MMMQ

အပိုင်း (၆)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၆

ကုန်းချင်းယောင် ရုပ်လွန်ပညာအား လေ့လာစဉ် အပေါင်းအသင်းများများမရှိသလို တခြားအုပ်စုများနှင့်လည်း မဆက်စပ်မိခဲ့ပေ။ အ‌‌ဆုံး၌ သူမနှင့် ပထမဆုံး သူငယ်ချင်းဖွဲ့သူသည် အင်ပါယာ သမိုင်း၌ ပထမဆုံး ရုပ်လွန်ပညာအသင်းအား ဖွဲ့စည်းသူ ယွင်ယောင် ဟုခေါ်သော ဖေးယင်းယန် သာ ရှိလေသည်။ ဖေးယင်းယန်၏ ရုပ်လွန်ပညာ၌ အောင်မြင်မှုသည် အလွန်ကောင်းမွန်ပေသည်။ ထို့ကြောင့် မကြာခင်အချိန်၌ အင်ပါယာ၏ အကောင်းဆုံး ယွင်‌ယောင် ဟူသော နေရာအား သိမ်းပိုက်သွားလေသည်။ ထိုအချိန်၌ လူများအားလုံးသည် ယွင်ယောင် အတွက် ဂုဏ်ယူခဲ့ကြ၏။

ကုန်းချင်းယောင်သည် ဖေးယင်းယန်အား နောက်လိုက်ဟု မသက်မှတ်ထားသော်လည်း ဖေးယင်းယန်မှ သူမအား ဆရာသခင်ဟု သတ်မှတ်ထားလေသည်။ ထို့ကြောင့် ယွင်ယောင်သည် သူမအား အထူးလေးစားခဲ့သည်။ ကုန်းချင်းယောင် ထိုနေရာ၌ ရှိနေဆဲတွင် ယွင်ယောင်သည် ကုန်းချင်းယောင်၏အကြံဖြစ်သော သေမျိုးတို့အပေါ်၌ မလှည့်စားခြင်း၊ ရုပ်လွန်ပညာအား အသုံးပြုကာ လူတို့အား ဒုက္ခမပေးခြင်း စသည်တို့ကို ဦးစားပေးတတ်၏။ သို့ပေမယ့် နှစ်ပေါင်းထောင်ချီအကြာတွင် ရုပ်လွန်ပညာကို သုံးကာ လူများကို ဒုက္ခပေးသော သူများမှာ ရှိနေဆဲပင်။

ပြန်လည်မွေးဖွားပြီနောက် ကုန်းချင်းယောင် ကောင်းသည့်နေရာ၌ မဟုတ်ဘဲ ဒုက္ခပေးရန် ရုပ်လွန်ပညာအား အသုံးပြုသော ရုပ်လွန်ပညာသည်အား တွေ့လိုက်ရသောအခါ သူမ ‌အမှန်တကယ် မပျော်ပေ။

ယခုအချိန်၌ ကုန်းချင်းယောင် ပြဿနာတစ်ခုအား ရုတ်တရပ်တွေးမိသွား၏။ သူမသည် အရင်ကကဲ့သို့ အစွမ်းထက်မနေတော့ပေ။ ထို့အတွက် နေ့ဘက်ဆိုလျှင် သူမ မှော်အသုံးအဆောင်များအား လုချမ်ချမ်ကို အဝေးသို့ ခေါ်သွားရန် အသုံးပြုရမှာဖြစ်၏။ မဟုတ်လျှင် သူမ ညအထိ စောင့်ရန် လိုအပ်ပေသည်။ သူမ အဆောင်များဖြင့် လုချမ်ချမ်၏ ယင်းစွမ်းအင်အား မြင့်တင်နိုင်သော်လည်း ထိုနည်းမှာ ဒုက္ခများပြီး အခြားတဖက်၌ စက္ကူဝါများနှင့် ပြဒါးရိုင်းများစွာကို ဖြုန်းတီးရာ ရောက်ပေသည်။

ကုန်းချင်းယောင် လက်ဆွဲသေတ္တာအား ချလိုက်ပြီး”ဒီမှာ ခဏစောင့်ဦး”

ကုန်းချင်းယောင် မှော်အသုံးအဆောင်များ ရောင်းသလားဟု ရှာဖွေရန် ထွက်သွားတော့သည်။ အကယ်၍ အနိမ့်ဆုံး အဆင့်ဆိုလျှင်တောင် အသုံးပြုလို့ ရနေသ၍ သူမအတွက် အဆင်ပြေ၏။ သူမ ညမှသာ Rမြို့သို့သွားရန် စဉ်းစားလိုက်၏။

ကုန်းချင်းယောင် အပြင်သို့ သွားပြီး မကြာခင် ရဲစခန်းအား ဖြတ်သန်းသွားမိလေသည်။ သူမ အဖေလုနှင့် အမေလုသည် လုချမ်ချမ်၏လက်ဆွဲအိတ်အား ကိုင်၍ အပြင်သို့ ထွက်လာသည်ကို မြင်လိုက်ရ၏။ ကုန်းချင်းယောင် ထိုလက်ဆွဲသေတ္တာအား အမဲရောင်အငွေ့များ လွှမ်းနေကြောင်း တွေ့လိုက်ရ၏။ အဖေလုနှင့် အမေလုသည် သူမကို တွေ့သည်နှင့် နှုတ်ဆက်ရန် အပြေးအလွှားရောက်လာတော့၏။

ကုန်းချင်းယောင်”ကျွန်မ ဒီလက်ဆွဲသေတ္တာကို ယူသွားလို့ရမလား”

ကုန်းချင်းယောင် တောင်းဆိုလာ၍ အဖေလုနှင့် အမေလုတို့သည် လက်ဆွဲသေတ္တာအား ပေးလိုက်သည်။

အဖေလုသည် လက်ဆွဲသေတ္တာအား ချက်ချင်း ကုန်းချင်းယောင်ဘက်သို့ တွန်းပေးလိုက်ကာ”ဆရာသခင် ဒီမှာပါ”

ကုန်းချင်းယောင် ဒူးထောက်၍ လက်ဆွဲသေတ္တာအား ဖွင့်လိုက်၏။ အထဲ၌ သာမန်အဝတ်အစားများ စာရွက်စာတမ်းများသာရှိနေပြီး အနက်ရောင်အငွေ့များသည် သေတ္တာအောက်‌ခြေမှ ထွက်နေလေ၏။ သူမ ပစ္စည်းများအားလုံး ထုတ်လိုက်သောအခါ ငွေလက်စွပ်တကွင်းအား တွေ့လိုက်ရသည်။

သာမန်လူများ၏မျက်စိထဲတွင် လက်စွပ်သည် သာမန်သာဖြစ်နေပေမည်။ လက်စွပ်တွင် ဘာမှမထွင်းထုထားဘဲ ရိုးစင်းနေ၏။ ကုန်းချင်းယောင် လက်စွပ်အား ယူကြည့်လိုက်သောအခါ နက်နဲသိမ်မွေ့သောစွမ်းအင်အား ထည့်သွင်းထားကြောင်းတွေ့လိုက်ရ၏။ ထို့အပြင် ယင်းစွမ်းအင်များလည်း ပါဝင်နေပေသည်။ ကုန်းချင်းယောင် လက်ဆွဲသေတ္တာအားပိတ်လိုက်ပြီး”ဒါကို ယူသွားလို့ရမလား”

“ရတာပေါ့”အဖေလုမှ အမြန်ပြန်ဖြေလာ၏။

ကုန်းချင်းယောင် ထရပ်လိုက်ပြီး ခဏမျှစဉ်းစားလိုက်ကာ အဖေလုနှင့် အမေလုအား ‘ကာကွယ်သည့်အဆောင်’ များ ပေးလိုက်ပြီး ဟိုတယ်သို့ ပြန်လာတော့သည်။

သူတို့အား အပြင်သို့ ပို့ပေးသော ချန်လဲ့သည် အဆောင်အား မြင်သောအခါ အနည်းငယ် တုန်ရင်သွားလေသည်။

ကုန်းချင်းယောင် လက်စွပ်အားကိုင်၍ ဟိုတယ်သို့ ပြန်ရောက်လာ၏။ လုချင်ချင်သည် လက်စွပ်အား မြင်သည်နှင့် အံ့သွားပြီး”ဆရာသခင် အာ့လက်စွပ်ကို ဘယ်ကနေရလာတာလဲ”

ကုန်းချင်းယောင်”နင့်ရဲ့ လက်ဆွဲသေတ္တာထဲက”

လုချမ်ချမ်”………”

ကုန်းချင်းယောင် လက်စွပ်အား ကောက်ယူ၍ လုချမ်ချမ်အား ကြည့်လိုက်ပြီး”ဒါက ဘယ်ကရတာလဲ”

ခဏအကြာ လုချမ်ချမ် ကုန်းချင်းယောင်၏အမေးအား သူမဘာသာ ပြန်မေးရင်း စဉ်းစားလိုက်ပြီး”ကျွန်မရဲ့ ရည်းစားကပေးခဲ့တာပါ၊ ကျွန်မက Rမြို့ကို သွားမလို့ကို သူနဲ့ ရန်ဖြစ်ခဲ့တာ၊ အာ့တာကြောင့် လက်စွပ်ကို ချွတ်လိုက်ပြီး live လွှင့်ရင်း သူ့ကို ဝတ်ပြမယ်လို့ စီစဉ်ထားပေမယ့်……”စကားပြောမပြီးသေးခင် သူမ ထပ်ငိုလာပြန်၏။
6 02
အချိန်အတန်ကြာ ငိုပြီးနောက် သူမ တည်ငြိမ်သွား၏။ ကုန်းချင်းယောင်သည်လည်း မှော်ပစ္စည်းရှာရန် သွားနေရင်းမှ လက်စွပ်အား ယူလာမိလျက်ဖြစ်နေသည်။

“ဆရာသခင် လက်စွပ်မှာ ပြဿနာရှိလို့လား”

ကုန်းချင်းယောင် လုချမ်ချမ်၏ မျက်လုံးများကို မြင်၏။ ထိုမျက်လုံးများမှာ တုံးအသောမျက်လုံးများ မဟုတ်ပေ။

လုချမ်ချမ် ရှိုက်လိုက်ပြီးနောက်”ကျွန်မ သေရတာက အာ့လက်စွပ်နဲ့ ပက်သတ်နေလို့လား”

ကုန်းချင်းယောင်”၈၀%”

“သူ့ကို အခုအချိန်ထိ မမြင်ရသေးတာ မဆန်းပါဘူး”လုချမ်ချမ် သူမ၏ရည်းစားမှ သူမကို သတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ အတန်ကြာ စိတ်တိုပြီးနောက် ရည်းစားဘက်မှ အကြောင်းပြချက်အား စဉ်းစားပေးလာသည်။ သူက ဒီလက်စွပ်မှာ ပြဿနာရှိတာကို မသိတာလဲ ဖြစ်နိုင်တာပဲ။

ကုန်းချင်းယောင် လက်စွပ်ထဲ၌ ဝိညာဉ်ခိုအောင်းနိုင်ရန် ဖွဲ့စည်းလိုက်ပြီး”ဝင်လာခဲ့”

“အိုး… ကောင်းပါပြီ”လုချမ်ချမ် လက်စွပ်ထဲ မဝင်ခင် ရုတ်တရပ် သတိရသွားပြီး”ဆရာသခင် ဘယ်ကိုသွားမလို့လဲ၊ လက်မှတ်ရော ဝယ်ပြီးပြီလား”

ကုန်းချင်းယောင်”Rမြို့ကို၊ အခုပဲ သွားဝယ်မလို့”

လုချမ်ချမ် သေချာမသိသော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်အား ပြန်စဉ်းစားကြည့်လျှင် ကုန်းချင်းယောင်သည် နည်းပညာမြင့်မားသော အရာဝတ္ထုများနှင့် မရင်းနှီးဘူးဟု ခံစားရ၏။

“လက်မှတ်က ဖုန်းကိုသုံးပြီးတော့ ဝယ်လို့ရတယ်လေ”

သေချာပေါက် ကုန်းချင်းယောင် ထိုသည်အား သိမနေပေ။

လုချမ်ချမ် အလျင်အမြန်”ဆရာသခင် ဖုန်းပေါ်မှာ app ကို download လုပ်ပြီးတော့ လက်မှတ်ကို ဖုန်းထဲကနေ ဝယ်လို့ရတယ်လေ၊ ဘူတာအထိသွားပြီး လက်မှတ်ဝယ်တာကို တန်းစီစရာမလိုတော့ပါဘူး၊ ဘယ်လောက် အဆင်ပြေလိုက်လဲ”

ကုန်းချင်းယောင် app ကို download လုပ်ပြီး လက်မှတ်အားဝယ်လိုက်၏။

လက်မှတ်ဝယ်ရန် ဘူတာသို့သွား၍ တန်းစီရမည်ကို တွေးမိပြီး လုချမ်ချမ်အား ခေါ်လာသည်မှာ မှန်သည်ဟု ကုန်းချင်းယောင် ခံစားလိုက်ရသည်။

သူမ သွားမည့် reality show သည် မနက်ဖြန်စတင် ရိုက်ကူးပြီး တိုက်ရိုက် live လွှင့်ပြမည်ဖြစ်၏။

ကုန်းချင်းယောင် Rမြို့သို့ရောက်ပြီး ဝန်ထမ်းများကို ရှာလိုက်ပြီး အခန်းသော့အား ယူလိုက်၏။ ဝန်ထမ်းသည် သူမ အခန်းကတ်အား ပေးလိုက်ပြီး ညနေ ၅:၃၀ တွင် ညစာစားရန် လာရမည်ဖြစ်ပြီး ဒါရိုက်တာမှ လိုအပ်သည်များ မှာကြားမည်ဟု ရှင်းပြလာသည်။

အခန်းထဲသို့ ရောက်သော် လုချမ်ချမ်သည် လက်စွပ်ထဲမှ ထွက်လာပြီး ဝမ်းသာအားရ”ဆရာသခင်ကလဲ အနုပညာ လောကထဲကကိုး ကျွန်မလဲ အနုပညာလောကနဲ့ ရင်းနှီးတယ်လေ၊ မနက်ဖြန် live လွှင့်မှာကို ဘယ်သူတွေလဲ ပါမှာလဲ”

ကုန်းချင်းယောင် ဇာတ်ညွှန်းအား ထုတ်လိုက်ပြီး လုချမ်ချမ်ရှေ့သို့ ချပေးထားလိုက်၏။ လုချမ်ချမ်သည် စာရွက်အား မလှန်နိုင်သော်လည်း အဖုံး၌ ရေးထားသော နာမည်အား မြင်ရသေးသည်။”ဟေး… ဒါ ယိုရှင်းယွီမလား၊ သူက အသစ်ဖြစ်ပေမယ့် အခုတလော ရေပန်းစားလာတယ်၊ အရည်အချင်းကြောင့်ထက် ရုပ်ချောနေလို့ပါ၊ ကျွန်မ ကော်ကွမ်ခိုင်ကိုလည်း ကြားဖူးတယ် ဒါပေမယ့် သူက ငွေအဆင့်ပါပဲ”

လုချမ်ချမ် နာမည်တော်တော် များများအား ကြည့်နေလိုက်ပြီး”တခြားလူတွေကိုတော့ မသိတော့ဘူး၊ ဒီရှိုးပွဲကို အရင်က မသိခဲ့ဘူး၊ reality show ကို live လွှင့်တာလဲ ကောင်းတာပါပဲ၊ တိုက်ရိုက်live လွှင့်တာတွေက အခုတလော အရမ်းခေတ်စားနေတာလေ၊ တကယ်လို့ အာ့အချိန်ကိုသာ ဆုပ်ကိုင်ခဲ့မယ်ဆိုရင် ‌နာမည်ကျော်ကြားလာလိမ့်မယ်”ထို့နောက် သူမ ဟိုတယ်အခန်းအား ကြည့်လိုက်ပြီး”ဒါပေမယ့် နေထိုင်ဖို့ပေးတဲ့ အခြေအနေက သိပ်မကောင်းဘူး၊ ရင်းနှီးမြှုပ်နှံ့တာက နည်းမယ်ထင်တယ်”

ကုန်းချင်းယောင် ဘာမှမပြောပဲ လုချမ်ချမ်အား စကားဆက်ပြောနေစေ၏။

ညနေ ၅:၃၀ ၌ ကုန်းချင်းယောင် စားသောက်ဆိုင်သို့ အချိန်မှီရောက်လာ၏။ သူမအပြင် မိန်းကလေး၁ယောက် ယောက်ျားလေး၁ယောက်လဲ ရောက်နေ၏။ သူတို့အချင်းချင်း နှုတ်ဆက်နေတာကို ကြည့်၍ သူမ မိန်းကလေးမှာ ကျုံးရှင်းရင်ဖြစ်ပြီး ယောက်ျားလေးမှာ လုယုံရီ ဟု သိလိုက်ရသည်။
6 03
သူတို့၏မျက်နှာအား လေ့လာလိုက်သောအခါ ကျုံးရှင်းရင်၏မျက်နှာသည် အမြန်အောင်မြင်ချင်ကာ ထို့အတွက် အရာအားလုံးကို စွန့်လွှတ်မည့် မျက်နှာပင်။ တခြားဘက်၌ လုယုံရီသည် ဖြောင့်မတ်မှန်ကန်ကာ လက်တွေ့ကျပြီး သူ၏ပန်းတိုင်သို့ ထိုအတိုင်းသာ ဆက်၍ ချီတက်လျှင် တနေ့၌ သူလိုချင်သည့်နေရာအား ရောက်လိမ့်မည်။ သို့သော် ပုံမှန်ထက်ပို၍တော့ ပေးဆပ်ရပေမည်။ သူသည် တခြားလူများထက် ၂ဆ ကြိုးစားရန် လိုအပ်ပေသည်။

ကျုံးရှင်းရင်နှင့် လုယုံရီတို့အား အကဲခတ်လိုက်ပြီးနောက် ရှင်းမပြနိုင်သော အလင်းတန်သည် သူမအကြည့်၌ ပေါ်လာပြီး သူတို့အားလုံး ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ကြ၏။

မကြာမှီတွင် ကော်ယွမ်ခိုင်လည်း ရောက်လာ၏။ သူ့အား တချက်ကြည့်ရုံဖြင့် ဒီလူသည် နှာတံမှာ ချွန်ထက်‌နေသည်ကို မြင်လိုက်ရ၏။ သူသည် ရောဂါဘယဖြစ်လွယ်ကာ တကိုယ်ကောင်းဆန်သော စိတ်သဘောထားရှိပြီး ပေါင်းသင်းရလည်းခက်သလို အောင်မြင်ရန်လည်း ခက်ခဲမည်ဟု သိနိုင်လေသည်။

ထိုနေရာရှိ လူ၃ယောက်လုံးသည် သူ့ထက်ပို၍ မကျော်ကြားသည်ကို တွေ့သောအခါ ကော်ယွမ်ခိုင် ထိုင်ခုံသို့ တည့်တည့်လျှောက်သွားပြီး ခြေထောက်များကို ချိတ်၍ထိုင်လိုက်တော့သည်။

ကျုံးရှင်းရင် ချက်ချင်း အသံချိုမြမြဖြင့်”မင်္ဂလာပါ အစ်ကိုခိုင်”

ကော်ယွမ်ခိုင် နှာမှုတ်၍သာ ပြန်တုံ့ပြန်လိုက်သော်လည်း ကျုံးရှင်းရင်မှာ သူမ ပန်းတိုင်အား လက်လျော့မည့်ပုံ မပေါ်ပေ။

သူတို့ ၄ယောက်လုံး အချိန်တခုမျှ တိတ်ဆိတ်နေပြီးနောက် အိုက်ရှောင်းယွင်နှင့် ယုချူးရွှယ် ရောက်လာ၏။ ကော်ယွမ်ခိုင်သည် ချက်ချင်း ထရပ်လိုက်ပြီး သူ၏စက်ဆုပ်ဖွယ်အပြုအမူများကို ဖယ်ရှားလိုက်ပြီး”ချူးချူးရောက်လာပြီပဲ”

“ယွမ်ခိုင်လဲ ရောက်နေတာကိုး”

နှုတ်ဆက်ပြီးနောက် ယုချူးရွှယ် နေရာရှာပြီး ထိုင်လိုက်၏။

အိုက်ရှောင်းယွင်သည် ကုန်းချင်းယောင်အား မြင်၍”နင်က ဒီမှာကိုး”

ကုန်းချင်းယောင် အသာအယာ ခေါင်းညိတ်ပြလာ၏။

ယုချူးရွှယ်သည် အစမှ အဆုံးအထိ ကုန်းချင်းယောင်အား ကြည့်မလာပေ။ နေရာ၌သာထိုင်နေပြီး နာမည်ကျော်ကြားသူ တစ်ယောက်လိုသာ ပြုမူနေလေသည်။

အနုပညာလောကထဲ၌ ထိုသို့သော လူများသည်လည်း ရောရာပါနေတတ်၏။ ယုချူးရွှယ်၏ ကုန်းချင်းယောင် အပေါ် သဘောထားကို ကြည့်၍ သူတို့အားလုံး ဒီ၂ယောက် ဆက်ဆံရေးသည် ပုံမှန်တောင်မဟုတ်ဘဲ အဆင်မပြေသည့် ဆက်ဆံ့ရေးမှန်း သိလိုက်လေသည်။ သူတို့‌ရောက်မလာခင် သူတို့၏သက်ဆိုင်ရာ အေဂျင်စီမှ ဒီရှိုးပွဲသည် ယုချူးရွှယ်အတွက် ပြုလုပ်လာတာသာ ဖြစ်ကြောင်း ရှင်းပြပေးခဲ့ကြ၏။ ထို့ကြောင့် အားလုံးစကားစမည် ပြောကြသောအခါ ကုန်းချင်းယောင်အား ဘေးသို့ ဖယ်ထားကြလေသည်။

အိုက်ရှင်း‌ယွင်သည် အနည်းငယ် မပျော်မရွှင်ဖြစ်နေသော်လည်း ယုချူးရွှယ်သည် သူမပြောလည်း နားထောင်မည်မဟုတ်၍ ဘာမှမပြောတော့ပေ။

ကုန်းချင်းယောင် သူတို့၏အမူအရာနှင့် ပက်သတ်ပြီး ဂရုစိုက်မနေဘဲ ဆူညံသံနှင့် အနှောင့်အယှက်များနှင့် ဝေးနေသောကြောင့် ပို၍နေရ အဆင်ပြေသည်ဟု ခံစားလိုက်ရသည်။

အချိန်တခု စောင့်ရပြီးနောက် ဒါရိုက်တာမောင်လီချမ်း ရောက်လာပြီး”မစ္စတာဝေ့ အခုပဲဖုန်းခေါ်လာတယ် သူ ဒီည လာနိုင်မယ် မထင်ဘူးတဲ့”

ထိုသတင်းအား ကြားပြီးနောက် ယုချူးရွှယ်သည် စိတ်ပျက်သော အမူအရာပြလာ၏။ ဒါရိုက်တာ မောင်လီချမ်းမှ ပြောလိုက်သော မစ္စတာဝေ့ ဝေ့မင်ယီ သည် သူမ၏သကြားဖေဖေပင်။”ဒါဆိုရင် ရှင်းယွီကရော”

မောင်ချမ်းလီမှ ဆက်ရှင်းပြလာကာ”ရှင်းယွီက နောက်ကျမှ ရောက်လာမှာမလို့ ညစာ အတူတူမစားတော့ဘူးလေ”

ယုချူးရွှယ်မျက်နှာသည် မှုန်ကုန်လာ၏။ ကော်ယွမ်ခိုင်သည် တိတ်တဆိတ် မျက်လုံးလှည့်လိုက်ကာ ဒီလူက သူ့ကိုယ်သူ အရမ်းမြင့်နေပြီလို့ ထင်နေတာပဲ။ ယိုရှင်းယွီက သူတို့နဲ့အတူ ထမင်းစားရအောင် သူတို့က အဆင့်တူတွေမလို့လား။

အခြေအနေမဟန်သည်ကို မြင်သည်နှင့် မောင်ချမ်းလီသည် စကားချက်ချင်းလွှဲလိုက်၏။ ဝေ့မင်ယိသည် ရင်းနှီးမြှုပ်နှံသူဖြစ်၍ ထိုရှိူးပွဲအား သူ မပျက်စီးစေချင်ပေ။

ကုန်းချင်းယောင် ထိုင်၍ တိတ်တဆိတ်သာ ထမင်းစားနေလေသည်။ အရေးကြီးသည့် သူများ မပါ၍ ထင်သည် ထမင်းအား နာရီဝက်မျှစားပြီးနောက် ညစာစားပွဲမှာ ပြီးစီးသွားသည်။
6 04
မောင်ချမ်းလီ ထရပ်လိုက်ပြီး”အားလုံး ပြန်ပြီး ကောင်းကောင်း အနားယူကြပါ၊ မနက်ဖြန် ၆နာရီမှာ ကင်မရာမန်းက အခန်းထဲကို လာပြီး ရိုက်ကူးရေးလုပ်ပါလိမ့်မယ်၊ တိုက်ရိုက်liveလွှင့်တာက အာ့အချိန်မှာ စပါလိမ့်မယ်”

ယုချူးရွှယ် မကျေမနပ်ဖြင့်”ဘာလို့ အရမ်းစောနေတာလဲ”

‌မောင်ချမ်းလီမှ စိတ်ရှည်လက်ရှည်ဖြင့်”ဒါမှသာ fan တွေစီက အမြင်ကောင်းတွေရမှာပေါ့”

ယုချူးရွှယ် တွန့်ဆုတ်ပြီးနောက် သဘောတူလာ၏။

ထိုအချိန်သည် ကုန်းချင်းယောင် အတွက်တော့ စောမနေပေ။ သူမ မနက် ၄ ၅ နာရီ၌ အိပ်ရာထနေကျဖြစ်၏။ မောင်ချမ်းလီ နောင်ထပ် ဘာမှပြောမလာတော့သည်ကို မြင်သောအခါ သူမ အခန်းထဲသို့သွား၍ အနားယူလေတော့သည်။

လုချမ်ချမ်သည် ဘေးမှနေ၍”ဘုရားရေ… နောက်ဆုံးတော့ နာမည်ကြီးချင်ယောင်ဆောင်တာ ဘယ်လိုလဲဆိုတာ သိသွားပြီ၊ ကော်ယွမ်ခိုင်ကို ကြည့်ပါဦး၊ နာမည်ကြီးတာလဲ မရှိဘဲနဲ့ မြင့်မြတ်ချင်ယောင် ဆောင်နေသေးတယ်၊ ပြီးတော့ ယုချူးရွှယ်ရောပဲ သူ့နာမည်ကို ကျွန်မ ကြားတောင်မကြားဖူးဘူး၊ သိလား၊ အခုလိုပြုမူနေတာက မရယ်ရဘူးလား”

လုချမ်ချမ် ပြောနေသမျှကို လျှစ်လျူရှု့ပြီး ကုန်းချင်းယောင် ရေချိုးလိုက်ပြီး ဖုန်းနှင့် အခြားပစ္စည်းများကို အိတ်အသေးလေးတစ်လုံးထဲ စုထည့်လိုက်ပြီး မီးမှိတ်ကာ အိပ်လိုက်တော့၏။

ဘေးမှ လုချမ်ချမ်သည်”ဟေး…ဆရာသခင် ကျွန်မ စကားပြောတာ မပြီးသေးဘူးလေ”

“တိတ်စမ်း”

တလောကလုံး ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset