FY အခန်း ၆၃

အခန်း ၆၃ တိုက်ပွဲ (အပိုင်း ၁)

ခြေကျိုးဝမ့်က ဖုန်းယွီကို အရင်ပြန်ခိုင်း လိုက်သည်။ သူသည် ဖုန်းယွီအား အဖြေ ပြန်မပေးရသေးခင် ထိုကိစ္စကို ရှေးဦးစွာ စုံစမ်းရန် လိုသေးသည်။ သူက ဖုန်းယွီ၏ တစ်ဖက်တက် တောင်းဆိုချက်ကို မယုံကြည်နိုင်ပေ။

ခြေကျိုးဝမ့်က နွေဦး နိုက်ကလပ်တွင် စောင့်ကြပ်နေသည့် သူ့လူများကို မေးလိုက်သည်။ ဖုန်းယွီ ပြောသည့်အတိုင်း အဖြစ်အပျက်က ဖြစ်ပွားခဲ့သည်ပင်။ ဖုန်းယွီနှင့် သူ့သူငယ်ချင်း နိုက်ကလပ်ထဲ ဝင်လာခါစသာ ရှိသေးချိန်တွင် သူတို့က စုန့်ရှောင်ဖုန်း လူများ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ စုန့်ရှောင်ဖုန်းက ဖုန်းယွီအား သူ့ကို လျော်ကြေးငွေ ယွမ် ၁သန်းပေးရန်တောင် မေးခဲ့သည်။ တုက်၏ ဒဏ်ရာများက ဖုန်းယွီ၏ ရုံးတွင် ဖြစ်ပွားသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်၏။

ဖုန်းယွီ၏ သူငယ်ချင်း ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ရသွားသည်ကို နောက်တွင် ထပ်စုံစမ်းဖို့ မလိုအပ်ပေ။ လူလေးယောက်၏ ငါးမိနစ်တာ ရိုက်နှုက်မှုကို ခံရပြီးနောက် သူက သေချာပေါက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမည်ပင်။ ထပ်ပြောရလျှင် စုန့်ရှောင်ဖုန်းက ထိုနေ့အတွက် ပျက်ဆီးမှုများအတွက် မပေးရသေးပေ။ ခြေကျိုးဝမ့်နှင့် ပတ်သက်သည့် သူ့နောက်လိုက်က အရင်ဆုံး စုန့်ရှောင်ဖုန်း ခေါ်ဆောင်လာသည့် မိန်းကလေးကို မျက်စိကျနေသည်။ ထို့အတွက် သူက အနည်းငယ် ချဲ့ကား ပြောခြင်း ဖြစ်ပေသည်။

ဉပမာအားဖြင့် ဖုန်းယွီက ချိုင်းထောက်သခင်၏ နာမည်ကို ပြောသော်ငြား စုန့်ရှောင်ဖုန်းက လျစ်လျူရှုဆဲ ဖြစ်ကာ သူ့လူများကိုတောင် သူတို့ကို ကြမ်းကြမ်း ရိုက်ခိုင်းလိုက်သည်။

ယခုတစ်ခေါက်တွင် ခြေကျိုးဝမ့် ငြိမ်နေလို့ မရတော့ပေ။ စုန့်ရှောင်ဖုန်းတောင် သူ၏ ပိုင်နက်တွင်တောင် မာန်တက်ရဲလာသည်။ ထိုအရာက စုန့်လောင်စီ အင်အားက အများကြီး တိုးလာသည်ကို ပြသခြင်းပင် ဖြစ်၏။ သူက ယခုကိစ္စကို တိတ်ဆိတ်နေကာ ခွင့်လွတ်လိုက်ပါက တစ်နှစ်အတွင်း ဘင်းမြို့တော်တွင် ချိုင်းထောက်သခင်ရှိတော့မည် မဟုတ်ပေ။

“အသုံးမဝင်လိုက်တာ။ ငါမင်းကို ဘာပြောခဲ့တုန်း။ ငါတို့ရဲ့ နိုက်ကလပ်မှာ ရန်ဖြစ်တာတွေ မဖြစ်ရဘူးလို့ ပြောခဲ့တယ်။ နေ့တိုင်းရန်ဖြစ်နေရင် ဘယ်သူက ငါတို့ နိုက်ကလပ်ကို လာတော့မှာလဲ။ ငါတို့တွေ ပိုက်ဆံ ဘယ်က ရမှာလဲ။ ပိုက်ဆံ မရှိရင် မင်းတို့တွေ ဘာနဲ့ သွားစားမှာလဲ။”

ခြေကျိုးဝမ့်က နိုက်ကလပ် တာဝန်ယူသည့် သူနောက်လိုက်ကို ဆူပူကြိမ်းမောင်းလိုက်သည်။

ထိုနောက်လိုက်က ထက်မြက်ပြီး မေးလိုက်သည်။

“ချိုင်းထောက်သခင် ကျွန်တော်တို့တွေ စုန့်ရှောင်ဖုန်းနဲ့ ပတ်သတ်တဲ့ ဒီမတော်တဆမှုကို စုံစမ်းရမှာလား။”

“သေချာတာပေါ့။ ငါ့ပိုင်နက်မှာ ပြဿနာတွေ လာဖန်တီးတာက ငါ့မျက်နှာကို ရိုက်ချလိုက်သလိုပဲ။ သွားပြီး သူ့ကိုခေါ်ခဲ့။ စုန့်လောင်စီကို သူကိုယ်တိုင် ပြန်လာခေါ်ခိုင်းလိုက်”

……

ဖုန်းယွီက တစ်ညလုံး ဝူကျီကန်းကို ဆေးရုံတွင် စောင့်ရှောက်နေ၏။ ဝူကျီကန်းက ယခုအချိန်တွင် သူ့မိသားစုအား အသိမပေးချင်ပေ။

နောက်တစ်နေ့ မနက်တွင် ဖုန်းယွီနှင့် ရင်းနှီးသည့်သူ တစ်ယောက် သူ့ရှေ့တွင် ပေါ်လာ၏။ ထိုလူကား ခြေကျိုးဝမ့်၏ လူတစ်ယောက် ဖြစ်သည်။

“မန်နေဂျာဖုန်း။ ကျွန်တော်က ချိုင်းထောက်သခင်ကိုယ်စား ဒဏ်ရာရထားတဲ့ လူဆီ လာတွေ့တာပါ ပြီးတော့ ချိုင်းထောက်သခင်ဝမ့်က သတင်းစကား တစ်ခု ပါးလိုက်ပါတယ်။ ချိုင်းထောက်သခင်က စုန့်ရှောင်ဖုန်းကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့တွေက စုန့်လောင်စီလာမှာကို စောင့်နေကြပါတယ်။”

တစ်ကိုယ်လုံး ပတ်တီးများ စီးထားသည့် ဝူကျီကန်းကို ခြေကျိုးဝမ့်လူက ကြည့်လိုက်သည်။ စုန့်ရှောင်ဖုန်း၏ လူများက သနားညှာတမှု မရှိပေ။ သို့သော် ထိုပတ်တီးများက ဖုန်းယွီ စီးခိုင်းထားသည်ကို သူမည်သို့ သိမည်နည်း။ ထိုပတ်တီးများလည်း မလိုအပ်ပေ။

သို့သော် ဖုန်းယွီက ဆရာဝန်များကို အန်ပေါင်းများ ပေးကာ အနာများကို မြန်မြန်ပျောက်အောင် ကုပေးရန် ပြောလိုက်သည်။ အန်ပေါင်းများကို လက်ခံ ရရှိပြီးနောက် ဝူကျီကန်းကို အနည်းငယ် အဝတ်အစားများ ဝတ်ပေးလိုက်ကြသည်။ ဆရာဝန်တို့က ထိုကဲ့သို့ မသိနားမလည်သည့် လူနာများကို မကြာခဏ တွေ့ဆုံရန် မျှော်လင့်နေကြ၏။

“ချိုင်းထောက်သခင်ကို ကျွန်တော်က ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး။ ဒီပိုက်ဆံက ခင်ဗျားနဲ့ ခင်ဗျားတို့ ညီအစ်ကိုတို့ သောက်ဖို့အတွက်”

ဖုန်းယွီက ပြောလိုက်သည်။

ခြေကျိုးဝမ့်၏ လူပြန်သွားသည်ကို လိုက်ပို့ပြီးနောက် ဖုန်းယွွီက ကိုမာဝင်နေသည့်ပမာ ဟန်ဆောင်ထားသည့် ဝူကျီကန်းကို နှိုးလိုက်သည်။ ဖုန်းယွီသည် ခုတင်အောက်မှ လျှပ်စစ်ပန်ကာ နှစ်ခုကို ထုတ်လိုက်ပြီးနောက် ဝူကျီကန်းဆီ ပန်ကာကို လှည့်ထားလိုက်သည်။ နွေဥတု၏ အပူအောက်နှင့် ထူထည်းသည့် ပတ်တီများကြောင့် အပူဖုများ အလွယ်တကူ ထွက်နိုင်၏။

“မန်နေဂျာဖုန်း အရင်သွားလိုက်ပါ။ ကျွန်တော် အဆင်ပြေပါတယ်”

ဝူကျီကန်းက ပြောလိုက်သည်။

ဖုန်းယွီသည် သူ့ကို လူကိုင်တိုင် စောင့်ရုံတင်မက သူ့အတွက် အိမ်သာပါ အခန်းတစ်ခန်းကိုတောင် စီစဉ်ပေးလိုက်သည်။ ထိုအရာက အစိုးရ အရာရှိများ ကုသသည့် ပုံစံမျိုး ဖြစ်သည်။ ဖုန်းယွီက ယင်းကဲ့သို့ ကုသမှုအတွက် ပိုက်ဆံ အနည်းငယ် သုံးသည်။

“ငါမင်းကို ဂရုစိုက်ရင်းနေမယ်။ မင်းကိုတိုင်တောင် အိမ်သာကို မသွားနိုင်သေးဘဲနဲ့”

ဖုန်းယွီက ခုတင်ပေါ်တွင် မံမီရုပ်တစ်ကောင်အလား ကြည့်ကာ ပြောလိုက်သည်။

“ဆေးထိုးဖို့ အချိန်ရောက်ပြီ။ တင်ပါးကို လှန်။ ဒီဆေးထိုးပြီး ဆေးနှစ်လုံး သွင်းပြီးတာနဲ့ မင်း ဆေးရုံ ဆင်းလို့ရပြီ။ နင်က သူ့အစ်ကိုလား။ နင်ဘာမှ မသိဘဲ ဆရာဝန်တွေ လုပ်တာကို နောက်ကျ လိုက်မနှောက်ယှက်န့။ သူ့မှာ ဘာမှ ဖြစ်နေတာ မဟုတ်ဘဲနဲ့ ဆရာဝန်တွေကို တစ်ကိုယ်လုံး ပတ်တီးဆေးပေးဖို့ ပြောခဲ့တယ်။ နင်က သူ့အတွက် ပန်ကာနှစ်ခုကိုတောင် ဝယ်ခဲ့တယ်။ အပူလောင်ဖို့ အတွက် ပိုက်ဆံတွေ အများကြီး မင်းမှာ ရှိတာလား။”

သူနာပြုငယ်လေးက ဝင်လာပြီး ဆေးချိတ်ရန်နှင့် ဆေးထိုးရန် ပြင်စဉ် ဖုန်းယွီကို စတင် ဝေဖန်လိုက်တော့သည်။ ဖုန်းယွီက ရုတ်တရက် ဝူကျီကန်း၏ မျက်လုံးများ တောက်လာသည်ကို တွေ့လိုက်ရကာ သူ့ဖင်ကို လှန်ရန်အတွက် စတင် တွန့်လိမ်တော့သည်။

ဖုန်းယွီက ခေါင်းခါလိုက်သည်။ ဘာကြောင့် ဝူကျီကန်း သူ့ကို အရင် ပြန်စေချင်လဲဆိုတာကို နောက်ဆုံးတွင် သဘောပေါက်တော့၏။

ဆေးထိုးပြီး ဆေးချိတ်ပြီးနောက် ဖုန်းယွီသည် သူနာပြု၏ ဘေးနာကို လျှောက်သွားပြီး ပြောလိုက်၏။

“အစ်မ ကျွန်တော် ခင်ဗျားကို ကျွန်တော်သူငယ်ချင်းကို နောက်ထပ် နှစ်ရက်လောက် ဂရုစိုက်ပေးဖို့ ဒုက္ခပေးရတော့မှာပဲ”

“ကျွန်မတို့ရဲ့ ဆေးရုံက လူနာတွေ အားလုံးကို အတူတူ ဆက်ဆံပါတယ်။ အထူး ကုသမှုတွေ မရှိပါဘူး”

သူနာပြုက ပြောလိုက်၏။

ဖုန်းယွီက တီးတိုးပြောလိုက်၏။

“ကျွန်တော် အစ်မကို အမှန်ပြောပြမယ်။ ကျွန်တော်သူငယ်ချင်းက အစ်မကြောင့် ရောက်လာတာ။ ကျွန်တော် သူ့ရဲ့ ဒဏ်ရာတွေက အရမ်းမပြင်းထန်မှန်းသိပါတယ်။ ဒီလောက် နွေအပူမှာ ပတ်တီးထူထူ ကြီးတွေနဲ့လား။ အရာအားလုံးက သူ အစ်မနဲ့ နီးချင်လို့ ဆေးရုံမှာ ကြာကြာနေချင်လို့ပါဗျာ”

သူနာပြုလေး၏ မျက်နှာက နီးရဲသွားပြီးနောက် ဝူကျီကန်းကို ခိုးကြည့်လိုက်သည်။ သူက ထိုလူက အရူးတစ်ယောက်ကဲ့သို့ တွေးနေလေသည်။ ထို့ကြောင့် ထိုအရာများက သူ သူမကို နှစ်သက်သည့် အတွက် ဖြစ်သည်။ ယခုကဲ့သို့ အခန်းမျိုးတွေ နေနိုင်သည့် သူတစ်ယောက်နှင့် လျှပ်စစ်ပန်ကာ နှစ်ခု သူ့ကို ပန်းထားသည်နှင့် ဆေးရုံကို ကားနှင့် လာသည်အတွက် သူ့မိသားစုက အတော်လေး ချမ်းသာမည်ပင်။ သူမက အခြားသူနာပြုများ ဝူကျီကန်းအကြောင်း ပြောတာကို ကြားလိုက်ရသည်။ ဝူကျီကန်းသည် ရုပ်ရည် မဆိုးသည့်အပြင့် သူ့အရိပ်ကလည်း ၁.၈မီနာခန့် မြင့်၏။

ဖုန်းယွီသည် ယွမ် ၁၀၀ကျော်ပါသည့် ပိုက်ဆံထုတ်ကို ထုတ်လိုက်ပြီးနောက် သူနာပြုကို ကမ်းပေးလိုက်တော့၏။

“ဒါက ဘာအဓိပ်ပာယျလဲ”

သူနာပြုငယ်လေးက စိတ်မပျော်ရွှင်စွာ မေးလိုက်၏။

“သိပ်မများပါဘူး။ ကျွန်တော် သူငယ်ချင်း တစ်ခုခု စားချင်ရင် သူ့ကို ကူညီပေးပါဦး”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

ဖုန်းယွီက အခန်းထဲသို့ ပြန်ဝင်လာပြီးနောက် ဝူကျီကန်းကို ပြုံးလိုက်ကာု

“သတင်းကောင်း သူနာပြု ဆရာမလေးက လူလွတ်တဲ့။ သူ ဒီပတ် အလုပ်နားတယ်လို့ ပြောတယ်။ ငါ့က သူကို မင်းကို စောင့်ရှောက်ပေးဖို့ မေးခဲ့တယ်။ မင်း သူ့အနားမှာ ရှိနေရင် မင်းအခုကစပြီး အဆင်ပြေတော့မှာ။ ငါအခု ပြန်သွားလိုက်ဦးမယ် ညနေမှ မင်းဆီ ပြန်လာခဲ့မယ်။”

……

စုန့်ရှောင်ဖုန်းက ခြေကျိုးဝမ့်၏ ချုပ်နှောင်မှုကို ခံထားရပြီး ခြေကျိုးဝမ့်က စုန့်လောင်စီကိုတောင် စကားပါးလိုက်၏။ စုန့်ရှောင်ဖုန်းကို ကယ်ချင်လိုလျှင် သူအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သူ့ကို လာတွေ့ရမည် ဖြစ်သည်။ ယင်းမတော်တဆမှုက စုန့်လောင်စီကို ထိတ်လန့်သွားစေသည်။ သူသည် ဘာဖြစ်ခဲ့လည်းဆိုတာ စတင် ကြိုးစားရှာဖွေတော့သည်။ သို့သော် သူက မကြာမီ စုန့်ရှောင်ဖုန်းနှင့် သူ့နောက်လိုက်များအားလုံးက ခြေကျိုးဝမ့်၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရကြောင်း သိသွားခဲ့သည်။

သူသည် အရင်တစ်ခေါက်က ခြေကျိုးဝမ့်ကို ယွမ် ၁၀၀,၀၀၀ပေးပြီး ဖြစ်ကာ ခြေကျိုးဝမ့်ကလည်း ပိုက်ဆံကို လက်ခံခဲ့သည်။ ယခုအချိန်တွင် သူဘာလိုချင်နေသနည်း။ စုန့်လောင်စီက ဒေါသ အချောင်းချောင်း ထွက်သွားသည်။ သူ့တူက သူ၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်သည်။ သူ့တူကို ထိသည့်သူ မည်သူမဆို သူက ခွင့်လွတ်မည်မဟုတ်ပေ။

သူက သူ့လူ ဒါဇင်ပေါင်းများစွာနှင့် ခြေကျိုးဝမ့်ကို တွေ့ရန်အတွက် သူ့ Mercedes-Benzကားဖြင့် ထွက်သွားတော့သည်။

စုန့်လောင်စီက သူ့ဆီလာနေမှန်း ခြေကျိုးဝမ့်က သိပြီး သူလည်း စတင် ပြင်ဆင်တော့၏။ နွေဦးနိုက်ကလပ်တွင် လူအယောက်သုံးဆယ်နှင့် သံပိုက်များ၊ ဓား၊ နှလုံးပြူးသေနတ်နှင့် ပစ္စတိုသေနတ်တို့ဖြင့် ဖြစ်၏။ စုန့်လောင်စီသာ စုန့်ရှောင်ဖုန်းဖြင့် အားဖြင့် ထုတ်ပါက ဘယ်သူ့ဘဝက ပိုခက်ခဲမည်ဆိုတာကို တွေ့နိုင်ပေ၏။

ဗင်ကား အနည်းငယ်က ဝင်ပေါက်တွင် ရပ်ထားပြီးနောက် ဒါဇင်ပေါင်းများစွာသော လူများက ဆင်းလာကြ၏။ နွေ၏ အပူက ပူသော်ငြား သူတို့က ဝတ်ရုံရှည်များ ဝတ်ဆင်ထားပြီး သူတို့ အဝတ်များ အားလုံးက အဖုအဖောင်းတွေနှင့် ဖြစ်၏။

ထို့နောက် Mercedes-Benz က ဝင်လာပြီး ရှေ့ခန်းတံခါးမှ လူက စင်းလာ၏။ စုန့်လောင်စီက ညာလက်ရုံး ဖြစ်သည့် လီကွမ်းကျန်း ဆင်းလာပြီး နောက်တံခါးကို ဖွင့်လိုက်၏။ တစ်ချိန်တည်းတွင် သူက ထီးကို ဖွင့်လိုက်သည်။ စုန့်လောင်စီက ကားထဲမှ ဖြည်းဖြည်းချင်းဆင်းလာကာ သူ့လူများကို ကြည်လိုက်သည်။ မြင်လိုက်ရသည့် အရာက အတော် သူ့အား စိတ်ကျေနပ်စေသည်။

“အဲ့တာဆို ဒါက ခြေကျိုးဝမ့်ရဲ့ ပိုင်နက်လား။ ငါ ငါ့လူတွေ အများကြီး ခေါ်ခဲ့တယ်။ စုန့်ရှောင်ဖုန်းကို ယနေ့တွင် မလွှတ်ပါက ယနေ့တွင် နွေဦး နိုက်ကလပ်တွင် သွေးကြောင်းစီးတော့မှာပဲ”

စုန့်လောင်စီက တွေးလိုက်၏။

လီကွမ်းကျန်းက သူ့လူအနည်းငယ်ကို နိုက်ကလပ်ထဲ အရင်ဝင်ရန် ညွှန်ကြားလိုက်၏။ စုန့်လောင်စီနှင့် လီကွမ်းကျန်းက နောက်မှ နိုက်ကလပ်ထဲကို ဖြည်းဖြည်းချင်း ဝင်လာ၏။

ခြေကျိုးဝမ့်က နိုက်ကလပ်အလယ်ရှိ စားပွဲပေါ်တွင် ထိုင်နေကာ ဘီယာကို သောက်နေ၏။ သူက စုန့်လောင်စီ ဝင်လာသည်ကို မြင်ပြင်းနောက် သူက ကြည့်လိုက်ပြီးနောက် လှောင်ရီ ပြုံးလိုက်၏။

“စုန့်လောင်စီ မင်း အရမ်းအလုပ် ရှုပ်နေတာပဲ။ ငါမင်းကို ဖိတ်တာ အခေါက်ပေါင်းများစွာ ရှိပြီ။ နောက်ဆုံး အခုမှပဲ ပေါ်လာတော့တယ်”

စုန့်လောင်စီက ခြေကျိုးဝမ့်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ ဘီယာအေးတစ်ကျိုက်ကို သောက်လိုက်ပြီးနောက် ပြောလိုက်သည်။

“ခြေကျိုးဝမ့် မင်းရဲ့ ဖိတ်ကြားချက်ကို ငါငြင်းဆိုခဲ့တာက မင်းက ငါ့တူကို ဖမ်းထားလို့ပဲ။ မင်းငါ့အတွက် အကြောင်းပြချက်ကောင်းကောင်း ပေးရမယ်”

စုန့်လောင်စီက သူ့ကို ပြောသည်ကို ကြားပြီးနောက် ခြေကျိုးဝမ့်က စားပွဲကို ဘီယာပုလင်းဖြင့် ရိုက်ချလိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းက ငါ့ဆီက ဖြေရှင်းချက် ပေးတာ လိုချင်နေတာလား။ မင်းရဲ့ တူက က ငါ့နိုက်ကလပ်မှာ အကြိမ်ပေါင်းများစွာ ပြသနာတွေ ဖန်တီးခဲ့တယ်။ ဒါတွေအတွက် ငါ့ကို ဖြေရှင်းချက် ထပ်ပေးစေချင်သေးတာလား။”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset