အပိုင်း ၁၇
“ဒါပေမဲ့ အဖေတို့က သမီး စာမလုပ်ချင်ရင်တောင်မှ မြို့ထဲမှာရှိတဲ့ အကောင်းဆုံးကျောင်းရဲ့ အဓိက အတန်းမှာ တက်နိုင်ဖို့ စီစဉ်ပြီးသွားပြီ”
လင်းလီဟာ အန်းရန်ကို ပထမဆုံးမေးခဲ့တဲ့ ကုတင်ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်နေခဲ့တယ်။
ရှန်းမိသားစုရဲ့ နာမည်ကြီးစုံတွဲက သူတို့သမီးအရင်းတွေအတွက် အကောင်းဆုံးတွေကိုပဲ လုပ်ပေးတာ ဖြစ်ရမယ်။
အလယ်တန်းကျောင်း (၁)က ဒီမြို့မှာရှိတဲ့ အကောင်းဆုံး အဘယ်တန်းကျောင်း ဖြစ်သည်။ ပညာရေးကောင်းတဲ့ ကျောင်းသားအများစုက ဒီကျောင်းမှာပဲ တက်ကြသည်။
ကျောင်းသားအုပ်စုတွေမှာ အဓိက အတန်းနဲ့ ဆုရအတန်းတွေက ဝင်နိုင်ဖို့က အရမ်းခက်တယ်။
တစ်ယောက်ယောက်က အဲ့အတန်းတွေကို တက်နိုင်ဖို့ဆိုရင် စာအရမ်းကြိုးစားမှရမယ် ဒါမှမဟုတ်ရင် သူ့မိသားစုက နောက်ခံကောင်းရမယ် အဲလိုမှ မဟုတ်ရင်တော့ စျေးကြီးတဲ့ ကျောင်းလခတွေကို ပေးနိုင်မှပဲ ရမှာပါ။
ဒီအချိန်မှာတော့ သူတို့သမီး အန်ရန်ဟာ အမှတ်ကောင်းပြီး အဆင့် ၁ ကနေ ၁၀ အတွင်းဝင်ရင်တောင်မှ အဓိက အတန်းကို တက်နိုင်ဖို့ဆိုတာ မသေချာပါဘူး။
အဆုံးမှာတော့ သူတို့ဟာ အန်းရန်ကို မြို့ထဲမှာရှိတဲ့ ဒုတိယအကောင်းဆုံး အလယ်တန်းကျောင်းကို ပို့ပြီး အဲ့ကျောင်းရဲ့ အဓိက အတန်းမှာ တက်ခိုင်းဖို့ကိုပဲ ရွေးချယ်လိုက်ကြတယ်။
ဒါကြောင့်မို့ အကောင်းဆုံးကျောင်းတွေရဲ့ အတော်ဆုံး အတန်းတွေကြား ပြိုင်ပွဲဟာ ဘယ်လောက် ရက်စက်ကြမ်းကြုတ်လဲဆိုတာ သိနိုင်တယ်။
ကျောင်းစာတွေမှာ မတော်တဲ့ သူမတို့ရဲ့သမီးက ကျောင်းရဲ့ အဓိကအတန်းမှာ ကျောင်းစာတွေကို ဘယ်လို လိုက်နိုင်မှာလဲ။
အန်းဖူကွေ့နဲ့ လင်းလီဟာ သူမတို့သမီးက ဆရာမဘာတွေ သင်နေတယ်ဆိုတာကို နားမလည်မှာ စိုးရိမ်နေခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ သမီးကို အဓိက အတန်းရဲ့ စာတော်တဲ့ ကလေးတွေက အုပ်စုဖွဲ့ အနိုင်ကျင့်မှာကိုတော့ သူတို့က ပိုပြီး စိုးရိမ်ခဲ့ကြတယ်။
“မင်း ဘာကြောင့် ပုံမှန်အတန်းတွေကိုပဲ မသွားတာလဲ”
ကားရှေ့ခန်းက ကားမောင်းသူဟာ သူတို့စကားပြောနေတာတွေကို ကြားပြီး ဝင်ပြောလိုက်တယ်။
ဒီမိသားစုက ဘယ်လိုကြွားရမလဲဆိုတာ သိတာပဲ။
သူတို့သမီးက စာမတော်ဘူးဆိုရင် ပုံမှန်အတန်းကိုပဲ ပို့သင့်တယ်လေ။ အဓိကအတန်းက ငွေရှိတဲ့ ကလေးတွေတောင် မဝင်နိုင်ကြတဲ့ ထိပ်ဆုံးအတန်းပဲဟာကို သူတို့က အဓိကအတန်းကို အထင်သေးသလို ပြောနေကြတာပဲ။ ပုံမှန်အတန်းကို သွားတဲ့လား! ဟား၊ ဟား၊ ဟား ဒါက နွားသားရေက ကောင်းကင်ဘုံကို လွင့်နေတာ။ (ကြွားဝါ ပြောဆိုတာပါ)
ကားသမားက သူ့အတွေးထဲမှာ သူတို့နှစ်ယောက်ကို ဘယ်လိုတွေးနေတယ် ဆိုတာ အန်းဖူကွေ့နဲ့ လင်းလီဟာ မသိခဲ့ဘူး။ သူတို့နှစ်ယောက်က အန်းရန်ကိုသာ စိတ်ပူနေခဲ့ကြတယ်။
“အဖေနဲ့အမေ၊ ပိုက်ဆံတွေ ကုန်အောင် လုပ်မယ့် အတွေးတွေကို မတွေးပါနဲ့။ မေ့လိုက်ပါ။ သမီး အဓိကအတန်းကို သွားချင်ရင် သမီး စာကြိုးစားမှာပါ “
“အန်းရန်ဟာ အဲလို ပြောလိုက်ပေမဲ့ သူမရင်ဘတ်ထဲမှာတော့ ငိုကြွေးနေပါပြီ”
သူမရဲ့ ပထမဆုံး တာဝန်က ကျောင်းရဲ့ စာမေးပွဲမှာ ထိပ်ဆုံး အယောက်၂၀၀ထဲပါဖို့ ပါ။
ပြိုင်ဆိုင်မှုက အရမ်းရက်စက်တဲ့ မြို့ရဲ့အကောင်းဆုံးကျောင်းမှာသာ သူမ တက်ခဲ့ရမယ် ဆိုရင် သူမရဲ့တာဝန်ရဲ့ ခက်ခဲမှုက မြင့်လာမှာ မဟုတ်ဘူး။
ဒါပေမဲ့ အန်းရန်ဟာ စိတ်ရှုပ်ထွေးပြီး သူမနှလုံးသားလေးက အားငယ်နေပေမဲ့ တည်ငြိမ်နေသယောင်ဆောင်လိုက်တယ်။
17 02
အရမ်းသိတတ်လိမ္မာလွန်းတဲ့ သူတို့ရဲ့သမီးကို သူတို့ဟာ နှလုံးသားထဲက စိတ်ခံစားမှုများစွာနဲ့ ကြည့်လိုက်ကြတယ်။
မကြာမီမှာပဲ အငှားကားက လောင်အန်းမှာရှိတဲ့ သူတို့ရဲ့ ဟော့ပေါ့ဆိုင် ဖြစ်တဲ့ လမ်းဆုံးကို ရောက်ရှိသွားတယ်။
အငှားကားထဲက ထွက်လာပြီးတော့ သူမဟာ ဟော့ပေါ့ဆိုင်ရဲ့ အမှတ်အသားကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
ကျောက်ကျိဟော့ပေါ့ဆိုင်လား
သူမအဖေရဲ့ မျိုးရိုးက အန်း၊ သူမအမေရဲ့ မျိုးရိုးက လင်းလေ ဒါဆို ဟော့ပေါ့ဆိုင်အမည်ကို ဘာလို့ ကျောင်ကျိ လို့ ခေါ်တာလဲ
အန်းရန်ဟာ မေးခွန်းပေါင်းများစွာနဲ့ ကြည့်ခဲ့ပြီး ဆိုးဝါးတဲ့ ခံစားချက်ကြီးက သူမနှလုံးသားကို တစ်ခါ ရိုက်ခတ်လာပြန်တယ်။
ဒါပေမဲ့လည်း သူမက သိပ်ပြီး နက်နက်နဲနဲ မတွေးနေခဲ့ပါဘူး။
“အစ်မလင်း၊ အစ်ကိုအန်း ဒီနေ့ အစောကြီး ဘာကြောင့်လာတာလဲ”
သူမမိဘတွေ ဟော့ပေါ့ဆိုင်ထဲ ဝင်ဝင်ချင်းမှာပဲ စားပွဲထိုးတွေက နှုတ်ဆက်ကာ ပြုံးပြီး ပြောလိုက်တယ်။
သူတို့ဆက်ဆံရေးက တော်တော်ကောင်းတဲ့ပုံပဲ။
“အစ်မလင်း၊ အစ်ကိုအန်း ဒီကလေးမလေးက ဘယ်သူလဲ”
ဟေ့ာပေါ့ဆိုင်မှာရှိတဲ့ စားပွဲထိုးတွေက မဖော်ပြနိုင်လောက်တဲ့ မြင့်မြတ်ခြင်းတွေ အလှတရားတွေ ရှိနေတဲ့ ကလေးမလေးကို သိချင်စိတ်နဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
သူမက မြို့ထဲက ဒီလိုသေးနုပ်တဲ့ လူတွေရှိနေတဲ့ ဟော့ပေါဆိုင်မှာ ထွက်ပေါ်လာတယ်။
သူမရဲ့ မျက်နှာပုံပန်းသွင်ပြင်က ရှန်းရွှယ်ရော့လောက် မကောင်းပေမဲ့၊ရှယ်ရို့ထက် ပိုပြီး နူးညံ့သိမ်မွေ့တာကိုတော့ သူတို့ ထူးထူးခြားခြားပဲ ခံစားလိုက်ရတယ်။သူမနဲ့ ယှဉ်လိုက်မယ်ဆိုရင် ရှန်းရွှယ်ရော့က နည်းနည်း တောဆန်သွားတယ်။
“ငါ့သမီးလေ” အန်းဖူကွေ့က ဂုဏ်ယူဝင့်ကြွားစွာနဲ့ အပြုံးလေးနဲ့ သူ့သမီးကို မိတ်ဆက်ပေးခဲ့တယ်။
ဘယ်သူကမှ အဲ့ဒီစကားကို မယုံကြည်ခဲ့ကြပါဘူး။ အန်းဖူကွေ့နဲ့ လင်းလီလည်း အန်တီဝူကို ရှင်းပြခဲ့တဲ့ အခြေအနေတုန်းကလို စကားတွေကိုပဲ ထပ်ခါ ထပ်ခါ ပြောပြခဲ့ရတယ်။
ဟေ့ာပေါ့ဆိုင်ထဲက စားပွဲထိုးတွေ အားလုံး ကြက်သေသေသွားပြီး မယုံကြည်မှုတွေနဲ့ ပြည့်နှက်နေခဲ့ကြတယ်။
သူတို့တွေ အံ့သြနေတဲ့ အချိန်မှာ အန်းရန်က စားပွဲထိုးတွေ အားလုံးကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်လိုက်တယ်။
အန်တီဝူနဲ့ တွေ့ခဲ့တဲ့ ညနေအချိန်ကလိုပဲ။ ဟော့ပေါ့ဆိုင်ထဲက စားပွဲထိုးတွေ အားလုံးက အန်းရန်ရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရတယ်။
“ရန်ရန်၊ ဘာစားချင်လဲဟ”
“ရန်ရန်၊ မစားဖူးသေးတဲ့ ဟင်းရှိလား”
“ငါ အပြင်ထွက်ပြီး အကောင်းဆုံး နို့လက်ဖက်ရည်ကို မင်းအတွက် ဝယ်ပေးရမလား”
ဟော့ပေါ့ဆိုင်ထဲက စားပွဲထိုးတွေ အားလုံးက အန်းရန်ကို အလိုလိုက်နေကြတော့ အန်းဖူကွေ့နဲ့ လင်းလီလည်း အံ့သြသွားရတယ်။
အဲဒါတွေထားအုံး၊ ရော့ရော့ ဒီကိုလာတုန်းကတောင် အဲလို ဆက်ဆံတာကို မမြင်ဖူးတော့ အန်းဖူကွေ့နဲ့ လင်းလီလည်း နည်းနည်းတော့ ဂုဏ်ယူသွားရတယ်။
“ဖူကွေ့၊ ရှောင်လီ ဘာကြောင့် နောက်ကျနေတာလဲ။ ငါတို့အားလုံး အပေါ်ထပ် အခန်းထဲမှာ စောင့်နေကြတာ”
အန်းရန်ကို အာရုံစိုက်နေကြတဲ့ စားပွဲထိုးတွေလည်း အပေါ်ထပ်ကလာတဲ့ ကြည်လင်တဲ့ အမျိုးသမီးအသံကို နားထောင်ဖို့ ရုန်းကန်လိုက် ရတယ်။
အန်းရန်ဟာ သူမခေါင်းကို မော့ကြည့်လိုက်တဲ့အခါ သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ ဆံပင်ကောက်ကောက်နဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသမီးကို တွေ့လိုက် ရတယ်။ အမျိုးသမီးက သာမန်ဆိုပေမဲ့ သူမမှာ တောက်ပတဲ့ ရောင်ဝါတွေရှိတယ်။ သူမက အန်းရန်ရဲ့ မိဘတွေထက် ပိုပြီး ခမ်းနားထည်ဝါတယ်။
အမ်၊ ဒီအမျိုးသမီးက ဟော့ပေါ့ဆိုင်ပိုင်ရှင် ဖြစ်တယ်နဲ့ တူတယ်။
…..
18 01
အပိုင်း ၁၈
“အစ်မ၊ ဒါက အစ်မရဲ့ချစ်တူမလေး အန်းရန်ပါ”
အန်းဖူကွေ့က အန်းရန်ကို သူ့အစ်မ အန်းရှန်နန်နဲ့ ချက်ချင်း မိတ်ဆက်ပေးလိုက်တယ်။
“သမီး၊ဒါက သမီးရဲ့ အဒေါ်လေ၊မြန်မြန်လေး အန်တီလို့ ခေါ်လိုက်”
အန်းဖူကွေ့က သူမကို ပြောလိုက်တယ်။
“အန်တီ”
အန်းရန်က နူးနူးညံ့ညံ့ ခေါ်လိုက်တယ်။
အန်းရှန်းနန်ရဲ့ အမူအရာဟာ အန်းရန်ရဲ့ အန်တီလို့ ခေါ်သံကြားတဲ့အခါ ရုတ်တရက် နူးညံ့သွားခဲ့တယ်။
သူမက ချိုချိုသာသာနဲ့ ပြောလိုက်တယ်။ “ဟေး၊ ခရီးက ပြန်ရောက်တော့ ပင်ပန်းနေပြီမလား။ လာ.. အန်တီက အရသာရှိတာတွေ ကျွေးမယ်”
အန်းရှန်နန်က ပြုံးလိုက်ပြီး အန်းရန်ရဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်ဖို့ သူမလက်ကို ဆန့်လိုက်တယ်။
ဒါက အန်းရန်ဟာ ဒီမိသားစုမှာ အကြာကြီး ရှိခဲ့ဖူးသလိုမျိုး ရင်းရင်းနှီးနှီး ဆက်ဆံခံခဲ့ရတယ်။
အန်းရှန်နန် နောက်ကို လိုက်ပြီး၊ အန်းရန်က ဟော့ပေါ့ဆိုင်ရဲ့ ဒုတိယထပ်က အခန်းထဲကို သွားလိုက်တယ်။
အမှန်တော့ အန်းရန်ရဲ့ အမြင်မှာ ဟော့ပေါ့ဆိုင်က သိပ်မကြီးဘူး၊ ထူးခြားတာ သိပ်မရှိဘူးဆိုပေမဲ့ ရိုးရှင်းပြီး မိသားစုငယ်လေးတစ်ခုလို ဖြစ်နေပါတယ်။
အန်းရန် ရောက်ခဲ့ဖူးသမျှ ဟိုတယ်တွေဟာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေပဲ ဖြစ်ခဲ့တယ်။
ဒီလို မြို့ငယ်လေးထဲမှာ နှစ်ထပ်အဆောက်အဦးရှိတဲ့ ဟော့ပေါ့ဆိုင်ကို ပိုင်ဆိုင်တာက သေးငယ်တဲ့ ပိုင်ဆိုင်မှုတော့ မဟုတ်ပါဘူး။
ဒါကြောင့် သူမရဲ့မိသားစုက တကယ်တော့ မဆင်းရဲပါဘူး။
သူမ တံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ သူမရဲ့ ဦးလေး ကျောက်ရှန်းကောနဲ့ သူမရဲ့ဝမ်းကွဲ ကျောက်ထျန်းထျန်းတို့ကို တွေ့လ်ုက်ရတယ်။
သူမဦးလေးရဲ့ မျိုးရိုးက‘ကျောက်’ ဆိုတာကို သိလိုက်ရတော့ သူမ ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။
သူမက စိတ်ရှုပ်သွားပြီး သူမမိဘအရင်းတွေကို မေးလိုက်တယ်။ “အဖေနဲ့အမေ၊ ဒီစားသောက်ဆိုင်ကို ဦးလေးတို့ မိသားစုက ဖွင့်ထားတာလား”
မေးခွန်း မေးလိုက်ပေမဲ့ အန်းရန်မှာ အဖြေက ရှိနှင့်နေပါပြီ။
ဒီစားသောက်ဆိုင်ကို သူမ မိဘတွေက ဖွင့်ထားတာဆိုရင် ကျောက်ကျိလို့ အမည်မှည့်ထားမှာ မဟုတ်ပါဘူး။
သူတို့မှာ ငွေရှိတယ်။ အနာဂတ်မှာ သူမ ကျောင်းဆက်မတက်နိုင်တော့ရင်တောင် ဟော့ပေါ့ဆိုင်ကို အမွေဆက်ခံလို့ရတယ် ဆိုပြီး သူမ မိဘတွေက ကြီးကြီးကျယ်ကျယ် ပြောခဲ့တယ်။
အဓိပ္ပာယ် မရှိလိုက်တာ။
“ဘာကိုလဲ”
အန်းဖူကွေ့က သူမသမီးရဲ့ ညိုမှောင်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပြောလိုက်တယ်။
18 02
“ဒီဟော့ပေါ့ဆိုင်ကို သမီးဦးလေးတို့က ပိုင်တာပါ။ ဒါပေမဲ့ သမီး ဦးလေး ပိုင်တာက အဖေတို့ ပိုင်တာနဲ့ အတူတူပဲလေ။ သမီးလည်း ဒီဟော့ပေါ့ဆိုင် သူဌေးဖြစ်နိုင်တယ်။ အစ်မ၊ ဘာကို ပြောတာလဲ”
လူအများစုက ဒီလို အရှက်ရစရာကောင်းတာကို ပြောထွက်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ သူမအဖေက ဒါကို ရှက်စရာလို့ မမြင်ဘဲ ပုံမှန်လို ပြောလိုက်တာက သူမကို ကြက်သေသေ သွားစေခဲ့တယ်။
နောက်ထပ် သူမကို ပြောစရာစကားမဲ့အောင် လုပ်လိုက်ပြန်ပြီ။
ဒီတစ်ခဏမှာ သူမ နားလည်ထားတဲ့ ကမ္ဘာကြီးက နည်းနည်းပုံမှန် မဟုတ်တာကို ခံစားလိုက်ရတယ်။
“ဟုတ်တယ်၊ ရန်ရန် သမီးရဲ့ မွေးစားမိဘတွေက ချမ်းသာတယ် ဆိုတာကို သိပါတယ် ဒါပေမဲ့ သမီး စိတ်အေးအေးထားလို့ ရပါတယ်။ သမီး ဘွဲ့ရပြီးတာနဲ့ အန်တီက သမီးကို ဒီဟော့ပေါ့ဆိုင်ရဲ့ သူဌေးဖြစ်ခွင့်ပေးမှာပါ”
သူမ အန်တီရဲ့အမူအရာက တည်ကြည်လေးနက် နေခဲ့တယ်။
အန်းရန်လည်း တိတ်ဆိတ်သွားခဲ့တယ်။
ဒီကမ္ဘာကြီးက ရူးနေတာလား ဒါမှမဟုတ်ရင် သူမ နားလည်ထားတဲ့ ကမ္ဘာကြီးက ပုံမှန်မဟုတ်တာလား။
ဟော့ပေါ့ဆိုင်ပိုင်ရှင် သူ့ဦးလေး မိသားစုက သူမကို ဘာကြောင့် ဒီဆိုင်ပိုင်ရှင် ဖြစ်ခွင့်ပေးတာလဲ။ သူမအဒေါ်ကရော ဘာကြောင့် ခွင့်ပြုခဲ့တာလဲ။
သူမဦးလေး ဘယ်လို ခံစားရသလဲဆိုတာကိုရော မေးခဲ့ကြလား။
အဲဒါတွေကို တွေးမိတော့ အန်းရန်က သူမဦးလေး ကျောက်ရှန်းကောကို ကြည့်လိုက်တယ်။ ဒီဟော့ပေါ့ဆိုင်က သူ့ရဲ့ဘိုးဘွားပိုင် မဟုတ်သလိုမျိုးပဲ ပုံမှန်လူတစ်ယောက်လိုမျိုး စွပ်ပြုတ်ကို သောက်နေခဲ့တယ်။
ဒီဟော့ပေါ့ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ သူနဲ့ ဘာမှ မသက်ဆိုင်သလိုမျိုး ဖြစ်နေခဲ့တယ်။
သူ့အမျိုးသမီးပြောသမျှကိုပဲ နားထောင်တဲ့ပုံ။
ကောင်းတယ်။
ဖြစ်နိုင်တာကတော့ ဒီမှာ ပုံမှန်မဟုတ်တာကတော့ ငါပါ။
အန်းရန်လည်း သူမမိဘတွေကို ဘာမှမသိသလိုမျိုး ကြည့်ပြီး ကျောက်ရုပ်လိုသာ ထိုင်နေခဲ့တယ်။
သူမ မိသားစုရဲ့ အသိတရားတွေက ဘာတွေလဲ။
အရှက်မရှိတာ။ ရရင်ရသလို ယူတတ်တာ။ အဖေလား။ သူက သူ့အစ်ကိုနဲ့ သု့အစ်မအပေါ် အခွင့်အရေးယူတတ်တာ။
မဟုတ်ဘူး၊ မဟုတ်ဘူး သူမ အတွေးလွန်နေပြီ။ သူ့ရဲ့အကျင့်စရိုက်တွေက ဒီလောက် မဆိုးလောက်ပါဘူး။