FAKE

အပိုင်း (၁၃-၁၄)

အပိုင်း ၁၃

ရှန်းပေါယန်နဲ့ စုယွမ်ရာဟာ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တာကြောင့်မို့ အန်းရန်ကို အန်းဖူရဲ့ အိမ်ပေါက်ဝအထိ လိုက်ပို့ခဲ့ပေမဲ့ အထဲကိုတော့ မဝင်ခဲ့ပါဘူး။

နွေရာသီအားလပ်ရက် ဖြစ်တာကြောင့်မို့ ဒီဒေသရဲ့ နေရာတိုင်းမှာ လူတွေအများကြီး ရှိနေပြီး ကင်မရာတွေလည်း အများကြီးရှိနေခဲ့တယ်။

သူတို့သာ ဓာတ်ပုံရိုက်ခံရမယ်ဆို ကောင်းတဲ့အရာတွေ မဖြစ်လာနိုင်ဘူး။

ဒါကြောင့်မို့ နှစ်ယောက်စလုံး ကားထဲမှာသာ နေပြီး အန်းရန်ကို စကားပြောခဲ့ကြတယ်။ သူတို့ဟာ အန်းဖူကွေ့ရဲ့ အိမ်ထဲဝင်ဖို့ ဖိတ်ကြားချက်ကိုလည်း လက်မခံခဲ့ကြဘူး။

“ရန်ရန်၊ သမီး နေ့တိုင်း အမေ့ကို video call ခေါ်ရမယ်နော်”

“ကောင်းပါပြီ၊ အမေ သမီး သိပါပြီ”

“ကလေးရေ၊ သမီး ဆရာဝန် ပေးထားတဲ့ ဆေးတွေကို မကြိုက်ရင်တောင်မှ အချိန်မှန် သောက်ရမယ်နော်”

“ဟုတ် အဖေ၊ သမီး ဆေးတွေကိုလည်း အချိန်မှန်သောက်ပါ့မယ်”

“ကောင်းပြီ၊ ရန်ရန် ကျန်းမာရေးကို ဂရုစိုက်နော်။ သမီးရဲ့အမေရင်းကိုလည်း အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ပြင်ဆင်ခိုင်း။ သမီးက ကျန်းမာရေး မကောင်းတော့ အဲလို မသန့်ရှင်းတဲ့ အစားအစာတွေကို စားနိုင်မှာ မဟုတ်ဘူး”

သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ အပြည့်ဖြစ်နေတဲ့ စုယွမ်းရာဟာ အန်းရန် ရဲ့ လက်တွေကို အင်တင်တင်နဲ့ ဆုပ်ကိုင်ပြီး မဆုံးနိုင်တဲ့စကားတွေကို ပြောနေခဲ့တယ်

“ရှန်းအမျိုးသမီး၊ ရှင် စိတ်ချပြီး နားလိုက်ပါ။ ရှင် ရန်ရန်အတွက် ဘာလုပ်ပေးရမယ် ဆိုတာကို ပြောလိုက်ပါ။ ကျွန်မ ရန်ရန်ကို ဂရုစိုက်လိုက်ပါမယ်”

ငြိမ်ငြိမ်လေး နားထောင်နေခဲ့တဲ့ လင်းလီဟာလည်း စုယွမ်ရာရဲ့ အပြုအမူတွေကို နားလည်ပြီး ပြောခဲ့တယ်။

သူတို့နှစ်ယောက်လုံးဟာ အမေတွေ ဖြစ်ကြပေမဲ့ လင်းလီက ရှန်းရွှယ်ရော့ကို ဂရုစိုက်သလိုမျိုး အန်းရန်ကိုလည်း အရမ်းချစ်ပါတယ်။

နောက်ဆုံးမှာ လင်းလီဟာ မချုပ်တည်းနိုင်တော့ဘဲ ပြောလိုက်တယ်”ရှန်းအမျိုးသမီး၊ အန်းရန်ကို ကျွန်မ ဂရုစိုက်လိုက်ပါမယ်။ ရော့ရော့ကိုလည်း ဂရုစိုက်ပေးပါ”

မနေ့က မတိုင်မီနေ့ကဆိုရင် လင်းလီဟာ အိမ်မှာ ငွေမရှိတဲ့အကြောင်း၊ သူမရဲ့သမီးကို သမီးအရင်း မဟုတ်တာကြောင့် ဝမ်းကွဲတွေက ပြက်ရယ်ပြုတဲ့အကြောင်း ညည်းတွား ပြောဆိုနေခဲ့တယ်။

လင်းလီဟာ သူမရဲ့ သမီးကို စွန့်လွှတ်ဖို့ တွန့်ဆုတ်နေခဲ့ပေမဲ့ အဆုံးမှာတော့ သူမဟာ သူမရဲ့သမီးကို သွားခွင့်ပြုလိုက်ရတယ်။

“အဖေနဲ့ အမေ၊ သမီး နှုတ်ဆက်ပါတယ်။ သမီး မကြာမကြာ ဖုန်းဆက်ပါ့မယ်၊ သမီးကို စိတ်မပူပါနဲ့”

အန်းရန်ဟာ ကားပေါ်က ဆင်းလာပြီးခဲ့တဲ့အခါမှာတော့ ရှန်းပေါယန်နဲ့ စုယွမ်ရာကို အပြုံးလေးနဲ့ နှုတ်ဆက်ပြီးချိန် မသိဟန်ဆောင်ဖို့ လုပ်လိုက်တယ်။

စုယွမ်ရာနဲ့ ရှန်းပေါယန်ဟာလည်း သူမကို ကြည့်ပြီး သနားကြင်နာစွာနဲ့ ပြုံးပြခဲ့ကြတယ်။

နောက်ဆုံးအထိ သူတို့ရဲ့သမီးက သူတို့ကို စိတ်သက်သာရာရစေခဲ့တယ်။ သူတို့တွေသာ တွက်ချက်ပြောဆိုနေကြမယ်ဆိုရင် ဝမ်းအနည်းရဆုံးက သူမတို့ရဲ့ မင်းသမီးလေးပဲ ဖြစ်လိမ့်မယ်။

“အဖေက သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး”

“ရန်ရန်၊ သမီးဖုန်းခေါ်တာကို အမေ စောင့်နေမယ်နော်”

သူမကို ကျွေးမွေးခဲ့တဲ့ မိဘတွေကို နှုတ်ဆက်ပြီးချိန်မှာတော့ အန်းရန်ဟာ သူမရဲ့ ဝမ်းနည်းနေပုံပေါ်တဲ့ မိဘအရင်းတွေရဲ့ နောက်မှလိုက်လာပြီး ဓာတ်လှေကား စီးလိုက်တယ်။

သူမဟာ ဝတ္ထုကမ္ဘာထဲမှာ ဖြစ်နေပေမဲ့လည်း ဒီနေရာမှာ ၁၆နှစ်လောက် နေထိုင်ခဲ့ပြီးပြီ။

ဒီ၁၆နှစ်လုံးမှာ သူမကို ချစ်ခင်ပေးကြတဲ့မိဘတွေရှိတာကြောင့် သူမ နေထိုင်ခဲ့အချိန်တွေက အပျော်ဆုံးအချိန်တွေ ဖြစ်ခဲ့ရတယ်။
13 02
ဒါပေမဲ့လည်း ဘယ်သူက သိမှာလဲ၊ သူမကို ချစ်ခင်ပေးခဲ့ကြမိဘတွေက မိဘအရင်းတွေမဟုတ်ဘူးဆိုတာ။

“ဟေး လောင်အန်း၊ ရှောင်လီ ဒီမိန်းကလေးက ဘယ်သူလဲ၊ သူမက အရမ်းလှတာပဲ”

အသံကျယ်ကြီးက အန်းရန်ရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ပျောက်ကွယ်သွားစေခဲ့တယ်။

သူမကလည်း စူးစမ်းချင်စိတ်နဲ့ မျက်လုံးပင့်ကြည့်လိုက်တော့ သူမကို စိုက်ကြည့်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတယ်။

အန်းဖူကွေ့လည်း သူ့မေးစေ့ကို မော့လိုက်ပြီး ဂုဏ်ယူစွာနဲ့ ပြောလိုက်တယ်”ဒါက ကျွန်တော့်သမီးလေ”

အတင်းပြောချင်နေတဲ့ အိမ်နီးချင်းက သူပြောတာကို မယုံကြည်ဘူးဆိုတာ ရှင်းနေတာပါပဲ။

“မင်းရဲ့ သမီးလား။ မင်းတို့နှစ်ယောက်က နူးညံ့သိမ်မွေ့ပြီး အားနည်းတဲ့ပုံပေါ်နေတဲ့ မြင့်မြတ်တဲ့ ကလေးကို ဘယ်လို မွေးနိုင်မှာလဲ။ ဒီကလေးမလေး ကို ကြည့်စမ်းပါ။ သူမက TV မှာပါတဲ့ ချမ်းသာတဲ့ မိသားစုက ကလေးမလေးလိုပုံပါ။ မင်းတို့ရဲ့သမီး ဘယ်လို ဖြစ်နိုင်မှာလဲ”

ဒါပေမဲ့လည်း အိမ်နီးချင်းအဒေါ်ကြီးက အန်းရန်ဟာ သူတို့သမီးအရင်း ဖြစ်တယ်ဆိုတာကို မယုံတာဟာ အံ့သြစရာတော့ မရှိပါဘူး။

သူတို့နှစ်ယောက်လုံးက ကြံ့ခိုင်တောင့်တင်း ပြီး ဖွံ့ဖွံ့ထွားထွားရှိလှတယ်။

အန်းရန်မှာတော့ သေးသွယ်တဲ့ ခြေတံတွေ လက်တံတွေရယ်၊ အားနည်းတဲ့ခန္ဓာကိုယ်နဲ့ ရည်ရည်မွန်မွန်မွန် သဘောထားရှိတယ်။ သူမဟာ သူတို့ရဲ့ သမီးမဖြစ်နိုင်ဘူး။

အိမ်နီးချင်း အဒေါ်ကြီးဟာ အန်းဖူကွေ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အသံမျိုးနဲ့ ရယ်မောခဲ့တယ်။

အန်းဖူကွေ့လည်း သူ့သမီးအရင်းရဲ့ သိမ်မွေ့တဲ့မျက်နှာကို ကြည့်လိုက်ပြီးတော့ အဲဒါဟာ အမှန်တကယ်ဖြစ်နေတော့ ဘာမှမပြောနိုင်တော့ပါဘူး။

တကယ်ကို သူ့သမီးအရင်းက သူရယ် သူ့မိန်းမရယ်နဲ့ ဘာမှ မတူညီခဲ့ပါဘူး။

“ဒါနဲ့၊ ရော့ရော့ရော နေကောင်းလား။ ငါလည်း သူမနဲ့ မတွေ့ရတာ တစ်လလောက်ရှိပြီ”

အိမ်နီးချင်းအဒေါ်ကြီးက သံသယတချို့နဲ့ မေးခဲ့တယ်။ ရှန်းရွှယ်ရော့က လိုက်လျောညီထွေ နေတတ်ပြီး တက်တက်ကြွကြွ နေတတ်တဲ့ လူတစ်ယောက်ပါ။ ကြားရက်တွေဆို သူမရဲ့သူငယ်ချင်းတွေနဲ့ ကစားဖို့ အပြင်ကို ထွက်လာတတ်ပါတယ်။ သူမက အိမ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေတတ်တဲ့သူ မဟုတ်ပါဘူး။

ရှန်းရွှယ်ရော့ရဲ့နာမည်ကို ကြားလိုက်တဲ့ အခါ အန်းဖူကွေ့နဲ့ လင်းလီရဲ့ အမူအရာဟာ တောင့်တင်း သွားခဲ့တယ်။

…..
14 01
အပိုင်း ၁၄

ဒါပေမဲ့ မကြာမီ လင်းလီက ရှင်းပြခဲ့တယ်။

“အစ်မဝူ၊ အန်းရန်က ကျွန်မရဲ့ သမီးလေ။ သူမကို မွေးတဲ့အချိန်တုန်းက ရော့ရော့နဲ့ သူမက ဆေးရုံမှာ မတော်တဆ လူစားလဲခံလိုက်ရတာ၊ အခုတော့ သူမကို ပြန်ရှာတွေ့ခဲ့ပြီ။ ရော့ရော့ကိုတော့ သူ့မိဘအရင်းတွေဆီ ပြန်ပို့လိုက်ပါပြီ”

ဒီကိစ္စက လူတိုင်း သိသင့်တဲ့အတွက် အထင်အမြင်တွေ မမှားယွင်းခင် လင်းလီက လူတိုင်းကို တိုက်ရိုက်ပဲ ပြောပြလိုက်တယ်။

“ဆေးရုံမှာ လူစားလဲခံရတာလား။ ဘယ်လိုတွေတောင် ဖြစ်ပျက်ခဲ့တာလဲ”

အန်တီဝူဟာ ရှော့ခ်ရသွားပြီး အန်းဖူကွေ့နဲ့ လင်းလီကို ကြည့်လိုက်တယ်။ ပြီးတော့ အန်းရန်ကို ပြန်ကြည့်မိလိုက်တယ်။ အန်တီဝူဟာ အဲ့ဒီတစ်ခဏမှာ ကြက်သေသေသွားခဲ့တယ်။

အိုး ဘုရားရေ TV ဇာတ်လမ်းတွဲတွေမှာပဲ ပါတဲ့ ဒီလို ကိစ္စမျိုးက သူတို့ဆီမှာ တကယ် ဖြစ်လာတယ်။

အန်တီဝူရဲ့ အတင်းပြောဖို့ တောက်ပနေတဲ့ မျက်နှာကိုကြည့်ပြီး အန်းရန်က သူမရဲ့နှုတ်ခမ်းတွေကို စုဝိုင်းပြီး ပြုံးပြလိုက်တယ်။

“အန်တီဝူ၊ သမီးက သမီးအရင်းဖြစ်တဲ့ အန်းရန်ပါ။ ဒီရှေ့လျှောက် သမီးကို ရန်ရန်လို့ ခေါ်နိုင်ပါတယ်”

သူမက လိမ္မာပါးနပ်စွာနဲ့ အန်တီဝူလို့ ခေါ်လိုက်တဲ့အချိန် အန်တီဝူရဲ့ နှလုံးသားလေးဟာ ငိုကြွေးလုနီးပါး ဖြစ်သွားတယ်။

အသက်ကြီးတဲ့သူတွေက သူမလို လှပပြီး လိမ္မာပါးနပ်တဲ့ မိန်းကလေးကိုပဲ သဘောကျကြတယ်ဆိုတာ ပြောစရာကိုမလိုပါဘူး။

အန်တီဝူဟာ မျက်လုံးတွေ မှေးကျသွားအောင်အထိ ပြုံးပြလိုက်တယ်။

“ဟေး ဒီမိန်းကလေးက သဘောကောင်းတယ်။ပြီးတော့ ရော့ရော့ထက် သူမက ပိုပြီးတော့ တွေးတောတတ်တယ်။ဒီမိန်းကလေး ဘယ်လောက်ကောင်းသလဲဆိုတာ ကြည့်” အန်တီဝူက ရယ်ပြီးတော့ အန်းရန်ကို ချီးကျူးခဲ့တယ်။

အသက် ၁၅-၁၆ အရွယ်တွေက ပုန်ကန်ထကြွတတ်ကြတဲ့အချိန်မှာ ရှန်းရွှယ်ရော့က လှပပြီး ကျောင်းစာတွေမှာ တော်တယ်ဆိုပေမဲ့လည်း ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက သူမကို မချီးကျူးခဲ့ကြပါဘူး။

မကြာခင်မှာပဲ ဓာတ်လှေကားက ၇ထပ်မြောက်ကို ရောက်ခဲ့တယ်။ အန်းရန်လည်း ဓာတ်လှေကားထဲက ထွက်ပြီး တိုက်ခန်းနံပါတ် ၇၀၁ ဆီကို သွားနေတဲ့ အန်းဖူကွေ့နဲ့ လင်းလီ နောက်ကနေ လိုက်လာခဲ့တယ်။

ဒီဟာက တစ်ထပ်ကို တိုက်ခန်း ၄ခန်းနဲ့ လှေကားနှစ်ခုပါတဲ့ အဆောက်အဦး ဖြစ်တာကြောင့်မို့ အန်းဖူကွေ့တို့ မိသားစုအပြင် နောက်ထပ် အိမ်နီးနားချင်း ၃ဦး ရှိပါသေးတယ်။

သူမရဲ့ အိမ်အသစ်ဟာ သူမတွေးထားတာထက် ပိုပြီး သေးလိမ့်မယ်ဆိုတာ အန်းရန် သိပါတယ်။

တံခါးမကြီးကို ဖွင့်လိုက်တဲ့အချိန်မှာ သူမရဲ့ မွေးစားမိဘတွေက ပို့ပေးထားတဲ့ နေထိုင်ထောက်ကူမှု ပစ္စည်းတွေ အများကြီးရှိနေတာကို တွေ့လိုက်ရတယ်။

အဲ့ပစ္စည်းတွေက ဧည့်ခန်းထဲမှာ ထားဖို့ နေရာတောင် မရှိတော့ပါဘူး။

အန်းရန်ဟာ ရှုပ်ပွနေတဲ့ အခန်းကို ကြည့်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တယ်။ သူမ တွေးထားခဲ့သလောက် သူမရဲ့ မိဘအရင်းတွေက မချမ်းသာခဲ့ကြပါဘူး။

ဒီအိမ်က အရင်က သူမနေခဲ့တဲ့ အိပ်ခန်းလောက်တောင် မရှိခဲ့ဘူး။

အန်းဖူကွေ့ဟာ အနေခက်စွာနဲ့ပဲ သူရဲ့နှာခေါင်းကို ထိလိုက်ပြီး ပြုံးကာပြောလိုက်တယ်။

“အိုး.. အန်ရန်၊ အဖေတို့က သမီးကို ပစ္စည်းတွေ အများကြီးရှိလိမ့်မယ်လို့ မထင်ခဲ့ကြဘူး”

သူမရဲ့မိသားစုက သွားတိုက်တံကအစ အိပ်ရာခင်းကအဆုံး အရမ်းကို အနုစိတ်လွန်းတယ်။ ပြီးတော့ အဲဒါတွေအားလုံးက စျေးကြီးတာတွေပဲ ဖြစ်နေတယ်။

“ဒါတွေအားလုံးက သမီးဟာတွေဆိုတော့ အဖေတို့ ဘယ်လိုစီစဉ်ပေးရမလဲ ဆိုတာကို မသိခဲ့ကြဘူး။ ဒါကြောင့် သမီး လာတဲ့အချိန်မှ သမီးနှင့်အတူ စီစဉ်ကြမလို့”
14 02
လင်းလီဟာ အခန်းထဲက စျေးကြီးတဲ့ပစ္စည်းတွေကို ကြည့်ပြီး ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်တယ်။ ဒီမိန်းကလေးကို ပြုစုပျိုးထာင်ဖို့ဆိုတာ တကယ်လွယ်ကူမှာ မဟုတ်ဘူးဆိုတာပါ ခံစားလိုက်ရတယ်။

သူမရဲ့ သမီးအရင်းက TV ဇာတ်လမ်းတွဲတွေ မှာပါတဲ့ ချမ်းသာတဲ့ကလေးတွေ ထက်တောင်မှ ပိုပြီးတော့ နုနယ်ပြီး အားနည်းပုံ ပေါ်နေသေးတယ်။

“မင်းလက်တွေနဲ့ စမ်းချောင်းရေကို ထိဖို့ မကြိုးစားနဲ့” ဆိုတဲ့ စကားစုကတောင် သူမသမီးရဲ့ နူးညံ့ညင်သာပုံကို ဖော်ပြဖို့ မဖြစ်နိုင်ဘူးဆိုတာပါ ခံစားမိလိုက်တယ်။

လင်းလီဟာ သူမသမီးရဲ့ နုနယ်တဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်တယ်”အဲဒါတွေကို မေ့လိုက်၊ ဒီမှာလာထိုင်.. သမီး ပစ္စည်းတွေကို ဘယ်လို လုပ်မလဲဆိုတာ အမေတို့ကိုပြောနော်၊ အမေတို့ သေချာလုပ်ပေးမယ်”

သူတို့က ရော့ရော့ကိုလည်း အိမ်မှုကိစ္စတွေမလုပ်ခိုင်းခဲ့ပေမဲ့ သူမအခန်းကိုတော့ ဂရုစိုက်စေခဲ့တယ်။

ဒီကလေးမလေးကတော့ အိမ်မှုကိစ္စကို နည်းနည်းလေးတောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိသာနေပါတယ်။

“ဟုတ်တယ်၊ ဟုတ်တယ် သမီး ခဏနားလိုက်၊ အဖေနဲ့ သမီးအမေက ပစ္စည်းတွေ နေရာချလိုက်မယ်။ ပြီးရင် မြို့ထဲက အကောင်းဆုံးစားသောက်ဆိုင်ကို သွားကြမယ်။ အဲ့မှာ သမီးကို ဆွေမျိုးတွေနဲ့ မိတ်ဆက်ပေးမယ်”

အန်းဖူကွေ့က သူ့သမီးအရင်းကို ပြုံးပြီး ကြည့်လိုက်တယ်။ ဖြစ်နိုင်တာကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေက မတူညီကြဘူး။ အမျိုးသမီးတွေက သွေးသားတော်စပ်မှုကို အာရုံသိပ်မထားပေမဲ့ သူတို့နှစ်ယောက်စလုံးက ခံစားချက်တွေ ရှပ်ထွေးနေလောက်တယ်။

အမျိုးသားတွေက သွေးသားတော်စပ်မှုနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တတ်ကြတယ်။

အန်းဖူကွေ့က အန်းရန်ကို ပထမအကြိမ်တွေ့တုန်းက သမီးအရင်းဆိုတာကို လက်ခံနိုင်ဖို့ တွန့်ဆုတ်နေခဲ့ပေမဲ့ အခုတော့ သူမနဲ့ ရင်းနှီးသွားခဲ့တယ်။ သူက အန်းရန်ရဲ့ နူးညံ့ညင်သာပြီး ဖော်ရွေတတ်တဲ့ အန်းရန်ကို သဘောကျခဲ့တယ်။

ဒါကြောင့်မို့ တွေ့ဆုံပြီးတဲ့နောက် အန်းရန်အပေါ်ထားတဲ့ အန်းဖူကွေ့ရဲ့ ချစ်ခြင်းမေတ္တာတွေက ရှန်းရွှယ်ရော့ အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေထက်တော့ မနည်းခဲ့ပါဘူး။

အန်းရန်ဟာ သူမရဲ့ မိဘအရင်းတွေကို ကြည့်ပြီးတော့ ဖြည်းဖြည်းလေး ခေါင်းယမ်းပြပြီး တိုးတိုးပြောခဲ့တယ်”သမီးလည်း အဖေတို့ကို ကူညီပါ့မယ်”

ရလဒ်အနေနဲ့ကတော့ သူမရဲ့အိမ်အသစ်က တကယ်သေးငယ်တယ်ဆိုတာကို တွေ့ခဲ့ရတယ်။ သူမရဲ့အိပ်ခန်းကလည်း အရင်က သူမရဲ့ ရေချိုးခန်း လောက်တောင် မရှိတာကို တွေ့လိုက်ရတယ်။

သူမကို ကျွေးမွေးခဲ့တဲ့မိဘတွေက သူမပုံမှန်အသုံးပြုတဲ့ နေ့စဉ်လိုအပ်တာတွေ မှန်သမျှ ပို့ပေးခဲ့တယ်။ အဲဒါတွေအကုန်လုံးကို သူမအခန်းထဲ ပြွတ်သိပ်ထည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

မြင်သာအောင်ပြောရမယ်ဆိုရင် 1.5 မီတာ ရှိတဲ့သူမအိပ်ရာကို 2မီတာ ×2.4 မီတာ ရှိတဲ့အိပ်ရာနဲ့ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

စာရေးသူမှာ ပြောစရာရှိပါတယ်။

မင်းရဲ့ လက်ချောင်းတွေနဲ့ စမ်းချောင်းရေကို မထိပါနဲ့: ချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းက ကြီးပြင်းလာတဲ့ အမျိုးသမီး၊ အလိုလိုက်ခံရတဲ့ အမျိုးသမီး။

March လမှာ ရာသီဥတုက အေးတဲ့အတွက် သူတို့ဟာ သူတို့ကိုယ်တိုင် အဝတ်အစားတွေကို မလျှော်ရဘူး။ နှိုင်းယှဉ်ပြောကြည့်မယ်ဆို ချမ်းသာတဲ့အမျိုးသမီးတွေက အဝတ်အစားတွေကို ကိုယ်တိုင်လျှော်ဖို့ မလိုအပ်သလို အိမ်အလုပ်တွေကိုလည်း ကိုယ်တိုင်လုပ်ဖို့ မလိုပါဘူး။

FAKE
Author: FAKE
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

豪门假千金她跑路啦
Score 7
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အကျဥ်းချုပ်။ အန်းရန်သည် စောစောသေဖို့ ကံဇာတာပါလာတဲ့ အမျိုးသားဇာတ်ဆောင်ရဲ့အချစ်ဦးအဖြစ် ကူးပြောင်းခဲ့တယ်။ သူမရဲ့သတ္တိ အားနည်းခဲ့တယ်။ သူမဟာဆိုရင်ဖြင့် မိသားစုက မြေတောင်မြှောက်ပေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့တဲ့ သနားစရာကောင်းတဲ့ အလှတရားလေးတခုပါ။ သူမက ရှန်းမိသားစုရဲ့ ပုလဲလေးပါ။ဒါပေမဲ့ သူမက အမှားတွေအများကြီး လုပ်မိခဲ့လို့ နှမြောစရာပါဘဲ။ အမျိုးသမီးဇာတ်ဆောင်အစစ် ပြန်ရောက်လာတဲ့အခါမှာ သူမရဲ့အနာဂတ် အိမ်မက်တွေကော၊ သူမရဲ့ဘဝကောပါ အလွန်စိတ်ပျက်စရာ ကောင်းလှပါတယ်။ သူမက ဗီလိန်အတုဖြစ်ပြီး အမြောက်စာဇာတ်ကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ အန်းရန်ဟာ ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းသွားခဲ့တယ်။ ငါ ကြိုးစားလေ့လာပြီး နေ့ရက်တိုင်းမှာ လှပနေစေရမယ်။ အမျိုးသမီးဇာတ်ဆောင်ကို ဂရုစိုက်နေဖို့ ငါ့မှာ အချိန်မရှိဘူး။ သိမ်သိမ်မွေ့မွေ့ရှိတဲ့ အန်းရန်က ဆင်းရဲသားရပ်ကွက်က မိသားစုဆီပြန်လာခဲ့ရတာကို သနားစရာကောင်းတယ်လို့ လူတိုင်းက ခံစားခဲ့ကြရတယ်။ သူမရဲ့ တစ်ဘဝလုံးကို ရွံ့ထဲတွင် ကုန်ဆုံးရတော့မယ်။ သူမရဲ့မိဘတွေက ရက်စက်ကြမ်းကြုတ်ပြီး ပိုက်ဆံမက်တဲ့သူတွေလို့ ဘယ်သူကထင်မှာလဲ။ [သူမရဲ့အဓိကတာဝန်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျော်လွှားပြီး ထိပ်တန်းကျောင်းသားဘွဲ့ဖြင့် နိုင်ငံအတွင်းရှိတဲ့ အကောင်းဆုံးကောလိပ်ကို ဝင်ရောက်တက်ခွင့်ရရန်ဖြစ်ပြီး ပိုပြီးအရေးကြီးတာက ပို၍လှပလာသော ဆုများကို ရရှိရန်ဖြစ်တယ်။] နှစ်သက်စရာအကောင်းဆုံး အလှတရား ဖြစ်တဲ့ သူမရဲ့မျက်နှာက သူမ၏အသက်သွေးကြော ဖြစ်တယ်လို့ အန်းရန်က ပြောတယ်။ သူမရဲ့ အလကားအဖြစ် မှတ်ယူခြင်းခံရတာကို ကယ်တင်နိုင်မှာ ဖြစ်တယ်။  #####   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset