FAKE

အပိုင်း (၁၁-၁၂)

အပိုင်း ၁၁

အန်းရန်ဟာ ဒီကမ္ဘာမှာရှိတဲ့ သူမရဲ့ သွေးသား တော်စပ်နေတဲ့ မိဘတွေအကြောင်းကို တွေးနေခဲ့တယ်။

ဒါပေမဲ့လဲ သူမရဲ့ သွေးသားတော်စပ်နေတဲ့ မိဘတွေဟာ သူမ တွေးထားတာထက် သာမန်ကျလွန်းနေဖို့ ဆိုတာတော့ မမျှော်လင့်ခဲ့ပါဘူး။

ဟုတ်ပါတယ်၊ သာမန်ပါပဲ

(ဒီနေရာမှာ သွေးသား တော်စပ်နေတဲ့မိဘဆိုတာက မိဘအရင်းတွေကို ပြောတာပါ)

အန်းဖူကွေ့နဲ့ လင်းလီဟာ သာမန်နာမည်နဲ့ သာမန်ပုံပန်းသွင်ပြင်သာ ရှိပြီး အန်းရန်ရဲ့ မိဘအရင်းတွေ ဖြစ်ပါတယ်။ လူအများကြီးထဲမှာ သူတို့ကို ရှာတွေ့နိုင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့အရာပါ။

အန်းရန်ကတော့ လှပတဲ့ မိန်းမငယ်လေး တစ်ယောက်အဖြစ် ကြီးပြင်းလာတယ် ဆိုတာတော့ တကယ်ကို အံ့သြစရာပါ။ တိတိကျကျပြောမယ်ဆို မျိုးရိုးကနေ ကွဲထွက် ပြောင်းလဲခြင်းဖြစ်စဉ် ဖြစ်သွားတာပါပဲ။

ပြီးတော့ ဒီမိဘအရင်းတွေဟာလည်း သူမတွေးထားတာထက်ကို ဆင်းရဲနွမ်းပါးလွန်းလို့ ကောလိပ်တောင် ပို့နိုင်မှာ မဟုတ်ဘူးလို့ သူမက တွေးနေခဲ့တယ်။

ဒီမိသားစုက အရွယ်အစား သိပ်ကြီးကြီးမားမား မဟုတ်တဲ့ ဟော့ပေါ့ စားသောက်ဆိုင်လေးကို ဖွင့်ထားခဲ့သေးတယ်။

“လူကြီးမင်းရှန်နဲ့ အမျိုးသမီးရှန် ခင်ဗျ၊ ကျွန်တော်တို့ကို ငွေကြေးထောက်ပံ့ပေးဖို့ မလိုပါဘူး။ အန်းရန်ဆိုတာ ကျွန်တော်တို့ရဲ့ သမီးအရင်းပါ။ ဒါက ခင်ဗျားတို့က သူမကို ငွေကြေးထောက်ပံ့ဖို့ လိုတယ်ဆိုတဲ့ အတွေးကို မဖြစ်စေပါဘူး။ ပြီးတော့ ကျွန်တော်တို့က ဟော့ပေါ့ဆိုင်ဖွင့်ထားတဲ့အတွက် အန်းရန်ကို ရှန်းမိသားစုမှာ နေခဲ့ရသလိုမျိုး ဘဝကို ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ကြိုးစားမှာပါ” သူမရဲ့ အဖေ အန်းဖူကွေ့က ပြောခဲ့တယ်။

လူကြီးမင်းအန်းက ပန်းပွင့်တွေပါတဲ့ ဝတ်စုံရယ် သူရဲ့ လည်ပင်းမှာလည်း ရွှေဆွဲကြိုး အကြီးကြီးရယ် လက်ချောင်းတွေ ပေါ်မှာလည်း ရွှေလက်စွပ် လေးကွင်း ငါးကွင်း လောက် ဝတ်ထားလိုက်သေးတယ်။ သူရဲ့ပုံစံက ငါချမ်းသာတယ် ဆိုပြီး အော်ပြောနေသယောင်ပဲ။

ဒီကြမ်းတမ်းပြီး ဟောင်းနွမ်းတဲ့ ဝတ်စားဆင်ယင်ပုံနဲ့ လူကြီးက လတ်စသတ်တော့ သူမသမီးအရင်းရဲ့ သွေးသားတော်စပ်နေတဲ့အဖေ ဖြစ်လာတယ်။ စုယွမ်းရာ ပြောစရာတွေ ပျောက်ဆုံးလုနီးနီး ဖြစ်သွားတယ်။

အန်းရန်ရဲ့မိဘရင်းက သူတို့ရဲ့ သမီးငယ်လေး အန်းရန် အိမ်ကို မပြန်လာခင် သူမရဲ့မွေးစားမိသားစု အကြောင်းကို အနည်းငယ် ရှာဖွေကြည့်ခဲ့ကြတယ်။ သူတို့က အဲ့မိသားစုဟာ ယုံကြည်ချင်စရာ မကောင်းတာကို သိပေမဲ့လည်း အဲလို မဖြစ်ဖို့ကို မျှော်လင့်ခဲ့ကြတယ်။

ဒါကြောင့်မို့ စုယွမ်းရာဟာ ‘ကလေးဘဝကတည်းက သန်းပေါင်းများစွာ တန်တဲ့ဇိမ်ခံအိမ်ကြီးမှာ နေခဲ့ရပြီး အာဟာရဗေဒပညာရှင်ရဲ့ စီမံကွပ်ကဲမှုနဲ့ တစ်နေ့ ၃နပ် စားသောက်ခဲ့ရတဲ့ သူမရဲ့ကလေးအတွက်’ ပူပင်သောက ရောက်နေခဲ့ရတယ်။ သူမဟာ နိုင်ငံခြားတံဆိပ်နဲ့ ဇိမ်ခံပစ္စည်းတွေကိုသာ အသုံးပြုခဲ့တယ်။ သူမဟာ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေကို Guerlain နဲ့ Lamer ကသာ အသုံးပြုပြီး အကြိုက်ဆုံးအိတ်က Hamer လေ။ ကျောက်မျက်ရတနာဆိုလည်း အနည်းဆုံး ဂဏန်းခြောက်လုံးကျော်တန်ဖိုးရှိတဲ့ အရာတွေကိုပဲ ဝတ်ဆင်ခဲ့တယ်။

အန်းဖူကွေ့နဲ့ သူဇနီးဟာ Guerlain တွေ Hamer တွေ Lamer တွေ ဆိုတာ ဘာမှန်း နားမလည်ပေမဲ့ ကိန်းဂဏန်းတွေကိုတော့ သိလွယ်ခဲ့ကြတယ်။

“သန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံအိမ်ကြီးမှာ နေခဲ့တာတဲ့လား”

“ဂဏန်း ခြောက်လုံးကျော် တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေကိုပဲ ဝတ်ခဲ့တာတဲ့လား”

နှစ်ယောက်လုံးဟာ တံတွေးတွေ မြိုချလိုက်ပြီး သွေးသားတော်စပ်နေတဲ့ သူတို့ရဲ့သမီးကို မျက်နှာ မကောင်းစွာနဲ့ ကြည့်လိုက်ကြတယ်။

သူတို့ မွေးဖွားခဲ့တာနဲ့မတူပဲ သူတို့ရဲ့ သွေးသားတော်စပ်နေတဲ့ သမီးဟာ နူးညံ့ကြင်နာတတ်တဲ့ပုံပေါ်ပြီး မြင့်မြတ်တဲ့မင်းသမီးလေးလို ဖြစ်နေခဲ့တယ်။

ဒါပေမဲ့လည်း ငွေနဲ့သာ ဆိုရင် သူတို့ရဲ့ သမီးအရင်းဟာ လုံးဝ လင်းလက်တောက်ပ နေခဲ့မယ်လို့ ခံစားလိုက်ရတယ်။

ဘုရားရေ၊ ဒီပိန်ပိန်သေးသေး ကလေးမလေးက ကြီးပြင်းလာဖို့ တော်တော် တန်ဖိုးကြီးတာပဲ။ သူတို့ဟာ သူမကို ကြီးပြင်းလာအောင် စောင့်ရှောက်ဖို့ ငွေကြေး တတ်နိုင်ပါမလား။

အဲ့အချိန်ခဏမှာ အန်းဖူကွေ့ဟာ သူရဲ့ မလိုအပ်တဲ့ မာနထားမှုကြောင့် အန်းရန်ရဲ့ ဘဝအတွက် ရှန်းမိသားစုက ပေးတဲ့ ဘဏ်ကတ်ကို မယူခဲ့ရခြင်းဆိုပြီး အနည်းငယ် နောင်တ ရချင်သွားတယ်။

“ရန်ရန် ပြန်မလိုက်သွားနဲ့ အမေနဲ့ အိမ်ကိုသွားနော်။ အမေက သမီး ပျက်စီးနေတာကို မကြည့်နိုင်ဘူး…”

11 02

စုယွမ်းရာဟာ ချမ်းသာတဲ့မိသားစုက မွေးဖွားလာသူဖြစ်ပြီး အန်းဖူကွေ့လို လူမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။

သူမဟာ အန်းရန်ကို အရမ်းချစ်တာကြောင့်မို့ .၀

အန်းဖူကွေ့လို လူမျိုးကို အထင်မသေးနိုင်ခဲ့ပါဘူး။ ပြီးတော့ သူမဟာ အန်းရန် ခံစားနေရတာကို ကြည့်မနေနိုင်ခဲ့ဘူး။

သူမရဲ့ မင်းသမီးငယ်လေးဟာ ကြီးပြင်းလာတဲ့အထိ အသေးစိတ် ဂရုစိုက်ခံခဲ့ရပြီး ဒီဆင်းရဲတဲ့မိဘတွေဆီကို ပြန်ပို့တာဟာ သူမအတွက် ရက်စက်လွန်းရာ ကျခဲ့တယ်။

“ရက်စက်တာလား၊ ဘာကို ပြောချင်တာလဲ၊ မင်းမိသားစုက ဘယ်လို ဆိုလိုချင်တာလဲ။ သူမက ဘယ်လို အနိုင်ကျင့်ခံရလို့လဲ။ သူမက ငါတို့နဲ့ ၁၆နှစ်လုံး နေထိုင်ခဲ့ပြီးပါပြီ။ သူမကို ငါတို့က အမြင့်ဆုံးကို မရောက်စေနိုင်ပေမဲ့ လှလှပပ ရည်ရည်မွန်မွန်နဲ့ ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တယ်။ အိမ်နီးချင်းတွေကို မေးလို့ ရပါတယ်။ သူတို့ကတောင် ငါတို့က ရှန်းရွှယ်ရော့ကို လှလှပပနဲ့ ရည်ရည်မွန်မွန်ဖြစ်အောင် စောင့်ရှောက်ပေးခဲ့လို့ ချီးကျူးကြလိမ့်မယ်။ သူမက လှပရုံတင် မဟုတ်ဘူးနော် ဉာဏ်လည်းကောင်းတယ်”

အန်းရန်ရဲ့အမေရင်းဟာ လှလှပပနဲ့ ရည်ရည်မွန်မွန်ရှိတဲ့ အမျိုးသမီးရှန်း ပြောတာကို ကြားလိုက်ရတဲ့အခါမှာ ခံစားချက်တွေမကောင်း ဖြစ်နေခဲ့တယ်။

“ရှင့်သမီးကို ငါတို့ရဲ့အိမ်ကို ပြန်မထည့်ပေးဘူးဆိုရင် ငါတို့ရဲ့ ရော့ရော့လေးကို ပြန်ခေါ်ရမယ်။ ရှင်ရဲ့ ၁၆နှစ်လောက် ကွဲကွာနေတဲ့ သမီးကို ထွက်သွား စေမလားဆိုတာ ရှင် တာဝန်မယူနိုင်သလိုမျိုး ငါတို့ရဲ့ လိမ္မာယဉ်ကျေးလှတဲ့ သမီးလေးကို ရှင်တို့နဲ့ ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

စုယွမ်းရာဟာ သူမနဲ့ ၁၆နှစ်လောက် အတူနေထိုင်ခဲ့တဲ့ အန်းရန်ကို အမေရင်း ဖြစ်တဲ့ လင်းလီဆီကို ပြန်မထည့်ပေးချင်ခဲ့ပါဘူး။

ဒါပေမဲ့ ထုံးစံအတိုင်းပါပဲ လင်းလီဟာ ရှန်းရွှယ်ရော့ကို ချစ်ပေမဲ့ သူမကို သွားခွင့်ပြုလိုက်ပါတယ်။ ရှန်းမိသားစုဟာ ချမ်းသာပြီးတော့ ကျော်ကြားတဲ့အတွက် သူမကို ပြန်ပို့လိုက်တာက သူမအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

“မင်း ဘာတွေတွေးနေတာလဲ။ အန်းရန်ဆိုတာ ငါတို့ရဲ့ သမီးအရင်းနော်”

“ရှင်ကရော ဘာတွေ တွေးနေတာလဲ။ ရှင်လည်းပဲ မပြည့်စုံဘူးလေ။ ကျွန်မလေ ရော့ရော့က ရှင့်အိမ်မှာ ခက်ခဲတဲ့ အချိန်တွေ ရှိနေခဲ့မှာကို စိုးရိမ်နေတာ”

“မိန်းမ”

“ရှောင်လီ”

သူတို့ရဲ့ ဇနီးနှစ်ယောက် စကားများနေတာကို ကြည့်ပြီး သူတို့လည်း သူတို့ရဲ့ ဇနီးနှစ်ယောက်ကို နှစ်သိမ့်နေခဲ့ကြရတယ်။

“အန်းရန်အပေါ်ထားတဲ့ သူတို့ရဲ့စိတ်ထားကို ကြည့်ပါ။ အန်းရန်လေးကို သူတို့ဆီ ပို့လိုက်ရင် သူတို့က အန်းရန်လေးအပေါ်ကို လုံးဝကောင်းမှာ မဟုတ်ဘူး။ အန်းရန်ကို ပြန်ခေါ်ကြရအောင်နော်”

“ဟန့် ငါ့နှလုံးသားလေး ခံစားသွားရပြီ ရှင့်သမီးကို ရှင်ပြန်ခေါ် ကျွန်မလည်း ကျွန်မသမီးကို ကျွန်မပြန်ခေါ်မယ်”

…..

12 01

အပိုင်း ၁၂

အန်းရန်ရဲ့ အမေရင်းနဲ့ သူမရဲ့ မွေးစားအမေဟာ စကားများနေခဲ့ကြပေမဲ့ သူမကတော့ ပင်ပန်းနေတာကို ခံစားနေခဲ့ရတယ်။

နှစ်ယောက်လုံးက ကောင်းမွန်တဲ့မိဘတွေ ဆိုပေမဲ့လည်း တစ်ဦးရဲ့ မကောင်းတဲ့ အတွေးတွေက နှစ်မိသားစုလုံးကို နာကျင်စေခဲ့တယ်။

တစ်ခဏလောက် အန်းရန်ရဲ့ အတွေးတွေထဲမှာ အိမ်ဆိုတာ ဘာမှန်းမသိ ဖြစ်သွားပြီး ဘယ်ကို သွားရမှန်းမသိ ဖြစ်သွားခဲ့တယ်။

လေပြည်ညင်းလေး တိုက်ဖြတ်သွားတဲ့အချိန် လူတိုင်းရဲ့ အကြည့်တွေအောက်မှာ အန်းရန်ဟာ လေတိုက်ရင်တောင် လဲနိုင်တဲ့ ပေါ့ပါးပြီး သေးငယ်လှတဲ့ မိုးမခပင်လိုမျိုး ဖြစ်နေခဲ့တယ်။

‘ဟေး လေပြည်ညင်းလေးလောက်နဲ့ ငါက လဲကျမှာတဲ့လား။ မေးခွန်းမှားသွားပြီ။ အသက်ရှိလူတစ်ယောက်ကို ဘယ်လေပြည်ညင်းက လဲကျစေမှာလဲ’ အန်းရန်ဟာ သူမ စိတ်ထဲမှာ မေးလိုက်မိတယ်။

(လူတစ်ယောက်နဲ့ တစ်ယောက် ခြားနားပြီး ရှီရှီရောင်ဝါရဲ့ ပင်ကိုအရည်အသွေးက အသက်ဝင်တယ်။ (အားနည်းတဲ့လေ ကတောင် မဟန့်တားနိုင်ဘူး) မီတာ ၅၀ ပတ်လည်အတွင်း ရန်ပွဲ တွေ ဖြစ်နေရင် ဒီအရှိန်အဝါကို ဖြစ်စေမဲ့ အခွင့်အရေး 50%လောက် ရှိလာတယ်။ မှတ်စု -အန္တရာယ်ကို ကြုံလာရင်တော့ 100%ပါ)

“ရန်ရန်”

“သမီး”

အန်းရန် သတိရလာတဲ့အခါ ဆေးရုံကုတင်ပေါ်မှာ သူမနောက်တစ်ခါ ထပ်ရောက် နေပြန်ပြီဆိုတာကို သိသွားတယ်။

ဖျားတယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ဘူး။

အန်းရန်ဟာ မျက်လုံးပွင့်လာတဲ့အခါ သူမကို မျက်လုံးနီတွေနဲ့ သူမကို ကြည့်နေကြတဲ့ အမေနှစ်ယောက်ကို တွေ့လိုက်တယ်။

“ရန်ရန် သမီးနိုးလာပြီလား။ သမီးအမေ မကောင်းတာပါ။ အမေ နောက်ဆို တခြားလူတွေနဲ့ စကားမများတော့ပါဘူး”

စုယွမ်ရာက အန်းရန်ရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး နူးညံ့စွာနဲ့ သူမကို တောင်းပန်စကားပြောလိုက်တယ်။

လင်းလီဟာ အန်းရန်ကို တစ်ခုခု ပြောချင်ပေမဲ့ သူတို့နှစ်ယောက်ကိုသာ ကြည့်နေလိုက်တယ်။ နောက်တော့ သူမလည်း သူတို့ကို ကြည့်နေတာ ရပ်လိုက်ပြီး အက်ကွဲနေတဲ့ အသံနဲ့ တည်တည်ကြည်ကြည် နဲ့ပြောလိုက်တယ်။

“အန်းရန်ကို ပြန်ခေါ်သွားပါ၊ သူမလို နူးညံ့တဲ့မိန်းကလေးကို ငါတို့ မစောင့်ရှောက်နိုင်ဘူး”

လင်းလီရဲ့ စကားတွေကို ကြားတဲ့အခါ အန်းဖူကွေ့ဟာ စကားပြောနေတာကို ရပ်လိုက်တယ်။ အဆုံးမှာတော့ သူလည်း ဘာမှမပြောနိုင်တော့ပါဘူး။

စုယွမ်ရာနဲ့ ရှန်းပေါယန်တို့ဟာ လင်းလီရဲ့ စကားတွေကို ကြားတော့ အရမ်းပျော်သွားခဲ့ကြတယ်။

သူတို့ဟာ သူတို့ရဲ့ သမီးကို ပြန်မပို့ချင်ကြဘူး။ အထူးသဖြင့် အန်းဖူကွေနဲ့ လင်းလီကို တွေ့ပြီးတော့ သူတို့ရဲ့ သမီးငယ်ကို ပြန်ကို မပို့ချင်တော့ပါဘူး။

သူတို့တွေ စကားပြောပြီးတဲ့အချိန်မှာတော့ အန်းရန်က လေသံတိုးတိုးနဲ့ ပြောလိုက်တာကို ကြားလိုက်ရတယ်”သမီးက နူးညံ့သိမ်မွေ့သူတော့ မဟုတ်ပေမဲ့ မိန်းမကောင်း တစ်ယောက်ပါ။ ဒါကြောင့် သမီးရဲ့ မိဘအရင်းတွေကပဲ သမီးကို ထောက်ပံ့ပေးသင့်ပါတယ်”

အန်းရန်ဟာ လင်းလီနဲ့ အန်းဖူကွေ့ကို လေးနက်စွာ ကြည့်လိုက်တယ်။

“အဖေနဲ့အမေ သမီးရဲ့ မျိုးရိုးနာမည်က အန်း ပါ။ သမီးက အဖေတို့ရဲ့ သမီးအရင်းပါ။ ရှုယောင်လောက် ဉာဏ်မကောင်းဘူး မလှတဲ့သူဆိုပြီး သမီးကို မလိုချင်ကြတော့ဘူးလား”

မိန်းကလေးရဲ့ ကြည်လင်တောက်ပနေတဲ့ မျက်လုံးထဲက မျက်ရည်တွေကို တွေ့လိုက်ရတော့ လင်းလီနဲ့ အန်းဖူကွေ့တို့ရဲ့ နှလုံးသားဟာ ခါးခါးသီးသီးကို ခံစားလိုက်ရတယ်။

သူတို့ဟာ သူတို့ရဲ့ သမီးနဲ့ ၁၆နှစ်တောင် အတူနေခဲ့ကြပြီးပြီ။

12 02

ရှုယောင်ရဲ့ အဖေအရင်းက နာမည်ကြီးရုပ်ရှင် ဧကရာဇ် ရှန်းပေါယန် ဖြစ်ပြီး အမေရင်းက ချမ်းသာတဲ့မိသားစုက အလှဘုရင်မလေးဆိုတာကို သိသွားတဲ့ အခါမှာတော့ တုံ့ဆိုင်းခြင်းမရှိပဲ သူမရဲ့မိဘအရင်းတွေဆီကို ပြန်ပို့ဖို့ ရွေးချယ်ခဲ့ကြတယ်။

သူမက ရှန်းမိသားစုဆီကို ပြန်သွားတဲ့နေ့က သူတို့ကို လှည့်တောင် မကြည့်ဘဲ မျှော်လင့်ခြင်းအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားခဲ့တယ်။

ဒါပေမဲ့လည်း ၁၆နှစ်ကြာ သမီးနဲ့ ကွဲကွာနေခဲ့ရတဲ့ သူမရဲ့ချမ်းသာတဲ့ မိဘအရင်းတွေကတော့ သူမ ပြန်လာတာကို လိုလိုလားလား ရှိခဲ့ကြတယ်။

သူမကလည်း အဖေနဲ့အမေလို့ခေါ်ပြီး သူမရဲ့မျိုးရိုးက အန်း ဆိုတာကိုပါ ပြောပြခဲ့တယ်။

အန်းဖူကွေ့ဟာ သူမရဲ့သမီးအရင်းကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်တယ်။

“သမီးလိမ္မာလေး၊ အဖေက သမီးကို ကျွေးမွေးစောင့်ရှောက်မယ်၊ ဘာလို့ အဖေက မလုပ်နိုင်ရမှာလဲ”

“ရန်ရန်၊ အမေက သမီးရဲ့အမေလေ။ ဘာကြောင့်သမီးကို မလိုချင်ရမှာလဲ။ အမေတို့ ခုနတုန်းက ပြောလိုက်တဲ့စကားတွေက စိတ်ဆိုးလို့ ပြောလိုက်တာတွေပါ။ အဲဒါတွေကို လိုက်မခံစားနေပါနဲ့နော်” လင်းလီက သူမရဲ့ မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်ပြီး အန်းရန်ကို ချိုသာစွာ စကားဆိုလိုက်တယ်။

သူမရဲ့အသံက ယဉ်ကျေး သိမ်မွေ့နေပေမဲ့လည်း အဲဒါဟာ မိခင်တစ်ယောက်ရဲ့ နူးညံ့ညင်သာတဲ့ အချစ်တွေ ဖြစ်ပါတယ်။

အန်းရန်ဟာ သူမရဲ့ မိဘအရင်းတွေက သူမကို ချစ်ဆဲ ဂရုစိုက်ဆဲဆိုတာကို သိလိုက်ရတယ်။

အဲဒါက သူမရဲ့ မွေးစားမိဘတွေဖြစ်တဲ့ စုယွမ်ရာနဲ့ ရှန်းပေါယန်ကိုပါ စိတ်ထိခိုက်အောင် လုပ်မိသလိုဖြစ်ပြီး စိတ်ပျက်သွားစေခဲ့တယ်။ အန်းရန်ဟာ ကုတင်ရဲ့ဘေးမှာရပ်နေတဲ့ စုယွမ်ရာနဲ့ ရှန်းပေါယန်ရဲ့ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်တယ်။

“အဖေနဲ့ အမေ သမီးတောင်းပန်ပါတယ်။ သမီးမှာသာ အခွင့်အရေးရှိခဲ့မယ်ဆို အဖေနဲ့အမေရဲ့ သမီးပဲ ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ သမီးရဲ့ မိဘအရင်းတွေကို မကျေနပ်ချက်တွေ ခံစားရလောက်တဲ့အထိတော့ သမီး တစ်ကိုယ်ကောင်း မဆန်နိုင်လို့ပါ။ သမီးကြောင့် အဖေနဲ့အမေ အရှက်ရစေမိပြီ။ ဒါကြောင့် သမီးတို့ နေရာအမှန်ကို ပြန်သွားတာက အကောင်းဆုံး ရွေးချယ်မှုဖြစ်မှာပါ”

အန်းရန်လဲ ကလေးတစ်ယောက်လို ပြုမူပြီး သူမတို့

နှစ်ယောက်ရဲ့ လက်ကို ဆုပ်ကိုင်ကာ လက်တွေကို ပွတ်သပ်လိုက်တယ်။

“အဖေနဲ့ အမေက တစ်သက်လုံး ရန်ရန်ရဲ့ မိဘတွေပါပဲ။ ရန်ရန်ကလဲ အဖေနဲ့ အမေကို အမြဲချစ်နေမှာပါ”

FAKE
Author: FAKE
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

豪门假千金她跑路啦
Score 7
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အကျဥ်းချုပ်။ အန်းရန်သည် စောစောသေဖို့ ကံဇာတာပါလာတဲ့ အမျိုးသားဇာတ်ဆောင်ရဲ့အချစ်ဦးအဖြစ် ကူးပြောင်းခဲ့တယ်။ သူမရဲ့သတ္တိ အားနည်းခဲ့တယ်။ သူမဟာဆိုရင်ဖြင့် မိသားစုက မြေတောင်မြှောက်ပေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့တဲ့ သနားစရာကောင်းတဲ့ အလှတရားလေးတခုပါ။ သူမက ရှန်းမိသားစုရဲ့ ပုလဲလေးပါ။ဒါပေမဲ့ သူမက အမှားတွေအများကြီး လုပ်မိခဲ့လို့ နှမြောစရာပါဘဲ။ အမျိုးသမီးဇာတ်ဆောင်အစစ် ပြန်ရောက်လာတဲ့အခါမှာ သူမရဲ့အနာဂတ် အိမ်မက်တွေကော၊ သူမရဲ့ဘဝကောပါ အလွန်စိတ်ပျက်စရာ ကောင်းလှပါတယ်။ သူမက ဗီလိန်အတုဖြစ်ပြီး အမြောက်စာဇာတ်ကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ အန်းရန်ဟာ ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းသွားခဲ့တယ်။ ငါ ကြိုးစားလေ့လာပြီး နေ့ရက်တိုင်းမှာ လှပနေစေရမယ်။ အမျိုးသမီးဇာတ်ဆောင်ကို ဂရုစိုက်နေဖို့ ငါ့မှာ အချိန်မရှိဘူး။ သိမ်သိမ်မွေ့မွေ့ရှိတဲ့ အန်းရန်က ဆင်းရဲသားရပ်ကွက်က မိသားစုဆီပြန်လာခဲ့ရတာကို သနားစရာကောင်းတယ်လို့ လူတိုင်းက ခံစားခဲ့ကြရတယ်။ သူမရဲ့ တစ်ဘဝလုံးကို ရွံ့ထဲတွင် ကုန်ဆုံးရတော့မယ်။ သူမရဲ့မိဘတွေက ရက်စက်ကြမ်းကြုတ်ပြီး ပိုက်ဆံမက်တဲ့သူတွေလို့ ဘယ်သူကထင်မှာလဲ။ [သူမရဲ့အဓိကတာဝန်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျော်လွှားပြီး ထိပ်တန်းကျောင်းသားဘွဲ့ဖြင့် နိုင်ငံအတွင်းရှိတဲ့ အကောင်းဆုံးကောလိပ်ကို ဝင်ရောက်တက်ခွင့်ရရန်ဖြစ်ပြီး ပိုပြီးအရေးကြီးတာက ပို၍လှပလာသော ဆုများကို ရရှိရန်ဖြစ်တယ်။] နှစ်သက်စရာအကောင်းဆုံး အလှတရား ဖြစ်တဲ့ သူမရဲ့မျက်နှာက သူမ၏အသက်သွေးကြော ဖြစ်တယ်လို့ အန်းရန်က ပြောတယ်။ သူမရဲ့ အလကားအဖြစ် မှတ်ယူခြင်းခံရတာကို ကယ်တင်နိုင်မှာ ဖြစ်တယ်။  #####   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset