အပိုင်း ၁၅
ဒီကုတင်က သူမနှစ်ပေါင်းများစွာ အိပ်စက်ခဲ့တဲ့ကုတင်ဖြစ်ပြီးတော့ သူမရဲ့အခန်းထဲက ကုတင်ကတော့ သူမရှေ့မှာ သိမ်ငယ်နေရပြီ။
အန်းရန်ဟာလည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
“ဒီကုတင်က တော်တော် ကြီးလွန်းတယ်၊ အဖေတို့မိသားစုမှာ ဒီလောက်ကြီးတဲ့ ကုတင်မရှိဘူး။အဖေတို့ဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေမှာလည်း ဒီလောက်ကြီးတဲ့ ကုတင်မရှိဘူး”
လင်းလီဟာ ကြီးမားတဲ့ကုတင်ကိုကြည့်ပြီးတော့ ခြောက်ခြောက်ကပ်ကပ်နဲ့ ပြောလိုက်တယ်”ငါတို့က ဒီကုတင်ကို ဘာကြောင့် မရောင်းတာလဲ”
လူတွေက ပုံမှန်ဆို 1.8မီတာ ×2 မီတာရှိတဲ့ အိပ်ရာတွေပေါ်မှာ အိပ်ရတာကို နှစ်သက်ကြတယ်။ ဒီလောက် ကြီးတဲ့အိပ်ရာကို ဘယ်လို အသုံးပြုနိုင်မှာလဲ။
“ကောင်းပြီ၊ ဒါဆို ငါတို့အိမ်ကို အမှိုက်တွေကိုလာယူတဲ့ ရှောင်းလျူကို ဖုန်းဆက်ပြီး အဲဒါကို အဝေးကိုသယ်သွားခိုင်းမယ်။ ဒါပေမဲ့ သူက ကုတင်ကို ဆွဲသွားနိုင်ပါ့မလားဆိုတာကို ငါလည်း သေချာမသိဘူး”
အန်းဖူကွေ့ဟာ စိတ်ပျက်လက်ပျက်နဲ့ စိတ်ဒုက္ခအလွန်ပေးတဲ့ ကုတင်ကြီးကို ကြည့်လိုက်တယ် ပြီးတော့ သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး။ သူမရဲ့မိဘတွေက ဒီကုတင်ကြီးကို အမှိုက်သိမ်းတဲ့သူဆီကို ရောင်းဖို့ ကြံစည်နေကြတာကိုသိတော့ သူမရဲ့ နှုတ်ခမ်းတွေက တွန့်ကွေးသွားတယ်။
ပြီးတော့ ကူကယ်ရာမဲ့စွာနဲ့ပဲ သူမက ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုကို ပြောလိုက်တယ်”အမေနဲ့ အဖေ၊ ဒီကုတင်ကို သမီး ဝယ်ခဲ့တုန်းက သူ့တန်ဖိုးက ယွမ်ရှစ်သိန်း ရှိပါတယ်”
အမှိုက်သိမ်းတဲ့သူဆီကို ဒီကုတင်ကို ရောင်းမယ်ဆိုတာကတော့ ဆိုးဝါးတဲ့အရာပဲ ဖြစ်ပါတယ်။
“ရှစ် ..ရှစ် သိန်း”
“ကုတင်လေးတစ်လုံးကိုလေ”
အန်းဖူကွေ့နဲ့ လင်းလီဟာ စျေးနှုန်းကို ကြားလိုက်တဲ့အခါ ကြက်သေသေ သွားခဲ့ကြတယ်။
ယွမ်ရှစ်သိန်းနဲ့ဆို ဒီမြို့ငယ်လေးမှာ အသုံးအဆောင်ပစ္စည်းတွေပါ ပါတဲ့ တိုက်ခန်းတစ်ခုကို ဝယ်နိုင်ပြီ။
အန်းရန် လည်း ခေါင်းညိတ်ပြီး ထပ်ပြောပြလိုက်တယ်”ဒီကုတင်အမျိုးအစားက ဆွီဒင်နိုင်ငံ တော်ဝင်မိသားစုတွေသုံးတဲ့ ကုတင်အမျိုးအစားပါ။ ဒီလိုကုတင်မျိုးရဖို့အတွက် လပေါင်းများစွာကြာတယ်လေ ပြီးတော့ နှစ်တိုင်း အကန့်အသတ်နဲဲ့ပဲ ထုတ်လုပ်တာဆိုတော့ နည်းနည်းတော့ စျေးကြီးပါတယ်”
အန်းဖူကွေ့နဲ့ လင်းလီဟာ သူတို့ အိပ်မက်မက်နေတယ်လို့ ခံသားလိုက်ရတယ်။
ဒါက ကုတင်လေးတစ်လုံးပဲလေ၊ ဘာမှ ထွေထွေထူးထူးလည်း မဟုတ်ပါဘူး။ ဘယ်လိုတွေတောင် စျေးကြီးနိုင်ရတာလဲ။ လူချမ်းသာတွေက ရူးနေကြတာလား။
“ဒါဆို အမေတို့ ဒီကုတင်ကို ဘယ်လိုလုပ်ပေးရမလဲ”
အန်းဖူကွေ့နဲ့လင်းလီဟာ ယွမ်ရှစ်သိန်း တန်ဖိုးရှိတဲ့ ကုတင်ကြီးကို မထိရဲခဲ့ကြဘူး။ သူတို့ဟာ ကုတင်ကြီးက ကျိုးကြေပျက်စီးသွားပြီး ယွမ်ရှစ်သိန်းက ပျောက်ဆုံး သွားမှာကို ကြောက်နေခဲ့ကြတယ်။
“သမီး အွန်လိုင်းပေါ်မှာ အဲဒါကို ရောင်းကြည့်လိုက်မယ်”
လူအများစုက ဒီလို စျေးကြီးတဲ့ ကုတင်ကို မဝယ်နိုင်ကြပေမဲ့၊ ဝယ်နိုင်တဲ့ လူတွေကလည်း တစ်ပတ်ရစ်ပစ္စည်းတွေကို မဝယ်ခဲ့ကြဘူး။
“ကောင်းပြီလေ ဒါဆိုရင် ဒီကုတင်ကို သေချာသိမ်ဆည်းပေးမဲ့ လူကိုရှာပြီး ငါတို့အိမ် လှေကားထစ်ရဲ့အောက်က ဂိုဒေါင်ထဲ သိမ်းထားလိုက်မယ်”
“ဂိုဒေါင်ကရော လုံခြုံမှာလား။အခိုးမခံရနိုင်ဘူးလား”
ကုတင်က ယွမ်ရှစ်သိန်းတန်ဖိုး ရှိတာကြောင့်မို့ ဂရုစိုက်ရတယ်ဆိုတာ ပုံမှန်ပါပဲ။
“နည်းနည်း မလုံခြုံဘူးဆိုပေမဲ့ ငါတို့မိသားစုက နည်းတော့ အဲဒါကို ထားဖို့ နေရာကမရှိဘူး”
သူမရဲ့မိဘတွေဟာ ကုတင်တစ်လုံးအတွက် ခေါင်းရှုပ်ခံပြီး တွေးတောနေတာလေးက တော်တော်ချစ်ဖို့ကောင်းတယ်။
“သမီး အမေတို့ကို ပြောပါဦး၊ သမီးရဲ့ မွေးစားမိဘတွေက ထည့်ပေးလိုက်တဲ့ စျေးကြီးတဲ့ ပစ္စည်းတွေ ရှိနေသေးတာလား”
15 02
အန်းဖူကွေ့နဲ့ လင်းလီဟာ သူတို့သမီးကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြတယ်။ တကယ်တော့ အန်းရန်သုံးတဲ့ နေ့စဉ်သုံး ပစ္စည်းတွေက သူတို့ မတတ်နိုင်တဲ့ စျေးနှုန်းတွေမှာပဲ ရှိတယ်။
“ဟုတ်တယ်၊ ရန်ရန် သမီး အဖေတို့ကို ပြောပါ။ အဖေတို့ သမီးပြောတာတွေကို အာရုံစိုက်နားထောင်နေတယ်”
လင်းလီဟာ သူမတို့အိမ်တံခါးမကြီးမှာ လုံခြုံရေးသော့ ထားသင့်လား မထားသင့်လား တွေးတောနေခဲ့တယ်။
အန်းရန်က မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး နောက်ထပ် သူမရဲ့ မိဘအရင်းတွေကို စိုးရိမ်အောင် လုပ်ဖို့ မသင့်တော်ဘူးလို့ ခံစားခဲ့ရတယ်။
အားလုံးပေါင်းမယ်ဆို သူမရဲ့ ပစ္စည်းတွေရဲ့တန်ဖိုးက သန်းပေါင်းများစွာလောက် ရှိနိုင်တယ်။
သူမရဲ့ လှပကျော့ရှင်းတဲ့ မွေးစားအမေက အန်းရန်ရဲ့ စျေးကြီးတဲ့ လူသုံးကုန် ပစ္စည်းတွေကို အကုန်ပို့ပေးဖို့ဆိုတာ အန်းရန်က မမျှော်လင့်ခဲ့ပါဘူး။
သူမရဲ့ ဂဏန်း ငါးလုံး ခြောက်လုံး တန်ဖိုးရှိတဲ့ လက်ကိုင်အိတ်တွေ၊ အဝတ်အစားတွေ၊ ဖိနပ်တွေ ပြီးတော့ စျေးကြီးတဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ အားလုံးကို လျစ်လျူရှုပြီး ပြောလိုက်တယ်။
“မဟုတ်ပါဘူး၊ကုတင်က စျေးအကြီးဆုံးပါပဲ”
အန်းဖူကွေ့နဲ့ လင်းလီလည်း စိတ်သက်သာရာရသွားပြီး ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားသလို ထူးထူးဆန်းဆန်းပဲ ခံစားလိုက်ရတယ်။
“အဲ့ဒါကောင်းတယ်၊ အဲ့ဒါကောင်းတယ်၊
အဖေတို့နဲ့ ပြန်လာနေခိုင်းတာ မှားသွားပြီလို့ အဖေတော့ ခံစားနေရတယ်”
အန်းဖူကွေ့က သက်ပြင်းချလိုက်ပြီး သူ့သမီး အတွက် စိတ်အေးသွားတယ်။
စုယွမ်းရာကလည်းပြောခဲ့တယ်” ဒီလို မိသားစုတွေက သူတို့ရဲ့ သားသမီးအရင်းတွေကို တကယ်ကို ပျက်စီးစေလိမ့်မယ်”
ရှန်း အိမ်တော်ကနေ အန်း အိမ်တော်ကို ရောက်ရှိလာခြင်းက ကောင်းကင်ကနေ ငရဲကို ဆင်းခဲ့ရသလိုပဲ။
“ရန်ရန်၊ အမေနဲ့ အဖေက သမီးရဲ့ မွေးစားမိဘတွေလောက် မချမ်းသာဘူး။ အကယ်၍ သမီး ရှေ့လျောက် ရှန်းအိမ်တော်ကို ပြန်ချင်တယ်ဆိုရင်လည်း ပြန်သွားလို့ ရပါတယ်” လင်းလီက ပြောခဲ့တယ်။
သူတို့နှစ်ယောက်မှာ ကလေးတစ်ယောက် ရှိခဲ့တဲ့အချိန်မှာတော့ ဒီလို မိန်းကလေးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ မလွယ်ကူမှန်း သူမ သေချာသိသွားခဲ့တယ်။
အဲ့ဒါအပြင် လူကြီးမင်းရှန်းနဲ့ အမျိုးသမီးရှန်းက မပြန်ခင် အန်းရန်ကို အချိန်မရွေး ရှန်းအိမ်တော်ကို ပြန်လာလို့ရတယ် ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း ပြောသွားခဲ့တယ်။
“အဖေနဲ့ အမေ ဘာတွေ ပြောနေကြတာလဲ။ သမီးရဲ့မျိုးရိုးက အန်း ဖြစ်ပြီး အဖေနဲ့ အမေတို့ရဲ့ သမီး အရင်းပါ။အဖေနဲ့ အမေတို့ရဲ့ သမီးဆိုတော့ အဖေတို့ကပဲ သမီးကိုထောက်ပံ့ပေးသင့်တယ်။ ခဏတော့ စောင့်ပေးပါ သမီးကလဲ အဖေတို့ကို ပြန်ထောက်ပံ့ပေးမှာပါ”
အန်းရန်က ပြုံးပြလိုက်ပြီး အန်းဖူကွေ့နဲ့ လင်းလီတို့ရဲ့ လက်ဖဝါးတွေကို ဆုပ်ကိုင်လိုက်တယ်။
သူတို့ရဲ့ လက်တွေက တော်တော်ကြမ်းတမ်းလွန်းတာကြောင့် သူမရဲ့ နူးညံ့တဲ့လက်လေးတွေတောင် အနည်းငယ် နာကျင်သွားခဲ့ရတယ်။
“အဖေနဲ့အမေ၊ သမီးက ကိုယ့်အိမ်ကိုယ် ပြန်ရောက်နေတာနော်။ ဒါကြောင့် အဖေတို့က သမီးကို မောင်းထုတ်ချင်တယ် ဆိုရင်တောင်မှ မောင်းထုတ်လို့မရဘူး”
သူမရဲ့သမီးက ပြုံးလိုက်တဲ့အခါ ပန်းပွင့်လေးနဲ့တူပြီး အရမ်းချစ်ဖို့ကောင်းတယ်။ အန်းဖူကွေ့နဲ့ လင်းလီတို့ နှစ်ယောက်လုံး အနည်းငယ်ချဉ်စူးစူး ခံစားလိုက်ရသည်။
“ကောင်းပြီ၊ အမေက သမီးကို ထွက်သွားဖို့ဆိုတဲ့စကား နောက်တစ်ခါ ထပ်မ ပြောတော့ပါဘူး “
“အဖေလည်း သမီးကို ရှေ့လျောက် ကောင်းကောင်းထားနိုင်ဖို့ ငွေကို သေချာရှာပါ့မယ်”
အဲ့အချိန်တစ်ခဏမှာ အန်းဖူကွေ့နဲ့ လင်းလီဟာ ဒီလို လိမ္မာပြီး စဉ်းစားတွေးခေါ်တတ်တဲ့ သမီးတစ်ယောက်ရှိတာ ကံကောင်းတယ်လို့ ခံစားလိုက်ရတယ်။
ဒါက သူတို့ဘဝ မှာ ပြုလုပ်ဖူးသမျှထဲ အအောင်မြင်ဆုံးအရာ ဖြစ်တယ်။
(ပြောချင်တာက အန်းရန်ကို မွေးဖွားခဲ့တာက သူတို့ဘဝ အတွက် ကံကောင်းတဲ့အရာလို့ ပြောချင်တာပါ)
…..
16 01
အပိုင်း ၁၆
ပစ္စည်းတွေ ထုပ်ပိုးပြီးတဲ့အချိန်ရောက်တော့ ညနေမွန်းလွဲ ၅နာရီတောင်ထိုးနေပြီ။
အန်းရန်လည်း မောပန်းပြီးတော့ ဗိုက်ဆာနေပါပြီ။
‘အန်းရန်က လက်နဲ့ ကိုယ်တိုင်လုပ်ရတဲ့ အလုပ်တွေမှာ မတော်ဘူး’လို့ လင်းလီက တွေးခဲ့တယ်။
အပြောင်းအလဲ မဖြစ်ခင်အချိန်က သူမမိသားစုက ချမ်းသာတော့ ကလေးဘဝ ကတည်းက အိမ်အလုပ်တွေကို သူမကိုယ်တိုင်လုပ်စရာ မလိုအပ်ခဲ့ဘူး။
ဒါကြောင့်မို့ သူမက သူမဘဝကို စိတ်ချမ်းချမ်းသာသာ မရှိခဲ့ဘူး။
ဒါ့အပြင် သူမက ပစ္စည်းအလေးတွေကို မ မနိုင်တဲ့ ဖျားလွယ်တဲ့ ကလေးတစ်ယောက်ပါ။ သူမပခုံးတွေက နာကျင်နေပေမဲ့ သူမက အဆင်မပြေတာကို မပြခဲ့ဘူး။
အဲဒါက သူမမိဘတွေကို အပြစ်တင်စိတ် ဖြစ်စေမယ်ဆိုရင် အကျိုးမရှိတဲ့ အရာပဲ ဖြစ်သွားလိမ့်မယ်။
“ရန်ရန်၊ သမီး ဗိုက်ဆာနေပြီလား။ သမီး ဦးလေးကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းမယ် ပြီးရင် မြို့ထဲက အကောင်းဆုံးဟိုတယ်မှာ သွားစားကြမယ် “
အန်းဖူကွေ့က အန်းရန်ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာလေးကို စိတ်ပူပန်ပြီး ထိလိုက်တယ်။
လင်းလီလည်း ခေါင်းညိတ်ပြီး တိုက်တွန်းလိုက်တယ်
“မြန်မြန် ဖုန်းဆက်လိုက်။ အန်းရန် ဗိုက်ဆာနေပြီ။ သူ့ဦးလေးကို မြန်မြန်လာ ခေါ်လို့ ပြောလိုက်”
အန်းရန်က သူမ မိဘတွေ စကား က ထူးဆန်းနေတယ်လို့မတွေးခဲ့ဘူး။ သူမမိဘတွေမှာ ကားမရှိတဲ့အတွက် သူမဦးလေးကို ကားနဲ့ လာကြိုခိုင်းတာဟာ ပုံမှန်ပဲ လို့ တွေးခဲ့တယ်။
သူမ မိသားစုရဲ့ ဦးလေးက အငှားကားမောင်းတယ် ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့လည်း အန်းဖူကွေ့က ဖုန်းခေါ်ပြီးတဲ့အခါမှာတော့ တစ်ခုခုက မှားနေတယ် ဆိုတာကို အန်းရန် ခံစားလိုက်ရတယ်။
“အစ်ကို၊ အခု အလုပ်ဆင်းပြီလား။ Victoria ဟိုတယ်ကို ကျွန်တော်တို့ကို ပို့ပေးပါအုံး။ လူကြီးမင်းရှန်လား။ မဟုတ်ဘူး၊သူတို့က ပြန်သွားပြီ။ ဘာပြောတာလဲ။ အစ်ကိုရော အခုအားပြီလား”
“မဟုတ်ဘူး၊ ရန်ရန်က အိမ်ကို ပြန်လာပြီ။ ဒီလောက် ကိစ္စကြီးကို သူမဦးလေးက မယုံကြည်နိုင်ဖြစ်နေတယ်! အစ်ကို့မှာ အချိန်မရှိရင်၊ ကျွန်တော်တို့ကို ယွမ်၅ထောင်လောက် လွှဲပေးလို့ ရပါတယ်။ ကျွန်တော်တို့ ရန်ရန်ကို ညစာ လိုက်ကျွေးမလို့”
အန်းရန်က အနည်းငယ် စိတ်ရှုပ်သွားခဲ့တယ်။
သူမကို ညစာကျွေးဖို့ကို ဟိုတယ်ကို ဘာကြောင့် ခေါ်သွားချင်ရတာလဲ ပြီးတော့ သူမဦးလေးကို ဘာကြောင့် ပိုက်ဆံလွှဲခိုင်းရတာလဲ။ သူမဦးလေးက ငွေတွေကို အပိုင်သိမ်းထားတာလား။
“အဟက်၊ မင်းဦးလေးက နည်းနည်းဆိုးတယ်။ ရက်အနည်းငယ်ပြီးရင် သူက ဒီလိုမျိုးသူရဲ့ တစ်ဦးတည်းသော တူမလေးကို ကျွေးမွေးနေတာဆိုပြီး အဖေ့ရဲ့အမေ ပြန်လာတဲ့အခါ ပြောပြရမယ်”
အန်းရန် သူ့အမေကို ပြောမှာလား။
အန်းရန်ဟာ အသက်လေးဆယ်ရှိနေပြီဖြစ်တဲ့ သူ့အဖေကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်တယ်။
“ဘာကြောင့် ဘာကြောင့်.. အဖေ့ရဲ့အစ်ကိုကို တောင်းဆိုနေတာလဲ”
သူမရဲ့ အမေကတော့ ပုံမှန်အတိုင်းပါပဲ။ သူမကတော့ သူမရဲ့ မိသားစုက ပုံမှန်မဟုတ်ဘူးလို့ကို မတွေးခဲ့တာ ဖြစ်နိုင်သည်။
16 02
“အစ်ကိုက သူ့မှာ အချိန်မရှိလို့ မလာတော့ဘူးတဲ့ ပြီးတော့ ငါတို့ ရန်ရန်ကို စားသောက်ဆိုင်မှာလိုက်ပြီး ကျွေးဖို့အတွက် ငွေကိုလည်း မလွှဲပေးနိုင်ဘူးတဲ့”
“ဘာ! သူက သူရဲ့ တစ်ဦးတည်းသောတူမလေး အပေါ်မှာ ဘယ်လိုတောင် လုပ်ရက်တာလဲ”
“ဟုတ်ပါပြီ၊ ငါကပဲ ရူးသွားခဲ့တာပါ”
“အမေ အိမ်မှာ မရှိတဲ့ အချိန်မှာပဲ ဒီလိုတွေက ဖြစ်နိုင်တာ ရက်အနည်းငယ်ကြာလို့ အမေပြန်လာရင် အမေ့ကို ပြောပြရမယ်”
“ငါတော့ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမယ့် မလွယ်တဲ့ မရီးတစ်ယောက် ရှိနေပြီ ဆိုတာကို ခန့်မှန်းမိနေပြီ”
“ကောင်းတယ်၊ ငါတော့ အမေပြန်လာရင် အစ်ကိုကြီးရဲ့ အိမ်မှာ ခဏလောက်နေခိုင်းရမယ်။ အဲဒါက ငါတို့ရဲစိတ်သဘောထားကျဉ်းမြောင်းတဲ့ မရီးကို ပြုပြင်ပေးလိမ့်မယ်”
အန်းရန်ဟာ အံ့သြမှင်တက်သွားပြီး သူမရဲ့ မိဘတွေ ကပ်စေးနည်းတယ်လို့ ခံစားလိုက်ရတယ်။
မဟုတ်ဘူး၊ မဟုတ်ဘူး ဒါက ထင်မြင်ချက်တစ်ခုပဲ။
သူမက စိတ်အေးအေး ထားလိုက်တယ် ပြီးတော့ သူတို့ကို အလျင်စလို မဆုံးဖြတ်လိုက်သင့်ဘူး။
“ရန်ရန်၊ ဒီနေ့ သမီး ဦးလေးက သမီးအတွက် အချိန်မရှိဘူးဆိုတော့ အဖေတို့ရဲ့ ဟော့ပေါ့ဆိုင်မှာပဲ သွားစားကြမလား။ အဖေတို့ ဟော့ပေါ့ဆိုင်ရဲ့ အစားအေသာက်က အရသာရှိတယ်”
“ဟုတ်တယ်၊ အမေတို့ရဲ့ဟော့ပေါ့ဆိုင်က ဒီဒေသမှာ လူသိများပြီး လူကြိုက်လည်း များတယ်လေ”
အန်းရန်ဟာ ခေါင်းကို ဖြည်းဖြည်းလေး ညိတ်လိုက်တယ်။ သူမက သူတို့ရဲ့ ဟော့ပေါ့ဆိုင်က ဘယ်လိုပုံစံမျိုးလဲဆိုတာ အရမ်းသိချင်နေပါပြီ။
အငှားကားကို စီးနေတဲ့ အချိန်မှာ အန်းရန်ဟာ ပြတင်းပေါက် အပြင်ဘက်က ရှုခင်းတွေကို ကြည့်နေလိုက်တယ်။ ပြီးတော့ သူမရဲ့နှလုံးသားလေးက အသစ်အဆန်းတွေနဲ့ ပြည့်နှက်နေဆယ်။
ဒါက မြို့ငယ်လေးဆိုပေမဲ့ ခေတ်မီပါတယ်။
ဒါပေမဲ့ ဒီနေရာကနေ စပြီးတော့ ဇာတ်လိုက်ကို အန္တရာယ်ဖြစ်စေမဲ့ အရာတွေကို ရှောင်ရှားပြီး ဇာတ်ကွက်ကို လုံးဝပြောင်းလဲနိုင်မဲ့နေရာ ဖြစ်တယ်။ ဒါကြောင့် သူမဟာ ရှေ့လျောက် မျှော်လင့်ခြင်း တွေရယ် အသစ်အဆန်းတွေရယ်နဲ့ပဲ ပြည့်နှက်နေခဲ့တယ်။
သူမသာ တစ်ဖန် မွေးဖွားလာခဲ့ရင်ရော …..
“ရန်ရန်၊ သမီး မကြာခင် သမီးအဒေါ်နဲ့တွေ့ရတော့မယ်။ သမီးအဒေါ်က သမီးကို သဘောကျမှာပါ”
ကားထဲမှာ ထိုင်နေတဲ့အချိန်အတွင်းမှာပဲ၊ သူမ မိဘတွေဆီကနေပြီး သူမမိသားစု အခြေအနေကို သင်ယူလေ့လာခဲ့ရတယ်။
သူမရဲ့မိသားစုဝင်တွေက သူမအဖွားရယ်၊ ဦးလေးနဲ့ အဒေါ်တွေပါပဲ။
သူမဦးလေးနဲ့ အဒေါ်မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပေမဲ့ သူမမိဘတွေကတော့ သူမတစ်ယောက်တည်းသာရှိပါတယ်။
“ဟုတ်ပြီ၊ ရန်ရန် သမီး စာသင်ရတာရော ဘယ်လိုလဲ။ အဆင်ပြေရဲ့လား” လင်းလီက သိချင်စိတ်နဲ့ အန်းရန်ကို မေးလိုက်တယ်။
အန်းရန်က မဖြေရသေးပေမဲ့ အန်းဖူကွေ့က ဖြေဖို့ စိတ်လောနေခဲ့တယ်။
“မေးနေစရာ လိုသေးလား။ ငါတို့သမီးလေးက ကျောင်းစာလည်း တော်မှာပါ။ သူမက ဉာဏ်ကောင်းတယ်လေ “
တကယ်ကို အန်းရန်ရဲ့ ပုံစ့နဲ့ သဘောထားက သူမက ဉာဏ်ကောင်းတယ်လို့ အထင်ခံရစေပါတယ်။ဒီဘဝမှာရော အရင်ဘဝမှာရော သူမက စာလေ့လာရတာကို မကြိုက်တဲ့ ဆန်ကုန်မြေလေး တစ်ယောက်ဖြစ်ခဲ့တယ်။
“အာ.. အဲ့ဒါက သမီးက ကျန်းမာရေး မကောင်းတော့ ကျောင်း ခဏခဏ ပျက်တယ်တယ်လေ။ ဒါကြောင့် သမီးက ကျောင်းစာတွေမှာ မတော်ပါဘူး”
16 03
အန်းရန်က နေရကျပ်စွာ တိုးတိုးလေး ပြောလိုက်တယ်။
အန်းဖူကွေ့နဲ့ လင်းလီတို့ နှစ်ယောက်လုံး ကြက်သေသေသွားခဲ့တယ်။
သူတို့ဟာ အန်းရန်ရဲ့ ရှက်ရွံ့အားငယ်နေတဲ့ အမူအရာကို တွေတော့၊
“အဆင်ပြေတယ်၊ အဆင်ပြေတယ်။ အဖေတို့မိသားစုမှာ ပိုက်ဆံရှိတယ်။ ဒါကြောင့် သမီးကို ကျွေးမွေးနိုင်ပါတယ်” ပြောပြီး အန်းရန်ကို သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးခဲ့တယ်။
“ဟုတ်တယ်၊ အနာဂတ်မှာ ကောလိပ်ကို မသွားနိုင်ခဲ့ရင်တောင် စိတ်မပူနဲ့။ အဖေတို့ရဲ့ ဟော့ပေါ့ဆိုင်ကို အမွေဆက်ခံပြီး လွယ်လွယ်ကူကူနဲ့ သူဌေးမလေး ဖြစ်လာနိုင်တယ်”
လင်းလီနဲ့ အန်းဖူကွေ့ဟာ သူတို့တကယ် ချမ်းသာနေသလိုမျိုး အန်းရန်ကို အားပေးပြီး စိတ်သက်သာရာ ရစေခဲ့တယ်။
ဒါကလည်း အန်းရန်ကို စိတ်ရှုပ်ထွေးသွားစေခဲ့ပါတယ်။
သူတို့ရဲ့အိမ်က ၁၂၀စတုရန်းစင်တီမီတာ ထက်နည်းပြီး အိပ်ခန်း၃ခန်းသာပါပြီး သေးငယ်တယ်ဆိုတာ သိသာနေပါတယ်။ ဒါက သူတို့ချမ်းသာတယ်ဆိုတဲ့ အတွေးကို မခံစ
ားစေခဲ့ရပါဘူး။
သူမရဲ့မိဘတွေက ခြိုးခြံချွေတာလွန်းနေတာလား။
အဲဒါတွေပြီးတော့ သူတို့မှာ သူတို့ရဲ့နာမည်တွေအတိုင်း အလွန်ရှေးဆန်တဲ့ ဟော့ပေါ့ဆိုင်ကြီး ရှိနေခဲ့တယ်။
အန်းရန်ဟာ အမြဲတမ်း တစ်ခုခုတော့ မှားနေတယ်ဆိုတာကို ခံစားခဲ့ရတယ်။