MMMQ

အပိုင်း (၁၃)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၃

ကုန်းချင်းယောင်သည် မေး‌ခွန်းမေးနေသည်ဖြစ်သော်လည်း လေသံမှာတော့ သေချာသည့်အရာကို ပြောနေသလိုပင်။

အိုက်ရှောင်းယွင် အံ့ဩသွားပြီး ” နင် ဘယ်လိုသိတာလဲ ”

” လွန်ခဲ့တဲ့ရက်တုန်းက ရှင့်ရဲ့ ငွေရေးကြေးရေးမှ ဒုက္ခတွေ့လိမ့်မယ်လို့ မြင်ခဲ့တယ်၊ ဒီနေ့ထပ်တွေ့တော့ အာ့နေရာမှ မည်းညစ်တဲ့လေထု ရှိနေသေးပေမယ့် အရင်ကထက်စာရင် ပိုကောင်းလာပါပြီ၊ အာ့တာကြောင့် ပေးလိုက်တဲ့ငွေက တဝက်ပဲရှိမှန်း သိသွားတာ ”

အိုက်ရှောင်းယွင် တခုချင်းစီကို နားလည်သယောင်ရှိသော်လည်း အားလုံးစုပေါင်းလိုက်သောအခါ နားမလည်နိုင်တော့ပေ။ ” အာ့တာနဲ့ ပိုက်ဆံကို ငါ့မောင်လေးကို ပေးလိုက်တယ်လို့ နင်ဘယ်လိုသိတာလဲ ”

အိုက်ရှောင်းယွင်တွင် မောင်လေး‌တစ်ယောက်ရှိကြောင်း သူမနှင့် လက်တွဲသမျှ အနုပညာရှင်တိုင်းသိလေသည်။ သို့ပေမယ့် ကုန်းချင်းယောင်မှ သူမ မောင်လေးအား ပိုက်ဆံတဝက်သာ ပေးလိုက်သည်ကို ဘာကြောင့်သိသွားမှန်း အိုက်ရှောင်းယွင် သိချင်လာ၏။

မနေ့ည၌ အိုက်ရှောင်းယွင် အိမ်မှ ဖုန်းလက်ခံရခဲ့ပြီး သူမမောင်လေးသည် မိန်းမယူတော့မည်ဖြစ်၍ အမျိုးသမီးဘက်မှ ယွမ်၁သိန်း တင်တောင်းရန် တောင်းဆိုခဲ့၏။ အိုက်ရှောင်းယွင်သည် အိမ်သို့မပြန်သည်မှာ ကြာပြီဖြစ်ပြီး သူမ၏ မောင်လေးတွင် ရည်းစားရှိရဲ့လားပင်မသိချေ။ မင်္ဂလာကိစ္စသည် ကောင်းသော ကိစ္စဖြစ်သော်လည်း သူမ ထိုအမျိုးသမီးနှင့်‌ တွေ့ရန် စောင့်ချင်ပြီး ပိုက်ဆံအား သူမ တစ်ဘက်ထဲမှ မလွှဲပေးချင်ပေ။ ထို့အပြင် လက်ထပ်မည့် အရေးကိစ္စမှာလည်း သူမ ထင်ထားသည်ထက်မြန်နေ၍ပင်။ သို့သော် သူမ အမေမှ ချက်ချင်း ငွေလွှဲခိုင်း၍ အချီအချဖြစ်ပြီးနောက် သူမ ‌ယွမ်၅သောင်းသာ လွှဲပေးခဲ့မိ၏။

” ရှင့်ရဲ့ မျက်ခုံးတွေက မောင်လေးတစ်ယောက်ရှိတာကို ပြနေပြီး မောင်နှမနေရာက လုံးဝန်းနေတယ်၊ ‌ဆိုလိုတာက ရှင်က မိသားစုမှာ အကြီးဆုံးပဲ၊ ခြုံပြောရရင် ရှင့်မှာ မောင်လေးတစ်ယောက်ရှိပြီး မောင်နှမနေရာမှာ အမဲရောင်တိမ်လွှမ်းနေတယ် ဆိုလိုတာက ရှင့်ရဲ့ မောင်လေး အခုတလော ငွေကြေးပိုင်းမှာ ပြဿနာတတ်နေတာကို ပြနေတာပဲ ”

အိုက်ရှောင်းယွင် တစ်ခုကိုတော့ နားလည်သွားပြီး ” နင်ပြောချင်တာက ငါ့မောင်လေးမှာ ငွေကြေးပိုင်း ပြဿနာတတ်နေပြီး သူက မိန်းမရတော့မှာမလို့ မဟုတ်ဘူးပေါ့ ”

ထို မောင်နှမနေရာ၌ ပျော်ရွှင်နေမှု့မရှိ၍ သူမမောင်လေးမှ လက်ထပ်မည်ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်၏။

အိုက်ရှောင်းယွင် သူမ အမေမှ မဟုတ်လျှင် သူမ မောင်လေးမှ ထပ်၍ လိမ်ပြောသည်ဟု ခံစားမိသွားပြီး ” ငါ သိပြီ၊ ကျေးဇူးပဲ ”

ကုန်းချင်း‌ယောင် ” ရပါတယ် ”

ထွက်သွားမည့် ဆဲဆဲတွင် အိုက်ရှောင်းယွင်မှ ” ဒါနဲ့ ဒါရိုက်တာမောင် ပြောတာက နင် သူ့ကို နေ့လည်ခင်းမှာ ရဲခေါ်ပေးဖို့ ပြောခဲ့တယ်ဆို ” သူမတို့ ကားနှင့် တောင်ပေါ်သို့ သွားနေစဉ် ဒါရိုက်တာမောင်မှ ပြောပြခဲ့ခြင်းဖြစ်ပြီး အိုက်ရှောင်းယွင်မှာ သက်သေမပြနိုင်သော ဖြစ်ရပ်ဟူ၍ သိပ်မယုံကြည်ခဲ့ပေ။

ကုန်းချင်းယောင် ခေါင်းညိမ့်လိုက်၏။

ကုန်းချင်းယောင် ကိုယ်တိုင် ဝန်ခံသည်ကို မြင်ရသည်ကိုတောင်မှ အိုက်ရှောင်းယွင် မယုံကြည်နိုင်သေးဘဲ ” တခုခုဖြစ်တော့မယ်ဆိုတာ နင်ဘယ်လိုသိတာလဲ ”

” စိတ်ထဲကမြင်ကွင်းထဲမှာ မြင်ခဲ့ရတာ ”

သူမက မြင်ရတယ်? သဘာဝလွန် မြင်ကွင်းထဲမှာ? အိုက်ရှောင်းယွင် ကြက်သေသေသွားပြီး ” အာ့တာဆိုလဲ စောစောအနားယူလိုက်ဦး ”

အိုက်ရှောင်းယွင် ထွက်သွားပြီးနောက် ကုန်းချင်းယောင် ရေချိုးလိုက်ကာ အဝတ်များလဲလိုက်၏။ ယခုခေတ်မှ အိပ်ရာများသည် ပျော့ပြောင်း၍ သက်တောင့်သက်သာရှိ၍ သူမ အိပ်ရာပေါ်သို့ လှဲချလိုက်၏။

မှောင်လာလာချင်း လုချမ်ချမ်မှ လက်စွပ်ထဲမှ ထွက်လာ၏။ ထို့နောက် ပတ်၍လမ်းလျှောက်နေပြီး ကုန်းချင်းယောင် အိပ်ရာထဲ၌ လှဲနေသည်ကိုမြင်၍ ” ဟိုတယ်ကိုလာနေတဲ့ သတင်းထောက်တွေအများကြီးပဲ၊ ဒီနေ့ယဲ့တောင်မှာ ပြဿနာအများကြီး ရှာခဲ့တယ်လို့ ကြားတယ်၊ ဝီ့ပေါ်ကို ကြည့်လိုက်ဦး ” အင်တာနက် ဆယ်လီဖြစ်သည့်အလျှောက်‌ ဝီ့ပေါ်သုံးရခြင်းသည် လုချမ်ချမ်၏ အကြိုက်ဆုံးအရာထဲမှ တစ်ခုပင်။

ကုန်းချင်းယောင် ဘေးနားရှိ စားပွဲမှ ဖုန်းအား ကောက်ယူကာ ဝီ့ပေါ်အား ဖွင့်လိုက်၏။ တနေကုန်သွားပြီဖြစ်သော်လည်း အကြောင်းအရာဆင်တူသော ခေါင်းစဉ် ၅၀နှင့် အထက်မှာ ဝီ့ပေါ်၌ လူကြိုက်များနေဆဲပင်။ ကုန်းချင်းယောင် တစ်ခုအား နှိပ်ကြည့်လိုက်၏။
13 02
[မြို့တော်ယာဉ်: #ယဲ့တောင်# ရသစုံရှိုးပွဲရဲ့ ဒါရိုက်တာ မောင်လီချမ်းမှ သတင်းပေးပုံအရကတော့ ဧည့်သည်၆ယောက်သည် ရက်စက်သောယဲ့တောင်မှ ရွာသားများနှင့် တွေ့ခဲ့ရပါတယ်၊ တိုက်ဪိုက်ထုတ်လွှင့်မှု့ ရှိုးကိုလဲ အနှောင့်အယှက် ပေးခံခဲ့ရပါတယ်၊ ထို့အပြင် ရဲသားများစွာကိုလည်း ပေးပို့ခဲ့ရတယ်ဟု ကောလဟာလလည်း ထွက်ခဲ့ပါတယ်၊ နောက်ဆုံးရသတင်းများကိုတော့ ချက်ချင်းထပ်မံ တင်ပြပါဦးမယ်]

[ #တောရိုင်းတိုက်ရိုက်ရသစုံရှိုး# ရှိုးပွဲ၌ ပါခဲ့သော ဧည့်သည်၆ယောက်မှာ ယိုရှင်းယွီ၊ ယုချူးရွှယ်၊ ကော်ယွမ်ခိုင်၊ ကျုံးရှင်းရင်၊ လုယုံရီနှင့် ကုန်းချင်းယောင်တို့ ဖြစ်ကြပါတယ် ]

[ ဒီတစ်ခေါက် ယဲ့တောင်မှာ ရိုက်တဲ့ ရသစုံရှိုးမှာ ပါသမျှသူတွေ ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါစေလို့ မျှော်လင့်ပါတယ် ]

[ #ယဲ့တောင်# က ဓားပြတွေစုဝေးနေတဲ့ နေရာဖြစ်နေတာပဲ ]

ကုန်းချင်းယောင် တခြားသတင်းခေါင်းစဉ်များအား ကြည့်လိုက်သော်လည်း အများစုမှာ နေ့လည်မှ ဖြစ်ပွားသည့် တိုက်ခိုက်မှု့အား ရေးထားကြသည်ပင်။ ခဏမျှအကြာ ဧည့်သည်၆ယောက် လွတ်မြောက်လာကြောင်း ပုံတင်ထားသည်ကို တွေ့လိုက်၏။ တချို့သည်လည်း ယဲ့တောင်မှ ရဲကားများ ဆင်းလာသည်ကို မြင်လိုက်သည်ဟု ပြောနေကြသည်။ အသေးစိတ်အကြောင်းအရာအတွက် ရဲများ၏ ထုတ်ပြန်ချက်ကို စောင့်ကြည့်ရမည်ပင်။

ထို့အပြင် မောင်လီချမ်းပင် ရှိုးပွဲအကြောင်း ဝီ့ပေါ်သို့ မတင်ဘဲနှင့် ရဲများ၏ ထုတ်ပြန်ချက်အား စောင့်နေပုံ၏။

လုချမ်ချမ်လည်း ကုန်းချင်းယောင် ဘေးမှာ ဝီ့ပေါ်ကြည့်နေလျှက် ” အာ့တာလဲ ကောင်းတာပဲ၊ Hot search မှာ ကိုယ့်ရဲ့ ကောင်းသတင်းကို လူပိုသိအောင် လုပ်နိုင်တယ်လေ၊ အာ့တာဆိုနင်ကို ဝီ့ပေါ် အပေါ်မှာ ဖောလိုးတဲ့သူတွေ အများကြီးရလာတော့မှာ၊ စကားမဆက် နင့်ရဲ့ ဝီ့ပေါ်မှာ ဖောလိုးဝါတွေ များလာပြီလား ကြည့်ပြီးပြီလား ”

ကုန်းချင်း‌ယောင် သွားကြည့်သောအခါ အစ၌ ၀ ဟူသော ဂဏန်းလေးသည် ၂၂ သို့ မြှင့်တက်လာလေပြီ။ အများစုမှာ ‌အကောင့်တုများဖြစ်ကြပြီး သူမတင်ထားသော ဝီ့ပေါ် ပိုစ့်တွင် ကွန်မန့်များ ပေးထားကြလေပြီ။ ကုန်းချင်းယောင်၏ ပထမဆုံးပို့စ်မှာ ဝီ့ပေါ်၌ တင်ပြီးသွားပြီဖြစ်ပြီး တစ်ယောက်မှ အချိန်ကြာသည်အထိ ဂရုမစိုက်ခဲ့ကြချေ။

” နွားနို့ဂျယ်လီလေး: မမလေးရှိပါသလား၊ ကံကြမ္မာဖတ်ချင်လို့ ရပါသေးရဲ့လား ”

လုချမ်ချမ် ဘေးမှ ပျော်ရွှင်စွာ ကြည့်နေပြီး ” ဖောလိုးဝါ‌တွေ တက်လာပြီပဲ၊ ကိုယ့်ကိုကိုယ် ကြွားတာတော့ မဟုတ်ပေမယ့်၊ နင့်ရဲ့ ပိုစ့်ကိုသာ ငါ ပြန်တင်လိုက်ရင် ဖောလိုးဝါတွေက ထောင်ချီသွားနိုင်တယ် ” ပြောပြီးသွားမှ သူမ သေပြီးသွားသည်ကို သတိရကာ မျက်နှာ အောက်ချလိုက်၏။

ကုန်းချင်းယောင်မှ စာပြန်လိုက်၏။ [ ကုန်းချင်းယောင် : ဘာအတွက်ပါလဲ ]

နွားနို့ဂျယ်လီလေးသည် လိုင်းပေါ်တွင် ရှိနေဆဲဖြစ်၍ ကုန်းချင်ယောင် သူမအား စာပြန်သည်မြင်သည်နှင့် မက်ဆေ့ဂျာမှ ချက်ချင်း စာပို့လာ၏။

-နွားနို့ဂျယ်လီလေး: ညီအမရေ ကျွန်မရဲ့ မင်္ဂလာကိစ္စကို တွက်ချက်ပေးပါလား။

-ကုန်းချင်းယောင်: အက္ခရာ၈လုံး

တဖက်လူမှ လျှင်မြန်စွာ အက္ခရာများကို ပေးလာ၏။ ကုန်းချင်းယောင် စိတ်ထဲမှ ထွက်ချက်လိုက်ပြီး…

-ကုန်းချင်းယောင်: အခုတော့ ရှင်က တွဲဖက်ရှိတယ်ဆိုပေမယ့် နောက်လထဲမှာ ကံကြမ္မာက စီမံပေးထားတဲ့ လက်တွဲဖော်ရောက်လာတော့မယ်

တဖက်လူမှ စာပြန်ရန် အချိန်ခဏကြာသွားပြီးမှ…

– နွားနို့ဂျယ်လီလေး: အိုး… ဟုတ်ပါပြီ

သူမသည် ပျော်သွားသည့်ပုံမပေါ်၍ လုချမ်ချမ်မှ ” သူ့ရဲ့ ဝီ့ပေါ်အကောင့်ထဲကို ဝင်ကြည့်ရအောင် ”

သူမ နွားနို့ဂျယ်လီလေး၏ ဝီ့ပေါ် အကောင့်အား နှိပ်လိုက်ပြီး တဖက်လူမှ အခုတလော တင်ထားသမျှ ပိုစ့်တိုင်းတွင် သူ့ကောင်လေး အကြောင်းချည်းဖြစ်နေကြောင်းတွေ့ရပြီး နောက်ဆုံးပို့စ့်မှာ ယခုမှ တင်ထားသည်ပင်။

လုချမ်ချမ် ” ကြည့် သူမက ချစ်မိနေတာပဲဖြစ်ရမယ်၊ နင်ပြောတာက လူတွေကို လမ်းခွဲအောင် ကျိန်စာတိုက်လိုက်သလိုဖြစ်နေတာလေ၊ ဟိုဘက်က မဆူပူသွားတာပဲ ကျေးဇူးတင်လိုက်ဦး ”

ကုန်းချင်းယောင် ပဟေဠိဖြစ်သွားပြီး ” သူကဘာလို့ ငါ့ကို ဆူမှာလဲ ငါက အမှန်အတိုင်းပြောတာပဲကို ”
13 03
လုချမ်ချမ် စိတ်ထဲမှ မျက်လုံးလည်လိုက်ပြီး ” နင် အမှန်ပြောနေလား မပြောနေဘူးလား ဘယ်သူက ဂရုစိုက်မှာလဲ၊ လမ်းပေါ်က ဗေဒင်ဆရာတွေတောင် ကောင်းတာတွေအများကြီးပြောပြီးမှာ ဖြစ်လာမယ့် အန္တရာယ်ကိုပြောကြတာ၊ ဒါမှသာ လူတွေက လိုလိုလားလားနဲ့ ပိုက်ဆံပေးလာကြမှာလေ ”

ကုန်းချင်းယောင် ကြောင်အသွားသည်။ အားလုံးက ရုပ်လွန်ပညာကို မယုံကြည်ကြတော့ဘဲ အလိမ်အညာလို့ထင်နေတာက အာ့လိုလူတွေကြောင့်များလား။

လုချမ်ချမ် ဖုန်းစခရင်အား စိုက်ကြည့်လိုက်ပြီး ” ချင်ဇယ် က Hot search ဝင်ပြန်ပြီ သွားပြီး သူဘာလုပ်လဲ ကြည့်ရအောင် ” လုချမ်ချမ် မျက်လုံးများ၌ အတင်းတုတ်ချင်သော အရိပ်အယောင်များ ပြည့်နေကာ ” နင် မသိဘူးလား၊ ချင်မိသားစုမှ ဒီမျိုးဆက်မှာ လူငယ်တွေများတယ်၊ ဘာလို့ဆို ချင်မိသားစုရဲ့ ဒုတိယသားက ကလေး၂ယောက် မွေးလိုက်တယ်လေ၊ တစ်ယောက်က ချင်ဇယ် သူ့ရဲ့ အကိုကြီးက ချင်ဟောက်ယဲ့ ”

လုချမ်ချမ်မှ တီးတိုးနှင့် ” သူက လက်ထပ်ပြီးပေမယ့်လည်း ချင်‌ယောက်ယဲ့က တနိုင်ငံလုံးက လက်ထပ်ချင်တဲ့သူပဲ၊ ချောလဲချောပြီး ပိုက်ဆံလဲရှိတယ်၊ ချင်ဇယ်ကတော့ ဆန့်ကျင်ဘက်ပဲ၊ သူက ကောင်းတာဘယ်နေရာမှမရှိဘူး ”

ကုန်းချင်းယောင် နှိပ်လိုက်ပြီးနောက် စာနှင့် ပုံများကို တွေ့လိုက်ရ၏။ သို့မှသာ ချင်ဇယ်သည် သူမ Sမြို့၌ ပထမဆုံး တွေ့ခဲ့ရသည့် လူငယ်လေးမှန်း သိလိုက်ရ၏။ သူသည် ကလေးတစ်ယောက်ကို ရှာနေခြင်းဖြစ်ပြီး ကုန်းချင်းယောင်မှ သူ့အား အကိုတစ်ယောက်သာရှိကြောင်း ပြောခဲ့သည်။ ထိုစကားအား ကြားသောအခါ ချင်ဇယ်မှ လိမ်လည်သူဟု ဘာလို့ထင်သွားမှန်း မအံ့ဩတော့ပေ။ သူကတကယ်တော့ ဆယ်လီဖြစ်နေတာကိုး။

လုချမ်ချမ်မှ ” အာ့တာဆို ချင်ဇဲက Sမြို့ကို သွားတာပေါ့၊ သူ့ကိုသာ တွေ့နိုင်ရင် သူ့အကိုနဲ့လဲ တွေ့ရမှာပဲ ”

ကုန်းချင်းယောင် ဝီ့ပေါ် မှ ထွက်လိုက်ပြီး ဖုန်းအား ဘေးသို့ချလိုက်ကာ ” အိပ်ပြီ ”

ကုန်းချင်းယောင် မျက်လုံးမှိတ်ရုံမျှရှိသေး ဒါရိုက်တာမောင်လီချမ်းမှ ဖုန်းခေါ်လာ၍ ဖုန်းလက်ခံလိုက်ကာ ” ဒါရိုက်ကာမောင် ”

မောင်လီချမ်း ” မင်္ဂလာပါ ကုန်းချင်းယောင် ”

ကုန်းချင်းယောင်အား မောင်လီမှ နှုတ်ဆက်ပြီးနောက် အတန်ကြာသည်အထိ စကားမပြောလာ၍ သူမဘက်မှ ” ဘာကိစ္စရှိလို့ပါပဲ ”

” အာ… ငါ မေးချင်တာက ” မောင်လီချမ်း စကားပြောရန် ကြိုတင်ပြင်ဆင်ထားသမျှ ထိုအချိန်၌ မေ့သွားလေသည်။ ကုန်းချင်းယောင်မှ အလျှင်မလိုဘဲ စောင့်နေပေး၏။ အတန်ကြာမှ မောင်လီချမ်းဘက်မှ ” မေးချင်တာလေးရှိလို့ပါ၊ အာ့တော့ နေ့လည်ခင်းမှာ တခုခုဖြစ်မယ်ဆိုတာကို ဘယ်လိုသိတာလဲ ”

ကုန်းချင်းယောင် ” စိတ်ထဲက မြင်ကွင်းထဲမှာ မြင်လိုက်ရတာ ”

” မြင်လိုက်ရတာ ” မောင်လီချမ်းမှ မဆုံးနိုင်သည့် ဖြစ်နိုင်ချေများကို တွေးထားပါသော်လည်း ဤသို့ဖြစ်မည်မှန်း မထင်ထားပေ။

ကုန်းချင်းယော်လည်း ရုပ်လွန်ပညာအား ပြောပြရသည်မှာ ခက်ခဲကြောင်း စဉ်းစားမိ၍ ထပ်မရှင်းပြလာတော့ချေ။

မောင်လီချမ်းမှ မေးလာ၏။ ” အာ့တာဆို မင်းကံကြမ္မာဖတ်တတ်လား ” သူ့ မျက်လုံးထဲတွင် ကံကြမ္မာဖတ်တတ်သူများမှာ အသက်၅၀နှင့် အထက် လူအိုကြီးများဟူ၍သာ။

ကုန်းချင်းယောင် ရှင်းပြရန် ခက်ခဲသည်ကို နားလည်သွားပြီး ” ဒါရိုက်တာမောင်ရဲ့ မိဘတွေက ဆုံးသွားပြီ၊ နှစ်ခါလဲ လက်ထပ်ထားရပြီး ယခုလက်ရှိအိမ်ထောင်နဲ့တော့ အဆင်ပြေနေတယ်၊ အခုထိတော့ ကလေးမရှိသေးဘူး ”

ထိုအရာများသည် အင်တာနက်၌ ရှာလို့ရ၍ မောင်လီချမ်း အံ့ဩမသွားပေ။ ကုန်းချင်းယောင်မှဆက်၍ ” ညီမလေးတစ်ယောက်ရှိပေမယ့်၊ အဆက်အသွယ်တော့ မရှိတော့ဘူး ”

မောင်လီချမ်း အံ့အားသင့်သွား၏။ သူ့တွင် ညီမလေးတစ်ယောက်ရှိ၏။ ထိုသည်ကို သူတို့မိဘများ ဆုံးပါးသွားချိန်မှသာ သူတစ်ယောက်ထဲ တိတ်‌တဆိတ်ရှာနေခဲ့ခြင်းပင်။ သို့ပေမယ့် သူမအား ရှာမတွေ့ခဲ့ပေ။ ထိုကိစ္စအား သူ၏ မိန်းမပင် မသိချေ။ ပြောရလျှင် ဒီကမ္ဘာကြီး၌ ထိုကိစ္စအားသိသူမှာ သူတစ်ယောက်ထဲဖြစ်ပြီး ကုန်းချင်းယောင်က ဒီလိုကိစ္စတွေကို တကယ်မြင်ရတာလား။

ကုန်းချင်းယောင် စကားပြောပြီးနောက် ” ဖုန်းချလိုက်ပါတော့မယ် ” ဟုပြော၍ ဖုန်းချလိုက်တော့၏။

ဖုန်းအား ကိုင်နေလျှက် မောင်လီချမ်းမျက်နှာတွင် အုံ့မှိုင်းနေသော အမူအရာ ပေါ်လာ၏။

ကုန်းချင်းယောင် ဖုန်းချလိုက်ပြီးနောက် ပိတ်လိုက်ကာ ငြိမ်းချမ်းစွာ အိပ်ပျော်သွား၏။ သူမ အိပ်ပျော်စဉ် လုချမ်ချမ်မှာ ဟိုတယ်အား ပတ်ကြည့်နေလေသည်။
13 04
နောက်တနေ့ အစော၌ ကုန်းချင်းယောင် လေ့ကျင့်ပြီးမှ ဖုန်းပြန်ဖွင့်လိုက်၏။ သူမ ဖွင့်လိုက် ပြီးပြီးချင်း ချန်လဲ့ထံမှာ ဖုန်းဝင်လာသည်။

ချန်လဲ့သည် အနည်းငယ်ပျော်နေ၏။ မနေ့၌ ရွာသားများကို ဖမ်းဆီးပြီးနောက် တချို့ရွာသားများမှာ ရဲများကို မြင်မြင်ချင်း အရှုံးပေးလာကြ၏။ အများစုသည် လုပ်ခဲ့သမျှ မကောင်းသည့် ကိစ္စများကို ဝန်ခံလာကြပြီး မာစွင်းသည်လည်း မတတ်သာဘဲ ဝန်ခံလိုက်ရတော့၏။

” လူကုန်ကူးတဲ့သူတွေက အန္တရာယ်များတယ်၊ မိသားစုပေါင်းများစွာကိုလဲ ဖျက်စီးကြတဲ့သူတွေ၊ စကားမဆပ် မာစွင်းရဲ့ မိန်းမကလဲ မာစွင်းက ပြန်ပေးဆွဲလာတာလေ၊ ယဲ့တောင်မှာ ၁၀နှစ်လောက်နေပြီးတော့ သူမ ကိုယ့်ဘဝကိုယ်ဘလက်ခံသွားတာ၊ ဒီနိုင်ငံထဲမှာ ဒီလိုနေရာမျိုးရှိနေတယ်ဆိုတာကို လက်မခံနိုင်သေးဘူး ”

ထို့နောက် ချန်လဲ့ စကားများစွာ ထပ်ပြောလာပြီးနောက် ဖုန်းချလိုက်၏။

ကုန်းချင်းယောင် လျှိုရှီးအား လက်စွပ်ထဲမှ လွှတ်ပေးလိုက်ပြီး ” အားလုံးကို နင်ကြားလိုက်မှာပါ ”

ပုံမှန်အတိုင်း မာစွင်း၏ပြစ်မှု့မှာ ကြီးလေး၍ သေဒဏ်ချမှတ်ခံလိုက်ရပြီး မာစွင်း၏ ဇနီးနှင့် အခြားလူများသည်လည်း တသက်တကျွန်းကျခံလိုက်ရတော့သည်။

လျှိုရှီး စတင်၍ ငိုလာတော့သည်။ ဤသည်မှာ သူမ နှစ်ပေါင်းများစွာ လိုချင်နေသည့်အရာပင်။ နောက်ဆုံးတော့ ယခုအချိန်သို့ ရောက်ရှိလာလေပြီ။ မကောင်းတဲ့သူများ ဝဋ်ပြန်လည်သည်ဆိုသာ်မှာ အမှန်ပဲကိုး။

ကုန်းချင်းယောင် ” ပြန်ဝင်စားဖို့ သွားပါ ”

လျှိုရှီး ခေါင်းမော့လာပြီး ” မိဘတွေကို ကြည့်ဖို့ ခေါ်သွားပေးနိုင်မလား ”

ကုန်းချင်းယောင် စဉ်းစားလိုက်ပြီး ချန်လဲ့အား ဖုန်းခေါ်လိုက်၏။ ထို့နောက် ဖုန်းချလိုက်ကာ ” ရဲတွေက နင့်ရဲ့ မိဘတွေကို အခြေအနေကို အကြောင်းကြားထားပြီးပြီ၊ ဒါပေမယ့် နင့်အမေက ကလေးမွေးထားတုန်းမို့ လာဖို့ အချိန်မရှိဘူးတဲ့ ”

ထိုသည်အား ကြားသောအခါ လျှိုရှီးမှ ပြုံးလာပြီး ” တကယ်လား ကောင်းတာပေါ့၊ အနာဂတ်မှာ သူတို့နဲ့ အတူတူ‌အဖော်လုပ်ပေးမယ့်သူရှိတာကို ကြားရလို့ စိတ်သက်သာရာရသွားပြီ ”

ကုန်းချင်းယောင် သေလူများ၏ကျမ်းစာအား ရွတ်ဆိုလိုက်ပြီးနောက် လျှိုရှီး၏ ဝိညာဉ်သည် မှိန်ဖျော့လာပြီး တဖြည်းတဖြည်း ပျောက်ကွယ်သွား၏။

လျှောက်ကြည့်ရာမှ ပြန်လာသော လူချမ်ချမ်သည် ထိုမြင်းကွင်းအား မြင်၍ သက်ပြင်းချလိုက်ကာ ” ဆရာသခင် သူမက ကောင်းမွန်တဲ့ မိသားစုမှာ တကယ်ဝင်စားမယ်လို့ထင်လား ”

ကုန်းချင်ယောင် ” ထင်တယ် ”

လုချမ်ချမ်မှ ” ဒါဆို ကောင်းတာပေါ့ ”

ကုန်းချင်းယောင် ထရပ်လိုက်ပြီး အောက်ထပ်သို့ ထမင်းစားရန် သွားလိုက်၏။ တညကြာပြီးနောက် ယိုရှင်းယွီနှင့် အခြားလူများအခြေအနေသည် ပုံမှန်ပြန်ဖြစ်လာ၏။ မနေ့၌ ယဲ့တောင်၌ အဓိကဇာတ်ဆောင်ဖြစ်ခဲ့သူမှ သူတို့မဟုတ်ဟု ခံစားရ၍ အားလုံး ကုန်းချင်းယောင်အား ထပ်မြင်လိုက်ရသောအခါ အားလုံး စတင်၍ နှုတ်ဆက်လာကြ၏။

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset