ERSY အခန်း ၇၁

အခန်း ၇၁ ။ ရှုံးထွက်ပွဲကြီး

နောက်တစ်နေ့အစောပိုင်း ရွှမ်းယွမ်ယွီက ရှန်းရင်ကို သူနဲ့အတူ ပြိုင်ပွဲကြည့်ဖို့ ဖိတ်လာတယ်။ သူ့နောက်မှာတော့ ရွှမ်းယွမ်မိသားစု မျိုးနွယ်က တပည့်တချို့။ တစ်ယောက်ချင်းစီက ယဉ်ကျေးပျူငှာတယ်။ မျိုးနွယ်စုခေါင်းဆောင်က ရှန်းရင်ကို အတော်လေးပျူငှာချိန် တပည့်တွေက ယိချင်းနဲ့ကူယွဲ့ကို အင်မတန်ရိုကျိုးနေတယ်။ သိသာထင်ရှားစွာပဲ ရွှမ်းယွမ်မိသားစုကြောက်တဲ့လူက အမျိုးမျိုး။

မနေ့ကအတိုင်း တူညီတဲ့အချိန် တူညီတဲ့နေရာနှာ ရှန်းရင်က ပြိုင်ပွဲကိုထိုင်ကြည့်ခဲ့တယ်။ သူမက တည်ငြိမ်နေတဲ့မျက်နှာထားနဲ့ ပွဲကြည့်စင်ရဲ့ အမြင့်ဆုံးအထပ်မှာနေလေတယ်။ ပြိုင်ပွဲကြီးရဲ့ ဒုတိယနေ့ဖြစ်ပြီး အတွဲလိုက် တိုက်ခိုက်ရမှာဖြစ်တယ်။ ကျင့်ကြံဆင့်တစ်ဆင့်စီကနေ ထိပ်သီးတိုက်ခိုက်သူ ၁၀ယောက်ကို ရွေးထုတ်မယ်။ ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲ တပည့်တွေ အများကြီးရှိလို့ ထိပ်သီးဆယ်ယောက်ထဲဝင်ဖို့က သူတို့အတွက် အလွယ်လေးပဲ။ ဒါကြောင့်မို့ ယွီမိသားစုနဲ့ ယင်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေက ရှိမနေဘူး။ ပွဲကြည့်စင်မှာ ‌ဒီနေ့တော့ နေရာတွေအများကြီးပိုတဲ့အတွက် ရွှမ်းယွမ်ယွီ ဒီတစ်ကြိမ်တော့ထိုင်ချနိုင်ပြီ။

သူတို့အပြင် ရိမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ရိဖုန်းလည်းရှိနေတယ်။ သူတစ်ယောက်တည်း ဖြစ်နေပြီး ဘေးပတ်လည်ကထိုင်ခုံတွေက ဗလာကျင်းနေတယ်။

ရှန်းရင်က သိချင်စိတ်နဲ့ သူ့ကိုလှမ်းကြည့်မိတယ်။ ရိဖုန်း သူဘာစဉ်းစားနေလဲ နားလည်သွားပြီး ရယ်‌တော့တယ်။

“ရွှယ်ယင်က နေမကောင်းဘူးထင်တာပဲ၊ ကျုပ် ဘယ်လောက်ပဲဖျောင်း‌ဖျဖျောင်းဖျ အိမ်ထဲကနေ မထွက်ဘူး၊ ကျုပ်လည်း ဥယျာဉ်ထဲထားခဲ့ရတယ်”

“အော်” ဘယ်လိုပဲဖြစ်ဖြစ် ခွေးတစ်ကောင်ပဲလေ။

“တာအိုရောင်းရင်း၊ ခင်ဗျားက ဝိညာဉ်သားရဲတွေကို အတော်လေးစိတ်ဝင်စားပုံပဲ”

သူမ ခေါင်းညိတ်လိုက်တယ်။

“အင်း၊ ငါက တိရစ္ဆာန်လေးတွေကို သဘောကျတယ်” စားရတာ ကြိုက်တယ်လေ။

“အမျိုးသမီးက ကျုပ်နဲ့ အတော်လေးဆင်တဲ့ပုံပဲ”

ရိဖုန်းပြုံးလိုက်တယ်။ ဝိညာဉ်သားရဲတွေနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေက အရင်ဆုံး ဝိညာဉ်သားရဲတစ်ကောင်နဲ့ ရင်းနှီးဖို့လိုတယ်။ ဒါက အတော်လေးအချိန်ယူရတယ်။ တစ်ခါတလေ ဝိညာဉ်သားရဲရဲ့ယုံကြည်မှုကိုရဖို့ အတူနေပေးရတယ်။ အဲဒါကြောင့် သားရဲကို ယဉ်အောင်လုပ်ရတာကို သဘောကျတဲ့ အမျိုးသမီးကျင့်ကြံသူက နည်းတာ။ အထူးသဖြင့် ရွှယ်ယင်လိုကြောက်စရာကောင်းတဲ့ အဆင့်မြင့်သားရဲတွေပေါ့။ ရှန်းရင် စိတ်ဝင်စားတယ်ဆိုတာ သိလိုက်ရတော့ ရိဖုန်းဝမ်းသာသွားတယ် – သူက တကယ့်ကိုရှားပါးပဲ။

“ဝိညာဉ်သားရဲတွေက ကြောက်စရာကောင်းတဲ့ပုံ ပေါက်ပေမဲ့ သူတို့နဲ့ထိတွေ့လေ သူတို့က လူတွေထက် တကယ်တော့ပိုပြီးသံယောဇဉ်များတဲ့သူဆိုတာ သိရလိမ့်မယ်၊ ရွှယ်ယင်လည်း အဲလိုပဲ၊ သူ့သခင်ကို အသိအမှတ်ပြုပြီးတာနဲ့ တစ်ဘဝလုံး သခင်နောက်ကပဲလိုက်တော့တယ်၊ လူသားတွေကသာ ပေါ့ပေါ့တန်တန်ဖြစ်နေတာ၊ ဒီသားရဲတွေကြောက်စရာကောင်းတဲ့ပုံကိုမြင်ပြီး ကြောက်လန့်သွားကြရော”

“ကြောက်စရာမကောင်းပါဘူး” သူမ ပြန်ဖြေပြီး ရုတ်တရက် တစ်စုံတစ်ရာသော ယုန်ကို စဉ်းစားမိသွားတယ်။

“သူတို့တွေက နည်းနည်းလေးကြောက်တတ်ပေမဲ့ အတော်လေး သစ္စာရှိပါတယ်၊ ငါတော့ သဘောကျတယ်”

“ဟားဟားဟား အပြောကောင်းတယ်၊ လူတွေနဲ့ယှဉ်ရင် ဝိညာဉ်သားရဲတွေက တကယ်ပဲ အများကြီး ပိုသစ္စာရှိပြီး အားကိုးရတယ်” ရိဖုန်းအနေနဲ့ ဝိညာဉ်သားရဲတွေကို သဘောကျတဲ့ အမျိုးသမီးကျင့်ကြံသူ‌တစ်ယောက်နဲ့ တွေ့ရတာ အတော်လေးကြာနေပြီ။ ရှန်းရင်ကလည်း ရွက်ပုန်းသီးပညာရှင်နဲ့ တူတယ်။ တစ်အောင့်နေတော့ ရိဖုန်းက သူမနဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ချင်တယ်လို့ ဆုံးဖြတ်လိုက်တယ်။

“ကျုပ်က ရိဖုန်းပါ၊ ရိမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပါ၊ ခင်ဗျားဘယ်လိုခေါ်လဲ သိခွင့်ရှိမလား”

“ရှန်းရင်” သူမပြန်ဖြေပြီးတဲ့နောက် တစ်စုံတစ်ရာတွေးမိသွားတယ်။

“ငါက ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ”

“ဝူတိဂိုဏ်း…” ရိဖုန်း ချိတုံချတုံဖြစ်သွားတယ်။ သူ အတော်လေး အ‌တွေးနက်နဲနေပေမဲ့ ဘာဂိုဏ်းလဲဆိုတာ စဉ်းစားမရဘူး။ သူ ပခုံးတွန့်ကာ ပြောလိုက်တယ်။

“တာအိုရောင်းရင်း ရှန်းရင်၊ ခင်ဗျားချုပ်ထိန်းထားတဲ့ ဝိညာဉ်ချီကနေ အကဲဖြတ်ရရင် ခင်ဗျားက ရွက်ပုန်းသီးပညာရှင် ထင်တယ်၊ အနာဂတ်မှာ ခင်ဗျားစိတ်ဝင်စားရင် ကျုပ်တို့ပုံရိပ်ယောင်ပင်လယ်ကမ်းခြေမှာ အဆင့်မြင့်ဝိညာဉ်သားရဲတွေကို အတူတူ သွားရှာလို့ရတယ်၊ ထျန်းလန်လောကသုံးခွင်မှာ ရှာမရတဲ့ ဝိညာဉ်သားရဲတွေ အများကြီး ရှာတွေ့နိုင်တယ်လို့ ကြားတယ်”

“တကယ်” ရှန်းရင် အံ့ဩသွားတယ်။

“သူတို့က အရသာရှိလား”

“ဟမ်” ရိဖုန်း တုံ့ဆိုင်းသွားတယ်။ အရသာရှိတယ်ဆိုတာ ဘာသဘောလဲ။ လေ့ကျင့်တဲ့နည်းလမ်းတွေကို ရည်ညွှန်းတယ်ထင်ပြီး သူ ပြောလိုက်တယ်။

“သားရဲရဲ့ အဆင့်မြင့်လေလေ သူတို့ကို လေ့ကျင့်ရခဲယဉ်းလေပဲ၊ သူတို့က အလွယ်တကူ အညံ့ခံမယ်မထင်ဘူး၊ အော်ဟုတ်သား၊ တာအိုရောင်းရင်းရှန်းရင်၊ ခင်ဗျားက ခင်ဗျားဝိညာဉ်သားရဲတွေကို ကောင်းကောင်းသိတဲ့ပုံပဲ၊ အဆင့်မြင့်သားရဲတွေကို ယဉ်ပါးအောင်လုပ်ဖို့ အကြံလေးများရှိမလား၊ အထူးသဖြင့် ဒဿမအဆင့်အထက်လေ”

“ရှိတယ်” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။

“တကယ်လား” ရိဖုန်းက အတော်လေးအံ့ဩသွားတယ်

“ခင်ဗျားအကြံဉာဏ်ကဘာလဲ”

“သူတို့ကိုရိုက်သာရိုက်ပစ်”

“ဟမ်… အာ…” ရိဖုန်း တန့်သွားတယ်။

သူမက လေးလေးနက်နက် ဆက်ပြောလာတယ်။

“တိရစ္ဆာန်လေးတွေ အလိုလိုက်ခံထားရလို့ စကားနားမထောင်ကြဘူး၊ သူတို့အညံ့‌ခံအောင်ရိုက်မီ နားထောင်မှာ၊ အလုပ်မဖြစ်ရင် စားပစ်လိုက်လို့ရတယ်”

“…” ဘာသောက်ချီးကြီးလဲ။

“ဆရာ၊ ပြိုင်ပွဲပြီးပါပြီ” ယိချင်းက ရုတ်တရက် ပြောလာတယ်။

ရှန်းရင် ရွှေအမြုတေအုပ်စုနဲ့ အုပ်မြစ်အခြေတည်အုပ်စုအတွက် ပြိုင်ပွဲတွေ ပြီးသွားပြီဆိုတာ နားလည်လိုက်ရတယ်။ ပြိုင်ပွဲတွေက ဒီနေ့မြန်မြန်ပြီးတာပဲ၊ စင်မြင့်က လူမရှိတော့သလောက်နီးပါး ဖြစ်နေသလို ထိပ်သီးဆယ်ယောက်ကိုလည်း ရွေးပြီးကြပြီ။ ဝူတိဂိုဏ်းထဲက လူနှစ်ယောက် အုတ်မြစ်အခြေတည်အုပ်စုကနေ ရွေးခံရတာတင် ကောင်းနေပြီကို ရွှေအမြုတေအုပ်စုမှာလည်း သူတို့ဂိုဏ်းကနေ နှစ်ယောက်က ထိပ်သီးဆယ်ယောက်ထဲ ဝင်သွားခဲ့တယ်။ တစ်ယောက်က ယွီဟုန်၊ တစ်ယောက်က စစ်ယွီ။ တပည့်ကိုးယောက်ကြား လေးယောက်က ဗိုလ်လုပွဲတက်သွားပြီ။ ဒါက တကယ်ကိုစိတ်ချမ်းသာဖို့ကောင်းတဲ့ အံ့ဩစရာပဲ။ ဘေးကနေရပ်နေတဲ့ကူယွဲ့က အူကြောင်ကြောင် ပြုံးဖီးဖီးနဲ့။ ရှန်းရင်ကို သူတို့ဂိုဏ်းဆီ ပြန်ဖို့ မြန်မြန်လောတော့တယ်။

“လူကြီးမင်း… အာ… နှုတ်ဆက်ပါတယ်” ရှန်းရင်စကားစမြည်ပြော‌တာ မြန်မြန်ရပ်လိုက်ပြီး ပွဲကြည့်စ‌င်ကနေ ထွက်သွားတော့တယ်။

“တာအိုရောင်းရင်းရှန်းရင် ဂရုစိုက်ပါ” ရိဖုန်း ငိုင်တိုင်တိုင်နဲ့ ပြန်တုံ့ပြန်လိုက်တယ်။ အဲနည်းလမ်းက သူစနေတာ မဟုတ်လား။ အဲလိုပဲဖြစ်ပါလိမ့်မယ်…။

——————

တပည့်တွေထဲက လေးယောက်က ထိပ်သီးဆယ်ယောက်ထဲဝင်ပြီး နှစ်ယောက်က ရွှေအမြုတေအစုရဲ့ ဗိုလ်လုပွဲအတွက် အရည်အချင်းပြည့်မှီခဲ့တယ်။ ကူယွဲ့ အကျေနပ်ဆုံး ဖြစ်နေတာပေါ့။ လေ့ကျင့်ခဲ့တဲ့နှစ်က တကယ်ကို အလဟဿမဖြစ်ခဲ့ဘူးပဲ။ သူတို့လေ့ကျင့်မှု ဦးတည်ချက်က လမ်းကြောင်းကနေ လွဲချော်ပေမဲ့လည်း ရလဒ်က ကျေနပ်စရာကောင်းနေတုန်းပဲ။ သူရုတ်တရက် ဂိုဏ်းမှာ ယုံကြည်ချက်ပြန်ရှိသွားတော့တယ်။

ဆွေကြီးမျိုးကြီးမိသားစုလေးစုအပါအဝင် ဂိုဏ်းထောင်ချီက ဒီနေ့ ပြိုင်ပွဲဝင်ပြိုင်ကြတယ်။ သူတို့တွေက ခေါင်းဆောင်တွေရဲ့ မျိုးဆက်သစ်တွေ။ တစ်ယောက်ချင်းစီက ဆွေကြီးမျိုးကြီးမိသားစုက လူတွေရဲ့ လေ့ကျင့်ပျိုးထောင်ပေးမှုကိုရရှိထားတာ။ ဝူတိဂိုဏ်းကလူတွေကလွဲ ထိပ်သီးဆယ်ယောက်စာရင်းထဲ ဝင်တဲ့သူတွေက ဆွေကြီးမျိုးကြီးမိသားစုတွေထဲကပဲ။ ဒါက ကြိုတင်ခန့်မှန်းပြီးသား။

သူတို့အပြန်လမ်းမှာ လူတွေ သူတို့ဂိုဏ်းကိုကြည့်တဲ့ အကြည့်က ပြောင်းလဲသွားတာ သတိထားမိတယ်။ တချို့က မနာလိုမှု၊ တချို့က အားကျမှုနဲ့ တချို့ကတော့ လုံးဝအံ့ဩထိတ်လန့်မှုနဲ့ ကြည့်နေကျတယ်။ ဘယ်သူမှ အရင်ကလို အထင်သေးပြီး ကြည့်မနေကျတော့ဘူး။ ကူယွဲ့ရဲ့ ကြော်ငြာတဲ့ ရည်မှန်းချက် ပြီးမြောက်သွားပြီ။ အထက်ထျန်းလန်ဂိုဏ်းက လူသစ်စုဆောင်းမှု ဆိုင်ခန်းရှေ့ လူတန်းရှည်ကြီး စောင့်ဆိုင်းနေမှာကို ကြိုတင်စိတ်ကူးယဉ်ကြည့်နေနိုင်ပြီ။

ကူယွဲ့ စဉ်းစားကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားတယ်။ ဒီတစ်ကြိမ်တော့ သူတို့ ပေါက်မြောက်တော့မှာပဲ။ သူ့တပည့်သစ်တွေ ရှန်းရင်ကြောင့်လမ်းမလွဲသွားတာသေချာအောင်လုပ်ရမယ်။ ဒီတစ်ကြိမ်တော့ ဓားကျင့်ကြံသူ သီးသန့်ဖြစ်‌လာအောင် လေ့ကျင့်ပေးရမယ်။

သူတို့ခြံဝန်းထဲ ပြန်ရောက်ချိန် ကူယွဲ့က တပည့်သစ်ကိုးယောက်ချင်းစီကို အချိန်ယူ ချီးကျူးပေးလိုက်တယ်။ အထူးသဖြင့် အုတ်မြစ်အခြေတည်တပည့်လေးယောက်ပဲ။ သူတို့ရဲ့ပြိုင်ပွဲအပြီး တုန်လှုပ်နေတာကိုလည်း စိတ်ငြိမ်အောင်လုပ်ပေးလိုက်တယ်။

နဂိုတုန်းက သူ‌တို့တွေ စိတ်လှုပ်ရှားမယ်ထင်နေခဲ့တာ။ သူ သူတို့ကို အတော်ကြာကြာချီးကျူး‌ပြီးမှ သူတို့တွေက ဘာတုံ့ပြန်မှုမှမပြတာ နားလည်သွားတယ်။ သူတို့ရဲ့မျက်ဝန်းတွေက ရှန်းရင် တစ်ခုခုပြောမှာကို စောင့်ဆိုင်းနေသလိုမျိုး ရှန်းရင်အပေါ်ပဲ အာရုံစိုက်နေကြတယ်။ အာရုံကြောတစ်စိတ်တစ်ပိုင်း ပျောက်ဆုံးနေတဲ့ ရှန်းရင်တောင် သူတို့တွေ သူ့ကိုအာရုံစိုက်နေမှန်း ပြောနိုင်တယ်။ သူမ တုံ့ဆိုင်းနေပြီး တစ်ဖက်လှည့်ကာ ချောချောမွေ့မွေ့ ချီးကျူးလိုက်တယ်။

“နင်တို့ကောင်းကောင်း တိုက်ခိုက်ခဲ့တာပဲ၊ ဆက်ပြီးကြိုးစားကြ”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

မိန်းကလေးတွေက လိုချင်တာ ရလိုက်သလိုမျိုးဖြစ်သွားကြတယ်။ သူတို့တွေက ပြိုင်တူအော်ပြီး အားရပါးရပြုံးဖြီးကြတော့တယ်။

ကူယွဲ့ ။ ။ “…” ခွေး*သား

“ရွှမ်းယွမ်ယွီက ကြီးမြတ်တဲ့နတ်ဒေဝါရှန်းကို လာရှာနေပါတယ်၊ ကြီးမြတ်တဲ့နတ်ဒေဝါအတွက် အဆင်ပြေပါသလား” ရင်းနှီးနေတဲ့အသံတစ်သံက တံခါးအပြင်ဘက်ကနေတင် ထွက်လာတယ်။

ရှန်းရင် ပြန်မဖြေဘူး။ မုန်လာဥက မျက်နှာဆူပုတ်ပြီး ပြေးထွက်ကာ တံခါးအပြင်ဘက်ကလူကို ဒေါသတကြီး ကြည့်တော့တယ်။

“ဒီမှာဘာလုပ်နေတာလဲ၊ ငါ့ခန္ဓာကိုယ်ကို ထပ်ပြီး ဖျက်ဆီးဖို့ကြိုးစားနေတာလား”

“…” ရွှမ်းယွမ်ယွီနှုတ်ခမ်းထောင့်က တွန့်ချိုးသွားခဲ့တယ်။ ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားပြီး သူ သွေးတိုးလာတော့တယ်။ ရှန်းရင်က မုန်လာဥနောက်ကနေလိုက်လာတာမြင်တော့ ဒေါသပဲ မျိုချလိုက်ရတော့တယ်။

ဟီးဟီး… သူမနေ့ညက ကြုံခဲ့တာအပြီးမှာ သူ့အဓိကကျင့်ကြံသူတွေရဲ့ မဟာတာအိုကို သံသယဝင် စပြုလာပြီ။ သူ ဆေးတွေဖော်ဖို့အတွက် ပါဝင်ပစ္စည်းတွေကို တန်းတန်းမတ်မတ် ကြည့်နိုင်တော့မယ်လို့ မထင်တော့ဘူး။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset