ERSY အခန်း ၆၃

အခန်း ၆၃။ ညနက်သန်းခေါင်ထွက်ပြေးခြင်း

“နင်ပြောတာမှန်တယ် … ဓားသိုင်းကျင့်ကြံသူတွေက အမြဲတမ်းအခက်ခဲဆုံးကျင့်ကြံခဲ့ကြတာ။ ငါတို့ ဒီမှာ နေခဲ့မယ်ဆိုရင် ငါတို့တွေ …” နောက်ထပ်မိန်းကလေးတစ်ယောက်ကလည်း ယိမ်းယိုင်သွားပြီး ဖြတ်ပြောလိုက်တယ်။

“လတ်တလောမှာ ရွှမ်းယွမ်မိသားစုကို ဖောက်ဝင်တဲ့ ဓားသိုင်းကျင့်ကြံသူနှစ်ယောက် ရှိတယ်တဲ့ ပြီးတော့ မိသားစုက သူတို့ကိုဘာမှမလုပ်နိုင်ဘူးလို့ ကြားထားတယ်။ ဒီနေရာမှာ ဓားသိုင်းကျင့်ကြံသူနှစ်ယောက် ရှိနေတာ။ နင်တို့ထင်လား သူက …”

“စစ်ယွီ” ယွီဟုန်ရဲ့အမူအရာက သုန်မှုန်သွားပြီးဖြတ်ပြောလိုက်တယ်။

“သူတို့တွေက ရွှမ်းယွမ်မိသားစုကို အနိုင်ယူခဲ့တဲ့ ဓားသိုင်းကျင့်ကြံသူဖြစ်တော့ကော ဘာအရေးလဲ။ ဒီလောက်ကြာနေပြီ … ဒါတောင် နင်တို့နားမလည်သေးဘူးလား။ ဒီကမ္ဘာပေါ်မှာ အားကိုးလို့ရတဲ့ ယောက်ျားတစ်ယောက်မှ မရှိဘူး။ ငါတို့မစွန့်စားနိုင်ဘူး”

“ရှန်းရင်လို့ သူတို့ခေါ်နေတဲ့ အမျိုးသမီးကိုတွေ့တယ်မလား။ သူက သေမျိုးတစ်ယောက် ဖြစ်နေတဲ့အချိန် အဲ့ဒီအမျိုးသားနှစ်ယောက်က နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို ဘယ်လိုလုပ် ရောက်သွားတာလဲ။ ထူးဆန်းတယ်လို့မထင်ဘူးလား”

ယွီဟုန်ရဲ့အမူအရာက ပြောင်းလဲသွားပြီးတော့ ဆက်ပြောလိုက်တယ်။

“သူတို့က သူ့ကို ဂိုဏ်းချုပ်လို့ ခေါ်နေတာ … ဒါပေမဲ့ သူတို့သူ့ကို လှောင်ပြောင်နေတယ်လို့ ငါထင်တယ်။ သူတို့ရဲ့ အရည်အချင်းတွေကို ဖုံးကွယ်ထားတာဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့က သူမကို မသင်ပေးကြဘူးလေ။ တခြားအရာတွေကိုလည်း ဖုံးကွယ်ထားနိုင်တာပဲ။ ငါတို့ဂိုဏ်းချုပ်တွေကို သစ္စာဖောက်ခဲ့တဲ့ ငါတို့လိုလူတွေကို သူတို့က ဂရုစိုက်မယ်လို့နင်ထင်လား”

“…” လူအုပ်ကြီးက တိတ်ဆိတ်သွားတော့တယ်။

“ဒါ့အပြင် သူတို့တွေက ငါတို့ကို သံသယဝင်နေပြီးပြီ” ယွီဟုန်က သတိပေးလိုက်တယ်။

“ငါတို့ မြန်မြန်ထွက်သွားဖို့လိုတယ်။ အထက်ထျန်းလန်လောက ကနေ ငါတို့နောက်ကို လိုက်လာတဲ့လူတွေက သွားလောက်ပြီထင်တယ်။ လမ်းပေါ်မှာ အဲ့ဒီလူကိုရှာဖို့ ဒီအခွင့်အရေးကိုယူမယ်။ ပြီးရင် အလယ်ထျန်းလန်လောကကို ငါတို့ကို ခေါ်သွားခိုင်းရမယ်”

သူတို့အားလုံးခေါင်းညိတ်လိုက်တော့တယ်။

“အားလုံးပဲ နင်တို့ရောင်ဝါတွေကိုဖုံးကွယ်လိုက်ကြ။ ငါတို့ မိစ္ဆာဘုံမှာရှိနေတာ … မိစ္ဆာတွေကို မသိသွားစေနဲ့” ယွီဟုန်က သူတို့ရဲ့အစီရင်အခင်းအကျင်းကို စစ်ဆေးကြည့်ပြီးတော့ အမိန့်ပေးလိုက်တယ်။

“လမ်းပေါ်မှာ အဲ့ဒီလူကို ရှာတွေ့တာနဲ့ မင်ယင်တောင်ကိုရောက်ရင် ငါတို့လုံခြုံပြီ”

“ဒီတော့ နင်တို့တွေက ကြက်ကင်မိန်းကလေးကို သွားရှာနေတာလား” သူတို့နောက်ကနေ ရင်းနှီးနေတဲ့ အသံတစ်သံထွက်ပေါ်လာတော့တယ်။

“အဲ့ဒီမှာ ဘယ်သူလဲ” ယွီဟုန်က ထုတ်ဖော်ပြောလိုက်မိတော့တယ်။ ထိတ်လန့်သွားပြီးတော့ သူမဓားကို အလိုလို ဆွဲထုတ်လိုက်မိတာ … လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ သူမရှေ့က လူကို မှတ်မိသွားတော့တယ်။

“ဂိုဏ်းချုပ် ဘာ … ဘာကြောင့်များ ရှင် … ရှင်” သူတို့အားလုံးအမူအရာတွေပြောင်းလဲသွားပြီး တဖြည်းဖြည်းချင်း ဇဝေဇဝါတွေ ဖြစ်ကုန်ရောပဲ။ သူ ဘယ်အချိန် ဘယ်နေရာကနေ ရောက်လာတာလဲ။ ဘယ်လိုလုပ်သူတို့နားကနေ သူမကို သတိမပြုမိရတာလဲ။

“ရှင် … ဘယ်အချိန်က ပေါ်လာတာလဲ” ယွီဟုန်က စိတ်လေးသွားတော့တယ်။

“နင် …” ရှန်းရင်က စက္ကန့်ပိုင်းလောက်စဉ်းစားလိုက်တယ်။ “အဲ့ဒီယောက်ျားတွေက အသုံးမကျဘူးလို့ပြောတဲ့အချိန်က စပြီးတော့”

“ရှင် အားလုံးကြားလိုက်တာပဲ”

“ဟုတ်တယ်” ရှန်းရင်က သက်ပြင်းချလိုက်တယ်။ သူမဘေးက အခန်းကိုလက်ညှိုးထိုးပြီးတော့ အလေးအနက်ပြောလိုက်ရောပဲ။ “ရှောင်ဟုန် … နင်လေ ညနက်ကြီးတီးတိုးပြောချင်ရင် ငါ အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ ငါ့ ပြတင်းပေါက်အပြင်ဖက်မှာ ဆောင့်ကြောင့်ထိုင်ပြီး ငါ့ဘေးနား တီးတိုးလာပြောတာတော့ လက်မခံနိုင်ဘူးမလား” သူအိပ်နေတာလေ။ ဘယ်သူက ရှောင်ဟုန်လဲ။

“ဒါ … ဒါက ရှင့်အခန်းလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဟုတ်တယ်လေ … ငါ ဒီမှာနေနေတာ ရက်နည်းနည်းလောက်ရှိနေပြီ” ရှန်းရင်က အတည်ပြုပေးတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

“ရှင်က ခန်းမအနောက်ဖက်မှာ နေတာမဟုတ်ဘူးလား”

“ဪ … အဲ့ဒါက မီးဖိုချောင်လေ”

“မီး…” ဘယ်လိုအရူးမီးဖိုချောင်လဲ။

ဘယ်ဂိုဏ်းကများ သူတို့ရဲ့အနောက်ခြမ်းတစ်ခုလုံးကို သူတို့ရဲ့မီးဖိုချောင်အနေနဲ့ သုံးလို့လဲ။ ဘယ်လိုဂိုဏ်းမျိုးလဲ။

“အစ်မကြီးယွီဟုန် … ညီမတို့ ဘာလုပ်သင့်လဲ” စစ်ယွီက စိုးရိမ်ပူပန်ပြီး ယွီဟုန်ရဲ့အင်္ကျီလက်ကို ဆွဲလိုက်တော့တယ်။ သူတို့တွေက တိတ်တဆိတ်ထွက်ပြေးသွားဖို့ စီစဉ်ထားတာ … ဒါပေမဲ့ အခုပေါ်သွားပြီ။ ရှန်းရင်က ဓားသိုင်းကျင့်ကြံသူနှစ်ယောက်ကိုခေါ်လိုက်ရင် သူတို့ထွက်သွားနိုင်တော့မှာ မဟုတ်တော့ဘူး။

ယွီဟုန်ကလည်း အဲ့တာကို တွေးလိုက်မိတယ်။ သူမက ရှန်းရင်ကိုလှည့်ကြည့်ပြီးတော့ ရွေ့လျားမှုချိပ်သင်္ကေတတစ်ခုကိုချက်ချင်းထုတ်ဖော်လိုက်တယ်။ ပြီးတော့ ရှန်းရင် ရင်ဘတ်ဆီ ချိပ်သင်္ကေတနဲ့ ရိုက်ပြီးတော့ ပြောလိုက်တယ်။ “မိန်းကလေး … ကျွန်မ တောင်းပန်ပါတယ်”

သူက ကျန်တဲ့မိန်းကလေးနှစ်ယောက်ကို ဓားဆွဲထုတ်ဖို့ အချက်ပြလိုက်တယ်။ ရှန်းရင်ကို သူတို့နဲ့ ခေါ်သွားပြီး ဝူတိဂိုဏ်းကနေ သူတို့ဓားကို စီးပြီးထွက်လာတော့တယ်။

ရှန်းရင် “…” အမ်း … ငါ ရင်ဘတ်ကို တိုက်ခိုက်ခံလိုက်ရတာလား။

ယွီဟုန်က ရှန်းရင်ကို ဆွဲခေါ်လာပြီးနောက် ကျန်တဲ့မိန်းကလေးတွေကို ဆွဲခေါ်ပြီး မိစ္ဆာဘုံကနေ ဓားကို စီးပြီး ပျံသန်းလာတော့တယ်။ သူတို့တွေက အစွမ်းထက်တဲ့မိစ္ဆာတစ်ယောက်နဲ့ကြုံတွေ့မှာကို အစက စိုးရိမ်နေခဲ့တာ ဒါပေမဲ့ သူတို့ကံကောင်းတာပဲဖြစ်ရမယ်။ ခရီးတစ်ဝက်ရောက်တဲ့အထိ မိစ္ဆာတစ်ကောင်တစ်မြီးမှ မတွေ့ခဲ့ဘူး။ အရိပ်တချို့တွေ့ပေမဲ့ အဲ့ဒီအရိပ်တွေက သူတို့နဲ့ ဆန့်ကျင်ဖက်အရပ်ဆီသွားနေတာ။ အံ့ဩဖွယ်ကောင်းလောက်အောင်ပဲ သူတို့ခရီးစဉ်က တကယ်ချောမွေ့တယ်။

ဒီအတိုင်းပဲ ချောချောမွေ့မွေ့နဲ့ အထက်ထျန်းလန်လောကကို သွားနိုင်ခဲ့တာ။ ယွီဟုန်က အပေါ်အောက် ရှာကြည့်ပြီးတော့မှ သူမရဲ့ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ပြီးတော့ လက်သင်္ကေတတချို့ ထုတ်ဖော်လိုက်တယ်။ ကျောက်စိမ်းတံဆိပ်ပြားက ခဏတောက်ပလာပြီးတော့ ကောင်းကင်ထဲ သွားပြီး လေထုထဲပျောက်ကွယ်သွားတာ။

သူတို့အုပ်စုက စောင့်နေပြီး ခဏအကြာမှာပဲ အမျိုးသားအသံတစ်သံကိုကြားလိုက်ရတဲ့။

“မင်းတို့တွေက အောက်ဘုံကို သွားချင်တဲ့လူလား” ထောင့်ချိုးကနေ လူရွယ်လေးတစ်ယောက် ထွက်လာတယ်။ သူက ရွှေအမြုတေကျင့်ကြံတဲ့သူတစ်ယောက်ပဲ။ အနက်ရောင်ဝတ်ထားတာ။ သူ့ရဲ့မျက်လုံးတွေနဲ့ တစ်ဖွဲ့လုံးကိုစစ်ဆေးကြည့်လိုက်တယ်။

“အဟုတ်ပဲ” ယွီဟုန်က ဖြေပြီးရှေ့တိုးလာတယ်။ “ကျွန်မတို့ ဆွေးနွေးထားတဲ့အတိုင်းပဲ … ဝိညာဉ်ကျောက်တုံးတွေသယ်လာပြီးပြီ။ ဒီညအောက်ဘုံကိုသွားချင်တယ်။”

“မိစ္ဆာကျင့်ကြံသူတွေပဲ အောက်ဘုံကိုသွားတာမြင်ဖူးတယ်။ အောက်ဘုံကိုဝင်ချင်တဲ့ မသေမျိုးကျင့်ကြံသူတွေကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ” အဲဒီလူက ထေ့ငေါ့ ပြောလိုက်တော့တယ်။ ပြီးတော့ လူရေတွက်လိုက်ပြီးတော့ မျက်မှောင်ကျုံ့လိုက်တော့တယ်။

“ကိုးယောက်လို့ပြောခဲ့တာမဟုတ်ဘူးလား … ဘာကြောင့် တစ်ယောက်ပိုနေတာလဲ” ယွီဟုန်က တွေဝေသွားတော့တယ်။ သူမက ဘေးမှာရပ်နေတဲ့ ရှန်းရင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်တော့တယ်။

“သူက ကျွန်မရဲ့မိတ်ဆွေ … ကျွန်မတို့ကိုလိုက်ပို့တာ။ အလယ်ထျန်းလန်လောကဆီကို ကျွန်မတို့နဲ့ လိုက်မှာ မဟုတ်ဘူး”

“ဒီအကြောင်း တခြားသူတွေကိုပြောပြလိုက်တယ်ပေါ့” အဲ့ဒီလူက ဒေါသထွက်သွားပြီး ချက်ချင်း သူ့လက်နက်ကို ဆွဲထုတ်လိုက်တယ်။ သူက အားလုံးကို တိတ်တိတ်နေခိုင်းလိုက်တော့တယ်။ “ဒီအကြောင်း ဘယ်သူ့မှ သိလို့မရဘူး”

“နေဦး … “ ယွီဟုန်က အံကြိတ်ပြီးတော့ ရှန်းရင်ရှေ့မှာရပ်လိုက်တော့တယ်။

“သူ ဘာမှမသိဘူး။ ကျန်တဲ့သူတွေကို သူ တစ်ခွန်းမှမပြောဘူးလို့ ကျွန်မ ကတိပေးတယ်။ ကျွန်မ … ကျွန်မတို့တွေ ဝိညာဉ်ကျောက်တုံးပိုပေးမယ်လေ” သူမက အိတ်ထဲကနေ ဝိညာဉ်ကျောက်တုံးထုတ်ပြီးတော့ ကမ်းပေးလိုက်တယ်။

အဲ့ဒီလူက ရပ်တန့်လိုက်ပြီး အိတ်ကိုလက်ခံလိုက်တာ … အထဲမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေကို စစ်ဆေးကြည့်လိုက်တယ်။ ဒီတော့မှ သူ့အမူအရာကပြေလျော့သွားတော့တာ … သူက စုပ်သပ်ပြီးတော့ပြောလိုက်တယ်။ “ဟန့် … ဝိညာဉ်ကျောက်တုံးအပိုတစ်အိတ်ကြောင့် ဒီတစ်ခေါက်မင်းတို့ကို အလွတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ဆိုတာမရှိတော့ဘူး” သူက သတိပေးတဲ့အနေနဲ့ပြောပြီးတော့ ရှန်းရင်ကို အထက်အောက်စုံကြည့်လိုက်တယ်။ “မင်း သိတဲ့အတိုင်းပဲ … မင်းဆွေမင်းမျိုးမိသားစုတွေနဲ့ အမတဂိုဏ်းတွေက မင်းတို့ကို အောက်ဘုံကို ငါ ခေါ်သွားပေးတဲ့အကြောင်းရှာတွေ့သွားရင် ငါတို့ အားလုံး ဒုက္ခခံရမှာ”

“ကျွန်မတို့ သိပါတယ်” ယွီဟုန်က ခေါင်းညိတ်လိုက်တယ်။ “ဒီတော့ တာအိုရောင်းရင်း … အောက်ဘုံကို ကျွန်မတို့အခုသွားလို့ရပြီလား”

“အခုလား …” သူက အူလှိုက်သည်းလှိုက်ရယ်မောတော့တယ်။

“နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်တွေပဲ လေဟာနယ်ကို ဆုတ်ဖြဲနိုင်တာ … ငါက အဲ့လောက် အရည်အချင်းမရှိဘူး။ လောကနှစ်ခုကိုဆက်ထားတဲ့ အစီအရင်အခင်းအကျင်းက ဒီမှာမဟုတ်ဘူး။ ငါ့နောက်လိုက်ခဲ့” သူက ညာဖက်ကိုလှည့်သွားပြီး ဆက်လျှောက်သွားတော့တယ်။

ယွီဟုန်က တွေဝေနေတယ်။ သူမက တခြားမိန်းကလေးတွေကို လှည့်ကြည့်ပြီးတော့ သူ့နောက်လိုက်ဖို့ဆုံးဖြတ်လိုက်တော့တယ်။

“ကျေးဇူးပါ တာအိုရောင်းရင်း”

တကယ်ပဲ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်တွေပဲ လေဟာနယ်ကို ဆုတ်ဖြဲပြီး ဘုံနှစ်ခုကြားက လမ်းကြောင်းကိုဝင်နိုင်တာ။ အောက်ဘုံကိုသွားဖို့လူတိုင်းက ယင်မိသားစုရဲ့ နေရာရွေ့ပြောင်းခြင်းအစီအရင်ကနေပဲ သွားရတာ။ ဒါပေမဲ့ သူတို့မိန်းကလေးတစ်စုအတွက် မိစ္ဆာဘုံကို ဖြတ်ကျော်ဖို့ဆိုတာက ခက်ခဲလွန်းနေပြီ။ ပြီးတော့ယင်မိသားစုက အောက်ဘုံက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူတွေကို စုဆောင်းဖို့အတွက် သူတို့အစီအရင်ကို အသုံးပြုတာ။ ဒါ့အပြင် ယင်မိသားစုနဲ့ ယွီမိသားစုကြားက ဆက်ဆံရေးအရ ယင်မိသားစုက သူမကို သူတို့ရဲ့နေရာရွေ့ပြောင်းရေးအစီအရင်ဘယ်တော့မှ သုံးခွင့်ပေးမှာမဟုတ်ဘူး။

သူမက အကြာကြီးစောင့်ပြီးတော့ အထက်ထျန်းလန်မြို့မှာ ဘုံနှစ်ဘုံကြားလူတွေကို ပို့ဆောင်ပေးတဲ့ စီးပွားရေးတစ်ခု ကျင့်ကြံသူတစ်ယောက်တည်ထောင်ထားတာကို ကြားလိုက်ရတယ်။ ဒါ့ကြောင့် သူမ ဒီကိုရောက်လာတာပဲ … သူမ ဒုက္ခခံခဲ့ရတာ ကြာပြီ။ ပင်ပင်ပန်းပန်းတိုက်ခိုက်ခဲ့ရတာ နောက်ဆုံးတော့မျှော်လင့်ချက်ရှိလာပြီလေ။

ရှန်းရင်ကို တောင်းပန်တဲ့အကြည့်ကြည့်လိုက်ပြီးတော့ ပြန်ပို့ပေးဖို့ဆုံးဖြတ်လိုက်တယ်။ သူမက အသံတိုးပြီးတော့ ပြောလိုက်တယ်။

“စိတ်မပူနဲ့ … ကျွန်မတို့ရှင့်ကိုထိခိုက်အောင်မလုပ်ဘူး။ ကျွန်မတို့ရှင့်ကို အစီအရင်အခင်းအကျင်းထဲ ရောက်ပြီဆိုတာနဲ့ အကြောပိတ်ချိပ်သင်္ကေတကို ဖယ်ပြီး ရှင့်ကို လွှတ်ပေးမယ်”

“…”

ဟမ် … အကြောပိတ်ချိပ်သင်္ကေတကဘာလဲ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset