အခန်း ၆၂
လူတိုင်းကို အရေးယူနိုင်တယ်
စုန့်ရှောင်ဖုန်းကို သူ့ဦးလေး စုန့်လောင်စီက ဗီလာတွင် ရက်များစွာ ခြေချုပ်ထား ထားသည်။ စုန့်လောင်စီ၏ ဗီလာသည် အရာရာ ပြည့်စုံနေသော်ငြား သူသည် ပျင်းသည်ဟု ခံစားနေရသည်။
ယနေ့တွင် သူသည် သူ့ဦးလေး ဗီလာမှ နောက်ဆုံးတွင် ထွက်ခွာခွင့် ရခဲ့ပြီးနောက် သူသည် ချက်ချင်းပင် သူ့လူများကို နိုက်ကလပ်သွားရန် ခေါ်လိုက်သည်။ သူက ကွဲပြားသည့် မိန်းကလေးများနှင့် ကစားရတာကို နှစ်သတ်ရုံသာ ဖြစ်သည်။ သူ့စကားလုံးထဲတွင်
“မိန်းကလေးတိုင်းမှာ ဆွဲဆောင်မှု ကိုယ်ဆီနဲ့”
သူသည် ပစ်မှတ်တစ်ခုကို တွေ့ပြီးနောက် သူ့လူများအား ထိုမိန်းကလေးကို ဆွဲခေါ်ရန် လွှတ်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့စိတ်ထဲဆွဲနေသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
ထိုကလေး သူ့ရှေ့တွင် ရောက်လာကတည်းက သူ့ဆီမှ ပိုက်ဆံ မရပါက ဖြုန်းတီးရာ ကျပေလိမ့်မည် ဖြစ်၏။
စုန့်ရှောင်ဖုန်းသည် တုက်၏ ဆေးဝါးကုန်ကျစရိတ်ကို ပေးနေရဆဲ ဖြစ်သည်။ သူသည် ဖုန်းယွီကို ထိုနေရာတွင် တွေ့ကတည်းက သူက ဖုန်းယွီကို တုက် ဆေးဝါးကုန်ကျစရိတ် ပေးဖို့ မေးရန် ဆုံးဖြတ်လိုက်တော့သည်။ ဖုန်းယွီသည် ခြေကျိုးဝမ့်မှ တဆင့် တုက်ကို သွယ်ဝိုက်၍ ခြေကျိုးစေခဲ့၏။
ဖုန်းယွီသည် ဝူကျီကျန်းနှင့်အတူ ထိုင်စရာနေရာ တစ်နေရာကို ရှာနေသည့်အခိုက် သူသည် သူတို့နှစ်ယောက်ရှေ့တွင် လူနှစ်ယောက် ပေါ်လာတာကို မြင်လိုက်ရ၏။
“မင်းတို့ နှစ်ယောက်ကို သခင်စုန့်က အဲ့ဒီကို လာဖို့ ပြောလိုက်တယ်”
လူနှစ်ယောက်ထဲမှ တစ်ယောက်က ပြောလိုက်၏။
ဖုန်းယွီနှင့် ဝူကျီကန်းမျက်လုံးချင်း စုံသွားပြီးနောက် စကားတစ်ခွန်းမျှ မပြောဘဲ စုန့်ရှောင်ဖုန်း၏ လူများနောက် လိုက်သွားတော့သည်။ စုန့်ရှောင်ဖုန်းသည် ခြေနှစ်ချောင်းချိတ်ကာ ဆိုဖာပေါ်တွင် မှီလျက် ဝိုက်ခွက်ကို ယမ်းနေ၏။
“ဒါက ညီလေးဖုန်းမလား။ ဒီနေ့ ဒီကို ဘယ်လိုလုပ်လာတာလဲ”
စုန့်ရှောင်ဖုန်းက မေးလိုက်သည်။
“ကျွန်တော် ဒီအတိုင်း ဖြတ်သွားရုံပဲ သောက်ချင်လာလို့ ဝင်ခဲ့လိုက်တာ။ သခင်စုန့် မင်းကော ဒီမှာ ရောက်နေတာပါလား။ သခင်စုန့်ရဲ့ ပြေစာကို ငါ့ဆီ ယူခဲ့လိုက်”
ဖုန်းယွီက တက်ကြွစွာ ပြောလိုက်သည်။
“မလိုဘူး။ ငါ စုန့်ရှောင်ဖုန်းက သူများတိုက်တာကို သောက်တက်တဲ့ အကျင့် မရှိဘူး။ ဒါပေမဲ့ ငါ့ညီအစ်ကို တုက်က မင်းရဲ့ ရုံးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တယ်။ အဲ့ကိစ္စအတွက် မင်း ဘယ်လို စီစဉ်ထားလဲ”
စုန့်ရှောင်ဖုန်းက သူ၏ ခွက်ကို လှုပ်ကာ ပြောလိုက်၏။ သူသည် ဖုန်းယွီကိုတောင် မကြည့်ပေ။
ဖုန်းယွီသည် ဝူကျီကန်းကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ဘာလုပ်ရမလဲဆိုတာကို သိပေ၏။ ဝူကျီကန်းသည် ရှေ့တစ်လှမ်းတိုးကာ အော်လိုက်၏။
“သူက ငါတို့ကြောင့် ဒဏ်ရာရတာ မဟုတ်ဘူး ပြီးတော့ ငါတို့ ကုမ္ပဏီက မင်းတို့ လူတွေ ဖျက်ဆီးတာကို ခံခဲ့ရတာ”
စုန့်ရှောင်ဖုန်းက ဝူကျီကန်းကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကာ သူက ဘာမျှ ထပ်မပြောပေ။ ထို့နောက် သူလူများက ရောက်လာတော့သည်။ သူတို့ အကုန်လုံးက ပုလင်းကိုယ်စီနှင့် ဖြစ်ကာ ဝူကျီကန်းက မြေပြင်ပေါ်တွင် ရှိနေ၏။ လူလေးယောက်က သူ့နားဝိုင်းလာကြကာ သူ့အား စတင် ကန်ကြောက်တော့၏။
ဝူကျီကန်းသည် အရိုက်ခံရမည်မှန်း သိပြီးသား ဖြစ်သည်။ သူ့ဝမ်းဗိုက်ကို အကာပြားများဖြင့် ကားထားပြီး သူ့လက်များကို သူ့ခေါင်းကို ကားထားပြီး ခန္ဓာကိုယ် ကွေးထားကာ သူ့ကိုယ်သူ ခုခံထား၏။ သူသည် ဒဏ်ရာများ ရခဲ့လျှင်တောင် ထိုဒဏ်ရာများက ပြင်းထန်မှု ရှိမည် မဟုတ်ပေ။
ဝူကျီကန်းသည် ကြမ်းပြင်ပေါ်တွင် သေလုမတက် အော်နေ၏။ သူကို ဂရုဏာထားရန် အော်နေ၏။
ဖုန်းယွီသည်လည်း စုန့်ရှောင်ဖုန်းကို အော်နေ၏။
“သခင်စုန့် သူတို့ကို တားပါဦး။ ဘယ်လောက် လျော်ကြေးလိုချင်လို့လဲ။ ကျွန်တော် သိပါရစေ။ ကျွန်တော် တက်နိုင်ရင် ခင်ဗျားကို ပေးမှာပေါ့။ သူက ခဏနေရင် သေတော့မယ်”
စုန့်ရှောင်ဖုန်းသည် မျက်လုံး မှိတ်လိုက်သည်။ ဖန်ခွက်ကို ကိုင်ထားပြီး ဝိုင်များက ယိမ်းထိုင်းနေ၏။ သူ့သွင်ပြင်သည် အချို့သော တေးသီချင်းသံများကြောင့် ပျော်ရွှင်နေပုံရကာ သူ့လက်များကလည်း သံစဉ်အတိုင်း ယိမ်းထိုးနေတော့သည်။
သူက သူ့ကို မနာခံသူများ၏ အော်သံများကို နားထောင်ရတာကို နှစ်သက်၏။ ပိုစိတ်မချမ်းသာ ဖြစ်လေ သူပိုစိတ်လှုပ်ရှားလေ ဖြစ်သည်။ ထိုအော်သံများမှ ထွက်လာသည့် စိတ်ကျေနပ်မှုသည် လိမ်မှုကိစ္စထက် အဆပေါင်းများစွာ ပိုခံစားရစေသည်။
ရိုက်နှက်သည်ကား ငါးမိနစ်ခန့် ကြာသွားသည်။ ဝူကျီကန်း၏ အော်ငိုသံက ပိုပိုပြီး အားပျော့လာ၏။ ဂီတမှူး၏ အဆုံးသတ် လက်ဟန်အတိုင်း သူ့လက်ကို မြှောက်လိုက်သည်။
သူ့လူများက ရပ်လိုက်ကာ စုန့်ရှောင်ဖုန်းနောက်တွင် ရပ်လိုက်ကြတော့သည်။ ဖုန်းယွီသည် မြန်မြန်ဖြင့် ဝူကျီကန်းကို စစ်ဆေးလိုက်တော့သည်။ သူက စိတ်မကောင်း စဖြစ်လာသည်။ ထိုအရာက သူမျှော်လင့်ထားသည့် အတိုင်း ဖြစ်မနေပေ။
သူ့အတွေးတွင် စုန့်ရှောင်ဖုန်း၏ လူများက ဝူကျီကန်းကို တစ်ခဏတာ ရိုက်ရုံသာ ရိုက်ပြီး လွှတ်လိုက်မည် ဖြစ်သည်။ ဒီလောက် အကြာကြီး ရိုက်လိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေါ။ ဝူကျီကန်းသည် ပြင်းပြင်းထန်ထန် အရိုက်ခံထားရခြင်း ဖြစ်သည်။ သူ့မျက်နှာက သွေးများဖြင့် ပြည့်နေကာ သူ့ခန္ဓာကိုယ်သည်လည်း အဆက်မပြတ် တုန်ယင်နေတော့၏။
ဖုန်းယွီက ဝူကျီကန်း၏ မျက်လုံးကို စစ်ဆေးကြည့်လိုက်သည့် အခါ နောက်ပိုင်းတွင် မျက်တောင် ခက်နိုင်နေဆဲ ဖြစ်ကာ သူ့မျက်လုံးများသည်လည်း အလွန် ကြည်လင်နေသေး၏။ ဖုန်းယွီက စိတ်သက်သာရရသွားသည်။ အနည်းဆုံးတော့ ဝူကျီကန်းသည် ဦးနှောက်မထိခိုက်သွားပေ။
“စောစောက မင်းက တုက်ရဲ့ ဒဏ်ရာတွေ အတွက် လျော်ကြေးပေးမယ်လို့ ပြောခဲ့တယ်။ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်တန်မယ်လို့ မင်းထင်လဲ”
စုန့်ရှောင်ဖုန်းက သူ့ဝီစကီကို ဖြည်းဖြည်းချင်း သောက်ရင်း ပြောလိုက်သည်။
“ယွမ် ၁၀၀,၀၀၀”
ဖုန်းယွီက ဈေးပြောလိုက်သည်။ လက်ရှိတွင် ဘင်းမြို့တော်၏ နှစ်စဉ် ဝင်ငွေက ယွမ် ၁,၀၀၀ထက် မများပေ။ ယွမ် ၁၀၀,၀၀၀သည် လူများစွာအတွက် တစ်သက်စာသုံးနိုင်သည့် ငွေကြေးပင် ဖြစ်သည်။
“ယွမ် ၁၀၀,၀၀၀လား။ ဟန့် မင်းက ငါတို့တွေကို သူတောင်းစားတွေလို့ တွေးနေတာလား။ အနည်းဆုံး ယွမ် ၄၀၀,၀၀၀ရှိတယ်။ ငါမင်းနဲ့ ဈေးဆစ်မှာ မဟုတ်ဘူး။ ခြေထောက်နှစ်ချောင်းနှင့် တခြားဒဏ်ရာတွေ အတွက် စုစုပေါင်း ယွမ် ၁သန်းကျတယ် ပြီးရင် ဒီကိစ္စကို ဒီမှာ ထားလိုက်မယ်။”
စုန့်ရှောင်ဖုန်းသည် လှောင်ပြုံးပြုံးလိုက်၏။ ထိုက်ဟွ ကုန်သွယ်ရေးသည် လွန်ခဲ့သည့် လက သန်းပေါင်းများစွာ ရှာထားနိုင်မှန်း သိသည်။ ၁သန်းက ဖုန်းယွီအတွက် ပြဿနာ တစ်ရပ် မဟုတ်ပေ။
၁သန်းလား။ ဖုန်းယွီက သက်ပြင်းရှည် တစ်ချက် ချပြီးနောက် ပြောလိုက်သည်။
“သခင်စုန့်။ ၁သန်းက အရမ်းများမနေဘူးလား”
“များတာလား။အဲ့တာဆို မင်းရဲ့ ခြေနှစ်ချောင်း ဘယ်လောက် တန်တယ်လို့ စဉ်းစားမိလဲ။ မင်းခြေနှစ်ဖက်ကို မချိုးဘဲ ငါတို့က ဒီကိစ္စကို ငြိမ်ခံထားလိုက်တာလဲ။”
စုန့်ရှောင်ဖုန်းက စက်ရှုပ်ရွံ့ရှာဖွယ် အပြုအမူဖြင့် ပြောလိုက်၏။ ဖုန်းယွီက သူ့ကို ဈေးထပ်စစ်နိုင်မည်လား။ အကယ်၍ ဖုန်းယွီသာ ဈေးထပ်စစ်ပါပါက သူက သူ့ခြေထောက်များကို ချက်ချင်းပင် ချိုးလိုက်ကာ လျော်ကြေးအဖြစ် တောင်းမည် ဖြစ်သည်။
“ကောင်းပြီ။ ငါမင်းကို ယွမ် ၁သန်းပေးမယ်။ ပိုက်ဆံရှာဖို့အတွက် ငါ့ကို အချိန် သုံးရက်ပေးပြီးရင် မင်းဆီကို ပို့လိုက်မယ်”
ဖုန်းယွီက မပေးချင်ဘဲ ပြောလိုက်သည်။
ဖုန်းယွီကို ကြည့်ပြီး စုန့်ရှောင်ဖုန်းက အူမြူးနေတော့သည်။ သူသည် သူ့ဒေါသကို ထွက်ပေါက်အဖြစ် အသုံးချလိုက်ကကာ ပိုက်ဆံများစွာ ရတော့မည် ဖြစ်သည်။ တုက်၏ ဆေးဝါးကုန်ကျစရိတ်ကို ပေးပြီးနောက် သူ့ဆီ အနည်းဆုံး သိန်းပေါင်းများစွာတောင် ကျန်မည် ဖြစ်သည်။
ယင်ကောင် တစ်ကောင် ယမ်းလိုက်သည့်အလား စုန့်ရှောင်ဖုန်းက ဖုန်းယွီကို အရှုံးပေးရန် တောင်းဆိုလိုက်သည်။ ထို့နောက် သူက အကကြမ်းပြင်ပေါ်တွင် ကနေသည့် မိန်းကလေး တစ်ယောက်ကို လက်ညှိုးထိုးလိုက်ကာ။ ဒီနေ့ သူ တစ်ယောက်ထဲ။
နိုက်ကလပ် စီးပွားရေးက ဝူကျီကန်းကို စုန့်ရှောင်ဖုန်း၏ နောက်လိုက် လေးယောက်က ရိုက်လိုက်လျှင်တောင် သက်ရောက်မှု မရှိပေ။ လူတိုင်းက မမြင်ချင်ယောင် ဆောင်ကြသည်။ အချို့သော ရဲတင်းသည့် လာရောက်သူများသာ စုန့်ရှောင်ဖုန်းကို ဘယ်သူက ရန်လာစမှန်း စပ်စုကြသည်။
ဖုန်းယွီက မူမမှန်သည့် လူများကို တကယ်ကို စက်ဆုပ်သည်။ စုန့်ရှောင်ဖုန်းလို လူမျိုးကို အံ့ဖွယ်ကောင်းသည့် လူဟု သူတို့က တွေးထင်ကြသည်လား။ သူသည် ထောင်ထဲ သို့မဟုတ် လမ်းဘေးတွင် သေသည့် အခါ သူတို့သည် ထိုအရာများက ရူးမိုက်သည့် အခါများနှင့် သိက္ခာမရှိသည့် အရာဖြစ်မှန်း နားလည်ကြပေမည်။
ဖုန်းယွီက ဝူကျီကန်းကို နိုက်ကလပ်မှ ကူထုတ်ပေး၏။ သူတို့ ကားထားခဲ့သည့် နေရာကို ရောက်သည့်အခါ ဝူကျီကန်းက စတင် ညည်းတော့သည်။
“မင်းဘယ်လိုနေလဲ။ တစ်ခုခုများ ကျိုးသေးလား။ စိတ်မပူနဲ့။ ငါတို့တွေ ဆေးရုံကို မကြာခင်ရောက်တောမှာ”
ဖုန်းယွီက ပြောလိုက်၏။
“အဆင်ပြေပါတယ်။ အကာတွေ ထည့်ထားတာပဲ”
ဝူကျီကန်းက ပြောပြီး သူ့အင်္ကျီအောက်မှ ပလက်စတစ် ဘုတ်ပြား နှစ်ခုကို ဆွဲထုတ်လိုက်တော့သည်။ ကံကောင်းချင်တော့ စု့န်ရှောင်ဖုန်း၏ လူများက သူတို့ခြေထောက်များကို ဆောင့်နင်းရန်အတွက် အသုံးပြုခဲ့သည်။ အကယ်၍ သူတို့သာ လက်သီးနှင့် ထိုးခဲ့ပါက သူတို့သည့် ပလက်စတစ် အကာကို ခံစားမိမှာ ဖြစ်သည်။ အကာများက သူ့ကို ကာထားသည့်အတွက် ဝူကျီကန်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ မရရှိခဲ့ခြင်း ဖြစ်၏။
ဆေးစစ်ချက် ရပြီးနောက် ဖုန်းယွီ စိတ်သက်သာရာ ရသွားသည်။ ဝူကျီကန်းသည် ပုံမှန် ဒဏ်ရာများသာ ရခဲ့တာ ဖြစ်သည်။ ဆေးနှစ်ကြိမ် ထိုးပြီးနောက် သူအိမ်ပြန်နိုင်မှာ ဖြစ်သည်။ သူသည် ထူထူထောင်ထောင် ဖြစ်ရန်အတွက် အိမ်တွင် နှစ်လခန့် အနားယူရန် လိုအပ်သည်။
“ကျီကန်း ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ အခြားသူတွေကို မပြောနဲ့။ စိတ်ချထားလိုက် စုန့်ရှောင်ဖုန်းတော့ ပြီးသွားပြီ။”
ဖုန်းယွီက ပြောလိုက်၏။
ထိုညတွင် ဖုန်းယွီသည် ခြေကျိုးဝမ့်ကို ရှာရန်အတွက် နေရာအနှံ့သွားခဲ့သည်။ နောက်ဆုံးတွင် သူ့ကို ရေချိုးဆောင်၏ ရေချိုးခန်းတွင် အနားယူနေသည်ကို တွေ့လိုက်ရသည်။
ခြေကျိုးဝမ့်က ဖုန်းယွီကို တွေ့သည့် အခါ မျက်မှောင်ကျုံ့သွားကာ
“ဒီကလေး ထပ်လာပြန်တာလား။ ငါကို ယွမ် ၁၀၀,၀၀၀ပေးတာနဲ့ သူ့ကိစ္စတွေ အကုန် ဖြေရှင်းပေးနိုင်မယ်လို့ ထင်နေတာလား။”
ဖုန်းယွီက ခြေကျိုးဝမ့်ကို မြင်သည့် အခါ သူက သနားချင်စဖွယ် အမူအရာဖြင့် ပြောလိုက်၏။
“ချိုင်းထောက်သခင် ကျွန်တော်ကို ကူမှ ရမယ်”
“ဘာဖြစ်လို့လဲ”
ခြေကျိုးဝမ့်က ပြောလိုက်၏။
“ချိုင်းထောင့် သခင် ဒီနေ့ ကျွန်တော် နိုက်ကလပ်ကို သူငယ်ချင်းနဲ့ အနားယူဖို့ သွားခဲ့တယ်။ ဒါပေမဲ့ စုန့်ရှောင်ဖုန်းကလည်း အဲ့ကို ရောက်နေတယ်။ သူက သူ့လူတွေကို ဘာအကြောင်းပြချက်မှ မရှိဘဲ ကျွန်တော်သူငယ်ချင်းကို ရိုက်မလား ကျွန်တော်ကို ရိုက်မလားမေးလိုက်တယ်။ ကျွန်တော် သူငယ်ချင်းက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားပြီး သူအခု ဆေးရုံမှာ လဲနေတယ်။ ကျွန်တော်လည်း အရိုက်ခံခဲ့ရတယ်။ ကျွန်တော် ဒဏ်ရာတွေကို ကြည့်ပါဦး”
ဖုန်းယွီက မေးလိုက်သည်။
“ဘာအကြောင်းမှပဲ မရှိပဲ သူက မင်းတို့ကို ရိုက်တာလား။”
ခြေကျိုးဝမ့်က မေးလိုက်သည်။
“ကျွန်တော်တို့တွေက နွေဦးနိုက်ကလပ်မှာ။ ချိုင်းထောက်သခင် ရဲ့လူတွေကို မေးကြည့်လို့ရတယ်။ ကျွန်တော်တို့တွေ နိုက်ကလပ်ထဲ ဝင်ခါစ ရှိသေးတယ်။ ကျွန်တော်တို့တွေ ချက်ချင်း စုန့်ရှောင်ဖုန်းရဲ့ လူတွေကို ရိုက်တာ ခံလိုက်ရတယ်။ စုန့်ရှောင်ဖုန်းက တုက်ခြေထောက်တွေက ချိုင်းထောက် သခင်ကြောင့် ကျိုးတယ်လို့ ပြောပေမဲ့ ကျွန်တော် ကုမ္ပဏီမှာ ဖြစ်ခဲ့တာ။ အဲ့တာကြောင့် ယွမ် ၁သန်းကို လျော်ကြေးငွေအဖြစ် ပေးရမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်ရဲ့ ကုမ္ပဏီက အသစ်ပဲ ရှိသေးတာ။ ဒီလောက်များတဲ့ ငွေကို ဘယ်မှာ သွားရှာရမှာလဲ”
ဖုန်းယွီက ပြန်ပြောလိုက်၏။
ခြေကျိုးဝမ့်၏ မျက်နှာက ပြောင်းသွားသည်။ တကယ်လက်တွေ့တွင် စုန့်ရှောင်ဖုန်းက ဖုန်းယွီနှင့် သူ့သူငယ်းချင်းကို ရိုက်လိုက်တာ ဖြစ်သည်။ သို့သော် လက်တွေ့တွင် ထိုအရာက သူ့မျက်နှာကို ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
“ဟန့် စုန့်လောင်စီ ဒီတစ်ခေါက်တော့ မင်းရဲ့တူက စည်းမျဉ်းတွေကို မလိုက်နာဘူး။ ငါသူ့ကို ကိုင်တွယ်ဖို့ အတွက် အချိန်မစောင့်တော့ဘူး”