အခန်း ၁၄၈ ။ ကောင်းကင်နတ်ဘုရား၏ကာကွယ်မှု
လောလောဆယ် လူနှစ်ယောက်ထူးဆန်းတဲ့ အိမ်ထဲ မတ်တတ်ရပ်နေပါတယ်။ နေရာအများကြီးမရှိပေမဲ့ အထဲမှာ မတ်တတ်ရပ်နေတဲ့လူက လေးငါးယောက်။ သူတို့က ပျားပန်းခတ်လှုပ်ရှားပြီး အလုပ်များနေတဲ့ အမျိုးသမီးကြီးတွေလိုပဲ။ အချိန်နဲ့အမျှ သူတို့ဆီက အားပေးသံတွေ ထွက်လာတယ်။
“ဆက်လုပ်ထား ထွက်ခါနီးပြီး ရတော့မယ် ရှိသမျှအားနဲ့သာထုတ်”
ဝမ်းဆွဲလက်သည်လိုမျိုးပဲ။
“အစောင့်သရဲအစ်မကြီး သမီးကို ဒီပို့ပေးလို့ ကျေးဇူးတင်ပါတယ်” သရဲလေးက ရုတ်တရက် သူမလက်ကို လွှတ်ချတယ်။
“…” ငါက အစောင့်သရဲမဟုတ်ဘူးလို့ပြောပြီးပြီလေ။
“သမီးသွားတော့မယ်” သရဲလေးက သူမကိုပြုံးပြပြီး ကိုယ်ဝန်သည်ရဲ့အစာအိမ်ထဲ ပျောက်ကွယ်သွားလေတယ်။ သူမပုံစံက အကြိမ်တစ်ထောင်လောက် လုပ်ဖူးသလိုမျိုး။
နောက်အခိုက်အတန့်မှာ ကလေးတစ်ယောက်ငိုသံက အခန်းထဲပြည့်သွားခဲ့တယ်။
“ထွက်လာပြီ မွေးပြီ”
ရှန်းရင် နောက်ဆုံးတော့ ဘာဖြစ်နေလဲ သဘောပေါက်သွားခဲ့ပြီ။ ဒါ… ပြန်လည်ဝင်စားတာများလား။
သူမ အိပ်မက်မက်နေခဲ့ရုံပါ။ တကယ်ကြီး အစောင့်သရဲဖြစ်လာတာလား။
-_-|||
သူမ ဟိုဟိုဒီဒီကြည့်ပြီး အခန်းထဲကထွက်လာမှ တဲအိမ်လေးထဲရောက်နေတာမှန်း သိသွားခဲ့တယ်။ တဲအိမ်လေးအပြင်ဘက်မှာ ခြံဝန်းလေးရှိနေတယ်။ အပြင်ကိုဆက်ပြီးကြည့်ရင် လူတွေအလုပ်လုပ်နေတဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုတောင်ရှိနေတယ်။
ဘာမှလုပ်စရာမရှိတာမြင်တော့ ရှန်းရင် ရွာလေးထဲ လျှောက်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ပတ်ပတ်ပြီးမှ သူမ ပြဿနာရှိနေမှန်း နားလည်သွားတယ်။ ကြည့်ရတာ အဲအစီအရင်က သူမကို သေမျိုးဘုံဆီ တိုက်ရိုက်ခေါ်သွားခဲ့တဲ့ပုံပဲ။
သူမကိုယ်ခန္ဓာနဲ့ တော်တန်ရုံဝေးတာမဟုတ်တော့ဘူး
ပြီးတော့ သူမမှားနေတာလား မသေချာပေမဲ့ ဘာကြောင့်မှန်းမသိ ဒီဘုံမှာ အချိန်က ပိုမြန်နေသလိုပဲ။ စက္ကန့်တိုင်းမှာ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်နေတယ်။ သူမနဲ့အတူဒီလာခဲ့တဲ့ သရဲလေးက မွေးကင်းစကနေ ရက်ပိုင်းအတွင်း သူမခါးလောက်ရှိတဲ့ ကလေးလေးဖြစ်နေပြီ။
ကလေးက မဝင်စားခင်အဖြစ်အပျက်အားလုံးကိုတော့ မေ့သွားခဲ့ရုံပဲ။ တခြားလူတွေလိုပဲ ကလေးက ရှန်းရင်ကိုမမြင်ရတော့ဘူး။ သူမနားဝိုင်းထားတဲ့ ချီမည်းတွေတောင်အခုပျောက်ကွယ်သွားပြီ။
သူတို့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်စကားပြောခဲ့ဖူးကြတယ်လေ – အဲဒါကြောင့် ရှန်းရင် သူမကို အတော်လေးအာရုံစိုက်မိတာပဲ။
သူမ ကလေးမဘဝကို လေ့လာရသလောက်တော့ ရှန်းရင်ပြောနိုင်တာက အတက်အကျအပြည့်ပဲ။ သူမ ဒီလောက်ကံမကောင်းတဲ့လူကို ပထမဆုံးကြုံဖူးတာ။
ကလေးမဘဝကို စကားလုံးတစ်လုံးတည်းနဲ့ အကျဉ်းချုပ်နိုင်တယ် – ကံခေမှု။
အိမ်ထဲကထွက်ထွက်ချင်း မြောင်းထဲပြုတ်ကျရင်ပြုတ်ကျ မဟုတ်ရင် တောင်ပေါ်ကလိမ့်ကျတယ်။ တည့်တည့် မြေပြန့်ပေါ်လျှောက်နေရင်တောင် ရေဗွက်ကိုတက်နင်းမိတယ်။ တောအုပ်သေးလေးတွေမှာတောင် သားရဲနဲ့ကြုံရတယ်။ ရေသောက်ရင်တောင် နင်ပြီး အိမ်ထဲထြိင်ဖို့ကြိုးစားရင်တောင် ချော်ပြီး ကြမ်းပြင်ပေါ်ပြုတ်ကျတယ်။
သူမတစ်ဘဝလုံးက အသံတိတ်ရုပ်ရှင်လိုပဲ။ သုံးငါးစက္ကန့်တိုင်းမှာ ချော်လဲပြီးပြုတ်ကျတယ်။ ဖြစ်ချင်တော့ ဒီကံဆိုးမှုက ကူးစက်တတ်တဲ့ပုံ။ သူမနဲ့နီးကပ်တဲ့လူတိုင်း မလွဲမသွေ ငြိပါတော့တာပဲ။ မြောင်းထဲ သူမနဲ့အတူဆွဲချခံရရင်ခံရ မဟုတ်ရင် တောင်အောက်တူတူလိမ့်ကျတယ်။ သူမအမျိုးတွေအတွက်လည်း အတူတူပဲ။ ကောက်ရိတ်သိမ်းရာသီမှာ သူမမိသားစုတစ်ခုတည်း ကောက်ရိတ်သိမ်းစရာတစ်ခုမှမရှိခဲ့တာ။ သူတို့က ရွာရဲ့ အတွင်းကျဆုံးမှာနေတာတောင် လတိုင်း သူခိုးခိုးခံရတယ်။ မိုးရွာရင်ရေမြုပ်ပြီး မီးတောင်ပေါက်ကွဲရင် လောင်ကျတယ်။ ဒါမှမဟုတ် မြေပြိုရင် မြုပ်သွားတယ်။
သူမက သက်ရှိကပ်ရောဂါလိုပဲ – သွားတဲ့နေရာတိုင်း ကံဆိုးမှုကိုပါသယ်သွားတာ။
ရှန်းရင် ဘေးက ကလေးမကို လှည့်ကြည့်လိုက်တယ်။ သူမက ခြေဖျားထောက် လက်ဆန့်ပြီး တံတွေးမျိုချရင်း သစ်ပင်ပေါ်က အသီးကိုလှမ်းခူးဖို့ အသည်းအသန်ကြိုးစားနေတယ်။ ရှန်းရင် သက်ပြင်းချမိပါရဲ့။
ကံဆိုးလိုက်တဲ့ကလေး
ဒါကြောင့် သူမလက်ဆန့်ထုတ်ပြီး အသီးကို တစ်မီလီမီတာလောက် မလိုက်ပါတယ်။ ကလေးမ မမှီရုံလောက်ပေါ့…။
(๑̄∀̄๑)
ဟဲဟဲ၊ နင်က လုံလုံလောက်လောက် အရပ်မရှည်ရုံပါ
ကလေးမရဲ့နီရဲရဲမျက်နှာက ချက်ချင်းဖြူဖျော့သွားတယ်။ လက်လှမ်းမမှီတဲ့ ပန်းသီးကို မျှော်လင့်တကြီးကြည့်ရင်း နှုတ်ခမ်းဆူတော့တယ်။ သူမ မျက်ရည်တွေဝဲလာပြီး ငိုတော့မဲ့ပုံမျိုး။
“ဂြိုဟ်ဆိုးရောက်လာပြန်ပြီ” ယောက်ျားတစ်ယောက်အသံက သူမနောက်ကနေထွက်လာတယ်။
ကလေးမက ကြောက်လန့်သွားတယ်။ သူမ ကြောက်လန့်တကြား လှည့်ကြည့်လိုက်တော့ ဘယ်ကပေါ်လာမှန်းမသိတဲ့ ဖက်တီးတစ်ယောက်။ သူက သူမနဲ့အတော်လေးကွာခြားလေရဲ့ – သူမ ပစ်စလက်ခတ်ဖြစ်နေတုန်း သူက သပ်သပ်ရပ်ရပ်နဲ့။ သူက ဒေါသတကြီး နှုတ်ခမ်းထော်ပြီး ကလေးမကိုလက်ညှိုးထိုးကာ သူ့နောက်ကအဖော်တွေကို လှမ်းအော်တော့တယ်။
ဖက်တီးနဲ့အရွယ်တူ ကလေးတချို့က ရုတ်တရက်ဝိုင်းပြီး ပြေးလာကြတယ်။ သစ်ပင်အောက်ရပ်နေတဲ့ ကလေးမကို စိုက်ကြည့်ရင်း တစ်ယောက်ပြီးတစ်ယောက် ကိစ္စအမျိုးမျိုးအတွက် အပြစ်တင်ကြတော့တယ်။
“ငါ့အမေကပြောတာတော့ သူကဂြိုဟ်ဆိုးငကြောင်တဲ့၊ သူများကိုဒုက္ခပေးဖို့ပဲတော်တာ၊ သူ့မိ ဘတွေ သူ့ကိုမလိုချင်တော့တာမဆန်းဘူး”
“အပင်ကနေ အသီးခိုးဖို့လုပ်နေတာ မြင်လိုက်တယ်”
“အပင်ကိုပါဒုက္ခပေးမှာတော့ မဟုတ်ပါဘူးနော်၊ အပင်ကနောက်ဆို အသီးမသီးနိုင်တော့ရင် ဘယ်လိုလုပ်မလဲ”
“ရိုက်ကွာ ငါတို့ သူ့ကို ဒီသစ်ပင်ကိုဒုက္ခပေးမှာ ခွင့်ပြုလို့မဖြစ်ဘူး”
“အမှန်ပဲ အသီးတွေကငါတို့ဟာ သူ့ကိုရိုက်ကြ”
“ဟင့်အင်း… ငါ ငါ မလုပ်ပါဘူး” သူမက သိသိသာသာ ကြောက်လန့်လာတယ်။ ဆက်မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်တွေကျလာပြီး နောက်ကိုဆုတ် ထွက်ပြေးဖို့လုပ်ပေမဲ့ သစ်ပင်အမြစ်နဲ့ ခလုတ်တိုက်မိပြီး မြေကြီးပေါ်လဲကျသွားတော့တယ်။
“တားကြ၊ ထွက်မပြေးစေနဲ့” ကလေးတချို့က သူမဆီ ပြေးလာပြီး မြေကြီးပေါ်က ကျောက်တုံးတွေကို ကောက်ယူကြတယ်။ သူတို့ကြည့်ရတာ ကလေးမကိုပစ်ပေါက်ဖို့အသင့်ဖြစ်နေပုံ။
ရှန်းရင် မျက်မှောင်ကြုတ်ပြီး ခြေထောက်တစ်ဖက်တိတ်တိတ်လေးထုတ်လိုက်တယ်။
“ပစ်- အာ့” ဖက်တီးခေါင်းဆောင်က ရုတ်တရက် ရှေ့ကို ပျံထွက်သွားပြီး မြေကြီးပေါ် ဝုန်းခနဲကျသွားတော့တယ်။ သူ့နဖူးလည်းဖူးယောင်ပြီး တစ်ခဏကြောင်ကာ ဘာဖြစ်သွားမှန်းမသိ ဖြစ်နေတယ်။ နောက်တော့ နာကျင်မှုက ဝင်လာပြီး ငိုပါလေရော။
သူ့ဘေးကလူတိုင်း ကလေးမဆီကနေ ဖက်တီးလေးကိုထိတ်လန့်တကြား စိုက်ကြည့်ကျတော့တယ်။
“သူပဲဖြစ်မယ်၊ သူပဲဖြစ်ရမယ် နောက်ထပ်လူကို ထိခိုက်အောင်လုပ်ပြန်ပြီ သူ့ကိုရိုက်…”
ဘန်း
ကလေးမဆီ ပြေးလာတဲ့နောက်တစ်ယောက်လည်း ချော်လဲသွားတယ်။
လဲကျသံတွေ ဆက်တိုက် ထွက်လာတော့တာပဲ။ ကလေးမဆီပြေးလာတဲ့ ကလေးတွေအားလုံး အခု မြေကြီးပေါ် လဲနေကျပြီ။
“င… ငေကြာင်” ကလေးတချို့က အန္တရာယ်ရှိမှန်း နားလည်ပြီး ဘယ်သူမှ ကလေးမဆီ ပြေးမလာရဲကြတော့ဘူး။ သူတို့က ပြန်ဆုတ်ပြီး ကလေးမကို ကြောက်ကြောက်လန့်လန့် ကြည့်ကြတော့တယ်။
“သူကတကယ်ငကြောင်ပဲ၊ မြန်မြန် ပြေး… ပြေးကြ”
ချက်ချင်းပဲ မော်ကြွားနေတဲ့ကလေးတွေ ပျောက်ကုန်ကြတယ်။
ဟင်း ကလေးတွေကိုအနိုင်ကျင့်ရတာ… တကယ်စွဲလမ်းဖို့ကောင်းတယ်
ကံမကောင်းတဲ့ကလေးမက ဖြည်းဖြည်းချင်းထရပ်ပြီး ဟိုဟိုဒီဒီ ဇဝေဇဝါကြည့်နေတယ်။ ရှန်းရင် ကလေးမဘာတွေးနေလဲ မပြောတတ်ပေမဲ့ ကလေးမက ထော့နဲ့ထော့နဲ့နဲ့ အိမ်ပြန်သွားတာကို ကြည့်နေခဲ့တယ်။
ရှန်းရင် အများကြီးမစဉ်းစားဖြစ်ခဲ့ဘူး။ ကလေးမ အဲညမှာတင် သစ်ပင်အတိအကျကိုလာရှာဖို့ ကွင်းထဲရောက်လာမယ် မထင်ခဲ့တာ။ ဘယ်ကမှန်းမသိ ကလေးမက ကန်စွန်းဥတစ်ဝက်ကို ထုတ်လာပြီး မြေကြီးပေါ်ချလိုက်တယ်။ နောက်တော့ ဒူးထောက်ပါလေရော။
“အရှင်က ကောင်းကင်နတ်ဘုရားဖြစ်ရမယ်မဟုတ်လား” သူမက ခက်တိုးတိုးမေးပြီး ဟိုဟိုဒီဒီသေချာကြည့်လိုက်တယ်။
“ဘေးအိမ်က ဝတုတ်အဒေါ်ကြီးဆီက ကြားခဲ့ရတာက စကားနားထောင်ရင် ကောင်းကင်နတ်ဘုရားတွေက ကောင်းချီးပေးလိမ့်မယ်တဲ့၊ သမီးကို ဒီနေ့ကာကွယ်ခဲ့သူက သေချာပေါက် ကောင်းကင်နတ်ဘုရားမလား”
သူမက တစ်ခုခုကိုရှာတွေ့ဖို့ မျှော်လင့်နေတဲ့အတိုင်း ဟိုဟိုဒီဒီစိတ်လှုပ်ရှားစွာ ကြည့်တော့တယ်။ ဘာမှမတွေ့ပေမဲ့ သုံးကြိမ်ကန်တော့ပြီး ပြောလေတယ်။
“ကျေးဇူးတင်ပါတယ် နတ်ဘုရား၊ သမီး… သမီး ပုံမှန်ဂါဝရပြုဖို့ လာခဲ့ပါ့မယ်၊ ဒါကြောင့်… ဒါကြောင့်…”
သူမအသံက ပိုတောင်တိုးသွားပြီး ထစ်နေတော့တယ်။ တစ်ခဏကြာတော့ စကားလုံးရှာတွေ့သွားတယ်။
“ကျေးဇူးပြုပြီး… သမီးကို… ဆက်စောင့်ရှောက်ပေးနိုင်မလား”
သူမကစကားပြောပြီးတော့ နောက်ထပ်သုံးကြိမ် ထပ်ကန်တော့တယ်။ အားပြင်းလို့ ရှန်းရင် သူ့နဖူး မြေကြီးနဲ့ထိသံကိုပါ ကြားနေရလေရဲ့။
“သမီးလိမ္မာပါ့မယ် – အရမ်းလိမ္မာပါ့မယ်” သူမက စက္ကန့်နည်းနည်းလောက် တိတ်တိတ်လေးစောင့်နေပေမဲ့ ဘာမှမဖြစ်တာမြင်တော့ စိတ်ပျက်လက်ပျက် ပြန်သွားတယ်။
ရှန်းရင် ။ ။ “..”
သူမ မြေကြီးကိုကြည့်လိုက်တော့ ကန်စွန်းဥတစ်ဝက်။ ဒါကြောင့်… သူ ကလေးတွေကိုမုန်းတာ။
ဒါပေမဲ့ ဒီကလေးက လက်ဆောင်ပေးရတာ စွဲလမ်းနေတဲ့ပုံ။ ပြီးတော့ သူ့မိသားစုထဲမှာလည်း ဘယ်သူမှ မကျန်တော့ဘူး။ သူမက ညတိုင်း အဲသစ်ပင်ဆီပဲ ပြန်လာတယ်။ တစ်ခါတလေ ကန်စွန်းဥတစ်ဝက်၊ တစ်ခါတလေ အာလူးတစ်ဝက်၊ တစ်ခါတလေတော့ မုန်လာဥဖြူတစ်ဝက် ယူလာတယ်။ တခြားအချိန်တွေဆို အမည်မသိပန်းနဲ့ အပင်တွေ ယူလာလေရဲ့။
ဒီညက နည်းနည်းတော့ကွဲပြားတယ်။ သူမပေါင်လောက်ရှည်တဲ့ ကျောက်တုံးတစ်တုံးကိုယူလာတာ။ နောက်တော့ ကျောက်တုံးပေါ်မှာ တစ်စုံတစ်ခုကို အင်မတန်လေးနက်စွာ ပုံသွင်းတော့တယ်။
“ကောင်းကင်နတ်ဘုရား ကောင်းကင်နတ်ဘုရားသူများတွေပြောတာ ကိုယ်ဆပ်ကပ်နေတဲ့ ကောင်းကင်နတ်ဘုရားနာမည်ကိုရေးရမယ်တဲ့၊ မဟုတ်ရင် နတ်ဘုရားကလက်ခံလို့မရဘူးတဲ့၊ ဒီငါးကို အတော်လေးအားထုတ်ပြီးမှ ဖမ်းမိလာတာ၊ ပညာတတ်မိသားစုက အစ်ကိုကြီးတာ့ကျွင်းဆီကနေ စကားလုံးတချို့သင်လာခဲ့တယ်၊ သမီးရဲ့ ဆပ်ကပ်မှုတွေကို နောက်ကျလက်ခံနိုင်တော့မှာပါ”
သူမက စကားပြောပြီးချိန် ပန်းတစ်ပွင့်ကိုချပြီး သုံးကြိမ်ကန်တော့တယ်။
ဒီတော့မှ ကျောက်တုံးပေါ်ရေးထားတဲ့စာကို ရှန်းရင်မြင်သွားတာ ။ ။ ကျွန်မကို ကာကွယ်ပေးသော ကောင်းကင်နတ်ဘုရား။
သူမအတွက် ကမ္မည်းတိုင်လုပ်ခဲ့တာပဲ
“…” ငါ-ိုး
ကလေးက တစ်ခုခုတွေးမိသွားတဲ့ပုံ။ ရုတ်တရက် မြေကြီးကတုန်ခါလာတယ်။ မှောင်မည်းနေတဲ့ကောင်းကင်က လင်းလက်သွားပြီး အလင်းတန်းသောင်းနဲ့ချီ မြေပြင်ပေါ် ကျဆင်းလာတယ်။ တစ်စုံတစ်ရာက ကောင်းကင်ကနေ ဝုန်းခနဲဆင်းသက်လာပြီး ရှန်းရင်ရပ်နေတဲ့ နေရာရဲ့ မနီးမဝေးကတောင်ထွတ်ပေါ် ဆင်းသက်သွားလေတယ်။
သောက်ကျိုးနည်းဘာလဲဟ။
…