FAKE

အပိုင်း (၁၉-၂၀)

အပိုင်း ၁၉

ဟော့ပေါ့ စားပြီးတဲ့ အချိန်မှာတော့ အန်းရန်ဟာ သူ့မိသားစုရဲ့ သဘောထား တော်တော်များများကို နားလည်သွားခဲ့တယ်။

တကယ်တော့ သူမအဖေက ငွေတွေကို မက်မောနေတဲ့ မကောင်းဆိုးဝါးကောင် လိုပဲ။ သူမအမေလည်း သူမအဖေလို တစ်ပုံစံတည်းပါပဲ။ ပြီးတော့ ဆွေမျိုးတွေကလည်း သူတို့ကို အကြွင်းမဲ့ ကူညီခဲ့ကြတယ်။

သူမရဲ့ အဒေါ်ကတော့ ရူးနေတဲ့ နတ်ဆိုးပဲ။ သူမရဲ့မောင်ပြောသမျှတွေ အကုန်မှန်တယ် ထင်တယ်။ သူမရဲ့မောင်က အရမ်းတော်လွန်းလို့ သူမက ကောင်းတာမှန်သမျှကို သူမမောင်နဲ့ သူ့မိသားစုကို ပေးနေခဲ့သလိုပါပဲ။

အမ်၊သူမရဲ့ ဦးလေးကတော့ သတ္တိနည်းသူတစ်ယောက်ပေါ့။ သူရဲ့ဂရုမစိုက်တဲ့ ဇနီးက သူ့ကိုပဲ အရာရာ ထိန်းချုပ်ထားခဲ့တယ်။ သူဟာ ဟော့ပေါ့ဆိုင်ပိုင်ရှင် ဖြစ်ပြီး ဒီဟော့ပေါ့ဆိုင်ရဲ့ အဓိက စားဖိုမှူးတစ်ယောက် ဖြစ်ပေမဲ့လည်း သူ့မှာ ဂုဏ်ကျက်သရေဆိုတာ မရှိခဲ့ဘူး။

သူက သူ့ဇနီးပြောတာမျှကို မတွန်းလှန်နိုင်ခဲ့ဘူး။

ဒါ့အပြင် ငွေကို မက်မောနေတဲ့ မကောင်းဆိုးဝါး သူမမိဘတွေက ဟော့ပေါ့ဆိုင်မှာ အလုပ်မလုပ်ပေမဲ့လည်း အခြေခံ လစာအဖြစ် တစ်လကို ယွမ် ၅,၀၀၀ ရနေခဲ့တယ်။

“အစ်မ၊ ကျွန်တော်တို့ ရန်ရန်လေးက သနားဖို့ကောင်းတယ်။ သူမရဲ့ မွေးစားမိဘတွေက ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းက ဆိုတော့ သူမကို ချမ်းသာတဲ့ ဘဝမျိုးမှာ ထားခဲ့ကြတယ်။ အခုသူမက ကျွန်တော်တို့အိမ်ကို ပြန်လာတဲ့အခါမှာတော့ သူမရဲ့ ပစ္စည်းတွေကို ထားဖို့ နေရာ ကျွန်တော်တို့အိမ်မှာ မရှိဘူး”

“ဟုတ်တယ် အစ်မ၊ ကျွန်မလည်း ရန်ရန်အတွက် စိတ်သောက ရောက်နေရတယ်။ သူမက ဘယ်လို ချမ်းသာတဲ့ ဘဝမှာပဲနေခဲ့ရပါစေ။ အခုတော့ ကျွန်မတို့အိမ်ကို ပြန်ရောက်လာပြီလေ။ ဒါက နတ်ပြည်ကနေ ငရဲကို ဆင်းလိုက်ရတာနဲ့ အတူတူပါပဲ”

“ဒါကြောင့် အစ်မ၊ အစ်မရဲ့ ချစ်တူမလေး နေရတာ သက်တောင့်သက်သာ ဖြစ်ဖို့ ဒီအိမ်ကို ရောင်းပြီး ပိုကြီးတဲ့ အိမ်နဲ့ အစားထိုးလိုက်မယ်။ ကြည့်”

အန်းရန်ဟာ သူမအဒေါ်ဆီကနေ ငွေတွေကို တောင်းနေပြန်တဲ့ သူမမိဘတွေကို ကြည့်နေရင်း ဆိုးဆိုးဝါးဝါးပဲ ခံစားနေခဲ့ရတယ်။

အထူးသဖြင့် သူမ အဲဒါကို သိလိုက်တဲ့ အခါ သူမအဒေါ်က သူတို့ကို ငွေချေးဖို့ လုပ်နေခဲ့ပြီ။

သူမအဒေါ်က နဖူးတွန့်လိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ ပြောခဲ့တယ်

“ငွေက ဘယ်လောက် လိုနေတာလဲ။ ဟော့ပေါ့ဆိုင်ရဲ့ စီးပွားရေးက ဒီတစ်လော အဆင်မပြေဘူး။ ဒါကြောင့်မို့ အစ်မက မင်းတို့ကို အများဆုံး ယွမ်တစ်သိန်းခွဲပဲ ပေးနိုင်မယ်”

“တစ်သိန်းခွဲလား၊ အဲဒါက နည်းနေပေမဲ့ လုံလောက်ပါတယ်”

အန်းဖူကွေ့ဟာ ဒါက သူ့အစ်မက သူတို့ကို ပေးနိုင်တဲ့ အများဆုံး ပိုက်ဆံဆိုတာကို သိတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။

တော်တော်လိုက်ဖက်တဲ့ နှစ်ယောက်ပဲ။

အန်းရန်ဟာ မယုံနိုင် ဖြစ်သွားတယ်။

ဒါက သူမဘဝမှာ အရှက်မရှိတဲ့လူကို ပထမဆုံးတွေ့ဖူးခြင်း ဖြစ်သည်။ ပြီးတော့ အဲ့အရှက်မရှိတဲ့ သူကလည်း သူမအဖေတဲ့။

ရုတ်တရက် အန်းရန်ဟာ သူမနံဘေးကနေ သတ္တိနည်းတဲ့ အမျိုးသမီး တစ်ဦး ရဲ့ အသံကို ကြားလိုက်ရတယ်။ “ဒါပေမဲ့ အမေ၊ အမေပဲ အဲဒါက သမီး ကောလိပ်တက်ရင် သုံးဖို့ဆို..”

အန်းရန်ဟာ သူမထက်သုံးနှစ်ငယ်တဲ့ ပန်းရောင်မျက်နှာလေးနဲ့ ကျောက်ထျန်းထျန်းကို ကြည့်လိုက်တယ်။ သူမအသံက ခြင်အော်သံနဲ့ တူနေပြီး သူမပုံစံက ကူကယ်ရာမဲ့နေတဲ့ပုံ ဖြစ်နေတယ်။

“သမီး ကောလိပ်ကို မသွားခင် ၁နှစ် အချိန်ရသေးတယ်လေ။ သမီး ကောလိပ်ကို သွားမဲ့အချိန် ငွေ အလုံအလောက် ရှိလာမှာပါ”
19 02
အန်းရှန်နန်က သူ့သမီးကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မပူစေဖို့ စကားအနည်းငယ် ပြောလိုက်တယ်။

ပိုက်ဆံ ချေးပေးရတော့မယ်ဆိုတာ သိသာနေပါတယ်။

ဒါကြောင့် ကြောက်တတ်ပြီး သူရဲဘောကြောင်တတ်တဲ့ ကျောက်ထျန်းထျန်းဟာ စိုးရိမ်နေခဲ့တယ်။

သူမ အဆင့်တွေက မကောင်းတဲ့အတွက် ငွေသာပိုသုံးမယ်ဆိုရင် ကောလိပ်တော့ သွားနိုင်မယ်ဆိုတာ သူမသိနေခဲ့တယ်။

ဒါကြောင့် အလျင်စလိုနဲ့ သူမက သူမ မပြောရဲဘူးလို့ ထင်တဲ့အရာကို ပြောမိလိုက်တယ်။ “ဒါပေမဲ့၊ သမီးတို့ ငွေတွေနဲ့ ဦးလေးတို့ကို အိမ်ဝယ်ပေးမှာတော့ မဟုတ်ဘူးမလား”

ပြောလိုက်ပြီ။ သူတို့ရဲ့အိမ်… မဟုတ်ဘူး။ သူမ မိဘတွေက ဝယ်ပေးခဲ့တာ။

“အစ်မ၊ အစ်မ သမီးက ဘာကို ဆိုလိုချင်တာလဲ”

“ဟုတ်တယ်၊ အစ်မကြီး။ အစ်မရဲ့သမီးက ကျင့်ဝတ် မရှိဘူး။ အကြီးတွေ စကားပြောနေတာကို ဘယ်လိုတောင် ဝင်ပြောရဲရတာလဲ”

သူမရဲ့ မိဘတွေမျက်နှာဟာ ချက်ချင်းပြောင်းလဲ သွားခဲ့တယ်။ သူတို့ရဲ့ အရှက်မရှိတဲ့ စကားတွေကြောင့် အန်းရန်ဟာ သူရဲ့ မြင့်မြတ်လှတဲ့မိဘတွေကို ကြည့်ပြီး မလှုပ်ရှားနိုင် ဖြစ်သွားတာကို ခံစားလိုက်ရတယ်။

သူမရဲ့ မိဘတွေနဲ့ နှိုင်းယှဉ်ကြည့်တော့ သူ့အဒေါ်ရဲ့ သဘောထားက သူမကို အတုန်လှုပ်ဆုံး ဖြစ်စေခဲ့တယ်။

သူ့ဦးလေးကလည်း တစ်ချိန်လုံး သောက်လိုက် စားလိုက်သာ လုပ်နေပြီး ကြားဝင် ဖြန်ဖြေခြင်းတောင် မလုပ်ခဲ့ဘူး။ သူက သူ့ဇနီးပြောတာကို ဘာထင်မြင်ချက်မှ မပေးခဲ့ဘူး။

သူက တစ်ချိန်လုံး ရှိတောင်ရှိမနေခဲ့တဲ့ နောက်ခံပိတ်ကား တစ်ချပ်လိုသာ ဖြစ်နေခဲ့တယ်။

သူ့သမီးရဲ့ ကောလိပ်ပို့ဖို့ ငွေတွေကို သူ့အမျိုးသမီးက သူ့မောင်ကို ချေးပေးဖို့ လုပ်တာလည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူး။

သူဟာ ငြိမ်ငြိမ်လေးနေပြီး မြေပဲတွေကိုသာ စားနေခဲ့တယ်။

သူ့သမီးကို သူ့ဆွေမျိုးတွေက အနိုက်ကျင့်နေခဲ့တာတောင်မှ ဘာမှ မပြောခဲ့ဘူး။

“အန်း..၊ ရှောင်လီ။ စိတ်မပူပါနဲ့။ အစ်မက မင်းတို့ကို ပိုက်ဆံ ချေးပေးမှာပါ”

အန်တီက စိတ်မဆိုးတဲ့အပြင် အရှက်မရှိ မျက်နှာပြောင်တဲ့ သူမရဲ့မိဘတွေကိုတောင် နှစ်သိမ့်ပြောဆိုဖို့ သူမခေါင်းကို လှည့်ပြီး ပြောပြနေခဲ့တယ်။ အန်းရန်က ထပ်မံပြီး သည်းမခံနိုင်တော့ဘူး။

သူမသာ ဘာမှ မပြောဘူးဆိုရင် သူမရဲ့ဘေးနားက မိန်းကလေးအပေါ် အမှားလုပ်မိသလို ဖြစ်နေလိမ့်မယ်။

“အဖေ၊ အမေ၊ အန်တီ၊ သမီးက အိမ်အကြီးကြီးမှာ နေဖို့ မလိုအပ်ပါဘူး။ ဒီအိမ်က တော်တော် ကောင်းနေပါပြီ။ အန်တီလည်း ထျန်းထျန်းအတွက်ပဲ ငွေစုပေးလိုက်ပါ”

အန်းရန်က တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်ပြီး သူမရဲ့ချိုသာလှတဲ့အသံနဲ့ ခိုင်ခိုင်မာမာ ပြောလိုက်တယ်။

အန်းရန်ရဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့ အချိန်မှာ လူတိုင်းက အံ့အားသင့်သွားကြတယ်၊ အထူးသဖြင့် ကျောက်ထျန်းထျန်း။

အတိတ်မှာတုန်းက သူမဦးလေးက သူတို့မိသားစုဆီက ငွေတွေကိုသာ ဂုတ်သွေးစုပ်နေခဲ့တာ။ သူမရဲ့ အရင်က အစ်မဝမ်းကွဲ၊ ရော့ရော့ ဆိရင် ဘာတစ်လုံးမှ ဝင်မပြောတဲ့အပြင် ပျံ့တန့်တန့် နံ့တန့်တန့် လုပ်ပြီးတောင် သူမအမေဆီက ငွေတွေကို တောင်းခဲ့သေးတာ။

ဒါကြောင့်မို့ သူမရဲ့ဝမ်းကွဲအစ်မအသစ်ဆီက ငွေ မလိုအပ်ဘူး ဆိုတာကို ကြားတော့ ထျန်းထျန်းက ငိုဖို့မေ့သွားပြီး ရှော့ခ်ရသွားခဲ့တယ်။
19 03
“သမီး၊ သမီးအတွက် တော်တော်မှားနေပြီ။ သမီး ပစ္စည်းတွေကို ထားဖို့ လုံခြုံတဲ့နေရာ အမေတို့အိမ်မှာ မရှိဘူး”

“ထားဖို့နေရာမရှိရင်၊ သမီးတို့ အဲဒါတွေကို မလိုအပ်ဘူး”

“ဒါပေမဲ့ အဲဒါတွေက စျေးကြီးတယ်လေ”

“သမီး မလိုအပ်ဘူး”

“ဒါပေမဲ့ ရန်ရန်၊ အဖေနဲ့ အမေက သမီးကို အမှားမလုပ်စေချင်ဘူး “

“သမီး အမှားလုပ်မိတယ်လို့ မခံစားရဘူး”

“သမီး စိတ်အေးလက်အေး နေလို့ရပါတယ်။ အန်တီရဲ့မိသားစုက ငွေတွေ ရှိပါတယ်”

“အန်တီ့မှာ ငွေရှိတယ်ဆိုရင် အဲဒါက အန်တီတို့မိသားစုရဲ့ ကိုယ်ပိုင် ပိုက်ဆံလေ။ သမီးရဲ့မိဘတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး”

…..
20 01
အပိုင်း ၂၀

အန်းရန်ဟာ အပြုံးလေးနဲ့ပဲ လူတိုင်းရဲ့ စကားလုံးတွေကို တွန်းဖယ်လိုက်တယ်။ ကျောက်ထျန်းထျန်းသာမက နောက်ခံပိတ်ကားလိုမျိုး ပြုမူနေတဲ့ သူမရဲ့ ဦးလေးကလည်း အံ့သြသွားခဲ့တယ်။ သူလည်း ခေါင်းငုံ့ပြီး မြေပဲ စားနေခြင်းကို ရပ်တန့်လိုက်တယ်။

ကျောက်ထျန်းထျန်း၊ ကျောက်ရှန်းကော : ဒီတူမဝမ်းကွဲက တကယ် သဘောထား ပြည့်ဝတာပဲ။

“အဖေ၊ အမေ၊ အန်တီ၊ သမီးကို ချစ်တယ်ဆိုတာ သိပေမဲ့ သမီးကို အမှားမလုပ်စေချင်ပါနဲ့။ သမီးက အန်တီတို့ တွေးထားသလိုမျိုး အားမနည်းပါဘူး”

သူမဟာ သူမရဲ့လက်သီးကို ရမ်းပြလိုက်တာက။ သူမရဲ့ သေးသွယ်ပိန်ပါးတဲ့ လက်မောင်းက အဲလို လုပ်လိုက်တဲ့အခါ အရမ်း ချစ်စရာကောင်းတယ်။

အခန်းထဲမှာရှိတဲ့ လူတိုင်းက မပြုံးပဲ မနေနိုင်ခဲ့ကြဘူး။

“ဒါကြောင့် အဖေနဲ့အမေ၊ သမီးတို့အိမ်ကို ပြောင်းဖို့ အလျင်စလို မလုပ်ပါနဲ့။ အဲလိုလုပ်မယ်ဆိုရင် အဖေတို့ ငွေရှာပြီးမှ အိမ်ပြောင်းရမယ်။ အဲလိုမှ မဟုတ်ရင်တော့ သမီးကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရလိမ့်မယ်”

ဒီလိုမိသားစုမျိုးကို အန်းရန် တစ်ခါမှ မတွေ့ဖူးပေမဲ့ သူတို့မိသားစုရဲ့ စိတ်မှာ အရိုးထဲထိ စွဲနေတဲ့ အခြေအနေကိုလည်းပဲ သိနေခဲ့တယ်။ သူမက ဘာတွေပြောနေပါစေ သူတို့က နားလည်လာမှာ မဟုတ်ဘူး။

ဒါကြောင့် သူမက ရှင်းရှင်းလင်းလင်း ပြောမနေတော့ဘဲ အရိုးရှင်းဆုံးနဲ့ ရိုင်းသလိုတော့ ဖြစ်ပေမဲ့ သူမရဲ့ဆန္ဒတွေကို ပြောပြခဲ့တယ်။

သူမရဲ့မိဘတွေက သူမအပေါ် အပြစ်ရှိတဲ့စိတ်နဲ့ ကြင်နာတတ်တဲ့စိတ်ထား ရှိနေတဲ့အတွက် သူမပြောတာကို ငြင်းပယ်မှာ မဟုတ်ပါဘူး။

သူမရဲ့ ထင်မြင်ချက်တွေက လုံးဝ မှန်ကန်နေခဲ့တယ်။

အန်းရန်ရဲ့ စကားလုံးတွေကို ကြားပြီးတဲ့အခါမှာတော့ အန်းဖူကွေ့နဲ့ လင်းလီဟာ ပိုကြီးတဲ့အိမ် ဝယ်ဖို့ ပိုက်ဆံ ချေးယူမဲ့အကြောင်း ပြောနေတာ ရပ်တန့်သွားခဲ့တယ်။

ပြီးတော့ သူမရဲ့မောင်ကို ကူညီဖို့လုပ်နေတဲ့ သူရဲ့အဒေါ်လည်း ပုံမှန်ပြန်ဖြစ်လာခဲ့တယ်။

“မမအန်းရန်၊ အိမ်အကြီးကြီးမှာ မနေချင်ဘူးလား”

ခုနတုန်းက အန်းရန်က ကူညီလိုက်တာကြောင့် လူစိမ်းတွေနဲ့ စကားမပြောရဲတဲ့ ရှက်တတ်တဲ့ ထျန်းထျန်းဟာ သူမကို စကားစပြောလာခဲ့တယ်။

“အဲဒါကို စဉ်းစားဖို့ မမမှာ ငွေ မရှိဘူးလေ”

အန်းရန်ဟာ အိမ်အကြီးကြီးမှာ နေချင်ပါတယ်။ အရိုးသားဆိုရမယ်ဆို အိမ်အကြီးကြီးမှာ မနေချင်တဲ့သူ ဘယ်သူရှိမှာလဲ။

ဒါပေမဲ့ သူမက အောက်ဆုံးအဆင့်ကို ရောက်နေပြီလေ။

သူမက သူမရဲ့ ဆန္ဒတွေကို ပြည့်ဝဖို့ တခြားသူတွေအပေါ် အခွင့်အရေးမယူနိုင်ဘူး။ အထူးသဖြင့် သူမအပေါ် တကယ်ကို ကြင်နာပြီး ဖော်ရွေတတ်တဲ့သူတွေပေါ့။

သူမရဲ့အန်တီ အန်းရှန်းနန်ဆိုရင် သူမအပေါ်ကို သူ့သမီးအရင်းလိုမျိုး ဆက်ဆံခဲ့တယ်။

ဒါကြောင့်မို့ သူမက ကြားဖြတ်ပြောဖို့ လိုအပ်လာပြီလို့ ခံစားခဲ့ရတာ။ ကမ္ဘာမှာ ပုံမှန်ဆိုတာ ဘာလဲဆိုတဲ့ အတွေးအခေါ်ကောင်းတစ်ခုကို သူမရဲ့ မိဘတွေကို သင်ကြားပေးရမယ်။

အန်းရန်ဟာ အကူအညီမဲ့နေတဲ့ နေမကောင်းတဲ့ လူတစ်ယောက်နဲ့ တူပေမဲ့ နူးညံ့ပြီး ကြင်နာသနားတတ်တယ်။ ဒါပေမဲ့ သူမပြောသမျှတွေ၊ လုပ်သမျှတွေက အရမ်းမိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ်ကနေ ရောင်ဝါတွေ ထွက်နေသလိုပဲ။ ကျောက်ထျန်းထျန်းဆိုရင် ချက်ချင်းပဲ သူမရဲ့နှလုံးသားကို အနိုင်ယူခြင်း ခံလိုက်ရတယ်။

သူမရဲ့ဝမ်းကွဲ ညီမက အရမ်းလှပြီး ချစ်စရာကောင်းတော့ အန်းရန်က သူမကို အရမ်းသဘောကျခဲ့တယ်။

အန်းရန်ဟာ သူမကိုကြည့်နေတဲ့အချိန်ဆို ကျောက်ထျန်းထျန်ူရဲ့ မျက်လုံးတွေက တောက်ပနေခဲ့တယ်။ သူမရဲ့ အရင်ဘဝကို ဝိုးတိုးဝါးတား ပြန်မြင်လိုက်ရသလို ခံစားလိုက်ရတော့ သူမရဲ့ ဆံပင်ကို အသာအယာလေး ထိလိုက်တယ်။

သူမက ဘယ်နေရာမှာပဲ ဖြစ်နေပါစေ၊ ကူးပြောင်းလာတဲ့အချိန် ဘယ်သူပဲဖြစ်နေပါစေ သူမက ချစ်စရာကောင်းနေဆဲပါပဲ။

သူမရဲ့ ဆံပင်ကို ထိနေတဲ့ အန်းရန်ဟာ နည်းနည်းတော့ မှားနေပြီဆိုတာ ခံစားလိုက်ရတယ်။
20 02
သူမဆံပင်ထုထည်က နည်းနည်း နည်းနေသလိုပဲ။

သူမ အိမ်ကို ပြန်ရောက်တဲ့အခါမှာတော့ စနစ်ထဲကို ဝင်ရောက်ဖို့ မစောင့်နိုင်တော့ဘူး။

နေ့စဉ်တာဝန်ထဲက နှစ်ခုကို လုပ်ပြီးတဲ့အချိန်မှာတော့ သူမဟာ စာလေ့လာခြင်းအမှတ် ၂၀၀ကို ရရှိခဲ့တယ်။

တံခါးမကြီးကို ပိတ်ပြီးတဲ့အခါ အန်းရန်ဟာ တုံ့ဆိုင်းခြင်းမရှိပဲ

အံဝှက်ကို နှိပ်လိုက်တယ်။

(အမျိုးအစား: ဥက္ကဋ္ဌရဲ့ အမှောင်စက်ဝန်းမှာ ပါရှိတဲ့ တိုင်းပြည်ရတနာအမျိုးအစား ဖြစ်တဲ့ ဖြူဝင်းတဲ့မျက်လုံး

မိတ်ဆက်: တစ်ခါအသုံးပြုနိုင်ခြင်း။

အသုံးပြုသူမှာ အမေရိကန်လူမျိုးနဲ့ဆိုင်တဲ့ ရတနာနဲ့ နှိုင်းယှဉ်လို့ရတဲ့ အမှောင်စက်ဝန်းတစ်စုံ ရှိရပါမယ်။ ပြီးတော့ အသုံးပြုနိုင်တဲ့ အချိန်ကာလကတော့ ၂၄နာရီပါ။ ဖြစ်နိုင်တာကတော့ တိုင်းပြည်ရတနာအဆင့်အတန်း ကံတရား ရှိရမယ်။ ကျပန်းရွေးချယ်မှု )

သူမရဲ့စနစ်က ထုတ်ကုန်အတု ဖြစ်ရမယ်။

…..

FAKE
Author: FAKE
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

豪门假千金她跑路啦
Score 7
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အကျဥ်းချုပ်။ အန်းရန်သည် စောစောသေဖို့ ကံဇာတာပါလာတဲ့ အမျိုးသားဇာတ်ဆောင်ရဲ့အချစ်ဦးအဖြစ် ကူးပြောင်းခဲ့တယ်။ သူမရဲ့သတ္တိ အားနည်းခဲ့တယ်။ သူမဟာဆိုရင်ဖြင့် မိသားစုက မြေတောင်မြှောက်ပေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့တဲ့ သနားစရာကောင်းတဲ့ အလှတရားလေးတခုပါ။ သူမက ရှန်းမိသားစုရဲ့ ပုလဲလေးပါ။ဒါပေမဲ့ သူမက အမှားတွေအများကြီး လုပ်မိခဲ့လို့ နှမြောစရာပါဘဲ။ အမျိုးသမီးဇာတ်ဆောင်အစစ် ပြန်ရောက်လာတဲ့အခါမှာ သူမရဲ့အနာဂတ် အိမ်မက်တွေကော၊ သူမရဲ့ဘဝကောပါ အလွန်စိတ်ပျက်စရာ ကောင်းလှပါတယ်။ သူမက ဗီလိန်အတုဖြစ်ပြီး အမြောက်စာဇာတ်ကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ အန်းရန်ဟာ ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းသွားခဲ့တယ်။ ငါ ကြိုးစားလေ့လာပြီး နေ့ရက်တိုင်းမှာ လှပနေစေရမယ်။ အမျိုးသမီးဇာတ်ဆောင်ကို ဂရုစိုက်နေဖို့ ငါ့မှာ အချိန်မရှိဘူး။ သိမ်သိမ်မွေ့မွေ့ရှိတဲ့ အန်းရန်က ဆင်းရဲသားရပ်ကွက်က မိသားစုဆီပြန်လာခဲ့ရတာကို သနားစရာကောင်းတယ်လို့ လူတိုင်းက ခံစားခဲ့ကြရတယ်။ သူမရဲ့ တစ်ဘဝလုံးကို ရွံ့ထဲတွင် ကုန်ဆုံးရတော့မယ်။ သူမရဲ့မိဘတွေက ရက်စက်ကြမ်းကြုတ်ပြီး ပိုက်ဆံမက်တဲ့သူတွေလို့ ဘယ်သူကထင်မှာလဲ။ [သူမရဲ့အဓိကတာဝန်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျော်လွှားပြီး ထိပ်တန်းကျောင်းသားဘွဲ့ဖြင့် နိုင်ငံအတွင်းရှိတဲ့ အကောင်းဆုံးကောလိပ်ကို ဝင်ရောက်တက်ခွင့်ရရန်ဖြစ်ပြီး ပိုပြီးအရေးကြီးတာက ပို၍လှပလာသော ဆုများကို ရရှိရန်ဖြစ်တယ်။] နှစ်သက်စရာအကောင်းဆုံး အလှတရား ဖြစ်တဲ့ သူမရဲ့မျက်နှာက သူမ၏အသက်သွေးကြော ဖြစ်တယ်လို့ အန်းရန်က ပြောတယ်။ သူမရဲ့ အလကားအဖြစ် မှတ်ယူခြင်းခံရတာကို ကယ်တင်နိုင်မှာ ဖြစ်တယ်။  #####   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset