ERSY အခန်း ၆၅

အခန်း ၆၅။ ဂိုဏ်းထဲတရားဝင် ဝင်ရောက်ခြင်း

လတ်တလော အထက်ထျန်းလျန်လောကမှာ ကိစ္စကြီးတစ်ခုဖြစ်သွားတယ်။ နတ်ဝိညာဉ် ဖြစ်ပေါ်ခြင်း မိစ္ဆာကျင့်ကြံသူ ယွီမုန့်က အသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းက ပြန့်နေတာ။ လူတွေအများကြီးကို သတ်ခဲ့တဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေဖြစ်တဲ့ မိစ္ဆာကျင့်ကြံသူ ငယ်သားတွေတောင် မရှိတော့ဘူး။ ကောင်းကင်ဖြတ်တောက်ချောက်ကမ်းပါးနဲ့ အထက်တန်းလွှာမိသားစုတွေကတောင် ပြဿနာမရှာနိုင်ခဲ့ကြတဲ့ မိစ္ဆာသားရဲတွင်း ကောင်းကင်ဖြတ်တောက်ခြင်း ချောက်ကမ်းပါးက ညတွင်းချင်း သုတ်သင်ခံလိုက်ရတာ။

ကောင်းကင်ဖြတ်တောက်ခြင်းချောက်ကမ်းပါးက ခုခံဖို့အင်မတန်လွယ်ပြီး တံလျှပ်ပင်လယ်နယ်စပ်မှာ ရှိနေတာ။ အဲ့ဒီမှာ ယင်ချီတွေက အမြဲတမ်းပြင်းထန်ပြီး ဘယ်တော့မှ မပျောက်ကွယ်သွားဘူး။ မိစ္ဆာသားရဲတွင်းအပြင်ဖက်မှာတည်ဆောက်ထားတဲ့ မဟာအစီအရင် အခင်းအကျင်းယင်က အမတကျင့်ကြံသူတွေကို အထူးတလည်ဖယ်ရှားဖို့ပဲလေ။ မင်းဆွေမင်းမျိုး မိသားစုလေးစုနဲ့ အမတဂိုဏ်းတွေက မိစ္ဆာသားရဲတွင်းကို ဖျက်ဆီးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ယင်ချီက သူတို့ကို မဖျက်ဆီးနိုင်အောင် ဟန့်တားခဲ့တာ။ သူတို့တွေက ကောင်းကင်ဖြတ်တောက်ခြင်း ချောက်ကမ်းပါးထိပ်ကို မရောက်ခင်မှာတောင် အမြဲတမ်းနောက်ဆုတ်ဖို့ ဖိအားပေးခံရတယ်။ အချိန်ကြာလာတာနဲ့အမျှ မိစ္ဆာကျင့်ကြံသူတွေက ချောက်ကမ်းပါးကို သူတို့အိမ်လုပ်လိုက်ကောပဲ။ ဒါက မိစ္ဆာသားရဲတွင်းဖွဲ့တည်လာတဲ့ပုံလေ။

သားရဲတွင်းက အသံတစ်ချက်မှ မထွက်ဘဲပျောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကောင်းကင်ဖြတ်တောက်ခြင်းချောက်ကမ်းပါးနားမှာ ရစ်ဝဲနေခဲ့တဲ့ ယင်မဟာအစီအရင်ကတောင် ပျောက်ကွယ်သွားတာ။

မိစ္ဆာသားရဲတွင်းကို ဘယ်သူဖြေရှင်းလိုက်လဲဆိုတာ ဘယ်သူမှ အတိအကျမသိဘူး။ အားလုံးက ကောင်းကင်ဖြတ်တောက်ခြင်းချောက်ကမ်းပါးရဲ့ ကျောက်နံရံထိပ်မှာချန်ထားခဲ့တဲ့ စကားတစ်ခွန်းနဲ့သက်ဆိုင်နေတယ်ဆိုတာပဲသိတယ်။ ‘ပြိုင်ဖက်ကင်းခြင်း’ ဒါက ဝူတိမြို့ထဲမှာ ပြောနေကြတဲ့စကားလေ။ မင်းဆွေမင်းမျိုးမိသားစုလေးစုက နောက်ဆုံးတော့ ကောင်းကင်ဖြတ်တောက်ခြင်း ချောက်ကမ်းပါးရဲ့ ရန်စမှုကို ဖယ်ရှားနိုင်ခဲ့ပြီ။ ဒါကြောင့် သူတို့တွေက အတော်ဆုံးခရီးသားမသေမျိုးတွေကိုခေါ်ပြီး အင်အားနဲ့မိစ္ဆာသားရဲတွင်းကို ဖြေရှင်းခဲ့တာလို့ဆိုတယ်။ တချို့ကတော့ မိစ္ဆာသားရဲတွင်းက မဟာမိစ္ဆာတွေကို ရန်စခဲ့မိတာလို့ဆိုတယ်။ မိစ္ဆာတွေက ယင်ချီသက်ရောက်မခံရတာကြောင့် အဲ့ဒီမိစ္ဆာကောင်တွေကို ဖယ်ရှားနိုင်တယ်လေ။ တခြားသူတွေပြောကြတာကတော့ ရွက်ပုန်းသီး သိုင်းပညာရှင်တစ်ချို့က ကောင်းကျိုးဆောင်ရွက်ပြီး ဝူတိဆိုတဲ့စကားလုံးက မိစ္ဆာကျင့်ကြံသူတွေကို သတိပေးတာလို့ဆိုတယ်။ ဒါမှသူတို့မလှုပ်ရှားရဲတော့မှာ။

အားလုံးက သူတို့ကျပန်းခန့်မှန်းမှုတွေပဲလေ။ မသေမျိုးဂိုဏ်း ဒါမှမဟုတ် မင်းဆွေမင်းမျိုး မိသားစုလေးစုကမှ ဒီဆန်းကြယ်မှုကို မဖြေရှင်းနိုင်ဘူး။

ကူယွဲ့နဲ့ယိချင်းက ရှန်းရင်ကိုရှာဖို့လမ်းပေါ်ထွက်လာတဲ့အချိန်အဲ့ဒီသတင်းကိုကြားလိုက်တာ။ ယွီမုန့်နဲ့ အမျိုးသမီးတစ်စုထွက်သွားတဲ့အချိန်မှာ အဲ့ဒီအမျိုးသမီးတစ်စုနဲ့ပတ်သက်ပြီး သံသယတွေ ရှိနေတယ်ဆိုတာ သူတို့ခံစားခဲ့မိတယ်။ ဒါပေမဲ့ သူတို့အလျင်စလိုထွက်သွားလိမ့်မယ်လို့ တခါမှ မထင်ခဲ့မိဘူး။ ကူယွဲ့က အစကတော့ စိတ်အနှောင့်အယှက်မဖြစ်ဘူး။ သူတို့ ထွက်သွားချင်ရင်ထွက်သွားပေါ့။ တခြားသူကို သူတို့အမြဲတမ်းရှာနေနိုင်တာပဲ။ ဒါပေမဲ့ ရှန်းရင်လည်းပျောက်နေတယ်ဆိုတာ ယိချင်းလည်းသဘောပေါက်သွားတာ။

ရှန်းရန်မှာ လမ်းညွှန်ပေးဖို့မုန်လာဥမရှိဘူး။ အရပ်မျက်နှာတွေနဲ့ပတ်သက်ပြီး သူမက ဆိုးရွားလွန်းတယ်။ သူတို့ရွေးချယ်စရာမရှိဘဲ သူတို့ကိုလိုက်ရှာရတော့တာပဲ။ ဒါပေမဲ့ သူတို့ရှာတာ အချည်းနှီး မဖြစ်ခဲ့ဘူး။ သူတို့က မိန်းကလေးတစ်စုရဲ့ရောင်ဝါကိုလိုက်ခဲ့တယ်။ ဒါပေမဲ့ သူတို့ ရုတ်တရက်ပျောက်သွားတာ။ နောက်တော့မှ အထက်ထန်းလျန်လောကရဲ့ မူမမှန်မှုတွေ ဖြစ်နေတာကို သတိပြုမိသွားတယ်။ ဒီတော့မှ ရှန်းရင်ဘယ်နေရာမှာလဲဆိုတာ သူတို့သိသွားတာ။ ကူယွဲ့နဲ့ယိချင်းတို့က ထျန်းလျန်မြို့ထဲမှာ ညအထိရှာနေပြီး နောက်နေ့မှာမှ သတင်းရခဲ့တာ။ သူတို့နှစ်ယောက်ဂိုဏ်းကို ပြန်လာတဲ့အချိန် ရှန်းရင်က အနောက်စားပွဲမှာထိုင်နေပြီဆိုတာ သဘောပေါက်သွားတယ်။ သူမရဲ့အမူအရာကတည်ငြိမ်နေပြီး သူမရှေ့မှာ ရပ်နေတဲ့ မိန်းကလေးတစ်စုက ရောင်စုံဝတ်ရုံတွေနဲ့ ပြီးတော့ ရှန်းရင်ကို မေးမြန်းနေကြတယ်။

“ဂိုဏ်းချုပ် ဖက်ထုပ်တွေကော ဘယ်လိုထင်လဲ။ သဘောတွေ့ရဲ့လား”

“ဂိုဏ်းချုပ် ကြာစေ့လေး မြည်းကြည့်ပါဦး။ သူတို့ကို ချက်ဖို့ ဝိညာဉ်မီးမွှေးထားတာ။ တကယ်မွှေးနေတာပဲ”

“ဂိုဏ်းချုပ် ကျွန်မရဲ့ရှောင်လုံးပေါင်တွေက ချက်ပြီးသွားပြီ မြည်းကြည့်ပါဦးလား”

“ဂိုဏ်းချုပ် ကျွန်မလုပ်ထားတဲ့ပဲနို့လေးဘာကြောင့်မသောက်ရတာလဲ”

“ဂိုဏ်းချုပ်…”

ကူယွဲ့ “…” ဘာလဲ ငါတို့တွေက အစားအသောက်ပရိုဂရမ်ရိုက်နေတာလား။ သူမတစ်ခေါက်ပြန်လာတိုင်း သူမနားမှာရှိတဲ့လူတိုင်းကို ဘယ်လိုကြောင့်များ စားဖိုမှူးအဖြစ်ပြောင်းနေရတာလဲ။

“ဒါ ယုတ္တိမရှိလိုက်တာ” ယိချင်းက ရှေ့ကိုတိုးသွားပြီးတော့ ရှန်းရင်ဆီကနေ အားလုံးကို တွန်းဖယ်လိုက်တော့တယ်။

“ဒီ ဖက်ထုပ်သားက ထူလွန်းတယ်။ ကြာစေ့က မာလွန်းတယ်။ ရှောင်လုံပေါင်းက အစာတွေပြည့်လွန်းနေတာ။ ပဲနို့က ရွံစရာကောင်းတယ်။ မင်းတို့တွေ ဒီစားစရာတွေအားလုံးကို ဆရာ့ဆီကိုဘယ်လိုလုပ်ယူလာရဲတာလဲ။ မင်းတို့သူ့ကို မမျှမတဆက်ဆံနေတာပဲ”

“…”

ငတုံးကောင် မင်းပါ သူတို့ဆီ ဝင်ချင်နေတာလား။

(╯‵□′)╯(┻━┻

“ရှန်းရင်” ကူယွဲ့က ရှုံ့မဲ့သွားပြီး ရှန်းရင်ကိုဆွဲခေါ်လိုက်တယ်။

“ပြောဦး … ဘာတွေဖြစ်နေတာလဲ”

“ငါ တကယ်ဗိုက်ဆာနေတာလေ” ရှန်းရင်က အပြစ်ကင်းစွာ ရှင်းပြလိုက်တယ်။

“ဆရာ … ကျွန်တော် ဆရာ့အတွက် ထမင်းချက်ပေးမယ်” ယိချင်းက ကျောက်တုံးစားပွဲပေါ်က စားစရာတွေအားလုံးကို ဖယ်ချလိုက်ပြီးတော့ စားဖိုဆောင်ကို ဦးတည်သွားတယ်။

ကူယွဲ့မျက်နှာက မည်းမှောင်သွားရောပြီး ဒီငတုံးကတော့ မျှော်လင့်ချက်မဲ့ပြီ။

တစ်ညလုံးမင်းဘယ်ရောက်နေတာလဲ”

“ငါ တိုက်ခိုက်ဖို့သွားတာ” “…”

ဒီတော့ သူက မိစ္ဆာသားရဲတွင်းကို ဖြေရှင်းလိုက်တဲ့သူပဲ။

“ဒီလူတွေက ဒီမှာဘာလုပ်နေတာလဲ”

ထွက်ပြေးရာကနေ ပြန်ရောက်လာတဲ့မိန်းကလေးတစ်စုကိုသူလက်ညှိုးထိုးလိုက်တယ်။

“ဒီတစ်ခေါက် မင်း ဘယ်သူ့ကိုရိုက်ခဲ့တာလဲ” ရှန်းရင်က သူ့ကိုမဖြေရသေးခင် ယွီဟုန်က သူမကို ဟန့်တားပြီးရှင်းပြလိုက်တယ်။

“ဆရာသခင် … ဂိုဏ်းချုပ်က ကျွန်မတို့အားလုံးရဲ့ အသက်ကို ကယ်တင်ခဲ့ပြီး ကျွန်မတို့အတွက် လက်စားချေပေးခဲ့တာ။ ဒါကြောင့် သူ့ကို ပြန်ပေးဆပ်ဖို့အတွက် ကျွန်မတို့ဘာမဆိုလုပ်ချင်ရုံပါပဲ” မိန်းကလေးတွေက ခေါင်းညိတ်ပြီး ရှန်းရင်ကို ကြည့်လိုက်တယ်။ သူတို့တွေက ရှိခဲ့ဖူးတဲ့ သံသယအရိပ်အယောင်တွေက ပျောက်ကွယ်သွားပြီးတော့ စစ်မှန်တဲ့လေးစားမှုတွေသာ ရောက်လာတော့တယ်။ သူတို့က ကူယွဲ့အရင်ဘဝတုန်းက မြင်ဖူးတဲ့ ရူးသွပ်နေတဲ့ ဖန်တွေနဲ့ သိပ်တူနေတယ်လေ။

မိန်းကလေးတစ်စုက မနေ့တုန်းက အဖြစ်အပျက်ကို ပြန်ပြောပြပြီး တလှည့်ဆီ ပြောကြတော့တယ်။

“ဟုတ်တယ်လေ” ရှန်းရင်က ရုတ်တရက်ထပြောလိုက်တယ်။

“အဲဒီဆန်ကုန်မြေလေးကလေ ကြက်ကင်မိန်းကလေးကို အနိုင်ကျင့်ခဲ့တဲ့လူတွေနဲ့ မိတ်ဆွေတွေတဲ့”

“မင်းဆိုလိုတာက …” ကူယွဲ့ကတွေဝေသွားတယ်။ သူမဘာပြောနေမှန်း သူ သဘောပေါက်သွားတာ။ ကျောက်စိမ်းတံဆိပ်ပြား နောက်ကွယ်ကလူက ယွီမိသားစုရဲ့ပြီးပြည့်စုံတဲ့သူ ဓားရိပ်ဖမ်းတောင်ထွတ်ပေါ်မှာ ပုန်းနေနိုင်တာ အံ့ဩစရာမရှိဘူးပဲ။ ရုတ်တရက်ကြီး သူ ကြုံခဲ့တဲ့အရာအားလုံးက အဓိပ္ပါယ်ရှိသွားတယ်။

ကူယွဲ့က သူတို့အဖွဲ့ဖက် လှည့်ကြည့်လိုက်တယ်။ ခဏအကြာမှာ သူက အသံတိုးတိုးနဲ့ ပြောလိုက်ကောပဲ။

“ထားလိုက်တော့ … မင်းတို့တွေအားလုံးက နစ်နာသူတွေဆိုမှတော့ ငါ့ရဲ့ ဝူတိဂိုဏ်းထဲ ထပ်ဝင်လာမှုကို အငြိုးအတေးမထားတော့ဘူး။ အခု အားလုံးဖြေရှင်းပြီးသွားပြီဆိုတော့ မင်းတို့အားလုံးလိုအပ်တဲ့နေရာသွားနိုင်ပြီ”

“ဆရာသခင် ကျွန်မတို့တွေက အလယ်ထျန်းလန်လောကရဲ့မင်ယင်တောင်ထွတ်ကိုသွားချင်တာပါ” ယွီဟုန်က ရှင်းပြလိုက်တော့တယ်။

“မင်ယင်တောင်ထွတ်ရဲ့ မိစ္ဆာဆရာသခင်က ကျန်တဲ့မိစ္ဆာဆရာသခင်တွေနဲ့မတူဘူး။ သူမက ဆိုးယုတ်တာတွေတစ်ခါမှမလုပ်ဖူးဘူး။ သူမဂိုဏ်းထဲက တပည့်တွေအားလုံးက တူတူပဲ။ သူလည်း တူညီတဲ့ကံကြမ္မာကို ခံစားခဲ့ရတယ်လို့ကြားမိတယ်။ ဒါကြောင့် ကျွန်မတို့လိုမိန်းကလေးတွေကို ခေါ်ထားတာ။ ကျွန်မတို့ရဲ့ထူးခြားတဲ့အထောက်အထားကိုပြလိုက်ရင် သူ ကျွန်မတို့ကို ခေါ်မလားမသိဘူး”

“ငါ သိပြီ” ရှန်းရင်က အကြံရသွားတဲ့ပုံနဲ့ ကြည့်ပြီးပြောလိုက်တယ်။ “ဖေဖေနျို … နင့်မှာ စာရွက်နဲ့ဘောပင်ရှိလား”

“ဘာအတွက်လဲ” ကူယွဲ့က မျက်မှောင်ကျုံ့လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူက မင်တံနဲ့ စာရွက်ကို ကျောက်စားပွဲပေါ်တင်လိုက်တယ်။

ရှန်းရင်ကထိုင်ချပြီးတော့ စာရွက်ပေါ်မှာ စာ စရေးတော့တယ်။ ပြီးတော့ စာရွက်ကို ယွီဟုန်ဆီပေးလိုက်တယ်။ “ဒါ နင့်အတွက်ပဲ။ ကြက်ကင်မလေးက ငါတို့နဲ့ ကောင်းကောင်းသိတယ်။ ဒါ သူ့ဆီပေးလိုက်။ သူနင်တို့ကို သေချာပေါက်ခေါ်လိမ့်မယ်”

ယွီဟုန်က မှင်သက်သွားပြီး သူ့ရဲ့မျက်နှာက ကြောင်အသွားတော့တယ်။

“ကြက်ကင်မလေးက မိစ္ဆာတောင်ထွတ်ပေါ်က ဆရာသခင်ရွှီချင်းယီပဲ။ မင်းတို့မိန်းကလေးတွေက အလယ်ထျန်းလျန်လောကကိုသွားပြီး သူ့ကို ရှာဖို့စီစဉ်နေတာမဟုတ်ဘူးလား” ကူယွဲ့က ရှင်းပြလိုက်တယ်။ ရှန်းရင်ကို စိုက်ကြည့်ပြီးတော့ သူက ထပ်ပြောလိုက်တယ်။ “မင်းလေ အဲ့လိုထူးဆန်းတဲ့နာမည်ကိုတောင် မမှတ်နိုင်ဘူးလား”

ယွီဟုန်ကလည်း အံ့ဩသွားပြီး ဒါပေမဲ့ ခဏအကြာမှာ သူမ မျက်နှာသုန်မှုန်သွားကောပဲ ပြီးတော့ သူမအနောက်ကမိန်းကလေးတွေကိုကြည့်လိုက်ပြီးတော့ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချလိုက်တဲ့ပုံနဲ့ အံကြိတ်လိုက်တယ်။ ကိုးယောက်လုံးက တပြိုင်နက် အသက်ရှူထုတ်လိုက်ပြီးတော့ ရှန်းရင်‌ရှေ့မှာ ဒူးထောက်လိုက်တော့တာ။

“ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ကျွန်မတို့ကိုလက်ခံပေးပါ”

“…”

“ဂိုဏ်းချုပ်” ယွီဟုန်က ရှန်းရင်ပြောတာစောင့်မနေတော့ဘဲ စပြောလိုက်တယ်။

“မနေ့တုန်းက ဖြစ်ပျက်ခဲ့တာပြီးတဲ့နောက်ကျွန်မတို့ရဲ့ကာကွယ်မှုဘယ်လောက်ပဲသန်မာသန်မာ ကျွန်မတို့ကိုယ်တိုင် သန်မာရင် ကျွန်မတို့ကိုယ်တိုင် အမှန်တကယ်ထိန်းချုပ်နိုင်တာကို သဘောပေါက်သွားတာပါ။ မင်ယင်တောင်ထွတ်ကကောင်းတယ်။ ဒါပေမဲ့ ကျွန်မတို့တွေက မသေမျိုး ကျင့်ကြံသူတွေပဲလေ။ ကျွန်မတို့ရဲ့ ကျင့်ကြံမှုကို မဖြည့်တင်းဘဲ ထပ်ပြီးလေ့ကျင့်မယ်ဆိုရင် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး”

“အကြောက်တရားနဲ့နေရမဲ့အစား ကြိုးကြိုးစားစား ရှင်သန်ပြီး နေချင်တယ်။ ဘယ်သူ့ကိုမှ ထိခိုက်ပြီး နာကျင်အောင် တစ်ခါမှ မလုပ်ဖူးဘူး။ ဘာကြောင့် ဒီကမ္ဘာထဲမှာ ကျွန်မတို့ ခေါင်းမမော်နိုင်ရမှာလဲ။ ကျွန်မတို့ဂိုဏ်းချုပ်လို ဖြစ်ချင်ပါတယ်။ ဘယ်သူမှ ဂိုဏ်းချုပ်ကို အနိုင်ကျင့်လို့မရဘူး။ အရှက်မခွဲနိုင်အောင် သန်မာပြီး အကြောက်တရားကင်းတာပေါ့။ ဂိုဏ်းချုပ် … ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံဆင့်က အဆင့်မြင့်လွန်းတယ်။ ကျွန်မတွေက ဂိုဏ်းချုပ်ရဲ့ တစ်ရာခိုင်နှုန်းလောက် အစွမ်းထက်အောင် သင်ယူနိုင်ရင်ကျေနပ်ပါပြီ”

“အရင်တုန်းက ကျွန်မတို့မသိတတ်ခဲပါဘူး။ ဒါကြောင့် ရန်စခဲ့မိတယ်ဂိုဏ်းချုပ် … ဂိုဏ်းထဲမှာနေသရွေ့ဘယ်လိုအပြစ်ကိုမဆိုလက်ခံဖို့ဆန္ဒရှိပါတယ်။ ဒီနေ့ကစပြီး ဝူတိဂိုဏ်းအတွက် ဂုဏ်ကျက်သရေဆောင်ဖို့ ကြိုးကြိုးစားစားလေ့ကျင့်ပါမယ်။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ် ကျွန်မတို့ကို ရှင့်ရဲ့တပည့်အနေနဲ့လက်ခံပေးပါ”

အားလုံးက ပြောလိုက်တော့တယ်။

“ကျေးဇူးပြုပြီးတပည့်အဖြစ်လက်ခံပေးပါ ဂိုဏ်းချုပ်”

ထောက်

သို့သော် ရှန်းရင်က သူတို့ကိုမဖြေရသေးခင် သူတို့အနောက်ကနေ ကြမ်းပြင်ပေါ် တစ်စုံတစ်ခု ပြုတ်ကျသံ ကြားလိုက်ရ၏။ ယိချင်းက စားဖိုဆောင်ထဲကနေ ထွက်လာပြီး ဓားချီကိုသုံးလိုက်၏။ သူ့နောက်ရှိ ခန်းမနောက်တန်းက သူ့နောက်မြေပြင်၌ ပြိုလဲသွားပြီးဖြစ်သည်။

“မရဘူး”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset