ERSY အခန်း ၁၈၇

အခန်း ၁၈၇ ။ ကျိုးသင့်ကြောင်းသင့်

“ဧကရာဇ်ဝူဟုန် ကျုပ်တို့ ဝူတိဂိုဏ်းက ဖုန့်ထျန်းတိုက်ကြီးနဲ့ အမြဲဆက်ဆံရေးကောင်းခဲ့တာပဲ၊ ဒီတစ်ခေါက် ခင်ဗျား ကျုပ်တို့ဆီပို့လိုက်တဲ့ အမတအစေ့အသုတ်က တကယ်ကိုကောင်းတယ်၊ ရှန်းရင်ကလည်း ခင်ဗျားတို့ကို ကျေးဇူးတင်ဖို့ ကျုပ်ကို အထူးတလည် သတိပေးလိုက်သေးတာ၊ ကျုပ်တို့က ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ချင်တာ စိတ်ရင်းနဲ့ပါ”

“သဘောတူပါတယ် ရောင်းရင်းအမတ”

“ရွှမ်ထုံလေးတောင် သူ့ဧကရာဇ်ဦးလေးနှစ်ယောက်ကိုတွေ့ချင်တဲ့အကြောင်း ပြောနေတာ၊ ဒါက ကံကြမ္မာကြောင့်ပဲ ကျုပ်တို့လည်း ဘုံတူတူရှိနေတာဆိုတော့ ထူးခြားတဲ့ ဆက်ဆံရေးကို တန်ဖိုးထားသင့်တယ်မဟုတ်လား”

“သဘောတူပါတယ် အမတရောင်းရင်း”

“ကျုပ်တို့ဝူတိဂိုဏ်းက ဂိုဏ်းကြီး မဟုတ်ပေမဲ့ လိုက်နာတဲ့ စည်းမျဉ်းတွေတော့ရှိပါတယ်၊ ကျုပ်တို့ဂိုဏ်းတပည့်တွေအားလုံးက ရင်းနှီးဖော်ရွေကြတယ်၊ ပြဿနာမရှာပေမဲ့ ရှောင်လည်းရှောင်မနေဘူး”

“သဘောတူတယ် အမတရောင်းရင်း”

“အရှင်မင်းကြီး ဘယ်သူနဲ့ မိတ်ဆွေလုပ်မလဲ ရွေးချယ်တာကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်နိုင်ပေမဲ့ ဆိုရိုးတစ်ခုက ‘မိတ်ဆွေစစ်ကို ရွေးချယ်တာက ကျင့်ကြံဆင့်လမ်းစဉ်မှန်ကို ရွေးချယ်တာလောက် အရေးကြီးတယ်’တဲ့လေ၊ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ မရောပါနဲ့”

“ကျုပ် သဘောတူတယ် အမတရောင်းရင်း”

“တကယ်တော့ ဧကရာဇ်တစ်ပါးအနေနဲ့ ခင်ဗျားရဲ့ လှုမှုဆက်ဆံရေးက ဆိုးရွားလားဆိုတာ အရေးမကြီးပါဘူး၊ တစ်ယောက်သောသူကလွဲ ဘယ်သူမှ ဘာမှမလုပ်နိုင်ပါဘူး၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာမှာလဲ”

“သဘောတူပါတယ် အမတရောင်းရင်း”

“ဧကရာဇ်ပိုင်ထီပြောတဲ့ကိစ္စအတွက်ကတော့ အခြေအနေက ဒီလိုပါ၊ ရှန်းရင်က ကျုပ်တို့ဂိုဏ်းထဲ ကျူးကျော်လာခဲ့တဲ့ မြေခွေးမိစ္ဆာဖောက်ထွင်းသူခိုးကို ဖမ်းခဲ့တယ်လေ၊ သူ့ကိုယ်ပေါ်မှာ ‘ရှင်းဟန်’ ဆိုတဲ့နာမည်ကို ရှာတွေ့ခဲ့တယ်၊ ကျုပ်တို့က ကိစ္စကို စုံစမ်းချင်ပေမဲ့ ပိုင်ထီက မြင်မြင်ချင်း တိုက်ခိုက်ပြီး နာရီထဲ အကျဉ်းချခဲ့တာပဲ၊ ခင်ဗျား သိမှာသေချာပါတယ်… ဝူတိဂိုဏ်းကလူတွေက ကျိုးကြောင်းမသင့်တော်တဲ့ လူတွေကို သဘောမကျဘူးဆိုတာလေ”

“သဘောတူတယ် အမတရောင်းရင်း”

“အဲတော့ နာရီကို ဖောက်ခွဲတာ၊ ခင်ဗျားတို့နဲ့ တိုက်ခိုက်တာက ကျုပ်တို့ဆန္ဒမဟုတ်ပါဘူး၊ သဘောတူလား”

“သဘောတူတယ် အမတရောင်းရင်း”

မင်းတို့ပြောနေတာ ငါအားလုံးနားလည်ပေမဲ့… ဘာလို့ ငါ့ကိုပါ ထုထောင်းရတာတုံး။ ပြောတော့ ကျိုးကြောင်းသင့်တဲ့လူတွေဆို၊ ဒါပေမဲ့ ဘာလို့ ငါ့မျက်နှာကိုပဲ ဆက်ထိုးရတာတုံး။

ပိုပြီးဆိုးတာက သူ ပြန်ပြီးမတွန်းလှန်ရဲတာ

(ಥ_ಥ)

“ဒီနေ့ ကိစ္စနဲ့ပတ်သက်ပြီး…”

“ကျုပ်အမှားပါ” ဝူဟုန် တက်ကြွစွာနဲ့ ခေါင်းညိတ်လိုက်တယ်။

“ကျုပ် မိတ်ဆွေဖွဲ့တာ မှားခဲ့တာ”

“အရှင်မင်းကြီးက တကယ်ပဲ ချင့်ချိန်တတ်သူပဲ…” ကူယွဲ့ အရေးကြီးတဲ့ လျော်ကြေးကိစ္စကို ပြောတော့မဲ့ဆဲဆဲ…။

ဗွမ်း ဝတ်ရုံစိမ်းနဲ့ ပုဂ္ဂိုလ်တစ်ယောက်က သူတို့ဘေးက ရေကန်ထဲ ကျလာတယ်။ ပိုင်ထီပဲ။ သူက ယီချင်းရဲ့ ‌အကြီးအကျယ်ထုထောင်းတာကို ခံနေရရှာတယ်။ သူ့မသေမျိုးချီကို သုံးပြီး ယိချင်းက မြေကြီးပေါ် ဆင်းသက်လာခဲ့တယ်။

နောက်တော့…။

ယိချင်းက ဘေးမှာ ဒူးထောက်နေတဲ့ ဝူဟုန့်ကို လှည့်ကြည့်လိုက်တယ်။

“ခင်ဗျား…”

ဝူဟုန်က တုန်ရင်သွားခဲ့တယ်။ ယိချင်း လှုပ်ရှားမှာကို မစောင့်တော့ဘဲ သူ လက်မြှောက်ပြီး အနူးအညွှတ်ပြောလိုက်တယ်။

“အမတရောင်းရင်း ခဏနေပါဦး၊ ကျုပ်နားလည်ပြီ ကျုပ်နားလည်ပြီ”

ဝူဟုန် ထရပ်ပြီး ရေကန်အစွန်းဆီ ခပ်သုတ်သုတ် လျှောက်သွားခဲ့တယ်။ နောက်တော့ ရေကန်ထဲ ဗွမ်းခနဲ ‘ကျ’ သွားခဲ့တော့တယ်။

သူ့ကိုထုထောင်းဖို့ မရည်ရွယ်ထားသော ယိချင်း ။ ။ “…”

သူ့ဆီကနေ အမတကျောက်တုံးလေးတချို့တလေ ညှစ်ထုတ်ချင်ရုံ ကူယွဲ့ ။ ။ “…”

အရမ်းကို ပူးပေါင်းလွန်းတဲ့ အဖွဲ့သားရှိတာလည်း ကောင်းတဲ့ကိစ္စမဟုတ်ဘူးပဲ။

****

ဟယ်ယွင်နန်းတော်၊ ထျန်းကျောက်တိုက်ကြီး။

အချိန်တော်တော်ကြာအောင် စောင့်ဆိုင်းနေရတဲ့ ရှန်းရင်က အိပ်ငိုက်စပြုလာတယ်။

“ဟေး ကြက်…”

နစ်နာတဲ့အကြည့်က ချူရွှမ့်မျက်နှာပြင်ထက်မှာ ပေါ်လာတယ်။ အဲတော့ သူ့နာမည်က အခု ကြက်ဖြစ်သွားပြီလား။

“ကြက်ရေ ဒီမှာ”

“နင် လမ်းသိတာသေချာရဲ့လား” ရှန်းရင် သူမရှေ့က နန်းတော်အပျက်အစီးတွေကို ကြည့်လိုက်တယ်။

“သေချာပါတယ် ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒါက ထျန်းကျောက်တိုက်ကြီးက ဟယ်ယွင်နန်းတော်ပါ၊ ပိုင်ထီက ဒီမှာနေတယ်”

“အော်၊ ဒါပေမဲ့ ငါတို့ ဒီမှာစောင့်နေတာ ၃နာရီတောင် ရှိသွားပြီလေ၊ အဲကြက်ဖြူလားဘာလားက တကယ်ပြန်လာပါ့မလား”

“…” သူ့နာမည်က ပိုင်ထီဟ။

“ပိုင်ထီ နန်းတော်ထဲမရှိဘူးလေ၊ ကျီကျယ်တောင် သူ ဘယ်သွားလဲမသိတာ၊ အဲတော့ ကျုပ်တို့ ဒီမှာနေတာ အကောင်းဆုံးပဲ”

“ဘယ်သူ့ကျီကျယ်”

“ကြီးမြတ်တဲ့နတ်ဒေဝါ…” ချူရွှမ်ရဲ့ ပါးစပ်တွန့်ချိုးသွားပြီး သူမခြေထောက်ကို လက်ညှိုးထိုးပြလိုက်တယ်။

“ခုတက်နင်းထားတဲ့သူက ချန်းနော့တိုက်က ဧကရာဇ်ကျီကျယ်ပါ”

မင်းပဲ အမတအရာရှိတွေဆီကနေ ပိုင်ထီက ဧကရာဇ်ကျီကျယ်ကို သွားရှာတာဖြစ်မယ်လို့ သိပြီးတော့ အိမ်နီးချင်းတိုက်ကြီးဆီ သွားပြီး သူ့ကိုထုထောင်း ဖမ်းခေါ်လာခဲ့တဲ့သူမဟုတ်လား။ နာမည်ပြောင် မပေးရတာကြောင့်နဲ့တင် မမှတ်မိဘူးဆိုတဲ့ဆင်ခြေကိုတော့ မပေးနဲ့။

“အော်” ရှန်းရင် သူမခြေထောက်ကို ဖယ်လိုက်ပြီး ကျောက်တုံးတစ်တုံးပေါ် ပျင်းပျင်းရိရိထို င်ချလိုက်တော့တယ်။

ဟိုက်ယား… သူမ ဘယ်လောက်တောင် စောင့်ရဦးမှာလဲ။

ဗိုက်ဆာနေပြီ။

——————

တစ်ရက်အကြာ။

ဝူတိဂိုဏ်းအနောက်ဆောင်။

မီးခိုးတွေက မီးဖိုချောင်ရဲ့ မီးဖိုကနေ တဖြည်းဖြည်းချင်း မြင့်တက်လာတယ်။ အတွင်းခြံဝန်းက သစ်သားစားပွဲမှာ အရသာရှိတဲ့အနံ့အရသာနဲ့ စားသောက်စရာတွေ ပြည့်နေတယ်။ အံ့ဩစရာကောင်းတာက ဒီနေ့ ရှန်းရင်တစ်ယောက်တည်း စားပွဲမှာထိုင်နေခဲ့တာ။ သူမက စားသောက်စရာတွေကို အလောတကြီး ဖြိုနေတယ်။

အတွင်းခြံထဲမှာ လူတစ်စုရှိသေးတယ်။ လေးယောက်က သစ်သားခုံမှာထိုင်နေပြီး သူတို့အနေအထားတွေက ခပ်မတ်မတ်နဲ့ လက်တွေကို ပေါင်ပေါ် မရဲတရဲတင်ထားကြတယ်။

ဒါတွေကတော့ အဇဋာဧကရာဇ်လေးယောက်။

ဘယ်သူမှစကားမပြောကြ။ ခြံဝန်းတစ်ခုလုံးက တမြုံ့မြုံ့ဝါးနေသံတွေနဲ့ ပြည့်နေတယ်။

ပိုင်ထီ ။ ။ “…” ဒါ တကယ်ကြောက်စရာပဲ။ ငါ့ကို ထုထောင်းခဲ့တဲ့အဲဓားကျင့်ကြံသူက အသားလှီးနေတယ်ပေါ့။ ဒါ ခြိမ်းခြောက်မှုတစ်မျိုးပဲဖြစ်ရမယ်။

ကျီကျယ် ။ ။ “…” ဒါ တကယ်ကြောက်စရာပဲ။ ငါ့ကိုထုထောင်းခဲ့တဲ့အဲနတ်ဒေဝါက အသားစားနေတယ်ပေါ့။ ဒါ ခြိမ်းခြောက်မှုတစ်ခုလား။

ဝူဟုန် ။ ။ “…” ဒါတကယ်ကြောက်စရာပဲ။ ကြီးမြတ်တဲ့ နတ်ဒေဝါက ဗိုက်ဆာနေသေးတဲ့ပုံ။ ငါ့ကို စားဖို့ တွေးနေတာ မဟုတ်ဖို့ မျှော်လင့်မိတယ်။

ချူရွှမ် ။ ။ “…” ဒါတကယ် ကြောက်စရာပဲ။ ခဏနေပါဦး…။ သူက ဘာလို့ ကြောက်ရမှာလဲ။

“ချူရွှမ် ဘာလို့အဲမှာ ထိုင်နေတာလဲ”

ကူယွဲ့က ထောင့်ဘက်အကျဆုံးမှာ ထိုင်နေတဲ့ ချူရွှမ်ကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။

ချူရွှမ်လည်း အကြောင်းပြချက် စဉ်းစားနေမိတယ်။ အမှန်ပဲ။ သူ ဘာအမှားမှ မလုပ်ထားတာကို ဒီနေရာမှာထိုင်နေရတာလဲ။

Σ(°△°|||)

ချီး သူ အဇဋာဧကရာဇ်တွေနဲ့ ညီတူမျှတူထိုင်တာ ကျင့်သားရသွားလွန်းလို့ အလိုလို ထိုင်ချမိခဲ့တာပဲ။

○| ̄|_

ချူရွှမ်က ချက်ချင်းထထိုင်လိုက်ပြီး ကူယွဲ့ဘေးရပ်လိုက်တယ်။ သူ မြေခွေးဖြူကို ကောက်ချီကာ ခုံတန်းပေါ်ပစ်ပေးလိုက်တယ်။

“ကျောင်း…” ပိုင်ထီက နာကျင်သွားပုံပေါ်ပြီး မြေခွေးကို လှမ်းဖက်လိုက်တယ်။

ဒါပေမဲ့ အခြေအနေကို တွေးကာ သူ ပြန်ထိုင်ချလိုက်ရတယ်။

“ပြော၊ ခင်ဗျားတို့လေးယောက် ဒီကိစ္စကို ဖြေရှင်းဖို့ ဘယ်လိုရည်ရွယ်ထားလဲ”

ကူယွဲ့ မျက်ဆန်လှန်ပြီး ရှန်းရင်ကိုတွန်းလိုက်တယ်။

“ငါတို့ဒီမှာအရေးကြီးကိစ္စဖြေရှင်းနေတာ ဟိုမှာသွားထိုင်ချေ၊ လမ်းပိတ်မနေနဲ့”

ကြောင်အမ်းသွားပြီး ရှန်းရင်ထရပ်လိုက်ပေမဲ့ တခြားကုလားထိုင်တွေအားလုံးက ခုခံသူတွေဘက်ကို ရွှေ့သွားပြီဆိုတာ မြင်လိုက်ရတယ်။ ဒီဘက်မှာထိုင်ခုံမရှိတော့ဘူး။

“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒီမှာထိုင်ခုံပါ””

ချူရွှမ့်မျက်လုံးတွေ တောက်ပသွားတယ်။ သူ သူ့သိုလှောင်အိတ်ထဲ လက်လှမ်းပြီး ထိုင်ခုံတစ်ခုထုတ် ရှန်းရင်ကို ပြောလိုက်တယ်။

“ကျေးဇူးပြုပြီးထိုင်ပါ”

“ကျေးဇူးပါ” ရှန်းရင်ကထိုင်ချပြီး ဂရုမစိုက်ဘဲ ဆက်စားတော့တယ်။

ထိုင်ခုံရွှေ့ရန်ပြင်ပေးနေသော ယိချင်း ။ ။ “…”

ဒီကောင်ကတော့

ချူရွှမ် ။ ။ ဟမ် ဘာလို့ ရုတ်တရက် ကျောချမ်းလာတာပါလိမ့်။

“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ရောင်းရင်းအမတတို့ ဒါ နားလည်မှုလွဲတာပါ”

အထုထောင်းခံခဲ့ရဆုံး ကျီကျယ်က ထပြောတယ်။

“ပိုင်ကျောင်းက ဧကရာဇ်ပိုင်ထီရဲ့ တစ်ဦးတည်းသော သမီးပါ၊ သူမက အချိန်အတော်ကြီး ပျောက်နေလို့ ဧကရာဇ်ပိုင်က ထွက်ရှာတာပါ၊ သူနဲ့လမ်းမှာ ဆုံသွားခဲ့ရုံလေ၊ ကျုပ် သူ့ကို လုံးဝကောင်းကောင်း မသိပါဘူး”

ပိုင်ထီ ။ ။ “…” ကျောရိုးမရှိတဲ့ ငနာကတော့

ကျီကျယ်ကို ဒေါသတကြီးကြည့်ပြီး ပိုင်ထီက တောင်းပန်တဲ့အနေနဲ့ လက်သီးနှစ်ဖက်ဆုပ်လိုက်တယ်။

“တကယ်ပဲ ကျုပ်အပြစ်ပါ ကျုပ်က မင်းတို့ ကျောင်းကျောင်းကို ချီလာပြီး ဒဏ်ရာရနေတာ မြင်သွားခဲ့တယ်လေ၊ ဒါကြောင့် တွေးမိသွားခဲ့တာက… သွေးပျက်သွားပြီး တိုက်ခိုက်ခဲ့မိတာပါ၊ ကျုပ်အမှားကို နားလည်တဲ့အချိန် မင်းတို့က အမတဓမ္မအသုံးအဆောင်ထဲရောက်နေပြီ၊ အဲဒါကြောင့်… အခု ဒီလိုဖြစ်လာတော့ မင်းတို့လုပ်တာ ဘာမဆိုလက်ခံပါ့မယ်” အဓိကက သူတို့ကို မနိုင်နိုင်တာလေ။

“‌ကျုပ်ရောပါပဲ ကြီးမြတ်တဲ့… ကြီးမြတ်တဲ့ နတ်ဒေဝါ” ကျီကျယ်က သူ့ရပ်တည်ချက်ကို ချက်ချင်းဖော်ပြလိုက်တယ်။ သူ အသေရိုက်မသတ်ခံရသရွေ့ သလွန်ကိုပေး‌ဖို့တောင် အသင့်ဖြစ်နေပြီ

ဝူဟုန် ။ ။ “ကျုပ်…” တခြားခုခံသူနှစ်ယောက်ကို ကြည့်ပြီး သူအလိုလိုလက်မြှောက်လိုက်မိတယ်။

“ဒါပေမဲ့ ကျုပ်… ကျုပ်မှ ဘာမှမလုပ်ခဲ့တာ”

(゚Д゚≡゚Д゚)

“တကယ်လို့ အမတရောင်းရင်းသာ ကျုပ်နဲ့ ကျုပ်သမီးကို လွှတ်ပေးဖို့ သဘောတူရင် ခင်ဗျားတို့ဘာပြောပြော ကျုပ်တို့ပိုင်‌ကျောက်က လုပ်ပေးပါ့မယ်”

“သမီးမသွားချင်ဘူး” သူစကားပြောတာမပြီးသေးခင် ဘေးက မြေခွေးမိစ္ဆာလေးက ရုတ်တရက် စကားထပြောလာတော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset