ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း 9
[ငါလဲ ဗိုက်ဆာလာပြီ]
[ရှင်းယွီက အရမ်း ချောတာပဲ၊ တွေ့ကြလား သူ ချူးရွှယ်ကို ကြက်ပေါင်ပေးလိုက်တယ်]
[ငါလဲ တွေ့လိုက်တယ် ယိုရှင်းယွီနဲ့ ယုချူးရွှယ်ကြားမှာ မထင်ထားတဲ့ တခုခုရှိနေတာများလား]
ကြည့်ရှုသူမှာ ၃၀,၀၀၀ အထိ ထိုးတက်လာပြီး ယုချူးရွှယ်မှ ဝယ်ထားသော ရေတပ်သည် ထိုအချိန်၌ သူမနှင့် ယိုရှင်းယွီတို့အား ခေါင်းစဉ်တစ်ခုအဖြစ် ပြောဆိုလာကြ၏။ သို့ပေမယ့် ယိုရှင်းယွီ ပရိသတ်များမှာ ထိုသည်ကို သဘောမတူပေ။
( ရေတပ် ဆိုတာ ပိုက်ဆံပေးပြီး ကွန်မန့် မန့်ပေးတဲ့ လူတစ်စုကို ပြောတာပါ)
[ငါတို့ မိသားစုက ရှောင်းယွီက အဝေးကနေပဲ ပေးတာကို မတွေ့ဘူးလား၊ ယုချူးရွှယ်က သူနဲ့ အနီးဆုံးလေ သေချာပေါက် သူမကပဲ အရင်ရမှာပေါ့]
[ငါတို့ ရှင်းယွီအနားက ဝေးဝေးနေ]
[ဘာမှမပြောဘူး ငါတို့ဘာမှမပြောဘူးနော်]
ကင်မရာရှေ့မှ လူ၆ယောက်သည် ကွန်မန့်၌ ဘာတွေ ရေးနေကြမှန်း မသိကြပေ။ ထိုအချိန်၌ သူတို့သည် ငန်နေသော ကြက်သားအား စားထားရ၍ ရေဆာလာတော့သည်။ ကုန်းချင်းယောင် ကြက်သားစားပြီးသောအခါ ဟင်းရွက်ချက်ထားသော ဝါးအဖုံးအား လှပ်လိုက်သော် မွှေးကြိုင်သော အနံတစ်ခု ထွက်ပေါ်လာလေသည်။
ကျန်လူများမှာ ကုန်းချင်းယောင်သည် ဝါးဆစ်၆ခုကို ပြုလုပ်ထား၍ သူတို့တစ်ယောက်အတွက် တစ်ခုစီမှန်း သိလိုက်ကြ၏။ ကော်ယွမ်ခိုင်သည် ဝမ်းအသာသွားဆုံးသူ ဖြစ်ပြီး တိုက်ရိုက် ဝါးတစ်ခုကို ဆွဲယူလိုက်၏။
ကျုံးရှင်းရင်မှာ”ချင်းယောင် ငါတို့ စားလို့ရမလား”ဟု မေးလာ၏။
ကုန်းချင်းယောင်”စားလေ”
သူမ ဖြေပြီးနောက် အခြားသူများ ဝါးတစ်ခုစီကို ကောက်ယူလာကြသည်။ ယုချူးရွှယ်သည ဝါးခွက်အား နောက်ဆုံးမှ ကောက်ယူလယသူဖြစ်၏။
ဤသည်မှာ သူမ ရှက်နေ၍ မဟုတ်ဘဲ ကုန်းချင်းယောင်သည် ဝါးခွက်ထဲမှ ရေအား ကြာကန်ထဲမှ ခပ်လာတာဖြစ်ပြီး ယောက်ျားလေး၃ယောက်သည် ထိုအထဲ၌ ကိုယ်လက်သန့်စင်ခဲ့ကာ ထိုရေသည် စိတ်ချရပါ့မလား သူမ မသေချာသောကြောင့်ပင်။
ကုန်းချင်းယောင်သည် သူမစားခဲ့သော ကြက်ပေါင်အား တူကဲ့သို့ အသုံးပြုပြီး ဝါးထဲ၌ ချက်ထားသော ဟင်းရွက်များကို ခပ်ယူလိုက်ကာ ပါးစပ်ထဲထည့်၍ စားလိုက်၏။ အချိန်ပြောင်းလဲမှုသည် ရေများကို အရသာပိုဆိုးဝါးသွားစေပြီး ဟင်းရွက်များသည်လည်း မရင်ကလောက် မချိုတော့ကြောင်း သူမ ဝန်ခံရပေမည်။ သို့ပေမယ့် သူမသည် ဗိုက်ပြည့်ရန် စားနေရသည်ဖြစ်ပြီး စွပ်ပြုတ်ကို ကုန်သည်အထိ စားခဲ့ပေသည်။
လုယုံရီ ဟင်းရွက်စွပ်ပြုတ်အား တငုံသောက်ပြီးနောက် မျက်လုံးများ လင်းလက်လာ၏။ မမျှော်လင့်ဘဲ ဝါးထဲ၌ ပြုတ်ထားသော ဟင်းအရွက်များသည် သူတို့၏ကိုယ်ပိုင် အရသာတင်မကဘဲ ဝါး၏အရသာလည်း စိမ့်ဝင်နေပေသည်။ ထိုဟင်းရည်အား သောက်ပြီးသည်နှင့် လန်းဆန်းသွား၍ မြန်မြန်ဆန်ဆန် ဝါးခွက်ထဲမှ ဟင်းရွက်များကို စားလိုက်တော့၏။
ကျုံးရှင်းရင်”ဟင်းရွက်စွပ်ပြုတ်က အရသာရှိလိုက်တာ”
ကော်ယွမ်ခိုင် ကြုံတောင့်ကြုံခဲ ကျုံးရှင်းရိအား သဘောတူလာကာ”ဟင်းရွက်စွပ်ပြုတ်က ငါ့အတွက် အမြဲသောက်ရခက်ခဲ့တာ၊ ဒီနေ့မှ ဟင်းရွက်စွပ်ပြုတ်လဲ အရသာရှိမှန်း သိလာတော့တယ်”
ယိုရှင်းယွီမှလည်း”ဒါ အရမ်းကောင်းတာပဲ”
ယုချူးရွှယ်သည် စွပ်ပြုတ်အား ၂လုတ်မျှ ဟန်ဆောင်သောက်ပြပြီး လွှင့်ပစ်လိုက်ရန် စဉ်းစားထားသော်လည်း သောက်ကြည့်ပြီးနောက် အရသာရှိနေ၍ သူမ အကုန်ကုန်အောင် သောက်လိုက်တော့သည်။
လူတိုင်း ဗိုက်ပြည့်အောင်စားပြီးနောက် စွန့်ပစ်ထားသည့် တဲထဲသို့ အနားယူရန်သွားကြတော့သည်။ သို့သော် ခဏမျှအကြာ ကျုံးရင်းရီမှ”ခြင်တွေကိုက်လိုက်တာ”
ယုချူးရွှယ်လည်း ခြင်များစွာ အစ်ကိုက်ခံထားရသော သူမ လက်မောင်းအား ပွတ်သပ်လိုက်၏။ သူ တို့ ဒီညဘာလုပ်သင့်လဲ။
ယုချူးရွှယ်မှ”ကုန်းချင်းယောင် နင့်ကိုရော ခြင်မကိုက်ဘူးလား”
ကျုံးရှင်းရင်”သူမ ဘေးကို ကြည့်လိုက်”
ကုန်းချင်းယောင် ဘေးတွင် ခြင်သေများစွာရှိနေမှန်း ယုချူးရွှယ်မြင်လိုက်ရ၏။
9 02
ကော်ယွမ်ခိုင်မှ ခဏအကြာ တံခါးကို အပြင်မှ တံခါးခေါက်လာပြီး”နိုးနေကြပြီလား စားဖို့ ဟင်းအတွက် ပစ္စည်းတွေ သွားရှာကြရအောင်
“
မိန်းကလေး၃ယောက်သည် တဲထဲမှ ထွက်လာလိုက်သည်။ ယုချူးရွှယ် အတွင်းမှ အခြေအနေအား ပြောပြလိုက်ပြီးနောက် ခဏမျှအကြာ ယိုရှင်းယွီမှ”မဟုတ်လဲ လယ်သမားရဲ့အိမ်မှာ ညအိပ်ဖို့ သွားလို့ရတာပဲ”
လုယုံရီ ပထမဦးဆုံးအကြိမ် အရင်ချေပပြောဆိုလာ၏။”တကယ်လို့ သူတို့သာ လယ်သမားအိမ်မှာနေလိုက်ရင် အဖွဲ့ကွဲသွားပြီး ဒုက္ခတွေနေရင် ကူညီဖို့ ခက်ခဲလိ့မ်မယ်”
သူတို့တွင် ဖုန်းများမရှိ၍ အန္တရာယ်ကြုံလာပါက ဆက်သွယ်ရန် ခက်ခဲပေသည်။
ကျုံးရှင်းရင်မှ”မဟုတ်လဲ တခြားနည်းလမ်း စဉ်းစားရအောင် ခြင်တွေကို မောင်းထုတ်နိုင်ရင် တဲထဲမှာ ဒီညနေလို့ ရပြီမလား”
ထို့နောက် သူမ ယုချူးရွှယ်ထံသို့ ကြည့်လာ၏။
ယုချူးရွှယ် ခေါင်းညိတ်လိုက်၏။ ထိုအချိန်တွင် ခြင်များအား မောင်းထုတ်နိုင်မည့် နည်းလမ်းကို သူမပြောရမှာ ဖြစ်သော်လည်း ဇာတ်ညွှန်ထဲတွင် ဘာမှပြင်ဆင်ထားပေးခြင်းမရှိပေ။
လုယုံရီ ကုန်ချင်းယောင်း ကြည့်လိုက်၏။ တခုခုကြောင့် အမြဲတမ်း သူမ နည်းလမ်းများကို သိနေသည်ဟု သူခံစားလိုက်ရသည်။ အားလုံး လုယုံရီ၏အကြည့်နောက်လိုက်ကာ သူမကို စိုက်ကြည့်လာကြသည်။
ကုန်းချင်းယောင်မှ”ဒေါနပန်း”
ယိုရှင်းယွီ ချက်ချင်း”မှတ်မိပြီ ဒေါနပန်းကို မီးရှို့ရင် ခြင်တွေကို မောင်ထုတ်ပေးနိုင်တယ်လို့ ငါကြားဖူးတယ်”
ယုချူးရွှယ် ခေါင်းမှာ ဗလာဖြစ်သွား၏။ ပြီးဆုံးသွားပြီး။ မက်မွန်သီးနှင့် သစ်တော်သီးမှာ မှတ်ရလွယ်သော်လည်း ဒေါနပန်းကဲ့သို့သော အရာများကို သူမ သတိမရမိပေ။
အားလုံး ဒေါနပန်းအား အရင်ဆုံး ရှာရန်ပြုလုပ်လိုက်ကြသည်။ ကံကောင်းစွာနှင့် ယဲ့တောင်၌ ဒေါနပန်းများ ပေါများပေသည်။ ရှေ့၌ ကုန်းချင်းယောင် ဦးဆောင်ပြီး ရှာဖွေကြ၍ ခဏအတွင်း အားလုံး ဒေါနပန်းများ တပွေ့တပိုက် ခူးလာကြ၏။ လုယုံရီ ဒေါနပန်းများကို တဲထဲသို့ ပြန်သယ်ရမည့်တာဝန်အား ယူလိုက်၏။ ကျန်သည့်သူများ ဟင်းချက်ရမည့် ပစ္စည်းများရှာရန် ထွက်သွားကြတော့သည်။
တောင်တဝက်မျှအထိ လမ်းလျှောက်ပြီးနောက် ကျုံးရှင်းရင် တဝက်ကွဲအက်နေသော ဖန်ဘူးအား တွေ့လိုက်ရသည်။ သူမ တဝက်မျှ အကောင်းတိုင်းကျန်နေသော ဖန်ဘူးကို လက်ညိုးထိုးပြလျက်”ဒါကိုရော အိုးအနေနဲ့ သုံးလို့မရဘူးလား”
ကော်ယွမ်ခိုင်:”သေချာပေါက်မရဘူးပေါ့”
ကုန်းချင်းယောင်”ရတယ်”
ကော်ယွမ်ခိုင် နှာခေါင်းကို ထိလိုက်ပြီး”အေးပါ”
ထို့နောက် အားလုံးရယ်လာကြ၏။ ကျုံးရှင်းရင်သည် သာမန်မျှသာ ပြောလိုက်သော်လည်း ဖန်ဘူးတခြမ်းမှာ အိုးနှင့် ပုံစံ တူနေပေသည်။ သူမ ထိုအရာကို အိုးအနေနဲ့ အသုံးပြုရန် တကယ်မစဉ်းစားထားသော်လည်း ကုန်းချင်းယောင်မှ ထောက်ခံလာသောအခါ သူမ ပျော်သွား၏။ သို့ပေမယ့် ထိုပျော်ရွှင်မှုမှာ ကြာရှည်မခံလိုက်ပေ။ အားလုံး ပတ်၍ ရှာဖွေကြသော်လည်း ဟင်းရွက်ရိုင်းအချို့မှလွှဲ၍ ကျန်သည့်ပစ္စည်းများကို ရှာမရတော့ပေ။
တလမ်းလုံး ငြိမ်သက်နေသော ယုချူးရွှယ်သည် ဇာတ်ညွှန်းအား သတိရသွားပြီး”နေ့လည်က ထမင်းစားခဲ့တဲ့ ကြာကန်ထဲမှာ ငါးတွေရှိလောက်မယ်၊ ဘာလို့ ငါးဖမ်းဖို့ မကြိုးစားကြည့်ရမှာလဲ”
ကော်ယွမ်ခိုင် ချက်ချင်း သဘောတူလာ၏။”အာ့အကြံကောင်းတယ်”
ယိုရှင်းယွီ မှောင်နေသော ကောင်းကင်အား စိုက်ကြည့်လာပြီး နောက်ပိုင်းတွင် သူတို့ ငါးဖမ်းနိုင်ပါ့မလားဟု သူ မပြောတတ်တော့ပေ။
အားလုံး ရေကန်နားသို့ ပြန်ရောက်လာကြပြီး ငါးဖမ်းရန် ကြိုးစားကြတော့၏။ ရေကန်အစပ်သည် မီတာဝက်မျှသာ နက်ပြီး ကန်၏အလယ်သို့ရောက်လေ ပိုနက်နေလေဖြစ်၍ အားလုံး လုံခြုံစေရန် ကမ်းစပ်၌သာ နေနေကြ၏။ သို့သော် ငါးသည် ကြက်နည်းတူ ဖမ်းရန်မလွယ်ကူပေ။ ကျုံးရှင်းရင် အကြိမ်အနည်းငယ်မျှကြိုးစားကြည့်ပြီးနောက် ဘာမှဖမ်းမမိ၍ ယုချူးရွှယ်အား ကြည့်လာကာ”ကျွန်မတို့ဘာလို့ လယ်သမားအိမ်ကိုသွားပြီး တစ်ခုခု ဌားကြဖို့ မလုပ်ကြည့်ကြတာလဲ”
9 03
ယုချူးရွှယ် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး”ကျွန်မ ရှင်းရင်နဲ့ သွားလိုက်မယ်”
ဘာပဲဖြစ်ဖြစ် ထုတ်လုပ်မှုအသင်းသည် လယ်သမားနှင့် အစကတည်းက သဘောတူညီမှု ယူထားပြီးသားမလား။
လုယုံရီ ငါးအား ထိုသို့ ဖမ်းနေလျှင် မရနိုင်ဘူးဆိုသည်ကိုသိ၍”အတူတူ ဖမ်းကြရအောင် ကျွန်တော်နဲ့ ယွမ်ခိုင်က ငါးကို ရှင်းယွီဘက်ကို မျှားပေးမယ်၊ ငါးကို တွေ့အောင် ရှင်းယွီက စောင့်ပြီး ဖမ်းပေါ့”
“ကောင်းပြီလေ”
ယောက်ျားလေး၃ယောက် သဘောတူညီမှုပြုလုပ်ပြီး ငါးဖမ်းကြတော့သည်။
အားလုံးအလုပ်များနေကြချိန် ကုန်းချင်းယောင်သည် အနောက်၌ တိတ်တဆိတ်ထိုင်နေပြီး ဝါးကို ချွန်နေလေသည်။
ကြည့်ရှုသူများသည် စိတ်ဝင်စားလာကြ၏။
[သူမ ဘာလုပ်မှာလဲ ခန့်မှန်းကြည့်မယ်]
[ဟင့်အင်း ဟင့်အင်း ကုန်းချင်းယောင်က မိန်းကလေးပဲ ငါ နားမလည်သလို မခန့်မှန်းနိုင်ဘူး]
ကုန်းချင်းယောင် နောက်ဆုံးတချက် ဖြတ်ထုတ်လိုက်ပြီးနောက် ထရပ်၍ ရေကန်ထဲဆင်းလိုက်ကာ ဝါးချွန်အား ရေထဲ ထိုးစိုက်လိုက်၏။
ကော်ယွမ်ခိုင်သည် အကြိမ်များစွာ ငါးဖမ်းရန် ကြိုးစားပြီးသော်လည်း အခုထိ မဖမ်းနိုင်ကြသေးပေ။ ငါးအရေခွံမှာ ချောထွက်နေ၍ ကုန်းချင်းယောင် သာမန် ထိုးစိုက်ပုံနှင့် ငါးဖမ်းနိုင်မည်ဟု သူ မယုံကြည်ပေ။
လုယုံရီ ကုန်းချင်းယောင် လှုပ်ရှားနေသည်ကို မြင်သောအခါ နေရာ၌ရပ်သွားပြီး သူမကိုကြည့်လာ၏။ ယိုရှင်းယွီမှ”ဖမ်းမိပြီလား”
ကော်ယွမ်ခိုင်မှ ချက်ချင်း”သူမသာ အာ့လောက်အားနဲ့ ထိုးစိုက်နေရင်…”
ကုန်းချင်းယောင် ဝါးကို မြှောက်လိုက်သောအခါ ငါးတစ်ကောင်ပါလာ၏။ သူမ ငါးကို ရေကန်စပ်နားသို့ သွားထားလိုက်ပြီး ရေကန်၏ အောက်ခြေသို့ ပြန်စိုက်ကြည့်နေလိုက်သည်။
ကော်ယွမ်ခိုင်”……”
ကံကောင်းလို့ သူစကားအကုန် မပြောမိသေးလို့ပေါ့။
ယိုရှင်းယွီ”မင်း ဘာပြောနေတာလဲ”
“ဟင့်အင်း… ဘာမှမပြောပါဘူး”ကော်ယွမ်ခိုင် နောက်ထပ် ဘာမှမပြောလာတော့ပေ။
အားလုံးအား စိတ်အေးလက်အေးနေခွင့် ခဏမျှမပေးဘဲ ကုန်းချင်းယောင် ဝါးချွန်အား ရေထဲသို့ နောက်တခါထိုးစိုက်လိုက်၏။ ကော်ယွမ်ခိုင် မျက်ခုံးများ လှုပ်ခတ်လာပြီး ‘ ဒီ… ဒီတခါတော့ ထိတာ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား”
သေချာသည်မှာ ကုန်းချင်းယောင် ဝါးကို ပြန်မတင်လိုက်သည်နှင့် ငါးတစ်ကောင်ထပ်ပါလာ၏။
အားလုံး…
သေစမ်း။ သူမက လူတောင်ဟုတ်သေးရဲ့လား။
ထိုအချိန်၌ ကင်မရာရှေ့၌ရှိသော မောင်လီချမ်းသည် အိုက်ရှောင်းယွင်အား”မင်းရဲ့ သရုပ်ဆောင်က စိတ်ဝင်စားစရာကောင်းသားပဲ”
အိုက်ရှောင်းယွင် ရှက်ရွှံ့စွာပြုံးလာ၏။ သူမ ဘယ်တုန်းကမျှ ကုန်းချင်းယောင်အား နားမလည်ခဲ့ပေ။ သူမ ဘာမျှမပြောရသေးခင် ဖုန်းမြည်လာသည်။ အိုက်ချင်းယွင် အိမ်မှ ဖုန်းဆက်လာသည်ကိုမြင်၍ ချက်ချင်း ကားထဲမှထွက်လိုက်ပြီး”အမေ…”
ကြည့်ရှုသူများ အဖြစ်အပျက်ကို စတင်၍ ဆွေးနွေးလာကြ၏။
[ဒါကို အတုလို့ထင်လား အစစ်လို့ထင်လား]
[အတုလို့ထင်တယ်]
[ဒါကို အရင်က စမ်းဖူးတဲ့ လူအနေနဲ့ပြောရရင် ဝါးကို ရေထဲ ထိုးစိုက်ရတာ ကြည့်ရင်တော့ ရိုးရှင်းတဲ့ပုံပေါ်တယ်၊ ဒါပေမယ့် ထင်သလောက် မလွယ်ဘူး၊ ပထမဆုံး ဝါးက ပါးနေဖို့လိုတယ် ကြားမှာ ရေကလဲ နှောင့်ယှက်ဦးမှာဖြစ်ပြီး လက်စက မြန်ပြီး အချိန်အစ သေချာမှန်ဖို့လိုတယ်၊ မဟုတ်ရင် ရေစီးကြောင့် မှန်းထားတာကနေ လွဲပြီး စိုက်မိသွားနိုင်တယ် ]
9 04
[အာ့တော့ အပေါ်က လူတွေကဘာလို့ အဓိကအကြောင်းအရာကို မပြောပြကြတာလဲ၊ ဒါက အတုလား အစစ်လား]
[အစစ်ထင်တယ်၊ ဝါးကို မြှောက်လိုက်တဲ့အခါ ငါးက အသက်ရှင်နေသေးလို့ လှုပ်နေသေးတယ်လေ]
[ပြီးတော့ရေက ၁၅မီတာပဲမလို့ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နေရတာပဲကို]
[ငါးကို ရေကန်ထဲ လွှတ်ပေးပြီး ကုန်းချင်းယောင် ဖမ်းနိုင်အောင် လုပ်ပေးတဲ့ ထုတ်လုပ်မှုအသင်းကို ကျေဇူးတင်ရအောင်၊ ငါး အရှင်က နာနာခံခံနဲ့ ဝါးချွန်အောက်ရောက်လာပေးမယ် ထင်လား]
[အာ့လိုသာဆို ငါး ၅ကောင်လုံးကို ရေထဲလွှတ်ပေးရရင် သေချာလှုပ်ရှားရမှာပဲ ရေတွေက လှုပ်နေတာလဲ မတွေ့ရဘူးလေ ]
အဆုံး၌ ယောက်ျားလေး၃ယောက်သည် ငါး ၅ကောင်ဖမ်းမိပြီး ကုန်းချင်းယောင်မှ ၇ကောင်ဖမ်းမိ၏။ အားလုံး ငါးများကို ရေကန်ထဲ၌ ဆေးကြောသန့်စင်လိုက်ကြ၏။ ထို့နောက် ဝါးချောင်းများဖြင့် မီးကင်လိုက်ကြတော့သည်။ လုယုံရီ ချက်ချင်း နေ့လည်က အသုံးပြုထားသော ဝါးခြမ်းများကို ရေထည့်၍ မီးဖိုပေါ်တင်လိုက်၏။
ခဏမျှအကြာ ယူချူးရွှယ်နှင့် ကျူံးရှင်းရင်တို့ ပြန်ရောက်လာပြီး သူတို့ ချက်ပြုတ်ပြီးစီးသည်ကို မြင်သောအခါ”ငါတို့ ဆီနဲ့ ကြက်ဥ နည်းနည်းတောင်းလာကြတယ်”
“ဆီနည်းနည်းပေး”လုယုံရီ ဆီနည်းနည်းတောင်းလိုက်ပြီး ငါးပေါ်သို့ သုတ်လိမ်းလိုက်၏။ မီးခဲများမြည်သံ ထွက်ပေါ်လာပြီး အားလုံးဗိုက်ဆာလာကြတော့သည်။ အဓိကကင်မရာသည် ငါးကင်ထံသို့ ပြောင်း၍ရိုက်ကူးလာသည်။
ကြည့်ရှုသူများ ထပ်၍ ကွန်မန့်များ ရေးလာကြတော့သည်။
[ငါးက အရသာရှိမှာပဲလို့ ခံစားရတယ်]
[သာမန်ငါးကြင်းကင်က တကယ်ပဲ ငါကို ဗိုက်ဆာအောင်လုပ်နေပြီ]
[ဝိုး လုယုံရီက ဟင်းဘယ်လိုချက်ရမလဲကို သိတာပဲ]
ကျုံးရှင်းရင်သည် ဘေးနားသို့ ထိုင်လာပြီး”ကူညီပေးရဦးမလား”
ယိုရှင်းယွီ”ကုန်းချင်းယောင်ကိုသာ သွား ကူညီလိုက်ပါ”
အားလုံး ငါးစကင်နေကတည်းက ကုန်းချင်းယောင်သည် နေ့လည်ခင်း၌ သူတို့ယူလာသော ဖန်ဘူးအား ဆေးနေလေသည်။ ဆေးပြီးနောက် ရေဖြည့်လိုက်ကာ မီးဖိုပေါ်တင်လာပြီး ကြာပန်းဖတ်များ ထပ်ထည့်လာ၏။ ကျုံးရှင်းရင် ယိုရှင်းယွီပြောပြီးသည်နှင့် ချက်ချင်း ကုန်းချင်းယောင်အား ကြာပန်းများ ခူးကူဖို့ သွားတော့သည်။ ယုချူးရွှယ် ကျုံးရှင်းရင် ထွက်သွားသည်ကို မြင်၍ အနောက်မှ လိုက်သွား၏။ ထိုအချိန်တွင် သူမ၏ရေတပ်သည် နောက်ဆုံး ခေါင်းစဉ်ရသွားလေသည်။
[တို့မိသားစုက ချူးရွှယ်က သူများကို စဉ်းစားပေးတတ်လိုက်တာ ချင်းယောင်ကို သစ်ရွက်တွေခူးဖို့ ကူညီနေတယ်]
ကုန်းချင်းယောင်တွင် ဖန် မရှိသော်လည်း ကြည့်ရှုသူများသည် ကုန်းချင်းယောင်၏ အပြုအမူများ၏ ဖန် ဖြစ်လာကာ ထိုစာကိုမြင်၍ ချက်ချင်း နင်သွားကြပြီး ………
[ကူညီတယ်ဆိုတာ ဘာသဘောလဲ ယုချူးရွှယ်လဲ ပြီးကျရင် မစားတော့ဘူးလား]
[ငါ့ဖင်ကိုပဲ စဉ်းစားပေးနေလိုက် သူမ လယ်သမားအိမ်ကို သွားတယ်ဆိုတာ ငါး မဖမ်းရအောင်လို့လေ၊ ငါးအများစုက ကုန်းချင်းယောင် ဖမ်းထားတာချည်းပဲ]
[ငါတော့ ယုချူးရွှယ် ဖန် တွေက စိတ်ရှုပ်စရာ ကောင်းတယ်လို့ထင်တယ်၊ ယိုရှင်းယွီကို CP အနေနဲ့ အမိဖမ်းချင်နေရုံမကဘူး၊ ဘာမဟုတ်တဲ့ ဒီကိစ္စလေးနဲ့လဲ အကောင်းမြင်ခံချင်နေကြသေးတယ်]
( CP – Couple ရှိုးပွဲတွေမှာ လူစိတ်ဝင်စားအောင် စုံတွဲအနေနဲ့ ဟန်ဆောင်ကြတာကို ပြောတာပါ )
[ဟုတ်တယ် ငါတော့ ဘယ်သရုပ်ဆောင်ရဲ့ ဖန်တွေကမှ ဒီဘာမဟုတ်တဲ့ ကိစ္စနဲ့ပက်သတ်ပြီး ဇာချဲ့ပြနေတာကို မမြင်ဖူးဘူး]
ယုချူးရွှယ်၏ ရေတပ်များအားလုံး တိတ်ဆိတ်သွားကြလေသည်။