MMMQ

အပိုင်း (၁၇)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အပိုင်း ၁၇.၁

ကုန်းချင်းယောင် ကျီရှားယွင်ထံမှ ကလေးကို ပွေ့ချီလိုက်ပြီး အခန်းအပြင်သို့ ထွက်လာလိုက်သည်။ သန်းရှို့မင်နှင့် ကျီရှားယွင်တို့လည်း သူမ ဘာလုပ်ချင်သည်ကိုမသိဘဲ အနောက်မှ လိုက်လာကြသည်။ ကုန်းချင်းယောင် အောက်သို့ အမြန်ပြေးဆင်းနေပြီး သူတို့လည်း အနောက်မှ ကပ်လိုက်လာ၏။ အားလုံး ဓာတ်လှေကားရှိသည်ကို မေ့နေကြပြီး လှေကားမှ ၇လွှာမှ ပထမအလွှာထိ ဆင်းလာကြသည်။

ကုန်းချင်းယောင် အောက်ရောက်သည်နှင့် ‌အဆောက်အဦးအား လိုက်ကြည့်လိုက်ပြီး ဘေးနားရှိ သစ်ပင်၌ ကပ်နေသော ဝိညာဉ်အား တွေ့သွားလေသည်။ သူမ ကလေးအား ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး ညာဘက်လက်မှ အဝါရောင်စက္ကူနှင့် ပြဒါးရိုင်းတို့ကိုထုတ်ကာ အဆောင်ဆွဲလိုက်၏။ ကလေးထံသို့ အဆောင်ကပ်ပေးလိုက်ပြီး ကျီရှားယွင်သို့ ပြန်ပေးလိုက်ကာ ‌” ကလေးကို နာမည်ခေါ်လာပြီး အိမ်ပြန်လာဖို့ ၇ကြိမ်ပြောလိုက် ”

ကျီရှားယွင် ” နန်းရှောင်းပေါင် အိမ်ပြန်လာ၊ နန်းရှောင်းပေါင် အိမ်ပြန်လာ… ”

၇ကြိမ်မြောက် အော်ဟစ်အပြီးတွင် ‌ကလေးဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းသို့ ဝင်လာကြောင်း သူမ မြင်လိုက်ရ၏။ သန်းရှို့မင်နှင့် ကျီရှားယွင်တို့၏ အမြင်တွင် အိပ်ပျော်နေသော ကလေးမှာ ရုတ်တရပ် နိုးထလာပြီး အော်ငိုလေတော့သည်။

ခဏအကြာမှ သန်းရှို့မင် ပြန်တုံ့ပြန်လာနိုင်ပြီး ” ဆရာကုန်း အိမ်ထဲကိုကြွပါ ”

ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်၏။ သန်းရှို့မင် အပေါ်မတက်မီ ကျီရှားယွင်၏ လက်ကိုကိုင်လိုက်လေသည်။

အိမ်သို့ ပြန်ရောက်သောအခါ ဖုန်းရင်သည် ကလေးပြန်နိုးလာသည်ကိုမြင်၍ အံ့ဩသွားပြီး ” ကလေး နိုးလာပြီလား ”

ကလေးနိုးလာသည်မှာ ကောင်းသော ကိစ္စဖြစ်၍ သန်းရှို့မင် ပျော်နေကာ ” ဟုတ်တယ် ”

ကလေးသည် ဆက်ငိုနေ၍ သန်းရှို့မင် သမီးလေးအား အခန်းထဲခေါ်သွားရန် ကျီရှားယွင်အား ပြောလိုက်ပြီး ကလေးသည် တနေလုံး အိပ်ပျော်နေရ၍ ဗိုက်ဆာလောက်ပြီဖြစ်၍ တခုခုကျွေးခိုင်းလိုက်၏။

သန်းရှို့မင် ကုန်းချင်းယောင်၏ မျက်နှာချင်းဆိုင်၌ ထိုင်လိုက်ပြီး ” ကလေးက ဘာဖြစ်တာလဲ ”

ကုန်းချင်းယောင် ” ကလေးက ဝိညာဉ်လွှင့်သွားတာ၊ အာ့တာကြောင့် ဝိညာဉ်ငြိမ်းချမ်းရေးအဆောင်ပေးထားတာ၊ ကလေး အသိစိတ်မဲ့နေတာက သူ့ကိုယ်ပေါ်မှာ ဝိညာဉ်မရှိလို့ပဲ ”

အရင်တခေါက်က ပြန်ပေးဆွဲ ခံခဲ့ရပြီး ယခုလည်း ဝိညာဉ်လွှင့်ရပြန်ပြီ ကလေးက ပြန်ပေးဆွဲခံရတာကြောင့် ကြောက်လန့်ပြီး အသိစိတ်မဲ့သွားတာများလား။ သန်းရှို့မင် ပဟေဠိဖြစ်သွားပြီး ” အကြံဉာဏ်လေးပေးပါဦး ဆရာသခင် ”

အတွင်းခန်းထဲ၌ ကလေးငိုသံ ရပ်သွားလေသည်။

” ကလေးက လန့်ပြီး ဝိညာဉ်လွှင့်သွားတာ ” ကုန်းချင်းယောင် ပြောပြီးသည်နှင့် ဖုန်းရင် အား ကြည့်လိုက်ပြီး တခြားလူသည် ခေါင်းငုံ့ကာ စားပွဲကို သုတ်နေပြီး ကိုယ်တိုင် ဝန်ခံချင်ပုံမပေါ်ပေ။

သန်းရှို့မင် စိတ်ရှုပ်ထွေးသွားပြီး သူ့အမေအား ကြည့်လိုက်ကာ ” အမေ မနေ့က ကလေးဘာဖြစ်သွားတာလဲ ”

ဖုန်းရင် စားပွဲပေါ်သို့ အဝတ်အား အားနှင့် စောင့်ချလိုက်ပြီး ” မနေ့က သူမက တချိန်လုံးအိပ်နေတာ ငါ ဘယ်လိုကြောက်အောင် ခြောက်နိုင်ပါ့မလဲ ”

ကုန်းချင်းယောင် ထရပ်လိုက်ပြီး လသာဆောင်သို့သွားကာ ပန်းအိုး အနိမ့်လေးနား၌ ရပ်လိုက်ပြီး ဖုန်းရင် ထံသို့ ကြည့်ကာ ” ရှင် ဒီအပေါ်ကနေ ခုန်ချရတဲ့ ခံစားချက်ကိုသိလား ”

ဖုန်းရင် မျက်လုံးများ ဟိုဟိုဒီဒီ ဝေ့ကြည့်နေပြီး ” ငါ ဘယ်သိမလဲ၊ ငါမှ ခုန်မဆင်းဘူးတာ ”

ကုန်းချင်းယောင် သူမ ထိုစကားများပြောနေသည်ကို စိုက်ကြည့်နေပြီး ” သေချာပေါက် ဘယ်ဆင်းဖူးမှာလဲ၊ ကလေးကိုတော့ ပစ်ချဖူးတယ်လေ ”

17 02

အစကတည်းက ကလေးဝိညာဉ်လွှင့်နေမှန်း သူမ သိထားသော်လည်း မြေအောက်ကားကွင်းသို့ တိုက်ရိုက်လာလိုက်၍ ကလေးဝိညာဉ်အား မမြင်လိုက်ရပေ။ ဖုန်းရင် အား ပထမအကြိမ်တွေ့ကတည်းက မကောင်းသည့်လေများ သူမ မျက်နှာ၌ ဝှေ့နေသည်ကို တွေ့ရ၏။ ဤသည်မှာ သူမ မကောင်းတာ လုပ်ထား၍ဖြစ်ပြီး အိမ်သို့ရောက်သောအခါ သူမ မြင်ကွင်းတချို့မြင်လိုက်ရ၏။

ကျီရှားယွင်မှ အိပ်ချင်သည်ဟု ပြောသောအခါ ဖုန်းရင် မှ ချက်ချင်း ” ရတယ် သွားအိပ်လိုက်၊ ကလေးကို အမေထိန်းပေးမယ် ” ဟု ပြောခဲ့သည်။

ကျီရှားယွင် အိပ်ပျော်နေသည့်အချိန် သူမ လသာဆောင်သို့ထွက်၍ ကလေးအား အောက်သို့ ပစ်ချလိုက်သည်။ ကလေးသည် အဆောက်အဦးအောက်သို့ ကျသွားပြီး သူမ အော်မည်အပြုတွင် သွေးများမတွေ့ရ၍ စိတ်ရှုပ်ထွေးသွားကာ အောက်သို့ ဆင်းလာလိုက်၏။ ထို့နောက် ကလေး ဒဏ်ရာရမနေသည်ကို တွေ့သွား၏။

သူမ ကလေးအား အမြန်အပေါ်သို့ ယူသွားပြီး ကံကောင်းသည်မှာ သူမ လုပ်ရက်ကို မည်သူမှ မတွေ့သည်ပင်။ ထို့နောက် ကျီရှားယွင်နိုးလာသောအခါ သူမလည်း အိပ်ပျော်ချင်ယောင်ဆောင်လိုက်၏။ ကလေးမှာ ‌တနေ့လည်လုံး အိပ်နေပါသော်လည်း ကျီရှားယွင်စိတ်ထဲတွင် တခုခုမှားနေသည်ဟု ထင်သော်လည်း ကလေးများသည် ဤသို့ အိပ်တတ်သည်ဟုသာ တွေးမိလေသည်။

ထို့အချိန်၌ ကုန်းချင်းယောင် ဘာဖြစ်မှန်းကို သိသွားလေသည်။

အိပ်ခန်းအတွင်းမှ ကျီရှားယွင်သည် ဘယ်အချိန်ကတည်းက ထွက်လာသည် မသိသော်လည်း ထိုသည်ကို ကြားသောအခါ ဖုန်းရင်ထံသို့ လျှောက်လာကာ အော်ဟစ်တော့၏။ ” ရှင်က လူမဟုတ်ဘူးလား၊ ဘာလို့ အာ့လောက် ရက်စက်ရတာလဲ ”

ဤသည်မှာ သန်းရှို့မင် သူ၏ နူးညံ့သောဇနီး ထိုသို့ပြုမူသည်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ ဖုန်းရင် တခုခု ရှင်းပြမည်အပြုတွင် သူမအား ကျီရှားယွင်မှ အော်ဟစ်နေ၍ ကျီရှားယွင်အား ပါးရိုက်လိုက်ကာ ” နင်က ငါ့ကို ဘာလို့ အော်ရတာလဲ၊ ငါက သန်းရှို့မင်ရဲ့အမေ၊ နင်က သားယောင်္ကျားလေးမမွေးနိုင်တဲ့ ကြက်မသာသာပဲ ” သူမ ထိုသို့ပြောပြီး ကလေးနှင့် ကျီရှားယွင်အား ရိုက်လေသည်။

ကျီရှားယွင်သည် ကလေးအား ကိုယ်ဖြင့် ကာကွယ်ပေးထားပြီ သူမသာ အရိုက်ခံနေရ၍ သန်းရှို့မင်မှ အမြန် အရှေ့ထွက်၍ သူ့အမေအား ဆွဲလိုက်၏။

ကျီရှားယွင်သည် နာကျင် ကြေကွဲစွာ ငိုလိုက်ပြီး ” နင်တို့ ဒီကတအိမ်ထဲက လူတွေက အားလုံး အတူတူတွေပဲ၊ နင်တို့မှာ ကောင်းတာ ဘာမှမရှိဘူး ”

ကုန်းချင်းယောင် အကြည့်ပြန်ရုတ်လိုက်ပြီး ” ကျွန်မ အောက်ထပ်ကို ခဏဆင်းလိုက်ပါဦးမယ် ”

သန်းရှို့မင်မှ တကယ်တောင်းပန်သော အမူအရာဖြင့် ” ကျွန်တော် တောင်းပန်ပါတယ် ”

အပြင်တွင် ကောင်းကင်၌ လသာနေသော်လည်း ကြယ်များ ရှိမနေပေ။ ကုန်းချင်းယောင် နှစ်ပေါင်းထောင်ချီသော်လည်း ထိုမျှ ရှေးရိုးဆွဲသည့် အတွေးနှင့် လူမျိုးရှိမည်မှန်း မမျှော်လင့်ထားပေ။ မြေးက ယောင်္ကျားလေးမဖြစ်လို့…

ကျိန်စာမိနေတဲ့ စိတ်နှလုံးနဲ့ လူကတော့။ ကုန်းချင်းယောင် သက်ပြင်းချလိုက်မိသည်။

လုချမ်ချမ်မှ ထပ်၍ သည်းမခံနိုင်တော့ဘဲ ” ဒီမိန်းမကြီးက လူရောဟုတ်ရဲ့လား၊ ငါသာ ကျီရှားယွင်ဆိုရင် သူ့ကို အရေပြားတွေခွာ အရိုးတွေချိုးပြီး ညတိုင်း အိမ်မက်ဆိုးမက်ခိုင်းပစ်မယ် ”

ကုန်းချင်းယောင် လုချမ်ချမ်၏ စကားများ ကြားသောအခါ မျက်လုံး အနည်းငယ် လှုပ်ခတ်သွား၏။

” ဒါက စိတ်ပျက်စရာကောင်းလိုက်တာ၊ ငါ့မိဘတွေလဲ ကလေးတစ်ယောက်ထပ် ပိုမယူရ ဥပဒေနဲ့ညှိတာပါပဲ၊ ဘာပဲဖြစ်ဖြစ် ငါ့ကို မွေးပြီးတာတောင် မစွန့်ပစ်ဘဲနဲ့ ကောင်းကောင်းထားခဲ့သေးတယ်၊ အခုက ဘယ်နှခုနှစ်မလို့လဲ၊ သူ့သားကိုသူ ဧကရာဇ်များ အောက်မေ့နေလား ” လုချမ်ချမ် စိတ်တိုတိုနှင့် တတွတ်တွတ်ပြောနေမိလေသည်။

သန်းရှို့မင် အောက်ဆင်းလာသောအခါ ဧည့်ခန်းထဲ၌ တစ်ယောက်ထဲဖြစ်နေသော ပုံရိပ်အား တွေ့လိုက်ရ၏။ သူ သူမအား စိတ်အနှောင့်အယှက်မပေးရဲပေ။ ကုန်းချင်းယောင် အနောက်သို့ လှည့်လိုက်ပြီး သူ့အား ကြည့်လိုက်၏။

သန်းရှို့မင် ” ဒီနေ့က ညည့်နက်နေပြီဆိုတော့ ကျွန်တော့် အိမ်မှာပဲ တည်းခိုသွားရင် ဘယ်လိုလဲ ”

” ကောင်းပါပြီ ” ကုန်းချင်းယောင် သန်းရှို့မင်နောက်သို့ လိုက်သွားလိုက်သည်။

17 03

ဧည့်ခန်းတွင် ကျီရှားယွင် မျက်လုံးများ နီရဲ၍ မို့အစ်နေပြီး ဘေး၌ ဖုန်းရင် သည်လည်း ငိုနေလေသည်။ ကုန်းချင်းယောင်အတွက် ဧည့်သည်ခန်း၌အိပ်ရာ ပြင်ထားပြီးသားဖြစ်၍ သူမ ခြေလက်ဆေးပြီးသည်နှင့် အခန်းထဲသို့ ဝင်သွားလိုက်၏။

လုချမ်ချမ် တွေးနေစဉ် ကုန်းချင်းယောင်မှ သူမဘေးရှိ အခန်းအား လက်ညှိုးထိုးပြလိုက်ပြီး ” အာ့ထဲကိုသွား ”

ဖုန်းရင်သည် ထိုအခန်း၌နေပြီး လုချမ်ချမ် ထိုမိန်းမကြီးအား အိမ်မက်ဆိုးမက်စေမည်ဟု ပြောနေစဉ် ကုန်းချင်းယောင်မှ မတားခဲ့ပေ။ လုချမ်ချမ် သူမ ဆိုလိုသည်ကို သဘောပေါက်သွား၏။

လုချမ်ချမ် ပျော်ရွှင်စွာနှင့် တခြားအခန်းသို့ နံရံကို ဖောက်ထွင်း၍ ဝင်သွား၏။ ” အိုး………”

အခန်းထဲ၌ မီးအိမ်ရှိလေသည်။ သူမ မီးအိမ်ထွန်းလိုက်ပြီး အနက်ရောင် စန္ဒကူးသားအား ထုတ်လိုက်ပြီး အရွယ်အစားမှာ အမှတ်အသား ၂ခုမျှ လုပ်လို့ရမှန်း သိသွား၏။ သူမ ဓားလိုချင်၍ သန်းရှို့မင်အား မေးမည်အပြုတွင် တံ‌ခါးခေါက်သံ ကြားလိုက်ရ၏။

” ဆရာသခင် နိုးနေသေးရဲ့လား ”

အသံမှာ ကျီရှားယွင်အသံပင်ဖြစ်သည်။ ကုန်းချင်းယောင် တံခါးဖွင့်ပေးလိုက်ပြီး ” နိုးနေပါသေးတယ် ”

ကျီရှားယွင်မှ တီးတိုး ” ရှင် အားရဲ့လား ”

ကုန်းချင်းယောင် ဘေးဖယ်ပေးပြီး ” ဝင်ခဲ့ပါ ”

သူမ ကိုယ်ပိုင်အိမ်၌ ရှိနေသော်လည်း ကျီရှားယွင် ကြောင်တောင်တောင် ဖြစ်နေမိသည်။ ကုန်းချင်း‌ယောင် ထိုင်ခုံ၌ ထိုင်လိုက်ပြီး ကျီရှားယွင်လည်း သူမ ဘေးနား၌ ထိုင်လိုက်၏။

” ပထမကတော့ ကျွန်မက ကလေးကို ခေါ်ပြီး သတ်သေဖို့ သွားခဲ့တာပါ ”

ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်၏။ အစထဲက သူမ ကျီရှားယွင်တွင် ပြဿနားများရှိနေမှန်း မျက်နှာကို ကြည့်၍ ပြောနိုင်ပြီး သန်းရှို့မင်မှ သူမအား ပိုက်ဆံပေးထား၍ သူမ ငြိမ်းချမ်းရေးအဆောင်ပြန်ပေးခဲ့သည်။ မမျှော်လင့်ဘဲနှင့် ရုတ်တရပ် ကပ်ဘေးမှာ သူမကလေး၌ ဖြစ်သွားလေသည်။

ကျီရှားယွင် ကုန်းချင်းယောင် သူမပြောသည်ကို မအံ့ဩသည်ကိုတွေ့၍ သူမ သိနေပြီးပြီဟု သိသွား၍ ” ကျွန်မနဲ့ သန်းရှို့မင်နဲ့က တကယ့်ကို ကောင်းတဲ့ ဆက်ဆံရေး ရှိကြတဲ့ သူတွေပါ၊ ဒါပေမယ့် လက်ထပ်ရတာကတော့ ရည်းစားဘဝနဲ့ မတူဘူးပေါ့၊ ဒါက မိသားစု၂ခုကြားက ကိစ္စလေ၊ ကံမကာင်းစွာနဲ့ ရှောင်းပေါင် မွေးတဲ့အခါမှာ သဘောထားကွဲလွဲတာတွေ ပိုများလာပေမယ့် သူမကို မွေးခဲ့ရတာကို လုံးဝနောင်တ မရဘူး ”

ကုန်းချင်းယောင် တိတ်တဆိတ်နေပြီး ကျီရှားယွင်မှ စကားဆက်လိုက်သည်။

” ကျွန်မ ကိုယ်ဝန်ရှိခါစက ယောက္ခမက တကယ်ဂရုစိုက်ပါတယ်၊ ဒါပေမယ့် မိန်းကလေးမွေးတယ်ဆိုတာကို သိပြီးတဲ့ အခါမှာတော့ ဒုတိယကလေး ထပ်မွေးခိုင်းတယ်၊ ကျွန်မတို့ ဆွေးနွေးပြီးတော့ သန်းရှို့မင်က သူ ရှောင်းပေါင်ကိုပဲ လိုအပ်တယ်လို့ပြောတယ်၊ သူက ယောက္ခမသဘောထားကို ငြင်းလိုက်တယ်၊ နောက်ပိုင်းမှာ ကလေးကို နာမည်ပေးတဲ့အခါ

ယောက္ခမက ကလေးနာမည်က ကျောက်တိ မဟုတ်ရင် လိုင်တိ ပဲဖြစ်ရမယ်လို့ ပြောခဲ့တယ်၊ ကျွန်မက သဘောမတူခဲ့ဘူးလေ ” သူမ၏ စကားများမှ ဖုန်းရင်ကို မုန်းနေမှန်းသိနိုင်ပေသည်။

( ကျောက်တိနဲ့ လိုင်တိဆိုတာက ဒုတိယ ကလေးဖြစ်တဲ့ မောင်လေးကို စောင့်နေရမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ နာမည်မျိုးတွေမလို့ပါ )

ပြောပြီးနောက် သူမ မျက်တောင်ကို ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်ပြီး ” အ‌ဆုံးမှာ သူမက ငိုနေခဲ့ပြီး အားလုံးကလဲ နာမည်လေးပါပဲလို့ ပြောခဲ့တယ်၊ သူတို့က အသက်ကြီးတဲ့သူကို လေးစားဖို့ပြောကြလို့ နောက်ဆုံးမှာ ကလေးနာမည်က နန်းရှောင်းပေါင်ဖြစ်လာတယ်၊ အသံထွက်က ယောင်္ကျားလေးနာမည်နဲ့ တူပေမယ့်၊ မိန်းကလေးနာမည်မှာ သုံးတဲ့ စာလုံးလဲပါပါသေးတယ်၊ အချိန်ကြာတဲ့အထိ ကျွန်မတို့ ကလေးထပ်မယူဘူးဆိုတာ သိပြီး သူမက ဒီလိုမျိုး ရှောင်းပေါင်သာ သေရင် နောက်တစ်ယောက် ယူလိမ့်မယ်လို့ စဉ်းစားမှာကို မမျှော်လင့်ထားမိဘူး ”

” သန်းရှို့မင်နဲ့ အတူတူ အသက်ကြီးသွားနိုင်တယ်လို့ စဉ်းစားမိပေမယ့် အခုလိုဖြစ်ပြီးတဲ့အခါ သံသယစဝင်လာမိတယ်၊ ကျွန်မ ဘာမှ မကြောက်ပါဘူး၊ ဒါပေမယ့် ရှောင်းပေါင် မရှိဘဲ အသက်မရှင်နိုင်ဘူး ”

ကျီရှားယွင် မျက်ရည်များကျလာပြီး ခဏအကြာ၌ စိတ်ခံစားချက်များကို ထိန်းလိုက်ကာ ” တောင်းပန်ပါတယ် ဆရာသခင်၊ ကျွန်မ အပြုအမူက ရိုင်းသွားတယ် ”

17 04

ကုန်းချင်းယောင် ” ပြဿနာမရှိပါဘူး ”

ကျီရှားယွင်သည် အပြင်၌ ထုတ်မပြောဘဲ မျိုသိပ်ထားတတ်သော သူပင်။ သန်းရှို့မင်သည် အမြဲတမ်း အလုပ်ရှုပ်နေတတ်ပြီး သူ အိမ်ပြန်လာ၍ မေးမြန်းလျှင် သူမ သူစိတ်မကောင်းမကို စိုးရိမ်၍ ထိုကိစ္စများကို မပြောပြတတ်ပေ။ ဒီနေ့ စကားဝိုင်းတွင်တော့ သူမပို၍ ပွင့်လင်းနေပြီး ” အာ့တာဆို ပြန်လိုက်ပါဦးမယ်၊ တခုခုလိုရင် အိပ်ခန်းတံခါးခေါက်ပြီး မေးမြန်းလို့ရပါတယ် ”

ကုန်းချင်းယောင်မှ ” ဓားရှိလား ”

ကျီရှားယွင် ခဏမျှ ကြောင်အသွားပြီး ” ဟုတ် ”

ထို့နောက် သူမ ကြောင်အိမ်ထဲမှ သေတ္တာတခုထုတ်ယူလာပေးလိုက်၏။

ကုန်းချင်းယောင် ဖွင့်လိုက်ပြီး ကြည့်လိုက်သောအခါ…

၁ခုဆို လုံလောက်ပါပြီ၊ ဒီသေတ္တာတစ်ခုလုံးက ဘာကို ဆိုလိုတာလဲ။

ကျီရှားယွင်မှ ချက်ချင်း ” အိမ်မှာ ကလေးရှိတော့ အားလုံးကို သူနဲ့ အဝေးမှာ ထားရလို့ပါ ”

ကုန်းချင်းယောင် တခုရွေးယူလိုက်ပြီး ကျီရှားယွင်မှ ပြန်ထွက်သွားသည်။ ကုန်းချင်းယောင် မအိပ်ချင်သေး၍ စန္ဒကူးသားကိုယူကာ ထွင်းနေလိုက်သည်။

သန်ူရှို့မင်နှင့် ကျီရှားယွင်သည် အိပ်ခန်းကျယ်၌ နေခဲ့ကြပြီး တညလုံး စကားပြောခဲ့ကြသည်။ သူတို့ လက်ထပ်သည်မှစ၍ ယခုအချိန်အထိ ကျီရှားယွင် မကျေလည်သည်များကို ပြောပြလာ၏။ သူသည်လည်း သူမ ဒီမိသားစုအတွက် တော်တော်များများ စွန့်လွှတ်ခဲ့မှန်း သိပါသည်။ ယနေ့မှသာ သူမတစ်ယောက်တည်း ထိုမျှခံစားခဲ့ရမှန်းသိလေသည်။ သူ သူမ ထိုနေ့က တောင်ပေါ်၌ သတ်သေရန် ကြိုးစားသည့်အချိန်အား စဉ်းစားမိ၍ ကြောက်လန့်သွား၏။

” ရှားယွင် စိတ်မပူပါနဲ့ အမေ့ကို ပြန်ပို့လိုက်ပါ့မယ်၊ မင်း မလိုချင်ရင် သူမ ကလေးနားကိုတောင် မကပ်စေရဘူးနော် ”

ဤသည်မှာ သူသည် သားသမီးဝတ္တရား မကျေပွန်ဟု ဖြစ်နိုင်သော်လည်း သူ ဘာမှမတတ်နိုင်ပေ။ သူ့အမေသည် ဘယ်တုန်းက ခေါင်းမာကာ မစဉ်းစားမဆင်ခြင် နိုင်တော့မှန်း မသိပေ။ သူ့အမေသည် တကယ်ပဲ နန်းရှောင်းပေါင်ကို သတ်ချင်နေသည်ကိုပင် သူ မယုံကြည်နိုင်သေးပေ။

ကျီရှားယွင် သူမခင်ပွန်း၏ အကြီးမားဆုံး စိတ်ပူနေရသောအရာကို သိပေသည်။ သူမ ထိုသို့သောသူနှင့် တကယ်မနေနိုင်ကာ ဘယ်အချိန်အသတ်ခံရမလဲဟု တချိန်လုံး တွေးမပူနိုင်ပေ။ ” ဟုတ်ပြီလေ ”

သန်းရှို့မင် ” ကျေးဇူးပါ ရှားယွင် ”

သူ့ဇနီး၏ သဘောတူညီမှု့သည် နောက်သို့တချက်ဆုတ်လိုက်သည်မှန်း သူ သိပါသည်။ သူမ နန်းရှောင်းပေါင် တိုက်ပေါ်မှ ပြုတ်ကျသည်ကို အစပြန်ဖော်တော့မည် မဟုတ်ပေ။ ” တကယ်လို့ မင်းပင်ပန်းရင် ကလေးထိန်းဌားပေးရမလား ”

ဤကိစ္စများဖြစ်ပြီးသွား၍ သူမ ကလေးထိန်းဌားရန် မစဉ်းစားထားပေ။

အိပ်ခန်းကျယ်မှာ သင့်မြတ်သော လေထုများ ပြည့်နေပြီး ဒုတိယ အိပ်ခန်းမှာ ထိုသို့မဟုတ်ပေ။ ဖုန်းရင် အခန်းထဲသို့ ဝင်လိုက်ပြီး သူမ သားမှ သူမအား မနက်ဖြန် အဝေးသို့ ပို့လိမ့်မည်ဟု စဉ်းစားနေမိသည်။ ဒီနေ့ညပြီးလျှင် သူမ သနားစရာဖြစ်ယောင်ဆောင်၍ ဒီနေရာ၌ ဆက်နေနေမည်ပင်။ သူမ မွေးရပ်မြေအား မပြန်ချင်ပေ။ သူမ သားတွင် အနာဂတ်ကောင်းရှိပြီး ကျီရှားယွင်သည် တကယ်ကောင်းသည့်သူဖြစ်၍ သူမ ထိန်းသိမ်းထားချင်၏။ သူမ မြေးလေး၂ယောက်ပဲလိုချင်တာပါ။ မြေးယောင်္ကျားလေး ၂ယောက်ပဲလေ။

ထိုသို့စဉ်းစားလိုက်ပြီး ဖုန်းရင်အိပ်ပျော်သွား၏။ လုချမ်ချမ်မှ နောက်ဆုံး အခွင့်အရေးရယူ၍ သူမအနားသို့ ချည်းကပ်လိုက်၏။

” ဘွားဘွား မြေးက ကြည့်မကောင်းဘူးလား ”

သွေးပေပွနေသော ပုံရိပ်တခု သူမရှေ့၌ပေါ်လာ၍ လန့်နိုးသွားမိသည်။

ဖုန်းရင် သူမဘာသာ ဖြေသိမ့်လိုက်၏။ ” အိမ်မက်ပဲနေမှာပါ ”

” ဘွားဘွားက အိမ်မက်လို့ ထင်တုန်းပဲလား ” အိမ်မက်နှင့် တူညီသော ပုံရိပ်သည် ဖန်းရင်ရှေ့၌ ပေါ်လာ၍ စကား‌မပြောနိုင်အောင် ထိတ်လန့်သွား၏။

” ဘွားဘွားကို ဒီနေ့ကစပြီး ညတိုင်း မြေး အဖော်ပြုပေးနေပါ့မယ် ”

ဖုန်းရင် ခေါင်းတွင်တွင် ခါနေ၏။

17 05

” အိုး… ဘွားဘွားက မကြိုက်ဘူး‌လား ” ပုံရိပ်လေးမှာ ငိုလာပြီး သွေးမျက်ရည်များ ကျလာပြီး ထိတ်လန့်စရာ ကောင်းနေ၏။ ” ဒါပေမယ့် ဘွားဘွားကို မြေးကချစ်တယ်လေ၊ မနက်ဖြန် ထွက်မသွားနဲ့နော်၊ ဒီမှာပဲ မြေးနဲ့နေလေ ”

ဖုန်းရင် သတိမေ့သွား၍ လုချမ်ချမ် အိမ်မက်ထဲသို့ ဝင်လိုက်သည်။

ထိုည၌ ဖုန်းရင် အရမ်းကြောက်ရွှံ့နေရကာ သတိမေ့လိုက် ပြန်နိုးလာနိုင်သည် မိုးမလင်းခင်အထိ ဖြစ်နေလေသည်။ သူမ အဆုံး၌ အိပ်ရာထဲမှ အားကုန်သုံး၍ ထိလိုက်ကာ တံခါးဖွင့်၍ အိပ်ခန်းကျယ်ထံသို့ ပြေးသွားပြီး ” ရှို့မင် မြန်မြန်ပြန်ပို့ပေးပါ၊ နောက်တခါ မလာတော့ပါဘူး ”

သန်းရှို့မင်နဲ့ ကျီရှားယွင်သည် အစကတည်းက အိပ်မပျော်ကြပေ။ သူတို့ ထိုအသံအားကြား၍ အချင်းချင်း ကြည့်လိုက်ကြပြီး သန်းရှို့မင်မှ ” မင်းအရင်အိပ်လိုက် ကိုယ်သွားကြည့်လိုက်မယ် ”

ဖုန်းရင် ကတုန်ကယင်နှင့် ” သား အမေ့ကို ပြန်ပို့ပေးပါတော့ ”

သန်းရှို့မင် သူ့အမေအားမြင်၍ စိတ်ပူသွားပြီး ” ဘာဖြစ်တာလဲ ”

” ဘာမှမဖြစ်ဘူး အိမ်ပဲပြန်ပို့ပေးပါ ” သူမ ခေါင်းတွင်တွင်ခါပြီး သူမ တညလုံး မြေးမလေးအကြောင်း အိမ်မက်ဆိုးမက်သည်ကို မပြောရဲပေ။

သန်းရှို့မင် ခေါင်းညိမ့်လိုက်ပြီး ” အာ့တာဆို မနက်စာအရင်ဝယ်ပေးမယ် ”

ဖုန်းရင်မှ အမြန် ” မလိုဘူး၊ ပထမဆုံးကားက ၇နာရီမှာမလား၊ အခုချက်ချင်း ဘူတာကို ခေါ်သွားပေး၊ ကိုယ့်ဘာသာ လက်မှတ်ဝယ်ပြီး ပြန်လိုက်မယ် ”

သန်းရှို့မင်မှ ” ဟုတ်ပြီလေ ”

ဖုန်းရင် အခန်းသို့သွားပြီး အဝတ်များ အမြန် ထုတ်ပိုးကာ သူမသားနောက်မှ လိုက်သွား၏။ သူမ ကျီရှားယွင်ကို နှုတ်မဆက်ခဲ့သလို သူမကိုလည်း ကျီရှားယွင်မှ ထွက်မတွေ့ခဲ့ပေ။ အိမ်ခန်းမှာ ထပ်မံ၍ ငြိမ်သက်သွားပြန်သည်။

လုချမ်ချမ် ကုန်းချင်းယောင်ထံသို့ ပြန်ပြေးသွားပြီး ” အာ… အဘွားကြီးက အားနည်းလိုက်တာ ”

ကုန်းချင်းယောင် တခြားအခန်းထဲမှ လှုပ်ရှားမှု့ကို သိ၍ ထထိုင်လိုက်ပြီး ချီလေ့ကျင့်နေလိုက်သည်။ ၇နာရီထိုးသည်အထိစောင့်ပြီးမှ အခန်းအပြင်သို့ထွက်လာပြီး ကျီရှားယွင်မှ သေချာ မနက်စာပြင်ဆင်နေပြီးဖြစ်၍ ” ဘယ်ဟာကို ကြိုက်သလဲမသိတော့ အားလုံးတော့ ပြင်ထားမိပါတယ် ”

လူအိုကြီး ဘယ်အချိန်ထထွက်သွားမှန်း မသိပေမယ့် အခန်းထဲ၌ သူမ ပစ္စည်းများအားလုံးကို ယူသွားသည်ကို ကြည့်၍ ဖုန်းရင် တကယ်ထွက်သွားကြောင်း သူမ နားလည်သွား၏။

ကုန်းချင်းယောင်နှင့် ထိုကိစ္စသည်မဆိုင်ဟု သိထားသော်လည်း သူမနှင့် တခုခုမှ ပက်သတ်နေသည်လို့တော့ ခံစားရသော်လည်း ကျီရှားယွင် ထုတ်မေးမလာပေ။

ကုန်းချင်း‌ယောင် ခုံ၌ ထိုင်လိုက်ပြီး ” အကုန်လုံးက ကောင်းပါတယ် ”

သန်ူရှို့မင် သူ့အမေအား ဘူတာသို့ ပို့ပြီး ပြန်လာသောအခါ စားပွဲအပြည့် စားစရာများကို တွေ့သွားပြီး ရင်ထဲထိသွားကာ ဌက်သိုက် ၂ခွက်ခပ်၍ တခွက်အား ကုန်းချင်းယောင်သို့ပေးကာ တခွက်အား ကျီရှားယွင်သို့ ပေးလိုက်သည်။

” ဆရာသခင် သုံးဆောင်ပါ ”

ကုန်းချင်းယောင် ” အွန်း… ”

ကျီရှားယွင်၏ အချက်အပြုတ်လက်ရာမှာ ပုံမှန်မျှသာ ရှိသော်လည်း စေတနာဖြင့် ချက်ပြတ်ထား၍ သူမ ပန်းကန်ထဲမှ မုန့်များကို ကုန်သည်အထိတော့ စားလိုက်လေသည်။

မနက်စာစားပြီးနောက် သန်းရှို့မင်မှ ” ဆရာသခင် အရင်ဆုံး အကူအညီအတွက် ပိုက်ဆံ ၅၀,၀၀၀ကို အရင်ပေးထားပါ့မယ် တရုတ်နှစ်သစ်ကူးမှ ကျန်တဲ့ ပိုက်ဆံကို ပေးပါ့မယ် ”

အရင်တစ်ခေါက် ကလေး ပြန်ပေးဆွဲခံရစဉ်က သူ သူမအား ငွေပေးထားသေး၍ သူ့တွင် ဘယ်လောက်မှ မကျန်တော့ပေ။

ကျီရှားယွင်မှ ချက်ချင်း ” ကျွန်မမှာ ရှိပါတယ် ”

သူမ၏ သတို့သမီး တင်သွင်းငွေများ ရှိသေးပြီး သန်းရှို့မင်မှ ငြင်းချင်ပေမယ့် ကျီရှားယွင်မှ ” ပိုက်ဆံမရှိရင် ထပ်ရှာလို့ရတယ်၊ ရှောင်းပေါင်လေးကတော့ အဖိုးမဖြတ်နိုင်တဲ့ တစ်ယောက်ပဲရှိတဲ့သူလေ ”

သန်းရှို့မင် ပါးစပ်ပိတ်သွား၏။

17 06

မနက်စာစားပြီး ကုန်းချင်းယောင် ဘဏ်ကတ်ထဲ၌ ယွမ်၁သိန်းနှင့်အတူ ထွက်ခွာလာသည်။

မသွားချင် သစ်သားအမှတ်အသားတစ်ခုကို ယူလိုက်ပြီး ” ဒါက အနက်ရောင်စန္ဒကူးသားနဲ့လုပ်ထားတာ၊ ဒါလေးက ဘေးအန္တရာယ် ကြုံနေရတာကို ‌ကွယ်ပျောက်စေနိုင်ပါတယ် ”

သူတို့သည် ပျော်ရွှင်စွာ လက်ခံလိုက်ပြီး သူမ မထွက်သွားခင် ရှောင်းပေါင်လည်း နိုးနေလေပြီ။ သန်းရှို့မင် တရက်ခွင့်ယူပြီး သူနှင့် ကျီရှားယွင်တို့ ကလေးအား ရေချိုးပေးလိုက်သောအခါ ကုန်းချင်းယောင် အရင်က ပေးခဲ့သောအဆောင်သည် ပြာအဖြစ်ပြောင်းသွားပြီး ကလေးအားလည်း မလောင်သွားကြောင်း ထူးဆန်းဖွယ် တွေ့လိုက်ရ၏။

အံ့ဩနေသော မျက်လုံး၂စုံ စုံသွားကာ အာ့တာကြောင့် ကလေးက ၇ထပ်ကနေ ပြုတ်ကျတာတောင် မသေတာပေါ့ဟု တွေးနေမိသည်။ စက္ကူစလေးတစသည် ဤမျှအထိ အင်အားကြီးမယ်မှန်း သူတို့ထင်မထားပေ။‌ သစ်သားအမှတ်အသားသာဆိုလျှင်တော့။ ၂ယောက်သား အချင်းချင်းကြည့်လိုက်ပြီး သန်းရှို့မင်မှ ရှက်ရွှံ့စွာ နှာခေါင်းအား ထိလိုက်ပြီး ” ဆရာသခင်ကို နှစ်ကုန်ရင် နောက်ထပ် ငွေပမာဏတစ်ခုပေးလိုက်ပါ့မယ် ”

ကျီရှားယွင် သဘောတူလာ၏။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အပိုင်း ၁၇.၂

ကုန်းချင်းယောင် သူတို့ထံမှ ထွက်လာပြီး တောင်ခါးပန်းတစ်ခုသို့ သွားရန်လုပ်လိုက်သည်။ ထိုနေရာသည် ဝိညာဉ်စွမ်းအင်များပေါများ၍ သူမ သန်းရှို့မင်မှ မြို့တော်သို့ ပြန်ပို့ပေးမယ်ဟူ၍ ပြောသည်ကိုပင် ငြင်းလိုက်လေသည်။ သူမ လမ်းလျှောက်နေစဉ် အိုက်ရှောင်းယွင်မှ ဖုန်းခေါ်လာပြီး ” ‌ချင်းယောင် ကယ်ပါဦး ”

အော်ဟစ်နေသည့်အသံကြောင့် သူမ ဖုန်းအား နားနှင့်ခွာလိုက်ပြီး ” ဘာဖြစ်လို့လဲ ”

အိုက်ရှောင်းယွင် ” နင် ဘယ်မှာလဲ ငါနင့်ကို ရှာနေတာကို ” ဟု ပြောလာပြီး သူမ အသံတွင် ကြောက်ရွှံ့နေသည့် လေသံပါနေသည်။

ကုန်းချင်းယောင် ” ငါ Sမြို့မှာ ”

အိုက်ရှောင်းယွင် ” နင်က Sမြို့ကို ဘာသွားလုပ်ပြန်တာလဲ၊ နင်သိလား လွန်ခဲ့တဲ့ရက်တွေတုန်းက ယောင်္ကျားလေးတစ်ယောက်ကို အိမ်မက်မက်ပြီး သူက ငါ့ကို သူနောက်လိုက်ခဲ့ဖို့ခေါ်တယ် ငါအရမ်းကြောက်တာပဲ ”

ပထမအကြိမ် အိမ်မက်မက်စဉ်က ပုံမှန်ဟု ထင်ထားသော်လည်း နေ့စဉ်ရက်ဆက်ဖြစ်လာ၍ သူမ ထူးဆန်းသည်ဟု ခံစားလာရ၏။ ပြီးနောက် ထိုသူ ပြောသော သူမအား အဝေးသို့ ခေါ်သွားသည်မှာ သူမအား သေဆုံးသွားစေနိုင်သည်ဟု နားလည်သွား၏။

ကုန်းချင်းယောင် တခုခုမှားနေမှန်း သတိထားမိသွားပြီး ” ရှင်ဘယ်မှာလဲ ”

အိုက်ရှောင်းယွင် ” မြို့တော်မှာ ”

ကုန်းချင်းယောင် ” လိပ်စာပို့လိုက် ”

ကုန်းချင်းယောင်လာမည်ဟုကြားသည်နှင့် အိုက်ရှောင်းယွင်မှ ချက်ချင်း ” ကောင်းပြီ၊ အာ့တာဆို လေယာဉ်လက်မှတ် ဖြတ်ပေးမယ် ”

ဖုန်းပြောပြီးသည်နှင့် အိုက်ရှောင်းယွင် ကုန်းချင်းယောင်အတွက် လေယာဉ်လက်မှတ် ဖြတ်ပေးပြီး လိပ်စာပို့လိုက်ကာ စိုးရိမ်တကြီး စောင့်နေလေသည်။

၄နာရီကြာပြီးနောက် တံခါးခေါက်သံကြား၍ သူမ စိတ်လှုပ်ရှားစွာ တံခါးဖွင့်ပေးလိုက်သည်။ သူမ ကုန်းချင်းယောင်မှ အနာဂတ်ကို ပြောပြနိုင်ရုံသာမက သူမနှင့်အတူတူ အမြဲတမ်း တစ်ယောက်ယောက် ရှိနေသည်ဟု ခံစားရသော်လည်း ကုန်းချင်းယောင်ရှိနေ၍ သူမ မကြောက်ပေ။

ကုန်းချင်းယောင် အိုက်ရှောင်းယွင်အား မြင်သောအခါ သူမ ထိတ်လန့်သွား၏။ သူမ ကောင်းကင်မျက်လုံးအား ဖွင့်ထား၍ အိုက်ရှောင်းယွင်ဘေး၌ ယင်းစွမ်းအင်များ ရောနှောနေကာ အနက်ရောင် အငွေ့များ ရစ်သိုင်းနေ၏ အိုက်ရှောင်းယွင် တစ္ဆတစ်ကောင်နှင့် ချည်နှောင်မိပြီဟု သိသော်လည်း ထိုအငွေ့များမှာ ထူးဆန်းနေလေသည်။

” အက္ခရာ ၈လုံး ”

အိုက်ရှောင်းယွင် ခဏမျှ ကြောင်အသွားပြီး ကုန်းချင်း‌ယောင် မွေးသက္ကရာဇ်အား လိုချင်သည်ကို သိသည်နှင့် ဂဏန်းအတွဲလိုက်တစ်ခု ထုတ်ပြောလာသည်။

ကုန်းချင်းယောင် စိတ်ဖြင့်တွက်လိုက်ပြီး ထိုတစ္ဆအငွေ့အသက်များ ဘယ်ကလာသည်ကို သိသွားပြီး ” လူဘယ်နှယောက် ရှင့်မွေးနေ့ကိုသိလဲ ”

17 07

အိုင်ရှောင်းယွင် သေချာစဉ်းစားလိုက်ပြီး ” သိတဲ့သူတွေ အများကြီးပဲ ”

ကုန်းချင်းယောင် စကား ဆက်မပြောတော့ပေ။

အိုက်ရှောင်းယွင် ” ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ၊ အလုပ်ခန့်စာတွေမှာ မွေးနေ့က ထည့်ပေးရတယ်လေ၊ တချို့ဆို အသေးစိတ်တောင်ရေးရတယ်၊ အာ့တာကြောင့် မွေးနေ့က ဘာမှမဟုတ်ပါဘူးလို့ စဉ်းစားမိတော့တာပဲ၊ ခဏခဏလဲ ပြောမိပြီး လျှို့ဝှက်ချက်မှ မဟုတ်တာ ” အိုက်ရှောင်းယွင် စကားအတန်ကြာ ပြောပြီးမှ ” တခုခုမှားနေလို့လား ”

ကုန်းချင်းယောင် ” ရှင် တ‌စ္ဆေမင်္ဂလာဆောင်မှာ ပါဝင်မိပြီ ”

တ‌စ္ဆေမင်္ဂလာဆောင်ဟု ကြားသည်နှင့် အိုက်ရှောင်းယွင် အံ့ဩသွား၏။ သူမ ကုန်းချင်းယောင်အား ယောင်္ကျားလေးတစ်ယောက်ကို အိမ်မက်မက်သည်ဟု ပြောထားသော်လည်း အသေးစိတ်မပြောပြထားပေ။

ပထမ အိမ်မက်၌ ထိုလူသည် သူမတို့သည် လက်ထပ်ပြီးဖြစ်၍ နောက်ရက်အနည်းငယ် အတွင်း ‌လာခေါ်မည်ဟု ပြောခဲ့သည်။

နောက်တခေါက် အိမ်မက်ထဲ၌ ထိုလူသည် ပြန်ရောက်လာပြီး သူမနှင့် ချည်နှောင်ချင်သည်ဟု ပြောဆိုခဲ့သော်လည်း သူမ ထူးဆန်းသည်ဟု ခံစားရပြီး ခွင့်မပြုခဲ့ပေ။

တတိယအိမ်မက်ထဲတွင် ထိုလူသည် သူမအား ချည်နှောင်ရန် ထပ်ပြောဆိုခဲ့ပြီး သူမမှ ပြန်တိုက်ခိုက်ခဲ့ကာ သူကတော့ သူမလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရက်အနည်းငယ်ကြာလျှင် သူမအား လာခေါ်မည်ဟု ပြောခဲ့သည်။

အိုက်ရှောင်းယွင် အိမ်မက်မှာ ထူးဆန်းသည်ဟာသာ ထင်သော်လည်း ကုန်းချင်းယောင် ပြောလာသည်ကို ကြားပြီးနောက် ထိတ်လန့်သွားကာ ” အာ့တာဆို ငါတို့ ဘာလုပ်ကြမလဲ ”

ရိုးသာစွယပြောရလျှင် ကုန်းချင်းယောင်လည်း အံ့သြနေခဲ့သည် အစ၌ ယင်းစွမ်းအင်အား မြင်သောအခါ ထူးဆန်သည်ဟု ခံစားရပြီး တ‌စ္ဆေမင်္ဂလာဆောင်မှန်း မမျှော်လင့်ထားမိပေ။ တ‌စ္ဆေမင်္ဂလာဆောင်သည် သေလူအချင်းချင်းသာ ချည်နှောင်သင့်သည်။ အတိတ်၌ တ‌စ္ဆေမင်္ဂလာဆောင်သည် တော်ဝင်မိသားစုများသာ ပြုလုပ်တတ်ကြပြီး သူတို့ ကလေးများ သေလျှင် အိမ်ကို ပြဿနာတတ်စေမည်စိုးရိမ်၍ လက်တွဲဖော်ရှာပေးကြခြင်းပင်။ သူတို့ လက်ထပ်ရမည့် အရွယ်ရောက်လျှင် မိဘများမှ တ‌စ္ဆေမင်္ဂလာဆောင်ကို ကျင်းပပေးတတ်သည်။ မမျှော်လင့်ဘဲ ယနေ့ခေတ်၌ လူသေနှင့် အသက်ရှင်နေသူအား ချည်နှောင်ကြလေသည်။

ကုန်းချင်းယောင် ” ဒီမင်္ဂလာပွဲကို ဖျတ်ဖို့ နည်းလမ်း ၂ခုရှိတယ်၊ တခုကတော့ လိုလိုလားလားဖြတ်တာဖြစ်ပြီး နောက်တစ်ခုက အားသုံးပြီး ဖြတ်ရတာပဲ ”

အိုက်ရှောင်းယွင် အသိစိတ်အနည်းငယ် ဝင်လာပြီး ” ဒါပေမယ့် အာ့လူက ဘယ်သူလဲ မသိဘူးလေ၊ ဒီလိုကြီးဖြစ်နေတော့ ငါလဲ ရှင်းလင်းအောင် လုပ်ချင်မိတယ် ”

အိုက်ရှောင်းယွင် ထိုလူမှ သူမအား သဘောတူတူ မတူတူ ခေါ်သွားမည်ဟု ပြောခဲ့သည်ကို အမှတ်ရသွားသည်။ ” အာ… အာ့တာက အာ့လိုလုပ်ရတာပေါ့ ”

ကုန်းချင်းယောင် အိုက်ရှောင်းယွင် လက်ထဲသို့ ဖုန်းထည့်ပေးလိုက်ပြီး ” အိမ်ကို ဖုန်းခေါ် ”

အိုက်ရှောင်းယွင် ဖုန်းယူလိုက်ပြီး ” အိမ်ကို ဖုန်းခေါ်ရမယ် ”

ကုန်ချင်းယောင် အိုက်ရှောင်းယွင်မှ သူမ ပြောသည်ကို သိသွားတော့မည်မှန်း သိလိုက်၏။

ဟုတ်ပါသည် အိုက်ရှောင်းယွင် တဖြည်းဖြည်း နားလည်သွား၏။ သူမအား ကုန်းချင်းယောင်မှ ဖုန်းခေါ်ခိုင်းသည့်ခဏတွင် သူမ မိသားစုမှ တစ္ဆေမင်္ဂလာဆောင်အား ပြုလုပ်စေမှန်း နားလည်လိုက်သည်။ နောက်ဆုံး၌ သူမ မွေးနေ့အား ဘယ်သူမှ မေးကြသည်မဟုတ်ဘဲ သူမနှင့် ရင်းနှီးသော မိသားစုသာ သိကြသည်လေ။

အိုက်ရှောင်းယွင် ဖုန်းယူပြီး စမခေါ်ရဲပေ။ ကုန်းချင်းယောင် အလျှင်မလိုဘဲ သူမ ဖုန်းဖွင့်၍ ဝေ့ပေါ်ထဲသို့ ဝင်ကြည့်နေလိုက်သည်။ သူမ ဝေ့ပေါ်တွင် ဖန်အ‌ယောက်၁ရာမျှ ရှိနေပြီး ကွန်မန့်များလည်း ရေးထားကြသည်။ သူမသည် ယုတ္တိမရှိဟု ပြောထားသော်လည်း သူမ ဂရုမစိုက်ပေ။ ကုန်းချင်းယောင် ဝေ့ပေါ်၌ ကွန်မန့်များဖတ်နေစဉ် အိုက်ရှောင်းယွင် ဖုန်းကိုင်ကာ အိမ်သို့ ခေါ်လိုက်၏။

” အမေ မေးချင်တာ တခုရှိလို့ ”

အခန်းတစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကုန်းချင်ယောင်၏။ အကြားအာရုံမှာ သာမန်လူများထက်ကောင်း၍ ဖုန်းထဲမှ ပြန်ဖြေသံအား ကြားလိုက်ရသည်။ ” ဘာကိစ္စလဲ ”

အိုက်ရှောင်းယွင် ” အိမ်မက်ထဲမှ ယောင်္ကျားလေးတစ်ယောက်ကိုတွေ့ပြီး သူက အမေက သမီးအတွက် လက်ထပ်ပေးဖို့ စီစဉ်ထားတဲ့သူလို့ပြောတယ် ”

17 08

အိုက်ရှောင်းယွင်မှ တစ္ဆေမင်္ဂလာပွဲအကြောင်း ထည့်မပြောချေ။ မဟုတ်လျှင် သူမ အမေမှ ဝန်မခံမည်ကို စိုးရိမ်၍ဖြစ်သည်။ သေချာပေါက် သူမအမေအား အထင်ကြီးမိသည်သာဖြစ်ပြီး ဖုန်းတဖက်မှ ” အာ့တာက မြို့မှာရှိတဲ့ ရှေးကျတဲ့ ယွီမိသားစုက သားလေ၊ သူက သေသွားပြီး မိသားစုကလူတွေက နှစ်အတန်ကြာ ငြိမ်းငြိမ်းချမ်းချမ်း မနေရလို့ အရမ်းလဲ သနားစရာကောင်းနေပြီး သူတို့က သူတို့ရဲ့သားကို နင်နဲ့ လက်ထပ်ခိုင်းဖို့ မေးလာလို့ ”

အိုက်ရှောင်းယွင် သူမ အမေမှ အမြန်ဝန်ခံလာမည်မှန်း မမျှော်မှန်းထား၍ ” အမေ အာ့တာက တစ္ဆေမင်္ဂလာဆောင်နော် ”

” ငါ သိပါတယ် အာ့တာက နင့်ကို မထိခိုက် စေပါဘူး ပြီးတော့ ယွမ်၁သိန်းလဲ ရသေးတယ်”

” ယန်း ၁သိန်းကြောင့် ‌လူသေစီကို သမီးကို ရောင်းစားလိုက်တာလား ” အိုက်ရှောင်းယွင် တုန်ယင်ကာ ဒေါသထွက်လာပြီး သူမ အမေက ထိုသို့လုပ်ရက်မည်ဟု မထင်ထားပေ။

” နင် အာ့လို အရှက်မရှိမပြောနဲ့၊ နင့်မောင်လေးက ‌ယွမ်၁သိန်းချေးတာကို ယွမ်၅သောင်းပဲ ပေးလိုက်ပြီး ကပ်စေးနဲနေပြီးတော့ ”

အိုက်ရှောင်းယွင် အော်ဟစ်လာကာ ” ကျွန်မသူ့ကို ယွမ်၅သောင်း ပေးခဲ့တယ်လေ၊ သေတဲ့လူနဲ့ ချည်နှောင်လိုက်တာက ကျွန်မကို ဘာဖြစ်စေမလဲလို့ရော အမေမသိဘူးလား ”

” ဘာများ ထိခိုက်မှာမလို့လဲ ” အိုက်ရှောင်းယွင် အမေမှ သဘောမတူသလို ပြောလာပြီး ” ဟုတ်ရင်တောင် အာ့အကြောင်း ဘာမှဆက်မပြောနဲ့တော့၊ လက်ထပ်တာက လုပ်ပြီးသွားပြီ ”

စကားပြောပြီးသည်နှင့် အိုက်ရှောင်းယွင် ထံမှစကားများကို နားမထောင်တော့ဘဲ သူမ ဖုန်းချလိုက်တော့သည်။ အိုက်ရှောင်းယွင် အသည်းအသန် ငိုလာ၏။

” ကလေးဘဝထဲက မောင်လေးကို ကောင်းပေးရမယ်လို့ အသင်ခံလာရတာ၊ မိဘတွေမရှိတော့ရင် သူ တက္ကသိုလ်တက်တဲ့အထိ ငါက ထောက်ပံပေးရမှာ၊ အာ့တာကို ငါက မှန်ကန်တဲ့အရာလို့ပဲ ထင်ခဲ့တာ၊ ငါ့ရဲ့ ကျူရှင်လခထဲကစုပြီး အချိန်ပိုင်းအလုပ်လုပ်ပြီး ရသမျှကို အိမ်ကိုပြန်ပို့ခဲ့တာ၊ ငါ့အတွက် အင်္ကျီအသစ်တောင် မဝယ်နိုင်ခဲ့ဘူး၊ ငါ့မောင်လေးကတော့ အိမ်မှာ ဗီရိုပေါင်းများစွာရှိပြီး အင်္ကျီအပြည့်ကိုမှ တချို့ဆိုရင် ဝတ်တောင် မဝတ်ရသေးဘူး၊ နောက်မှ သူငယ်ချင်းတွေက ငါ့အိမ်ရဲ့ အခြေအနေက ပုံမှန်မဟုတ်ဘူး မောင်လေးမှာလဲ လက်တွေ ခြေတွေရှိတာပဲလို့ ပြောလာကြတယ်၊ ဘာလို့ သူ့ကိုယ်သူ မထောက်ပံနိုင်ရတာလဲ၊ နောက်ပိုင်း လူအများကြီးနဲ့ ဆက်သွယ်ပြီးမှ မိသားစုက ဦးနှောက်ဆေးထားမှန်း သိရတာ၊ မိဘတွေက ရှေးရိုးဆွဲပြီး မောင်လေးက သူတို့ ဖျက်စီးတာကို ခံနေရတာ၊ အသက်၂၀ကျော်နေပြီဖြစ်တဲ့ ယောင်္ကျားလေးတစ်ယောက်က အလုပ်မရှိဘဲနဲ့ နောက်ပိုင်း လောင်းကစားလဲ စွဲလမ်းလာသေးတယ် ”

” နင်ငါ့ကို ငွေရေးကြေးရေး ခက်ခဲမယ် ပြောပြီးတော့ မောင်လေးက လောင်းကစားမှာ ၁သိန်းရှုံးတာကို မိဘတွေက မောင်လေးမှာ ပျော်စရာကိစ္စရှိတယ်‌ဆိုပြီး ငွေတောင်းခဲ့တာ၊ ဒီလောက် နှစ်တွေအကြာကြီး အလုပ်လုပ်လာတာ တဝက်ပဲ ငွေစုနိုင်ခဲ့ပြီး အိမ်ကို အကုန်ပြန်ပို့ပေးခဲ့ရတာ၊ သူတို့ကအခု ငါ့ကို ယွမ်၁သိန်းတောင်းလာပြန်တယ် ငါ ငွေရှာရတာ လွယ်တယ်လို့ ထင်နေကြတာလား ”

” အာ့တာကြောင့် နောက်ဆုံးတခေါက်က ငွေနောက်ဆုံးပေးခြင်းပဲဆိုပြီး လွှဲခဲ့တာ၊ အခုတော့ ငါ့မိဘတွေက ယွမ်၁သိန်းအတွက် တစ္ဆေမင်္ဂလာပွဲကို လက်ခံခဲ့တယ်၊ သူတို့ သမီးက ယွမ်၁သိန်းပဲ တန်တာလား ”

အိုက်ရှောင်းယွင် အတန်ကြာငိုနေပြီး အဆုံး၌ စိတ်ငြိမ်သွားလေသည်။

” ဒီမင်္ဂလာပွဲကို ဖြတ်ပေးလို့ရလား ”

ကုန်းချင်းယောင် ” ရပါတယ်… ဒါပေမယ့်… ”

သူမ ကြားချင်သည်ကို ကြားရသည်နှင့် အိုက်ရှောင်းယွင် ” ပိုက်ဆံက ပြဿနာမဟုတ်ဘူး၊ ငါ စုထားတာတွေ အကုန်ပေးမယ် ”

ကုန်းချင်းယောင် သူမအား စိုက်ကြည့်လိုက်ပြီး ကျန်စကားများကို ပြောလာ၏။ ” ဒီနေ့ ညနေအထိ စောင့်ရမယ် ”

အိုက်ရှောင်းယွင် စိတ်သက်သာသလို သက်ပြင်းချလိုက်၏။

အတိတ်၌ သူမ မင်္ဂလာပွဲအား ချက်ချင်း ဖြေရှင်းလိုက်နိုင်သော်လည်း ယခုတွင် ချီဒုတိယအဆင့်၌သာရှိသေး၍ ယင်းစွမ်းအင်များကာ လထွက်သော အချိန်၌ ထိုလူထွက်လာရန်သာ စောင့်နိုင်ပေသည်။

ပြဿနာသည် ဖြေရှင်း၍ ရသည်ကို ကြားပြီး မနက်ထဲ၌ ဘာမှမစားရသေးသော အိုက်ရှောင်းယွင် ဗိုက်ဆာလာကာ ” ဘာစားချင်လဲ၊ ငါ ညစာ ဝယ်ကျွေးမယ် ”

ကုန်းချင်းယောင် မနက်စာသာ စားခဲ့ရပြီး လေယာဉ်ပေါ်၌ ရေသာ သောက်လာရ၍ သူမလည်း ဗိုက်ဆာလာပြီး ” ကောင်းပြီလေ ”

17 09

ကုန်းချင်းယောင် ဘာစားရမှန်း မသိသည်နှင့် အိုက်ရှောင်းယွင်မှ သူမအား ဟိုင်တိလောင် သို့ ခေါ်လာလိုက်သည်။

နေ့လည် ၂နာရီဖြစ်၍ လူရှင်းသောကြောင့် သူမတို့ တန်းမစီရဘဲ ဆိုင်ထဲသို့ ဝင်ထိုင်လိုက်ပြီး စားပွဲထိုးမှ မီနူးလာချပေးလေသည်။

ကုန်းချင်း‌ယောင်မှာ သူမ ပျိုးထောင်ထားသော အနုပညာရှင်ဖြစ်ပေမယ့် သူမတို့၂ယောက် အပြင်ထွက်စားဖူးသည်မှာ ရှားပါး၍ သူမ ကုန်းချင်းယောင် ဘာကြိုက်မှန်းမသိ၍ အကန့်လေးကန့်ပါ ဟော့ပေါ့ တအိုးမှာလိုက်ပြီး ” ဒီလိုလုပ်ရအောင်၊ တကန့်ကို အစပ်၊ တကန့်ကို စွပ်ပြုတ်အဖြူ၊ တကန့်က အပေါ့နဲ့ နောက်ဆုံးတကန့်က မှိုအရသာယူမယ် ”

ဟင်းရည်မှာပြီးနောက် အိုက်ရှောင်းယွင် အသားများကို ရွေးနေပြီး ” နင် ကြိုက်တာရော ရှိလား ”

ကုန်းချင်းယောင် ” မရှိဘူး ”

” အာ့တာဆို ပုံမှန်ပဲယူလိုက်မယ် ” အိုက်ရှောင်းယွင် မှာပြီးသည်နှင့် မီနူးကတ်ကို စားပွဲထိုးလက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး ” ကျေးဇူပါ ”

” ကောင်းပါပြီ ” စားပွဲထိုးမှ ကုန်းချင်းယောင်အား ဝေ့ကြည့်ပြီးမှသာ မီနူးကတ်ကို ယူလိုက်သည်။

” ချဥ်စပ်က ကြိုက်သလို စပ်လို့ရတယ်၊ ပစ္စည်းတွေက ဟိုနေရာမှာ ”

အိုက်ရှောင်းယွင် ကုန်းချင်းယောင်အား ချဉ်စပ်ထားသော နေရာသို့ ခေါ်လာပြီး သူမ ငေးကြည့်နေစဉ် အိုက်ရှောင်းယွင်မှ ခွက်၂ခွက် ယူလာကာ ” ဘာစားရတာကြိုက်လဲ ဒီခွက်ထဲကို ထည့်လိုက် ”

” ဟုတ်ပြီလေ ”

ကုန်းချင်းယောင် တွေ့တွေ့သမျှ တဇွန်းချင်း ခွက်ထဲသို့ ထည့်လိုက်၏။

အိုက်ရှောင်းယွင် ဘေးမှနေပြီး ” အာ့လောက် အများကြီးထည့်ပြီး ရောလိုက်ရင် အရသာကတော့ ဆိုးဝါးနေတော့မှာပဲ ”

ကုန်းချင်းယောင် ထိုသည်ကို သေချာပေါက်သိသော်လည်း မည်သည်မှာ ဘယ်အရာရှိမှန်းမသိ၍ ရှိရှိသမျှ တဇွန်းချင်း ထည့်လိုက်ခြင်းပင်။ စားပွဲသို့ ပြန်လာပြီး သူမ အချဉ်များအား အရသာတစ်ခုချင်းမြည်းလိုက်ကာ ချဉ်သပ်ထားသောနေရာသို့ ပြန်ထွက်သွားပြီး ချဉ်စပ်နောက်တခွက်ဖြင့် ပြန်လာလေသည်။

အိုက်ရှောင်းယွင် သူမ အသစ်ပြင်ထားသော ချဉ်စပ်မှာ စားချင်စဖွယ်ဖြစ်နေ၍ ဇွန်းတချောင်း ကောက်လိုက်ကာ ” ချင်းယောင် ငါ မြည်းကြည့်လို့ရမလား ”

” ရတာပေါ့ ”

ကုန်းချင်းယောင်ထံမှ ခွင့်ပြသည်နှင့် အိုက်ရှောင်းယွင် ချဉ်စပ်တဇွန်းခပ်ကာ ကျက်ပြီးသား အမဲသားအား ချဉ်စပ်ထဲသို့ အကြိမ်အနည်းငယ် နှစ်လိုက်ပြီး စားလိုက်ကာ ” ဝါး အရမ်း အရသာ ရှိတာပဲ၊ အာ့တာကို နင်ဘယ်လို လုပ်လိုက်တာလဲ ”

ကုန်းချင်းယောင် ” အမဲသားချဉ်စပ်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ မြေပဲဆံနဲ့ ရှာလကာရည်ထည့်၊ သေချာမွှေပြီး အပေါ်က ကြက်သွန်မိတ်လေးဖြူး ”

” ငါလဲ နင့်အတိုင်း လုပ်လိုက်မယ် ” အိုက်ရှောင်းယွင် ချဉ်စပ်ပန်းကန်ကိုယူကာ အချဉ်သွားစပ်လိုက်ပြီး နည်းလမ်းကို ဖုန်းထဲရေးထားလိုက်၍ ” နင့်မှာ ဒီလိုစွမ်းရည်မျိုးလည်းရှိတာပဲ ”

ကုန်း‌‌ချင်းယောင် ရှက်ပင် မရှက်ဘဲ ဝန်ခံလိုက်၏။ ” ဟုတ်တယ် ”

ပုဇွန်များ ကျက်ပြီးနောက် စားပွဲထိုးမှလာ၍ အခွံ့ခွာပေးကာ သူမတို့ ၂ယောက်ခွက်ထဲသို့ အညီအမျှထည့်ပေးလိုက်ပြီး ” ဟိုဘက်မှာ ထမင်းလဲရပါသေးတယ်၊ ထမင်း ၂ပန်းကန် ယူလာပေးရမလား ”

လက်တလောတွင် အမဲသားချဉ်စပ်၊ ခရမ်းချဉ်သီးချဉ်စပ်တို့ဖြင့် ထမင်းနှင့် တွဲစားသည်မှာ အင်တာနက်ပေါ်၌ ခေတ်စားနေ၍ အိုက်ရှောင်းယွင် ချက်ချင်း ” ယူပေးပေါ ”

စားပွဲထိုးလေးသည် ထမင်းပန်းကန် ယူပေးလာပြီး ပုဇွန်ဆက်ခွာပေးနေလေသည်။

အိုက်ရှောင်းယွင်မှ ” ရှင်တို့ ဝန်ဆောင်မှု့က ကောင်းတယ်ဆိုတာ သိပေမယ့် ဒီလိုလဲ အရမ်းတွေးပေးတတ်တာပဲလား ”

စားပွဲထိုးလေးသည် ရှက်ရွှံ့စွာနှင့် ” ယဲ့တောင်က ရသစုံရှိူးကို ကြည့်ဖူးပြီး ကုန်းချင်းယောင်ကို တကယ်ကြိုက်လို့ပါ ”

17 10

စားနေသော ကုန်းချင်းယောင် သူမ နာမည်အား ပြောသံကြားရသောအခါမှ ခေါင်းထောင်လာပြီး စားပွဲထိုးအား ” ကျေးဇူးတင်ပါတယ် ”

စားပွဲထိုးမှ အလျှင်စလို ရှင်းပြလာ၏။ ” စိတ်မပူပါနဲ့ စားတာကို မနှောင့်ယှက်သလို ဓာတ်ပုံလဲ မရိုက်ပါဘူး ”

အိုက်ရှောင်းယွင်မှ ပြုံးလိုက်ပြီး ” ပရိသတ်အသစ်ရနေပြီပဲ ဂုဏ်ယူပါတယ် ချင်းယောင်၊ သူမက နင့်ထဲကို ပုဇွန်တွေ ပိုထည့်ပေးတာ အံ့ဩစရာ မရှိတော့ပါဘူး ”

ကုန်းချင်းယောင် ဘာမှပြန်မပြောသလို အိုက်ရှောင်းယွင်မှလည်း စိတ်ထဲမထားပေ။ ဒီအတောအတွင်း သူမ၏ စိတ်နေသဘောထားမှာ ပြောင်းလဲသွားပေသည်။ သူမ အရင်ကကဲ့သို့ စကားတွေ မပြောတော့ပေမယ့် ယခုကဲ့သို့ တန်ဖိုးထားသော စကားအနည်းငယ် ပြောနေသည်ကပင် ပိုကောင်းကာ ပေါင်းသင်းရပိုလွယ်ကူသည်ဟု ခံစားရသေသည်။

စားသောက်ပြီး ၂ယောက်လုံး စားသောက်ဆိုင်မှ ပြန်အထွက်တွင် ကုန်းချင်းယောင် အမြန်ပြေးသွားပြီး လျှပ်စစ်မီးလို လင်းလက်သွားသော နေရာမှ စားပွဲထိုးလေးအား အမြန် ဆွဲခွာလိုက်သည်။ ထိုစားပွဲထိုးလေး ရပ်နေသော နေရာသို့ ခဏချင်းတွင် ပူပြင်းသော ချဉ်စပ်ဟော့ပေါ့အိုး အမှောက်ကျလာသည်။

ဟော့ပေါ့အိုးအား ကိုင်ထားသော ယောင်္ကျားလေးစားပွဲထိုးမှ ” ရှောင်းရွှမ်း တောင်းပန်ပါတယ်၊ တမင်လုပ်တာ မဟုတ်ပါဘူး ”

သန့်ရှင်းရေးများ ပေပွနေသည်တို့ကို အမြန်သန့်ရှင်းရေးလာလုပ်ကြ၏။ လျန့်ရွှမ်း ကြမ်းပြင်၌ ပေနေသော အနီရောင် ဟော့ပေါ့အရည်အား ကြည့်ပြီးနောက် ထွက်သွားပြီဖြစ်သော ကုန်းချင်းယောင်အား ကြည့်လိုက်၏။

ကြန်းချင်း‌ယောင်နှင့် အိုက်ရှောင်းယွင် စားသောက်ဆိုင်မှ ထွက်လာပြီး အိုက်ရှောင်းယွင်မှ ” ကြိုမြင်လိုက်တာလား ”

” ဟုတ်တယ် ”

လျန့်ရွှမ်း မှ သူမအား ကြိုက်သည်ဟု ပြောသည့်အချိန်တွင် ကုန်းချင်းယောင် မော့ကြည့်လိုက်သောအခါ ထိုသူမှာ ဒီနေ့ ဘေးဒုက္ခကြုံရမည်မှန်း တွေ့လိုက်ရ၏။

အိုက်ရှောင်းယွင် ရုတ်တရပ် နားလည်သွားပြီး ” အာ့တာကြောင့် နင် တခြားလမ်းက သွားခဲ့တာကိုး ”

သူမတို့ ဝိုင်းမှ ထွက်ပေါက်သို့ သွားသည်မှာ မြန်သော်လည်း ကုန်းချင်းယောင် တခြားဝိုင်းများမှ ပတ်သွားခဲ့လေသည်။

” ညနေခင်းမှာ အချိန်တွေ ပိုသေးတယ် ငါတို့ အခုဘယ်သွားမလဲ ”

ကုန်းချင်းယောင် ” ရှန့်ကူးလမ်း ”

သူမတွင် ပိုက်ဆံ ယွမ်၁သိန်းရှိထား၍ ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးအချိန်ပင်။

” အိုး… ဟုတ်ပြီလေ ”

အိုက်ရှောင်းယွင် ဒီနေ့ ကုမ္ပဏီအား တရက်နားခွင့်တင်ထား၍ ကုန်းချင်းယောင်အား ရှန့်ကူးလမ်းသို့ လိုက်ပို့လိုက်သည်။

သူမတို့၂ယောက် လမ်း၌ ဈေးခန်းများကို လျှောက်ကြည့်နေစဉ် ကျန့်ယွမ် မှမြင်ပြီး ချက်ချင်း ကုန်းချင်းယောင် အနားသို့ရောက်လာ၏။ အိုက်ရှောင်းယွင် ကုန်းချင်းယောင် ရှေ့သို့တက်ပြီး သတိထားသလို ကြည့်လာ၏။

ကုန်းချင်းယောင် …

သူမကဘာလို့ ငါ့ကို ကာကွယ်နေရတာလဲ။

အိုက်ရှောင်းယွင် အပြုအမူကြောင့် ကျန့်ယွမ် ပြုံးလိုက်၏။ ထိုအခါ အိုက်ရှောင်းယွင် ပို၍မှုန်ကုတ်ကုတ်ကြည့်လာကာ ” ဘာဖြစ်လို့ပါလဲ ”

ကျန့်ယွမ် တဖက်လူမှ အထင်လွဲနေသည်ကို မြင်၍ အမြန် ” မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒီဘက်က မိန်းကလေးကို မေးစရာလေးရှိလို့ပါ၊ မနေ့တုန်းကဘာလို့ ည‌ရောက်ရင် သတိထားဖို့ ပြောရတာပါလဲ ”

ကျန့်ယွမ်ပြောပြီးသည်နှင့် ကုန်းချင်းယောင်မှ ” ရှင် ဓားပြနဲ့ တွေ့မှာမလို့ပါ ”

ကျန့်ယွမ် အမူအရာသည် တင်းကျပ်သွားပြီး ” အာ့တာကို ဘယ်လိုသိတာလဲ ”

အိုက်ရှောင်းယွင်မှ အရင် ” သူမ ကြိုမြင်ရတာလေ ”

ဟုတ်ပါသည် ကုန်းချင်းယောင် ကျန့်ယွမ် အန္တရာယ် တွေ့မည်ကို ကြိုသိ၍ ဝီချက်မှ ငွေပေးချေခြင်းဖြစ်သည်။ နောက်တော့ ကျန့်ယွမ် အိမ်ပြန်သောအခါ ဓားပြနှင့်တွေ့ပြီး သူ့အား ပိုက်‌ဆံအိတ်တောင်း၍ ပေးလိုက်၏။ ကံကောင်းသည်မှာ ယနေ့ဝင်ငွေသည် အိတ်ထဲ၌ မဟုတ်ဘဲ ဝီချက်ထဲ၌ ဖြစ်နေသည်။

17 11

အိမ်ပြန်ရောက်သောအခါ သူ တခုခုမှားယွင်းနေသည်ဟု ခံစားရပြီး ကုန်းချင်းယောင်အား ဖြေရှင်းချက်ကို မေးချင်လာ၏။ နေ့များကုန်ဆုံးပြီး ထိုမိန်းကလေးကို လမ်းထဲ၌ ပြန်တွေ့၍ သူ ဝမ်းသာသွား၏။ ထိုမိန်းကလေး ပြောသမျှသည် အလကား လျှောက်ပြောနေခြင်မဟုတ်မှန်းလည်း သေချာသွားသည်။

ကျန့်ယွမ်မှ ” ကျေးဇူးတင်ပါတယ် ဆရာသခင်၊ ဘာလို့ ကျွန်တော့် ဆိုင်ခန်းကို မသွားတာလဲ တခုခုလိုချင်ရင် ကျွန်တော် ပေးပါ့မယ်”

ကုန်းချင်းယောင် ” မလိုပါဘူး ”

ကျန့်ယွမ်ဆိုင်၌ အနက်ရောင်စန္ဒကူးမှလွဲ၍ ကျန်သည့် ပစ္စည်းများမှာ အသုံးမဝင်ချေ။

ကျန့်ယွမ် အကြွေးအား ပြန်ပေးဆပ်ရန် စိတ်ဆုံးဖြတ်ထား

၍ ” အာ့တာဆို ဈေးတန်း ပတ်ကြည့်တာကို အဖော်လုပ်ပေးမယ်လေ ”

ကုန်းချင်းယောင် ခဏမျှစဉ်းစားပြီးမှ ” ကောင်းပါပြီ ”

ကျန့်ယွမ် သူမတို့၂ယောက် ရှေ့မှ လမ်းလျှောက်နေပြီး ” ဆရာသခင် ဒီနေ့ ဈေးလာဝယ်တာလား၊ လျှောက်ကြည့်တာပဲလား ”

ကုန်းချင်းယောင် ” ပုံမှန်ပါပဲ ”

သူမ ပြုလုပ်မည့် ပစ္စည်းအတွက် လိုအပ်သည်များကို လာဝယ်ခြင်းပင်။

ကျန့်ယွမ်မှ ပုံမှန်ပစ္စည်းများမှာ ကုန်းချင်းယောင် မျက်စိထဲရောက်မည် မဟုတ်သည်ကို သိ၍ ” အာ့တာဆို လောင်ကျန်း နဲ့ လောင်ချမ်ရဲ့ စတိုးဆိုင်‌ဆိုရင်ရော “

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset