွားပြီး သူမကို စုန့်ရှောင်ဖုန်းက သူမကို လိုချင်နေကြောင်း ပြောလိုက်၏။ သူက စုန့်ရှောင်ဖုန်းဆီ လာခဲံပြီး စုန့်ရှောင်ဖုန်းက နိုက်ကလပ်တွင် ခပ်ကြာကြာ မနေနိုင်တော့ပေ။ သူက ထိုမိန်းကလေးနှင့် အတိူ Land Rover ကားဆီ ပြန်သွားပြီး သူ့နောက်လိုက်ကို ဟိုတယ်လိုက်ပို့ရန် ညွှန်ကြားလိုက်၏။

သူတို့က ကားထဲတွင်သာ ရှိနေဆဲ ဖြစ်ကာ စုန့်ရှောင်ဖုန်းက သူမ၏ နေရာ အနှံ့ကို စတင် ထိတော့၏။ ဟိုတယ်ကို ရောက်ခါနီး လမ်းဆုံတွင် မြေသယ်ကား တစ်စီးက ရုတ်တရက် ပေါ်လာသည်။

ဒိုင်း

Land Rover တစ်ဖက်ကို တိုက်မိသွားပြီး လမ်း၏ အကာအရံနှင့် တိုက်မိသွား၏။ မြေသယ်သားက မရပ်သေးဘဲ တစ်ဖန်တိုက်လိုက်သည်။ စုန့်ရှောင်ဖုန်းက ကားထဲတွင် မူးဝေသွားသောအခါ မြေသယ်ကားက Land Rover ကားပေါ်သို့ ပြောင်းပြန်လှည့်ကာ ကျောက်စရစ်ခဲ အပြည့်ပုံချလိုက်ပြီး ကားကို မြေမြှပ်လိုက်တော့၏။

မြေသယ်ကားမောင်းသမားက ကားပေါ်မှ ဆင်းလိုက်ပြီးနောက် အမှောင်ထဲကို ထွက်ပြေးသွားတော့၏။ အခြားတစ်ဖက် နောက်ဖေးလမ်းကြားတွင် သူ့ညီအစ်ကိုများက သူ့ကို စောင့်နေကြ၏။

စုန့်ရှောင်ဖုန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်ဟု ခံစားနေရပြီးနောက် သူက ကားမောင်းသမားကို ဆူချင်ခဲသည့်အခါတွင် အပြင်ဖက်က မှောင်နေသည်ကို သတိပြုမိသွား၏။

ဘာဖြစ်တာလဲ။ ဘာလို့ အပြင်ဖက်က ဒီလောက် မှောင်နေရတာလဲ။

တစ်ဝက်ဟနေသည့် ပြတင်းပေါက်ဆီမှ ကျောက်စရစ်ခဲများနှင့် သဲများ ကားထဲကို လျှောကျလာသည့် အခါမှ သူ့တို့ကားသည် သဲနှင့် ကျောက်စရစ်များအောက်တွင် မြှပ်နှံခံလိုက်ရကြောင်း သိရှိသွားတော့၏။

တစ်ယောက်ယောက်က သူတို့အား အသက်ရှင်လျက် မြှပ်လိုက်သည်ပင်။

စုန့်ရှောင်ဖုန်းက ဘောင်းဘီထဲတါင် သေးပေါက်မိတော့မည်ပင်။ ဤ ဘင်းမြို့တော်ထဲတွင် သူ့အား ဘယ်သူ နှောက်ယှက်ရဲသနည်။ ခြေကျိုးဝမ့် ဖြစ်နိုင်သည်လား။ သူက သူ့ဦးလေးကို တကယ် အလုံးစုံ ဆန့်ကျင်နိုင်ချင်တာလား။ သူက သဲနှင့် ကျောက်စရစ်များကို သူ့လက်နှင့် ကိုယ်တိုင် တူးတော့၏။ သူက အပြင်ကို ထွက်ချင်သည်။ သူ အသက်ရှင်ချင်သေး၏။

——————–

စုန့်လောင်စီသည် သူ့သူငယ်ချင်းများနှင့် အရက်သောက်ပြီး အိမ်သို့ ပြန်လာ၏။ သူက လမ်းဆုံကို ဖြတ်သည့်အခါ သူ့ရှေ့တွင် မတော်တဆမှု တစ်ခုကို သတိပြုမိသွားသည်။

သူက ကားမောင်းသမားကို ရှောင်သွားရင် ပြောချင်၏။ သို့သော် ဒါရိုက်ဘာက ရုတ်တရက် အော်လိုက်၏။

“သခင်ကြီးစီ အဲဒီကားက သခင်စုန့်ကားနဲ့ တူနေတယ်”

စုန့်လောင်စီက ထိတ်လန့်သွား၏။ ဒါက စုန့်ရှောင်ဖုန်း ကားလား။

စုန့်ရှောင်ဖုန်းက လက်ရှိတွင် ထိုအနီရောင် Land Rover ကားကိုသာ သုံးပြီး ထိုအရာ ဘင်းမြို့တော်တွင် တစ်စီးထဲ ရှိသည့် ကားဖြစ်၏။ မော်တော်ယဉ် စက်ဖုံးတစ်ဝက်က ပေါ်နေသေးပြီး ကားမောင်းသမားက ထိုအရာကို အကြည့်တစ်ချက်တည်းဖြင့် မှတ်မိနိုင်၏။

“ကားကိုရပ်လိုက် သွားပြီး စစ်ဆေးကြည့်”

ကားမောင်းသမားက ထွက်သွားပြီး ပြေးသွားတော့၏။ သူ့လက်နှင့် စတင် တွန်းတော့၏။ စုန့်လောင်စီနှင့် အခြားသူ့လူများကလည်း ထွက်လာကာ သူတို့လက်ဖြင့် ကူတူးတော့၏။

မြေသယ်ကား အပြည့် ဖြစ်သော်ငြား Land Rover တစ်စီးလုံးကို လွှမ်းအောင် မမြှပ်နှံနိုင်ပေ။ ကျောက်စရစ်ခဲသည် မထူပေ။ တစ်မိနစ်ခန့် ကြာပြီးချိန်တွင် ကားမောင်းသမားက လှုပ်ရှားနေသည့် လက်ကို ခံစားလိုက်မိ၏။

လက်ချောင်းတစ်ချောင်းတွင် နီလာလက်စွပ် တစ်ကွင်းရှိနေသည်။ ကားမောင်းသမားက ထိုလက်စွပ်က စုန့်ရှောင်ဖုန်း နေ့တိုင်းဝတ်သည့် လက်စွပ် ဖြစ်ကြောင်း သတိ ပြုမိသွားသည်။

အခြားလူသုံးယောက်၏ ကြိုးစား အားထုတ်မှုဖြင့် သူတို့က စုန့်ရှောင်ဖုန်း၏ ဦးခေါင်းကို ထုတ်နိုင်ခဲ့သည်။ သို့သော် စုန့်ရှောင်ဖုန်းက အသက်ရှိရုံမျှသာ ဖြစ်သည်။

သူတို့က တံခါးကို ဖွင့်ပြီး စုန့်ရှောင်ဖုန်းကို ထုတ်လိုက်၏။ သူက သတိလစ်သွားပြီ ဖြစ်သည်။ နောက်လိုက်နှင့် အမျိုးသမီးက ကံမကောင်းပေ။ သူတို့က ကားထဲတွင်သာ မွန်းကျပ် သေဆုံးခဲ့၏။

————

အနောက်တိုင်း ပေါက်စီက သူ့၏ နံပါတ်သုံးကားဖြင့် ထွက်သွားသည်။ သူ့နံပါတ်သုံးကားကို မြေသယ်ကားက တိုက်ခဲ့ပြီး ထိုကားက စုန့်ရှောင်ဖုန်း၏ Land Roverကို တိုက်ခဲ့ပြီး ကားအပြည့် သဲနှင့် ကျောက်စရစ်ကို သွန်ချလိုက်ကာ သူ့ကို မြှပ်နှံလိုက်၏။ စုန့်ရှောင်ဖုန်းကို သတ်ရန်အတွက် အချိန် ၁၀မိနစ်ခန့်သာ အချိန် ယူခဲ့ရသည်။

ထို့အပြင် ထိုအရာက ခိုးယဉ် ဖြစ်သည်။ မည်သို့ စုံစမ်း စစ်ဆေးစေကာမှု အနောက်တိုင်း ပေါက်စီနှင့် သူ့ညီအစ်ကိုများဟု သံသယ ဖြစ်မှာ မဟုတ်ပေ။ စုန့်လာင်စီကတောင် ထိုအရာက မတော်တဆမှု တစ်ခုဟုသာ တွေးခဲ့သည်။ သူ့အိပ်ကပ်ထဲကို ယွမ် ၅၀၀,၀၀၀ မြန်မြန်ဆန်ဆန်ဖြင့် ဝင်ရောက်ခဲ့ကာ သူတို့က ဘင်းမြို့တော်က ထွက်သွားရန်တောင် မလိုအပ်ပေ။

ယခုအကြံ ရခဲ့သည့် ငါးယောက်မြောက် ညီအစ်ကိုကို ကျေးဇူးတင်ရမည်ပင် ဖြစ်သည်။ စုန့်ရှောင်ဖုန်းကို သတ်နိုင်ခဲ့ပြီး သံသယ အဝင်မခံခဲ့ရပေ။ ထိုအရာက ကျောက်တုံး တစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်သည်ပင်။

သူက ခြေကျိုးဝမ့်ကို ဖုန်းခေါ်လိုက်ကာ သူ့အား အလုပ်ပြီးပြီ ဖြစ်ကြောင်း အကြောင်းပြလိုက်သည်။ သူက ခြေကျိုးဝမ့်ကို သူလူများ လွှတ်ပြီး အတည်ပြုရန်လည်း မေးလိုက်သည်။ သူက ခြေကျိုးဝမ့်ကိုလည်း ခြိမ်းခြောက်ခဲ့လိုက်သေးသည်။ အကယ်၍ ခြေကျိုးဝမ့်က သူကို စုန့်လောင်စီထံ ထိုးကျွေးခဲ့လျှင် ဟူသည့် အချက်ကိုလည်း သေသေချာချာ တွေးပြီး ဖြစ်၏။ အနောက်တိုင်း ပေါက်စီက စုန့်ရှောင်ဖုန်းကို တိတ်တဆိတ် သတ်နိုင်လျှင် သူသည်လည်း ခြေကျိုးဝမ့်ကို ထိုနည်းအတိုင်း လုပ်နိုင်၏။

——-

ဖုန်းယွီက စုန့်ရှောင်ဖုန်း၏ မတော်တဆမှု သတင်းကို ကြားလိုက်ရသည်။ စုန့်ရှောင်ဖုန်းက လက်ရှိတွေ ကိုမာဝင်နေပြီး ဆေးရုံတွင် လဲနေ၏။

ဖုန်းယွီက စုန့်ရှောင်ဖုန်းကို ဘယ်တောမှ သူ့ကိုမာကနေ မနိုးထလာစေရန် တောက်လျှောက် ဆုတောင်းနေ၏။ သူ သေသွားလျှင် အကောင်းဆုံး ဖြစ်သည်။ ကားမောင်းသမားနှင့် မိန်းမတစ်ယောက် မတော်တဆမှုတွေ သေသွားသည်ကား ဝမ်းနည်းစရာ ဖြစ်ကာ စုန့်ရှောင်ဖုန်းက အသက်ရှင်နေဆဲ ဖြစ်၏။

နောက်ပိုင်းတွင် အချက်အလက်များကို ရှာဖွေ၏ ဖုန်းယွီက ဘာကြောင့်ဟူသည့် မေးခွန်းများသာ ရနေ၏။

ပထမက Land Roverကို ဖုန်းယွီမောင်းရန် ပြင်ဆင်ခဲပြီးသူက ပြန်လည်ပြင်ဆင်ပြီး အကာများ တပ်ဆင်ခဲ့၏။ အကယ်၍ စုန့်ရှောင်ဖုန်း၏ အရင် Mercedes-Benz ကား ဖြစ်ပါက ပထမ တစ်ချက် တိုက်မိကတည်းက သေမှာ အသေအချာပင် ဖြစ်သည်။

ဒုတိယက ဖြစ်စဉ်အတွင်း စုန့်ရှောင်ဖုန်း၏ ဦးခေါင်းက မိန်းကလေး၏ နို့နှစ်လုံးကြားထဲ ရေဦက်နေခြင်းပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ မိန်ကလေး၏ ကောက်ကြောင်းက လုံးဝ မှင်သက်ဖွယ် ဖြစ်သည်။ ကြီးမားသည့် ရင်သားနှစ်ခုက ကူရှင်ကဲ့သို့ ဖြစ်နေကာ ထိုအရာက စုန့်ရှောင်ဖုန်းခေါင်းကို သက်ရောက်စေမှာပင် ဖြစ်သည်။


ဖုန်းယွီက သူ့ Land Roverကားကြောင့် စုန့်ရှောင်ဖုန်း လွတ်မြောက်သွားသည်ကို ကြားသောအခါ သူက ငိုချင်သွားသည်။ သူက စောစောက သိခဲ့လျှင် သူက မပြုပြင်ဘဲ အပြင်ပိုင်းကို အကာအရံများ တပ်ဆင်မည် မဟုတ်ပေ။

သူ အရင်ဘဝကို မှတ်မိသွားသည်။ စုန့်လောင်စီ၏ မိသားစုဝင် အကုန်လုံး သေးဆုံးသွားပြီး ဖြစ်သည်။ စုန့်ရှောင်ဖုန်း တစ်ယောက်သာ မသေဘဲ ကိုမာ ဖြစ်နေတာပဲ ဖြစ်၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset