အခန်း ၁၃၂

အခန်း ၁၃၂ ။ မြို့တော်မှဆင့်ခေါ်ခြင်း

“စိတ်အေးအေးထား၊ နတ်ဆိုးတွေ ထပ်လာတော့မှာမဟုတ်ဘူး”

ရှန်းရင် ကတိပေးလိုက်တယ်။

ကူယွဲ့က တံခါးဝကို မော့ကြည့်လိုက်တော့ လေထဲမှာမြင်နေရဆဲပဲ။ သူ ဟိုဟိုဒီဒီလှည့်ကြည့်လိုက်တော့ နတ်ဆိုးချီတွေက လေထဲမှာ ပျံ့နေဆဲဆိုတာ သတိထားမိသွားခဲ့တယ်။

“သူတို့မလာရင်တောင် ငါတို့ ဒီနေရာကို ဘာလုပ်မလဲ” ငါတို့ ဒီနတ်ဆိုးချီကို ဝူတိဂိုဏ်းထဲမှာ ထားထားလို့ မဖြစ်ဘူးလေ။

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ မြူခိုးနက်တွေက တကယ်ကိုပြဿနာပဲ။

“ငါတို့… မည်းလုံးကို ဒီခေါ်ပြီး မေးလိုက်ရင်ရော” သူ ဝေးဝေးရောက်ဦးမယ်မထင်ဘူး။

“မည်းလုံးလား” ‌ဘယ်သူလဲဟ။

“ခဏ မင်းဘာလုပ်နေတာလဲ”

ကူယွဲ့ မေးခွန်းမေးရုံပဲရှိသေး၊ ရှန်းရင်က တံခါးတွေကို ဖြတ်ခုန်ဖို့လု‌ပ်တော့တယ်။

ကူယွဲ့ ရှန်းရင်ကို ပြန်ဆွဲ‌မခေါ်နိုင်ခင် မိုးကြိုးတစ်ခုက ကောင်းကင်ကနေ နတ်ဆိုးဘုံတံခါးကို ထိမှန်တော့တယ်။

အသံကျယ်ကြီးပေါ်လာပြီး တံခါးက အပိုင်းပိုင်းဖြစ်သွားတယ်။ ကျောက်တုံးမည်းကြီးတွေ ကောင်းကင်ကနေ ကျဆင်းလာပေမဲ့ သူတို့မြေကြီးကို မထိခင်မှာတင် ဖုန်မှုန့်အဖြစ် ပြောင်းလဲကုန်တယ်။

“နတ်ဆိုးဘုံတံခါးက… ပျောက်သွားပြီ” ယိချင်းက အံ့အားတကြီး ရေရွတ်တော့ လူတိုင်း မော့ကြည့်မိလိုက်တယ်။

တကယ်ပဲ တံခါးတွေရှိနေတဲ့နေရာမှာ ‌ခုတော့ အနက်ရောင် ချောက်နက်ကြီးရှိနေတယ်။ အနက်ရောင်ခြောက်နက် တဖြည်းဖြည်းလွင့်သွားပြီး မကြာခင်မှာပဲ တံခါး‌တွေနဲ့အတူ ပျောက်ကွယ်သွားတယ်။ ကျန်ရစ်ခဲ့တာတော့ တိမ်ဖုံးနေတဲ့ကောင်းကင်ပြင်ဖြစ်ပြီး အဲဒါလည်း မြန်ဆန်စွာပင် ရှင်းလင်းသွားလေရဲ့။ ဝူတိဂိုဏ်းကိုဝိုင်းထား‌ဆဲ နတ်ဆိုးချီကြောင့်သာ မဟုတ်ရင် သူတို့တွေ နတ်ဆိုးဘုံတံခါးက တကယ်ပဲ အစတည်းက ရှိခဲ့ရဲ့လားတောင် သံသယဝင်မိမှာ။

“ဘာဖြစ်နေတာလဲ၊ နတ်ဆိုးဘုံက သူ့ဘာသာ ဝင်ပေါက်ကို ဖျက်ဆီးလိုက်တာလား”

လူတိုင်းမျက်နှာပေါ်မှာ ဇဝေဇဝါအကြည့်တွေ။ ဘာဖြစ်သွားလဲ ဘယ်သူမှမသိကြပေမဲ့ လူတိုင်း နတ်ဆိုးဘုံတံခါး နောက်ဆုံးတော့ ပျောက်ကွယ်သွားတာကို စိတ်အေးသွားကြတယ်။

ရှန်းရင်တစ်ယောက်ပဲ ကောင်းကင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်နေမိတယ်။

အဲဒီမိုးကြိုးက…။

——————

နတ်ဆိုးဘုံတံခါးက ဖျက်ဆီးခံလိုက်ရပြီ။ နတ်ဆိုးဘုံကနေ အမတဘုံကို ဝင်ဖို့ ဝင်ပေါက်မရှိတော့ဘူး။ အဲဒါက ဝူတိဂိုဏ်းကိုဝိုင်းထားတဲ့ နတ်ဆိုးချီအားလုံးကို နတ်ဆိုးဘုံထဲ ပြန်ထိုးထည့်ဖို့ နည်းလမ်းမရှိတော့ဘူးလို့လည်း အဓိပ္ပာယ်ရတယ်။ ဒါက ဝူတိဂိုဏ်းမှာ နတ်ဆိုးချီကို ကွယ်ပျောက်သွားစေဖို့ မသေမျိုးချီ မလုံလောက်တဲ့အတွက် ပြဿနာတစ်ခုဖြစ်လာတယ်။

အစတုန်းက ကူယွဲ့ အဆိုပြောင်းဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ဂိုဏ်းထဲက များပြားလှတဲ့ နတ်ဆိုးချီပမာဏက တပည့်တွေ သူတို့ဒဏ်ရာမရအောင် သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နေရာမှာ အကောင်းဆုံးဖြစ်ဖို့ တွန်းအားပေးနိုင်တယ်ဆိုတာ မကြာခင်နားလည်သွားခဲ့တယ်။ ကူယွဲ့ ဒါကို တပည့်တွေ သူတို့ရဲ့ အလားအလာကို ပွင့်ထွက်လာပြီး အဆက်မပြတ်လေ့ကျင့်ပေးဖို့ အခွင့်အရေးအဖြစ် မြင်ခဲ့တယ်။ တပည့်တော်တော်များများရဲ့ ကျင့်ကြံဆင့်က ဒါကြောင့် တိုးလာတော့တာပဲ။ ကူယွဲ့ကျင့်ကြံဆင့်တောင် သူ အဆက်မပြတ် ဖန်တီးထားတဲ့ အကာအကွယ်အင်းကွက်တွေကြောင့် တိုးတက်လာခဲ့တယ်။ လပိုင်းအတွင်းမှာတင် ရွှေအမတဖြစ်လာပြီ။

ဒါကြောင့် သူ နေရာရွှေ့ပြောင်းဖို့ကို စိတ်ပြောင်းခဲ့တာပဲ။ နတ်ဆိုးချီက သဘာဝ ကျင့်ကြံဆင့်တိုးမြှင့်ဖို့ အစီအရင်ပဲ။ သူလုပ်ဖို့လိုတာက တောင်ပတ်လည်မှာ အကာအကွယ်အင်းကွက်ကို ပြင်ဆင်ပြီး အထဲမှာ နတ်ဆိုးချီအားလုံးကို ပိတ်လှောင်ထားပြီး ဂိုဏ်းနဲ့ခွဲခြားထားလိုက်တယ်…။

ဒီလိုနည်းနဲ့ဆို သူတို့ ရန်သူတွေကို အပြင်မှာထားပြီး သူတို့ရဲ့ ကျင့်ကြံရေးရင်းမြစ်ကို တစ်နေရာတည်းမှာ ထားနိုင်မယ်။ တကယ်လို့ ဘာမှလုပ်စရာမရှိရင် နတ်ဆိုးချီထဲဝင်ပြီး ကျင့်ကြံဆင့်မြင့်အောင် လေ့ကျင့်လို့ရတယ်။ ဒါက တကယ်ကို ပုံဖျက်ပြီးလာတဲ့ ကောင်းချီပေးမှုပဲ။ ဂိုဏ်းထဲက လူတိုင်း သွေးပျက်‌ရာကနေ အပျော်လွန်ကုန်ကြတယ်။

ပေါင်ရီနဲ့ ပေါင်ဖေးဖျင်ပဲ စိတ်အခြေအနေ မကောင်းနိုင်သေးတာ။ သူတို့ ကယ်တင်ဖို့ အသည်းအသန်ကြိုးစားခဲ့ရတဲ့ မြေး(သား) က ညတွင်းချင်း အဇဋာဧကရာဇ်ချန်ကောဖြစ်လာတယ်။ အဆင့်အတန်းရော၊ ကျင့်ကြံ‌ဆင့်ရောနဲ့ယှဉ်ရင် သူက သူတို့ထက် အများကြီး ကျော်လွန်နေတာ။ သူတို့မှာ ရုတ်တရက်ကြီး စောင့်ရှောက်ရမဲ့ မြစ်(မြေး) တစ်ယောက်ပါရလာသေး။ ဒါတွေအားလုံးက သူတို့လက်ခံနိုင်ဖို့ များလွန်းနေတယ်။

ဘယ်သူမှ ဝူတိဂိုဏ်းမှာ ဆက်နေချင်စိတ်မရှိတော့ဘူး။ နဉ်ဇီအန်း အနည်းနဲ့အများ ပြန်ကောင်းလာချိန် သွားသင့်ပြီဆိုပြီး အကြံပြုလာကြတယ်။

ကူယွဲ့ ယဉ်ယဉ်ကျေးကျေးပဲ သူတို့ကို တောင်အောက် လိုက်ပို့လိုက်တယ်။ ဒါတွေအားလုံး ဖြစ်သွားပြီးတဲ့နောက် သူတို့မိတ်ဆွေဆက်ဆံရေးက အရင်လို သဟဇာတမဖြစ်တော့တာတော့ သိသာတယ်။ ဒါပေမဲ့ တစ်ယောက်မှ အဲ‌အကြောင်း မပြောကြဘူး။

“ညီကိုကူယွဲ့၊ ကျုပ်တို့နဲ့ ကျင်ရှင်းမြို့ဆီ မလိုက်လာချင်တာ သေချာရဲ့လား”

ပေါင်ဖေးဖျင်က ဝူတိဂိုဏ်းပေါ်မှာ ရစ်ဝဲနေဆဲ နတ်ဆိုးချီကို လေ့လာရင်း မေးလိုက်တယ်။ စိုးရိမ်စိတ်နဲ့ ပြောတော့တယ်။

“အဲဒါက ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးချီပဲလေ၊ နတ်ဆိုးဘုံတံခါးက ပြန်ပေါ်လာမလားဆိုတာ မသိသေးဘူး” နတ်ဆိုးဘုံထဲ ဘာဖြစ်ခဲ့လဲမသိသေးတဲ့သူက အတော်လေးစိုးရိမ်နေတဲ့ပုံ။

“ကြင်နာတဲ့ရည်ရွယ်ချက်အတွက် ကျေးဇူးပါမြို့အရှင်” ကူယွဲ့ သွားဖြီးပြလိုက်တယ်။

“တိတိကျကျပြောရရင် နတ်ဆိုးဘုံ‌တံခါးက မတည်ငြိမ်တာမို့ ကျုပ်ဂိုဏ်းက ဒီမှာပဲနေရစ်တာပါ”

သူ အရင်ကမှားသွားတာ – ရှန်းရင် ဒီလိုမျိုးဝင်သွားလိမ့်မယ်လို့ မသိခဲ့ဘူးလေ။ သူ့ တစ်ခုတည်းသောနောင်တက ရှန်းရင်ကို နတ်ဆိုးဘုံထဲမှာ နည်းနည်းပိုပြီး ကြာကြာ‌မနေခိုင်းမိတာ။ ဒီလိုအခွင့်အရေးကောင်းကြီးပေမဲ့ သူမကတော့ ဘာမှမလုပ်ခဲ့ဘူး၊ နှမြောဖို့ကောင်းလိုက်တာ သူမကတော့ တစ်နေ့လုံးဖေဖေခေါ်ပေမဲ့ သူနဲ့ တစ်ခုမှမတူဘူး။ ဟင်း

“ခင်ဗျားတို့ဂိုဏ်းက အတော်လေး မြင့်မြတ်တာပဲ” ပေါင်ဖေးဖျင်ကတော့ ကူယွဲ့ကို လုံးဝအထင်မှားနေပြီး အင်မတန်လေးစားမှုနဲ့ ကြည့်တော့တယ်။ သူက တစ်ဖက်လှည့်ပြီး လွှမ်းမိုးတဲ့အရှိန်အဝါနဲ့ ကိုယ်ကနေ မသေမျိုးချီတွေ တလိမ့်လိမ့်ထွက်နေတဲ့ နဉ်ဇီအန်းဘက် လှည့်ကြည့်လိုက်တယ်။ ရှုပ်ထွေးနေတဲ့အမူအရာက ပေါင်ဖေးဖျင်မျက်နှာပေါ် ဖြတ်ပြေးသွားလေရဲ့။ သူ ကူယွဲ့ကို လှမ်းကြည့်ပြီး စကားပြောဖို့လုပ်ပေမဲ့ ဘာတစ်ခွန်းမှမပြောဘဲ ပါးစပ်ပြန်စိသွားခဲ့တယ်။

“မြို့အရှင်၊ စိတ်ထဲရှိရာပြောပါ”

သူက ရုတ်တရက် စပ်ဖြဲဖြဲလုပ်လာတယ်။

“အန်း… အာ အဇဋာဧကရာဇ်ချန်ကောနဲ့ ပတ်သက်တဲ့ကိစ္စကလေ ကိစ္စကြီးပဲ၊ ခင်ဗျားတို့ဂိုဏ်းကို… ခုလောလောဆယ် လျှို့ဝှက်ထားပေးဖို့ တောင်းဆိုလို့ရမလား၊ အဇဋာဧကရာဇ်က ဘယ်လိုပဲဖြစ်ဖြစ် သူ့ကျင့်ကြံဆင့်အပြည့် ပြန်မရသေးဘူးလေ၊ သူက လောလောဆယ် ကျုပ်တို့မိသားစုနဲ့ နေရဦးမှာပဲ၊ သူ့သရုပ်မှန်ကိုလည်း ဖော်လို့မဖြစ်သေးဘူး” သူက အသံနှိမ့်ပြီး ထပ်ဖြည့်ပြောလိုက်တယ်။

“ဒါက… အဇဋာဧကရာဇ်ရဲ့ ဆန္ဒပါ၊ ညီကိုကူယွဲ့ နားလည်ပေးသင့်ပါတယ်”

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ပေါင်ဖေးဖျင်ရဲ့ နောက်ဆုံးစကားထဲ ခြိမ်းခြောက်မှု အရိပ်အယောင်ကို အာရုံခံမိလို့ မ‌ရွှင်မပျ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ပေါင်ဖေးဖျင်ရဲ့ စိုးရိမ်နေတဲ့အမူအရာကို မြင်တော့ ကူယွဲ့ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းညိတ်ပြလိုက်တယ်။

“မစိုးရိမ်ပါနဲ့၊ ရှန်းရင်၊ ယိချင်းနဲ့ ကျုပ်ပဲ ဒီအကြောင်းကိုသိတာ၊ ကျုပ်တို့မဖြန့်ပါဘူး”

“ကျေးဇူးတင်ပါတယ်၊ ညီကိုကူယွဲ့” ပေါင်ဖေးဖျင် နောက်ဆုံးတော့ စိတ်သက်သာရာရပြီး သူ့မိသားစုဆီမသွားခင် နှုတ်ဆက်စကားပြောလေတယ်။

သူက နဉ်ဇီအန်းဘက် ဂါဝရပြုပြီး သူ့ဓားပျံကိုဆင့်ခေါ်လိုက်တယ်။ နောက်တော့ မိုးကုပ်စက်ဝန်းဆီ ပျံသွားကြတော့တာပေါ့။

ကူယွဲ့က သူတို့ကြည့်တာနဲ့တင် မသက်မသာဖြစ်မိတယ်။ သူ ပေါင်မိသားစု ဘာစဉ်းစားနေလဲ မသိဘူး။ သူတို့ အလိုလိုနေ‌ရင်း အင်အားကြီးတဲ့ ‌ကျောထောက်နောက်ခံရလို့ ဝမ်းသာနေမလား။ ဒါမှမဟုတ် သူတို့ ဒီလိုမြင့်မားတဲ့အာဏာပိုင်ရဲ့ လှည့်စားတာခံရလို့ ရှက်နေတာလား။ အင်းလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူများကိစ္စပဲ။ သူ ဒီကိစ္စတွေတွေးပြီး အချိန်အများကြီး မဖြုန်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ သူတို့ကြား အဆက်အဆံသိပ်ရှိတော့မှာမှမဟုတ်တာ။

ဇာတ်လိုက်ကို သူတို့နဲ့ ဝေးနိုင်သမျှ ဝေးဝေးသာ နေခိုင်းရမယ်။

မိသားစုပြန်သွားပြီးတော့ ဝူတိတစ်ဂိုဏ်းလုံး ပုံမှန် ပျားပန်းခတ်အလုပ်များနေကြပြီ။ ကူယွဲ့ အသေးစိတ်လေ့ကျင့်ရေးအစီအစဉ်တောင် ရေးဆွဲပြီး တပည့်တွေနေ့တိုင်းလေ့ကျင့်တာကို ကြည့်နေခဲ့တယ်။

သိသိသာသာပဲ ဒီလေ့ကျင့်ရေးအစီအစဉ်က အကျိုးဖြစ်ခဲ့တာပေါ့။ နှစ်နှစ်အတွင်းမှာပဲ ယွီဟုန်နဲ့ စစ်ယွီက စစ်မှန်တဲ့မြေအမတတွေအဖြစ် တက်လှမ်းနိုင်ခဲ့တယ်။ တခြားတပည့်တွေလည်း အမတအရိုးတွေ ဖွဲ့စည်းတော့မဲ့ အရိပ်အယောင်တွေပြနေပြီ။ ပိထောင်တောင် ရွှေအမတဖြစ်လာဖို့ ထိုးဖောက်တော့မဲ့ပုံပေါ်နေပြီ။

တစ်ဂိုဏ်းလုံး မသေမျိုးတက်လှမ်းဖို့ အာရုံစိုက်ဖို့ကြိုးစားနေချိန် အံ့ဩစရာသတင်းတစ်ခုက သူတို့ဆီ မြို့တော်ကနေရောက်လာတယ်။

“ဆင့်ခေါ်တာလား” ရှန်းရင် တစ်ဖြတ်ရပ်သွားတယ်။

“ဘာအဓိပ်ပာယျလဲ”

“မြို့တော်ဆီကပဲ” ကူယွဲ့က လက်ထဲက တံဆိပ်ပြားနီကို ကိုင်မြှောက်ပြရင်း ရှင်းပြပြီး ယိချင်းဆီ ပစ်ပေးလိုက်တယ်။

“သုံးရက်အတွင်း အဲကိုအရောက်လာရမယ် ပြောထားတယ်”

“ဘာလို့လဲ စားဖိုမှူး”

“ငါဘယ်သိမလဲ”

ကူယွဲ့ သိသိသာသာ စိတ်ရှုပ်နေတယ်။

“ဒီဟာက သူ့ဘာသာပျံလာတာ၊ မမြင်ဘူးလို့တော့ ငါ့ကိုမပြောနဲ့”

“ဓားအမတဖြစ်ပြီး မဟူရာအမတတက်လှမ်းခါစမို့ ထင်တယ်” ပိထောင်က ခန့်မှန်းတယ်။

“ချုံလန်က ပေ့ဟွမ်းတိုက်ရဲ့ အင်အားကြီး တိုင်းပြည်တွေထဲက တစ်ခုလို့ ပြောလို့ရတယ်၊ ဒီမှာက အဆင့်မြင့်အမတသိပ်မများဘူး၊ အဆင့်မြင့်အမတတက်လှမ်းသူတိုင်း အနည်းဆုံးတော့ မြို့တော်ဆီ တစ်ကြိမ်ဆင့်ခေါ်ခံရတယ်၊ အဲမှာ နတ်ဒေဝါဧကရာဇ်က ဆုချီးမြှင့်တာပဲ၊ အမတရောင်းရင်းယိချင်းက အဆင့်မြင့်အမတ မဟုတ်ပေမဲ့ ဓားအမတလေ၊ အဆင့်မြင့်အမတလိုပဲ ကောင်းတာကိုး”

“ပြောရရင် သူတို့က သူ့ကို ဆု‌ချီးမြှင့်ဖို့ခေါ်တာလား” ကူယွဲ့ တုံ့ဆိုင်းနေမိတယ်။

“ဘာလို့အခုမှလဲ၊ သူ မဟူရာအမတဖြစ်တာ နှစ်နှစ်တောင်ရှိပြီကို”

“ဖြစ်နိုင်တာက ချွီရွှမ်းမြို့က နတ်ဆိုးဘုံတံခါးရဲ့ အခြေအနေကြောင့်ဖြစ်လောက်တယ်” ပိထောင်က ဆက်ပြောတယ်။

“အဲဒါကြောင့် အခုမှ ဒါကိုလုပ်ဖို့ တွေးမိတာနေမယ်”

“နင်သွားချင်လား” ရှန်းရင် စားဖိုမှူးကိုမေးလိုက်တယ်။

ယိချင်းကတော့ မျက်မှောင်ကြုတ်တာပေါ့။ သူ ဒီလိုဆုလာဘ်တွေ ရယူဖို့ကိုနည်းနည်းတောင် စိတ်မဝင်စားဘူး။

“သေချာပေါက်သွားမှ ဖြစ်မှာပေါ့ ကြီးမြတ်တဲ့နတ်ဒေဝါရဲ့” ပိထောင်က စိတ်လှုပ်ရှားနေတဲ့ပုံ။

“မဟုတ်ရင် အရှင်မင်းကြီးကို မလေးစားရာကျမယ်၊ ကျုပ်တို့ဂိုဏ်းက ချုံလန်ရဲ့ အောက်ဘက်အခြမ်းမှာတည်ရှိတာ၊ တကယ်လို့ ကျုပ်တို့သာ အရှင်မင်းကြီးကို ဒေါသထွက်စေခဲ့ရင်၊ ဘာကောင်းတာမှ ဖြစ်မလာမှာ… စိုးရိမ်မိတယ်”

“…” ရှန်းရင်ကတော့ သိသိသာသာစိတ်ရှုပ်သွားလေတယ်။ ဒါ အလုပ်ရှုပ်လိုက်တာ အိမ်ထဲမှာ ဆက်ပြီး နေလို့မရတော့ဘူးပေါ့

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset