FY အခန်း ၆၄

အခန်း ၆၄

တိုက်ပွဲ (အပိုင်း ၂)

ဘင်းမြို့တော်၏ မြေအောက်လောက သူဌေး‌နှစ်ယောက်က စားပွဲ တစ်ဖက်တစ်ချက်ဆီတွင် ထိုင်နေကြ၏။ သူတို့က တရင်းတနှီး စကားစမြည်ပြောနေသည့်အလား ထင်မှတ်ရသည်။သို့သော် သူတို့ ပြောလိုက်သည့် စကားတစ်ခွန်းချင်းဆီတိုင်းက လူသတ်မည့် အရိပ်အယောင်ပေါ်နေ၏။

ခြေကျိုးဝမ့် ငါ့တူက အရက်‌ သောက်တယ်။ အရက်မူးတဲ့ သူတိုင်းက ဒီအတိုင်းပဲ ဖြစ်ကြတာပဲလေ။ ငါ့ကို သတင်းစကားလေးပဲ ပါးလိုက်ပေါ့။ ငါမင်းကို လျော်ကြေးမပေးဘူးလို့ တွေးနေလား။ အခုတော့ မင်းက မင်းရဲ့ လူတွေကို သူ့ကို ဖမ်းထားခိုင်းတယ်။ အဲ့တာက ငါ့ပါးကို ရိုက်လိုက်တာပဲ။”

စုန့်လောင်စီက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။ ခြေကျိုးဝမ့်က အဘယ်ကြောင့် ကိစ္စသေးသေးလေးအတွက် သူ့တူကို ဖမ်းထားမည်နည်း။ သူက အလွန် စိတ်ကြီးဝင်နေခြင်းပင်။

“မူးသွားတာလား။ ဟွမ့်… တစ်ခွက်လေး သောက်တာနဲ့ မူးသွားရောလား။ စုန့်လောင်စီ မင်းစကားပြောရင် ခေါင်းလေးဘာလေး သုံးပါဦးလား။ မင်းက မင်းရဲ့ မျက်နှာကို ဂရုစိုက်ရင် အဲ့တာဆို ငါ့အတွက်ကော။”

ခြေကျိုးဝမ့်က ပြန်ဖြေလေ၏။

“ကောင်းပြီ။ ငါမင်းနဲ့ ဒီနေ့ ငြင်းခုံဖို့ လာခဲ့တာ မဟုတ်ဘူး။ ငါတို့တွေ နောက်နေ့မှ ဘယ်သူမှန်လဲ ဘယ်သူမှားလဲ ဆိုတာ ပြောလို့ရတယ်။ မင်း စုန့်ရှောင်ဖုန်းကို အရင်လွှတ်ပေး။ မိသားစုဝင်တွေကို အန္တရာယ် မပြုရဘူးက မြေအောက်လောကရဲ့ စည်းမျဉ်းတစ်ခုပဲ”

စုန့်လောင်စီက ပြောလိုက်၏။ စုန့်ရှောင်ဖုန်းက ခြေကျိုးဝမ့်၏ လက်ထဲတွင် ရှိနေသည့်အတွက် သူက သတိထားကာ ပြောနေ၏။

ခြေကျိုးဝမ့်က သူ့လက်ကို ဝေ့ရမ်းလိုက်သည်။ သူ့လူများက စုန့်ရှောင်ဖုန်းနှင့် သူ့နောက်လိုက်များကို ခြေကျိုဝမ့်လူများက ခေါ်လာကြသည်။ စုန့်ရှောင်ဖုန်းမှ လွဲပြီး ကျန်သည့် သူများ၏ ခြေထောက်များ ကျိုးနေကြပြီး ဖြစ်သည်။ စုန့်ရှောင်ဖုန်း၏ ခြေထောက်များက မကျိုးသော်ငြား သူက အရိုက်ခံထားရသည်။

သူက စုန့်လောင်စီကို တွေ့သည့်အခါ သူက ရုန်းကန်လိုက်ပြီး အော်လိုက်၏။

“ဦးလေးစီ ခြေကျိုးဝမ့်က ငါ့ကို ဖမ်းပြီး ရိုက်တယ်။ မင်း ငါ့အတွက် သူ့ကို လက်စားချေပေးရမယ်”

စုန့်ရှောင်ဖုန်း ဘာပြောသည်ကို ကြားပြီးနောက် စုန့်လောင်စီ မျက်နှာက ပြောင်းလဲသွားသည်။ သူ့တူက အရမ်းမတော်ပေ။ ပြောစရာမလိုဘဲ သူက ကျောင်းအနည်းငယ်သာ တက်သည့်အတွက် သူက အခြေအနေကို မည်သို့ စိစစ်ပိုင်းချရမည်ကိုလည်း သူမသိ။ သူက ခြေကျိုးဝမ့်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိသေး၏။ သူက အော်နေသည်လား။

အမှန်ပင် စုန့်ရှောင်ဖုန်း ပြောလိုက်သည်ကို ခြေကျိုးဝမ့် ကြားလိုက်ပြီးနောက် အလွန် စိတ်တိုသွားသည်။ စုန့်လောင်စီက သူ့ကို ခြေကျိုးဝမ့်ဟု ခေါ်ကတည်းက စိတ်တိုနေပြီး ဖြစ်၏။ ပြီးနောက် ယခုတွင် ထိုစုန့်ရှောင်ဖုန်းက သူ့အား လူအများအလယ်တွင် ခြေကျိုးဝမ့်ဟု ခေါ်ရဲပြီး လက်စားချေချင်သေးသည်လား။

“အကြီးကို အကြီးမှန်း လေးစားရကောင်းမှန်း မသိ။ စုန့်လောင်စီ ကိုယ်စား မင်းကို သင်ခန်းစာ တစ်ခုခု ပေးရမဲ့ပုံပဲ”

ခြေကျိုးဝမ့်က ပြောလိုက်၏။

ခြေကျိုးဝမ့်၏ စကားပြီးရုံသာရှိသေး။ သူ့လူများက စုန့်ရှောင်ဖုန်းအား ပါးရိုက်ချက် ပြင်းပြင်း နှစ်ချက် ရိုက်လိုက်သည်။ ထို ပါးနှစ်ချက်က သူ့မျက်နှာကို ရိုက်ချခံရသည့်အလား စုန့်လောင်စီ ခံစားလိုက်ရ၏။

စုန့်ရှောင်ဖုန်းကို ရိုက်လိုက်သည့်သူကို စုန့်လောင်စီက စိုက်စိုက်ကြည့်နေ၏။ သူက ခြေကျိုးဝမ့်၏ အနီးကပ် နောက်လိုက်ဖြစ်ပြီး သူ့သက်တော်စောင့် ဖြစ်သည်။ သူ့ အဆင့်အတန်းက လီကွမ်းကျန်းနှင့် အတူတူပင်။

စုန့်ရှောင်ဖုန်းက ပါးစပ်ပွင့်လာပြီးနောက် သူက တစ်ခုခုတောင် ထပ်ပြောချင်နေဆဲ ဖြစ်သော်လည်း စုန့်လောင်စီက အော်လိုက်၏။

“တော်တော့”

စုန့်ရှောင်ဖုန်းသာ ခြေကျို့ဝမ့်၏ လက်တွင်း မကျရောက်လျှင် စုန့်လောင်စီက ခြေကျိုးဝမ့်ကို ချက်ခြင်း သတ်ခိုင်းလိုက်မည်ပင် ဖြစ်သည်။

“ခြေကျိုးဝမ့် မင်းသူ့ကို သင်ခန်းစာပေးပြီးပြီ။ ငါ့သူ့ကို ပြန်ခေါ်သွားပြီး ကောင်းကောင်း သင်ကြားပေးလိုက်မယ်။ ဒီကိစ္စနဲ့ ပတ်သတ်တဲ့ အရာအားလုံးကို မေ့လိုက်ရအောင်”

စုန့်လောင်စီက ပြောလိုက်၏။

“သူပြောလိုက်တဲ့ စကားအတွက် သူ့ကို သင်ခန်းစာတစ်ခု ပေးပြီးပြီ။ ဒါပေမဲ့ ငါ့ရဲ့ နိုက်ကလပ်မှာ ဆုံးရှုံးမှုတွေ ရှိတဲ့အတွက် မင်းငါ့ကို လျော်ကြေးပေးဖို့ လိုသေးတယ်။ မများပါဘူး။ ယွမ် ၁၀၀,၀၀၀ဆိုရင် လုံလောက်ပါပြီ”

ခြေကျိုးဝမ့်က ပြန်ပြောလိုက်သည်။

ဤနေရာတွင် နောက်လိုက် အများအပြား ရှိနေကာ သူက လူတိုင်းအား ပိုက်ဆံ အနည်းငယ် ပေးသင့်ပေ၏။ ပြီးနောက် စုန့်လောင်စစီက ထိုပိုက်ဆံများနှင့်အတူ လာသင့်ပေ၏။ တစ်ယောက်ချင်းဆီက ယွမ် ၂၀၀၀မှ ၃၀၀၀အထိ ရပေလိမ့်မည်။ ထိုပိုက်ဆံများကို ဆုငွေအဖြစ်ပေးလိုက်ခြင်းက သူတို့၏ သစ္စာရှိမှုကိုလည်း ရရှိနိုင်ပေ၏။

စုန့်လောင်စီက သူ့ဒေါသကို ချုပ်တည်းလိုက်ပြီး ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ။ ငါမင်းကို ပိုက်ဆံ နောက်ကျပေးမယ်။ သူ့ကို အရင်လွှတ်ပေး။”

“ငါ ပိုက်ဆံကို မမြင်ရရင် ငါသူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး”

ခြေကျိုးဝမ့်က စုန့်လောင်စီကို ချိုးနှိမ်ပြောရန် အချိန်များစွာ စောင့်ခဲ့ရတာ ဖြစ်သည်။ လူတွေက မင်းကို မော်ကြည့်နေကြပြီး မင်းကိုယ်မင်း သူဌေးကြီးတစ်ယောက်လို့ တွေးနေတာလား။ ထပ်ပြောရပါက စုန့်လောင်စီက နောက်ပိုင်းတွင် သူ့ကို မပေးပါက သူဘာလုပ်နိုင်မည်နည်း။ သူတို့က တိုက်ပွဲဖြစ်ရန်သာ ဆိုင်းပြင်းနေကတည်းက ပိုက်ဆံ အရင် ရှာရန် မလိုအပ်ပေ။

“ခြေကျိုးဝမ့် မင်းနိုက်ကလပ်ကို စောစောက ရဲတွေ လာတာ တွေ့လိုက်တယ်။ ငါတို့တွေ သေနပ် ဖောက်ရင် တိုက်ပွဲ ဖြစ်ရင်တော့ အဆင်ပြေမယ် မထင်ဘူးနော်”

စုန့်လောင်စီက သူ့ကိုယ်ပိုင် ပုံရိပ်ကောင်းကို ဖန်တီးစေချင်သေးသည်။ သူက ထိုနေရာတွင် သွေးမြေမကျချင်ပေ။ အကြောင်းမှာ သူ့ပုံရိပ်ကောင်းကို နှစ်နှစ်ကြာအောင် ဖန်တီးထားရသည့် အတွက် ဖြစ်ပေ၏။

“ငါ့ကို ခြိမ်းခြောက်နေတာလား။ မင်ရဲ့ လူတွေကို ပိုက်ဆံသွားယူခိုင်းခဲ့လိုက်။ ငါ ဒီမှာ စောင့်မယ်။ ရဲတွေတောင် ဒီကို ရောက်လာရင်တောင် ဘာအရေးလဲ။ ငါ ဒီနေရာကို ပိုင်တယ်။ ငါ့ နေရာမှာ သူငယ်ချင်းတွေနဲ့ နည်းနည်း စကားပြောရမှာ ဘာမှားမှာလဲ။ ဒီ ဓားတွေက ဖရဲသီးခွဲဖို့”

ခြေကျိုးဝမ့်က ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။ စုန့်လောင်စီလည်း ဒီနေ့တွင် ရှိနေသည်လား။

စုန့်လောင်စီက လီကွမ်းကျန်းကို ကြည့်လိုက်ကာ လီကွမ်းကျန်းက စုန့်လောင်စီ၏ Mercedes Benzဆီ လျှောက်သွားလိုက်၏။ သူသည် ကားနောက်ထဲက ယွမ် ၁၀၀,၀၀၀သိန်း ထုတ်လိုက်၏။ ကားနောက်ခန်းရှိ ပိုက်ဆံသည် စုန့်လောင်စီ၏ အရေးပေါ် သုံးငွေ ဖြစ်သည်။

အစောပိုင်းတွင် စုန့်လောင်စီက သူ့တူ စုန့်ရှောင်ဖုန်းကို ကယ်တင်ပြီး ခြေကျိုးဝမ့်ကို ဘာမျှ ပေးဖို့ မစဉ်းစားခဲ့ပေ။ သူက ယခုတွင် ခြေကျိုးဝမ့်အား သင်ခန်းစာ တစ်ခု ပေးရမည်ပင်။ သူကို သင်ခန်းစာ မပေးပါက ဘင်းမြို့တော် မြေအောက်လောက၏ ခေါင်းဆောင်ရာထူးက အန္တရာယ် ရှိလာမည်ပင် ဖြစ်၏။

ပိုက်ဆံကို ခြေကျိုးဝမ့်ကို လွဲလိုက်ပြီး ခြေကျိုးဝမ့်က ပျော်ရွင်စွာ ပြုံးနေ၏။ သူ့လူများကို လက်ပြလိုက်ပြီး သူတို့က စုန့်ရှောင်ဖုန်းကို လွှတ်လိုက်၏။

စုန့်လောင်စီက စုန့်ရှောင်ဖုန်းနှင့် အတူ နိုက်ကလပ်မှ ပြန်ထွက်လာသည်။ လီကွမ်းကျန်းသည် သူ့တို့နောက်မှ နောက်ပြန် လမ်းလျှောက်လျက် ခြေကျိုးဝမ့်ကို မျက်တောင် တစ်ချက်မှ မခက်ပဲ သွား၏။ စုန့်လောင်စီက သူ့တူနှင့်အတူ Mercedes Benz ကားထဲ ဝင်လိုက်ပြီး သူက လီကွမ်းကျန်းကို လည်ပင်းဖြတ်သည့် အမူအရာ လုပ်ပြလိုက်၏။ သူ့တူ၏ ဒဏ်ရာများက မြင်ရသည်ထက် ပိုပြင်းထန်ပုံရသည်။ သူက ခြေကျိုးဝမ့်၏ အထက်စီးဆန်မှုနှင့် မာနကြီးမှုကို တွေးလိုက်သည့်အခါ သူက နောက်ထပ် သည်းခံနိုင်စွမ်း မရှိတော့ပေ။

စုန့်လောင်စီ၏ ကားက အဆောက်အဦးထဲမှ ထွက်သွားပြီး လီကွမ်းကျန်းသည် ဆောင်းဦး နိုက်ကလပ်ထဲကို သူ့လူများနှင့်အတူ ပြန်ပြေးသွားတော့သည်။ သို့သော် ခြေကျိုးဝမ့်က နောက်တံခါးမှ ထွက်သွားပြီး ဖြစ်သည်။ သူတို့ကို စောင့်နေသည့် သူများကား ခြေကျိုးဝမ့်၏ လူများသာ ဖြစ်သည်။

လီကွမ်းကျန်းက စုန့်လောင်စီ၏ ညာလက်ရုံး ဖြစ်ကာ အတော်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်သည်။လီကွမ်းကျန်း တစ်ယောက်တည်း၏ အကူအညီကြောင့်သာ စုန့်လောင်စီ၏ လက်ရှိ ပိုင်နက်တစ်ဝက်အား ရခဲ့ခြင်းသည်ဟု ပြောရန် သင့်တော်ပေ၏။ အကယ်၍ လီကွမ်းကျန်း သေသွားခဲ့လျှင် စုန့်လောင်စီ၏ အင်အားကလည်း တစ်ဝက် ကျသွားပေလိမ့်မည်။

နှစ်ဖက်လုံးက သူတို့၏ သေနပ်များကို မသုံးသော်လည်း ဓားနှင့် သတ္တုပိုက်များကို သုံးသည်။ နှစ်ဦးနှစ်ဖက်လုံး၏ ထိတ်တိုက်တွေ့မှုက ဗြောင်းဆန်နေတော့၏။

တိုက်ခိုက်မှုက မကြာပေ။ ဆောင်းဦး နိုက်ကလပ်၏ တံခါးများက နောက်ထပ် ၁၅မိနစ်ကျ ပွင့်လာခဲ့သည်။ လီကွမ်းကျန်းက ထွက်လာပြီး သွေးများဖြင့် ဖုံးလွှမ်းလျက် အဝေးကို မောင်းထွက်သွား၏။

နိုက်ကလပ်ထဲတွင် လူ အယောက် ၆၀မှ ၇၀ကြား ကြမ်းပြင်ပေါ်တွင် ဒဏ်ရာများနှင့် လဲလျောင်းနေ၏။ တချို့သူများက လက်သို့မဟုတ် ခြေထောက်များ ကျိုးနေကာ တချို့က ဒဏ်ရာနက်နက်များ ရနေကာ ဓားဒဏ်ရာများနှင့် ဖြစ်နေ၏။

လီကွမ်းကျန်း လွတ်မြောက်သွားသည်ကို ကြားသည့်အခါ ခြေကျိုးဝမ့်က ကြမ်းပြင်ပေါ်ကို ဘီယာပုလင်း ပစ်လိုက်လိုက်၏။ လူတိုင်းက လူဖျာင်းတွေချည်းပဲ။

သူတွင် လူ အယောက်လေးဆယ်ကျော် ရှိကာ ပြီးနောက် သူတို့ လူအယောက်လေးဆယ်က သူတို့ ထက် သာနေ၏။ သူတို့က လီရှစ်ချင် လွတ်မြောက်သွားသည်ကိုတောင် ခွင့်ပြုလိုက်ရသည်။ လီကွမ်းကျန်း၏ လွတ်မြောက်မှုက ခြေကျိုးဝမ့်ကို စိုးရိမ်ပူပန်စေ၏။ ထိုလီကွမ်းကျန်းက ကောလဟလများထက် အစွမ်းထက်ပုံပိုရ၏။

“ချိုင်းထောက်သခင် ကျွန်တော် နောက်မှာ ရှိနေခဲ့ရင် လီကွမ်းကျန်းကို သတ်နိုင်ခဲ့မှာ”

ခြေကျိုးဝမ့်၏ ညာလက်ရုံး ဖြစ်သည့် လန်းချင်က ပြောလိုက်၏။

ချိုင်းထောက်သခင်က ခေါင်းခါလိုက်ကာ ပြောလိုက်သည်။

“မင်း မသွားနိုင်ဘူး။ မင်း လီကွမ်းကျန်းကိုသတ်နိုင်ရင်တောင် မင်းက ငါ့နားမှာ နေနိုင်မှာ မဟုတ်ဘူး။ ငါတို့တွေ စုန့်လောင်စီကို အမြစ်ဖြတ်နိုင်ရင်တောင် ငါတို့တွေက အစ်ကိုကေကို သတိထားဖို့ လိုသေးတယ်”

ခြေကျိုးဝမ့်က သူ့လူနှင့် ဆွေးနွေးသည်နှင့် အံကိုက် တစ်ယောက်ယောက်က သူ့ခေါင်းကို ခေါက်ပြီး ဖုန်းယွီ ဒီကို ထပ်လာကြောင်း သူ့ကို ပြောလိုက်၏။

“ခြေကျိုးဝမ့် ကျွန်တော် အခု ဆောင်းဦး နိုက်လကပ်ကနေ ဖြတ်လာတာ။ လီကွမ်းကျန်း ပြေးထွက်သွားတာကို မြင်လိုက်တယ်။ ကျွန်တော်ကို မပြောနဲ့။ ကျွန်တော်ကြောင့် စုန့်လောင်စီနဲ့ ခြေကျိုးဝမ့် ထိပ်တိုက်တွေ့မှု ဖြစ်တာ ကျွန်တော်ကြောင့်လား။”

ဖုန်းယွီက အလွန်ဝမ်းနည်းသည့် သွင်ပြင်ဖြင့် မေးလိုက်၏။

ခြေကျိုးဝမ့်က ဖုန်းယွီကို စကားမပြန်ဘဲ ပြုံးရုံသာ ပြုံးလိုက်၏။

“ခြေကျိုးဝမ့် ကျွန်တော် ခင်ဗျားလူတွေ ဒုက္ခရောက်ကုန်ပြီ။ သူတို့အတွက် တစ်ခုခု ကျွန်တော် လုပ်ပေးရမှာပေါ့။ ဒါက ယွမ် ၁၀၀,၀၀၀။ ခြေကျိုးဝမ့် ဒါက မလောက်သေးဘူးလို့ တွေ့ရင် ဘယ်လောက် လိုလဲဆိုတာ ကျွန်တော်သိပါရစေ။ ကျွန်တော် နည်းလမ်းရှာပြီး ပိုက်ဆံကို ရှာပြီး ပို့ပေးလိုက်မယ်”

ဖုန်းယွီက ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။

ဖုန်းယွီက ခြေကျိုးဝမ့်က သူကို သစ္စာရှိတဲ့ လူတစ်ယောက်အဖြစ် မြင်စေချင်ရုံသာမက သူက ခြေကျိုးဝမ့်လူများကလည်း ထိုအကြောင်းကို သိစေချင်၏။ ခြေကျိုးဝမ့် ဒုက္ခရောက်သည့်အခါ ခြေကျိုးဝမ့်လူများက သူ့ကို ခြေကျိုးဝမ့်ကို သစ္စာဖောက်မည့် လူတစ်ယောက်အဖြစ် တွေးမှာကို သူ မလိုလားပေ။

“ညီအစ်ကို ဖုန်း၊ ချိုင်းထောက်သခင်က မင်း ပိုက်ဆံကို ယူမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့တွေ စုန့်ရှောင်ဖုန်းကို မသတ်နိုင်ခဲ့ဘူး။ ပြီးတော့ လီကွမ်းကျန်းကတောင် သူ့ကို ကယ်နိုင်ခဲ့တယ်။ မင်းအတွက် ချိုင်းထောက်သခင်က အားထုတ်မှုတွေ ထည့်ထားတယ်။ အခုက ချိုင်းထောက်သခင်ကို မင်း ပြန်ပေးနိုင်မဲ့ အခွင့်အရေး ရှိိတယ်။ မင်းလုပ်မှာလား”

လျန်းချင်က ဖြတ်ပြောလိုက်၏။

ဖုန်းယွီက မှင်သက်အံ့ဩနေကာ သူ့စိတ်ထဲ တွေးလိုက်၏။

“-ီး ငါ့ကို စုန်လောင်စီကို ကိုယ်တိုင် သတ်ခိုင်းစေချင်တာလား။ မင်းနှမသာ -ိုးလိုက် ငါ ကြက်တစ်ကောင်တောင် မသတ်ရဲဘူး”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset