ERSY အခန်း ၆၈

အခန်း ၆၈ ။ ဂိုဏ်းများကြားမှပြိုင်ပွဲ

“ဂိုဏ်းတွေကြား ပြိုင်ပွဲလား” ရှန်းရင်လက်က အဆာသွတ်မုန့်ဆီ လှမ်းနေရင်း ရပ်သွားတယ်။

“အဲဒါဘာလဲ”

“ဂိုဏ်းတွေအချင်းချင်း တစ်ခုနဲ့တစ်ခု စွမ်းရည်ချင်းယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲမျိုးပဲ” ကူယွဲ့က ရှင်းပြတော့တယ်။

“အထက်ထျန်းလန်လောကမှာရှိတဲ့ ဆွေကြီးမျိုးကြီးမိသားစုတွေဆီက ဂိုဏ်းတွေအကုန်လုံး ကျင့်ကြံခြင်းလောကအတိုင်း ယှဉ်ပြိုင်ကြတယ်၊ အပိုင်း ၃ မျိုး ခွဲထားတယ် ချီမွမ်းမံမှု၊ အုတ်မြစ်အခြေတည်နဲ့ ရွှေအမြုတေပဲ၊ အပိုင်းတစ်ခုစီရဲ့ ထိပ်သီးသုံးယောက်က ပွဲစီစဉ်သူဆီကနေ ဆုရမယ်”

“အထက်ထျန်းလန်လောက အိုလံပစ်လား”

“အဲလိုမျိုးခေါ်လို့ရတယ်” သူ ခေါင်းညိတ်ပြလိုက်တယ်။

“ဂိုဏ်းတွေကြားက ဒီပြိုင်ပွဲက ဆယ်နှစ်မှာ တစ်ခါပဲကျင်းပတာ၊ ဒီတစ်ကြိမ်က တိုက်တိုက်ဆိုင်ဆိုင် ၃ရက်အတွင်း ကျင်းပတော့မှာတဲ့”

“အော်…” ရှန်းရင်စိတ်ဝင်စားမှုက တစ်စတစ်စနဲ့ကုန်သွားတော့တယ်။

“ငါတို့ မသွားလို့မရဘူးလား”

“မရဘူး” ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်တယ်။

“ငါမနေ့က အထက်ထျန်းလန်မြို့ဆီ သွားပြီး ဝူတိဂိုဏ်းနာမည်အောက်မှာ ပြိုင်ပွဲအတွက် စာရင်းသွင်းပြီးပြီ၊ ဒီနှစ်ပြိုင်ပွဲကို ဆွေကြီးမျိုးကြီးမိသားစုလေးခုထဲက ယင်းမိသားစုနေ စီစဉ်တာ၊ ပွဲကျင်းပမဲ့နေရာက ယင်းထျန်းမြို့မှာ၊ ငါတို့မနက်ဖြန် စထွက်ဖို့လိုတယ်”

သူက ပြိုင်ပွဲဝင်တံဆိပ်ပြားကို သူမဆီ ကမ်းပေးရင်း ပြောလာတယ်။

ရှန်းရင်က မယူဘဲ တံဆိပ်ပြားမှာရေးထားတဲ့ “ပြိုင်ပွဲ” ဆိုတဲ့ စာလုံးကိုပဲ လှမ်းကြည့်လေရဲ့။

“အဲဒါ‌… ဘာလို့ ငါတို့ပြိုင်မှဖြစ်မှာလဲဟယ်၊ ငါတို့ဆီ လူတွေလည်း အများကြီးမှမရှိတာ”

အိမ်မှာ‌ပဲနေပြီး စားသောက်တာ ပိုမကောင်းဘူးလား။

“မင်း ငါ့ကို ဘာလို့လဲလို့ မေးရဲတယ်ပေါ့လေ” ကူယွဲ့ ပေါက်ကွဲသွားတယ်။

“မင်းမှာ ငါတို့ဂိုဏ်းရဲ့ လောလောဆယ်အခြေအနေကို သောက်ကျိုးနည်း အတွေးလေးဘာလေး မရှိဘူးလား၊ ငါတို့ဆီမှာ ငါတို့သုံးယောက်အပါအဝင် ဂိုဏ်းသား အယောက် ၂၀ပဲရှိတယ်၊ တစ်နှစ်လုံးနေမှ အ‌ယောက် ၂၀တည်းနော် ပြီးတော့ သူတို့အားလုံးက မင်းကြောင့် ခန္ဓာကျင့်ကြံသူတွေအဖြစ် ပြောင်းကုန်တယ်၊ ဂိုဏ်းနဲ့တောင် တူသေးရဲ့လား”

“အ… ၂၀လည်း အတော်လေးကောင်းပါတယ်” အိမ်သန့်ရှင်းရေးလုပ်ဖို့ လုံလောက်တယ်ဆိုရုံပေါ့။

“မင်းခေါင်းပဲကောင်း၊ ဒီလောက်လူနည်းနည်းလေးနဲ့ ဂိုဏ်းမျိုး မင်းမြင်ဖူးလား” သူ အဲဒီ အနာဂတ် သံမဏိဘာဘီတွေကို တွေးကြည့်မိရင် အသည်းတောင် နာလာတယ် ဟုတ်ပြီလား။

“ငါတို့ ကြော်ငြာစည်းရုံးရေးဆင်းပြီး နာမည်ကြီးလာအောင် မလုပ်ဘူးဆိုရင် တခြားတပည့်တွေ စုဆောင်းဖို့ကို နှုတ်ဆက်လိုက်လို့ရပြီ၊ ပြီးတော့ ငါ သူတို့ကိုးယောက် အရည်အချင်းကို စမ်းသပ်ကြည့်ပြီးပြီ၊ ပိုမြင့်တဲ့ကျင့်ကြံဆင့်တွေနဲ့ လူတွေကို ယှဉ်ပြိုင်ရတာ နည်းနည်းတော့ ကြမ်းတမ်းမယ်ဆိုပေမဲ့ သူတို့အုတ်မြစ်တွေက… ခိုင်ခံ့တယ်”

သူ အဲစကားလုံးကို ထုတ်ပြောနိုင်ဖို့ အံကြိတ်လိုက်ရတယ်။

“ဘာပဲဖြစ်ဖြစ်၊ သူတို့က အဲအဆင့်တူတွေနဲ့ ယှဉ်ပြိုင်ရင်တော့ အသာစီးရမှာ၊ ဒီပြိုင်ပွဲအတွက် ငါ့မှာ သိပ်ပြီးတော့ အရမ်းကြီးမြင့်မားတဲ့ မျှော်လင့်ချက်မျိုးမရှိဘူး၊ သူတို့ထဲက တစ်ယောက်လောက် ထိပ်သီးဆယ်ယောက်ထဲ ပါရင် အဆင်ပြေပြီ၊ အနည်းဆုံးတော့ ငါတို့ဝူတိဂိုဏ်းရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို တခြားသူတွေသိပါစေပေါ့”

“အော်…” ဆိုတော့ ကြော်ငြာဖို့ အရောင်းဌာနပုံစံမျိုး အဲနေရာဆီ သွားရမှာပေါ့။

“ဒါကြောင့် လူတွေ သူတို့ကို သိမ်ငယ်အောင်လုပ်မှာကနေ တားဆီးဖို့ ဝင်ပြိုင်ဖို့သွားရုံတင်မကဘူး၊ ငါတို့လည်း သွားရမယ်၊ မင်းအပါအဝင်ပေါ့”

သူ စကားပြောပြီးတာနဲ့ ချက်ချင်း သူမလက်မောင်းကိုလှမ်းဆွဲပြီး လက်ထဲတံဆိပ်ပြားကို အတင်းအကျပ် ထိုးထည့်လိုက်တယ်။

“မင်း မနက်ဖြန် စောစောထတာ ကောင်းမယ်၊ မဟုတ်လို့ကတော့…”

သူ့အမူအရာက တည်ကြည်သွားပြီး စကားတစ်လုံးချင်းစီကို ပီပီသသ အသံထွက်လိုက်တယ်။

“နောက်လရဲ့ အစားအသောက်ခွဲတမ်းကို ပယ်ဖျက်ပစ်မယ်”

ရှန်းရင် ကြက်သေသေသွားတယ်။ သူမရဲ့ပျင်းရိမှုကနေ ကိုင်လှုပ်ခံလိုက်ပြီး ပြိုင်ပွဲဝင်တံဆိပ်ပြားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တော့တယ်။

“ဖေဖေနျို၊ နင်ပြောတာ အရမ်းအဓိပ္ပာယ်ရှိတယ်”

သူမဘေးက လူကို လှည့်ပြောလိုက်တယ်။

“စားဖိုမှူးရေ၊ ငါတို့ဂိုဏ်းအနာဂတ်အတွက် ဒီညအချိန်ပို အလုပ်လုပ်ကြရအောင် မြန်မြန် အအေးစာဟင်းပွဲတွေ၊ အဆာသွတ်မုန့်၊ အသင့်စား အစားအသောက်၊ သစ်သီးတွေနဲ့ လမ်းမှာစားဖို့ တခြားဘာညာစားသောက်စရာတွေ မြန်မြန် ပြင်လိုက်တော့၊ ငါတို့ရဲ့ အိုလံပစ်ကစားသမားတွေကို ဗိုက်ဆာစေလို့မဖြစ်ဘူး၊ နားလည်လား”

“ဟုတ်ကဲ့ ဆရာ၊ ပြဿနာမရှိပါဘူး ဆရာ”

ကူယွဲ့ ။ ။ “…”

နောက်ဆုံးထိ မင်း မျိုစို့ဖို့ကို မမေ့နိုင်သေးဘူးပဲ

(╬—皿—)凸

——————

ယင်းထျန်းမြို့က အထက်ထျန်းလန်လောကရဲ့ အရှေ့ဘက်ခြမ်းမှာတည်ရှိပြီး အဲဒေသရဲ့ အကြီးဆုံး အမတမြို့လို့ သတ်မှတ်ခံထားရတယ်။ ရှန်းရင် ညမရောက်ခင် မြို့ဆီရောက်အောင် တစ်နေ့လုံး အသည်းအသန် ကြိုးစားလိုက်ရတယ်။ ယင်းမိသားစုက ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲ အချမ်းသာဆုံးဆိုတာ အံ့ဩစရာမရှိတော့ဘူး။ သူတို့ ပြိုင်ပွဲဝင်တံဆိပ်ပြားကို ပြလိုက်တဲ့အချိန်ကစပြီး လူတန်းကြီးကို ပြိုင်ပွဲဝင်တွေအတွက် အထူးတလည် တာဝန်ယူဖြည့်တင်းပေးထားတဲ့ သီးသန့်ခြံဝန်းတွေဆီ ခေါ်ဆောင်သွားပေးမဲ့ လူတစ်ယောက်ရှိနေပြီ။ ခြံဝန်းက ဝူတိဂိုဏ်းလောက် မကျယ်ပေမဲ့ အကြမ်းဖျင်း လူဒါဇင်ချီလောက် အနားယူဖို့ ဆံ့တာကကတင် လုံလောက်တာထက်ပိုသလို ဂိုဏ်းတစ်ခုချင်းဆီကိုလည်း သီးခြား‌ခွဲပေးထားတယ်။ ကူယွဲ့ သိထားတာအရတော့ ကြီးကြီးသေးသေး ဂိုဏ်းအရေအတွက်နဲ့တင် ပြိုင်ပွဲမှာပါဝင်ဖို့ ရောက်လာတာက ထောင်ချီရှိနေပြီ။ သိသိသာသာပဲ ယင်းမိသားစုက တကယ်ကိုချမ်းသာ‌တာပေါ့။

“ပြိုင်ပွဲက မနက်ဖြန်စမှာ၊ အားလုံး ဒီညသေချာအနားယူကြ” ကူယွဲ့ သူတို့တပည့်ကိုးယောက်လုံးကို လေ့လာလိုက်တယ်။ တချို့က စိတ်လှုပ်ရှားနေတဲ့ပုံပဲ။ ဖြစ်နိုင်တာတော့ ဒီလိုတကယ့်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးတာ ပထမဆုံးအကြိမ်မို့လို့ပဲ။ ဒါကြောင့် သူတည်တည်ငြိမ်ငြိမ် အားပေးလိုက်တယ်။

“မင်းတို့စွမ်းရည်တွေက မဆိုးပါဘူး၊ စိတ်အေးအေးသာထား၊ အဆင်ပြေသွားမှာ၊ ထိပ်ဆုံးဆယ်ယောက်ထဲ အောင်နိုင်ရင်တော့ ကောင်းတယ်ဆိုပေမဲ့ မဖြစ်နိုင်ရင် အရမ်းကြီး အလွန်အကျွံလုပ်ဖို့လည်း မလိုဘူး၊ အဲအချိန်ကျ အရှုံးသာဝန်ခံလိုက်”

တချို့က ခေါင်းညိတ်ပြလာပြီး ရှန်းရင်ကို လှမ်းကြည့်ကြချိန် မျက်လုံးတွေ တောက်ပကုန်ကြတယ်။

ကူယွဲ့လည်း အလိုလို လှည့်ကြည့်မိလိုက်တာပေါ့။

ရှန်းရင် သူမသစ်သီးကို ဝါးမြုံ့နေတာ ပြီးသွားပြီး ခေါင်းမော့လိုက်ချိန် လူတိုင်းနဲ့ အကြည့်ချင်း ဆုံသွားတာမို့ နင်သွားတော့တယ်။

“အဟွတ်… ဘာကိစ္စလဲ”

ကူယွဲ့နှုတ်ခမ်း တွန့်ချိုးသွားပြီး သူမကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

“မင်းမှာ သူတို့ကိုပေးစရာတစ်ခုခု ရှိမနေဘူးလား”

“ရှိ… တာလား” ဟမ်။

“ဆရာ အကာအကွယ် ခေါင်းလောင်းတွေကို ပြောတာပါ”

ယိချင်း အကုန်လုံးတစ်ပုံစံတည်း ကွက်တိတူတဲ့ ခေါင်းလောင်းလေး‌တွေနဲ့ ကြိုးတစ်ချောင်းကို ချက်ချင်း ထုတ်ကာ သူမဆီ ကမ်းပေးလိုက်တယ်။

“ကျွန်တော် မနေ့ညက ဒီအကာအကွယ်ဓမ္မအသုံးအဆောင်တွေကို တစ်ညလုံး သွန်းလုပ်ခဲ့တာပါ၊ သူတို့တွေ နတ်ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ရဲ့ အားအပြည့် သိုင်းကွက်တစ်ကွက်ကိုတော့ တောင့်ခံနိုင်ပါလိမ့်မယ်”

“ဒါက သင့်တင့်လျောက်ပတ်တဲ့ ဂိုဏ်းတွေကြားက ပြိုင်ပွဲဆိုပေမဲ့လည်း အမြင်ကျဉ်းပြီး သတ်ချင်ဖြတ်ချင်စိတ်ရှိတဲ့လူ မရှိဘူးလို့ အာမခံချက်မရှိဘူး” ကူယွဲ့ ရှင်းပြလိုက်တယ်။

“ဒီအကာအကွယ်ဓမ္မအသုံးအဆောင်တွေကို ပြိုင်ပွဲအတွင်း မင်းတို့နဲ့ယူသွားလိုက်၊ လိုလိုမယ်မယ်ပေါ့”

ရှန်းရင် နောက်ဆုံးတော့ ဒါက ဖေဖေနျိုမနေ့က ပြောသွားတဲ့ စောင့်ရှောက်ရေးထောက်ပံ့မှုဆိုတာ သတိရသွားခဲ့ပြီ။ သူမ ခေါင်းလောင်းကြိုးကို အမြန် ယူပြီး ဆွဲဖြုတ်ကာ မိန်းကလေးတွေရဲ့လက်ထဲ တစ်ခုချင်းထည့်ပေးလိုက်တယ်။

အင်္ကျီနီမိန်းကလေး။

“လာ ရှောင်ဟုန်၊ နင်လုပ်နိုင်ပါတယ်”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်” သူမက ဝမ်းပန်းတသာ ခေါင်းလောင်းတစ်ခုကို လက်ခံတယ်။

အင်္ကျီဖြူမိန်းကလေး။

“ရှောင်ပိုင် ကြိုးစားထား”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်” သူမ ခေါင်းလောင်းတစ်ခုကို လက်ခံပြီး စိတ်ထဲဝမ်းသာနေတယ်။

အင်္ကျီပြာမိန်းကလေး။

“ရှောင်လန် လုပ်နိုင်မှာပါ”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်” သူမကလက်ခံရင်း ပီတိဖြာနေလေရဲ့။

ဒုတိယ အင်္ကျီဖြူနဲ့မိန်းကလေး။

“ရှောင်ပိုင်… ယုန်လေး၊ ကြိုးစားထား”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်” သူမ ခေါင်းလောင်းတစ်ခုကို ပျော်ရွှင်စွာနဲ့ လက်ခံလိုက်တယ်။

……

ကူယွဲ့ ။ ။ “…”

ဟိဟိ။ သူတော့ တစ်စုံတစ်ယောက်သောသူ နာမည်တွေကို မှတ်ထားတဲ့နည်းလမ်းနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ ကုန်ခမ်းပြီးသား။

ရှန်းရင် ခေါင်းလောင်းလေးတွေ ဆက်ပေးလိုက်တယ်။ ပြီးသွားတဲ့နောက် ချောင်းဟန့်ပြီး ရှားရှားပါးပါး တည်ကြည်လေးနက်တဲ့ လေသံနဲ့ ပြောလာလောရဲ့။

“အရေးကြီးဆုံးက ပြိုင်ပွဲဝင်ပြီး အကောင်းဆုံးကြိုးစားဖို့ပဲ၊ အဆင့်တွေက အရေးမကြီးဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ခင်မင်ရင်းနှီးမှုက ပထမ၊ ပြိုင်ပွဲက ဒုတိယတဲ့ ငါ နင်တို့ကလေးမတွေအတွက် ကြီးမားတဲ့မျှော်လင့်ချက်တွေ ထားထားတယ်”

မိန်းကလေးတွေရဲ့ မျက်နှာတွေအားလုံးက စိတ်လှုပ်ရှားမှုနဲ့ပြည့်နေပြီး ရှန်းရင်ပေးတဲ့ ခေါင်းလောင်းလေးတွေကို ရှားပါးရတနာတစ်ခုခု လက်ခံရရှိသလိုမျိုး သူတို့ဝတ်ရုံလက်တွေထဲ ဂရုတစိုက် ထည့်လိုက်ကြလေတယ်။ သူတို့စိတ်လှုပ်ရှားလွန်းလို့ အပျော်ကြောင့် ထခုန်တော့မဲ့ ပုံစံတွေနဲ့။ မျက်ဝန်းတွေက အင်မတန် တောက်ပလွန်းစွာ တလက်လက်ဖြစ်နေပြီး သူမကို ပြိုင်တူဂါရ၀ပြုကာ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုမျက်နှာတွေ ပြသကြတော့တယ်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်၊ ကျွန်မတို့ အကောင်းဆုံးကြိုးစားသွားပါ့မယ်”

“ဂိုဏ်းချုပ်အတွက်၊ ဝူတိဂိုဏ်းအတွက်”

“ဂိုဏ်းချုပ် စိတ်ချပါ ကျွန်မတို့ ဂုဏ်အသရေအတွက် တိုက်ခိုက်ပါ့မယ်”

“ဂိုဏ်းချုပ်ရဲ့ ကောင်းချီးပေးမှုတွေကို ပြိုင်ပွဲဆီ သယ်ဆောင်သွားပါ့မယ်”

“ဂိုဏ်းချုပ် ကျွန်မတို့နဲ့ အမြဲအတူရှိပါစေ”

ကူယွဲ့ ။ ။ “…”

ယိချင်း ။ ။ “…”

ကူယွဲ့က အဖွဲ့ဖွဲ့ပေးတဲ့သူ၊ ယိချင်းက အသုံးအဆောင်ကို သွန်းလုပ်ပေးခဲ့တဲ့သူပါ။ အဲကိစ္စတွေက ဘယ်လိုလုပ် ရှန်းရင်နဲ့ ဆက်စပ်သွားရတာတုန်း။ ဘာကြောင့် မင်းတို့အားလုံး မင်းတို့အားကျတဲ့ အိုင်ဒေါဆီက လက်ဆောင်ရတာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေရတာလဲ။

‌သောက်ဦးနှောက်မရှိတဲ့ဟာလေးတွေ။

——————

သူတို့ရဲ့နည်းပါးတဲ့အရေအတွက်ကြောင့် ဝူတိဂိုဏ်းက ပြိုင်ပွဲရဲ့ အုတ်မြစ်အခြေတည်နဲ့ ရွှေအမြုတေအပိုင်းအတွက်ပဲ စာရင်းသွင်းခဲ့တယ်။ ယွီဟုန်နဲ့ စစ်ယွီအပြင် ရွှေအမြုတေအပိုင်းမှာ ဝင်ပြိုင်တဲ့တခြားမိန်းကလေးနှစ်ယောက်ရှိတာမို့ စုစုပေါင်း လေးယောက်ပေါ့။ တခြားမိန်းကလေးငါးယောက်ကတော့ အုတ်မြစ်အခြေတည်အပိုင်းမှာ ဝင်ပြိုင်ကြမယ်။ ကူယွဲ့ရဲ့ ရည်မှန်းချက်က အုတ်မြစ်အခြေတည်အပိုင်းရဲ့ ထိပ်သီးဆယ်ယောက်ထဲ ပါဖို့ပဲ။ ဒါကို အောင်မြင်အောင် လုပ်ဖို့ မျှော်လင့်ချက်ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါးယောက်မှာ နှစ်ယောက်က ပကတိပြည့်စုံကောင်းမွန်တဲ့ အုတ်မြစ်အခြေတည်‌အဆင့်တွေ။

တခြားရွှေအမြုတေတပည့်လေးယောက်မှာတော့ အလယ်ဆင့်ရွှေအမြုတေရောက်နေတဲ့ ယွီဟုန်ပြီးရင် စစ်ယွီတစ်ယောက်တည်း သူမရဲ့ ရွှေအမြုတေကို ပြီးမြောက်သေးတယ်။ နှောင်းပိုင်းပဆင့် ရွှေအမြုတေနဲ့ ပကတိပြည့်စုံကောင်းမွန်တဲ့ ရွှေအမြုတေကျင့်ကြံသူတစ်စုကိုတော့ အနိုင်ရဖို့က ခဲယဉ်းလွန်းနေဦးမှာပဲ။

သူတို့တွေက ဓားကျင့်ကြံသူတွေထက် သန်မာတဲ့ ခန္ဓာကျင့်ကြံသူတွေ ဖြစ်နေပေမဲ့ သူတို့အရ်ုနှစ်တုန်းက သင်ခဲ့ရတဲ့ တိုက်စစ်နည်းလမ်းတွေအားလုံးက ဓားသိုင်းကွက်တွေ။ ပြီးတော့ ဘယ်သူမှ တကယ့်တိုက်ပွဲအတွေ့အကြုံ မရှိကြဘူး။ ပြီးတော့ သူတို့အရင်ကသင်ကြားခဲ့တဲ့ သိမ်မွေ့တဲ့မှော်အတတ်ကလည်း အသုံးဝင်နိုင်ခြေ မရှိလောက်ဖို့ များတယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset