အခန်း ၁၃၀ ။ အမြစ်ပြတ်သုတ်သင်ခံရမှုအန္တရာယ်
“ဂိုဏ်းချုပ်ရှန်း” ကလေးအသံက ပိုနူးညံ့ပြီး ညင်သာလာပြန်တယ်။ သူက အတော်လေး စိတ်လှုပ်ရှားနေပုံပဲ။
“ကျွန်တော်က ချန်ကောပါ၊ မြန်မြန် ကျွန်တော့်ခန္ဓာကိုယ်ထဲက ဒီနတ်ဆိုးကိုဖယ်ထုတ်ဖို့ ကူညီပေးပါ၊ ကျွန်တော့်ကိုယ်ပိုင်စိတ်နတ်ဆိုးတွေနဲ့ တစ်သားတည်းဖြစ်လာတာ၊ ကိုယ့်ဘာသာရှင်းထုတ်လို့မရဘူး”
“ချန်ကောလား”
ရှန်းရင်က အူကြောင်ကြောင် သူ့ကိုစိုက်ကြည့်နေတယ်။
“နင်ကဘယ်သူလဲ”
အဇဋာဧကရာဇ် ချန်ကော ။ ။ “…”
ငါက ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ကြီးတစ်ခုလုံးရဲ့ ပိုင်ရှင်ပါ။ အဲလောက်တောင် ငါက နာမည်မကြီးတာလား။
“ဟားဟားဟား….” ရှင်းပြမို့ပဲရှိသေး အသံက ပြောင်းသွားပြီး အရူးလိုရယ်တော့တယ်။
“ဒီမြေအမတက ငါ့ကို တားနိုင်တယ်လို့များထင်နေလား၊ ငါတို့က အခုနတ်ဆိုးဘုံထဲ ရောက်နေတယ်ဆိုတာ မမေ့နဲ့ဦး၊ သူ့ကိုယ်သူတောင် မကာကွယ်နိုင်လောက်ဘူး၊ မြေအမတတစ်ယောက်က သာမန်နတ်ဆိုးကိုတောင် မကိုင်တွယ်နိုင်တာ ဒီဘုံထဲက နတ်ဆိုးဘုရင်ဆို ပိုဆိုးသေး”
“နတ်ဆိုးဘုရင်လား၊ သူ့ကိုပြောတာလား” ရှန်းရင် ဘေးကိုဖယ်ပြီး သူ့နောက်မှာ စာကလေးလို ကြောက်လန့်စွာ ပုန်းနေတဲ့ နတ်ဆိုးကို ရှေ့ဆွဲခေါ်လိုက်တယ်..။
စိတ်နှစ်မျိုး ။ ။ “…”
Σ(°△°|||)
“အနက်လေး၊ သူ ဘာဖြစ်တာလဲ ကြည့်ကြည့်” ကလေးက ဟိုတစ်နေ့ကတောင် အဆင်ပြေပုံပါ။ ဘယ်လိုလုပ် ရုတ်တရက် အခု စိတ်ခွဲတစ်မျိုး ရှိသွားတာလဲ။
“ဟုတ်ကဲ့ ကြီးမြတ်တဲ့ နတ်ဒေဝါ ပြဿနာမရှိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ”
နတ်ဆိုးဘုရင်က ဝတ်ရုံကို ဆွဲတင်ပြီး ကလေးဆီ လျှောက်လာလိုက်တယ်။ မနေနိုင်ဘဲ သူ တခြားဘုံဆီရောက်တဲ့ တံခါးဆီ လှမ်းကြည့်မိလိုက်တယ်။
နှစ်သန်းချီ နတ်ဆိုးဘုံတံခါးတွေက ယတိပြတ်ပိတ်နေတာ။ ဒါပွင့်သွားတာကို ပထမဆုံးအကြိမ် နတ်ဆိုးဘုရင် မြင်ဖူးတာပဲ။ အမတဘုံက တခြားဘက်မှာ ရှိနေတယ်။ အဲဒါက နတ်ဆိုးတွေ တစ်ချိန်လုံးဝင်ချင်နေခဲ့တဲ့ ဘုံပဲ။ ဒါပေမဲ့ တံခါးကြောင့် ဝင်လို့မရခဲ့ဘူး။ တချို့နတ်ဆိုးတွေက သူတို့ အသိစိတ်ရဲ့ အစိတ်အပိုင်းကို ထူးခြားတဲ့နည်းတွေ သုံးပြီး အမတဘုံထဲ ဖောက်ဝင်နိုင်ခဲ့ကြတယ်။ ဟုတ်တာပေါ့၊ အဲဒါတွေက ကံကောင်းတဲ့သူတွေ။
ဒါပေမဲ့ အခု… တံခါးတွေက တကယ်ပွင့်သွားပြီ။
နတ်ဆိုးဘုရင် ရင်ခုန်သွားတယ်။ နောက်တော့ သူ့ဘေးမှာရပ်နေတဲ့ အမျိုးသမီးကို လှည့်ကြည့်ပြီးနောက်မှာ မြန်မြန်ရောက်လာခဲ့တဲ့ စိတ်လှုပ်ရှားမှုက မြန်မြန်ပဲထွက်ခွာသွားခဲ့တယ်။
ပိတ်ထားတာပဲ ကောင်းပါတယ်လေ
┭┮_┭┮
နဉ်ဇီအန်းက သူ့ဆီ နတ်ဆိုးချီတွေ အလိမ့်လိုက် ရိုက်ခတ်လာတာကို ခံစားလိုက်ရတယ်။ စိတ်နှစ်ခုလုံး တိတ်သွားပြီ။ သူ့ရှေ့က နတ်ဆိုးက သူ့ကိုယ်ထဲက နတ်ဆိုးချီကို စုပ်ထုတ်ပစ်တာ ခံစားလိုက်ရတယ်။ သူ့ကိုယ်ပေါ် ကျဆင်းလာတဲ့ ဖိအားက မခံမရပ်နိုင်လောက်အောင်ပဲ။
နတ်ဆိုးမျက်နှာက ယောင်ယမ်းပြီး အမာရွတ်တွေပြည့်နေပေမဲ့ … အရမ်းကိုသန်မာတယ် အရမ်းကို သန်မာတာ အဇဋာဧကရာဇ်ချန်ကောတောင် သူ့အထွတ်အထိပ်အချိန်မှာတောင် ပြိုင်ဘက်မဟုတ်နိုင်ဘူး
သူက… တကယ်ပဲ နတ်ဆိုးဘုရင်ပဲ။
နတ်ဆိုးဘုရင်က မြေပြင်ပေါ်က ကလေးကို ခဏလေး စစ်ဆေးလိုက်တယ်။ သူ ကလေး အခြေအနေကို နားလည်ပြီးပြီ။ ကြီးမြတ်တဲ့နတ်ဒေဝါက သူ အလုပ်ကို ပေါ့ပေါ့ဆဆလုပ်တယ်တွေးမှာ ဆိုးလို့ ကလေးရဲ့နဖူးကို လှမ်းထိပြီး ကောင်းကင်စိတ်အာရုံကို သုံးပြီး စိတ်ထဲ ခိုးကြည့်လိုက်တယ်။
ဟမ်။
သူ တုံ့ဆိုင်းသွားတယ်။ ပြန်လည်ဝင်စားခြင်း ချိပ် တစ်ခုရှိနေတာပဲ။
“ကြီးမြတ်တဲ့ နတ်ဒေဝါကို တင်ပြပါတယ်” နတ်ဆိုးဘုရင်က ခပ်တိုးတိုးရယ်ပြီး ရှန်းရင်ကို အသေးစိတ် အကုန်တင်ပြတော့တယ်။
“ဒီ သူ… သူငယ်ချင်းလေးရဲ့ ဝိညာဉ်က နတ်ဆိုးတစ်ကောင်ကို သယ်ဆောင်ထားတာပါ၊ နတ်ဆိုး သူ့ကိုယ်ထဲပေါက်ပွားပြီး စိတ်နတ်ဆိုးတွေနဲ့ ပေါင်းစပ်သွားတာပါ၊ အခု နတ်ဆိုးက ကလေးကိုယ်ထဲက ကောင်းတဲ့အတွေးနဲ့ အသိအားလုံးကို စစ်ခင်းပြီး ထိန်းချုပ်ဖို့အတွက် တိုက်ခိုက်နေတာပါ”
“ဒါ အဓိပ္ပာယ်မရှိဘူး မဟုတ်လား” သူ့မှာ စိတ်ခွဲရောဂါရှိနေတယ်ဆိုတာ ဘယ်သူ မပြောနိုင်လို့လဲ။
“ငါမေးတာက ဒီနတ်ဆိုးက ဘယ်ကရောက်လာလဲဆိုတာ”
နတ်ဆိုးဘုရင် လန့်ပြီး ချက်ချင်း အသံနှိမ့်သွားတယ်။
“ကျွန်တော်… ကျွန်တော်လည်း ဒါကိုမသေချာပါဘူး၊ နတ်ဆိုးတွေက အကြောင်းရင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာပါတယ်၊ ပြီးတော့ ဒီကလေးထဲက နတ်ဆိုးက သူမွေးကတည်းက ရှိလာတာပါ၊ ခုမှ သူဘယ်လိုပေါ်လာလဲဆိုတာ အဖြေရှာဖို့နည်းလမ်းမရှိပါဘူး”
“ဆိုလိုတာက… သူက ဒီပုံစံအတိုင်း မွေးလာတယ်ပေါ့”
စရိုက်ကွဲရောဂါမျိုးကို မွေးတည်းက ခံစားခဲ့ရတဲ့သူလို့ သူမတော့ တစ်ခါမှမကြားဖူးပါဘူး
“မဟုတ်ပါဘူး” နတ်ဆိုးဘုရင်က ခေါင်းယမ်းလိုက်တယ်။
“မွေးလာတည်းက ရှိတာမဟုတ်ပါဘူး၊ သူ့အရင်ဘဝမှာတည်းက ရှိလာတာပါ”
“အဲဒါ ဘာအဓိပ်ပာယျလဲ”
“ကြီးမြတ်တဲ့နတ်ဒေဝါ”
နဆ်ဆိုးဘုရင်က ကလေးကို စိတ်လှုပ်ရှားစွာနဲ့ လက်ညှိုးထိုးတော့တယ်။
“သူ့ကောင်းကင်စိတ်အာရုံထဲမှာ ပြန်လည်ဝင်စားခြင်းချိပ်ရှိနေပါတယ်၊ ဆိုလိုတာက သူက သုံးလောကရဲ့ သံသရာစက်ဝန်းကို မဖြတ်သန်းခဲ့ဘူးဆိုတဲ့ သဘောပါပဲ၊ ကလေးက သူ့အရင်ဘဝမှာ အမတဖြစ်ခဲ့ပြီး နတ်ဆိုးက အဲဘဝမှာ သူ့ကိုယ်ထဲ နေရာယူခဲ့တာပဲ၊ ဒါပေမဲ့ နတ်ဆိုးက ခုတလောကမှ အပြည့်အဝ ကြီးထွားလာတာပါ”
ဒီစိတ်ရှုပ်စရာ သပွက်အူ၏ကဘာလဲ။ အားလုံးကအတိတ်နဲ့ ပစ္စုပ္ပန်အကြောင်း ရုပ်ရှင်တစ်ကားလုံး ရိုက်ဖို့တောင်လုံလောက်တယ်။
“သူငယ်ချင်းလေး၊ ငါ နင့်ကို အခုပြန်ခေါ်သွားပေးမယ်၊ ဒါပေမဲ့ ဒီကိစ္စကို အရင်ဖြေရှင်းမှရမှာ၊ မဟုတ်ရင် ဖေဖေနျိုကို ဘယ်လိုဖြေရမလဲသိမှာမဟုတ်ဘူး” သူမက ကလေးကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
“ငါ့ကိုပြော၊ ဘာတွေဖြစ်ခဲ့တာလဲ၊ ဘယ်သူက အစစ်…. ဘာအန်းပဲဖြစ်ဖြစ်”
“ဂိုဏ်းချုပ်ရှန်း၊ တကယ်တော့ ကျွန်တော်က-”
“ကျွန်တော်ပါ”
ကလေးရဲ့အသံက အလယ်မှာပြောင်းသွားပြီး မျက်လုံးလေးက အရောင်လက်နေတယ်။
“ကျွန်တော်က နဉ်ဇီအန်းအစစ်ပါ ချန်ကောက ကျွန်တော့်ကိုယ်ကို အပိုင်စီးဖို့ကြိုးစားနေတာ၊ တစ်ခုခုလုပ်ပါဦး သူ့ကိုကျွန်တော့်ကိုယ်ထဲကနေ ထုတ်ပေးပါ”
“အဓိပ္ပာယ်မရှိတာ” နတ်ဆိုးဘုရင်က တံတွေးထွေးလေတယ်။ သူ့ကိုယ်ကနေ နတ်ဆိုးချီပါ ထွက်လာလေရော။
“ဒါ မင်း ကြီးမြတ်တဲ့နတ်ဒေဝါကို စကားပြောတဲ့ပုံစံလား”
“နင်ကမှ အဓိပ္ပာယ်မရှိတာ” ရှန်းရင် သူ့ခေါင်းနောက်ကို တီးလိုက်တော့တယ်။
“ဘာလို့ ကလေးကိုခြောက်နေတာလဲ၊ အဲဒါ နင့်ကို အားကြီးတယ်လို့ခံစားရစေလို့လား”
“…”
နတ်ဆိုးဘုရင်က ရှန်းရင်ကို ဖားဖို့ကြိုးစားတာ ကျရှုံးသွားတဲ့နောက်မှာတော့ တိတ်တိတ်လေးပဲ နေတော့တယ်။ ထပ်ပြီး စာကလေးလို ဖြစ်သွားပြန်ပြီ။ ကြီးမြတ်တဲ့ နတ်ဒေဝါက စိတ်ဓာတ် ပြင်းထန်လွန်းတယ်၊ ထူးခြားလွန်းတယ်၊ ပြီးတော့ ကျိုးကြောင်းမဆီလျော်လွန်းဘူး။
“သူငယ်ချင်းလေး ဆက်ပြော”
“ဒီချန်ကောက တစ်ခုခုခိုးဖို့ ကြိုးစားနေတာပဲ၊ ဒါကြောင့်…”
“ပါးစပ်ပိတ်ထား၊ ငါနင့်ကို ပြောနေတာမဟုတ်ဘူး” သူမက နဉ်ဇီအန်းစကားမဆုံးခင် နတ်ဆိုးဆန်ဆန် အမာရွတ်တွေ ပြည့်နေတဲ့မျက်နှာကို လက်ညှိုးထိုးလိုက်တယ်။
“နင်က ရုပ်ဆိုးလွန်းတယ်၊ နင့်ထဲက ကြည့်ကောင်းတဲ့ ကလေးဆီပြောင်းလိုက်”
နတ်ဆိုး ။ ။ “…”
ဒါကိုကြားတော့ နတ်ဆိုးဘုရင်က ရှန်းရင် ပြောစရာမလိုဘဲ နဉ်ဇီအန်းကိုယ်ထဲက နတ်ဆိုးဆီ နတ်ဆိုးချီတွေလွှတ်ပြီး ထိန်းချုပ်လိုက်တယ်။ နဉ်ဇီအန်းမျက်နှာပေါ်က အမာရွတ်တွေ ပျောက်သွားပြီး ငယ်ရွယ်တဲ့ ကလေးမျက်နှာလေး ပြန်ပေါ်လာခဲ့တယ်။ နောက်ဆုံးတော့ ရှန်းရင် အရင်ကမြင်ဖူးတဲ့ လိမ္မာတဲ့ကလေးကို မှတ်မိသွားပြီ။ ကောင်လေးရဲ့မျက်လုံးထဲမှာ ရင့်ကျက်မှုတစ်မျိုး ရှိနေတာကလွဲပြီးပေါ့။
“ရှန်း… ကြီးမြတ်တဲ့ နတ်ဒေဝါရှန်း” သူ့ဘေးက နတ်ဆိုးဘုရင်ကို လှမ်းကြည့်ပြီး ချက်ချင်းပဲ ဉာဏ်ပြေးစွာနဲ့ နှုတ်ဆက်ပုံကို ပြောင်းလိုက်တယ်။ သူက ဇာတ်လမ်းကို စတင်ပြောတော့တယ်။
“ကျွန်တော်က ချန်ကောပါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက လုပ်ကြံခံခဲ့ရပြီး ဒဏ်ရာအကြီးအကျယ် ရခဲ့တယ်၊ အဲအချိန်မှာ ဒီနတ်ဆိုးက ကျွန်တော့်ကိုယ်ထဲ ဝင်ခဲ့တာပဲ၊ ကျွန်တော်က အရမ်းအားနည်းနေတော့ ချိပ်တစ်ခုပဲ ဖန်တီးနိုင်ခဲ့တယ်၊ ဒါပေမဲ့ နတ်ဆိုးက မထင်မှတ်ထားလောက်အောင် အားကြီးလာပြီး ကျွန်တော့်စိတ်နတ်ဆိုးတွေနဲ့ ပေါင်းစပ်သွားတယ်၊ ကျွန်တော် ပြန်သက်သာလာတော့ နောက်ကျလွန်းသွားတာ သိလိုက်ရပြီ၊ နတ်ဆိုးကို အတင်းအကြပ် နှင်ထုတ်ဖို့ကြိုးစားရင် ကျွန်တော့်ကျင့်ကြံဆင့် ထိခိုက်သွားနိုင်တယ်၊ ကျင့်ကြံဆင့်တစ်ဆင့်လုံးတောင် ပြုတ်ကျသွားနိုင်တာ”
သူ မျက်မှောင်ကြုတ်ပြီး အတိတ်ကဖြစ်ရပ်တွေကို စဉ်းစားရင်း ဆက်ပြောတော့တယ်။
“နောက်ပိုင်း ဖြေရှင်းနည်းတစ်ခုရှာတွေ့ခဲ့တယ်၊ အမတသားလောင်းကို ဖန်တီးဖို့ပဲ၊ ပြန်လည်ဝင်စားမှုလုပ်ငန်းစဉ်မှာ ကျွန်တော့်ကျင့်ကြံဆင့်တွေကို မှတ်ဉာဏ်နဲ့အတူ ယာယီချုပ်နှောင်ခဲ့ရတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ ကျွန်တော့်ကိုယ်ထဲက နတ်ဆိုးကို သန့်စင်နိုင်မှာ၊ ကျွန်တော့် ကျင့်ကြံဆင့်ကိုပြန်ရဖို့ လုပ်ငန်းစဉ်တစ်ခုလုံးက နှစ်ထောင်ချီကြာမှာ၊ ဒါကြောင့်…”
“အဲတော့ နင် ချွီရွှမ်းမြို့ဆီမှာ ပြန်ဝင်စားခဲ့တယ်ပေါ့”
“ဟုတ်တယ်”
သူ ခေါင်းညိတ်ပြလိုက်တယ်။
“အချိန်အတော်ကြီး တုံ့ဆိုင်းနေခဲ့သေးတာ၊ နောက်တော့ ကျွန်တော့်အမတကိုယ်ကို ပေါင်မိသားစုရဲ့ အမျိုးသမီးထဲထည့်ခဲ့တယ်၊ ဒါပေမဲ့ ပေါင်မိသားစုက ကျွန်တော် ဖြစ်ကတတ်ဆန်း ဖန်တီးခဲ့တဲ့ ဒီအမတကိုယ်ကို ဒီလောကထဲခေါ်ဖို့ မသေမျိုးချီတွေ အများကြီးသုံးလိမ့်မယ် မထင်ခဲ့ဘူး၊ အဲဒါကြောင့် ကျွန်တော် မွေးရာပါဓားသရုပ်သကန်နဲ့ မွေးဖွားလာခဲ့တာပဲ”
“…” မွေးရာပါဓားသရုပ်သကန်က သူ့အမေ သူ့ကို ကိုယ်ဝန်လွယ်ထားချိန် အားဆေးတွေအများကြီး သောက်ခဲ့လို့တဲ့လား။ စားဖိုမှူးရော ဒါကိုသိလား။
“ပိုပြီးတိုက်ဆိုင်သွားတာက မွေးရာပါဓားသရုပ်သကန်က နောက်ထပ်နတ်ဆိုးတစ်ကောင်ကို ကျွန်တော့်ဆီ သွေးဆောင်ခဲ့တာပဲ၊ အဲဒီနတ်ဆိုးချီကြောင့် ခန္ဓာကိုယ်ထဲက နတ်ဆိုးကို မရှင်းပစ်နိုင်ခဲ့ဘူး၊ အဲအစား နတ်ဆိုးက စောစောနိုးလာပြီး ကျွန်တော့်မှတ်ဉာဏ်ပြန်မရခင် နတ်ဆိုးအဖြစ် ပြောင်းဖို့ ကြိုးစားခဲ့တာပဲ”
သူက ပိုပြီးတောင် မျက်မှောင်ကြုတ်သွားခဲ့တယ်။
“နောက်ဆုံးတော့ ကျွန်တော် မှတ်ဉာဏ်ပြန်ရချိန် ဒီနတ်ဆိုးကို ရှင်းထုတ်ပစ်ဖြိ့ နည်းမရှိတော့ဘူး၊ ကြီးမြတ်တဲ့နတ်ဒေဝါကိုတောင် မေ့…”
သူ စကားမဆုံးခင် အမူအရာက ပြောင်းသွားပြီး အသံကတိုးလာတယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ အော်လေရဲ့။
“ဂိုဏ်းချုပ်ရှန်း၊ သူ့ကိုနားမထောင်ပါနဲ့ ကျွန်တော်က နဉ်ဇီအန်းပါ သူက ခင်ဗျားကို လိမ်နေတာ…၊ ခင်ဗျားမှတ်မိလား၊ ခင်ဗျား ကျွန်တော့်ကို အဆာသွတ်မုန့် မပေးချင်ခဲ့တဲ့ အချိန်လေ၊ ယုံပါ၊ ချန်ကောက တစ်ခုခုကို အနိုင်ရအောင် ကြိုးစားနေတာ…”
“ကောင်းပြီလေ ငါနင့်ကိုယုံတယ်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“တကယ်တော့ ကျွန်တော်က… အာ”
နတ်ဆိုးတောင် တုံ့ဆိုင်းသွားလေရဲ့။
“ကြီးမြတ်တဲ့နတ်ဒေဝါ” ချန်ကောက ထိတ်လန့်တကြား အော်တော့တယ်။
ရှန်းရင်က သူ့ကိုလျစ်လျူရှုပြီး နတ်ဆိုးဘုရင်ဘက် လှည့်သွားတယ်။
“မည်းလုံး”
“ဟုတ်” နတ်ဆိုးဘုရင်က အသင့်အနေအထား။
“သူတို့ထဲက တစ်ယောက်ကို ခန္ဓာကိုယ်ထဲက ဆွဲထုတ်နိုင်လား”
“ထုတ်နိုင်ပါတယ်၊ ကျွန်တော်က ကျွမ်းကျင်သူပါ”
နတ်ဆိုးဘုရင်က ရင်ဘတ်ကို ပုတ်တော့တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ”
“ကောင်းပြီ၊ ဒါဆို ဆွဲထုတ်လိုက်… ရုပ်ဆိုးတဲ့တစ်ယောက်ကို”
နတ်ဆိုး ။ ။ “…” မင်းပြောတော့ ငါ့ကိုယုံမယ်ဆို
…