အပိုင်း ၉
အန်းရန်သည် မှန်ထဲက ကောင်မလေးကို ကြည့်ရင်း မှော်ဆန်သလို ခံစားခဲ့ရပြီး သူမရဲ့မျက်နှာအသွင်အပြင်သည် သိမ်မွေ့နူးညံ့ပြီး လှပမှု မရှိပါဘူး။
သူမရဲ့ရုပ်ရည်က အရင်ဘဝကထက် ဆယ်ပုံတစ်ပုံ မရှိပေမယ့် သူမရဲ့ရောင်ဝါက သူမရဲ့အလှကို အများကြီး ထူးကဲစေတယ်။
ဒါပေမဲ့လည်း အန်းရန်သည် သူမရဲ့အသွင်အပြင်ကို မကျေနပ်သေးပါဘူး။
အန်းရန်က သူမရဲ့အရင်ဘဝက မစ္စအာရှသရဖူကို ဆွတ်ခူးခဲ့ပြီး သူမရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာအလှမယ် ဖြစ်ဖို့ပါဘဲ။
ဒါကြောင့် အလှကို နှစ်သက်သောသူမသည် ကျေနပ်မှုမရှိခဲ့ပါ။
ကံကောင်းထောက်မစွာဖြင့်၊ သူမတွင် အမျိုးသားဇာတ်ဆောင်ရဲ့ ကံစမ်းသည့်စနစ် ရှိခဲ့တယ်။ သူမသည် အနည်းငယ် ရုပ်ဆိုးပုံပေါက်ပေမယ့်လည်း ၎င်းသည် သူမကိုလှပစေနိုင်ပါတယ်။
သူမသည် အခု ရှီ့ရှီရဲ့ ရောင်ဝါကို ရရှိနေပြီ ဖြစ်တယ်။
အန်းရန်သည် ရှီ့ရှီရဲ့ ရောင်ဝါကို ပျော်ရွှင်စွာ အသုံးပြုခဲ့တယ်။
ရလဒ်တစ်ခုအနေနဲ့၊ အန်းရန်သည် မှန်ရှေ့တွင် ရပ်နေပြီး သူမရဲ့အသွင်အပြင် ပြောင်းလဲသွားတာကို ကြည့်နေခဲ့တယ်။
ခဏအတွင်းမှာဘဲ၊ အဖြူရောင်အလင်းတန်းတစ်ခု သူမရဲ့ခန္ခာကိုယ်ပေါ် လင်းလာပြီး လှလာတယ်။
ဒီခံစားချက်မျိုးသည် တစ်ခါထိလိုက်ရုံဖြင့် လှပအောင် ပြုပြင်မွမ်းမံထားတဲ့ ဓာတ်ပုံနဲ့ တူတယ်။ ဒါပေမဲ့လည်း မျက်နှာအသွင်အပြင်က အရင်အတိုင်းပဲ ပြောင်းလဲမှု သိပ်မရှိပေမယ့် ပိုပြီးတော့ လှပလာတယ်။
သူမရဲ့ မျက်လုံးများသည် ကြည်လင်ကာ ဆွဲဆောင်မှုရှိပြီး မျက်ရည်များ ပြည့်နေသလို စိုစွတ်နေကာ လူတိုင်းက သူမကို သနားစေတယ်။
စာထဲမှာ ဆိုထားသလို တိတ်ဆိတ်နေတဲ့အခါ သူမက ရေထဲက ပန်းလိုမျိုး ပျော့ပျောင်းနေပြီးတော့ သူမ လမ်းလျှောက်လာတဲ့အခါ သူမက မိုးမခကိုင်းလေး ယိမ်းနွဲ့နေတာနဲ့ တူတယ်။
သူမကိုယ်သူမ ကြည့်လိုက်ပြီးတော့ အန်းရန်က သူမရဲ့အလှကို စိတ်ကျေနပ်သွားတယ်။
ဒါက သိမ်မွေ့တဲ့အလှတရားတစ်ခု ဖြစ်လိမ့်မယ် ထင်တယ်။
အရင်က ဖျားနေပေမယ့် သူမရဲ့ရောဂါ စွဲကပ်နေခဲ့ခြင်းက အတော်လေး မလှမပ ဖြစ်ခဲ့တယ်။
အခု ကွဲပြားသွားတယ်။ အခု သူမ အတော်လေး နေမကောင်းနေပုံပါပဲ (တကယ်တော့မဟုတ်ပါဘူး)။ အားနည်းတဲ့သွင်ပြင်နဲ့ ဖျားနာနေတဲ့ အလှလေးဖြစ်ပြီး နူးညံ့သိမ်မွေ့ပေမဲ့ ဆွဲဆောင်အားပြင်းတယ်။ အဲ့ဒါက ထိရှဖွယ်ကောင်းပြီး လူတွေကို စိတ်ဆင်းရဲစေကာ သူတို့ သူတို့လက်ဖဝါးပေါ်မှာ သူမကို ဆုပ်ကိုင်ထားထားပြီး သူမကို ဂရုတစိုက် ပြုစုစောင့်ရှောက်ဖို့ ဆန္ဒဖြစ်ပေါ်လာစေတယ်။
အလှလေးပါးရဲ့ရောင်ဝါသည် လေးစားထိုက်ပါတယ်။ တကယ်ကို အံ့သြစရာပါဘဲ။
အန်းရန်က တောက်ပနေသော မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်နေတယ်။ သူမက အချိန်အကြာကြီး သူမရဲ့အလှတရားကို ရှာဖွေဖို့ မတတ်နိုင်ခဲ့ဘူး။
စုယွမ်းရာက အသစ်ပြင်လာတဲ့ အစားအသောက်နဲ့ ရောက်မလာခင်အထိ သူမက မှန်ထဲမှာ ပျော်ရွှင်စွာ ကြည့်နေခဲ့ပြီး အန်းရန်က သူမရဲ့အလှတရားကနေ ပြန်လည်ကောင်းမွန်လာခဲ့တယ်။
9 02
စုယွမ်းရာသည် အန်းရန်ကို တွေ့တဲ့အခါ အံ့သြသွားတယ်။ သူမရဲ့ ကလေးမလေးက ပိုလှပေမယ့် ပိုဖျားနာနေသလို ခံစားရတယ်။
သူမရဲ့မျက်နှာသည် သွေးမရှိသလို ဖြူဖွေးနေပြီး၊ သူမရဲ့မျက်လုံးများက မျက်ရည်များ ပြည့်နေသလိုပါဘဲ။ သူမသည် ပျော့ပျောင်းသော မိုးမခပင်လို ဖျော့တော့ပြီး နူးညံ့သိမ်မွေ့တာကို ကြည့်ကာ စုယွမ်းရာရဲ့ နှလုံးသား တစ်ခုလုံးကို ဆွဲငင်သွားတယ်။
“ရန်ရန်၊ ဟင်းက ပူနေသေးတယ်။ သမီးကြိုက်တာတွေ အမေချက်ထားတယ်။ အရင်ဆုံးသမီး ဗိုက်ဖြည့်ပါအုန်း”
အဲလိုပြောရင်း စုယွမ်းရာက သူမ လုပ်လာသမျှ အစားအစာ အားလုံးကို ထမင်းစားခန်းထဲက စားပွဲပေါ် တင်လ်ိုက်တယ်။
အန်းရန်သည် ဟင်းပွဲများကို ကြည့်ရင်း စိတ်လှုပ်ရှားနေတယ်။
စုယွမ်းရာသည် ကြော့ရှင်းပြီး အလွန်လှပ သိမ်မွေ့သော အမျိုးသမီး ဖြစ်တယ်။ သူမသည် ချမ်းသာသော မိသားစုက မွေးဖွားလာခဲ့ပြီး အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်တယ်။ သူမက ဟင်းချက်ရတာကို အမုန်းဆုံး ဖြစ်ပေမယ့် အခုချိန်မှာတော့ သူမ တစ်ခုခုတောင်းတဲ့အတွက် ဟင်းအမယ်တွေ အများကြီးကို ချက်ခဲ့တယ်။
နှုတ်ခမ်းကို ပွတ်သပ်ပြီးနောက် အန်းရန်သည် ချဥ်စူးစူးဖြစ်ကာ ထိုင်လိုက်တယ်။
ဖြစ်နိုင်ရင် မွေးစားမိဘတွေနဲ့ မခွဲခွာချင်ပါဘူး။ ၁၆နှစ်ကြာအောင် ခံစားချက်များက သူမရဲ့ အရင်းနှီးဆုံး ဆွေမျိုးအဖြစ် ခံစားစေခဲ့မိတယ်။
ဒါပေမဲ့ သူမသည် မထွက်သွားဖို့ အရည်အချင်း မရှိတာ သူမသိတယ်။
သူမရဲ့ မိသားစုအရင်းမှာ ဆင်းရဲပြီး၊ မွေးစားမိဘများသည် အလွန်ချမ်းသာပြီး မိဘများရဲ့ အသက်မွေးဝမ်းကြောင်းကြောင့်လည်း သူမက ထွန်းတောက်လာခဲ့တယ်။
သူမသည် ငယ်စဥ်ကတည်းက ရှန်းရွှယ်ရော့ရဲ့ နေရာကို သိမ်းပိုက်ခဲ့ပြီး ကျော်ကြားမှု၊ ငွေကြေးနှင့် အဆင့်အတန်းမြင့်တဲ့ မိသားစုမှာ နေထိုင်ခဲ့တယ်။ သူမက မသိလိုက်ဘာသာနဲ့ လူတိုင်းရဲ့ ဂရုစိုက်မှုမှာ ကြီးပြင်းလာခဲ့တယ်။
ဒါပေမဲ့ သမီးအစစ်ဖြစ်တဲ့ ရှန်းရွှယ်ရော့ကတော့ ဆင်းရဲတဲ့ မိသားစုနဲ့ ကြီးပြင်းလာရတယ်။
၁၆နှစ်အတွင်းမှာ သူမ အများကြီး ရရှိခဲ့ပေမယ့် ရှန်းရွှယ်ရော့ကတော့ ပြန်မရနိုင်တော့တဲ့ အရာတွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။
သူ့မွေးစားမိဘတွေကို မထားခဲ့ဘူးဆိုရင် ရှန်းရွှယ်ရော့ကို ဒုတိယအကြိမ် ဒဏ်ရာရစေမှာ မဟုတ်ပါဘူးလား။ သူမရဲ့မွေးစားမိဘတွေက သူတို့ကြားက ပြသာနာတွေကို ဖြေရှင်းဖို့ အလုပ်ရှုပ်ခံနေရမှာ ဖြစ်တယ်။
သူတို့နှစ်ယောက်က ရန်သူဖြစ်ဖို့ ရေစက်ပါလာတယ်။
အချို့အရာများကို ရှောင်ကြည်သင့်တယ်။ တကယ်တော့ ရှန်းရွှယ်ရော့က ဝတ္ထုထဲကလို စိတ်သဘောထားကြီးပြီး ကြင်နာတတ်တဲ့ မိန်ကလေးတော့ မဟုတ်ပါဘူး။
“မေမေ ကျောင်းမဖွင့်ခင် သမီး မိဘတွေ ရပ်ကွက်မှာ ကျောင်းပြောင်းချင်တယ်”
ထမင်းစားပြီးတာနဲ့ အန်းရန်က တိုးတိုးလေး ပြောလိုက်တယ်။
…..
10 01
အပိုင်း ၁၀
ပထမတော့ သူမက အိမ်ကိုမပြန်ခင် ကျူရှင်ဆရာတွေနဲ့ ပို့လေ့လာခဲ့တယ်။
အခုတော့ ဦးနှောက်အားဖြည့်ဆေးရည် ကြောင့် ကျူရှင်ဆရာကို မလိုအပ်တော့ပါဘူး။ သူမသည် အလွတ်ကျက်ထားသော ဗဟုသုတများကို ဖြည်းဖြည်းချင်း မှတ်သားပြီး ဆက်လက်လေ့လာတယ်။
ဒါဆို သူမအခုထွက်သွားနိုင်ပါပြီ။
စုယွမ်းရာသည် သူမရဲ့ကလေးမလေးက သူမချက်ပြုတ်ထားတဲ့ အစားအစာ အားလုံးကို ပျော်ရွှင်စွာ စားနေရင်း ရုတ်တရက် အန်းရန်ရဲ့ စကားက်ိုကြားသောအခါ အေးခဲသွားတယ်။ အဲ့ဒီနောက် သူမရဲ့တောင်းဆိုချက်ကို ငြင်းပယ်လိုက်တယ်။
“ရန်ရန်၊ သမီးဘာတွေပြောနေတာလဲ၊သမီးက အမေရဲ့သမီးလေးပါဘဲ၊သမီးကို ဒီလို ပေါက်ကရတွေပြောဖို့ မေမေ ခွင့်မပြုဘူး”
စုယွမ်းရာရဲ့လေသံသည် လေးနက်ပြီး မျက်နှာအမူအရာသည် တည်ကြည်တယ်။
အန်းရန်သည် သူမရဲ့မွေးစားမိခင်က သူမရဲ့တောင်းဆိုချက်ကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူးဆိုတာ သိသောကြောင့် စုယွမ်းရာရဲ့ လက်ဖဝါးကို ညှင်သာစွာ ကိုင်ပြီး”အမေ ဘယ်မိသားစုမှာဘဲ ဖြစ်ဖြစ် အမေကအမြဲတမ်း သမီးရဲ့ အမေပါဘဲ” လို့ တိုးတိုးလေး ပြောခဲ့တယ်။
“အမေက သမီးကို အမေရဲ့သမီးလို့ထင်ပြီး သွားခွင်မပြုနိုင်ဘူးဆိုတာကို သမီးသိတယ်၊သမီးတို့ မိသားစုက ပိုက်ဆံရှိပြီး သမီးနှစ်ယောက်ကို တက်နိုင်ပေမယ့် မေမေ ရှန်းရွှယ်ရော့ ပျော်မယ်လို့ တွေးဖူးလား။ သမီးက သူ့နေရာကို ၁၆နှစ်လောက် သိမ်းယူထားပြီး ရှန်းမိသားစုမှာ နေခဲ့တယ်။ မေမေရဲ့ သမီးအရင်းက ဘယ်လိုထင်မလဲ”
“မေမေ၊ ရှန်းရွှယ်ရော့က အမေရဲ့သမီးပါ၊ ပြီးခဲ့တဲ့ ၁၆နှစ်က သူအများကြီး ဒုက္ခရောက်ခဲ့တယ်။ အခု သမီးမိသားစုဆီကို ပြန်သွားသင့်တယ်၊ ဒါမှ မကျေနပ်မှုတွေ နည်းလာမှာ၊ ပိုကောင်းလာမယ်”
စုယွမ်းရာရဲ့ မျက်လုံးများသည် တဖြည်းဖြည်း စိုစွတ်လာတယ်။
ဒီလောက်တော်တဲ့ကလေးက ဘာလို့သူ့သမီး မဖြစ်ရတာလဲ…
“ရန်ရန်၊ မေမေ သည်းမခံနိုင်သေးဘူး”
စုယွမ်းရာသည် အန်းရန် ကို နာကျင်စွာ ပွေ့ဖက်ပြီး သူမရဲ့အသံ ပျက်သွားတယ်။
တကယ်တော့ သူ့ခယ်မက သူ့သမီးလေးကို အဝေးကိုပို့ချင်နေတာကို တီးတိုးပြောဆိုနေသံ သူမကြားခဲ့တယ်။
သူ့မိဘတွေဆီ ပြန်ပို့တာ ဒါမှမဟုတ် သူမကို နိုင်ငံခြားကိုပို့တာဖြစ်ဖြစ်..
နောက်ဆုံးတော့ ကလေးနှစ်ယောက် မွေးပြီး ဒီလိုကြီးကြီးမားမား ပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူတို့အတူတူရှိနေရင် သူတို့ရဲ့နှလုံးသားတွေ နာကျင်ရလိမ့်မယ်။
ဒါပေမဲ့ သူမ မလုပ်ချင်ခဲ့ပါဘူး။ သူ့သမီးအရင်းအန်းရန်ကို လက်မခံနိုင်ရင် သူ့သမီးအရင်းကို နိုင်ငံခြားကိုပို့မယ် ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အတွေးတစ်ခုရှိခဲ့ပြီး သူမရွေးချယ်ရပါလိမ့်မယ်။
သူမရဲ့စိတ်ကူးသည် အရမ်းမှားနေပေမယ့် အရမ်း ခက်ခဲကာ သူမရဲ့သမီးအရင်းအတွက် မတရားတာလည်း သူမသိတယ်။
ဒါပေမဲ့လည်း ရန်ရန်သည် သူမရဲ့ ကြင်နာမှု အောက်တွင် ကြီးပြင်းလာခဲ့တယ်။
အထူးသဖြင့် သူမရဲ့ကလေးငယ်သည် ငယ်ငယ်ကတည်းက ကျန်းမာရေး ဆိုးရွားခဲ့သောကြောင့် ပိုးမွေးသလိုမွေးဖို့ လိုတယ်။သာမန်လူတွေ အဲ့ဒါကို ဘယ်လိုလုပ် တက်နိုင်မှာလဲ။
ဒါကြောင့် သူမသည် အစကတည်းက အန်းရန်ကို ဘက်လိုက်ခဲ့တယ်။
10 02
သူမသည် သူမရဲ့သမီးအရင်း မဟုတ်ပါ၊ သူမရဲ့သမီးအရင်းသည် သူမရဲ့အိမ်တွင် မတရားမှုများစွာ တကယ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ သူမရဲ့မင်းသမီးလေးကို စိုးရိမ်ရလောက်အောင် ဒုက္ခရောက်ခဲ့ရလို့ သူမ သည်းမခံနိုင်တော့ပါဘူး။
ကံမကောင်းစွာနဲ့ဘဲ စုယွမ်းရာက ဘယ်လိုဘဲ တွေးပါနေပါစေ၊ အန်းရန်က ရှန်းမိသားစုကို စွန့်ခွာပြီး သူမ ရှိသင့်တဲ့နေရာကို ပြန်သွားဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။
အဆုံးတွင် လူတိုင်းက သူမရဲ့ အကြောင်းပြချက်ကို လက်ခံခဲ့ကြပြီး စုယွမ်းရာနဲ့ ရှန်းရန်ပေ့ကိုလည်း ယုံကြည်လက်ခံ စေချင်ခဲ့တယ်။
နောက်ဆုံးတော့ ရှန်းမိသားစုသည် စုမိသားစုကို ဆက်သွယ်ရန် ရှေ့နေတစ်ဦး စေလွှတ်ခဲ့တယ်။ ပထမတော့ သူတို့ ဒီမိသားစုနဲ့ လမ်းမှာ ဆုံမှာ မဟုတ်ဘူးလို့ သူတို့ထင်ခဲ့တယ်။
ရှန်းမိသားစုသည် အန်းရန်ရဲ့ အိမ်ထောင်စုစာရင်းနဲ့ ကျောင်းအခြေအနေကို သူမရဲ့အိမ်သစ်ကို လွှဲပြောင်းပေးမယ့် အချိန်မှာ သြဂုတ်လဖြစ်နေပြီး နွေရာသီ အားလပ်ရက် မပြီးခင် တစ်လ မပြည့်သေးပါဘူး။
ထိုကာလအတွင်းမှာ အန်းရန်သည် ရွှေအဆင့်ကျူရှင် ဆရာနောက်ကို ရံဖန်ရံခါလိုက်ပြီး အလယ်တန်း အထက်တန်း သင်တန်းများ အားလုံးပြီးလုနီးပါး ဖြစ်တယ်။ သူမသည် ကံစမ်းမဲတစ်ခုဆွဲရန် လုံလောက်တဲ့ လေ့လာမှု အမှတ် ၁၀၀ နီးပါး ရရှိခဲ့တယ်။
ဒီနေ့က နေရောင်က တောက်ပနေပြီး ရာသီဥတုကလည်း ကောင်းတယ်။ ခရီးသွားဖို့ သင့်တော်တဲ့ နေ့တစ်နေ့ပါ။
တချိန်တည်းမှာဘဲ အန်းရန်သည် သူမရဲ့ မိဘအရင်းတွေဆီ တရားဝင် ပြန်သွားခဲ့တယ်။
အန်းရန်ရဲ့ အသားအရေနှင့် တည်ငြိမ်သော အသွင်အပြင်ကို ကြည့်လိုက်ရာ သူမရဲ့ မွေးစားမိဘနှစ်ပါးစလုံးရဲ့ မျက်လုံးများ နီရဲနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူတို့က အန်းရန်ကို သူတို့မိသားစုရဲ့ အစိတ်အပိုင်းတခုလို တကယ်ပဲ ဆက်ဆံကြတယ်။
အန်းရန်က သူမရဲ့မိဘအရင်းတွေဆီ ပြန်သွားရန် အပြင်းအထန် တောင်းဆိုခဲ့ပေမယ့်လည်း ဖခင်ရှန်းနဲ့ မိခင်ရှန်းတို့က အန်းရန်က သူတို့ကို ရက်စက်စွာ ထားသွားခဲ့တယ်လို့ ခံစားခဲ့ရတယ်။ အဲ့ဒီအစား သူတို့ရဲ့ မင်းသမီးလေးက ကြင်နာလွန်းတာကြောင့် သူတို့နဲ့ ရှန်းရွှယ်ရော့ အကြောင်းကို တွေးတော ခံစားမိခဲ့ကြရတယ်။
“ရန်ရန်၊ မင်းက အမြဲတမ်း ငါတို့ရဲ့ သမီးလေးပါဘဲ”
“သမီးလေး၊ အဘိုးနဲ့အဘွားကို တွေ့ဖို့ ခဏခဏ ပြန်လာပါ”
“ရန်ရန် သမီးအခက်အခဲရှိရင် ဦးလေးကို ဖုန်းဆက်ပါ”
“အစ်မ၊ ငါမင်းကို သေချာပေါက်လာတွေ့မယ်”
“ရှောင်ရန်ရန် မင်းက အမြဲတမ်း ငါ့အစ်မပါပဲ..”
ရှန်းမိသားစုက အန်းရန်အပေါ် တုံ့ဆိုင်းနေတာကို မြင်တော့ ရှန်းရွှယ်ရော့ မနာလိုဖြစ်သွားတယ်။
တစ်ချိန်တည်းမှာဘဲ သူမရဲ့ဘဝ ၁၆နှစ်တာကို သိမ်းပိုက်ခဲ့တဲ့ အန်းရန်က ထွက်သွားတဲ့အတွက် ဝမ်းသာမိနေတယ်။
အန်းရန် ထွက်သွားသရွေ့ သူမထက် သာလွန်တဲ့ ပုံပေါက်လာပြီး သူမရဲ့ ကောင်းမွန်တဲ့ အတုဖြစ်တည်မှုကို သူမရဲ့မိသားစု မေ့သွားလိမ့်မယ်လို့ သူမရဲ့စိတ်ထဲတွင် အခိုင်အမာ ယုံကြည်ခဲ့တယ်။
ဒါပေမဲ့ သူမစိတ်ထဲတွင် သံသယ အနည်းငယ် ရှိနေသေးတယ်။ အန်းရန်က သူမရဲ့ ပျင်းရိပြီး အလုပ်မလုပ်တဲ့ ပိုက်ဆံမက်သော မိဘအရင်းတွေကို တကယ်ပဲ သည်းခံနိုင်မှာလား။