FY အပိုင်း ၆၁

အခန်း ၆၁

လှည့်ကွက်လေးများ

တစ်ရက်ကြာ စောင့်ပြီး စုန့်ရှောင်ဖုန်း၏ သေဆုံးမှုကို သတင်းမရသေးပေ။ ဖုန်းယွီသည် ထိုကိစ္စကို ထပ်ပြီး မစောင့်နိုင်တော့ပေ။

သူသည် စုန့်ရှောင်ဖုန်းကို ပစ်မှတ်ထားခဲ့တာ ဖြစ်ကာ ထိုပစ်မှတ်က တစ်ခုခု မှားနေပုံရသည်။ အထူးသဖြင့် စုန့်ရှောင်ဖုန်းသည် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ အရှောင်နိုင်ဆုံး နည်းလမ်းကို ရှာနေသည့် သူ တစ်ယောက်ပင် ဖြစ်သည်။ စုန့်ရှောင်ဖုန်းသည် ဘယ်အချိန် ပြန်တိုက်မည်ဆိုတာကို သေချာမသိပေ။

ရက်အနည်ငယ် ကြားပြီးနောက် တစ်ပတ်ရစ်ကား ဒုတိယ အသုတ်က ဘင်းမြို့တော်တွင် ရောက်မည် ဖြစ်သည်။ စုန့်ရှောင်ဖုန်းသည် သူ့လူများကို သူ့အမြတ်များကို ပို့လိုက်ရင်ကော မည်သို့ ဖြစ်မည်နည်း။ ထိုကားအသုတ်များ ရောက်ပြီးပါက အခြားအသုတ်များသည် နောက်နှစ်များမှ ရောက်လာမည် ဖြစ်သည်။ ဖုန်းယွီသည် နှစ်နှစ်တိုင် စောင့်ဆိုင်းရနိုင်သည်။

ဖုန်းယွီအတွက် နောက်ထပ် ကားအသုတ် နှစ်သုတ် အချိန်က အကောင်းဆုံး ဖြစ်သည်။ ထိုကားအသုတ် များကို ဖုန်းယွီ တစ်နှစ်ပတ်လုံး ရောင်းရပေလိမ့်မည်။ နောက်နှစ်တွင် ဖုန်းယွီအတွက် အကောင်းမွန်ဆုံး အခွင့်အလမ်းရောက်လာမည်ဖြစ်ပြီး သူ့လုပ်ငန်းကို ချဲ့ထွင်နိုင်မှာပင် ဖြစ်သည်။

သို့သော် ထိုအရာများ ဖြစ်နိုင်ရန်အတွက် ဖုန်းယွီသည် တစ်ပတ်ရစ်ကားနှစ်သုတ်မှ ပိုက်ဆံများ ရရန်လိုအပ်ပေ၏။ အကယ်၍ စုန့်ရှောင်ဖုန်းသာ သူ့အမြတ်တစ်ဝက်ကို ယူသွားပါက ဖုန်းယွီက ငွေများ ဆုံးရှုံးသွားမှာ ဖြစ်သည်။ ထိုအခါ သူသည် ထိုစီးပွားရေးကို လက်လျော့လိုက်ရမည် ဖြစ်ကာ တင်ပို့ကုန်တွင်သာ အာရုံစိုက်ရတော့မည် ဖြစ်သည်။

ဖုန်းယွီသည် အတွင်းစိတ်ထဲတွင် လုပ်ဆောင်မှု နှေးကွေးလွန်းသည့်အတွက် ခြေကျိုးဝမ့်ကို ကျိန်ဆဲနေသည်။ တစ်ချိန်ထဲတွင် သူသည် အခြားသော မီးစာထပ်ထည့်ရန် နည်းလမ်းကို စဉ်းစားနေ၏။

ပုံမှန်အတိုင်း ခြေကျိုးဝမ့်သည် ဖုန်းယွီ၏ ကုမ္ပဏီ စုန့်ရှောင်ဖုန်းကြောင့် ပျက်စီးသွားသည်ကို သိသည့်အခါ ခြေကျိုးဝမ့်က ဒေါသထွက်သွားသည်။ သူသည် အရူးမဟုတ်ပေ။ အကြောင်းမှာ ဖုန်းယွီ၏ ကုမ္ပဏီက ပျက်ဆီးသွားသည့် အတွက် ဖြစ်သည်။ သူက ပိုပြီး ဒေါသထွက်သွားသည်။ အကြောင်းမှာ စုန့်ရှောင်ဖုန်းသည် သူ့ကို တောင်းပန်မည့်အစား စုန့်ရှောင်ဖုန်းသည် သူ့ပိုင်နက်တွင် ပြဿနာများ ဖန်တီးနေဆဲ ဖြစ်၏။ ထိုအရာက သူ့မျက်နှာကို တံတွေးဖြင့် ထွေးလိုက်ခြင်းပင်။

ခြေကျိုးဝမ့်သည့် သူ့လူများကို စုန့်လောင်စီထံ စုန့်ရှောင်ဖုန်းကို သူ့ဆီ တောင်းပန်ရန်အတွက် သတင်းပို့လိုက်ပြီ ဖြစ်သည်။

သို့သော် စုန့်လောင်စီကို အခြားသော မြို့များမှ သုံးဂိုဏ်းသူဌေးများက ထောက်ပံ့ပေးပြီ ဖြစ်ကာ သူသည်လည်း ဘင်းမြို့တော်၏ နံပါတ်တစ် သူဌေးအဖြစ် ကိုယ်တိုင် တောင်းဆိုထားပြီ ဖြစ်သည်။ နံပါတ်တစ် သူဌေးတစ်ယောက်အနေဖြင့် သူ့တူအား သူ့ရန်သူဆီ သွားတောင်းပန်ခိုင်းမည်နည်း။

စုန့်လောင်စီသည် ခြေကျိုးဝမ့်ကို ယွမ် ၁၀၀,၀၀၀သာ ပို့လိုက်ကာ စုန့်ရှောင်ဖုန်းသည် အမိန့်ပေးပြီးနောက် သောက်နေတော့၏။ ယွမ် ၁၀၀,၀၀၀သည် ထိုကိစ္စကို ဖြေရှင်းဖို့အတွက် လုံလောက်ပေသည်။ စုန့်လောင်စီသည် ခြေကျိုးဝမ့် ယွမ် ၁၀၀,၀၀၀ သိမ်းထားသိမ်းထား ထိုက်ဟွ ကုမ္ပဏီကို ပေးပေး ဂရုမစိုက်ပေ။ သူက ခြေကျိုးဝမ့်ပါးစပ်ပိတ်လာစေရန် ပိုက်ဆံ ပို့လိုက်ခြင်း ဖြစ်သည်။

သူ့လူများ၏ စည်းရုံးမှုကြောင့် ခြေကျိုးဝမ့်က ပိုက်ဆံကို သိမ်းထားလိုက်သည်။ ထိုအရာက စုန့်လောင်စီ၏ စေတနာကောင်း တစ်ခုဟု မှတ်ယူနိုင်ပေသည။ အကယ်၍ ခြေကျိုးဝမ့်သာ လက်မခံဘဲ တဗျစ်တောက်တောက် ပြောပါက သူတို့ အချင်းချင်း ထိပ်တိုက်တွေ့ကြမည်ပင်။ ယခုတွင် အစ်ကိုကေက ဆိတ်ဆိတ်နေနေကာ သူတို့ နှစ်ယောက်ကို ရှင်းထုတ်ရန် အခွင့်အရေးကို စောင့်နေသည်။ သူတို့ နှစ်ယောက်ကြား တိုက်ပွဲဖြစ်ခြင်းသည် အစ်ကိုကေအတွက် အမြတ်ရရုံသာ ဖြစ်ပြီး သူသည် ဘင်းမြို့တော်၏ မြေအောက်လောကကိုတောင် သိမ်းပိုက်နိုင်ပေသည်.

ထိုက်ဟွ ကုန်သွယ်ရေးကုမ္ပဏီအတွက်မူ ခြေကျိုးဝမ့်သည့် သူလူများထဲမှ တစ်ယောက်အား ယွမ် ၁၀,၀၀၀ပေးကာ စုန့်ရှောင်ဖုန်း၏ ဖျက်ဆီးမှုများအတွက် လျှော်ကြေးငွေ ဖြစ်ကြောင်းပါ ပြောလိုက်သည်။

ဖုန်းယွီက စားပွဲပေါ်ရှိ ယွမ်၁၀၀,၀၀၀ကို အံ့ဩမှင်သက်စွာ ကြည့်နေလေသည်။

‘ဒါက ဘာလုပ်မှာလဲ။ ဒီကိစ္စကို သူဘာလို့ ဒီအတိုင်း ထားလိုက်တာလဲ။ အရင်ဘဝတုန်းက ခြေကျိုးဝမ့်က စုန့်ရှောင်ဖုန်းကို ဘာကြောင့် သတ်ခဲ့တာလဲ။ ဘာလို့ ခြေကျိုးဝမ့်က ဒီတစ်ကြိမ် မသတ်ရတာလဲ။

စုန့်လောင်စီသည် နောက်ထပ် နှစ်များစွာ နေနိုင်တယ်။ ဒါပေမဲ့ စုန့်လောင်စီက အခုသေကို သေမှ ရမယ်။’

ဖုန်းယွီသည် တခဏကြာ တွေးလိုက်ပြီးနောက် ဝူကျီကန်းကို ခြေကျိုးဝမ့်နှင့် တွေ့ရန် လိုက်မလားဟု မေးလိုက်၏။ သူသည် ယွမ် ၁၀၀,၀၀၀ကိုလည်း သူနှင့်အတူ ယူလာခဲ့၏။

“ဘာကြောင့် ဒီကို ထပ်လာပြန်တာလဲ။ ငါမင်းကို လျော်ကြေးပေးပြီးပြီးမလား။ ဘာကြောင့်လဲ။ ဒီလျော်ကြေးငွေက အရမ်းနည်းတယ်လို့ တွေးနေတာလား”

ခြေကျိုးဝမ့်က မျက်မှောင်ကျုံ့လိုက်၏။

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော် ချိုင်းထောက်သခင်ကို ကျွန်တော်ကုမ္ပဏီ ကူညီတဲ့အတွက် ကျေးဇူးတင်ဖို့ ရောက်လာတာပါ။ ချိုင်းထောက်သခင်နဲ့ သခင်ကြီးရဲ့ လူတွေ အတွက် ဒါက ကျွန်တော်ရဲ့ လက်ဆောင်ပါ”

ဖုန်းယွီက ယွမ် ၁၀၀,၀၀၀ပါသည့် အိတ်ကို ခြေကျိုးဝမ့်ဆီ တွန်းပေးလိုက်၏။

ထိုအိတ်က ဇစ်မပါပေ။ ယွမ် ၁၀၀,၀၀၀ကို ခြေကျိုးဝမ့်နှင့် သူ့လူများက မဖွင့်ကြည့်ဘဲ မြင်နိုင်ပေ၏။

ခြေကျိုးဝမ့်က ဖုန်းယွီကို ကြည့်လိုက်၏။

‘ဒီကလေးက ဘာတွေ တွေးနေတာလဲ။ ငါသူ့ကို ယွမ် ၁၀,၀၀၀ပေးလိုက်တယ် ပြီးတော့ သူက ငါ့ကို ကျေးဇူးတင်တဲ့ လက်ဆောင်အဖြစ် ယွမ် ၁၀၀,၀၀၀ပြန်လာပေးတာလား”

“ဒါက ဘာအဓိပ်ပာယျလဲ”

ခြေကျိုးဝမ့်က မေးလိုက်၏။

“ခြေကျိုးဝမ့်။ ကျွန်တော် ရိုးရိုးသားသားပါပဲ။ ကျွန်တော် လိုချင်တာကလဲ ကျွန်တော်ရဲ့ အပိုင်းပါ။ ကျွန်တော် စကားတွေကို စုန့်လောင်စီကို ပြောလိုက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ စုန့်လောင်စီက သခင်ကြောင့် ကျွန်တော် ကုမ္ပဏီကို ပြဿနာ လာမရှာတော့ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်က ကျွန်တော် ကုမ္ပဏီက စုန့်ရှောင်ဖုန်းကို အာခံခဲ့တယ်။ သူက ကျွန်တော်တို့ကို လက်စားပြန်ချေမှာကိုတော့ ကျွန်တော် စိုးရိမ်မိပါရဲ့”

ဖုန်းယွီက ပြောလိုက်သည်။

ခြေကျိုးဝမ့်က ဖုန်းယွီကို ကြည့်လိုက်သည်။ သူ့ နှလုံးသားထဲတွင် သူက တွေးလိုက်ကာ

“ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ။ ငါ့စကားတွေက အရေးမပါဘူးလို့ မင်းတွေးနေတာလား။”

သို့သော် သူသည် ဖုန်းယွီပြောလိုက်သည့် စကားကို နားထောင်ကြည့်ကာ ဖုန်းယွီပြောသည်မှာ သဘာဝကျမှန်း ဖုန်းယွီတွေးလိုက်၏။ စုန့်လောင်စီသည် မြေအောက်လောက စည်းမျည်းများကို လိုက်နာနေဆဲ လူတစ်ယောက် ဖြစ်သည်။ သို့သော် စုန့်ရှောင်ဖုန်း၏ ဂုဏ်သတင်းက ကြောက်စရာကောင်းလှသည်။ ထပ်ပြောရလျှင် စုန့်ရှောင်ဖုန်းသည် သူ့ဆီ ကိုယ်တိုင်ကိုယ်ကျ လာရောက်မတောင်းပန်သည့်အတွက် သိပ်မကျေနပ်ပေ။

အကယ်၍ စုန့်ရှောင်ဖုန်းသာ ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီကို ပြန်လာပြီး ပြဿနာ ဖန်တီးပါက ထိုအရာက ခြေကျိုးဝမ့်ကို တကယ် မျက်နှာပျက်စေမှာပင် ဖြစ်သည်။ စုန့်ရှောင်ဖုန်းသည် ဖုန်းယွီဆီလာပြီး သွားပြီး ပြဿနာ ဖန်တီးရဲမည်လား။ မည်သူမျှ မသေချာပေ။”

“စိတ်ချလိုက်ပါ။ စုန့်ရှောင်ဖုန်းက မင်းဆီ ထပ်မလာတော့ပါဘူး”

ခြေကျိုးဝမ့်က ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်။ ချိုင်းထောက်သခင်။ ဒီလို ကြားရတဲ့အတွက် ကျွန်တော် စိတ်သက်သာရာ ရသွားပါပြီ။ နောင်ကျ သခင်ကြီး လိုအပ်တာကို ပြောပေးပါဗျ”

ဖုန်းယွီက မျက်တောင် တစ်ချက်မျှ မခတ်ဘဲ စားပွဲပေါ်တွင် ယွမ် ၁၀၀,၀၀၀ကို ထာခဲ့လိုက်သည်။

“ချိုင်းထောက်သခင် ဒီကလေးက မဆိုးဘူး။ ဒါပေမဲ့ သူက ဘာမှ မဟုတ်တာလေးကို စိုးရိမ်နေတာ။ စုန့်လောင်စီက ကျွန်တော်တို့ကို လျော်ကြေးငွေ ပေးပြီးပြီ။ သူ့အတွက် ဘာများ စိုးရိမ်စရာ ကျန်သေးလို့လဲ”

ခြေကျိုးဝမ့်၏ နောက်လိုက် တစ်ယောက်က ပုံမှန်အတိုင်း မေးလိုက်သည်။

သူ့နောက်လိုက်ပြောတာကို ကြားပြီးနောက် ခြေကျိုးဝမ့်က မပျော်မရွှင် ဖြစ်သွားသည်။ စုန့်လောင်စီသည် သူ့ထံကို သူ့လူများသာ လွှတ်ခဲ့တာဖြစ်ကာ သူ့ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ မလာခဲ့ပေ။ အနည်းဆုံးတော့ စုန့်ရှောင်းဖုန်း လာသင့်ပေ၏။

စုန့်လောင်စီသည် ပိုပိုပြီး စိတ်ကြီးဝင်လာသည်။ သူသာ ဘာမျှ မလုပ်ဘဲနေလျှင် ဘင်းမြို့တော်သည် စုန့်လောင်စီ လက်တွင်းသို့ တစ်နှစ်အတွင်း ကျရောက်မည် ဖြစ်သည်။

—————-

ကုမ္ပဏီ ပြန်သည့်လမ်းတွင် ဖုန်းယွီက ဝူကျီကန်းကို ကြည့်လိုက်၏။

ဖုန်းယွီ၏ အပြုအမူကြောင့် ဝူကျီကန်း မသက်မသာ ဖြစ်နေလေသည်။ ဝူကျီကန်းက မေးလိုက်သည်။

“မန်နေဂျာဖုန်း မန်နေဂျာရဲ့ စိတ်ထဲမှာ တစ်ခုခုရှရင် ကျွန်တော်ကို တည့်တည့်သာ ပြောပါ။ ကျွန်တော်ကို ဒီလိုမျိုး အကြည့်နဲ့ မသက်မသာ ဖြစ်အောင် မလုပ်ပါနဲ့”

ဖုန်းယွီက ပြောလိုက်သည်။

“ကျီကန်း ငါမင်းအတွက် အလုပ်တစ်ခု ရှိတယ်။ ဒါပေမဲ့ မင်းမလုပ်ချင်မှာကို ငါစိုးရိမ်မိတယ်။”

ဝူကျီကန်းက သူ့ရင်ဖက်ကို ပုတ်ကာ ပြောလိုက်၏။

“မန်နေဂျာဖုန်း ကျွန်တော်ကို ဘာလုပ်ခိုင်းစေချင်တာလဲ။ ကျွန်တော်လုပ်ပါမယ်။ အဲ့ဒီအရာက မန်နေဂျာရဲ့ ကိုယ်ပိုင် ကိစ္စပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကုမ္ပဏီနဲ့ ပတ်သတ်ပြီး ဖြစ်ဖြစ်။ မန်နေဂျာရဲ့ စကားတစ်ခွန်းပြောလိုက်တာနဲ့ ပြီးမြောက်စေရပါမယ်”

“ငါမင်းကို အရိုက်ခံစေချင်တာ”

ဖုန်းယွီက ပြောလိုက်သည်။

ဝူကျီကန်းက မှင်သက်သည့် အမူအရာဖြင့် မေးလိုက်၏။

“မန်နေဂျာဖုန်း မန်နေဂျာရဲ့ ဒေါသတွေ ပေါက်ကွဲဖို့အတွက် ကျွန်တော်ကို သဲအိတ်တစ်အိတ်လို့ ထိုးဖို့ ပြင်နေတာလို့ မပြောနဲ့နော်”

ဖုန်းယွီက ခေါင်းခါလိုက်ကာ

“မင်းကို ရိုက်မဲ့သူက ငါမဟုတ်ဘူး။ မင်းက စုန့်ရှောင်ဖုန်း ရိုက်တာကို ခံပေးဖို့လိုတာ။”

“သူ့လူတွေက ကျွန်တော်ကို ဘာကြောင့် ရိုက်မှာလဲ။ ခြေကျိုးဝမ့်က စုန့်ရှောင်ဖုန်း ကျွန်တော်တို့ဆီ လာပြီး မနှောက်ယှက်တော့ဘူးလို့ ပြောခဲ့တာမလား”

ဝူကျီကန်းက မေးလိုက်သည်။

“သူတို့က ငါတို့ဆီ မလာရင် ငါတို့တွေ လက်ဦးမှု ရယူပြီး သူ့ဆီကို သွားရမှာပေါ့။ တောင်းပန်ပါတယ် ကျီကန်း။ မင်းနည်းနည်းတော့ နာလိမ့်မယ်။ ကိစ္စတွေ ပြီးသွားရင် ငါမင်းကို ယွမ် ၁၀,၀၀၀ပေးမယ်”

“မန်နေဂျာဖုန်း ကျွန်တော် ပိုက်ဆံကို လက်မခံပါဘူး။ ဒါက ရိုက်ရုံပဲလေ။ ကျွန်တော် အရိုက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ကျွန်တော်က သူတို့ ရိုက်တာကို ခံရမှာလဲ။”

ဝူကျီကန်းက နားမလည်သေးဆဲ ဖြစ်သည်။

“အဲ့တာက ကိစ္စမရှိဘူး။ မင်းငါ့ကို အဲ့ဒီ အလုပ်ပြီးအောင်လို့ ကတိပေးသမျှ မင်း ပိုက်ဆံရမယ်။ အဲ့ပိုက်ဆံက မင်းအတွက် လျော်ကြေးပဲ။ ဒီနေ့ ငါတို့တွေ နိုက်ကလပ်ခန်းမတွေဆီ သွားကြမယ်။ ဒီအကြောင်းကို အစ်ကိုလီအပါအဝင် ဘယ်သူကိုမှ မသိစေနဲ့”

ဖုန်းယွီက ညွှန်ကြားလိုက်၏။

တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွေ လူကြီးစကားတစ်ခုရှိ၏။

“ကိစ္စတစ်ခုကို ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း ဖြစ်စေချင်တာ မဟုတ်ရင် ပုံကြီးချဲ့ပြီး ပိုဆိုးအောင်လုပ်”

—————————

ညတွင်

ဖုန်းယွီနှင့် ဝူကျီကန်းက မောင်းထွက်သွား၏။ လီရှစ်ချင်က ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံကို သွားသည်ဟု ယူဆသဖြင့် ဘာမှ မမေးလိုက်ပေ။

“မှတ်ထားနော်။ မင်းအရိုက်ခံရတာနဲ့ အသံကုန်အောင်။ မင်း အရမ်းနာရင် အော်တဲ့ အသံမျိုး”

ဖုန်းယွီက ဝူကျီကန်းကို သတိပေးလိုက်၏။

“စိတ်ချပါ။ ကျွန်တော် ဘယ်လိုလုပ်ရမလဲဆိုတာသိပါတယ်”

ဝူကျီကန်းက ပြန်ပြောလိုက်၏။

“မင်း ပြန်မတိုက်ခိုက်နဲ့ ပြီးတော့ မင်းရဲ့ခေါင်းကို လက်တွေနဲ့ အသေအချာကားထား။ မင်းကိုယ်ကို ကွေးထားလိုက်”

ဖုန်းယွီက ပြောလိုက်၏။

“မန်နေဂျာဖုန်း ခင်ဗျား ဒါပြောတာ ခြောက်ခါတောင် ရှိပြီ”

ဝူကျီကန်းက ပြောလိုက်၏။

“မှတ်မိတယ်မလား။”

ဖုန်းယွီက လျပ်တပြက် မေးလိုက်သည်။

“ဟုတ်ကဲ့ ကျွန်တော် မှတ်မိပါတယ်။”

ဝူကျီကန်းက ပြန်ပြောလိုက်၏။

နိုက်ကလပ် အနည်းငယ်ကို မောင်းပြီးနောက် ဖုန်းယွီသည် သူ၏ Land Roverကို ဆောင်းဦး နိုက်ကလပ်တွင် တွေ့လိုက်သည်။

ဖုန်းယွီက အထဲကို ရှေ့မှ ဝင်သွားကာ ဝူကျီကန်းက နောက်မှ လိုက်လာ၏။ သူက အံကြိတ်ထားသည်။ သူသည် ယွမ် ၁၀,၀၀၀အတွက် ဤကိစ္စအား သဘောတူထားသည် မဟုတ်ပေ။ ထိုအရာက ပြုလုပ်ခြင်းသည် ဖုန်းယွီ၏ ကျေးဇူးတရားသိတက်မှုကြောင့် ဖြစ်သည်။ သူသည် ဖုန်းယွီကို ကူညီခဲ့ကာ ဖုန်းယွီသည် သူ့ကို အနာဂတ်တွင် ကူညီလိမ့်မည် ဖြစ်မှန်း သိ၏။

နိုက်ကလပ်သည် အလွန် လူများသည်။ ဖုန်းယွီသည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ထောင့်တစ်ထောင့်တွင် စုန့်ရှောင်ဖုန်းကို သူ့လူများနှင့် အတူ မြင်လိုက်ရ၏။

ဖုန်းယွီက ဝူကျီကန်းနှင့် ပြောပြီးနောက် စုန့်ရှောင်ဖုန်းဆီ လျှောက်သွားလိုက်သည်။ ထိုမှ မဟုတ်ပါက စုန့်ရှောင်ဖုန်းသည် သူတို့ကို မြင်နိုင်မှာ မဟုတ်ပေ။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset