MMMQ

အပိုင်း (၈)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၈

အကြောင်းမှာ ကြက်ခြံသည် အလွန်အမင်းနံစော်နေလေသည်။ ကြည့်ရသည်မှာ လယ်သမားများသည် ကြက်ခြံအား အချိန်အတန်ကြာ သန့်ရှင်းရေး မလုပ်ထားသည့်ပုံပင်။ ယုချူးရွှယ် အနံခံလိုက်ပြီး ကျုံးရှင်းရင်အား ကြည့်လိုက်၏။ ကျုံးရှင်းရင်လည်း ထုတ်လုပ်မှုအသင်းသည် ဤမျှဆိုးရွားမည်မှန်း မမျှော်လင့်ထားပေ။ သူမတကယ်ပဲ ထိုကြက်ခြံထဲသို့ ကြက်ဝင်မဖမ်းချင်ပေ။

ယိုရှင်းယွီလည်း အနားသို့ရောက်လာပြီး”ဘာဖြစ်တာလဲ”

ကျုံးရှင်းရင်သည် ခပ်တိုးတိုးနှင့်”အနံက အရမ်းဆိုးဝါးတယ်”

ယိုရှင်းယွီ ကြက်ခြံအား ကြည့်လိုက်သောအခါ တင်ဆက်သူသည် ကြက်ခြံအား ရိုက်ပြလာသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်တွင် ကွန်မန့်မများ တရစပ် တက်လာတော့၏။

[ ၆၆၆၆၆၆၆ ‌ဒီ ထုတ်လုပ်မှုက တကယ်ကြီးပဲလား။]
( ၆၆၆၆၆၆ ဆိုတာ တရုတ်ဂိမ်းဗန်းစကားတစ်ခုပါ။ အထင်ကြီးလေးစားကြောင်း ပြောဆိုရာမှာ သုံးပါတယ်။ )

[မဖြစ်နိုင်ပါဘူး၊ ဒီနေရာကနေတောင် အနံရနေပြီ]

[အရင်ဆုံး ခဏ အန်ပါရစေ]

[ရှင်းယွီ အာ့ကြက်ခြံထဲ လုံးဝ မဝင်နဲ့နော်]

ယိုရှင်းယွီ သူ့ရှေ့မှ လူ၃ယောက် စကားပြောနေသည်ကို မြင်သည်နှင့် အရှေ့သို့ ထွက်ကြည့်လာပြီး ကြက်များမှာ ဖမ်းရန်မလွယ်ကူကြောင်း သိလိုက်ရ၏။

သူစိမ်းများ ရောက်လာ၍ ကြက်ခြံထဲမှ ကြက်များသည် အမြန်ပျံပြေးကုန်၏။ ကြက်ခြံသည် ကြက်မစင်၊ အမွှေးများနှင့် ပြည့်နှက်နေပြီး ကြက်များ ပျံပြေးသည်နှင့် ထိုအရာတို့မှ လိုက်၍ ဝဲပျံလာပြီး အနံအား ပိုဆိုးရွားသွားစေသည်။

ယုချူးရွှယ်နှင့် ကျုံးရှင်းရင်တို့ အော်ဟစ်လိုက်မိ၏။ ကြက်ဖမ်းရတာ တကယ်ခက်တာပဲ။

ယိုရှင်းယွီပါ ဝင်သွားသည်ကို တွေ့သည်နှင့် ကော်ယွမ်ခိုင်လည်း နှုတ်ခမ်းများကို တင်းကြပ်စွာစေ့ပြီးနောက် သူပါ လိုက်ဝင်သွားတော့၏။ သို့ပေမယ့် ကြက်များသည် လူများများဝင်လာသည်နှင့် ကြောက်လန့်တကြား ထွက်ပြေးကုန်ပြန်၏။ လုယုံရီ ခေါင်းခါရမ်းလိုက်မိသည်။ ကြက်ကို ဒီလိုဖမ်းလို့ ရပါ့မလား။ သူ ကြက်တစ်ကောင်အား တိတ်တဆိတ် ချည်းကပ်လိုက်၏။

ရုတ်တရပ် ကြက်ဖမ်းနေသော ဝရုန်းသုန်းကားအခြေအနေ အလယ်တွင် ကုန်းချင်းယောင်သည် လက်မြှောက်လိုက်သည်နှင့် ကြက်တစ်ကောင်မှာ သူမလက်ထဲသို့ တန်းမတ်စွာ ဝဲပျံလာတော့သည်။

“ရပြီ”

အားလုံး မည်သို့မျှ မထင်မှတ်ထားသောအခြေအနေဖြစ်၍ ကြောင်အနေစဉ် ကျုံးရှင်းရင်မှ ဦးစွာ”ကောင်းတာပေါ့၊ နောက်ဆုံးတော့ ကြက်ဖမ်းမိပြီ”

ကော်ယွမ်ခိုင် ပေနေသော ကြက်မွှေးများအား ခါနေလျက်”ဘယ်လိုလုပ်လိုက်တာလဲ”

ကုန်းချင်းယောင်”လက်ထဲကို တည့်တည့်ပျံလာတာ”

ထိုအချိန်၌ ကြက်ဖမ်းမိသည်မှာ အလွန်ကောင်းမွန်သော ကိစ္စပေ။

ယိုရှင်းယွီမှ”သူများရဲ့ ကြက်ကို အလကား ယူရတာ မကောင်းဘူး၊ ကြက်ခြံကို သန့်ရှင်းရေး လုပ်ပေးရအောင်”

ပုံမှန်ဆိုလျှင် ထိုစကားအား ယုချူးရွှယ် ပြောရမှာဖြစ်သော်လည်း သူမသည် ကြက်ခြံအား ကြည့်ပြီး ထိုစကားကို ပြောထွက်မလာပေ။ ကော်ယွမ်ခိုင်နှင့် လုယုံရီသည် ချက်ချင်း ကူညီပြီး သန့်ရှင်းရေးလုပ်ပေးလာကြ၏။ ယုချူးရွှယ်နှင့် ကျုံးရှင်းရင်သည် ကြက်ခြံထဲတောင် မဝင်ချင်ကြ၍ အနီးအနားသို့သွားကာ ရေခပ်ကြသည်။

ကြက်ဖမ်းမိပြီးနောက် ကုန်းချင်းယောင်သည် လယ်သမားအိမ်သို့ ပြန်သွားကာ ဟင်းသီးဟင်းရွက်များ တောင်းလိုက်လေသည်။ လယ်သမားအိမ်၌ အသက်ကြီးသောလူကြီး၊ သက်လတ်ပိုင်းမိန်းမကြီးနှင့် ကလေးတစ်ယောက် ရှိနေလေ၏။

သက်လတ်ပိုင်း အမျိုးသမီးမှ”မင်းလိုချင်တာ ရွေးလို့ရတယ်”
8 02
အပြန်အလှန် ကုန်းချင်းယောင်မှာ လယ်ထဲရှိ ပေါင်းပင်များကို ရှင်းလင်းပေးလိုက်ရ၏။ ယိုရှင်းယွီနှင့် တခြားလူများသည် ကြက်ခြံကို သန့်ရှင်းရေးလုပ်နေကြပြီး ကုန်းချင်းယောင်သည် လယ်အား ပေါင်းပင်ရှင်းပေးနေသောအခါ ယုချူးရွှယ်နှင့် ကျုံးရှင်းရင်တို့သည် ဘာမှလုပ်မနေသလိုပင်။

အားလုံးထိုသို့ စဉ်းစားနေဆဲတွင် ယုချူးရွှယ်နှင့် ကျုံးရှင်းရင်တို့ ပြန်ရောက်လာကြပြီး ကျုံးရှင်းရင်သည် အားလုံးစဉ်းစားနေသည်အား ခန့်မှန်းမိသလို ရှင်းပြလာ၏။”ကျွန်မနဲ့ ချူးရွှယ် ဘေးနားတဝိုက်ကို ပတ်ကြည့်လိုက်တာ၊ စွန့်ပစ်ထားတဲ့ တဲလေး တစ်လုံးတွေ့တယ်၊ အာ့တာနဲ့ သန့်ရှင်းခဲ့ပြီးပြီမလို့ အားလုံးညရောက်ရင် နားလို့ရပြီ”

ယုချူးရွှယ်”ဟုတ်တယ် ညကို အာ့မှာ နားလို့ရတယ်”

ယိုရှင်းယွီမှ မရုတ်မလွန်”အာ့တာဆို နေ့လည်စာ ချက်ပြုတ်ကြရအောင်”

ယုချူးရွှယ်မှ”စကားမစပ် အရှေ့ဘက်မှာ ကြာပန်းတွေအများကြီးနဲ့ ရေကန်ကို တွေ့ခဲ့တယ်၊ အာ့မှာ ချက်ပြုတ်လို့ရလောက်မယ်”

အားလုံး ဟင်းချက်ပစ္စည်းများကိုယူ၍ ကြာကန်ဘေးသို့သွားကြ၏။ ယောက်ျားလေး၃ယောက်သည် ကြာကန်ထဲ၌ ကိုယ်လက်သန့်စင်လိုက်ပြီး အဝတ်များကို ဘေးရှိ ကျောက်တုံးကြီးပေါ်၌ အခြောက်ခံထားကာ ကော်ယွမ်ခိုင်မှ”နောက်ဆုံးတော့ အနံတွေ ပျောက်သွားပြီဆိုတော့ ဟင်းချက်ကြရအောင်”

မကြာမှီ ဒီနေရာ၌ ဟင်းချက်စရာ အိုးမရှိမှန်း အားလုံးသိသွားကြ၏။

ယုချူးရွှယ်”လယ်သမားစီက အိုးသွား ဌားရင်ရော”

ကော်ယွမ်ခိုင်မှလည်း ထောက်ခံလာ၏။

ယိုရှင်းယွီမှ”နှောင့်ယှက်သလို ဖြစ်သွားလိမ့်မယ်၊ ကြက်ကို ကင်လိုက်လို့ရတာပဲ”

ယုချူးရွှယ်မှ မကျေမနပ်ဖြင့်”ဟင်းခပ်အမွှေးအကြိုင် အတွက်ကိုရော”သူမသည် ယိုရှင်းယွီအား မှီ၍ အထူးစုံတွဲ ဖြစ်ချင်ပါသော်လည်း ယိုရှင်းယွီသည် အခုထိ သူမအား ဂရုမစိုက်ကာ အမြဲတမ်း ‌စကားများဖြင့်သာ ချေပလာ၏။

ယုချူးရွှယ် ဝေ့မင်ယိအကြောင်း စဉ်းစားမိပြန်၏။ ထိုသူသည် သူ့မအား မြေတောင်မြှောက်ပေးမည်ဟုပြောပြီး ယခု ထုတ်လုပ်မှုအား ကြည့်သောအခါ အလွန်သေးငယ်ကြောင်းတွေ့ရပြီး သူမ ထိုအရာတို့ကို မလိုချင်ပေါသော်လည်း အခုအချိန်မှာတော့ ဘာမှပြော၍ မရတော့ပေ။ ဤအချိန်သည် တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီး လူဘယ်နှစ်ယောက် ကြည့်နေကြသလဲပင် သူမ မသိပေ။ ကင်မရာရှေ့၌ သူမ၏အပြုအမူများကို ထိန်းသိမ်းထားရန် လိုအပ်ပေသည်။

ဖုန်းရှေ့၌ ထိုင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုရှိုးကို ကြည့်နေသော အိုက်ရှောင်းယွင်ပင် ယုချူးရွှယ်အတွက် ချီးကျူးလိုသော အရိပ်အယောင်လေး မျက်လုံးထဲ၌ ပေါ်လာ၏။ ယုချူးရွှယ်သည် နောက်တွင် သကြားဖေဖေရှိရုံမျှမက သူမ၏ကိုယ်ပိုင်အရည်အချင်းလည်း ရှိနေပေသည်။ ထို့နောက် အိုက်ရှောင်းယွင် ကုန်းချင်းယောင်အား ကြည့်လိုက်၏။ သူမသည် တစ်လျှောက်လုံး ဘာမှမပြောဘဲ နေနေသော်လည်း အိုက်ရှောင်းယွင်သည် မတူညီသော တခုခုကို ခံစားရပြီး သူမကိုသာ စိတ်ဝင်စားနေမိလေသည်။

အိုက်ရှောင်းယွင်နှင့် မတူဘဲ မောင်လီချမ်းသည် ကြည့်ရှုသူများကိုသာ အလေးထားနေလေသည်။ မနက်၌ ၅၀၀၀သာရှိသော ကိန်းဂဏန်းသည် ယခု ၂၀,၀၀၀ သို့ များလာပြီး သူ မျှော်လင့်ထားသည်ထက် ပိုနေပေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကွန်မန့်များသည်လည်း များလာကာ အများစုသည် ယိုရှင်းယွီအတွက်ဖြစ်၏။

ယခုအချိန်၌ လူများ အိပ်ယာထသည့်အချိန်ဖြစ်၍ တိုက်ရိုက်ထုတ်လွှင့်မှုသည် တဖြည်းဖြည်း ကြည့်ရှုသူများလာကာ ၅၀,၀၀၀ အထိ မြင့်တက်လာမည်ဟုပင် သူ ခန့်မှန်းလိုက်၏။

အခြားတဖက်၌ ယုချူးရွှယ်နှင့် ကျုံးရှင်းရင်သည် လယ်သမားအိမ်သို့ အိုးသွား ဌားလိုက်သော်လည်း အိုးမှာအလွန်ကြီးနေပြီး ဘယ်သူမှ မသယ်နိုင်ပေ။ ထို့ကြောင့် ဆားနှင့် ရှာလကာရည်သို့သော ဟင်းခပ်အမွှေးအကြိုက်များကိုသာ တောင်းယူ၍ ပြန်လာခဲ့လိုက်ရသည်။ ယိုရှင်းယွီသည် ကြာကန်ဘေး၌ ကြက်ကို သတ်လိုက်ပြီး ကော်ယွင်ခိုင်သည် ကြာရွက်ခူး၍ ကန်ထဲ၌ ရွှံ့များကို ဆေးလိုက်၏။ လုယုံရီမှာတော့ မီးမွှေးရန် ကြိုးစားလျက် အလုပ်များနေသည်။

ကြာကန်ဘေး၌ ဝါးတောလေးရှိ၏။ ကုန်းချင်းယောင် ရေကန်ဘေးသို့ ဟင်းရွက်များအား ချထားလိုက်ပြီး ဝါးတောထဲသို့ ဝင်သွားလျက် သူမနောက်သို့ ကင်မရာမန်းလည်းလိုက်လာ၏။ ထိုအချိန်၌ ကွန်မန့်များ ထပ်တက်လာလေသည်။
8 03
[အစောက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကတည်းက ကုန်းချင်းယောင်ဆိုတဲ့ မိန်းကလေးက စကားသိပ်မပြောဘူးနော်]

[သူက စကားသိပ်မပြောတာကို မဟုတ်ဘူး လုံးဝကို စကားမပြောတာ]

[သူမ ဘာလုပ်ဖို့ လုပ်နေတာလဲ ]

ကုန်းချင်းယောင်မှာ ကွန်မန့်များ အကြောင်းမသိသေးဘဲ ဝါးတောထဲသို့သွားပြီး ‘ ဂလုတ် ‘ ဟူသော အသံနှင့်အတူ ဝါးအား လက်‌‌ဝါးဇောင်းဖြင့် ဖြတ်ခုတ်လိုက်၏။

လူတိုင်း ဝါးဆိုသည်မှာ ပါးလွှာသော်လည်း မာကြောသည်မှန်းသိသလို ပုံမှန်ဆို လူများသည် တံစဉ်ကိုသာ ဝါးကို ခုတ်ဖြတ်ရန် အသုံးပြုကြပြီး လက်ဗလာနှင့်တော့ မည်သူမှ မခုတ်ဖြတ်ကြပေ။

ဝါးကျိုးကျလာသည်မှာသာ အဆင်မချောလျှင် သူတို့ ထုတ်လုပ်မှုအသင်းမှ ကြိုက်၍ ခုတ်ဖြတ်ထားသည်ဟုပင် ထင်မိပေလိမ့်မည်။

ကြည့်ရူသူများ၏ ကွန်မန့်များတွင် [၆၆၆၆၆၆၆၆] များနှင့် ပြည့်နှက်လာလေသည်။

ကင်မရာမန်းသည် နေရာ၌ ကြောင်အနေလေ၏။

ဒါ… ဒါက အားမပြင်း လွန်းဘူးလား။

ကုန်းချင်းယောင် ဝါးအား ခုတ်ဖြတ်လိုက်ပြီးနောက် ဘေးနားရှိ ထက်ရှသော ကျောက်တုံး၌ အရှေ့အနောက် သွေးလိုက်ပြီးနောက် ဝါးသည် အပိုင်း ၆ပိုင်း ပြတ်သွားတော့၏။

ကင်မရာမန်းသည် အရာအားလုံးမှာ ထူးဆန်းနေသလို ကြည့်လာ၏။ ပုံမှန်ဆိုလျှင် ဝါးအား ကျောက်တုံးနှင့် ဖြတ်ရန် အချိန်အတော်ကြာမည်သော်လည်း သူ့ရှေ့မှ မိန်းကလေးမှာတော့ အချိန်၅မိနစ်ပင် မကြာလိုက်ပေ။

ဝါးအားဖြတ်လိုက်ပြီးနောက် ဒေါင်လိုက်ပိုင်းကာ အတွင်း၌ အစာများထည့်နိုင်ရန် ဝါးခြမ်း ပြုလုပ်လိုက်ပြီး ကြာကန်ဘေးသို့ ပြန်လာတော့၏။

လုယုံရီသည် ကြက်သားအား သေချာနှပ်ပြီးနောက် ကြာရွက်ဖြင့် လိပ်လိုက်၏။ ကျုံးရှင်းရင်သည် ကုန်းချင်းယောင် ပြန်လာသည်ကို မြင်သောအခါ”ချင်းယောင် ဘယ်သွားတာလဲ”

ကုန်းချင်းယောင် ဝါးခြမ်းအား ဝှေ့ယမ် ပြလိုက်ပြီး ကြာကန်ထဲ၌ ဆေးလိုက်၏။ ကျုံးရှင်းရင်မှ စပ်စုလျက်”ဝါးကို ဒီလိုခွဲလာတာက ဝါးနဲ့ ထမင်းချက်မလို့လား”

ကော်ယွမ်ခိုင်မှ”ထမင်း ငါတို့မှ ဆန်ရှိလို့လား”

ကျုံးရှင်းရင်မှ ချက်ချင်း”ငါတို့ ချေးဌားလို့ရတယ်လေ”

ကုန်းချင်းယောင် ဝါးခွက်ထဲသို့ ရေထည့်နေလျက်”ဒါက ဟင်းရွက်တွေကို ချက်မလို့လေ”

ပြောပြီးသည်နှင့် ဆားအရင်ထည့်လိုက်ပြီးနောက် ဟင်းရွက်အစိမ်းများကို ထပ်ထည့်လိုက်၏။

ကျုံးရှင်းရင် ခေါင်းညိတ်လိုက်ကာ”ပုံမှန် ဝါးနဲ့ချက်တဲ့ ထမင်းမှာ ဝါးက အပေါ်ကနေ ဖွင့်ကြပေမယ့် ဒီဝါးကို ဘေးနားကနေ ဖွင့်လာတာ အံ့ဩစရာ မဟုတ်တော့ပါဘူး”

ယောက်ျားလေး၃ယောက်သည် ကြက်အား မြေကြီးထဲထည့်နေလျက် ရုတ်တရပ် စဉ်းစားမိသွားကာ”ငါတို့မှာ မီးမရှိဘူး”

ကုန်းချင်းယောင် သစ်သားအစအားကောက်၍ သစ်သားအား ကျောက်တုံးဖြင့် ချိုင့်အောင် ပြုလုပ်လိုက်ပြီး တုတ်ချောင်းဖြင့် ပွတ်တိုက်လာ၏။

ဘေးမှ ကော်ယွမ်ခိုင်သည် ရယ်လျက်”ကုန်းချင်းယောင် ရှေးတုန်းက လူတွေမီးမွှေးသလို သစ်သားကို အသုံးပြုပြီး မွှေးမလို့လား၊ ငါ ပြောလိုက်မယ် အာ့နည်းက အလုပ်မဖြစ်…”

သူ စကား ၂ခွန်းပင် ပြောမပြီးခင် မီးတောက်လာ၏။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုသူတို့သည် ကြောင်အကုန်ကာ ကွန်မန့်များ ဆက်တိုက် မန့်လာကြတော့သည်။

[ ချီး… ငါ ‌မိန်း‌မောမိသွားတာလား ]

[သစ်သားကို မီးမွှေးဖို့ သုံးလိုက်တယ်]

[ဘုရားရေ မီးတကယ် တောက်လာတာပဲ]

[၆၆၆၆၆၆ ငါသူ သစ်သားနဲ့ တုတ်ချောင်းကို ကောက်လိုက်တာပဲ တွေ့ရပြီး မီးတောက်လာပြီ]

[ဒူးအားလုံး မင်းကို ပေးပါတယ်၊ ဟုတ်ပြီလား]
(ဒူးထောက်ပြီး ရှိခိုးတယ်လို့ ဆိုလိုတာပါ)

[အခုမှ ဒီတိုက်ရိုက်ရှိုးပွဲကို ကြည့်မိတာ စိတ်ဝင်စားစရာကောင်းမယ်မှန်း မထင်ထားဘူး၊ ငါ ဆက်ကြည့်တော့မယ်]

ကော်ယွမ်ခိုင် တောက်ပလာသော မီးအားကြည့်ပြီး မျက်နှာအနည်းငယ် နာလာသည်။
(မျက်နှာနာသည် – ရှက်ရွှံ့သည် )
8 04
ယုချူးရွှယ်သည် ကုန်းချင်းယောင်မှ သူမ၏ထင်ရှားမှုကို ခိုးယူလာမည်ဟု မမျှော််မှန်းမိဘဲ ပြုံးနေရုံသာ တတ်နိုင်သည်။ ကျုံးရှင်းရင်သည် လက်ခုပ်တီးလာပြီး”ချင်းယောင်က တော်လိုက်တာ”

ယိုရှင်းယွီပင် ရှားရှားပါးပါ ခေါင်းညိတ်လာသည့် ခဏ၌ ယုချူးရွှယ်၏ အပြုံးမှာ အက်ကွဲလာ၏။

ကုန်းချင်းယောင် ဝါးများကို မီးထဲ တစ်ချောင်းချင်း ထည့်လိုက်ပြီး အဖုံးဖုံးလိုက်ကာ စိတ်ရှည်လက်ရှည် စောင့်နေလေသည်။

ကုန်းချင်းယောင်မှ လွဲ၍ ကျန်၅ယောက်သည် တောရိုင်းထဲ၌ ကြုံတောင့်ကြုံခဲ ဟင်းချက်ကြရသူများဖြစ်၏။ မီးထဲမှ ဝါးများကို ကြည့်နေသော ကျုံးရှင်းရင်နောက်မှ ကျန်သည့်သူများသည်လည်း ရှေ့တိုး၍ ကြည့်လာကြသည်။ ဟင်းချက်နေသည့် အချိန်အား အခွင့်ကောင်းယူ၍ အားလုံး ဝိုင်းထိုင်၍ စကားပြောနေကြပြီး လုယုံရီပင် စကားအနည်းငယ် ပြောလာ၏။

နာရီဝက်မျှ ကြာပြီးနောက် ကုန်းချင်းယောင်မှ”အခုဆိုရင် ပြီးလောက်ပြီ”

ပြောပြီးသည်နှင့် သူမသည်း မီးကျွမ်း‌နေသော သစ်သားများဘေးသို့ သွားလိုက်ပြီး ယောက်ျားလေးများသည် မြေဖို့ထားသော ကြက်သားအား တူးလိုက်ကြ၏။

ယုချူးရွှယ်မှ”သတိထားနော်”

ကော်ယွမ်ခိုင် ကြက်သားအား တုတ်ချောင်းဖြင့် ယူနေလျက်”အွန်း…”

သူတို့ အပြင်ရှိ ရွှံ့များကို ကျောက်တုံးဖြင့် ခွဲလိုက်ပြီးနောက် အထဲမှ ကြာရွက်သည် အစိမ်းပုတ်ရောင် ပြောင်းနေလေပြီ။ ယောက်ျားလေး၃ယောက်သည် ကြာရွက်အား ဖယ်လိုက်ပြီးနောက် လူတိုင်းကို ‌ဗိုက်ဆာလာစေသည့် အနံအား ရလိုက်ကြ၏။

ယိုရှင်းယွီသည် ကြက်ခြေထောက်အား ဖဲ့လိုက်ပြီး ယုချူးရွှယ်ထံ ပေးလိုက်၏။

ယုချူးရွှယ် မှ ယူလိုက်ပြီး”ကျေးဇူးတင်ပါတယ်”

ထို့နောက် ယိုရှင်းယွီ ကျန်ကြက်ခြေထောက်ကို မတုံ့ဆိုင်းဘဲ ယူလာသော ကုန်းချင်းယောင်အား ပေးလိုက်၏။

ကျုံးရှင်းရင်သည် ယိုရှင်းယွီမှ နောက်ထပ်ကြက်ထောက်ပံအား ဖဲ့လိုက်ကာ သူမအား ပေးလာသည်ကို တွေ့သည်နှင့်”ကျေးဇူးတင်ပါတယ်”

ကျန်ကြက်သားအား ယောက်ျားလေး၃ယောက်မှ အညီအမျှ ခွဲဝေလိုက်ကြပြီး စစားကြတော့၏။ ကြက်သားသည် အနည်းငယ် ငံနေသော်လည်း ကျိုးရှင်းရင်နှင့် ကော်ယွမ်ခိုင်သည် အရသာရှိသည်ဟုသာ တွင်တွင်ပြောနေ၏။ ပြီးနောက် ကွန်မန့်၌ ကြည့်ရှုသူများ ငြင်းခုံလာကြ၏။

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset