ERSY အခန်း ၁၆၆

အခန်း ၁၆၆ ။ မင်းကကျုပ်နှလုံးသား

လန်ဟွားနှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ အသက်ပြင်းပြင်းရှူပြီး သွေးအန်ချင်စိတ်ကို မနည်းတားနေရလေရဲ့။ နောက်တော့ သူပြောလိုက်တယ်။

“ကြားတာတော့ မင်းက ဆန်းကြယ်ဝိညာဉ်များနဲ့ အမတများ တွေ့ဆုံပွဲမှာ ပါဖို့ ကောင်းကင်များအလွန်မှကောင်းကင်ထဲက အမတသက်တံနန်းတော်ဆီသွားမယ်ဆို၊ အမှန်ပဲလား”

“ဟုတ်တယ်”

“ချန်ကောက ဘယ်မှာလဲ”

ရှန်းရင် ခေါင်းစောင်းပြီး သူ့ကိုစိုက်ကြည့်လိုက်တယ်။

“နင် သူ့ကို သိတာလား”

လန်ဟွားက သူမကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေပြီးမှ ထူးဆန်းတဲ့အကြည့်တစ်မျိုး မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ စက္ကန့်နည်းနည်းကြာတော့ သူကအဖြေပေးလာတယ်။

“အဲဒါအရေးမကြီးဘူး ငါမင်းကိုလာပြောတာက အဲဒီအဇဋာဧကရာဇ်တွေအားလုံးက လူဆိုးတွေကြီးပဲ”

“အော်” ရှန်းရင် စောင်ကို မေးစေ့‌ထိဆွဲတင်လိုက်တယ်။

“မင်း ငါ့ကိုမယုံဘူးလား” လန်ဟွားက အခုပိုပြီးတောင် သွေးပျက်လာပြီ။ သူက စောင်ကိုဆွဲယူပြီး အောက်ဆွဲချလိုက်တယ်။

“ငါအမှန်တိုင်းပြောနေတာ – အထူးသဖြင့် ချန်ကော၊ သူ့ဂုဏ်သတင်းက အဇဋာဧကရာဇ်ဆယ်ပါးကြား အကောင်းဆုံးဆိုပေမဲ့ ပုန်းအောင်းနေတုန်း သူဘာလုပ်ခဲ့လဲဆိုတာ ဘယ်သူမှမသိကြဘူး”

တစ်စုံတစ်ရာအမှတ်ရသွားဟန်နဲ့ လန်ဟွားက မျက်မှောင်ကြုတ်တယ်။

“သတိထားဖို့လိုတယ် ဒီလူတွေနဲ့ဆက်မပတ်သက်တာ အကောင်းဆုံးပဲ၊ နားလည်လား”

“အော်”

“ဒါပေမဲ့ ပြိုင်ပွဲမှာ ပြိုင်မဲ့လူတွေအများကြီးဆိုတော့ မင်း သူ့ကိုတွေ့နိုင်မှာ မဟုတ်ဘူးထင်တာပဲ”

“ငါက ပြိုင်ပွဲထဲ ဝင်မပြိုင်ပါဘူး”

“ဘာ” လန်ဟွား အံ့ဩသွားတယ်။

သူ ဒါကိုသိတယ်ဆိုတာက သူ့စိတ်အာရုံမြင်ကွင်းကို ထားခဲ့ပြီး ဂိုဏ်းထဲကတပည့်တချို့ အစည်းအဝေးကြောင်း ပြောနေသံကို နားစွန်နားဖျား ကြားခဲ့ရလို့။ သူ စိုးရိမ်လာပြီး သူမကိုသတိပေးဖို့ အသည်းအသန် ပြေးလာခဲ့တာ။ အခု သူစဉ်းစားကြည့်မှ သူမက မြေအမတပဲရှိသေးတာ၊ မသေမျိုးချီကလည်းမရှိသလောက်။ ပြိုင်ပွဲမှာဝင်ပြိုင်ဖို့အရည်အချင်းမပြည့်မီတာ အမှန်ပဲ။

ကြည့်ရတာ အကြောင်းမရှိ သူသွေးပျက်မိတဲ့ပုံ။ သူ သက်ပြင်းရှည်ကြီးချလိုက်တယ်။

“လုံးဝမသွားတာအကောင်းဆုံးပဲ”

“ငါသွားမှရမှာ”

“ဘာ” သူခုလေးတင် စိတ်သက်သာရာရနေတာကို အခုထပ်ပြီးသွေးပူလာပြန်ပြီ။ တကယ်လို့ သူသာ စိတ်အာရုံမြင်ကွင်းမဟုတ်ရင် ခုလောက်ဆိုသွေးအန်မိနေမှာ။

“မင်း ပြိုင်ပွဲမှာမပြိုင်ဘူးဆိုရင် အဲကို ဘာလုပ်ဖို့ သွားမှာလဲ”

“ဖေဖေနျိုပြောလို့လေ” သူမလည်းမသွားချင်ပါဘူး။

“ဘာဖေဖေနျိုလဲ”

“ငါတို့ဂိုဏ်းရဲ့ ငွေရေးကြေးရေးကိုတာဝန်ယူထားတဲ့ အကြီးအကဲ”

“မင်းအကြီးအကဲက ရူးနေတာလား” လန်ဟွားအသံက ပူပန်နေပြန်တဲ့ပုံ။ ပုံရိပ်က သူမရှေ့ ရှေ့နောက် လွင့်မျောနေလေတယ်။

“ဒီမှာ လူမကျန်လို့လား၊ မင်းလိုမြေအမတလေးကို ဘာလို့လူအုပ်ကြီးထဲ ဝင်ပါခိုင်းရတာလဲ၊ ကောင်းကင်အလွန်မှ ကောင်းကင်များက ပျော်ဖို့နေရာမဟုတ်ဘူး၊ ငါ့ကို နားထောင် မသွားနဲ့”

“ဖြစ်နိုင်မယ်မထင်ဘူးနော်”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့… ငါက ဂိုဏ်းချုပ်မို့ ထင်တာပဲ”

“…”

ဟမ်။

(⊙_⊙)

လန်ဟွားက သူမကို ဘာမှမပြောဘဲ စိုက်ကြည့်နေမိတယ်။

ဂိုဏ်းချုပ်တဲ့ သူမကလား။

“ကျုပ်မင်းကိုတစ်ခုမေးလို့ရလား”

“ပြောလေ”

“မင်းတို့ဂိုဏ်းထဲကလူတွေက… နတ်ဆိုးချီတွေ အများကြီး ရှုသွင်းပြီး ရူးကုန်တာလား”

သူတို့ ဘာလို့မြေအမတတစ်ယောက်ကို ဂိုဏ်းချုပ်လုပ်ခိုင်းဖို့ရွေးရတာတုံး။

“…”

သူ မေးခွန်းတွေ ‌ထပ်မေးဖို့ရှိသေး သူ့ပုံရိပ်က ရုတ်တရက် တုန်ခါလာပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်လာတယ်။ သူ အကြာကြီးဆက်ရှိမနေနိုင်တော့တာ အသိသာကြီးပဲ။ သူ သွေးပျက်လာပြီး အမြန်ညွှန်ကြားလိုက်တယ်။

“ငါ့ပုံရိပ်ယောင်က အချိန်အကြာကြီး ဆက်ရှိနေတော့မှာမဟုတ်ဘူး၊ ချန်ကောကို သတိထားဖို့ မမေ့နဲ့နော်၊ သူက အမတကောင်း မဟုတ်ဘူး၊ အပြည့်အဝပြင်ဆင်မှုတွေ လုပ်ပြီး မင်းရဲ့အမတရတနာတွေနဲ့ အသုံးအဆောင်တွေအားလုံးကိုပြင်သွား၊ အရင်တစ်ခေါက်က မင်းကိုပေးခဲ့တဲ့ စောင်ကိုခြုံ၊ ရေဖြတ်တောက်ပိုးသားနဲ့ ဝိညာဉ်ကာကွယ်ဆံထိုးရောပဲ၊ အော်ဟုတ်သား နေ့သတ်မှတ်ခေါင်းလောင်းရော… အားလုံးကိုတပ်သွား”

သူက ထူးဆန်းတဲ့အသုံးအဆောင်ပစ္စည်းတွေကို အားတက်သရောရွတ်ပြပြီး အသံက တဖြည်းဖြည်း တိုးသွားခဲ့တယ်။ သူ မပျောက်ခင်လေးမှာတင် နောက်တစ်ခွန်းထပ်ပြောလာတယ်။

“ဒါနဲ့တင် မဖြစ်ဘူး၊ ငါ့ကိုရှာဖို့ ဒီကနေမိုင်တစ်ရာကွာတဲ့ မိုးမခသစ်တောဆီလာခဲ့၊ ငါ ဒီနေ့လာတယ်ဆိုတာ ဘယ်သူမှ မပြောနဲ့ဦး…”

သူစကားပြောပြီးပြီးချင်း ပုံရိပ်က အကြွင်းအကျန်မရှိ ပျောက်ကွယ်သွားခဲ့တယ်။

“အိုး…” ရှန်းရင် တလေးတနက်ခေါင်းညိတ်လိုက်တယ်။ နောက်တော့ တံခါးဝမှာ တစ်ချိန်လုံး ရပ်နေတဲ့လူနှစ်ယောက်ဘက် လှည့်လိုက်တယ်။

“ဒါကို လူတွေကို ပြောပြတာလို့ ထည့်မတွက်ဘူးမလား”

ယိချင်း ။ ။ “…”

ကူယွဲ့ ။ ။ “…”

တစ်ခဏအကြာ…။

“ဒီကနေမိုင်တစ်ရာ – အနောက်တောင်ဘက်က မိုးမခတောအုပ်”

“ကျွန်တော် သွား ဖမ်းမယ်”

ရွီးခနဲ ယိချင်းကဓားကိုဆွဲထုတ်ပြီး ကြောက်ခမန်းလိလိ အငွေ့အသက် ထုတ်လိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း သူက ဂိုဏ်းထဲကပျံထွက်သွားခဲ့တယ်။

ခွေးကောင်လေး၊ စောင့်ကြည့်နေလိုက်စမ်း။

——————

နှစ်နာရီအကြာ၊ ဝူတိဂိုဏ်းက ပင်မခန်းမဆောင်။

ယိချင်းနဲ့ ကူယွဲ့က ညာဘက်မှာထိုင်ပြီး ပိထောင်၊ ဖုန်းယင်နဲ့ ချီချန်းယွီကတော့ ဘယ်ဘက်မှာ ထိုင်နေတယ်။ သူတို့အားလုံးက အလယ်က ထုထောင်းခံထားရတဲ့ နတ်ဆိုးကို ကြည့်နေကြတယ်။

ဘယ်သူမှ ဘာမှမပြောကြ။ ခန်းမတစ်ခုလုံး ထိပ်မှာထိုင်ပြီး သစ်သီးဝါး‌နေတဲ့ ရှန်းရင်အသံပဲ ပြည့်နေတယ်။

“မင်းက ဘယ်သူလဲ” ကူယွဲ့ကနောက်ဆုံးတော့ ခပ်ဩဩမေးလာတယ်။

“ဝူတိဂိုဏ်းကို ညသန်းခေါင်ကြီးကျူးကျော်ခဲ့တာ ဘာရည်ရွယ်ချက်နဲ့လဲ”

လန်ဟွားက သူ့ကိုယ်ထဲအရိုးတွေအားလုံး ကျိုးသွားသလိုပဲ။ ရှန်းရင်ကို စိန်းစိန်းဝါးဝါးကြည့်နေပြီး မကျေမချမ်းမှုတွေ ဖောင်းပွလာတယ်။ ဘယ်သူ့ကိုမှမပြောဖို့ သူ မမှာခဲ့ဘူးလား။ တကယ်ပဲ အမတကျင့်ကြံသူတွေ တစ်ယောက်မှ ယုံလို့မရဘူး

“ပြော” လန်ဟွားက မဖြေတာမြင်တော့ ယိချင်း သူ့လက်ကိုမြှောက်ပြီး ပတ်လည်က မသေမျိုးချီနဲ့ ဓားအမတ၅ချောင်း၊ ၆ချောင်းလောက် ဖွဲ့စည်းလိုက်တယ်။ ဓားတွေက လန်ဟွားဦးတည်ပြီး နောက်ဆုတ်သွားစေတာ ထပ်ပြီးလှုပ်လို့မရတော့တဲ့အထိပဲ။

လန်ဟွားကိုယ်ပေါ်က ဒဏ်ရာတွေ ပိုပြီးတောင် ဆိုးဆိုးရွားရွားနာကျင်လာတယ်။ မိုးမခတောအုပ်မှာ ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားမိရင် သွေးအန်ချင်မိတယ်။ သူ ကျင့်ကြံလာတာနှစ်တွေ အကြာကြီးရှိနေပြီ။ သူက ကောင်းကင်မိစ္ဆာ မဟုတ်သေးဘူးဆိုပေမဲ့ အဇဋာဧကရာဇ်တစ်ပါးနဲ့ ယှဉ်နိုင်သေးတယ် – ပြီးတော့ အဲဒါက နှိမ့်ချပြောထားတာ။ သူ ဓားအမတတစ်ယောက်ကြောင့် ဒီလောက်ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားမယ်လို့ မထင်မိခဲ့ဘူး သောက်ကျိုးနည်း ဓားအမတတွေက တကယ်ကို သာမန်မဟုတ်ဘူးပဲ။ ဒီတစ်ယောက်ကတော့ တစ်စုံတစ်ရာပဲ။

သူ့ရှေ့က အမတဓားတွေကို လှမ်းကြည့်လိုက်တယ်။ သူ အံကြိတ်ပြီး နောက်ထပ် ဒဏ်ရာရချင်စိတ် မရှိတော့ဘူး။ စိတ်ဆိုးမာန်ဆိုးနဲ့ သူဘယ်သူဘယ်ဝါဆိုတာ ပြောပြလိုက်တော့တယ်။

“ကျုပ်နာမည်က လန်ဟွား” သူက ဟာသမမြောက်စွာရယ်ပြီး ကူယွဲ့နဲ့ယိချင်းတို့ မျက်နှာပေါ် ထိတ်လန့်မှုနဲ့ အကြောက်တရားပေါ်လာမှာကို စောင့်နေမိတယ်။ အမှန်ပဲ သူကလန်ဟွားပဲ နတ်ဆိုးမင်းသားလန်ဟွား။

“လန်ဟွား…” ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။

“ဘယ်သူလဲ” အဲဒါက ဘယ်လိုရူးကြောင်ကြောင်နာမည်ကြီးတုံး။ ဘာလို့ယဲ့ဟွားမဖြစ်ရတာလဲ။

“…” လန်ဟွား ဓားနဲ့ထိုးခံလိုက်ရသလိုပဲ။

“ပိထောင် မင်းက အမတဘုံမှာ နေလာတာ အကြာဆုံးပဲ၊ မင်းသူ့ကိုကြားဖူးလား”

“လန်ဟွား… လန်…” ပိထောင် ခေါင်းငုံ့ပြီး အတွေးနစ်နေတယ်။ တစ်ခဏနေတော့ သူကမော့ကြည့်ပြီး အတည်ပြုလိုက်တယ်။

“ဘယ်တုန်းကမှပဲ”

“…” လန်ဟွား ဓားနဲ့နောက်တစ်ခေါက် ထိုးခံလိုက်ရသလိုပဲ။

“မဖြစ်နိုင်တာ”

အခု သူ သွေးပျက်နေပြီ။ သူ အသည်းအသန်ထထိုင်လိုက်တယ်။

“သေချာစဉ်းစားဦး၊ ငါက ကောင်းကင်အလွန်မှကောင်းကင်များရဲ့ နတ်ဆိုးမင်းသား လန်ဟွားနော် ငါက လွန်ခဲ့တဲ့နှစ်ထောင်ချီတုန်းက အဇဋာဧကရာဇ်ဆယ်ယောက်ကို စိန်ခေါ်ခဲ့သူပဲ၊ ဘယ်လိုလုပ် မင်းတို့ ဘယ်သူမှမကြားဖူးရတာလဲ”

“မကြားဖူးဘူး” အသီးစားနေဆဲ ရှန်းရင်အပါအဝင် လူတိုင်းက တညီတညွတ်တည်း ဖြေကြလေတယ်။

“…” သူတကယ်သွေးအန်ချင်သွားပြီ။

ကူယွဲ့ ။ ။ “အမတဘုံမှာ နတ်ဆိုးမင်းသားတွေရှိတယ်လား”

ပိထောင် ။ ။ “ကျုပ်လည်း ပထမဆုံးအကြိမ်ကြားဖူးတာ”

ချီချန်းယွီ ။ ။ “ရှိတယ်ထင်တယ်၊ ကျွန်မလည်း အရင်က မိစ္ဆာဆရာသခင်ဖြစ်ခဲ့တာမဟုတ်လား”

ရှန်းရင် ။ ။ “ငါအရင်က နတ်ဆိုးဘုရင်တစ်ယောက် မြင်ဖူးတယ်”

ယိချင်း ။ ။ “ဒီတစ်ယောက်က ဘုရင်လို့ခေါ်ခံရဖို့ အားနည်းလွန်းသေးတာဖြစ်လောက်တယ်”

စနစ် ။ ။ [တင်း ဘုရင်ဘွဲ့ထည့်ထည့်မထည့်ထည့် သူကသာမန်လူပါပဲ]

လန်ဟွား ။ ။ “…”

တော်လောက်ပြီ ဒီစော်ကားပြောဆိုနေတာတွေ အားလုံး တော်သင့်ပြီ။

လန်ဟွား နှစ်အတော်ကြာပုန်းအောင်းနေခဲ့ပြီး လွန်ခဲ့တဲ့နှစ်သောင်းချီတည်းက နတ်ဆိုးဖြစ်နေခဲ့တာ။ ဒါပထမဆုံးအကြိမ် သူ့နာမည်ကို မသိဘူးလို့ ကြားရတာပဲ။ နှစ်ထောင်ချီ သူ့ရန်သူတွေနဲ့တိုက်ခိုက်၊ ပုန်းအောင်း၊ ရှာတွေ့သွားမှာကို ကြောက်ခဲ့ရတာ ဘာအကျိုးရှိတော့မှာလဲ။ သူ ဒါတွေအားလုံးကို ဘာအတွက်ဖြတ်သန်းခဲ့တာလဲ

နတ်ဆိုးတွေက တကယ်ကို မျှော်လင့်ချက်မဲ့လွန်းတယ်…။

“လိုရင်းပြော” ကူယွဲ့ အခု ဒေါသထွက်လာပြီ။ သူ အခု ခရမ်းသီးနဲ့ဆင်နေတဲ့လူကို ကြည့်လိုက်တယ်။

“မင်းက ဝူတိဂိုဏ်းကို ၂ကြိမ်တောင် ကျူးကျော်လာတာ၊ ဘာလိုချင်လို့လဲ”

လန်ဟွား သူ့နှလုံးသား အပိုင်းပိုင်းကြေမွသွားတာကို မပြဖို့ ကြိုးစားနေရတယ်။ သူ ရှန်းရင်ကို စိတ်ဆိုးမာန်ဆိုးကြည့်ပြီး သူ့ကံကြမ္မာကို လက်ခံလိုက်တော့တယ်။

“ဒါမတိုင်ခင်က ကျုပ် နတ်ဆိုးချီတွေအားလုံးကို စုပ်ယူပြီးကျင့်ကြံဆင့်မြင့်အောင် လုပ်ဖို့လာတာ”

“ဒီညကရော”

“သူ့အတွက်” သူက ရှန်းရင်ကို ဆက်ကြည့်နေတယ်။

“ကျုပ်လည်း ဒီလာချင်တာမဟုတ်ဘူး၊ ဒါပေမဲ့ သူမမှာ ကျုပ်ပိုင်တာ ရှိနေတယ်”

ကူယွဲ့ အမူအရာပြောင်းသွားတယ်။ မဟုတ်သေးပါဘူး။ ရှန်းရင်က သူပေးခဲ့သမျှအားလုံးကို အပ်ပြီးပြီးကို။ ဘာတွေသူ့ဘာသာသိမ်းထားသေးတာလဲ။

“ဘာလဲ”

လန်ဟွားက ရှန်းရင်ကိုကြည့်တဲ့ အကြည့်က တရားမမျှတကြောင်း ပြောနေသလိုမျိုး။ သူက ရိုးရှင်းတဲ့ စကားနှစ်လုံးနဲ့ ပြန်ဖြေလိုက်တယ်။

“ကျုပ် နှလုံးသား”

ရှန်းရင် ။ ။ “…”

ကူယွဲ့ ။ ။ “…”

ရွှီခနဲအသံပေါ်လာတယ်။ ရုတ်တရက် အမတဓားတစ်ချောင်းက လန်ဟွားလည်ပင်းနားရောက်နေပြီ။ ယိချင်းရဲ့ဓားချီကိုနေရာအနှံ့မှာခံစားလိုက်ရတယ်။ တမင်သက်သက် ယိချင်းကမေးလာတယ်။

“မင်း အပိုင်းပိုင်းခုတ်ခံချင်နေတာလား” တကယ်ပဲ ဒါက သူ့ဆရာကိုခိုးဖို့ကြိုးစားနေတဲ့ နောက်ထပ်ခွေးသားလေးပဲ

အဖွဲ့ ။ ။ “…”

သူတို့… ခုလေးတင် နတ်ဆိုးမင်းသားရဲ့ ရှန်းရင်ကို ပိုးပန်းဖို့ အစွန်းရောက်တဲ့ကြိုးစားမှုကို နားထောင်လိုက်ရတာလား။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset