အခန်း ၁၀၂ ။ ဘုံတံခါးကို ဆွဲဖြဲခြင်း
ဝူတိဂိုဏ်း၏ အနောက်ဆောင်။
“ဆရာ ပိုင်ဇယ်က ရိုးရှင်းတဲ့လူလို့ မထင်ဘူးနော်၊ သူနဲ့အဆက်အဆံသိပ်မလုပ်ရင် ပိုကောင်းမယ်”
ယိချင်းက ပထမဆုံးအကြိမ် ရှန်းရင်ကို တင်းတင်းမာမာ ပြောတော့တယ်။
“သူက ကောင်းပါတယ်” ရှန်းရင်က ပြန်ခွန်းတုံ့ပြန်ပြီး အဆာသွတ်မုန့်ကို ဝါးနေလေရဲ့။ သူက ဟင်းဘယ်လိုတည်ခင်းရမလဲဆိုတာလည်း သိတယ်။ အကောင်းဆုံးအပိုင်းက သူက အရသာရှိမဲ့ပုံ။
ယိချင်း ရုတ်တရက် ဆီပူထိုးနေတာ ရပ်ပြီး ရှန်းရင်ဘက်လှည့်လာတော့တယ်။
“ဆရာ၊ ဆရာက လောကကြီးကနေ ပုန်းရှောင်နေတာ တော်တော်ကြာနေပြီ၊ လူတွေ ဘယ်လောက်ကောက်ကျစ်နိုင်လဲဆိုတာ မသိဘူး”
“သူက လူမှ မဟုတ်တာ”
“သားရဲနှလုံးသားကလည်း အတူတူကောက်ကျစ်တာပဲ” ယိချင်းက အမြန် ထပ်ဖြည့်ပြောလိုက်သေး။စ
“သူ့မှာ အကြံကြီးသာရှိနေရင်… သူ့ကို မြန်နိုင်သမျှမြန်မြန် ပြန်ပို့တာပိုကောင်းမယ်”
“အဲလောက်အဆိုးမမြင်ပါနဲ့၊ ကစားဖို့လာတာလို့ သူပြောတယ်မဟုတ်လား” ရှန်းရင် ဒယ်အိုးစောက်ထဲက စားစရာကို အာသာငမ်းငမ်း စိုက်ကြည့်ပြီး ယိချင်းကို တံတောင်နဲ့ တွတ်တော့တယ်။
“မြန်မြန်၊ မြန်မြန်မွှေလိုက်ဦး၊ တူးတော့မယ်”
“ဆရာ…” ယိချင်းက မျက်မှောင်ကြုတ်ပြီး ဒယ်အိုးစောက်ထဲက ဟင်းကို မွှေလိုက်တယ်။
“သူက ဆရာ့ကို ကျေနပ်အောင် မတရားကြိုးစားပြနေတာ အသိသာကြီး၊ ကျေးဇူးပြုပြီး အလွယ်တကူ လှည့်စားမခံပါနဲ့”
“အာ…” သူမက အဲလောက်တောင် အယုံလွယ်တာလား။
“မစိုးရိမ်ပါနဲ့၊ အမွေးလုံးက စကားသိပ်မပြောပေမဲ့ လူဆိုးတော့ မဟုတ်ပါဘူး”
“ဆရာ” ယိချင်း သူမကိုထိတ်လန့်တကြား လှည့်ကြည့်လိုက်တယ်။
“ဆရာ… တာအိုလက်တွဲဖော် တကယ်ရှာနေတာတော့ မဟုတ်ဘူးမလား”
“တာအိုလက်တွဲဖော်လား” ရှန်းရင် ယိချင်းကို အူကြောင်ကြောင် ကြည့်နေပြီးမှ သူဘယ်သူ့ကိုပြောလဲ သတိရသွားတယ်။
“ငါ မတွေးကြည့်ဖူးဘူး… ဒါပေမဲ့ ငါက အသက်ရလာတော့မှာလေ၊ တကယ်လို့ သူနဲ့တွဲချင်ရင်တောင် အဲလောက်ကိစ္စကြီး မဟုတ်ဘူးမလား”
“ဟင့်အင်း” ယိချင်းက ထအော်ပြီး ယောက်မက ကြမ်းပြင်ပေါ်ကျသွားတော့တယ်။
ရှန်းရင် ထခုန်မိလိုက်တယ်။
“ဘာဖြစ်တာလဲ”
“ဘာလို့လဲဆိုတော့…” သူ အချိန်တော်တော်ကြာအောင် စဉ်းစားပေမဲ့ အကြောင်းပြချက်ကောင်းကောင်း ထုတ်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတာ ဘယ်သူသိမှာလဲ။
သူ ဆရာ့ဘေး အချိန်ဖြုန်းနေတဲ့ အဲသားရဲကို မြင်ရတာကိုပဲ မုန်းတာ။
သူ ဒယ်အိုးထဲက စားစရာကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။ ယိချင်း ရှန်းရင်လက်ကို ဆွဲကိုင်ပြီး ပြောလိုက်တယ်။
“ဆရာ ကျွန်တော့်ကိုယုံပါ၊ တာအိုလက်တွဲဖော်ရှာတယ်ဆိုတာ ကိစ္စကြီးပဲ၊ သတိမထားလို့ မဖြစ်ဘူး၊ အဲပိုင်ဇယ်က လူကောင်းပုံလည်း မပေါ်သလို… သားရဲကောင်းပုံလည်း မပေါ်ဘူး၊ ပြီးတော့ ဆရာက ကျင့်ကြံသူလေ၊ သူနဲ့ လက်မတွဲသင့်ဘူး”
“…” ငါ အမွေးလုံးနဲ့ လက်တွဲချင်တယ်လို့ မပြောမိပါဘူး။ သူမမှာ အဲထူးထူးဆန်းဆန်း ကြိုက်တတ်တာမျိုး မရှိတာကို။
“ငါ သူပြောတာသဘောတူတယ်” ကူယွဲ့က ရှန်းရင် ရုတ်တရက် လက်မြှောက်ပြီး ဝင်ပြောလာတယ်။ သူ့အမူအရာက မရွှင်မပျ။
“မင်း လက်တွဲဖော်ရှာတာ ငါဂရုမစိုက်ဘူး၊ ပိုင်ဇယ်ကလွဲလို့ ကြိုက်တဲ့သူရှာ”
“ကြည့် ဆရာ၊ ဖေဖေနျိုတောင် ဒီလိုပြောတယ်” ယိချင်းက အသည်းအသန်ခေါင်းညိတ်တော့တယ်။ ဒါက သူ ကူယွဲ့ပြောတာကို ပထမဆုံးအကြိမ် သဘောတူတာပဲ။
“ဆရာ ပြန်စဉ်းစားဖို့လိုတယ်နော်”
ကူယွဲ့ ။ ။ “…” ဘယ်သူက မင်းဖေဖေနျိုလဲ။
“အဲတော့ နင်တို့ပြောပုံအရ ငါဘယ်လိုလူကို ရှာသင့်လဲ”
“…” ယိချင်း ရပ်သွားတယ်။ သူ မျက်စိကျေနပ်စရာလူကို ပုံဖော်ဖို့ တိတ်တဆိတ် ကြိုးစားကြည့်ပေမဲ့ သူ့မျက်စိထဲ ပြီးပြည့်စုံတဲ့ဆရာက သူ့ပတ်လည်က ဘယ်သူနဲ့မှ မလိုက်ဖက်ဘူးဆိုတာ နားလည်သွားတယ်။ တခြားလူတစ်ယောက် ဆရာ့ဘေး ရစ်တွယ်နေမှာကို တွေးကြည့်ရုံနဲ့တင် ဒေါသထွက်မိတယ်။
“ဘယ်လိုပဲဖြစ်ဖြစ်… ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ဇယ်တော့ မဖြစ်ရဘူး ကောင်းကင်မျိုးနွယ်တွေက ပုံပြင်တွေထဲမှာပဲ အမြဲရှိခဲ့တာ၊ ဘယ်သူ့မှ တကယ့်ကောင်းကင်ဘုံက ဖြစ်တည်မှုကို မမြင်ဖူးကြဘူး၊ သူအစစ်ဆိုတာလည်း မသေချာဘူး” ယိချင်းက ခေါင်းယမ်းလိုက်တယ်။
“အော် ဟုတ်တယ်၊ အဲရိဖုန်းကိုလည်း ရွေးလို့မရဘူး၊ သူက သားရဲထိန်းချုပ်ကျင့်ကြံသူ၊ ဒါပေမဲ့ သားရဲတစ်ကောင်ကို ဆရာအဖြစ် သတ်မှတ်ထားတယ်၊ သေချာပေါက် လူကောင်းမဟုတ်ဘူး”
ပြောခံလိုက်ရသော လူဆိုးရိဖုန်း ။ ။ “…”
ဟေး၊ ငါ ဒီမှာရှိနေတာ မင်းတို့မေ့နေပြီလား။
“ဂိုဏ်း… ဂိုဏ်းချုပ်ရှန်း” သူ မနေနိုင်တော့ဘဲ သူရှိနေတာ သိအောင် တစ်ခုခုပြောရတော့မယ်။ သူ့ကို ဝေဖန်ဖို့များ ဒီကိုခေါ်ထားတာလား။
“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ ကျုပ်ဝိညာဉ်သခင်က တကယ်ပဲ ဒဏ္ဍာရီလာ ရှေးဟောင်း ကောင်းကင်သားရဲ ပိုင်ဇယ်ပါ”
သူက ရှန်းရင်ကို လှမ်းကြည့်ပြီး အလိုလို နှုတ်ခမ်းစေ့လိုက်မိတယ်။ သူ့ဝိညာဉ်သခင်က လက်တွဲဖော်ကို ထူးထူးဆန်းဆန်း ကြိုက်တတ်မယ်လို့ မယုံနိုင်ခဲ့ဘူး။
“ကျုပ်ဝိညာဉ်သခင်က ဒီလောကနဲ့မဆိုင်ပါဘူး၊ သူက မတော်တဆ ဒဏ်ရာရပြီး ဒီကိုပြုတ်ကျလာခဲ့တာ၊ ကံကောင်းမှုကြောင့် သူက ပုံရိပ်ယောင်ပင်လယ်မှာ သားရဲအုပ်လိုက်ထဲ ပိတ်မိနေခဲ့တဲ့ ကျုပ်ဘိုးဘွားတွေနဲ့ ကြုံဆုံခဲ့တယ်၊ ဝိညာဉ်သခင်က အဲသားရဲတွေကို မောင်းထုတ်ပေးပြီး ကျုပ်ဘိုးဘွားတွေကို ကယ်တင်ခဲ့တာပါ၊ နောက်တော့ ကျုပ်ရိမိသားစုဆီ သားရဲထိန်းချုပ်နည်းလမ်းတွေ လက်ဆင့်ကမ်းခဲ့တယ်၊ အဲဒါကြောင့် ကျုပ်မ်သားစုက အထက်ထျန်းလန်လောကမှာ နေရာတစ်နေရာ ရခဲ့တာပါ၊ ကောင်းကင်မျိုးနွယ်အပြင် ဒီကမ္ဘာက တခြားဘယ်သူ့မှ သားရဲသောင်းချီကို မထိန်းချုပ်နိုင်ပါဘူး” ရိဖုန်းကရှင်းပြပြီးတဲ့နောက် တစ်ခုခုတွေးမိသွားပြီး ဆက်ဖြည့်ပြောလိုက်တယ်။
“ကြီးမြတ်တဲ့ နတ်ဒေဝါရှန်းအပြင်ပေါ့”
“ဒီနှစ်တွေအားလုံးမှာ ဝိညာဉ်သခင်က သူ့လောကဆီ ပြန်ဖို့ နည်းလမ်းတွေးနေခဲ့တာပါ၊ ဒါပေမဲ့ ထျန်းလန်သုံးလောကကြားက ဘောင်ကို အလွယ်တကူကျော်လို့မရဘူးလေ၊ ကောင်းကင်မျိုးနွယ်တွေတောင်မှပေါ့၊ ရိမိသားစု အများကြီးတွေးခဲ့ပေမဲ့ ဘုံတံခါးကို မဖွင့်နိုင်သေးဘူး”
“ရိမိသားစုရဲ့ ဘိုးဘွားတွေက သူတို့ မသေမျိုးတက်လှမ်းမှုလုပ်နိုင်ခဲ့ရင် ဝိညာဉ်သခင် လာခဲ့တဲ့နေရာဆီ ပြန်ရောက်အောင် လုပ်နိုင်သမျှလုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ အခုထိ ရိမိသားစုထဲ ဘယ်သူမှ မသေမျိုး တက်လှမ်းမှု မလုပ်နိုင်သေးဘူးလေ – ကောင်းကင်ဘုံမပြောနဲ့ အမတဘုံကိုတောင် မလှမ်းနိုင်သေးဘူး” သူ့အမူအရာက အပြစ်ရှိသလိုခံစားချက်နဲ့။
“အဲတော့… ဒီနှစ်တွေမှာ ရိမိသားစုနဲ့ သူနေခဲ့ရတာပါ၊ သူ့တည်ရှိမှုကြောင့်သာ ပုံရိပ်ယောင်ပင်လယ်ထဲက ရေသားရဲတွေ အထက်ထျန်းလန်လောကထဲ ဝင်လာဖို့ ကမ်းခြေပေါ်တက်လာရဲတာ”
“ပြီးတော့ အဲဒီမဟူရာဝိညာဉ်ပွင့်…” သူ ကူယွဲ့ကို လှမ်းကြည့်လိုက်တယ်။
“အဲဒါက ဝိညာဉ်သခင်မှာပါလာတဲ့ ကောင်းကင်မျိုးနွယ်ရဲ့ တစ်ခုတည်းသောအရာပဲ၊ ပန်းက သုံးလောကကို ဆက်သွယ်နိုင်တယ် ပြောကြတယ်၊ အဲဒါက ဝိညာဉ်သခင်ရဲ့ အိမ်ပြန်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ၊ သူ ဂိုဏ်းချုပ်ရှန်းကို ဒီလိုအရေးကြီးတဲ့ပစ္စည်းကိုပေးတာက… သူ့စိတ်ရင်းကို သက်သေပြတာပဲ”
“ဒီပန်းက ဘုံတံခါးကို ဖွင့်နိုင်တယ်လို့ ပြောတာလား” ကူယွဲ့ မဟူရာဝိညာဉ်ပွင့်ကို ထုတ်ပြီး မြှောက်ကြည့်ပေမဲ့ နားတောင်မယုံနိုင်ဘူး။
“အဲဒါမှန်တယ်” ရိဖုန်း ခေါင်းညိတ်ပြလိုက်တယ်။
“ဝိညာဉ်သခင်က အရင်ကပြောဖူတယ်၊ အဲဒါကြောင့် သူ ကိုယ်တိုင် ဒီပန်းကို ကာကွယ်ပြီး သူတို့ ဘုံတံခါးကို ကူညီပြီး ဖွင့်ပေးမဲ့သူ မဟုတ်သရွေ့ ဘယ်သူ့ကိုမှ အနားကပ်မခံခဲ့ဘူး”
ကူယွဲ့ ပန်းကို လေ့လာပေမဲ့ ဘယ်လောက်ပဲ သေချာလေ့လာ ဝိညာဉ်ချီထုတ်နေတာလွဲ တခြားထူးထူးခြားခြား မတွေ့ဘူး။ မုန်လာဥတောင် ဒါက အဲလိုမျိုးထူးခြားတယ်ဆိုတာ မပြောနိုင်ဘူး။
သူ ပန်းကို ရှန်းရင်ဆီ ကမ်းပေးလိုက်တယ်။
“ရှန်းရင် မင်းရဲ့ ကလိမ်ကျတဲ့မျက်လုံးတွေနဲ့ တစ်ချက်ကြည့်ကြည့်”
“…”
ရှန်းရင်နှုတ်ခမ်းတွေ တွန့်ချိုးသွားပြီး ပန်းကိုယူကာ သူမလက်ထဲ ဟိုလှည့်ဒီလှည့်နဲ့ ထောင့်အမျိုးမျိုးကနေ လေ့လာတော့တယ်။ သူမလည်း ဘာထူးထူးခြားခြားမှတော့ မတွေ့ပါဘူး။
“ငါဒီပန်းကို မမြင်ဖူးဘူး…”
ဟမ်။
“ဝိညာဉ်စွမ်းအင်မြင့်တဲ့သူတွေပဲ ဘုံတံခါးတွေကို ဖွင့်လို့ရအောင် ဒီမဟူရာဝိညာဉ်ပွင့်ကို သုံးနိုင်တာပါ”
ရိဖုန်းရှင်းပြလိုက်တယ်။
“လိုတဲ့ ဝိညာဉ်စွမ်းအင်က လူတစ်ယောက် မသေမျိုးတက်လှမ်းတဲ့အချိန် သုံးရတာနဲ့ ယှဉ်လို့ရတယ် ပြောပါတယ်၊ ဒီကမ္ဘာမှာ ဒီလိုပန်းမျိုးတစ်ပွင့်ပဲရှိတယ်၊ တကယ်လို့…”
သူ စကားမဆုံးခင် အက်ကွဲသံကြားလိုက်ရတယ်။ ရှန်းရင် လက်သီးဆုပ်လိုက်တာပဲ။ သူမလက်ထဲက နူးညံ့ဖြူစင်ပြီး သန့်စင်တဲ့ ပန်းလေးက ခုတော့ အမှုန့်အဖြစ် ချေမွခံလိုက်ရပြီ။
…
(⊙_⊙)
ရိဖုန်း သူ့နှလုံး အက်ကွဲသွားသံကိုတောင် ကြားလိုက်ရသလိုပဲ။
“ဂိုဏ်းချုပ်ရှန်း ခင်ဗျား…”
“ပွင့်သွားပြီ” ရိဖုန်းစကားမဆုံးခင် ရှန်းရင်က သု့ကိုကြားဖြတ်ပြောလာတယ်။ သူမ လက်သီးကို ဖြည်လိုက်တော့ လက်ဖဝါးပေါ် အက်ကွဲရာတစ်ခုပေါ်လာတယ်။ လျှပ်စီးတန်းလေးတစ်ခုနဲ့ ဆင်တယ်။ မိုးကြိုးက လေထဲ မျောလွင့်သွားတယ်။
အုပ်စု ။ “…”
Σ(°△°|||)
ဟိုလီရှစ်၊ သူကတယ်ပဲ ဖွင့်လိုက်တာလား။
အဲတော့ သူတို့လိုတာက ပန်းကို ခြေမွှဖို့ပဲလား။ ရိမိသားစုက ဘာမှမလိုဘဲ မတရားကြိုးစားနေခဲ့တာလား။
“ဒါပေမဲ့…” သူ သူ့မျက်လုံးအရွယ်လောက်ရှိတဲ့ အက်ကွဲရာကို လေ့လာလိုက်တယ်။
“ဒါက အက်ကွဲရာသေးသေးလေးနော်၊ တကယ်ပဲ ကောင်းကင်ဘုံဆီ ငါတို့ကိုခေါ်သွားပေးနိုင်မှာလား”
“အော်၊ ဒါဆို ဖွင့်လိုက်မယ်လေ” ရှန်းရင်က ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်တယ်။ အက်ကွဲကြောင်းထဲ လက်ညှိုးထိုးထည့်ပြီး ဘေးနှစ်ဖက်ကို ချိတ်ပြီး အပြင်ဘက် အတင်းဆွဲထုတ်လိုက်တယ်။
သူတို့ အက်ကွဲသံအကျယ်ကြီးတွေ ကြားလိုက်ရတယ်။ စာရွက်တစ်ရွက်ကို ဖြဲလိုက်ရသလိုမျိုး ပေါ့ပေါ့ပါးပါးပဲ။ အက်ကွဲကြောင်းနေရာမှာ အခုတော့ ပွင့်နေပြီး နှစ်ပေကနေ သုံးပေလောက် ကျယ်နေပြီ။
သူမတကယ် ဘုံတံခါးကို ဆွဲဖြဲလိုက်တာပဲ။
“အမွေးလုံးကို ညစာအတွက် အိမ်သွားဖို့ပြောလိုက်”
ရိဖုန်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”