ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၆
ကျုံးရှင်းရင် အသာအယာခေါင်းညိမ့်လိုက်၏။ သူမ ကုန်းချင်းယောင်အား မုန်းသာလား ကြိုက်သလားဟု မပြောနိုင်ပေမယ့် ယဲ့တောင်၌ ရိုက်ကူးနေစဉ် ကုန်းချင်းယောင်မှ သူမ၏ ကျော်ကြားမှု့များကို ခိုးယူသွားတဲ့အတွက် ယုချူးရွှယ်မှ သူမအား မုန်းနေမှန်းတော့ သေချာလေသည်။
ဘေးနားရှိ ယိုရှင်းယွီနှင့် လုယုံရီတို့သည် ထိုနှစ်ယောက်အား ကြည့်လိုက်ပြီးနောက် မျက်နှာကျတ်ကိုသာ တိတ်တဆိတ် ဝေ့ကြည့်လိုက်မိသည်။ သူတို့ စိတ်ထဲမှ သိနေသလောက်ဆိုလျှင် ကုန်းချင်းယောင်၏ စိတ်သဘောထားအရ သူမ ယုချူးရွှယ်အား တချိန်လုံး ဂရုစိုက်မနေပေ။ ထိုသည်မှာ ဒီမိန်းကလေး နှစ်ယောက် စိတ်အားထက်သန်စွာနှင့် ကိုယ့်အတွက်ကိုယ် သရုပ်ဆောင်နေကြခြင်းပင်။ ချင်ဇယ်က ခေါင်းညိမ့်ပြရုံပါပဲ။ ဒီလောက် စိတ်လှုပ်ရှားသွားစရာလိုလို့လား။ မြို့တော်၌ ချင်ဇယ်သည် ဘာမှမကောင်းရာမှာ ကျော်ကြားတယ်ဆိုတာကို မသိကြတာလား။
ကုန်းချင်းယောင် အနီးအနားရှိ ဈေးဝယ်စင်တာသို့သွား၍ အိပ်ရာခင်းများ ဝယ်လိုက်၏။ ထို့နောက် အနက်နှင့် မီးခိုးစပ် လိုက်ကာအား ဝယ်လိုက်၏။ လိုက်ကာမှာ ဆိုဒ်တိုင်း၍ မှာရမည်ဖြစ်သော်လည်း သူမ ထိုမျှအထိ မစောင့်နိုင်၍ အသင့်ရှိသည်ကိုသာ ဝယ်လာခဲ့လိုက်၏။
ဈေးဝယ်စင်တာမှ ထွက်လာပြီးနောက် စေ သေး၍ ကုန်းချင်းယောင် ဖုန်းထုတ်၍ အနီးအနားရှိ ရှေးဟောင်းမြို့တော်များကို လိုက်ရှာပြီးနောက် သူမနှင့် အနီးဆုံးနေရာသည် ရှန့်ကူး ရှေးဟောင်းလမ်းဖြစ်ပြီး သူမ နောက်တခါသွားရန် စီစဉ်ထားသော နေရာဖြစ်နေသည်။
လမ်းတစ်ခုလုံးအား ရှေးကျသော အပြင်အဆင်များနှင့် ပြင်ဆင်ထား၏။ လမ်းအဝင်ပေါက်၏ ဘေးနှဖက်၌ ဆိုင်များ ခင်းကျင်းထားသည်။ အတွင်းထဲသို့သာ ဝင်သွားလျှင် ဆိုင်များမှာ ပို၍ကြည့်ရကောင်းလာပြီး ဆိုင်ခန်းအနည်းငယ်မျှသာ ရှိတော့လေသည်။ ရှန့်ကူးလမ်းထဲ၌ ကြည့်ရအကောင်းဆုံးဖြစ်သော ရှေးဟောင်းအရောင်းပစ္စည်းဆိုင် ၂ဆိုင်မှာ လောင်ကျန်းနှင့် လောင်ချမ် တို့ပင် ဖြစ်ကြသည်။ ထိုဆိုင်များမှာ ဖွင့်သည်မှာကြာပြီး ရတနာများစွာရှိကြောင်း ပြောကြ၏။
ထပ်လောင်း ပြောရလျှင် ထိုလမ်းသို့ လာကြသူများမှာ အရမ်းချမ်းသာသောသူနှင့် အရမ်းဆင်းရဲသော သူများဟူ၍ ၂မျိုးသာရှိ၏။ ချမ်းသာသော သူများမှာ ရတနာပစ္စည်းများကို တကယ်ဝယ်ချင်၍ ဖြစ်ပြီး ဆင်းရဲသောသူတို့မှာ ရွေးချယ်ဝယ်ယူပြီး ကံစမ်းလိုကြခြင်းပင်။ ကုန်းချင်းယောင်လို မိန်းမငယ်လေးမှာ ဤလမ်းထဲသို့လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ သူမ လမ်းထဲသို့ ရောက်လာလာခြင်း လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
လူသစ်လေးတွေဟာ စိတ်လှုပ်ရှားမှု့ကြောင့် ဒီအတိုင်း လာကြည့်ကြပြီး ကျွမ်းကျင်သူတွေကတော့ ဝင်ပေါက်ကို အရင်ကြည့်ကြသည်ဟုပြောကြသည်။ သူမ ရှန့်ကူးလမ်းထဲသို့ရောက်သည်နှင့် မျက်မှောင် အသာအယာ ကြုံလိုက်မိသည်။ အားလုံး သူမ၏ အပြုအမူမှ ဒီနေရာအား သိပ်စိတ်မကျေနပ်မှန်း သိသွား၏။
ဒီနေရာက သူမ ထင်တာထက် ပိုဆိုးတာပဲ။ ဝင်ပေါက်က ဆိုင်တွေဟာအရမ်းကို နိမ့်ကျနေပြီး ရွှံ့များ သုတ်လိမ်းထားကြကာ သူတို့ကိုယ်သူတို့ ရှေးဟောင်းပစ္စည်းများရောင်းသည်ဟု ပြောနေကြသေးတယ်။ သူမ တချက်မျှ စိုက်ကြည့်ပြီးနောက် အထဲသို့ ဝင်လိုက်သောအခါ ဝင်ပေါက်နားရှိ ဆိုင်များနည်းတူ ပစ္စည်းများမှာ နိမ့်ကျ၍ အသုံးမဝင်ကာ အတုတွေဖြစ်နေသည်။ သူမ အကောင်းဆုံး ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ဟု ပြောကြသော နေရာအား ထပ်၍မကြည့်ချင်တော့ပေ။
ဆိုင်ခန်းတချို့၌ သွားကြည့်ပြီးနောက် သူမ စိတ်ဝင်စားမှု့များ လုံးဝပျောက်ဆုံးသွားတော့သည်။ ဆိုင်တဆိုင်မှ ပိုင်ရှင်သည် ကုန်းချင်းယောင် ဝင်လာထဲက ကြည့်နေသည်ဖြစ်ပြီး သူမ ဘာမှမကြိုက်သည်ကိုတွေ့သည်နှင့် သူ ထပ်သည်းခံ၍ ကြည့်မနေနိုင်တော့ပေ။ ဆိုင်ပိုင်ရှင် ” မိန်းကလေး ဒီမှာလာပြီး ကြည့်ကြည့်လေ မင်းကြိုက်တာ တွေ့ရင် တွေ့မှာပေါ့ ”
သူမ ထိုဆိုင်သို့သွား၍ ကြည့်လိုက်သောအခါ ဆိုင်မှ ပစ္စည်းတော်တော်များများမှာ သာမန်မျှဖြစ်ပြီး သူမ သေချာကြည့်ပြီးလျှင် ပစ္စည်းတစ်ခုမှာ အသုံးဝင်နိုင်မှန်းသိသွား၏။
ရုပ်လွန်ပညာ၌ မှော်ပစ္စည်းများကို အမျိုးအစား ၃ခုခွဲလေ့ရှိသည်။ ထိုသည်မှာ ကောင်းကင်၊ မြေကြီးနှင့် လူသားတို့ဖြစ်ပြီး သူတို့အား အမြင့်၊ အလယ်၊ အနိမ့်ဟူ၍လည်း ၃ဆင့် ပြန်ခွဲတတ်ကြသေးသည်။ ကောင်းကင်အဆင့်ရှိ မှော်ပစ္စည်းများထက်ပို၍ အင်အားကောင်းသော ပစ္စည်းများရှိတတ်၏။ ဥပမာဆိုရလျှင် သူမ အရင်ဘဝ၌ ဝတ်ခဲ့သော ကျောက်စိမ်းလက်ကောက်မှာ ကောင်းကင်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ပြီး အထိတ်အမြတ်ထားသော ကိရိယာအဖြစ်ပင်သတ်မှတ်၍ ရနိုင်နေလေပြီ။
ထိုကိရိယာမျိုး ပိုင်ဆိုင်ခဲ့သော သူမသည် ဤဆိုင်ခန်းမှ ပစ္စည်းများကို သိပ်သသောမကျပေ။ သို့ပေမယ့် သူမ ကိုင်လိုက်သော အမဲရောင်ပစ္စည်းမှာ အမဲရောင်စန္ဒကူးသားဖြစ်ပြီး ပါဝင်ပစ္စည်းများမှာ အသင့်အတင့်ကောင်းမွန်၍ ဝိညာဉ်စွမ်းအင်အနည်းငယ်လည်း ရှိပေသည်။ သို့ပေမယ့် ခန္ဓာကိုယ်အား ကာကွယ်ရန် မှော်ပစ္စည်းအဖြစ် ပြောင်းရန်တော့ လုံလောက်ပေသည်။
16 02
သူမ ထိုအနက်ရောင်သစ်သားအား မျက်စိကျနေသည်ကိုတွေ့၍ ဆိုင်ရှင်သည် လက်မထောင်ပြလာပြီး ” မိန်းကလေး မင်းမှာ အမြင်ကောင်းရှိတာပဲ၊ ဒီသစ်သားက ပစ္စည်းကောင်းပဲ မင်းကြိုက်ရင် ယွမ်၅ထောင်နဲ့သာ ယူသွား ”
” လောင်ကျန့် အာ့တာက ကျိုးနေတဲ့ သစ်သားအစပါပဲ မိန်းကလေးကို မလိမ်စမ်းပါနဲ့ ” ဘေးဆိုင်ခန်းမှ လူများ စနောက်လာကြသည်။ ပုံမှန်ဆိုလျှင် ဈေးဝယ်သူမှ ပစ္စည်းဝယ်လျှင် ဘေးမှလူများမှ ဘာမှပြောပိုင်ခွင့်မရှိပေ။ ဤသည်မှာ သတ်မှတ်ထားသော စည်းမျဉ်းဖြစ်ပေသည်။ သို့ပေမယ့် ဒီနေ့လာဝယ်သူမှာ မိန်းကလေးတစ်ယောက်ဖြစ်၍ သူတို့အားလုံး စကားပြောပေးလာခြင်းပင်။
ဆိုင်ရှင်အား ကျန့်ယွမ် ဟု ခေါ်ပြီး သူသည် ထူးခြားသော အမြင်ရှိသည့်သူပင်။ ထို့ကြောင့် သူ့ဆိုင်မှ ပစ္စည်းများမှာ အရောင်းရဆုံးပင်။ သူလည်း ဘာကြောင့် ထိုအသုံးဝင်ကာ ရောင်းလို့ရသည့် ပစ္စည်းများကို တွေ့မှန်းမသိပေ။ စဆိုသော ဈေးမှး မမြင့်သော်လည်း ဘယ်တော့မှ ဈေးလျှော့ကာ ရောင်းခြင်းမျိုး မလုပ်ချေ။
ထိုသည်ကိုမြင်၍ ကုန်းချင်းယောင်မှ ” ကျွန်မ ၂ထောင်နဲ့ ဝယ်ချင်တယ် ” ဒီတချိန်လုံး လုချမ်ချမ်နှင့် နေလာရပြီး ဗဟုသုတများကို ပြောပြထား၍ သူမလည်း ယနေ့ခေတ် ငွေရေးကြေးရေး နှင့်ပတ်သတ်ပြီး နားလည်လာလေပြီ။
ဘေးနားရှိလူများ ရယ်မောလာကြပြီး ” မိန်းကလေး မင်းတော့ ငွေ၂ထောင် အလကားဖြစ်တော့မှာပဲ ”
အခြားလူတစ်ယောက်မှ ” မင်း ငါ့ကို ငွေ၁ရာ ပေးတောင် အာ့ပစ္စည်းဆိုရင်တော့ မယူနိုင်ဘူးနော် ”
ကျန့်ယွမ်သည် မိန်းကလေးမှာ တခြားသူစကားများကို နားထောင်၍ မယူတော့မည်ကို စိုးရိမ်လာပြီး အမြန်ထုပ်ပိုးလိုက်ကာ ” ယွမ်၂ထောင်ပေါ့၊ မင်းအတွက် ထုပ်ပိုးပေးလိုက်မယ်နော် ”
ကုန်းချင်းယောင် ကျန့်ယွမ်အား စိုက်ကြည့်လိုက်ပြီး ” ကျွန်မ ဝီချက်ကနေ ငွေလွှဲပေးလိုက်မယ် ” ဤသည်မှာလည်း လုချမ်ချမ်ထံမှ သိထားရသော အရာပင်။
ကျန့်ယွမ်သည် ယနေ့ခေတ်လူငယ်များမှာ ဖုန်းထဲမှ ငွေပေးချေတတ်သည်ကိုတွေ့၍ ဖုန်းအမြန်ဖွင့်ကာ ဝီချက်ထဲသို့ ဝင်လိုက်၏။ ကုန်းချင်းယောင် ငွေပေးချေလိုက်ပြီး အနက်ရောင်စန္ဒကူးသားကိုယူကာ ” ဒီနေ့ည အိမ်ပြန်ရင် ဂရုစိုက်ပါ ”
ကျန့်ယွမ် နောက်အနည်းငယ် ဆုတ်သွားပြီး သူ့ဘေးမှ လူများလည်း ရယ်မောလာကြပြီး ” ဟား… ဟား… ဟား… မင်းက သူများကို လိမ်လို့ မိန်းကလေးကတောင် မင်းကို အိမ်ပြန်တာကို သတိထားခိုင်းနေပြီ ”
တခုခုကြောင့် ကျန့်ယွမ်သည် ကုန်းချင်းယောင် ထိုသည်ကို ပြောနေသည်မဟုတ်မှန်း သိနေ၏။ သူမမှ သူ့အား ပိုက်ဆံပေးနေစဉ် သူလည်း သူမကို ငေးကြည့်နေခဲ့သည်။ ဤသည်မှာ ဒီနေ့ည ဘေးဒုက္ခတွေ့မည်လို့ ဆိုလိုသည်လား။ အာ့တာကို ဒီမိန်းကလေးက ဘာလို့ သိနေရတာလဲ။ ထို့နောက် သူအတွေးလွန်နေပြီလို့ တွေးမိပြီး အမြန်အစဖျက်လိုက်သည်။
ကုန်းချင်းယောင် အနက်ရောင်စန္ဒကူးသားအား ဝယ်ယူပြီး ဆိုင်ခန်းတော်တော်များများကို ပတ်ကြည့်လိုက်ပြီး နာမည်ကျော်ကြားနေသော လောင်ကျန်းနှင့် လောင်ချမ်တို့ အိမ်သို့ သွားလိုက်၏။ ဆိုင်ထဲ၌ တကယ်ကောင်းမွန်သော အသုံးအဆောင်ပစ္စည်းများရှိသော်လည်း ဈေးမှာ အလွန်မြင့်နေ၏။ တချို့မှာ ယွမ်သန်းချီ ဈေးဆိုထား၏။ ကုန်းချင်းယောင် သက်ပြင်းချလိုက်၏။ သူမ ဘယ်တော့မှ ပိုက်ဆံအတွက် စိတ်မပူနေရတော့မှာလဲ။
နောက်ဆုံး၌ အချိန်အတန်ကြာ လျှောက်ကြည့်ပီ့းနောက် သူမ အနက်ရောင်စန္ဒကူးသားကိုသာ ဝယ်လာနိုင်လေသည်။ ရှေးဟောင်းလမ်းမှ ပြန်ထွက်လာပြီး သူမ စူပါမားကတ်သို့သွားကာ အပ်၊ အပ်ချည်နှင့် ကတ်ကြေးတို့အား ဝယ်လိုက်ပြီး အိမ်သို့ ပြန်တော့၏။
သူမ အရင်လိုက်အာအား ဖြုတ်ချလိုက်ပြီး ဝယ်လာသော လိုက်ကာအား ထိုအပေါ်သို့ထပ်၍ တိုင်းလိုက်ကာ ညှပ်လိုက်၏။ ထို့နောက် နေရာ၌ လိုက်ကာအသစ်အား ချိတ်လိုက်သည်။
ဘေးနားရှိ လုချမ်ချမ်မှ ” လိုက်ကာ လဲလိုက်တာနဲ့ အိမ်က ပိုပြီးသက်တောင့်သက်သာရှိသလို ခံစားလိုက်ရတာပဲ ”
ကုန်းချင်းယောင် အိပ်ရာခင်းအား ထပ်လဲလိုက်ပြီးနောက် အခန်း၏လေထုမှာ လန်းဆန်းလာ၏။ သူမ အိပ်ရာခင်းအဟောင်းနှင့် လိုက်ကာအဟောင်းတို့ကို ယူ၍ အောက်ထပ်ရှိ အမှိုက်ပုံး၌ သွားလွှင့်လိုက်သည်။ ဤတကြိမ်တော့ လုချမ်ချမ် ဘာမှမပြောတော့ပေ။
အားလုံး ပြီးစီးသောအခါ ကုမ်းချင်းယောင် စားပွဲ၌ ထိုင်လိုက်ပြီး ဝယ်လာသော အနက်ရောင်စန္ဒကူးသားအား ထုတ်ယူလိုက်သည်။ သူမ တခုခုလုပ်မည်အပြုတွင် ဖုန်းမြည်လာ၏။
ဖုန်းခေါ်သူမှာ သန်းရှို့မင်ဖြစ်ပြီး သူမ ဖုန်းကိုင်သည်နှင့် အလောတကြီး ” ဆရာကုန်း အခုအားပါသလား၊ အဆင်ပြေရင် Sမြို့ကို လာပေးလို့ရမလား ”
ကုန်းချင်းယောင်မှ ” ဘာဖြစ်လို့လဲ ”
16 03
သန်းရှို့မင်သည် အမြဲတမ်း စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်ကာ ယခုတခေါက် သူ စကားပြောသည်မှာ လောနေပုံသည် သေချာပေါက် ထူးဆန်းသည့် တခုခုဖြစ်နေသောကြောင့် ဖြစ်နိုင်သည်။
သန်းရှို့မင် ” ကျွန်တော်ရဲ့ ကလေးက မနေ့က မနက်ကနေ ညအထိ အသိစိတ်မဲ့နေလို့ပါ ”
ကုန်းချင်းယောင် သူတို့အား အန္တရာယ်ကင်းအဆောင်အား ပေးဖူးပြီး ကျီရှားယွင် မှ ထိုအဆောင်အား သူ့ကလေးထံသို့ ပေးလိုက်ဖူးသည်။ ယခုတော့ ကလေးမှာ တခုခုကြောင့် ခံစားနေရပြီး သူမ အသေးစိတ်ကို မသိကာ ကလေးကို မမြင်ရခင်အထိ ရမ်းသမ်းကောက်ချက်ချ၍မရပေ။ သူမ သက်ပြင်းချလိုက်ပြီး ” ကောင်းပြီ ကျွန်မ ချက်ချင်းလာခဲ့ပါတယ် ”
သန်းရှို့မင် စိတ်အေးသွားပြီး ငိုချမိတော့မတတ်ဖြင့် ” ကျေးဇူးအများကြီးတင်ပါတယ်၊ အာ့တာဆို ကျွန်တော် Sမြို့အထိ လေယာဉ်လက်မှတ်ကို အခုပဲ မှာပေးလိုက်ပါ့မယ် ”
” ကောင်းပါပြီ ” ကုန်းချင်းယောင် ဌားထားသောနေရာမှာ မြို့လယ်ခေါင်နှင့်ဝေးပြီး လေယာဉ်ကွင်းသို့ သွားသော လမ်းမကြီး ဘေးနားတွင်ဖြစ်၏။ တနာရီအတွင်း ကုန်းချင်းယောင် လေယာဉ်ကွင်းသို့ ရောက်လာ၏။ အရင်တခေါက်၌ အိုက်ရှောင်းယွင်မှ စစ်ဆေးသည်များကို ကူညီပေးပြီး ယခု လူချမ်ချမ်ပါ၍ လုပ်ငန်းစဉ်များကို အမြန်ဖြတ်ကျော်သွားနိုင်လေသည်။
ကုန်းချင်းယောင် လေယာဉ်ပေါ်မှ ဆင်းပြီး သန်းရှို့မင်အား ဖုန်းဆက်မည်အပြုတွင် စောင့်ဆိုင်းသည့်နေရာ၌ ထိုင်နေသာ သူ့အား တွေ့လိုက်ရသည်။ သူသည် ကုန်းချင်းယောင်အား မြင်သည်နှင့် အလျှင်အမြန်ထလာပြီး ” အခုလိုမျိုး နောက်ကျမှ ခရီးထွက်လာခိုင်ရတဲ့အတွက် တောင်းပန်ပါတယ် ”
ကုန်းချင်းယောင် ” ကလေးက ဘယ်မှာလဲ ”
” သူမလည်း ပါလာပါတယ်၊ ကားထဲမှာပါ ” သန်းရှို့မင် ပြောပြီးပြီးချင်း လေဆိပ်ထဲမှ သူမအား အပြင်သို့ ခေါ်လာလိုက်သည်။
ကုန်းချင်းယောင် သူ့နောက်မှ အမြန်လမ်းလျှောက်၍ လိုက်သွား၏။ သူတို့ ကားပါကင်သို့သွားပြီး သန်းရှို့မင်မှ တံခါးဖွင့်ပေးပြီး သူမဝင်ထိုင်လိုက်သည်။ သူမ ဘေးမှ ထိုင်နေသောသူမှာ ကျီရှားယွင်ဖြစ်ပြီး မျက်နှာတွင် ဝမ်းနည်းသော အမူအရာအပြည့်နှင့် ကလေးအား ပွေ့ချီထားလေသည်။ ကုန်းချင်းယောင် ဝင်လာသည်ကို မြင်သည်နှင့် သူမ မျက်နှာသည် ဝင်းပသွားပြီး ကလေးအား သူမထံသို့ ပေးလာ၏။
ကုန်းချင်းယောင်မှ ကလေးအား ပွေ့ချီမည်အပြုတွင် ” ကလေးကို တွေ့ကရာလူကို မစဉ်းမစားနဲ့ မပေးလိုက်နဲ့လေ ” ဟုပြောသော တယောက်ယောက်၏ အသံအား ကြားလိုက်ရ၏။
ကုန်းချင်ယောင် ကလေးကိုသာ ဂရုစိုက်နေပြီး ရှေ့ခုံ၌ တယောက်ယောက်ထိုင်နေသည်ကို သိသော်လည်း ဘယ်သူမှန်း သတိမပြုမိပေ။ သန်းရှို့မင်မှ ကားမောင်းသည့် ထိုင်ခုံ၌ ထိုင်လိုက်ပြီး ” အမေ အာ့တာက သူစိမ်းမဟုတ်ပါဘူး၊ ဆရာကုန်းပါ ”
သန်းရှို့မင်၏ အမေ ဖုန်းရင် သည် အလွန်ထိတ်လန့်သွားပြီး ” ဒါက မင်းပြောနေတဲ့ ဆရာသခင်ပေါ့လေ ”
ဆရာသခင်ဆိုတာ ဆံပင်ဖြူနေပြီဖြစ်တဲ့ နှစ်တရာလောက် နေဖူးတဲ့ အသက်ကြီးကြီး လူအိုကြီးဖြစ်ရမှာ မဟုတ်ဘူးလား။ သူမက ငယ်ရွယ်ကာ လှပနေ၍ ဘယ်သူက ဆရာသခင်လို့ ယုံကြည်မည်လဲ။ အငယ်အနှောင်းဆိုလျှင် ပိုယုံကြည်ကြမည်ပင်။
ဖုန်းရင် ကုန်းချင်းယောင်အား စိုက်ကြည့်နေပြီး သူမမှလည်း ပြန်ကြည့်လိုက်ကာ ပထမတချက် အကြည့်တွင်ပင် ကုန်းချင်းယောင် မျက်မှောင်ကြုတ်လိုက်မိသည်။
စကားလုံးများနှင့် မျက်နှာအမူအရာတို့ကို အကဲခတ်တော်သော သန်ူရှို့မင် ရင်ထဲ တင်းကြပ်သွား၏။ ကုန်းချင်းယောင်မှာ အချိန်အတော်များများ၌ အမူအရာမဲ့နေတတ်သော်လည်း ယခုတော့ မျက်မှောင်ပင်ကြုတ်လာမှန်း သူတွေ့လိုက်ရ၏။ သို့သော် ထိုအကြောင်းအား မေးချင်သည်ထက် သူ ကလေးကိုသာ ပိုစိတ်ပူနေ၍ ” ဆရာကုန်း ကလေးကို ကြည့်ပေးပါဦး ”
ကုန်းချင်းယောင် ကလေးကို ကြည့်လိုက်သောအခါ တခါမျှသာ ကြည့်ရသေးပြီး ကလေး၏ ဝိညာဉ်ပျောက်ဆုံးနေမှန်း တွေ့လိုက်ရ၏။
ကျီရှားယွင်မှ ” မနေ့က မနက်ပိုင်းလောက်က ကျွန်မ အရမ်းအိပ်ချင်လာလို့ ခဏအိပ်ပျော်သွားပြီး နိုးလာတဲ့အခါ ကလေးရော အိပ်နေမှန်း တွေ့လိုက်ရတယ်၊ ဒါပေမယ့် အခုအချိန်အထိ အိပ်နေမယ်လို့ မထင်ထားဘူး ” ပထမ၌ ကျီရှားယွင်သည် ကလေးမှာ နတ်သမီးလေးလား ဟုပင်တွေးမိ၏။ သူမသည် သူမအမေအား ၁နာရီ ၂နာရီမျှ အိပ်ခွင့်ပြုလေသည်။ သို့သော် အချိန်ကြာလာပြီးနောက် သူမ မူမမှန်သည်ကို သတိပြုမိလာပြီး ကလေးအား ဆေးရုံသို့ ခေါ်သွားပါသော်လည်း အားလုံးမှာ ပုံမှန်ပဲဟုသာ ပြောလိုက်လေသည်။
16 04
သူမ ယနေ့အထိ ကလေးမှာ မနိုးသေး၍ ဆေးရုံသို့ ထပ်သွားခဲ့သေးသည်။ သို့ပေမယ့် စစ်ဆေးမှု့ ရလဒ်များမှာ မနေ့ကနှင့် တပုံစံထဲပင်။ အရာအားလုံး အဆင်ပြေပေမယ့် ကလေးမှာ နိုးမလာသည်ကို နားမည်၍ ဆရာဝန်သည် သူမတို့အား အိမ်သို့သာ အမြန်ပြန်ခိုင်းလိုက်သည်။
သန်းရှို့မင်သည် ယဲ့တောင်မှ ကိစ္စများကို ဖြေရှင်းပြီး အိမ်ပြန်လာစဉ်တွင် ကလေး၏ အခြေအနေကို သိရ၍ ထူးဆန်းသည်ဟု ခံစားရပြီး ကုန်းချင်းယောင်အား ဆက်သွယ်ခဲ့ခြင်းပင်။
ကုန်းချင်းယောင် ကလေး ကျီရှားယွင်လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး ” သွားရအောင်၊ ကျွန်မ အိမ်ကို ကြည့်ပေးဦးမယ် ”
သန်းရှို့မင် ကားချက်ချင်း စက်နှိုး၍ မောင်းထွက်လာပြီး သူ့ဘေးနားရှိ ဖုန်းရင်သည် ကုန်းချင်းယောင်မှာ မယုံကြည်နိုင်လောက်ကြောင်း မရပ်မနား တတွတ်တွတ်ပြောလာ၏။ ကားသည် သိပ်မကျယ်၍ သာမန်လူများပင် သူမ ပြောသည်ကို ကြားနိုင်ပြီး ချီဒုတိယအဆင့်အား ဖောက်ထွက်ထားသော ကုန်းချင်းယောင်ဆိုလျှင် ပြောစရာကိုမလိုပေ။
သန်းရှို့မင်မှ ခက်ထန်စွာ အောစ်လာပြီး ” ကျွန်တော်တို့ ကိစ္စတွေကို လိုက်ပူပေးမနေနဲ့ ”
ထို့နောက် ဖုန်းရင်သည် အနည်းငယ် စိတ်မကျေနပ်ပါသော်လည်း ဘာမှထပ်မပြောတော့ပေ။
စိတ်မရှည်တော့၍ဖြစ်မည်ထင့် ပုံမှန် မိနစ်၄၀မောင်းရသော လမ်းအား သန်းရှို့မင်မှ ၁၅မိနစ်နှင့် အရောက်မောင်းလာ၏။ ကားအား မြေအောက်ကားကွင်း၌ ရပ်ထားလိုက်ပြီး သန်းရှို့မင်မှ ကုန်းချင်းယောင်အား ” ကျွန်တော်တို့က ၇ထပ်မှာနေတာပါ၊ ဒီဘက်ကိုကြွပါ ”
ကုန်းချင်းယောင် အိမ်ထဲသို့ သန်းရှို့မင်နှင့် တခြားသူများနှင့်အတူ ဝင်လိုက်၏။ အိမ်ထဲသို့ရောက်ပြီး သူမ ကလေးဝိညာဉ်အား ပတ်ရှာဖွေလိုက်ပြီး ဧည့်ခန်းထဲသို့ ပြန်လာကာ ” ကလေးက မနေ့က ဘယ်ကိုများ သွားသေးလဲ ”
ကျီရှားယွင်မှ ” ဘယ်မှ မသွားပါဘူး၊ ကျွန်မတို့ အိမ်မှာပဲ နေတာပါ ”
ဖုန်းရင်မှလည်း ” ဟုတ်တယ်၊ ကလေးအမေက သိပ်မအိပ်ရသေးဘူး၊ ကလေးက အာ့တာကြောင့် သူ့ အမေနဲ့ အတူတူ
အိပ်နေတာ၊ သူတို့ ဘယ်မှ မသွားပါဘူး ”
ကုန်းချင်းယောင် ဖုန်းရင် အား စိုက်ကြည့်နေပြီး အတန်ကြာမှ ” သိပြီ ” ဟု ပြောလာ၏။