ERSY အခန်း ၁၂၆

အခန်း ၁၂၆ ။ ကျုပ်တို့ဂိုဏ်းတပည့်အားလုံးက ခန္ဓာကျင့်ကြံသူတွေ

သိသာစွာပဲ ရှန်းရင် ကောင်လေးကို အနိုင်ကျင့်နေတာက စီးပွားရေးကိစ္စ ဆွေးနွေးနေဆဲ လူသုံးယောက်ရဲ့အာရုံကို မဖမ်းစားမိသွားဘူး။

ကူယွဲ့ကတော့ သူရဲ့ ကလိမ်ကကျစ်ပြောဆိုတာ… အတိသယဝုတ္တိသုံးတာ… နဲ့ အရေမရအဖတ်မရ ပြောတဲ့ ခွဲတမ်းတွေကို ဖြည့်ဆည်းပြီးခါစလို့ ခံစားလိုက်ရတယ်။ ခန့်မှန်းခြေ အသုံးစရိတ်ထက် အဆပေါင်းများစွာ ပိုတဲ့ ပမာဏကို ရပြီးနောက်မှာတော့ သူ လိုရင်းကိစ္စကို ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

“အဆင့်မြင့်အမတ၊ မြို့အရှင်ပေါင်၊ အမတအရှင်မင်းမြတ်က နတ်ဆိုးဘုံတံခါးကိစ္စကို ဖြေရှင်းနေတော့ ခင်ဗျားတို့နှစ်ယောက် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ” ကူယွဲ့ ချွီရွှမ်းမြို့ရဲ့ မြို့အရှင်က ဒီထိကို အလကားနေဖို့အတွက် လာမယ်ဆိုတာ မယုံဘူး။ သူ့မှာ ချွီရွှမ်းမြို့ကလွဲ တခြားနေစရာမရှိမှာမှ မဟုတ်တာ။

အမှန်တိုင်းပြောရရင် ကူယွဲ့က အဓိကဇာတ်ဆောင် နဉ်ဇီအန်းကြောင့် ပေါင်မိသားစုနဲ့ ဆက်ပြီး မပတ်သက်ချင်ဘူး။ နတ်ဆိုးဘုံတံခါးကိစ္စကတော့ အမတဘုံတစ်ခုလုံးနဲ့သက်ဆိုင်နေတာမို့ ခြွင်းချက်ပေါ့။

“အရှင်မင်းကြီးက ကျုပ်တို့ပေါင်မိသားစုကို နတ်ဆိုးဘုံတံခါးရှာတွေ့တဲ့အတွက် ကျင်ရှင်းမြို့ လက်ဆောင်ပေးခဲ့တယ်” ပေါင်ဖေးဖျင်က မီးဖိုချောင်ထဲက ထွက်လာတဲ့ ယိချင်းကို လှမ်းကြည့်ပြီးဆက်ပြောတယ်။

“ကျင်ရှင်းက အမတသွေးကြောပေါ်တည်ရှိတဲ့ ချွီရွှမ်းမြို့နဲ့ယှဉ်လို့မရပေမဲ့ ပင်မတိုက်ကြီးမှာရှိပြီး ရှန်းတုမြို့နဲ့နီးတယ်၊ အဖေနဲ့ကျုပ်ခံစားရတာက.. ကျုပ်တို့ ခင်ဗျားတို့သုံးယောက်ကြောင့်သာ နတ်ဆိုးဘုံတံခါးကိစ္စကို သိရတာလေ၊ ဒါကြောင့် ကျုပ်တို့ နာမည်ကောင်းယူလို့မဖြစ်ဘူး၊ တကယ်လို့စိတ်မရှိရင် ခင်ဗျားတို့ဂိုဏ်းကို ကျုပ်တို့နဲ့အတူ ကျင်ရှင်းမြို့မှာနေဖို့ ဖိတ်ကြားချင်လို့ပါ”

ကူယွဲ့က ပေါင်ဖေးဖျင်ရဲ့ ဖိတ်ကြားချက်ကြောင့် အံ့အားသင့်သွားတယ်။ သူ ပေါင်မိသားစုကို အဲလောက်ရက်ရောမယ်မထင်ခဲ့ဘူး။ အမှန်ပဲ နတ်ဆိုးဘုံတံခါးက သူတို့တွေ့ခဲ့တာဆိုပေမဲ့ ချွီရွှမ်းမြို့က ပေါင်မိသားစုပိုင်တဲ့ဟာလေ။ အခုပိတ်ခံလိုက်ရတော့ နတ်ဒေဝါဧကရာဇ်က သူတို့ကို မြို့တစ်မြို့ ပြန်ချီးမြှင့်တာ ပုံမှန်ပဲလေ။ ပေါင်ဖေးဖျင်က သူတို့ဒီကိစ္စမှာပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို မပြောရင်တောင် ဘယ်သူမှ အပြစ်တင်လို့မရဘူး။ သူတို့ရဲ့ အမတနေအိမ်အသစ်ကို ဝေမျှလာမယ်လို့တော့ ဘယ်တော့မှ မထင်မိခဲ့ဘူး။

ကူယွဲ့ ထပ်ပြီးမေးတောမဲ့ဆဲဆဲ ရှန်းရင်ဘေး ရပ်နေတဲ့ယိချင်းကို မြင်သွားတယ်။ ပြီးတော့ ချက်ချင်းပဲ သူတို့ရည်ရွယ်ချက်ကို သဘောပေါက်သွားတယ်။

ကြည့်ရတာ သူတို့အလျှော့မပေးသေးပုံပဲ ယိချင်းက မြေအမတပဲဖြစ်နေသေးတုန်းကတော့ မဆိုးဘူး။ ဒါပေမဲ့အခု သူက မဟူရာအမတဖြစ်သွားပြီဆိုတော့ သူ့တန်ဖိုးက သူတို့မျက်စိထဲ သိသိသာသာ မြင့်တက်သွားပြီ။ မဟူရာဓားကျင့်ကြံသူတွေက အမတဘုံတစ်ခုလုံးမှာ ရှားပါးချက်ပဲ။ မွေးရာပါဓားသရုပ်သကန်ပါတဲ့သူဆို ပို‌လို့တောင်မပြောနဲ့။

တကယ်လို့ ကူယွဲ့နဲ့ ဂိုဏ်းသားတွေသာ တကယ် ကျင်ရှင်းမြို့‌ဆီပြောင်းမယ်ဆိုရင် သူတို့ တစ်ယောက်နဲ့တစ်ယောက် မကြာခဏဆုံကြတော့မှာ။ အဲကျရင် ဓားအမတဖြစ်တဲ့ယိချင်းအနေနဲ့ သူ့အငယ်တန်းရှောင်အန်းကို တပည့်ဟုတ်ဟုတ်မဟုတ်ဟုတ် ရံဖန်ရံခါ လမ်းညွှန်မှုတွေပေးမိမှာပဲ။

ဒီအမတနှစ်ယောက်က ကောင်လေးရဲ့ ပညာသင်ယူဖို့အတွက် တကယ်ကိုရောက်ချလာတာပဲ။ သူတို့က ‌ဆရာကောင်းတစ်ယောက်ကို ဆွဲဆောင်ဖို့အတွက်နဲ့ ကျောင်းနေရာထိုင်ခင်းပါ အလကား ထောက်ပံ့ပေးနေတယ်။

“ကြင်နာတဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးပါ” ကူယွဲ့ ချက်ချင်း သူတို့ကမ်းလှမ်းချက်ကို ငြင်းလိုက်တယ်။

“ကျုပ်တို့မှာ တပည့်အများကြီး မရှိပေမဲ့ ဒီမှာနေတာကို ကျင့်သားရနေပြီမို့ ပြောင်းဖို့ဆန္ဒမရှိပါဘူး”

ခင်ဗျားတို့နောက်နေတာပဲဖြစ်ရမယ်။ ဘယ်လောက်ပဲ အကျိုးအမြတ်များများ ဇာတ်လိုက်ကြောင့် ဖြစ်လာမဲ့ အနာဂတ်ပြဿနာတွေအတွက် အလျော်ပေးဖို့မလုံလောက်ဘူး။

“ညီကိုကူယွဲ့၊ အလောတကြီး ဆုံးဖြတ်ချက်မချပါနဲ့ဦး၊ အချိန်ယူပြီးစဉ်းစားပါဦး”

သူ့အစီအစဉ်က တလွဲဖြစ်တော့မှာကို အာရုံခံမိတော့ စိတ်လောနေတဲ့ ပေါင်ဖေးဖျင်က ရွေးစရာမရှိဘဲ တခြားကျင့်ကြံသူနှစ်ယောက်ဘက် အကြည့်လွှဲရတော့တယ်။

“အမတရောင်းရင်းယိချင်းနဲ့… ဒီအမတအမျိုးသမီးရဲ့ အမြင်ကို မေးကြည့်ရင်ရော”

ဒီအမျိုးသမီးက ဂိုဏ်းချုပ်ဆိုတာတော့ သူမှတ်မိတယ်။ ဒီဂိုဏ်းထဲမှာ အဓိကဆုံးဖြတ်ချက်ချသူက ကူယွဲ့ဆိုတာ သူသိပြီးပေမဲ့ သူ့သားအတွက် ဒီနှစ်ယောက်ကိုပါ ကိစ္စထဲဆွဲထည့်မှဖြစ်မယ်။

“ကျင်ရှင်းမြို့ရဲ့ မသေမျိုးချီက ဒီနေရာထက် အများကြီးပိုထူတယ်လေ၊ ခင်ဗျားတို့ ဂိုဏ်းတပည့်တွေအတွက် အများကြီး အထောက်အကူဖြစ်မှာ”

“မသွားဘူး”

“ဟမ် ဟမ်” ပေါင်ဖေးဖျင် သူမရဲ့ရုတ်ခြည်းအဖြေကြောင့် ကြောင်အသွားတယ်။ အနည်းဆုံးတော့ သူတို့စဉ်းစားဦးမယ် ထင်နေခဲ့တာ။ ဘာလို့တန်းပြီးငြင်းလိုက်ရတာလဲ။

“ငါတို့မပြောင်းဘူး” ရှန်းရင်က ခေါင်းခါလိုက်တယ်။ အိမ်ပြောင်းရတာ အလုပ်များချက်။

“ဆရာပြောတာမှန်တယ်” ယိချင်းက ချက်ချင်းသဘောတူလေရဲ့။

ပေါင်ဖေးဖျင် ။ ။ “…”

“ကြင်နာတဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးပါမြို့အရှင်၊ ဒါပေမဲ့ကျုပ်တို့ဂိုဏ်းတပည့်တွေက အဆင့်နိမ့်မြေအမတတွေပါ၊ ဒီက မသေမျိုးချီက သူတို့အတွက်လုံလောက်ပါတယ်”

အဓိကကတော့ ‌ဇာတ်လိုက်နဲ့ မပတ်သက်ဖို့ပါပဲ။

“အဲလိုဆိုထားလိုက်ပါတော့” ဆက်ပြီးတိုက်တွန်းနေလည်း အသုံးမဝင်တာ သဘောပေါက်သွားတော့ ပေါင်ဖေးဖျင် သူတို့ကို ရွှေ့ခိုင်းမဲ့အကြံ လက်လွှတ်လိုက်တယ်။ ရုတ်တရက် အကြံတစ်ခုရသွားပြီး သူခေါင်းစဉ်ပြောင်းလိုက်ပြန်တယ်။

“ခင်ဗျားတို့ဂိုဏ်းမှာ ဓားအမတနှစ်ယောက်ရှိတာဆိုတော့ တပည့်တွေက ထူးချွန်မှာသေချာတယ်၊ ကျုပ်တို့ဒီရောက်နေတော့ သူတို့ရဲ့အစွမ်းကို အထူးတလည်ကြည့်ခွင့်ရှိမလား”

သူတို့ ဒီဂိုဏ်းတပည့်တွေနဲ့ အဆက်အဆံလုပ်လို့ရနိုင်တယ်လေ။ ရှောင်အန်းက အဲကျရင် သူတို့လမ်းညွှန်မှုကို လက်ခံဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ နေခဲ့လို့ရလောက်တယ်။ ဒါဆို သူတို့ရည်ရွယ်ချက် ပြည့်မှာပဲ။

“မြို့အရှင်မှားနေပါပြီ၊ သူတို့က မဟုတ်…”

ကူယွဲ့ ပြောနေရင်း ရုတ်တရက် ပေါင်ဖေးဖျင် သူ့သားကို သူတို့ဂိုဏ်းမှာထားဖို့အကြံစွန့်လွှတ်အောင် လုပ်နိုင်မဲ့အကြံကောင်း စဉ်းစားမိသွားတယ်။

သူ့စကားကို ပြန်ပြင်ပြီးပြောလိုက်တယ်။

“သူတို့အားလုံးက ဓားအမတတွေတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့က တကယ်ကို အရည်အချင်း ရှိတာပါ၊ အရမ်းကိုအရည်အချင်းရှိတာ”

“အော် ဒါဆို…” ပေါင်ဖေးဖျင် မျက်လုံးတွေ တောက်ပသွားတယ်။

ခေါင်းညိတ်ပြီး ကူယွဲ့ ဘေးကလူကို လှည့်ညွှန်ကြားလိုက်တယ်။

“ယွီဟုန်၊ စစ်ယွီကို ဒီလာခဲ့ဖို့ပြောလိုက်”

“ဟုတ်ကဲ့” ယွီဟုန်က လှည့်ထွက်သွားတယ်။ ခဏနေတော့ သူမက နူးညံ့တဲ့ဟန်ရှိတဲ့ အမတကို ခေါ်လာတယ်။ အစိမ်းရောင်ဝတ်ရုံဝတ်ထားပြီး ဒီအမတမိန်းကလေးက ပေါင်ဖေးဖျင်တို့သားအဖကို မဝံ့မရဲ ဂါဝရပြုလေတယ်။ သူ့ကြည့်ရတာ သူစိမ်းတွေကို နည်းနည်းကြောက်နေသလိုပဲ။ သူ့ဂိုဏ်းသားတွေနောက် အလိုလိုပုန်းနေလေတယ်။

“သူက ကျုပ်တို့ဂိုဏ်းရဲ့… အထူးချွန်ဆုံးတပည့်ပါ” ချောင်းဟန့်ပြီး ကူယွဲ့ စစ်ယွီကို ရှေ့ထွက်ရပ်ဖို့ အချက်ပြလိုက်တယ်။ နောက်တော့ လေးနက်တဲ့အသံနဲ့ သူညွှန်ကြားလိုက်တယ်။

“စစ်ယွီ၊ အဆင့်မြင့်အမတပေါင်နဲ့ မြို့အရှင်က မင်းရဲ့ အရည်အချင်းကို ကြည့်ချင်နေတယ်၊ မင်း သူတို့ကို အကျဉ်းချုံး သရုပ်ပြပေးလို့ရမလား”

အဲတော့ မျက်လုံးအားလုံးက စစ်ယွီပေါ် ရောက်လာတယ်။ အထူးသဖြင့် ဒီလိုအားနည်းပုံပေါ်တဲ့အမတက ဓားအမတဖြစ်နိုင်လား သိချင်နေကြတဲ့ ပေါင်သားအဖပေါ့။ ပြီးတော့ သူမက အထူးချွန်ဆုံးတပည့်တဲ့။ ဝူတိဂိုဏ်းက တကယ်ကို ရွက်ပုန်းသီးပညာရှင်တွေ အပြည့်ပဲ။

နဂို သူစိမ်းတွေရှေ့ ရှက်တတ်တဲ့ စစ်ယွီက ပိုတောင် ပျာယာခတ်သွားခဲ့တယ်။ အလိုလို သူမ နောက်တစ်လှမ်း ပြန်ဆုတ်မိလိုက်တယ်။

“အကြီးအကဲကူယွဲ့ဆိုလိုတာ… ဒီနေရာလား”

“အင်း၊ မင်းလုပ်နိုင်တာလုပ်”

“ဒါပေမဲ့… ဒါက အကြံကောင်းလို့မထင်ဘူးနော်” သူမ အမတနှစ်ယောက်ဘက် လှည့်ကြည့်လိုက်တယ်။ ကလေးတစ်ယောက်နဲ့ ဘေးကင်းပါ့မလား။

“မစိုးရိမ်ပါနဲ့၊ သူတို့ကို မင်းလုပ်နိုင်တာသာပြလိုက်” ကူယွဲ့က ထပ်တွေးပြီး ဖြည့်ပြောလိုက်တယ်။

“ကျသင့်တဲ့ထိခိုက်မှုအတွက် ငါပေးချေပေးမယ်”

စစ်ယွီက နည်းနည်းတုံ့ဆိုင်းနေတုန်း။

သိချင်စိတ်ပြင်းပြစွာနဲ့ ပေါင်သားအဖက အားပေးလိုက်တယ်။

“အမတအမျိုးသမီး၊ မကြောက်ပါနဲ့၊ ကျုပ်တို့က မင်းတို့ဂိုဏ်းရဲ့ ကျွမ်းကျင်မှုကို ကြည့်ချင်ရုံပါ”

“ဟုတ်တယ်၊ မင်းလေ့ကျင့်နေကျအတိုင်းပဲလုပ်လိုက်၊ မင်းစိတ်တိုင်းကျသာ လုပ်”

“ကျွန်မ…” စစ်ယွီ အနည်းငယ်စိတ်ထဲ တင်းကြပ်နေတုန်း။

ရှန်းရင်က သူ့ရဲ့တစ်ပဲနှစ်ပြားတန် စကားနဲ့ ဝင်မပြောခင်ထိပေါ့။

“ရှောင်လွိ၊ နင်လုပ်နိုင်တယ်”

ဒီစကားနဲ့တင် စောနကကြောက်ရွံ့နေတဲ့ စစ်ယွီက ရုတ်တရက် ခေါင်းမော့လာပြီး အကြောက်အလန့်ကင်းတဲ့ စိတ်ပိုင်းဖြတ်မှုမျက်နှာထက် ပေါ်လာတယ်။ တက်ကြွစွာ ခေါင်းညိတ်ပြီး သူမကပြန်ဖြေတော့တယ်။

“ဟုတ်ကဲ့ဂိုဏ်းချုပ်”

နောက်တော့ သူ့မသေမျိုးချီက ရုတ်တရက် တလိမ့်လိမ့်တက်လာပြီး အမူအရာတစ်ခုလုံး အသွင်ပြောင်းသွားတယ်။ မဟုတ်ဘူး… သူမတစ်ကိုယ်လုံး အသွင်ပြောင်းသွားတာပဲ ကြွက်သားတွေ ထွက်လာတယ်။ တစ်ခါတည်းနဲ့ အရပ်က ရှည်ထွက်လာပြီး ခန္ဓာကိုယ်က အဆအနည်းငယ် ကြီးထွားလာတော့တယ်။

ခပ်ကျယ်ကျယ်ဟိန်းဟောက်ပြီး သူမက လက်သီးပစ်လွှတ်လိုက်တယ်။ မာကျောလှတဲ့ မျက်နှာပုံစံ ကျောက်တုံးက တစစီဖြစ်ပြီး ပဲ့သွားလေတယ်။ မြေပြင်ပေါ်မှာတော့ ကျောက်စရစ်ခဲတွေ ဖုံးသွားပြီး ဖုန်မှုန့်တွေ အလိပ်လိုက် မျက်နှာပေါ် ကပ်သွားခဲ့တော့တယ်။

ပေါင်ဖေးဖျင် ။ ။ “…”

ပေါင်ရီ ။ ။ “…”

သောက်ကျိုးနည်း… ဒါ ဓားအမတ မဟုတ်တာ အသိသာကြီး

Σ(°△°|||)

“ကောင်းပြီ စစ်ယွီ၊ မင်းညီမတွေနဲ့ လေ့ကျင့်ရေးကွင်းမှာ ဆက်လေ့ကျင့်တော့” ကူယွဲ့က စစ်ယွီကို သွားဖို့ အမူအရာ ပြလိုက်တယ်။ နောက်တော့ တည်တည်ငြိမ်ငြိမ်အမူအရာနဲ့ လက်ချိပ်တစ်ခု ပုံဖော်ပြီး အကျိုးအပဲ့တွေနဲ့ တစ်နေရာလုံးကို ရှင်းပြလိုက်တယ်။

“ဟုတ်ကဲ့ အကြီးအကဲကူယွဲ့” စစ်ယွီက လက်သီးနှစ်ဖက်ဆုပ် ဂါဝရပြုပြီး သူမရဲ့နဂိုနူးညံ့တဲ့ပုံစံအဖြစ် ပြန်ကျုံ့သွားခဲ့တယ်။ ကြွက်သားတွေက ဘယ်တုန်းကမှ ပေါ်မလာခဲ့သလိုပဲ။

“ညီကိုကူ… ယွဲ့” ပေါင်ဖေးဖျက်မျက်နှာပေါ် ကြောင်အမ်းနေတဲ့အမူအရာရှိနေတုန်း။

“စော… စောနကလူက ခန္ဓာကျင့်ကြံသူလား” သက်ရှိတစ်ယောက်လား ပြီးတော့ အမတဖြစ်လာတဲ့သူတဲ့လား။

အမတဘုံဆီ ခန္ဓာကျင့်ကြံသူတွေ တစ်ယောက်မှ တက်လှမ်းမလာဖူးဘူး။ တက်လှမ်းလာခဲ့တာတွေကလည်း နတ်ဆိုးအမတတွေ အမတအဖြစ် ပြောင်းလဲလာတဲ့ ခန္ဓာအမတတွေကို ဘယ်လိုခေါ်လဲ။ ခန္ဓာအမတပဲလား။

“ဟုတ်တယ်” ကူယွဲ့ ခေါင်းညိတ်ပြီး ခပ်ဖွဖွရယ်တော့တယ်။

“ကျုပ် အရင်က မပြောဖူးဘူးလား၊ ယိချင်းနဲ့ ကျုပ်မှာ တပည့်တွေကို လေ့ကျင့်ဖူးတဲ့ အတွေ့အကြုံ မရှိပါဘူးလို့၊ ဘယ်လိုဖြစ်သွားလဲမသိ၊ သူတို့လေ့ကျင့်ရေး မြင့်လာတာနဲ့ ဒီလိုဖြစ်သွားတာပဲ၊ ဒါကြောင့် ယိချင်းနဲ့ကျုပ်ကလွဲ အားလုံးခန္ဓာကျင့်ကြံသူတွေကြီးပဲ”

ပေါင်နှစ်ယောက် ။ ။ “…”

စောနကပြောထားမိတာ ပြန်ရုပ်သိမ်းလို့ရလား။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset