ERSY အခန်း ၁၅၃

အခန်း ၁၅၃ ။ ထမင်းစားသူ

ငါးရက်အကြာမှာ ရှန်းရင် သက်တန့်ညီအစ်မတွေ ပြင်ပေးတဲ့နေ့လယ်စာကို စားပြီး စားပွဲမှာ အဆာပြေစား‌နေမိတယ်။ စားစရာက စားဖိုမှူးလက်ရာလောက်မကောင်းပေမဲ့ မဆိုးဘူး။ သူမ စားစရာထပ်လုပ်ခိုင်းရမလား စဉ်းစားနေတုန်းရှိသေး ပုံရိပ်တစ်ခုက သူမရှေ့ကမြေကြီးပေါ် ဆင်းသက်လာတယ်။

“ဆရာ”

“ဟယ် စားဖိုမှူး” ရှန်းရင် အံ့ဩတကြီးဖြစ်သွားတယ်။ သူမရှေ့က အဆာပြေမုန့်ကို တွန်းဖယ်ပြီး မစားရသေးသလိုမျိုးလုပ်လိုက်တယ်။

“နင်ပြန်လာပြီပဲ”

“ဆရာ… အဆင်ပြေရဲ့လား” ယိချင်း စားပွဲပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးကိုစိုက်ကြည့်ရင်း မျက်တောင်မခတ်ရဲဖြစ်နေတယ်။

“ဟမ်” သူမက တန့်သွားတယ်။ “ဘာဖြစ်မှာ-”

သူမ စကားမဆုံးခင် ယိချင်းက သူမဘေး ဖျတ်ခနဲပြေးလာတယ်။ သူမလက်သီးဆုပ်ပြီး နောက်အခိုက်အတန့်မှာတင် ယိချင်းရင်ခွင်ထဲ ရောက်နေတာ သိလိုက်ရတယ်။ အာ… နည်းနည်းကြပ်နေသလိုပဲ။

သူမ သူ့ကိုဘေးတွန်းထုတ်ဖို့လုပ်ပေမဲ့ သူမနားထဲ ခပ်တိုးတိုးရှိုက်သံကြားလိုက်ရတယ်။

“အဆင်ပြေတယ်ပေါ့… တော်သေးတယ်… တော်သေးတယ်”

“အာ…” ဘာတွေဖြစ်နေတာလဲ။

“စားဖိုမှူး၊ နင်… ဟဲ့ စားဖိုမှူး စားဖိုမှူး”

ရှန်းရင် မေးခွန်းမထုတ်နိုင်ခင် သူမကို စောနလေးကတင် အသေဖက်ထားတဲ့လူက ရုတ်တရက် မြေကြီးပေါ် လျှောကျသွားတယ်။

“ဟဲ့ဟဲ့ဟဲ့ နင်အဆင်ပြေရဲ့လား” သူမ သူ့ကို အချိန်မီ ဆွဲဖမ်းလိုက်တော့ သူက မေ့နေပြီ။ နောက်တော့ သူ့တစ်ကိုယ်လုံး သွေးတွေ၊ ဒဏ်ရာတွေနဲ့ဖုံးနေတာ သတိထားမိလိုက်တယ်။ သူ့ပုံစံက လုံးဝ စိတ်မချမ်းမြေ့စရာ။

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ စားဖိုမှူးကို မတွေ့တာ ခဏလေးပဲရှိသေးတာကို – ဘယ်လိုလုပ် အဲလောက်တောင် စုတ်ပြတ်သွားတာလဲ။

“ယိချင်း မင်းငကြောင် ပျံသွားတာမြန်လိုက်တာ…”

ကူယွဲ့နဲ့ရွှင်ရှူး ဆင်းလာရင်း မောဟိုက်နေတယ်။ သူတို့ခြံဝန်းထဲ ကြည့်လိုက်တော့ ရှန်းရင်ကို သတိထားမိသွားတယ်။ ကူယွဲ့ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။

“တကယ့်ကို သန်းချီကပ်ဆိုးပဲ၊ တကယ်နိုးလာပြီကိုး”

“ဖေဖေနျို စားဖိုမှူးဘာဖြစ်တာလဲ” ရှန်းရင် သတိလစ်နေတဲ့စားဖိုမှူးကို တွဲထားရင်း မေးလိုက်တယ်။

“ဘာဖြစ်မှာလဲ” ကူယွဲ့က သူမကိုအပြစ်တင်ဟန်နဲ့ စူးစူးစိုက်စိုက်ကြည့်လိုက်တယ်။ သူရှေ့တက်ပြီး ယိချင်းကိုကူတွဲဖို့လုပ်ရင်း ပြန်ဖြေတော့တယ်။

“သူကငတုံးလေ၊ မင်း ပြန်မလာလောက်ဘူး‌တွေးပြီး မြို့တော်ဆီ ပြေးသွား တခြားဧကရာဇ်ရှစ်ပါးနဲ့ တိုက်ခိုက်ခဲ့တာပဲ”

“ဒါဆို…” ရှန်းရင် ခေါင်းလေးစောင်းလိုက်တယ်။

“သူနိုင်သွားလား”

“…” ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။ အဲဒါဘာအရေးကြီးလဲဟ။ အနည်းဆုံး ဆရာလိုတော့ ပြုမူစမ်းပါ။ မင်းပထမတုံ့ပြန်မှုက သူ့ကို သင်ပြသင့်တာမဟုတ်ဘူးလား။

ဘေးမှာရပ်နေတဲ့ ရွှင်ရှူးက မြန်မြန်ဖြေလာတယ်။

“သူနိုင်သွားတယ်လေ”

“အော် ဒါဆိုကောင်းတယ်”

“မင်းဖင်ကိုကောင်း” တစ်ခါလောက် ပုံမှန်ဆန်ပေးလို့မရဘူးလား။ ကူယွဲ့က သူမကို ပေါက်ကွဲချင်စိတ်ထိန်းချုပ်လိုက်ပြီး ယိချင်း မတ်တတ်ရပ်နိုင်အောင် ကူဖို့ပဲ အာရုံစိုက်လိုက်တယ်။

“သူ ဒဏ်ရာအကြီးအကျယ်ရထားတယ်၊ အချိန်တချို့လောက်တော့ သတိလစ်နေမယ်ထင်တာပဲ၊ အိမ်ထဲသွင်းကြရအောင်”

သူ စကားပြောပြီးတဲ့နောက် ရွှင်ရှူးက သူ့ကိုလာကူပြီး အတူတူ ယိချင်းကို အိမ်ထဲခေါ်သွင်းလာခဲ့တယ်။ သူတို့ သူ့ဒဏ်ရာကိုစစ်ဆေးပြီးတဲ့နောက် နောက်ဆုံးတော့ စိတ်သက်သာရာရသွားခဲ့တယ်။

“သူဘယ်လိုနေလဲ”

“သူအဆင်ပြေပါတယ်၊ သူ ရက်နည်းနည်းပျံခဲ့ရတော့ မသေမျိုးချီကုန်ခမ်းပြီး အရမ်းကိုပင်ပန်းနေတာ၊ ရက်နည်းနည်းလောက် နားပြီးရင် အဆင်ပြေသွားလိမ့်မယ်”

“အိုး…”

“ပြောရဦးမှ…” သူ သူမကိုနောက်တစ်ကြိမ် စိန်းစိန်းဝါးဝါးကြည့်ကာ မေးတော့တယ်။

“ဒီရက်ပိုင်း မင်းဘာဖြစ်တာလဲ၊ ကိုယ့်ဘာသာနိုးလာတယ်ဆိုတော့ မင်း ဝိညာဉ်ဖြတ်ဂါထာ သက်ရောက်တာ မခံရတာ သက်သေပြနေတယ်မလား”

“ဘာဂါထာလဲ” ဘာကြီးတုံး။

“မင်း ဂါထာအောက် ရောက်နေတာမဟုတ်ဘူးလား”

“မဟုတ်ပါဘူး”

“ဒါဆို ဘာလို့မင်းကောင်းကင်စိတ်အာရုံက…”

“အော် အဲဒါက ငါက အိပ်ရင်း လမ်းထလျှောက်တတ်တဲ့အကျင့် ရှိတယ်လေ” ရှန်းရင်က ချက်ကျလက်ကျ ဖြေတော့တယ်။

“ဒါပေမဲ့ငါက လှုပ်ဖို့ကို အမြဲပျင်းလွန်းတယ်လေ၊ ငါ အိပ်မောမကျခင်လေးမှာတင် နင် မြို့တော်မှာ လိမ်ခဲ့တဲ့ဖောက်သည်အကြောင်း စဉ်းစားနေတာ၊ စဉ်းစားရင်း စဉ်းစားရင်း ငါ… လွင့်မျောသွားတာပဲ”

ဖောက်သည်လား။ ရှုကျန်းပေါ့

“ပြောရရင်… မင်းက ဝိညာဉ်ဖြတ်ဂါထာသက်ရောက်တာ လုံးဝမခံခဲ့ရဘူးပေါ့”

“အမှန်ပဲ”

ကူယွဲ့ ။ ။ “…”

ရွှင်ရှူး ။ ။ “…”

အားလုံး ။ ။ “…”

သူတို့အကုန် အိပ်ရာပေါ်ကလူကို လှမ်းကြည့်ပြီး မြို့တော်မှာ ထုထောင်းခံခဲ့ရတဲ့ အမတရှစ်ယောက်အကြောင်း တွေးမိသွားတယ်။

“ဒါဆို မင်းကောင်းကင်စိတ်အာရုံက ဘယ်နေရာဆီ ရက်တွေအကြာကြီးသွားနေတာလဲ၊ ဘာလို့ ခုမှပြန်လာတာလဲ”

“ငါ သေမျိုးဘုံဆီ လျှောက်သွားနေတာ”

“ဘာ” ကူယွဲ့ မှင်တက်သွားတယ်။ ဆက်မေးမို့ရှိသေး စစ်ယွီက ခန်းမထဲဝင်လာတယ်။

“ဂိုဏ်းချုပ်ကိုတင်ပြပါတယ် – လူနှစ်ယောက်က ကလေးတစ်ယောက်ကို ဒီပို့ဖို့ရောက်လာပါတယ်၊ သူတို့ပြောတာတော့… ဂိုဏ်းချုပ်က သူတို့ကို ဝင်ဖို့ခွင့်ပြုထားတယ်တဲ့”

“အိုး ဟုတ်တယ်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ သူမ စစ်ယွီကို သူတို့ကို ခန်းမဆီ လိုက်ပြခွင့်ပြုလိုက်ပြီးတော့ သူတို့ကိုတွေ့ဖို့ အပြင်ထွက်လာခဲ့တယ်။ ‌လမ်းလျှောက်နေရင်း အမတဘုံမှာ ဘာတွေဖြစ်ခဲ့လဲပါ အကျဉ်းချုံး ပြောပြလိုက်တယ်။

ဖေဖေနျို့အမူအရာက မှောင်မည်းပြီး အကြည့်က ထက်လာတယ်။

“မင်းပြောချင်တာက… နောက်ထပ်ထမင်းစားသူတစ်ယောက်ရှာတွေ့ခဲ့တယ်ပေါ့၊ ပြီးတော့ သူ့ကို ပြန်ခေါ်လာခဲ့တယ်ပေါ့လေ”

“အာ… ဖေဖေနျိုရယ် နည်းနည်းလောက် ချစ်တတ်စမ်းပါ အရင်က ကောင်းတာတွေပဲ လုပ်ခဲ့တာမဟုတ်လား”

ကူယွဲ့က သူမကို ခပ်ညစ်ညစ်ကြည့်ပြီး ပြန်ပြောမနေတော့ဘူး။

“ငါတို့သူ့အရည်အသွေးကို ဆုံးဖြတ်ပြီးရင် ပြောကြတာပေါ့” တကယ်လို့ ဒီလိုမြင့်မားတဲ့ ခံစားချက်သာ မရှိရင် အောက်ဘုံကို ချက်ချင်းပစ်ချမိမှာ။

သူတို့ ခဏထိုင်ရုံပဲရှိသေး စစ်ယွီက ကလေးမကို ခန်းမဆီခေါ်လာတယ်။ သူတို့မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးပေမဲ့ ကလေးမက အများကြီး အရပ်ရှည်နေပြီ။ အသက်က ၁၂နှစ်၁၃နှစ်လောက်။ သူမက စုတ်စုတ်ပြတ်ပြတ် မဝတ်စားထားတော့ဘူး။ အဲအစား အတော်လေး ကြည့်ပျော်ရှုပျော်ရှိနေပြီ။ အဲဒီတိရစ္ဆာန်လေးတွေက သူမအပေါ်ကောင်းသားပဲ။ တစ်ခုပဲ၊ သူမရဲ့မျက်ဝန်းထဲမှာ အချိန်မရွေး ဖမ်းခံရနိုင်တဲ့ ယုန်တစ်ကောင်လိုအကြောက်တရားရှိနေတာ။

ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ ဘာကြောင့်မှန်းမသိ သူတကယ် သူမကို သဘောမကျတာ။

ကလေးမက ခေါင်းမော့ပြီး သူတို့ကိုကြည့်လာတာ။ ရင်းနှီးနေတဲ့လူ ရှာမတွေ့လို့ထင် ရပ်ပြီး သတိတကြီးနဲ့ နောက်ကိုဆုတ်သွားတယ်။ သူမက မြေကြီးပေါ် ခြေချော်သွားပြီး အရှေ့ကို ချော်လဲရင်း ကြမ်းပြင်ပေါ် ဘန်းခနဲ ကျသွားတော့တယ်။

စစ်ယွီ ကြောင်အမ်းသွားတယ်။ သူမက ကလေးကို ထူဖို့ကိုင်းလိုက်ပြီး ကလေးကလည်း တစ်ချိန်တည်းမှာပဲ မော့ကြည့်လာတယ်။ သူမခေါင်းလေးက စစ်ယွီလက်မောင်းနဲ့တိုက်သွားပြီး စစ်ယွီကိုယ်ကိုဝိုင်းထားတဲ့ မသေမျိုးချီကြောင့် ပြန်ကန်ထွက်သွားတယ်။ အရှိန်ကြောင့် ရှေ့ကို လွင့်ထွက်သွားတော့ သူမအလိုလို ခေါင်းလေးကို အုပ်ထားလိုက်တယ်။ သူမက ဝင်ပေါက်ကနေ သူတို့အုပ်စု ခြေထောက်နားဆီထိ လိမ့်လာတြောတယ်။ သူတို့ဘေးက ကျောက်စားပွဲခြေထောက်နဲ့ တိုက်မိတော့မှပဲ ရပ်သွားတယ်။ နဖူးပေါ် ပွန်းပဲ့ရာတွေ ပေါ်လာတော့တယ်။

သူမဝတ်ထားတဲ့ ဝတ်ရုံလှလှလေးကလည်း ခု‌တော့ညစ်ပတ်သွားပြီ။

အားလုံး ။ ။ “…”

ရှန်းရင်က နှုတ်ခမ်းစေ့လိုက်တယ်။ ဒီကံမကောင်းတဲ့ကလေးမက တကယ်ပဲ သူမ သေမျိုးဘုံမှာတွေ့ခဲ့တဲ့ နဂိုဂျပုလေး အမှန်ပဲ။

“တောင်း… တောင်းပန်ပါတယ် တမင်… တမင်လုပ်တာမဟုတ်ပါဘူး” ကလေးမက နဖူးကိုပွတ်ရင်း ကြောက်လန့်တကြား ခေါင်းမော့လာတယ်။ သူမ မျက်လုံးတွေက မျက်ရည်တွေနဲ့ ပြည့်နေတယ်။ ကြည့်ရတာ မျက်ရည်ကိုမနည်းထိန်းနေရတဲ့ပုံ။ သူမကို ဒီခေါ်လာတဲ့ဦးလေးက သူမ လိမ္မာရင် သူမကို ကာကွယ်ပေးခဲ့တဲ့ ကောင်းကင်နတ်ဘုရားနဲ့တွေ့ခွင့်ရမယ်တဲ့။

“ဒါကလေးလား” ကူယွဲ့ သူမလက်မောင်းကို‌ဆွဲထူဖို့လက်လှမ်းပြီး ထူပေးဖို့လုပ်လိုက်တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ လက်ချော်သွားလို့ ကလေးရဲ့ ဝတ်ရုံလက်တစ်ဖက်ကိုပဲ ကိုင်ထားမိသွားတယ်။ ကလေးကပြုတ်ကျပြီး ကျောက်စားပွဲခြေထောက်နဲ့ နောက်တစ်ကြိမ် ရိုက်မိသွားလေရဲ့။

သေစမ်း၊ နောက်ထပ်ပွန်းရာတစ်ခု

ကူယွဲ့ ။ ။ “…”

ဒီအချိန် အားလုံးက သူ့ဝိုင်းကြည့်လာတော့တယ်။

“မင်းတို့ဘာကြည့်နေတာလဲ” ကူယွဲ့ နှုတ်ခမ်းတွန့်သွားတယ်။ သူတို့အားလုံးက သူပဲ ကလေးကို အနိုင်ကျင့်နေသလိုမျိုး ဘာလို့ဝိုင်းကြည့်နေတာလဲ။

“တမင်လုပ်တာမဟုတ်ဘူးဟ” သူမက အစွမ်းရှိတဲ့ ဝတ်ရုံဝတ်ထားတာမလား။ ဘာလို့ အဲလောက်အလွယ်လေး ပြဲရတာတုံး။ သူ ချက်ချင်း သူမဝတ်ရုံလက်ကိုပြင်ဖို့ မန္တန်တစ်ခု ရွတ်လိုက်တယ်။

“ငါ အရင်ကပြောသလိုပဲ…၊ ဒီကလေးက အတော်လေးထူးခြားတယ်” ရှန်းရင်ရှင်းပြလိုက်တယ်။ သူမက အတော်လေးကို ကံမကောင်းတာ။

သူမ ဒီလိုပြောချိန် ကလေးက မှင်တက်သွားတယ်။ ချက်ချင်းမော့ကြည့်ပြီး ရှန်းရင်ကိုမြင်ချိန် မျက်လုံးတွေ ပြူးသွားတယ်။ ရုတ်တရက် သူမက စိတ်လှုပ်ရှား၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်သွားခဲ့တယ်။

“ကောင်းကင်… ကောင်းကင်နတ်ဘုရားလား၊ ကောင်းကင်နတ်ဘုရားပဲ” အဲအသံ – သူမမှန်တယ် ကလေးက မျက်ရည်တွေကို ထိန်းမထားနိုင်တော့ဘူး။ ပါးပြင်တစ်လျှောက်စီးကျလာပြီး ငိုချတော့တယ်။ သူမက ရှန်းရင်ဆီ ငိုရင်းပြေးလာတယ်။

“ကောင်းကင်နတ်ဘုရား၊ ကောင်းကင်နတ်ဘုရား…”

အာ… ရှန်းရင်ပေါ် မျက်ရည်တွေ သုတ်မှာတော့ မဟုတ်ဘူးမလား။

“ဂိုဏ်းချုပ်ပေါ် မရိုင်းရဘူးလေ” အဲအချိန်မှာပဲ ယွီဟုန်က လက်လှမ်းပြီး ကလေးကို ရှန်းရင်အဝေးဆီ ချီလိုက်တယ်။ ကလေးက အနာဂတ်မှာ သူတို့ဂိုဏ်းတူညီမ ဖြစ်လာနိုင်ပေမဲ့ အပြုအမူတွေကို သင်ယူဖို့လိုသေးတယ်။ သူ‌တို့တောင် ဆရာ့ကိုဖက်ဖို့ အခွင့်အရေးမရသေးဘူး။

ကလေးက ရှန်းရင်ကိုတစ်ချက်ကြည့်ပြီး နောက်တော့ သူမကို တားတဲ့ယွီဟုန့်ကို ကြည့်လိုက်တယ်။ သူမကိုယ်သူမ စိတ်ထိန်းပြီး မျက်ရည်တွေသုတ်ရင်း လိမ်လိမ်မာမာနောက်ဆုတ်လိုက်တယ်။ ဒါပေမဲ့ အကြည့်တွေကတော့ ရှန်းရင်ပေါ်မှာပဲ။ မျက်လုံးတွေက တောက်ပနေတဲ့ပုံ။

“လိမ္မာတယ်” ရှန်းရင်က သူမခေါင်းကို ပုတ်ပေးလိုက်တယ်။

“ကလေး ဒီလာခဲ့” ကူယွဲ့ သူမကို အမူအရာပြပြီး အမိန့်ပေးလိုက်တယ်။

“မင်းကို ရှန်းရင်ခေါ်လာတာဆိုပေမဲ့ ဝူတိဂိုဏ်းထဲဝင်ချင်ရင် သင့်တော်တဲ့အရည်အသွေးရှိရမယ်”

သူက သူမနဖူးအလယ်ကို လက်နှစ်ချောင်းနဲ့ ထောက်ပြီး ဝိညာဉ်ကြောထဲ ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်တယ်။

“ရေဝိညာဉ်ကြောပဲ” တစ်ခုခုကို အမှတ်ရသွားသလိုမျိုး ကူယွဲ့မျက်မှောင်ကြုတ်ပြီး အမြန် သူမလက်ကို ဆွဲယူလိုက်တယ်။ သူမဖွဲ့စည်းမှုကိုစစ်ဆေးပြီးနောက်တော့ အမူအရာက ချက်ချင်း မှောင်မည်းသွားတော့တယ်။

“ဟိုလီရှစ် သဘာဝယင်အမျိုးအစား ကိုယ်ခန္ဓာပဲ ရှန်းရင် မင်းသောက်ကျိုးနည်းဘာတွေလုပ်နေတာလဲ”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset