အခန်း ၁၀၄ ။ သန်မာသော သံရုပ်အဖွဲ့
“သူနဲ့ဘာဆိုင်လဲ” ကူယွဲ့က ငိုင်တိုင်တိုင်။
“သူက အဓိကဇာတ်ဆောင်မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းသိတဲ့အတိုင်း အဲဝတ္ထုထဲက ဇာတ်ကောင်တွေက ကပ်ဘေးခန္ဓာကိုယ်မျိုး – ကိုနန်ပုံစံမျိုး ဉာဏ်ကြီးရှင်တွေ – ပိုင်ဆိုင်ထားကြတာလေ၊ သူတို့နဲ့ အဆက်အဆံရှိလို့ ဘာကောင်းတာမှထွက်မလာဘူး၊ အထူးသဖြင့် ဝတ္ထုရဲ့.. အာ ရှင်းပြဖို့ခက်တယ်၊ အဲဒါကြောင့် ပိုင်ဇယ်ကို ငါသဘောမကျတာ၊ အဓိကဇာတ်ဆောင်က သူ့ကြောင့် ဒုက္ခတော်တော် ကြုံလိုက်ရတာ၊ မိန်းကလေးဇာတ်ဆောင်လည်း-”
“အော်” ဘာမှမဟုတ်တာ တော်သေးတာပေါ့။ ရှန်းရင် ဝတ္ထုမှာ စိတ်မဝင်စားတော့ဘဲ မီးဖိုချောင်ဘက်လှည့်လိုက်တယ်။
“စားဖိုမှူး၊ စားစရာ အဆင်သင့်ဖြစ်ပြီလား”
“ဟုတ်ကဲ့ဆရာ၊ ခဏနေ ထွက်လာမှာပါ” ယိချင်းက ပင်လယ်စာနှစ်ပန်းကန်ယူပြီး မီးဖိုချောင်ထဲကနေ ထွက်လာခဲ့တယ်။
ရှန်းရင်က တူကိုချက်ချင်း ကောက်ယူပြီး နှိုက်စားဖို့ ပြင်လိုက်တယ်။
“ဟေး… ငါအပြီးထိ ပြောဦးမယ်” ကူယွဲ့ နှုတ်ခမ်းဆူသွားတယ်။ သူ ဘာလို့အမြဲ တစ်ဝက်တစ်ပြက်ပဲ နားထောင်ရတာလဲ။
“နင်ပဲ စပြောတာမဟုတ်ဘူးလား”
“အနံ့မွှေးလိုက်တာ…” ရှန်းရင် ယိချင်းကို လက်မထောင်ပြလိုက်တယ်။ အရင်လတွေတုန်းက ပျောက်ဆုံးနေခဲ့တဲ့ စားသောက်ချင်စိတ်က အခုတော့ သွားရည်ယိုနေပြီ။ အမဲသားထမင်း၊ အမဲသားထမင်း၊ အမဲသားထမင်း
“ဖေဖေနျို၊ စားကြရအောင်”
“ငါ့ခြေထောက်ကိုစား” ဒါ မင်း စကားဝိုင်းထိန်းတဲ့ နည်းလား။ သူ စကားမဆုံးသေးတာကို ဘယ်သူကစားချင်…။
ဟေး၊ ကြည့်ရတာ တကယ်အရသာရှိတဲ့ပုံပဲ။
စားကြည့်…။
သူ တူကို မတော့မဲ့ဆဲဆဲ ရှန်းရင်က လက်လှမ်းပြီး အသားတုံးကြီးတစ်ခုကို ဆွဲယူတော့တယ်။ ကျန်ခဲ့တာက ဟင်းအနှစ်။
“ဟေး၊ ငါ့အတွက် နည်းနည်းချန်ထားပေးဦးလေ”
အသားပြားကြီးတစ်ချပ်လုံးကို တစ်ပိုင်းလေးတောင် ချန်မပေးထားနိုင်ဘူးလား။ သူ့ ထမင်းပန်းကန်နဲ့ တူကို အသားပြားနားရွှေ့လိုက်ပေမဲ့ ရှန်းရင်က ရုတ်တရက် လွှတ်ပေးလာတယ်။ အသားပြားက ပန်းကန်လုံးထဲ ပြုတ်ကျသွားပြီး အနှစ်တွေ ကူယွဲ့ပေါ် စင်သွားလေတယ်။
“ဟိုလီရှစ်၊ ရှန်းရင် မင်းမှာ…” သူစကားမဆုံးခင် ခေါင်းမော့ကြည့်လိုက်တော့ ရှန်းရင်က မျက်မှောင်ကြုတ်ပြီး ကောင်းကင်ကိုစိုက်ကြည့်နေတာ မြင်လိုက်ရတယ်။
“ဘာဖြစ်တာလဲ”
သူမ ဒီလောက် လေးလေးနက်နက်ပုံပေါ်နေတာ ရှားတယ်။ သူ အလိုလို လိုက်ကြည့်မိလိုက်တော့ အပေါ်မှာ ကောင်းကင်ပြာ။
“မင်း ဘာမြင်တာလဲ”
ရှန်းရင်က မျက်နှာသေနဲ့။ စက္ကန့်နည်းနည်းနေတော့ တီးတိုးပြောလာတယ်။
“တံခါးပေါက်တစ်ခု… အဲမှာပွင့်လာတဲ့ပုံပဲနော်”
“တံခါးပေါက်လား၊ ဘာတံခါးပေါက်လဲ” သူ တိုးကြည့်ပြီး ကောင်းကင်ကို စစ်ဆေးဖို့ ကောင်းကင်စိတ်အာရုံကို သုံးလိုက်တယ်။
“ဘာမှမရှိပါဘူး၊ ဘယ်မှာလဲ တံခါးက”
“မရှိတော့ဘူးပဲ၊ ထားလိုက်တော့၊ တစ်ခုခု မြင်လိုက်တယ်ထင်လို့” ရှန်းရင်က စားပွဲကို ပြန်ကြည့်ပြီး စိတ်ထဲကနေ ရှင်းထုတ်လိုက်တယ်။ နောက်တစ်ခေါက် အသားပြားကို ထပ်လှမ်းပြီး နှစ်လုတ်တည်းနဲ့ အပြတ်စားလိုက်လေတယ်။
ကူယွဲ့ နောက်ကျလွန်းသွားပြီ။
“…” ငါ-ိုး ဒီတစ်ယောက် တမင်သက်သက် လုပ်တာပဲ တကယ်ကို တမင်လုပ်တာပဲ
——————
မသေမျိုးတက်လှမ်းမှုစေတီကိစ္စ ဖြစ်ပြီးနောက်ပိုင်းမှာ ဝူတိဂိုဏ်းရဲ့ ဂုဏ်သတင်းက တခြားဆွေကြီးမျိုးကြီးမိသားစုတွေနဲ့ ညီလာတယ်။ ဝူတိဂိုဏ်းကို ဝင်ရောက်ဖို့ တိုက်ခိုက်တဲ့ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင်ပဲ။ ဂိုဏ်းတွေအခု သူတို့နှစ်ပတ်လည်လူသစ်စုဆောင်းမှုအတွက် အသင့်ပြင်နေကြပြီ။
ဝူတိဂိုဏ်းရဲ့ လောလောဆယ် စွမ်းဆောင်နိုင်စွမ်းအရ တပည့်စုဆောင်းဖို့ အဖွဲ့ဝင်အားလုံးကို အပြင်ထွက်ခိုင်းစရာမလိုတော့ဘူး။ ကူယွဲ့တောင် ဂိုဏ်းအပြင်ကို ထွက်ချင်စိတ်မရှိဘူး။ သူ ယွီဟုန့်ကို အားလုံးလွှဲပေးထားလိုက်တယ်။ ယွီဟုန်က မိန်းကလေးကျင့်ကြံသူကိုးယောက်ထဲ အကြီးဆုံးဖြစ်ပြီး အားအကိုးရဆုံး။ သူ မိန်းကလေးကျင့်ကြံသူတွေ စုဆောင်းခဲ့ချိန်က သူမက အဆင့်မြင့်ဆုံးကျင့်ကြံဆင့် ရှိခဲ့တာ။ သေချာပေါက် သူက အုပ်စုရဲ့ အစ်မပေါ့။ စစ်ယွီက နှစ်နှစ်နေတော့ ကျင့်ကြံဆင့်မှာ သာသွားပေမဲ့ အုပ်စုထဲမှာတော့ ယွီဟုန်က ခေါင်းဆောင်ဖြစ်နေဆဲပဲ။
ကူယွဲ့က ဝူတိဂိုဏ်းရဲ့ မန်နေဂျာဆို ယွီဟုန်က သူ့အတွင်းရေးမှူးပဲ။ ကူယွဲ့ ကိုင်တွယ်ဖို့အချိန် မရှိတာတွေအကုန် ယွီဟုန်ဖြေရှင်းတယ်။ ဒါကြောင့် စုဆောင်းရေးမှာ ယွီဟုန့်ကို တာဝန်ပေးမှမှန်မှာ။ ကူယွဲ့စိတ်ထဲ ဒီနည်းလမ်းကြောင့် စိတ်အေးသွားတယ်။
ယွီဟုန်က တာဝန်သိတတ်သူ။ သူမက မိစ္ဆာဘုံထဲကနေ တခြားမိန်းကလေးကျင့်ကြံသူ ၈ ယောက်ကို ခေါ်သွားပြီး မြို့အသီးသီးဆီသွားဖို့ ညွှန်ကြားခဲ့တယ်။ သူတို့က ဒီမတူညီတဲ့မြို့တွေကနေ ထိုက်တန်တဲ့ တပည့်တွေ စုဆောင်းမှာ။ ဝူတိဂိုဏ်းက အထက်ထျန်းလန်မြို့မှာပဲ ကန့်သတ်ထားမှာမဟုတ်ဘူး။ ခြောက်လအတွင်း အုပ်စုက တပည့်သစ်တွေနဲ့ ဂုဏ်ယူစွာပြန်ရောက်လာတယ်။
တကယ့်ကို အများကြီးပဲ – တပည့်သစ်အုပ်စုက လူရာနဲ့ချီပါဝင်တယ်။ သူတို့က ရောင်စုံဝတ်ဆင်ထားကြပြီး ကျင့်ကြံဆင့်တွေကလည်း ချီမွမ်းမံမှုအဆင့်ကနေ နတ်ဝိညာဉ်အဆင့်ထိ အမျိုးမျိုးပဲ။ တစ်ယောက်ချင်းစီက ပုံစံအမျိုးမျိုးဆိုပေမဲ့ အားလုံးက ညီတူညီမျှ သန်မာကြတဲ့ပုံ — သူတို့ ဝတ်ရုံလက်မောင်းကိုတောင် ပေါက်ကွဲထွက်ဖို့ ခြိမ်းခြောက်နေတဲ့ ကြွက်သားကောက်ကြောင်းက်ု လက်တွေ့မြင်နိုင်တယ်။
ကူယွဲ့ ။ ။ “…”
ဒါ… တပည့်… သစ်တွေလား။
-_-|||
စားပွဲမှောက်
ရုတ်တရက် ဈေးထဲရောက်သွားသလိုမျိုး ဘာလို့ခံစားနေရတာပါလိမ့်။ သူတို့အားလုံးက ဘာလို့ သံအရုပ်မတွေလဲ။ အားလုံးက မိန်းကလေးတွေ သူတို့ကို လူတွေရဲ့ ဝိညာဉ်ကြောပဲ ကြည့်တာလိုချင်တယ်လို့ သူမှာခဲ့ပြီးသား။ ဒါမှ နောက်ကျ ဘယ်သူ့ကိုစုဆောင်းချင်လဲဆိုတာ ရွေးလို့ရမှာပေါ့။ သူ အခု ဘယ်လိုမျိုး အဆင့်မြင့်ဓားကျင့်ကြံသူတွေဖြစ်လာအောင် ဦးဆောင်ပေးရတာ့မလဲ။ တစ်ယောက်မှ ဓားကျင့်ကြံသူနဲ့ မတူဘူး။
ငါတို့ဂိုဏ်းဘယ်လို လှုပ်ရှားလဲဆိုတာ မင်းတို့အားလုံး နားလည်မှုလွဲနေတာလား။
“ယွီ… ဟုန်” သူ မျက်မှောင်ကြုတ်ပြီး ဝတ်ရုံနီမိန်းကလေးတစ်ယောက်ကို ဘေးဆွဲခေါ်လိုက်တယ်။
“ဒါတွေက… မင်းတွေ့ခဲ့တဲ့ထဲ အကောင်းဆုံးတွေလား”
“ဟုတ်ပါတယ်” ယွီဟုန်က စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြလိုက်သေး။
“မစိုးရိမ်ပါနဲ့ အကြီးအကဲ၊ စစ်ယွီက တစ်ယောက်ချင်းစီကို စမ်းသပ်ထားပြီးအားလုံးက အရည်အချင်းရှိပါတယ်”
ငါ့ခြေထောက်ကို အရည်အချင်းရှိ သူမြင်ရသမျှက ကြွက်သားတွေကြီးပဲ
“ဓားကျင့်ကြံသူတွေရော” မင်း စစ်ယွီကို အရုပ်မကျင့်ကြံသူတွေအားလုံး ရွေးထုတ်ခွင့်ပေးခဲ့တယ်။ တကယ်လို့ ဓားကျင့်ကြံသူတွေကို ရွေးထုတ်ခဲ့မယ်ဆို သူမ နိုင်တာပဲ
“ဓား…” ယွီဟုန့်မျက်နှာ မဲ့သွားတယ်။
“…” မင်းမေ့သွားတာမလား။ သေချာပေါက် မေ့သွားတာပဲဖြစ်မှာ။
凸(艹皿艹)
“ဒါပေမဲ့… အကြီးအကဲ၊ ကျွန်မတို့က ခန္ဓာကျင့်ကြံသူတွေရဲ့ဂိုဏ်းမဟုတ်ဘူးလား”
“ခန္ဓာကျင့်ကြံသူဂိုဏ်းလို့ ဘယ်သူပြောလဲ”
မင်းတို့ဘာသာ ခန္ဓာကျင့်ကြံသူလုပ်ဖို့ ရွေးခဲ့တာလေ၊ မဟုတ်ဘူးလား။
“ဒါပေမဲ့အားလုံးက ဒီကိုရောက်နေပြီ…” ယွီဟုန်က အကျဉ်းအကြပ် ကြုံနေရသလိုမျိုးပုံစံနဲ့။ သူမ ရှင်းပြနေပေမဲ့ အကြည့်က တစ်စုံတစ်ယောက်ပေါ်ရောက်သွားပြီး တောက်ပသွားတယ်။
“ဂိုဏ်းချုပ်”
သူမက ကူယွဲ့ကို ချန်ထားခဲ့ပြီး အုပ်စုဆီပြေးသွားကာ ကြေညာလိုက်သေးတယ်။
“ညီမတို့၊ ဒါနင်တို့ကို ငါပြောပြတဲ့ ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ သုက အထက်ထျန်းလန်လောကမှာ အသန်မာဆုံးကျင့်ကြံသူနော်”
လူအုပ်ကြီးက ပေါက်ကွဲသွားပုံ။ ရာနဲ့ချီ မျက်လုံးတွေက ရှန်းရင်ပေါ် အကြည့်ရောက်လာတယ်။ အတူတူ သူတို့က သူမကိုနှုတ်ခွန်းဆက်တော့တယ်။
“မင်္ဂလာပါ ဂိုဏ်းချုပ်”
သူတို့ပြိုင်တူအသံတွေက ခန်းမထဲ ပဲ့တင်ထပ်သွားလေရဲ့။
ရေပုံးသယ်ပြီး မုန်လာဥရေလောင်းရန် ပြင်နေသောလူ ။ ။ “…”
ဘာလို့ ဒီမှာရုတ်တရက် လူတွေဒီလောက်များလာရတာလဲ။
“အားလုံးပဲ… မင်္ဂလာပါ” ရှန်းရင် ကြုံ့ကြုံ့လေး လက်ယမ်းပြလိုက်တယ်။
လူတိုင်းရဲ့မျက်ဝန်းတွေက တောက်ပပြီး ပြိုင်တူတုံ့ပြန်ကြတော့တယ်။
“နေကောင်းပါသလား ဂိုဏ်းချုပ်”
“အင်း၊ နင်တို့အားလုံး ကြိုးစားနေတာပဲ”
လူတိုင်း တုံ့ဆိုင်းသွားပြီး အသံတစ်သံက လူအုပ်ထဲကနေ ထွက်လာတယ်။
“ဝူတိဂိုဏ်းအတွက်” လူတိုင်း ပဲ့တင်ထပ်သွားတယ်။
“ဝူတိဂိုဏ်းအတွက်”
သူတို့အသံက ကျယ်လောင်နေတာပဲ – တချို့ဆို အော်ဖို့ ဝိညာဉ်ချီပါသုံးလိုက်သေး။ ခန်းမနံရံတွေက တုန်ယင်နေပုံပဲ။
ကူယွဲ့ ။ ။ “…” ငါ-ိုး ဒါစစ်တပ်လား။
ဒါ လူသစ်စုဆောင်းတာမဟုတ်တော့ဘူး။ သောက်ကျိုးနည်း အယူသီးဂိုဏ်းဖွဲ့နေတာပဲ သူတို့တွေ ငတုံးတစ်သိုက်ကိုမှ ပြန်ခေါ်လာတယ်တဲ့
သူ့စိတ်ထဲ နွမ်းချိသွားလေတယ်။
————
ကူယွဲ့ တပည့်အသစ်တွေကို သဘောမကျဘူး။ သူမုန်းတီးတယ်။ သူ့စိတ်ထဲ ဂိုဏ်းအနာဂတ်အတွက် အတော်လေး စိတ်သောကရောက်နေပြီ။ သူတို့ကို ခန္ဓာကျင့်ကြံသူဂိုဏ်းဖြစ်စေချင်တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီတပည့်တွေကိုလက်ခံလိုက်ရင် ဝူတိဂိုဏ်းအတွက် လမ်းကြောင်းပြောင်းဖို့ မျှော်လင့်ချက် မရှိတော့ဘူးလေ။
သူ တစ်ယောက်ချင်းစီရဲ့ အရည်အချင်းကို စစ်ဆေးလိုက်တယ်။ ဝိညာဉ်ကြောမကောင်းတဲ့ တစ်ယောက်၊ နှစ်ယောက်စကလွဲရင် ကျန်တဲ့သူတွေရဲ့ ဝိညာဉ်သွေးကြောက… မဆိုးဘူးပဲ။ ညီအစ်မတွေ သေချာဂရုတစိုက် ရွေးလာသား။ သူတို့ ရွေးချယ်မှုလုပ်ငန်းစဉ်မှာ ဒီတိုင်းချော်ထွက်သွားရုံလေး။
ကူယွဲ့ ရွေးစရာမရှိတော့ဘဲ သူတို့ကို ဂိုဏ်းထဲ လက်ခံလိုက်ရတော့တယ်။ အဆုံးမှာ နတ်ဝိညာဉ်ကျင့်ကြံသူတချို့ပဲ အိမ်ပြန်လွှတ်လိုက်တော့တယ်။ သူတို့က အရည်အချင်းညံ့လို့ မဟုတ်ပေမဲ့ နတ်ဝိညာဉ်ကျင့်ကြံသူတွေက ဂိုဏ်းထဲ ဧည့်သည်အကြီးအကဲအဖြစ်တောင် လုပ်လို့ရနေပြီ။ တပည့်အနေနဲ့ ဝင်လာစရာမလိုအပ်ဘူး။ ဝူတိဂိုဏ်းက ဟိုတလောကတင် တည်ဆောက်ထားတာ — သူတို့ ဧည့်သည် အကြီးအကဲတွေကို အခုစုဆောင်းဖို့ တကယ်ကို မလိုအပ်ဘူး။
သူ ဝူတိဂိုဏ်းရဲ့ တပည့်သစ်တွေကို လှမ်းကြည့်လိုက်တယ်။ သူတို့ရဲ့စိတ်လှုပ်ရှားနေတဲ့ အမူအရာတွေကို ကြည့်ပြီး ကူယွဲ့ ဂိုဏ်းအနာဂတ်အတွက် အရမ်းစိုးရိမ်သွားတယ်။ မြန်မြန်ပဲ စိုးရိမ်မှုတွေကို ဘေးဖယ်လိုက်တော့ သူ့ကျင့်ကြံဆင့်မှာ ထိုးဖောက်ကျော်လွှားနိုင်တာ သိလိုက်ရတယ်။ သူကအခု ပကတိပြည့်စုံ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်နေပြီ။ သူ့ပေါ် မချုပ်တည်းနိုင်တဲ့ ဖိအားတစ်မျိုး ရလိုက်တယ်။
သူ မသေမျိုးတက်လှမ်းဖို့… အခွင့်အရေးရခဲ့ပြီ
…