FAKE

အပိုင်း (၇-၈)

အပိုင်း ၇

အချိန်အတော်ကြာ စဥ်းစားပြီးနောက် အန်းရန်သည် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့တယ်။

သူမ အဲဒါကို သောက်မယ်။ ဘာပဲဖြစ်ဖြစ် သူမ အသက်ရှင်ဖို့ ၃၆၅ရက်သာ ကျန်တော့တယ်။ သေတော့မယ့် သူက ဘေးထွက်ဆိုးကျိုးတွေကို ဘာလို့ ကြောက်နေရအုံးမှာလဲ။

အဲ့လိုမျိုး အတွေးဖြင့် အန်းရန်သည် စနစ်မှ ထုတ်ယူထားသော ဦးနှောက်ကြာရှည် အားဖြည့်ဆေးကို ချက်ချင်း သောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ချက်ချင်းဆိုသလိုဘဲ ဦးနှောက်ကို အားဖြည့်ပေးတဲ့ အရည်တစ်စက် သူ့လက်ထဲတွင် ပေါ်လာတယ်။

အညိုဖျော့ဖျော့အရောင်ရှိပြီး ရေတစ်စက်လို ပုံစံရှိတဲ့ ဦးနှောက်အားဖြည့်ဆေးကို အန်းရန် စူးစူးစိုက်စိုက်ကြည့်နေတယ်။ ဒါက ဒီကမ္ဘာကအရာ မဟုတ်သောကြောင့် အထုပ်တွင် သောက်ရမဲ့ပုံစံ အသေးစိတ် အချက်အလက်တွေကို မရေးပေးထားတာ ဖြစ်နိုင်တယ်။

သင်ခန်းစာ အပြီးတွင် အန်းရန်သည် ပထမထုပ်ပိုးထားတဲ့ ထုတ်ကုန်ကို ညင်သာစွာ ဆုတ်ဖြဲပြီး သူမရဲ့ပါးစပ်ထဲကို တိုက်ရိုက်ပစ်ထည့်လိုက်တယ်။

အန်းရန်သည် ဒုတိယ စားသုံးနိုင်သော ထုတ်ကုန်တွင် အပယ်ခံရမယ်လို့ ထင်ခဲ့ပေမယ့်လည်း သူမ မျှော်လင့်မထားသောအရာမှာ ပါးစပ်ထဲတွင် အရည်ပျော် သွားလေတယ်။ သူမ ခန္ဓာကိုယ်က စုပ်ယူမခံရခင်မှာ ဦးနှောက်အားဖြည့်ဆေးကို မြည်းစမ်းကြည့်ဖို့ သူမ အချိန်တောင် မရခဲ့ပါဘူး။

သူမ ခေါင်းငုံ့လိုက်တဲ့အခါမှာ သူမရဲ့ လက်ထဲမှာရှိတဲ့ ထုပ်ပိုးထားတဲ့အရာက သဲလွန်စမရှိအောင်ကို ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်။

အရည်တစ်စက်ပုံစံ ဦးနှောက်အားဖြည့်ဆေး အရည်က အရင်က မရှိခဲ့တဲ့ပုံပါဘဲ။

ဒါက အံ့သြစရာဘဲ

ဒါပေမဲ့ သူမသည် ဒီဦးနှောက်အားဖြည့်တဲ့ အရည်ကိုသောက်ပြီးသွားပြီ။

သူမသည် 100% ဦးနှောက်စွမ်းအား ရှိလာခဲ့ပါပြီ။

ဒါဆို သူမနဲ့မတူဘူးလို့ ဘာလို့ ခံစားနေရတာလဲ။

သံသယစိတ်ဖြင့် အန်းရန်သည် သူမ လက်ထဲတွင် ပြဋ္ဌာန်းစာအုပ်ကို ယူကြည့်လိုက်တယ်။

စာကျက်ဖို့ အမြဲတမ်း အတိုက်အခံ လုပ်ခဲ့တဲ့ သူမသည် အဲ့အရာကို တကယ်ကို ချစ်မိသွားခဲ့တယ်။ ပြီးတော့ လန့်စရာအကောင်းဆုံးက သူမသည် ပိုမိုကောင်းမွန်တဲ့ ဉာဏ်ရည်ဉာဏ်သွေး ရရှိလာတာပါဘဲ။

မေးခွန်းတိုင်း၊ ဖော်မြူလာတိုင်း၊ စာကြောင်းတိုင်း၊ အဲ့ဒါတွေကို တစ်ကြိမ်မြင်ရုံဖြင့် သူမဦးနှောက်ထဲမှာ သေသေချာချာ မှတ်သားထားလိမ့်မယ်။ အဲ့လိုမျိုး ကြည်လင်သောစိတ်နှင့် ပြတ်သားသော တွေးခေါ်မှုသည် သူမအရင်က မရှိခဲ့ဖူးတဲ့ အရာဖြစ်တယ်။

ဒီခံစားချက်က သူမကို စာလေ့လာဖို့ လုံလုံလောက်လောက် စွဲလမ်းစေတယ်။

အချိန်အတော်ကြာပြီးနောက်တွင် အန်းရန်သည် ပြဋ္ဌာန်းစာအုပ်ရဲ့ ပထမအဆင့်ကို ပြီးသွားပါပြီ။ ဒီကျွမ်းကျင်မှုသည် အရင်အပတ်ရဲ့ ကြိုးစားအားထုတ်မှုထက် များစွာမြင့်မားတယ်။

ဒါ့အပြင် အန်းရန်သည် ဦးနှောက်အားဖြည့်ဆေးကို သောက်ပြီးနောက် ပိုပြီးစမတ်ကျလာတယ်။ သူမရဲ့ “ထက်မြက်တဲ့ဦးနှောက်”က နောက်သုံးရက်၊ (၇၂နာရီ) ကြာမှာကို သူမ သိသောကြောင့် ပျင်းရိပြီး ပထမတန်းအတွက် စာမသင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမသည် အရာအားလုံးကို သင်ယူပြီး သူမသင်ယူလိုတဲ့ ပြဋ္ဌာန်းစာအုပ် အားလုံးကို အလွတ်ကျက်တယ်။
7 02
ဒုတိယနေ့မှာ ဒုတိယပြဋ္ဌာန်းစာအုပ်များကို အလွတ်ကျက်ပြီး တတိယနေ့တွင် အထက်တန်းကျောင်းကို သွားတယ်။ အဲ့ဒီနောက် သူမဆရာဆီကနေ ဖြည်းဖြည်းချင်း သင်ယူပါတယ်။

အဲ့နည်းက လေ့လာခြင်းရဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်တယ်။

ဒါကြောင့် အန်းရန်က သူမရဲ့ကျူရှင်ဆရာကို တိုက်ရိုက်ခေါ်ပြီး သုံးရက် အနားယူဖို့ တောင်းဆိုခဲ့တယ်။ အန်းရန်သည် သူမရဲ့ထောက်ခံချက်ပေးတဲ့ အစီအစဉ်ကို ကမန်းကတန်း စတင်ခဲ့တယ်။

သူမ ကောင်းကောင်း ခံစားနေရသေးပေမယ့် တဖြည်းဖြည်းနဲ့ တစ်ခုခုတော့ နည်းနည်း လွဲချော်နေပုံရတယ်လို့ သူမသဘောပေါက်လာတယ်။

အကြောင်းရင်းကတော့… သူမရဲ့ ဦးနှောက်က အနည်းငယ် ထိန်းချုပ်မှု ကင်းမဲ့နေပုံ ရတယ်။

သူမ အနားယူသင့်တယ်လို့ သိသိသာသာ ခံစားခဲ့ရပေမယ့်လည်း သူမသည် အရမ်းစိတ်လှုပ်ရှားပြီး သူမရဲ့ ဦးနှောက်သည် တက်ကြွနေပါသေးတယ်။

ထမင်းစားပြီး အိမ်သာသွားတဲ့အထိ တစ်ချိန်လုံး စာလေ့လာနေခဲ့တယ်။

ပြီးတော့ သူမက ပုံမှန်မဟုတ်တာကို သူနာပြုနဲ့ သူမ မိသားစုကို တမင်တကာ ဖုံးကွယ်ထားခဲ့ပါသေးတယ်။

သူမက အခြားသူတစ်ယောက်လို ဖြစ်လာတယ်လို့ ထင်ရတယ်။ အထူးသဖြင့် ထက်မြက်သူ တစ်ယောက်။

သူမသည် လူတိုင်းကို လှည့်စားပြီးနောက် သူမသည် အရူးအမူး သင်ယူမှုကို စတင်ခဲ့တယ်။

ပြီးတော့ သူမရဲ့ ဦးနှောက်ကလည်း စာအုပ်တွေ အားလုံးကို ကျက်မှတ်ပြီး လေ့လာမှုစွမ်းရည်ကို မြင့်တင်ပေးနေပါတယ်။

မယုံကြည်နိုင်စရာ အကောင်းဆုံးက သူမရဲ့ နေ့စဥ်အလုပ်တွေ အကုန်လုံး ပြီးသွားခဲ့ပြီး သူမရဲ့ဦးနှောက်သည် ကောင်းမွန်နေဆဲ ဖြစ်တယ်။

သူမသည် နေ့စဥ်လေ့လာမှုတန်ဖိုးရဲ့ ၁၀မှတ်သာမက နေ့စဥ်စာမေးပွဲ စာရွက်ရဲ့ ၁၀မှတ်ကိုလည်း ရရှိခဲ့တယ်။

သူမသည် သင်ရိုးပြင်ပစာဖတ်ခြင်းရဲ့ လေ့လာမှုတန်ဖိုးအဖြစ် အမှတ် အများအပြား ရရှိခဲ့တယ်။

….
8 01
အပိုင်း ၈

အန်းရန်သည် နေ့စဉ်နှင့်အမျှ အိပ်မပျော်ဘဲ မနားမနေ လေ့လာသင်ယူမှု အခြေအနေတွင် မွေ့လျော်နေပြီး အသိပညာအားလုံးကို အရူးအမူး သင်ယူပြီး ကံစမ်းမဲရဲ့ လေ့လာမှုတန်ဖိုးလည်း ကမန်းကတန်း တိုးတက်လာတယ်။

၇၂ နာရီအကြာတွင်၊ အန်းရန်သည် သူမရဲ့ ဦးနှောက်က ဘာမှမရှိတော့သလို ခံစားလိုက်ရတယ်။ ထို့နောက်တွင် ခေါင်းကိုက်ခြင်းနဲ့ ပျို့အန်ခြင်းတို့ကို ခံစားလာရတယ်။

မရေမတွက်နိုင်တဲ့ ဆေးထိုးအပ်တွေ သူမခေါင်းကို ထိုးဖောက်ထားသလို သူမရဲ့ ဦးနှောက်က ပွင့်ထွက်တော့မည်။

နာကျင်စွာနဲ့ ကုတင်ပေါ်ကို လှဲချလိုက်တယ်။

“အား”

ဒီအချိန်မှာ အန်းရန်သည် ဒီစနစ်ရဲ့ ဘေးထွက်ဆိုးကျိုး ဟုတ်မဟုတ်ကို စဉ်းစားဖို့ အချိန်မရှိပါဘူး။

နာကျင်မှုကို အကြောက်ဆုံးသော အန်းရန်သည် သေချင်လာတယ်။

မကြာခင်မှာပဲ၊ မနက်ခင်းမှာ သူမရဲ့အပူချိန်ကို တိုင်းတာဖို့ ရောက်လာတဲ့ သူနာပြုဆရာမက သူမ နာကျင်နေတာကို တွေ့ခဲ့ရတယ်။ သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အချက်ပြခလုတ်ကို နှိပ်လိုက်ပြီး အန်းရန်ရဲ့ လက်ရှိအခြေအနေကို စတင်စစ်ဆေးခဲ့တယ်။

“မစ္စအန်းရန်၊ မစ္စအန်းရန်”

“ဒေါက်တာ”

အန်းရန်သည် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူမရဲ့မွေးစားမိဘများက သူမကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

သူမရဲ့မွေးစားမိခင် စုယွမ်းရာရဲ့ မျက်လုံးတွေက နီရဲနေပြီး သူမရဲ့ပြီးပြည့်စုံတဲ့ မျက်နှာသည် ပင်ပန်းနွမ်းနယ်မှုအပြည့် ရှိနေတယ်။

မွေးစားမိခင်သည် အရင်ကလို နာမကျန်းဖြစ်နေချိန်တွင် သူမကို ပြန်လည် ပြုစုစောင့်ရှောက် ပေးနေရတာ ဖြစ်တယ်။

“အမေ”

အန်းရန်သည် ရက်ပေါင်းများစွာ ရေမသောက်ထားသလိုမျိုး သူမရဲ့ လည်ချောင်းများ အလွန် ခြောက်သွေ့ပြီး မသက်မသာ ဖြစ်နေသည့်ကြားက သူမရဲ့မွေးစားမိဘတွေကို နှစ်သိမ့်ရန် ကြိုးစားရင်း ပါးစပ်ကို ဖွင့်လိုက်တယ်။

“ရန်ရန်၊ သမီးနိုးပြီလား၊ စကားမပြောနဲ့ အမေ ဆရာဝန် ခေါ်လိုက်မယ်”

အန်းရန် နိုးလာသောအခါ ရှန်းပေါယန်နဲ့ စုယွမ်းရာ နှစ်ယောက်လုံး အရမ်းပျော်ရွှင်ခဲ့ကြတယ်။ နှစ်ယောက်သား ဆရာဝန်နှင့် သူနာပြုကို ခေါ်ပြီးနောက်တွင် သူမ ခြောက်ရက်လောက် အိပ်ပျော်သွားတာကို အန်းရန် သိလိုက်ရတယ်။

လည်ချောင်းတွေ အရမ်းခြောက်နေတာ အံ့သြစရာ မရှိပါဘူး။

“လူကြီးမင်းရှန်း၊ အမျိုးသမီးရှန်း သူမအတွက် ပြသာနာမရှိတော့ပါဘူး။ သူမဘာလို့ ရုတ်တရက် ဦးနှောက် လှုပ်ရှားမှုတွေ အရမ်းများပြီး ပင်ပန်းနွမ်းနယ်နေလဲဆိုတာ ကျွန်တော်တို့ဆေးရုံက ချို့ယွင်းချက်ကို ရှာဖွေ မဖော်ထုတ်နိုင်လို့ပါ။ သူမကို နိုင်ငံခြားက ဆေးရုံကြီးကို ပို့လိုက်တာ ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်”

ဆရာဝန်များနဲ့ သူနာပြုဆရာမများ ပြန်ထွက်သွားတဲ့အခါမှာ စုယွမ်းရာက အန်းရန်ကို ဖက်ပြီး ငိုတယ်။

“ရန်ရန်၊ နောက်တစ်ခါ သမီးအမေ့ကို လန့်အောင် မလုပ်ပါနဲ့..”

ဒီအဖြစ်အပျက် အပြီးမှာတော့ စုယွမ်းရာသည် သူမရဲ့သမီးကို အဆုံးရှုံး မခံနိုင်ဘူးဆိုတာ သိလိုက်ရတယ်။ သူမသည် သူမရဲ့သမီးအရင်း မဟုတ်ပေမယ့်လည်း ဒီ ၁၆နှစ်တာ ခံစားချက်များသည် အတုအယောင် မဟုတ်ပါဘူး။

အထူးသဖြင့် သူမရဲ့ ကလေးက နာကျင်နေတယ်။ သူမရဲ့ပုံစံက သူမနဲ့ အရမ်းမတူပေမယ့်လည်း၊ သူမကို သူမတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တာမလို့ ဘာလို့ သူမရဲ့သမီး မဟုတ်ရမှာလဲ။

“အမေ၊ သမီးသက်သာပါတယ်၊ မငိုပါနဲ့”

အန်းရန်သည် သူမရဲ့လက်ကို အားပျော့စွာ ထုတ်လိုက်ပြီး စုယွမ်းရာရဲ့ကျော ကိုညှင်သာစွာ ပွတ်ပြီး နှစ်သိမ့်ပေးလိုက်တယ်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သမီး ခြောက်ရက်လောက် အိပ်ပျော်သွားတာ၊ ဆရာဝန်ကလည်း သမီး ဘာဖြစ်တာလဲဆိုတာကို မဖော်ထုတ်နိုင်ခဲ့ဘူး”
8 02
စုယွမ်းရာနှင့် ရှန်းပေါယန်တို့သည် ဒီတစ်ကြိမ်တွင် တကယ်ကို လန့်သွားကြတယ်။

မကြာသေးခင်က သူတို့ရဲ့သမီးအရင်း ကိစ္စရပ်များကြောင့် အခြားသမီးငယ်များကို ဂရုမစိုက် နိုင်ခဲ့ကြပါဘူး။ မထင်မှတ်လဲ သူတို့ကို ဆေးရုံကနေ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့တယ်။

သူတို့ရောက်တဲ့အခါမှာတော့ သူတို့ရဲ့သမီးလေးက ဖျားနာနေပြီး သေဆုံးသွားသလို နွမ်းနယ်၊ ဖျော့တော့တော့နဲ့ အားနည်းနေတာကို တွေ့ပြီးနောက် သူမက မေ့မြောနေတယ်။

သူတို့ရဲ့ကလေးမလေးက အိပ်ပျော်နေတယ်လို့ ဆရာဝန်ကပြောပေမယ့်လည်း သူမရဲ့မကျန်းမာတဲ့ အသွင်အပြင်က သေတော့မည့်လူနဲ့ တူနေတယ်။

တကယ်တော့ အန်းရန်က သူမ သေသွားသလို တကယ်ခံစားခဲ့ရတယ်။

မေ့မြောသွားသည့်အပြင် အန်းရန်သည် သူမရဲ့ ဦးနှောက်ထဲတွင် နာကျင်မှုကို ခံစားနေရဆဲဖြစ်တယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ ဦးနှောက်အားဖြည့်ဆေးရည်တွေရဲ့ ဘေးထွက် ဆိုးကျိုးတွေက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို သူမ နားလည်လိုက်တယ်။

အန်းရန်သည် သူမရဲ့မွေးစားမိဘတွေကို နှစ်သိမ့်ပေးပြီးနောက် သူတို့ရဲ့မျက်နှာတွင် အပြုံးပေါ်လာတယ်။

“အဖေ၊ အမေ.. ဗိုက်ဆာတယ်၊ အမေလုပ်ပေးဖူးတဲ့ ဆောင်းဖရဲသီးနံရိုးနဲ့ ဘဲစွပ်ပြုတ်သောက်ချင်တယ်”

အန်းရန်သည် သူမရဲစနစ်ကို ကြည့်ဖို့အတွက် အချိန်အချို့ လိုအပ်လို့ သူမရဲ့မိဘတွေကို အဝေးကို ပို့လိုက်တယ်။

သူမ အံ့သြသွားတယ်။

ဘာဖြစ်လို့လဲဆိုတော့..

[အိမ်ရှင်.. အန်းရန် (သေချာသော)

ကျန်းမာရေး.. ၁ (၃၅၀ရက်)(အန္တရယ်များ)

လေ့လာမှုတန်ဖိုး၂၀၀(အမှတ် ၁၀၀အတွက် တစ်ကြိမ် ပြန်လည် ရွေးနုတ်ခြင်း)

[ကံစမ်းမဲ]

[တာဝန်]

သူမမှာ ၃၅၅ရက် ကျန်သေးပေမယ့် ရက်ပေါင်း ၃၅၀ ဖြစ်သွားပါတယ်။ သက်တမ်းကုန်သွားတဲ့ ဦးနှောက်အားဖြည့် ဆေးအရည်တွေက သူမကို နာကျင်စေရုံသာမက အသက်ကို ငါးရက်ကြာတဲ့အထိ လျော့ကျစေပါတယ်။

အဲ့ဒါကို သူမလက်ခံခဲ့ရတယ်။

သက်တမ်းကုန်ဆုံးတဲ့ ဦးနှောက်အားဖြည့်ဆေးရည်တွေကို သောက်ပြီးတဲ့ အချိန်အတွင်းမှာတော့ သူမက အိပ်မပျော်ဘဲ သူမရဲ့ဦးနှောက်က စာကျက်ဖို့ အရှိန်ပြင်းပြင်းနဲ့ လည်ပတ်နေခဲ့တယ်။

အန်းရန်သည် ဒီရုတ်တရက် ဆုံးရှုံးမှုကို တည်ငြိမ်စွာ လက်ခံနိုင်တယ်။

သူမသည် ပထမတန်းမှ အထက်တန်းအထိ ပြဋ္ဌာန်းစာအုပ် အားလုံးကို ကျက်မှတ်ပြီးနောက် လေ့လာမှုတန်ဖိုး ၂၀၀ရှိတဲ့ “သာမန်ကျောင်းသား”အဖြစ် ပြောင်းလဲခဲ့တယ်။ အဲ့ဒါက ထိုက်တန်ခဲ့တယ်။

သုံးရက်..၊ သုံးရက် အတွင်းမှာပဲ သူမရဲ့ဦးနှောက်ထဲမှာ ဗဟုသုတ အများကြီး ရခဲ့တယ်။ ဒါပေမဲ့ အထက်တန်းကျောင်း တက်ဖို့ အဲ့ဒါကို မသုံးနိုင်သေးပေမယ့် အစကနေ ပြန်လေ့လာရတာလောက် မခက်ခဲပါဘူး။

ပြီးတော့ အရေးအကြီးဆုံးကတော့ သူမက လေ့လာမှုတန်ဖိုး ၂၀၀မှတ်ကို စုဆောင်းထားဖို့ပါပဲ။ သူမက သုံးရက်အတွင်း အမှတ်၆၀ ဝန်းကျင် ပြန်ရနိုင်တယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ ဦးနှောက်အားဖြည့်ဆေးရည်က မကောင်းတာထက် ပိုကောင်းပါတယ်။ အဲ့ဒါက ထိုက်တန်ပါတယ်။

စိတ်လှုပ်ရှားနေသော အန်းရန်သည် ပျော်ရွှင်စွာ ကံစမ်းမဲကို ဖွင့်လိုက်ပြန်ပါတယ်။
8 03
ချက်ချင်းဆွဲတာကို နှိပ်လိုက်ပြီးနောက် အန်းရန်သည် အချက်ပြမှုတစ်ခုကို တွေ့လိုက်ရတယ်။

[ X1ကို အဆင့်မြှင့် လိုပါသလား။ (X1ကို အဆင့်မြှင့်ရန် အမှတ်၁၀၀ လိုအပ်ပါတယ်။ အဆင့်မြှင့်ထားသော ဗားရှင်းသည် ရှားပါးသောဆုများ ရရှိရန် အခွင့်အလမ်း ကိုတိုးစေသည်)]

အချက်ပြချက်ကို ကြည့်လိုက်ပြီး အန်းရန်သည် ခဏတာ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် သူမရဲ့သွားတွေကို အံကြိတ်ကာ အဆင့်မြှင့်တင်ရန်ကို ရွေးချယ် ခဲ့တယ်။

သူမသည် လေ့လာမှုအမှတ် ၂၀၀ကို စုဆောင်းလိုပါက အရမ်းခက်ခဲမှာ သေချာပါတယ်။

သူမ စုဆောင်းပြီးတာနဲ့ စနစ်ကို အဝေးကို ပို့ဆောင်ချင်ခဲ့တယ်။

သူမ ဆွဲခဲ့တယ်။ ဟုတ်ကဲ့ ရွေးချယ်ပြီးရင်တော့၊ အန်းရန်က ဒီတစ်ခါ ဘာဆုဖြစ်မလဲဆိုတာ စောင့်မျှော်နေတယ်။

ဒီတစ်ခါတော့ သူမသည် စားသုံးကုန် ပစ္စည်းတွေကို ဘယ်တော့မှ မဖယ်ထုတ်တော့ပါဘူး။ သူမသည် ဦးနှောက်အားဖြည့် ဆေးရည်အချို့ ရရှိရန် အမှန်တကယ် မျှော်လင့်ခဲ့တယ်။ နောက်ဆုံးတော့ အဲ့အရာက ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အကောင်းဆုံးဖြစ်ပြီး ထိပ်တန်းကျောင်းသား ဖြစ်လာဖို့ သူမရဲ့လေ့လာမှုတွေကို ကူညီပေးနိုင်ပါတယ်။

ဒါပေမဲ့ သူမရဲ့ဆန္ဒမှာ ကံစီမံသလို ကျရှုံးသွားသည်မှာ သနားစရာပါဘဲ။

ဘာလို့လဲဆိုတော့ နောက်ဆုံးအလင်းသည် ပင်ကိုယ်အရည်အချင်းရဲ့ လေးထောင့်တွင် ရှိနေသောကြောင့် ဖြစ်တယ်။

တစ်ခုတည်းသော ပင်ကိုယ်အရည်အချင်း ဆုများလား။

သူမကို ဒီလိုအံ့သြစရာ ကြီးကြီးမားမားပေးလာတာဆိုတော့.. သူမ အရမ်း ကံကောင်းတာလား။

ပင်ကိုယ်အရည်အချင်း အမျိုးအစားရဲ့ဆုသည် ဘယ်လိုပုံစံ ဖြစ်တယ် ဆိုတာကို သူမ မသိပေမယ့်လည်း မဲနှိုက်ဖို့ အခွင့်အလမ်း နည်းပါးသောကြောင့် ဘယ်လိုဆုများ ပေးသည်ဖြစ်ပါစေ ၎င်းတို့သည် အလွန်ကောင်းမွန်လိမ့်မည်။

အန်းရန်သည် မျှော်လင့်ချက်ဖြင့် တစ်ခုတည်းသော ပင်ကိုယ်အရည်အချင်းအတန်းကို နှိပ်လိုက်တယ်။

မကြာခင်မှာဘဲ ရွှေရောင်သလင်း ကျောက်တစ်လုံး စတုရန်းပုံမှ ထွက်လာတယ်။

[ အကြောင်းအရာ.. ရှီ့ရှီရဲ့ရောင်ဝါ.. လူတစ်ဦးနှင့်တစ်ဦး ကွဲပြားတယ်။

နိဒါန်း… အသုံးပြုသူများသည် အလှတရားလေးပါထဲက တစ်ခုဖြစ်သော ရှီ့ရှီရဲ့ပင်ကိုယ်အရည်အချင်းကို ရရှိလိမ့်မယ်” ဝမ်းနည်းအားပျော့သော ပါးချိုင့်နှစ်ခု၊ ဖျားနာမှု အားနည်းသော ခန္ဓာကိုယ်၊ တောက်ပနေသော မျက်ရည်စက်များ ပြည့်နေသော မျက်လုံးများ၊ အသက်ရှူမှားလောက်ပြီး ချစ်စရာကောင်းပေမယ့်လည်း အားနည်းသော အသံ၊ နူးညံ့သိမ်မွေ့သော ပန်းပွင့်လေးလို ရေပေါ်တွင် တောက်ပနေချိန်၊ လေထဲတွင် ယိမ်းနွဲ့နေသော မိုးမခပင်၊ ဖျားနာခြင်း၊ လှပခြင်းနှင့် တင့်တယ်သော ကိုယ်ဟန်အနေအထားကို တိုးပွားစေတယ်။ ရောင်ဝါသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားပြီး အခြားသော ခန့်မှန်းမရနိုင်သော အရည်အချင်းများ ရှိနိုင်ပါတယ်]

အန်းရန်.. လူတစ်ဦးနှင့်တစ်ဦး ကွဲပြားတယ်ဆိုတာ ဘာလဲ။ သူမရဲ့စနစ်သည် မူရင်းစနစ်ကို ခိုးချထားတာ ဖြစ်ရမယ်။

Miao..

ပထမဆုံးအနေနဲ့ ဒီပင်ကိုယ်အရည်အချင်း ဖော်ပြချက်ကို ဘာသာပြန်ဖို့ အချိန်အများကြီးယူခဲ့ရတယ်… ဒါပေမဲ့ ရှီ့ရှီရဲ့ အဓိပ္ပာယ်ကို သိဖို့အတွက်ပိုပြီး အချိန်ယူရပါတယ်။

ရှီ့ရှီ.. ဘုရင်နိုင်ငံပြိုလဲမှုအတွက် တာဝန်ရှိတယ်လို့ ပြောကြတဲ့ ဒဏ္ဍာရီလာ အလှတရားလေးပါးထဲက တစ်ခု။

ရှီ့ရှီရဲ့အလှတရားက လွန်ကဲလွန်းတာကြောင့် ရေကန်ထဲက ငါးတွေကို ကြည့်ဖို့ လသာဆောင်ကို မှီနေရာ ငါးတွေက ရေကူးဖို့ မေ့သွားခဲ့ပြီး ရေမျက်နှာပြင်အောက်မှာ နစ်မြှုပ်သွားကြတယ်။

ဒါကြောင့် ဘုရင်ရဲ့ဝန်ကြီးများထဲက တစ်ယောက်က ဘုရင့်ကို ရှီ့ရှီကို လက်ဆောင်ပေးပုံရတယ်။ ဘုရင်သည် သူမရဲ့အလှမှာ ကျရှူံးပြီး သူ့ရဲ့နိုင်ငံတော်ရေးရာတွေကို မေ့ပြီး သူရဲ့အကောင်းဆုံး အကြံပေးကို သတ်ပစ်လိုက်တယ်။
8 04
နောက်ဆုံးတွင် သူ့ရဲ့နိုင်ငံအားနည်းသွားပြီး ရန်သူများရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ ဘုရင်သည် ကိုယ့်ဘာသာ သတ်သေခဲ့ပြီး ရှီ့ရှီနဲ့ အဲ့ဝန်ကြီးက အမြဲ ပျော်ရွှင်စွာ နေထိုင်ခဲ့တယ်။

တရုတ်အသုံးအနှုန်း… အလှလေးပါးကို ရည်ညွန်းတဲ့ လှပသော အဓိပ္ပာယ်မှာ ငါးများနစ်မြှုပ်စေပြီး ငှက်များ ပြုတ်ကျခြင်း၊ လကြတ်ခြင်းနှင့် ပန်းပွင့်များ ကြွေကျခြင်းကို ရှုံ့ချသည်ဟု အဓိပ္ပာယ် ရတယ်။

လက ပုန်းကွယ်နေရပြီး ပန်းပွင့်တွေက သူတို့ဘာသာ သူတို့ ရှက်ကြရတယ်။

FAKE
Author: FAKE
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့

豪门假千金她跑路啦
Score 7
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အကျဥ်းချုပ်။ အန်းရန်သည် စောစောသေဖို့ ကံဇာတာပါလာတဲ့ အမျိုးသားဇာတ်ဆောင်ရဲ့အချစ်ဦးအဖြစ် ကူးပြောင်းခဲ့တယ်။ သူမရဲ့သတ္တိ အားနည်းခဲ့တယ်။ သူမဟာဆိုရင်ဖြင့် မိသားစုက မြေတောင်မြှောက်ပေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့တဲ့ သနားစရာကောင်းတဲ့ အလှတရားလေးတခုပါ။ သူမက ရှန်းမိသားစုရဲ့ ပုလဲလေးပါ။ဒါပေမဲ့ သူမက အမှားတွေအများကြီး လုပ်မိခဲ့လို့ နှမြောစရာပါဘဲ။ အမျိုးသမီးဇာတ်ဆောင်အစစ် ပြန်ရောက်လာတဲ့အခါမှာ သူမရဲ့အနာဂတ် အိမ်မက်တွေကော၊ သူမရဲ့ဘဝကောပါ အလွန်စိတ်ပျက်စရာ ကောင်းလှပါတယ်။ သူမက ဗီလိန်အတုဖြစ်ပြီး အမြောက်စာဇာတ်ကောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ အန်းရန်ဟာ ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းသွားခဲ့တယ်။ ငါ ကြိုးစားလေ့လာပြီး နေ့ရက်တိုင်းမှာ လှပနေစေရမယ်။ အမျိုးသမီးဇာတ်ဆောင်ကို ဂရုစိုက်နေဖို့ ငါ့မှာ အချိန်မရှိဘူး။ သိမ်သိမ်မွေ့မွေ့ရှိတဲ့ အန်းရန်က ဆင်းရဲသားရပ်ကွက်က မိသားစုဆီပြန်လာခဲ့ရတာကို သနားစရာကောင်းတယ်လို့ လူတိုင်းက ခံစားခဲ့ကြရတယ်။ သူမရဲ့ တစ်ဘဝလုံးကို ရွံ့ထဲတွင် ကုန်ဆုံးရတော့မယ်။ သူမရဲ့မိဘတွေက ရက်စက်ကြမ်းကြုတ်ပြီး ပိုက်ဆံမက်တဲ့သူတွေလို့ ဘယ်သူကထင်မှာလဲ။ [သူမရဲ့အဓိကတာဝန်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျော်လွှားပြီး ထိပ်တန်းကျောင်းသားဘွဲ့ဖြင့် နိုင်ငံအတွင်းရှိတဲ့ အကောင်းဆုံးကောလိပ်ကို ဝင်ရောက်တက်ခွင့်ရရန်ဖြစ်ပြီး ပိုပြီးအရေးကြီးတာက ပို၍လှပလာသော ဆုများကို ရရှိရန်ဖြစ်တယ်။] နှစ်သက်စရာအကောင်းဆုံး အလှတရား ဖြစ်တဲ့ သူမရဲ့မျက်နှာက သူမ၏အသက်သွေးကြော ဖြစ်တယ်လို့ အန်းရန်က ပြောတယ်။ သူမရဲ့ အလကားအဖြစ် မှတ်ယူခြင်းခံရတာကို ကယ်တင်နိုင်မှာ ဖြစ်တယ်။  #####   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset