MMMQ

အပိုင်း (၁၅)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၅

သတင်းစာရှင်းလင်းပွဲသည် မြို့အလယ်၌ ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်အချိန်သည် မနက် ၉နာရီသတ်မှတ်ထား၏။ ကုန်းချင်းယောင် အိပ်ရာထကာ ခဏမျှလေ့ကျင့်ပြီးနောက် သတင်းစာရှင်းလင်းပွဲသို့ သွားတော့၏။

ကုန်းချင်းယောင် ရှေးခေတ်မှလာသည်ကိုသိ၍ လုချမ်ချမ်လည်း အစောထကာ သူမအား မြေအောက်ရထားနှင့် ဘက်စ်ကားများ စီးပုံအား သင်ကြားပေးလေသည်။ သူမသည် ကုန်းချင်းယောင် မြို့အလယ်သို့ မသွားတတ်မည်ကို စိုးရိမ်နေ၏။ လမ်းလွှဲသွားလျှင် ပိုက်ဆံကုန်မည်ထက် ကားရှုပ်၍ လမ်းကူးလျှင်ပင် ကားအတိုက်ခံရနိုင်သည်ကို ပိုစိတ်ပူနေ၏။

ကုန်းချင်း‌ယောင် နေရာသို့ ရောက်သွားသောအခါ ယုချူးရွှယ်နှင့် အခြားလူများလည်း ရောက်နေကြလေပြီ။ ယုချူးရွှယ်နှင့် ကျုံးရှင်းရင်သည် မိတ်ကပ်လိမ်းထားကြပြီး မိတ်ကပ်မလိမ်းထားသော ကုန်းချင်းယောင်အားလိုက်ရသောအခါ သူမတို့ အံ့ဩသွားသည်။

ယုချူးရွှယ် ” ဘာလို့ မိတ်ကပ်မလိမ်းတာလဲ ”

ကုန်းချင်းယောင် ” မလိုအပ်လို့် ”

ထိုအဖြေသည် ယုချူးရွှယ်အတွက် ထူးဆန်းနေ၏။ ပထမ တွေ့တွေ့ချင်း၌ ကုန်းချင်းယောင်မှာ မိတ်ကပ်အထူကြီး လိမ်းထားသောကြောင့်ပင်။

အိုက်ရှောင်းယွင်လည်း စတူဒီယိုမှ ရောက်လာပြီး ကုန်းချင်းယောင်အား မိတ်ကပ်မလိမ်းသည့်အပေါ် တူညီသော မေးခွန်းကို မေးသောအခါ တူညီသော အဖြေကိုသာ ပြန်ရလေသည်။

ကုန်းချင်းယောင်သည် ဒီရက်ပိုင်းအတွင်း၌ အတော်လေး ပြောင်းလဲနေ၏။ အရင်တုန်းက သူမ မိတ်ကပ်အထူကြီး လိမ်းတတ်လေသည်။ သူမ၏ ယခုပုံသည် ပို၍ကြည့်ကောင်းသော်လည်း အိုက်ရှောင်းယွင် သက်ပြင်းသာချလိုက်မိ၏။

စင်အနောက်ဘက်မှ အလုပ်သမားတစ်ယောက်မှ အော်ဟစ်လာ၏။ ” သတင်းထောက်တွေရောက်တော့မယ် ဧည့်သည်တွေ အသင့်ပြင်ထားပေးကြပါ ”

ကုန်းချင်းယောင်သည် စင်ပေါ်သို့ နောက်ဆုံးမှ တက်ရမည့်သူပင်။ စတိတ်စင်၏ အလယ်၌ မောင်လီချမ်းထိုင်ပြီး ဘယ်ဘက်တွင် ယိုရှင်းယွီ၊ ယုချူးရွှယ် နှင့် ကော်ယွမ်ခိုင်၊ ညာဘက်တွင် ကျုံးရှင်းရင်၊ လုယုံရီ သူတို့ပြီး ညာဘက်အစွန်း၌ ကုန်းချင်းယောင် ဖြစ်လေသည်။

မနေ့ည၌ Sမြို့နှင့် R,မြို့မှ တရားဝင်မီဒီယာမှ ယဲ့တောင်ရှိ မတော်တဆဖြစ်ရပ်နှင့် ပက်သတ်၍ လိုအပ်သည့် ဖြေရှင်းချက်များကို ပေးထားပြီးပြီဖြစ်၏။ ယဲ့တောင်သည် လူကုန်ကူးသည့်နေရာဖြစ်ပြီး အခုတလော ပွတ်လောရိုက်သွားဆဲ ကိစ္စဖြစ်၍ ပါဝင်သူများကို သတင်းထောက်များမှ မေးမြန်းချင်ကြခြင်းပင်။

အားလုံး ထိုင်လိုက်ကြပြီးနောက် သတင်းထောက် တစ်ယောက်မှ မေးလာ၏။ ” ရိုက်ကူးရေး မစတင်ခင်က ဒါကိုသိထားပါသလား ”

ထိုမေးခွန်းအား မောင်လီချမ်းမှ ” ရိုက်ကူးရေးမစခင်က အသင်းအဖွဲ့တွေနဲ့ ယဲ့တောင်ကို စစ်တမ်းကောက်ပြီးသားပါ၊ ယဲ့တောင်က အရမ်းလှပြီး အင်တာနက်ပေါ်မှာလည်း ဓာတ်ပုံတွေ ရှာကြည့်နိုင်ပါတယ်၊ ယဲ့တောင်ကို ပန်းချီဆွဲတဲ့ သူတွေလဲ များကြပါတယ်၊ ကျွန်တော် ယုံကြည်တာကတော့ ကျွန်တော်တို့တင်မဟုတ်ဘဲနဲ့ လူအားလုံးကတော့ ယဲ့တောင်ဟာ လူကုန်ကူးတဲ့ နေရာဖြစ်နေမှန်း ဘယ်တော့မှ စဉ်းစားမိမှာမဟုတ်ပါဘူး ”

နောက်ထပ် သတင်းထောက် တစ်ယောက်မှ ” နောက်ဆုံး ရိုက်ကူးနေတဲ့အချိန်မှာ မာစွင်းက မင်းတို့ ငါ့လျှို့ဝှက်ချက်ကို ရှာတွေ့သွားပြီလို့ ပြောခဲ့တယ်၊ အာ့တာ ဘာလျှို့ဝှက်ချက်ပါလဲ ”

ယိုရှင်းယွီ မိုက်ကို ကောက်ယူလိုက်ကာ ” သူတို့က လူကုန်ကူးသူဆိုတဲ့ လျှို့ဝှက်ချက်ကိုပါ ”

သတင်းထောက်မှ ” ဘယ်လိုများ ရှာတွေ့သွားတာပါလဲ ”

အားလုံး ထိုမေးခွန်းကြောင့် အနည်းငယ် ရှက်ရွှံ့သွား၏။ ဤသည်ကို ကုန်းချင်းယောင်မှ ရှာတွေ့သွားခြင်းဖြစ်ပြီး သူမ ဘယ်လိုရှာတွေ့သွားမှန်း သူတို့မသိပေ။ အားလုံး သူမထံသို့ ကြည့်လာကြ၏။

ကုန်းချင်းယောင် ” သူတို့ ပြန်ပေးဆွဲခဲ့တဲ့ လူက ပြောတာပါ ”

ကုန်းချင်းယောင် ပြောပြီးမှ သူမ စကားမှားသွားမှန်း ခံစားလိုက်ရ၏။ လျှို့ရှီးမှာ သေပြီးသားသရဲပင် လူမှ မဟုတ်သည်ပဲ။

တခြားသတင်းထောက် တစ်ယောက်မှ ” တိုက်ရိုက်ထုတ်လွှင့်မှု့ ပြတ်တောက်သွားပြီး အာ့ဒီ့ ဂန်းစတားတွေနဲ့ တိုက်ခိုက်ရသေးလား ”
15 02
ယုချူးရွှယ်မှ သူမ စကားပြောစရာ တစ်ခုရသွားသလို မိုက်ခရိုဖုန်းအား အပြေးအလွှား ကောက်ယူ၍ ” တိုက်ရိုက်ထုတ်လွှင့်တာကို နှောင့်ယှက်ခံလိုက်ရပြီးမှ ကျွန်မတို့ ၆ယောက်နဲ့ အလုပ်သမားတွေက သန်မာစွာနဲ့ တိုက်ခိုက်ခဲ့ကြပါတယ် ” စကား ပြောနေရင်းမှ ရပ်သွားပြီးမှ ” ကျွန်မတို့အားလုံး လူကုန်ကူးတဲ့သူတွေကို အရမ်းမုန်းကြလို့ထင်ပါတယ်၊ သူတို့ကို မြေပြင်ပေါ်ကို လဲကျသွားတဲ့အထိ ရိုက်နှက်ခဲ့ပါတယ် ”

လုယုံရီ ယုချူးရွှယ်အား ကြည့်လိုက်ပြီးနောက် ခေါင်းအား အောက်သို့ စိုက်နေလိုက်သည်။ သူ ထိုစကားလုံးများကို ကြားရသောအခါ ဘယ်လိုရှက်မှန်းမသိ ရှက်ရွှံ့မိလေသည်။ ထိုအချိန်၌ ကြောက်ရွှံ့နေပြီး ‌ထပ်ခါ ထပ်ခါ အော်ဟစ်၍ချည်းသာနေသော သူမှ ယခု၌ ထိုစကားလုံးများကို ပြောထွက်ပေသည်။

ရှိူးပွဲမှ ကင်မရာသမားများပင် ရှက်ရွှံ့သွားကြ၏။ ရွာသားများသည် အလွန်ရက်စက် ကြမ်းကြုတ်ကြပြီး သူတို့၏ ကင်မရာကိုတောင်မှ မကာကွယ်နိုင်လိုက်သည်ကို ထိုကြမ်းကြုတ်သော ရွာသားများအား ရိုက်နိုင်သည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား။

သတင်းထောက်မှ မှတ်တမ်းယူနေလျှက် ” ဒီရသစုံရှိုးကိုရော ဆက်ရိုက်ဖြစ်ကြဦးမှာပါလား ”

ထိုမေးခွန်းအား မေးသော သတင်းထောက်အား ဖိတ်ခေါ်ထားသူမှာ မောင်လီချမ်းပင်။ မောင်လီချမ်းသည် တချို့သတင်းထောက်များအား ရှိုးပွဲနှင့် သက်ဆိုင်သည့် မေးခွန်းများကို အချိန်အပိုင်းအခြားအလိုက် မေးရန် ဖိတ်ခေါ်ထားလေသည်။

မောင်လီချမ်းမှ ” သေချာပေါက် ရိုက်ကူးဖြစ်မှာပါ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လိုအပ်တဲ့ ပစ္စည်းတွေက မပြုပြင်နိုင်လောက်တဲ့ အနေအထားအထိ ပျက်စီးသွားရပါတယ်၊ ကံကောင်းစွာနဲ့ အာမခံထားထားတဲ့အတွက် သူတို့နဲ့ သေချာညှိနှိုင်းနေပါတယ်၊ နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်မှု့ ရှိုးပွဲကို ကျိန်းသေရိုက်ဖြစ်မှာဆိုပေမယ့် နဂိုက ထုတ်ပြန်ထားတဲ့ အချိန်ဇယားထက်တော့ ပိုပြီး နောက်ကျသွားပါလိမ့်မယ် ”

” ယဲ့တောင်က ဖြစ်သွားတဲ့ အဖြစ်အပျက်က အရမ်းရက်စက်လွန်းပါတယ်၊ အာ့တာကြောင့် ဧည့်သည်၆ယောက်ကို ရသစုံရှိုးမှာ ဆက်လက် ပါဝင်ပေးချင်ပါသလားဆိုတဲ့ အကြောင်းလေး မေးမြန်းချင်ပါတယ် ”

ယိုရှင်းယွီမှ ဦးစွာ ” ကျွန်တော့်ရဲ့ အချိန်ဇယားတွေနဲ့သာ တိုက်မနေဘူးဆိုရင် ဆက်ပြီးတော့ ပါဝင်ဖြစ်သွားမှာပါ ”

သူ့နောက်မှ လိုက်၍ ယုချူးရွှယ်လည်း ” ကျွန်မကတော့ သေချာပေါက် ပါဝင်မှာပါ ”

ပြောရလျှင် ထိုရှိုးပွဲအား သူ၏ရွှေရောင်သခင်ကြီးမှ ဖန်တီးပေးထားခြင်းဖြစ်ပြီး ထိုရှိုးပွဲမှလွဲ၍ သူမတွင် တခြား လုပ်စရာများလည်း ရှိမနေပေ။

ကျန်သည့် သူများသည်လည်း သူတို့လည်း ပါဝင်ပါ့မည်ဟု ပြောလာကြ၏။

ကုန်းချင်းယောင်သည် မပါဝင်ချင်ပါသော်လည်း သူမအစောကမှ ရထားသည့် ဇာတ်ညွှန်းအား စဉ်းစားမိသွားလေသည်။ ဒုတိယရိုက်ကူးရေးသည် ကျေးလက်ဒေသ ရွာလေးတွင် ရိုက်ကူးမည်ဖြစ်ပြီး ထိုနေရာ၏ ဝိညာဉ်စွမ်းအင်မှာ မြို့တော်ကထက် ပို၍ကောင်းနေမှာ ‌အသေအချာပင်။ ချီစွမ်းအင် ကျင့်ကြံရန် ပို၍အကျိုးရှိမည်ဖြစ်၍ သူမလည်း ပါဝင်ပါမည်ဟု ပြောဆိုခဲ့ခြင်းပင်။

တချို့သတင်းထောက်များသည် ရသစုံရှိုးနှင့် ပက်သတ်သည့် ခေါင်းစဉ်မှာ သိပ်လူကြိုက်မများနိုင်ဟုထင်၍ တချို့ သတင်းထောက်များမှ ” တကယ်လို့ ယဲ့တောင်ကသာ လူကုန်ကူးတဲ့သူတွေ နေနေတဲ့ နေရာမှန်း ကြိုသိထားရင် ယဲ့တောင်မှာ ရိုက်ကူးရေးလုပ်ဖြစ်မှာလား ”

ထိုမေးခွန်းသည် ထောင်ချောက်ဖြစ်ပြီး သူတို့သာ ရိုက်ကူးပ့ါမည်ဟု ဖြေလျှင် သူတို့သည် လိမ်ညာနေသည်ဖြစ်ပြီး ရိုက်ကူးရေး မလုပ်ချင်ဟုဖြေလျှင် သွေးအေးရာကျလိမ့်မည်ပင်။

ဘယ်သူမှ မဖြေသည်ကိုမြင်သည်နှင့် ယုချူးရွှယ်မှ ” သေချာပေါက် ရိုက်မှာပါ၊ သူတို့က လူကုန်ကူးတဲ့သူတွေဖြစ်ပေမယ့် ကျွန်မတို့ကို ဘာမှမလုပ်သလို အခုလို တိုက်ခိုက်တော့လဲ ကျွန်မတို့ အတူတကွ ရိုက်ပုတ်နိုင်ခဲ့တာပဲမလား ”

ကျုံးရှင်းရင်လည်း ယုချူးရွှယ်၏ အမြင်ကို ‌သဘောတူလာကာ ” လူကုန်ကူးတဲ့ လူတွေရှိတာကလွဲရင် ယဲ့တောင်ရဲ့ သဘာဝရှု့ခင်းက အရမ်းလှတာပါ၊ ရသစုံရှိုးပွဲ‌မှာတောင် ကျွန်မတို့ အရသာရှိတဲ့ အစားအစာတွေအများကြီး စားခဲ့ရပါတယ်၊ ဥပမာ ကြာပွင့်ဖတ်ကြော်တို့ ဝါးခွက်ထဲက စွပ်ပြုတ်တို့ပေါ့၊ ဘာပဲဖြစ်ဖြစ် ယဲ့တောင်မှာရိုက်ခဲ့တဲ့ ရှိုးပွဲကတော့ ဒီတသက် ကျွန်မ ဘယ်တော့မှ မမေ့နိုင်တော့မဲ့ အမှတ်တရပါပဲ ”

သတင်းထောက်များ မေးခွန်းအနည်းငယ် မေးပြီးနောက် ဧည်သည်၆ယောက်အား တစ်ယောက်ချင်းစီ မေးခွန်းမေးလာကြ၏။
15 03
ကုန်းချင်းယောင် စကားပြောသည်မှာ နည်း၍ထင်သည် တချို့ သတင်းထောက်များမှ မေးလာ၏။ ” မမလေးကုန်းချင်းယောင်ကို မေးလို့မလား၊ ကျွန်တော် ဒီတစ်ခေါက် ရှိုးပွဲကို ကြည့်လိုက်ရပါတယ်၊ မက်မွန်စေ့နဲ့ ယုန်ကို ပစ်ဖမ်းလိုက်ပြီး ဝါးချွန်နဲ့လည်း ငါးဖမ်းခဲ့တယ်နော်၊ အာ့တာက အရမ်းစိတ်ဝင်စားစရာကောင်းလို့ တကယ်လား ထုတ်လှုပ်မှု့အသင်းက ကြိုတင်စီစဉ်ထားတာလားဆိုတာ သိပါရစေ ”

ကုန်းချင်းယောင် ” တကယ်ပါ ”

မောင်လီချမ်းမှ ” အာ့တာက အမှန်တကယ်ဆိုတာကို ကျွန်တော် ကျိန်တွယ် ပြောရဲပါတယ် ”

” အင်တာနက် အသုံးပြုသူတွေက မင်းရဲ့ ပုံလေးနဲ့ ဝါးချွန်နဲ့ ငါးဖမ်းနေတာကို အီမိုဂျီလေး လုပ်ထားပါတယ်၊ အာ့တာကအခုတလော အရမ်းလူကြိုက်များနေတယ်၊ အာ့တာနဲ့ ပက်သတ်ပြီး ဘယ်လိုခံစားရပါသလဲ ”

ကုန်းချင်းယောင်မှ အီမိုဂျီမှာ ဘာမှန်းမသိ၍ ” ကျွန်မ ဘာမှမခံစားရပါဘူး ”

သတင်းထောက်သည် ရိုးရှင်းသော မေးခွန်းအား ပြောင်းလိုက်ကာ ” တောရိုင်းထဲမှာ ရှင်သန်ဖို့ကြိုးစားရတာမှာ တော်တယ်လို့ ခံစားရပါသလား ”

ကုန်းချင်းယောင် ခဏမျှ စဉ်းစားကြည့်လိုက်၏။ သူမ တောရိုင်းထဲ၌ ညများကို ဖြတ်သန်းခဲ့ရသော်လည်း သူမ ထိုအရာ၌ တော်သည်ဟု မဆိုနိုင်ပေ။

” အာ့လိုမဟုတ်ပါဘူး ”

သတင်းထောက်သည် ကုန်းချင်းယောင်မှ အရမ်းနှိမ့်ချနေသည်ဟု ခံစားရ၍ ” အာ့တာဆိုရင် ဘယ်နေရာမှာများ တော်တာရှိပါသလဲ ”

ပရိတ်သတ်၏ အရှေ့ဆုံအတန်း၌ ထိုင်နေသော အိုက်ရှောင်းယွင်မှ သူမ ဘာဖြေမည်ဆိုသည်ကို ကြိုတင်၍သိနေသလိုပင်။ သူမထင်သည်မှာ သေချာကြောင်းကို ကုန်းချင်းယောင်မှ ဖြေပေးလာ၏။ ” ကံကြမ္မာဖတ်ရတာပါ ”

အိုက်ရှောင်းယွင် နဖူးအား ရိုက်လိုက်မိ၏။

ပရိတ်သတ်များ တိတ်ဆိတ်သွား၏။ သူတို့ ကြားလိုက်ရတာ ဟုတ်ရဲ့လား ကုန်းချင်းယောင်က ကံကြမ္မာဟောရတာ တော်တယ်လို့ ပြောလိုက်တာမလား။ အခုက ဘယ်နှခုနှစ်ရောက်နေပြီလဲ။ ကံကြမ္မာဖတ်ရတာတဲ့။ သူမက ရုပ်လွန်ပညာကို နည်းနည်းလေးသိတယ်ဆိုရင်တောင် အာ့လောက် မာန်ပါပါနဲ့ ပြောစရာမလိုပါဘူး။ သတင်းထောက်များ စဉ်းစားရကြပ်သွားတော့၏။

ကုန်းချင်းယောင်မှ သူမ အမှန်ကို ပြောလိုက်သည်ဟု ခံစားရ၍ ထပ်ရှင်းမပြလာတော့ပေ။ တခြားသူတွေအတွက်ကတော့ သူတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူမအတွက် အရေးမကြီးပေ။

ပြောရလျှင် ယဲ့တောင်၏အကြောင်းမှာ Host Search သို့ အကြိမ်များစွာ ရောက်ဖူးနေပြီး သတင်းထောက်များသည် သတင်းစာရှင်းလင်းပွဲ ပြီးခါနီး၌ နောက်ထပ် ခေါင်းစဉ်တစ်ခုရမည်မှန်း မထင်ထားကြပေ။

သူတို့ လက်ဆွဲကွန်ပျူတာမှ သတင်းခေါင်းစဉ်ကို ပြန်ပြုပြင်လိုက်ကြပြီး သူ့ထက်ငါ အရင် ပိုစ့်တင်နိုင်ရန် ကြိုးစားလာကြ၏။

နောက်ဆုံး မေးခွန်းအား ဖြေပြီးနောက် မောင်လီချမ်းမှ ကြေညာလိုက်၏။ ” ဒီနေ့ရဲ့ သတင်းစာရှင်းလင်းပွဲကတော့ ဒီလောက်ပါပဲ ”

ကုန်းချင်းယောင် ဟိုတယ်၌ အစားအစာများ မှာထားပြီး အားလုံးအား မပြန်ခင် စားသွားကြရန် ဖိတ်ခေါ်သောအခါ ကုန်းချင်းယောင်မှ ဘာမှမပြောဘဲ သဘောတူလာ၏။

သူတို့ ခန်းမထဲမှ ထွက်သည်နှင့် လူတစ်စုအား တွေ့လိုက်ရသည်။ လူစုလို့ဆိုရပေမယ့် အမှန်မှာ လူ၁၂ယောက်မျှသည် ဘေးမှ ပတ်ပတ်လည်ဝိုင်းထားပြီး အလည်၌ လူတစ်ယောက် ရပ်နေသော လူစုပင်ဖြစ်လေသည်။ ထိုလူများသည် မြင်သာထင်သာရှိ၍ လူအများ၍ အာရုံစိုက်မှု့အား ချက်ချင်းရသွားလေသည်။

ဘေးနားရှိ ကျုံးရှင်းရင်မှ ” ချင်ဇယ် ”

ထိုအချိန်၌ ချင်ဇယ်သည် လူအုပ်ထဲမှ ကုန်းချင်းယောင်အား တချက်ရှာရုံမျှဖြင့် တွေ့သွားလေသည်။ ကုန်းချင်းယောင်၏ မိတ်ကပ်အထူကြီးအား မလိမ်းထားသော်လည်း ထိုနေမှ တွေ့ရသော မျက်လုံးများမှာ မပြောင်းလဲပေ။

ပုံမှန်ဆိုလျှင် သူ ကုန်းချင်းယောင်အား ထိုနေ့၌ သူ၏ ညီလေးအား ရှာပေးသည့်အတွက် ကျေးဇူးတင်မိမည်ဖြစ်သော်လည်း ထိုအချိန်၌ သူ ကိုင်တွယ်စရာ ကိစ္စများ ရှိနေသေး၏။ ထို့ကြောင့် သူ ကုန်းချင်းယောင် ရှိသည့် ဘက်အား ခေါင်းညိမ့်ပြပြီးနောက် ထွက်သွားတော့သည်။

ချင်ဇယ် ခေါင်းညိမ့်ပြလာသောအခါ ပတ်ဝန်းကျင်ရှိ လူများ၏ စိတ်ပိုင်းဆိုင်ရာသည် ချက်ချင်းပြောင်းသွား၏။ အာ့တာ ချင်ဇယ်မလား။ သူက ဒီဘက်ကို အခုပဲ ခေါင်းညိမ့်ပြလိုက်တယ်။ သူ ခေါင်းညိမ့်ပြသော နေရာ၌ ကျုံးရှင်းရင်နဲ့ ကုန်းချင်းယောင်ရှိပြီး ဘယ်သူ့ကို ခေါင်းညိမ့်ပြတာလဲ။
15 04
အားလုံး ထင်ကြေးပေးလာကြ၏။ အခုပဲ ကျုံးရှင်းရင်က ချင်ဇယ်လို့ ပြောလာပြီး ချင်ဇယ်က ခေါင်းညိမ့်ပြလာတယ်ဆိုတော့ ခေါင်းညိမ့်ပြတဲ့သူက ကျုံးရှင်းရင်များလား။

ကျုံးရှင်းရင် ကိုယ်တိုင်ပင် ထိုသို့မမျှော်လင့်ထားပေ။ သူမ အစောက ချင်ဇယ်ဟု ခေါ်လိုက်သည်မှာ သူ့အား ထိုနေရာ၌ တွေ့ရသည်ကို စိတ်လှုပ်ရှားနေ၍ဖြစ်သည်။

ယုချူးရွှယ်မှ အံ့ဩနေပြီး ” ရှင်းရင် နင်က ချင်ဇယ်နဲ့ သတိတာလား ”

ကျုံးရှင်းရင် ခေါင်းညိမ့်ပြီးနောက် ခေါင်းခါပြလာ၏။

ကော်ယွမ်ခိုင်မှ ဟာသလုပ်လာကာ ” ရှင်းရင် နင်က ခေါင်းခါပြီး ခေါင်းညိမ့်တာကရော ဘာအဓိပ္ပါယ်လဲ ”

ကျုံးရှင်းရင်မှ ” ငါ သူနဲ့ ပါတီတစ်ခုမှာ တွေ့ဖူးပြီး စကားပြောဖူးပေမယ့် သူ ငါ့ကို မှတ်မိလား မမှတ်မိလား မသေချာဘူး ”

ယုချူးရွှယ်မှ ချက်ချင်း ” ‌သူ သေချာပေါက် မှတ်မိလို့ပေါ့ မဟုတ်ရင် ဒီဘက်ကို ခေါင်းညိမ့်ပြလာပါ့မလား ”

ကျုံးရှင်းရင် ရှက်ရွှံ့စွာ ခေါင်းညိမ့်ပြလိုက်သည်။

ဘေးမှ ရှိနေသာ ကုန်းချင်းယောင်မှာလည်း ချင်ဇယ်မှ သူမအား နှုတ်ဆက်သွားသည်ဟု မထင်ထားပေ။ ထို့နောက် သူမ ချင်ဇယ်အား တွေ့သောအချိန်၌ သူမသည် မိတ်ကပ်အထူကြီး လိမ်းထား၍ သူမှ သူမအား မှတ်မိလိမ့်မည်ဟု မထင်ပေ။

” လာကြ ထမင်းသွားစားကြအောင် ” မောင်လီချမ်း ထိုစကားပြေနေစဉ် ကျုံးရှင်းရင်အား အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေလိုက်သည်။

ကျုံးရှင်းရင် ယနေ့စားရသော နေ့လယ်စာသည် သာယာကောင်းမွန်နေ၏။ အားလုံးထံမှ သူမအတွက် စိတ်နေသဘောထားမှာ အနည်းငယ် ပြောင်းလဲနေပေသည်။ ရသစုံရှိုး အစကတည်းမှ ပထဆုံးအကြိမ် သူမအတွက် ပို၍စိတ်ဝင်စားခြင်းခံရသည့်အချိန်ဖြစ်ပြီး ဒါရိုက်တာမောင်လီချမ်းကပင် သူမအား စကားအနည်းငယ် ပြောခဲ့၏။

သို့ပေမယ့် ကျုံးရှင်းရင်သည် အပျော်များကို ရင်ထဲ၌သာ ဖွတ်ထား၏။ ချင်ဇယ်မှ သူမကို ခေါင်းညိမ့်ပြသည်ကိုတောင် ဒီလောက် အပြောင်းအလဲဖြစ်သွားလျှင် အနာဂတ်တွင်…

ကုန်းချင်းယောင်မှာ ကျုံးရှင်းရင်၏ ကွေ့ကောက်သော စိတ်သဘောထားကို သတိမထားမိဘဲ စားသောက်ပြီးသည်နှင့် ထွက်သွားတော့၏။

ယုချူးရွှယ်မှ ကုန်းချင်းယောင် ထွက်သွားသည်ကိုမြင်လျှင် ကျုံးရှင်းရင် လက်မောင်းအား ဆွဲကာ တီးတိုး ” သူမကို ကြည့်ပါဦး၊ နင်က သူမထက်ပိုပြီး ရေပန်းစားနေလို့ စိတ်တိုနေတာပဲဖြစ်ရမယ် “

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset